အခန်း (၁၈၇)
Vol. 14 Ch. 187
ကိုယ့်ထက် အခြေအနေဆိုးတဲ့ anchor ကို ကြည့်ရတာလဲ ပျော်ရွှင်မှုတစ်မျိုးပဲ။
anchor က အရမ်းတွေ တော်တတ်နေပြီး စကေးလဲကောင်းသလို ပွဲတိုင်းနိုင်နေမှတော့ ကြည့်ရတာ ဘာထူးတော့မှာလဲ? ပရိတ်သတ်တွေလဲ ဆက်တိုက် နိုင်အောင် ဆော့တတ်တာပဲ။ သူတို့လဲ ဆော့တာ ကျွမ်းပြီးသားလေ။
ဆန့်ကျင်ဘက်အနေနဲ့ anchor က အခြေအနေဆိုးနေမယ်၊ ချာနေမယ် ဆိုရင် ပရိတ်သတ်တွေရဲ့ ကိုယ့်ကိုယ်ကို အမြင့်မှာဆိုတဲ့ စိတ်ဓာတ်ကြီးက သွေးခုန်နှုန်းလို မြင့်တက်လာပြီး အဆုံးမှာ မင်းကို အမိန့်တွေ ပေးကြလိမ့်မည်။ ဒီလိုနဲ့ ပွဲဆူတာပေါ့။
အခု လင်းရှောင်ဝေ့ရဲ့ anchorက မိန်းကလေး မဟုတ်ဘူး။ ယောက်ျားလေး anchorပဲ။ ယောက်ျားလေး anchor ကို ကိုင်ပြီး အခုလို ခွက်ထိုးခွက်လန် ရှုံးနေတော့ ယောက်ျား လေး ပရိတ်သတ် တစ်ဝက်လောက်က သူတို့ကို စော်ကားနေသလို ခံစားကြရသည်။
ပရိတ်သတ် တစ်ခြားတစ်ဝက်ကတော့ လင်းရှောင်းဝေ့ ပြန်တိုက်နိုင်အောင် ထောက်ပံ့ပေးနေကြသည်။
Live မြင်ကွင်းထက်က ကျည်ဆံတိုက်ပွဲက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းသည်။ အနိုင်ရပါသည်..666 ဆိုပြီး မြင်ရမဲ့အစား မင်းတို့တွေ ပြပွဲအစုံကို ကြည့်ကြရလိမ့်မည်။
အခုလို နူချာနေတဲ့ စေကးကို ပြရတာ လင်းရှောင်ဝေ့ အကြိုက်တော့ မဟုတ်ခဲ့ပေမဲ့ အနည်းဆုံးဒါက သူ့ကို မငတ်အောင် ကယ်ပေး နေသည်။
“ ဒီ anchor အသတ်မခံရဘဲ ဆယ်မိနစ်တောင် တောင့်ခံနိုင်ခဲ့တယ်။ တစ်ကယ် တော်တယ်”
“ တောင့်ထားအုံး! စိတ်ရှည်ခြင်းက အောင်မြင်မှုပဲ။ အဆုံးမျဉ်းဝိုင်းထဲ ပြေးဝင်တော့။ မင်းနိုင်မှာ!”
‘ Fuck! ဒီတစ်ခေါက် ပစ်ချက် စောက်ရမ်းမိုက်တယ်! မင်း ရန်သူကို အောင်မြင်စွာ ခြောက်နိုင်သွားပြီ ငါ့ကောင်”
“ လုပ်ထား anchor ရေ! ငါတို့တွေ အဆင့်မှီအောင်တော့ လုပ်ရအုံးမှာပေါ့”
“ anchor က ဒီနေ့ သူ့အဖွဲ့ဝင်တွေကို မသတ်ခဲ့ဘူးဆိုတော့ တော်တော်လေး တိုးတက်လာတာပဲ!”
“ တစ်ကယ်နော်! anchor ဒီနေ့ အဖွဲ့ဝင် တစ်ယောက်မှ မသတ်ခဲ့ဘူး။ သူ့ရဲ့ လက်နက်နဲ့ ဉာဏ်ရည်ကို သွေးထားတာပဲ ဖြစ်မယ်?”
“ anchor ဟိုမှာ! နံပါတ်နှစ်ကောင်မှာ အဆင့်က ၈ လက်နက်ရှိတယ်! သူ့ကို မြန်မြန်သေအောင် လုပ်ပစ်လိုက်! ဒါဆိုသူ့ဟာ အကုန် မင်းပိုင်ပြီ”
…….
ပျော်ရွှင်ဖွယ် live ကို ကြည့်နေရင်း လင်းဖေးဟန် သူ့ကိုယ်သူ Pubg ဆော့နေရသလို ခံစားလိုက်ရသည်။ သူလဲ စစဆော့ချင်းတုန်းက လင်းရှောင်းဝေ့ နည်းတူပင်။ ဒါပေမဲ့ ရက်အနည်းငယ် ကြာလာတော့ သူ သေနတ်ပစ်ရတာကို အသားကျသွားသည်။ ကြည့်ရတာ ဂိမ်းဆော့တာကလဲ ပင်ကိုယ်ပါရမီပေါ် မူတည်သေးတာပဲ။
“ မင်းတို့ဘာတွေ ပြောနေတာလဲ? ငါဒီနေ့ သေချာပေါက် နိုင်မယ်လို့ ခံစားချက်ရနေတယ်။ ငါဒီနေ့ တည်တည်ငြိမ်ငြိမ် တိုက်မှဖြစ်မယ်။ ငါမနေ့က အရမ်းစိတ်လှုပ်ရှားမိသွားလို့ရယ်။ ငါ့လို အဆင့်မှီတဲ့ ကစားသမားက အနိုင်ရဖို့ သေနတ်သုံးစရာတောင် လိုမှာမဟုတ်ဘူး!”
Live ထဲရှိ ကောမန့်များတွင်
“ ဟဟ လုပ်ခိုင်းလိုက်ပါအေ။ ငါတို့ ဘော့စ်လေး နေ့ခင်းကြီး အိပ်မက်မက်နေ ပြန်ပြီ”
“ ဘော့စ်လေးက တည်ငြိမ်မယ်တဲ့။ နောက်ဆုံးပေါ် နည်းလမ်းက ဘာလဲ? တစ်ယောက်ယောက် ပြောပြပေးလိုက်ကြပါအုံး”
“ မင်းတို့က အသစ်လေးတွေပဲ။ မင်းတို့ မသိကြလို့။ ငါတို့ဘော့စ်ရဲ့ နောက်ဆုံးပေါ် နည်းလမ်းက ဘာလဲသိချင်လား? စားသောက်ပြီး သေဖို့စောင့်ရင်း အဆုံးမှာ ကျန်တဲ့သူတွေ အကုန်သေပြီး သူ အနိုင်ရသွားတာပဲ!”
ပရိတ်သတ်တွေရဲ့ စကားတွေက အနည်းငယ် ချဲ့ကားရာကျပေမဲ့လဲ သူတို့တွေ အများကြီး ပြောပြသွားပေးသည်။ လင်းရှောင်ဝေ့ အရင်ကလဲ ပွဲတွေအများကြီး တစ်ကယ် နိုင်ဖူးတာပင်။ ဒါပေမဲ့ အရည်အချင်းကြောင့်တော့ မဟုတ်ဘူး။ ကံကယ်၍ပင်။
ကံကောင်းပြီး ကံကြမ္မာပစ်ချက်နဲ့ ထိသွားလို့ ဖြစ်ရင်ဖြစ်၊ အမှောင်ထဲကနေ စောင့်နေရင်း ယုန်ပေါ်လာတာနဲ့ အခွင့်အရေးယူပြီး သူများရဲ့ ပစ္စည်းတွေ ခိုးပစ်လိုက်လို့ပဲ ဖြစ်သည်။ ပြောရရင် သူ့ရဲ့ နိုင်ပွဲတွေက အရည်အချင်းနဲ့ လားလားမှ မသက်ဆိုင်ဘူး။
အားသောင် မနက်က ပို့ပေးခဲ့တဲ့ သတင်းတွေ အရ ယဲ့ဖန်းက လင်းရှောင်ဝေ့နဲ့ မျက်နှာချင်း အခန်းမှာနေပြီး အခု သူတို့ရဲ့ ဆက်ဆံရေးကလဲ တော်တော်လေး ကောင်းသည်။ လင်းဖေးဟန် ဒါကို ဖျက်ဆီးချင်သည်။ ထို့ကြောင့် သူနည်းလမ်း ရှာနေခဲ့သည်။
“ ယဲ့ဖန်းနဲ့ လင်းရှောင်ဝေ့က အခုမှ စပြီးသိကြသေးတာ။ သူတို့တွေ အရမ်း မရင်းနီးကြသေးဘူး။ လှည့်ကွက်လေးတွေ သုံးလို့ရသေးတယ်။ ကြာသွားမှသာ ငါ အင်အားသုံးလာဖို့လိုမှာ”
တွေးတောပြီးနောက်မှာ လင်းဖေးဟန် လှုပ်ရှားဖို့ အသင့်ဖြစ်နေခဲ့ပြီ။
ထိုအချိန်မှာ live ကနေ လင်းရှောင်ဝေ့ရဲ့ အသံ ထပ်ထွက်လာခဲ့သည်။
“ ဟယ်လို မမလေး၊ သခင်လေး၊ မောင်လေး၊ ညီမလေးတို့ရေ မင်းတို့ရင်းနီးနေကြ အသံ ထပ်ပြီးပေါ်ထွက်လာပါပြီ။ မင်းတို့ရဲ့ မိတ်ဆွေကောင်း DJပန် က မင်းတို့ကို လမ်းပြပေးဖို့ ဒီမှာရောက်လာခဲ့ပြီ။ အခုကစပြီး မင်းတို့ရဲ့ စိတ်အလှုပ်ရှားရဆုံး အက ချန်နယ်ကို ဖွင့်ပြီး အချစ်တွေ တောက်ပကြမယ်။ ကဲ အသင့်ပဲလားဟေ့?”
“ Fuck! ဘော့စ် သီချင်းဆိုတော့မှာဟ။ မြန်မြန် အသားကင်ကိုစားပွဲပေါ် ယူလာတော့”
“ DJ ပန် တဲ့လား? ငါ သေလောက်အောင် ရယ်ချင်နေပြီ”
“ ဘော့စ်က သီချင်းသစ် ထပ်တီထွင်လိုက် တာလား? တစ်ကယ်တော့ ငါ အရင်က ‘လျန်လျန်’ ဆိုတဲ့ သီချင်းကို အခုထိ နားထောင် ချင်တုန်းပဲ။ အဲ့တာက ဘော့စ်ရဲ့ သေပွဲဝင်ချိန်နဲ့ အလိုက်ဖက်ဆုံးပဲလေ”
လင်းဖေးဟန် ခါးသက်စွာပြုံး လိုက်သည်။ ဒါက သူ့ အရင်ဘဝက နောက်ထပ် ဦးနှောက်ဆေးတဲ့ သီချင်းတစ်ပုဒ်ဆိုတာ သူသိသည်။ လင်းရှောင်ဝေ့ အခုလို ဂိမ်းကစားရင်း ထုတ်ဆိုလာမယ် မထင်ထားမိဘူး။
“ လာမယ်၊ ဘယ်၊ညာ ဒါ ကီကီပဲဟေ့! မတ်တပ်ရပ်နေသူက အရူးတွေပဲ။ မတ်တပ်ရပ်နေသူက ကြက်သားမစားရဘူး။ သေနတ်တွေက မင်းတို့ခေါင်းနောက်မှာ တည့်တည့်ကြီး.. ငါတို့တွေ လှုပ်ခါရမယ်။ ဘယ်ကိုလှုပ်၊ ညာကိုလှုပ်၊ ထိပ်ဆုံးထိ ရောက်အောင်လှုပ်.. လှုပ်လှုပ်လှုပ်!”
“ လခွီး! ဒါဘာသီချင်းကြီးလဲ? နားထောင်ပြီးနောက်မှာ ငါ့ဦးနှောက် မပါတော့သလိုပဲ။ ဒါစောက်ရမ်း ဦးနှောက်ဆေးနိုင်တာပဲ!”
“ ဒါက anchor ရဲ့ မူရင်းသီချင်းလား? အရင် သီချင်းထက် တော်တော်လေးသာတယ်.. ဦးနှောက်ဆေးတဲ့နေရာမှာလေ!”
“ ဒီသီချင်းက အရမ်းအနှစ်သာရ ရှိတယ်။ ထိပ်ဆုံးရောက်ဖို့တွေဘာတွေကောနော်.. anchor ကို အခုလို မိုတီဗေးရှင်း သီချင်းတွေ ထုတ်နိုင်မယ် မထင်ထားဘူး။ ငါစောက်ရမ်း ကြိုက်သွားပြီ။ ဟားဟားဟား!”
ထိုအချိန်မှာ လူတိုင်းရဲ့ ကောမန့်တွေက အရမ်းကို ငြိမ်းချမ်းနေကြပြီး အကုန်လုံးက 666 ပေးကြသည်။
လင်းဖေးဟန် ခါးသက်စွာ ပြုံးလိုက်သည်။ လင်းရှောင်ဝေ့ အခုလို ဉာဏ်ကောင်းမယ် မထင်ထားဘူး။ ဒီသီချင်းတွေက ဒီလို နေရာမှာ အကျိုးရအောင် သုံးနိုင်သေးသားပဲ။
သူ့အရင်ဘဝကို ပြန်တွေးကြည့်ရင် anchor တစ်ယောက်က ဒီသီချင်းကို ဆိုခဲ့ပြီး အင်တာနက် တစ်ခွင်မှာ တော်တော် ပွဲဖြစ်သွား သေးသည်!
“ ရေ သရဲလေး ဗိုတီမော့က ရေအောက်ကို ဆင်းသွားတယ်။ နာနတ်သီးလောက် ကြီးတဲ့ ရေစက်ကြီးနဲ့ တွေ့လေတယ်။ ဘောင်ကို ချိုးဖြတ်ပြီး အနာကျက်ဆေးကို ဖျော်ရည်လို သောက်ရင်း ရေတွေက ကျောပေါ်က ဖြတ်ဆင်းသွားတယ်.. ဒါတီးတီးဒါ.. လေထီးခုန်ဆင်းမယ်၊ မြေပြင်ပေါ်မှာ သေတ္တာတစ်ခုနဲ့ နောက်ဆုံးမှာ ငါဟာ စာပို့သမား ဖြစ်လာတယ်.. ဒါတီးတီးဒါ”
“ ဒီတစ်ပိုဒ်က တော်တော်ထူးခြားတာပဲ!”
“ ဟဟဟ! နားထောင်ရတာ စောက်ရမ်း ပျော်မိတယ်”
“ လာစမ်းပါ anchor! ဒီသီချင်းကို အခြေခံလိုက်ပြီး မင်းလဲ ဒီတစ်ခေါက် သေတ္တာထဲ တည့်တည့် လေထီးခုန်နိုင်ပါစေ ဟားဟား!”
“ အေးပါအေ နင်တို့ကလဲ! သူ့သီချင်းက နားထောင်လို့ ကောင်းကောင်း၊ မကောင်းကောင်း ငါတော့ကြိုက်တယ်။ တစ်ကယ်ကြိုက်တာ ဘူးဘူး!”
“ တစ်ကယ့်လူကွာ!”
“ဟားဟား!”
ထိုအချိန်မှာ တစ်စုံတစ်ယောက်က ဘီယာ ပို့လိုက်တာမို့ လင်းရှောင်ဝေ့ ရဲ့ မျက်လုံးတွေ ချက်ချင်းပဲ အရောင်တောက်သွားသည်။ live လွှင့်နေတာ နာရီဝက်လောက် ရှိပြီ၊ နောက်ဆုံးတော့ လက်ဆောင်ပေးပြီပဲ။
“ ကျေးဇူးပါပဲဗျာ လက်ဆောင်အတွက်”
နောက်ဆုံးတော့ ငါ လင်းဖေးဟန်ကို အရှေ့ထားပြီး တစ်ယောက်ယောက်က လက်ဆောင်ပို့ပေးလိုက်တာပဲ။ ဒါငါ့ကို မျက်နှာသာ မပေးတာပဲကွ။
“ အရင်ဆုံး တစ်သန်းလောက် သုံးပေးပြီး ခဏနားတာပေါ့”
လင်းဖေးဟန် live setting ကို အနည်းငယ် ဆွဲကြည့်လိုက်သည်။ အကြီးဆုံး လက်ဆောင်က ယွမ်တစ်ရာ ရှိတဲ့ တိမ်ခွင်းမြှားပဲ။
ဆွစ်ရှ်!
ချက်ချင်းပဲ လင်းရှောင်ဝေ့ရဲ့ live ထဲတွင် တိမ်ခွင်းမြှားတို့ ပြည့်သွားသည်။
ကျန်းချီဖေးဟန်မှ သင့်ကို တိမ်ခွင်းမြှား ဆယ်ခု ပို့ပေးလာပါတယ်..
ကျန်းချီဖေးဟန်မှ သင့်ကို တိမ်ခွင်းမြှား နှစ်ဆယ် ပို့ပေးလာပါတယ်..
ကျန်းချီဖေးဟန်မှ သင့်ကို တိမ်ခွင်းမြှား နှစ်ဆယ် ပို့ပေးလာပါတယ်..
ကျန်းချီဖေးဟန်မှ သင့်ကို တိမ်ခွင်းမြှား တစ်ရာ ပို့ပေးလာပါတယ်..
တိမ်ခွင်းမြှား ပွဲတော်ပြီးတာနဲ့ အကုန်လုံး ပွက်လောရိုက်သွားတော့သည်။
“ ဘုရားရေ ဘုရင့်သား ရောက်နေတာလား!”
“ ချီး! တစ်ထိုင်ထဲနဲ့ တိမ်ခွင်းမြှား တစ်ရာတဲ့!”
“ စောက်ရမ်းချမ်းသာတယ်!”
“ စောက်ရမ်းအမ်းနိုင်တယ်!”
“ ဘော့စ်ရဲ့ အဖေများလား?”
ဒါ မပြီးသေးဘူး!
မင်းရဲ့ အတောင်ပံတွေဖြန့်ထားတော့!
ကျန်းချီဖေးဟန်မှ သင့်ကို တိမ်ခွင်းမြှား ကိုးထောင့်ကိုးရာ ပို့ပေးလာပါတယ်..
ထိုအချိန်မှာ တိမ်ခွင်းမြှားတွေက live မြင်ကွင်း တစ်ခုလုံးကို စီးမိုး ပိတ်ပင်သွားသည်။
လင်းရှောင်ဝေ့လဲ အရမ်း အံ့သြရှုတ်ထွေး နေသည်။ သူ အဆိပ်စက်ဝိုင်းထဲ ထပ်မိလဲ ဂရုမစိုက်ဘူး။ သူ့ရဲ့ ဘယ်ညာလှုပ်မယ် သီချင်းကို ဆိုရလဲ ကိစ္စမရှိပါဘူး။
တစ်ယောက်ယောက်က သူ့ကို သာမာန် သရဖူလေးပို့ပေးလာရင်တောင် နားရွက် တက်ချိတ်မတက် ပျော်ခဲ့ရတာပဲ။ အခုထိ တိမ်ခွင်းမြှားကို သူတစ်ခါမှ မရဖူးခဲ့ဘူး။ မထင်ထားစွာ ဒီနေ့တစ်ရက်ထဲနဲ့ တိမ်ခွင်းမြှား တစ်သောင်းတောင် ရခဲ့သည်! လင်းရှောင်ဝေ့ အံ့သြလွန်းလို့ ဦးနှောက်ပင် ဗလာဖြစ်လာရသည်။
တိမ်ခွင်းမြှား တစ်သောင်းဆိုရင်.. အဲ့ဒါ ယွမ်တစ်သန်းပဲ!
(ဒီအပိုင်းက ဖတ်ရတာနည်းနည်းရှုပ်နေလိမ့်မယ်။ Live လွှင့်နေတာဆိုတော့ အသုံးအနှုန်းတွေက ဘာသာပြန်ရတာ တော်တော်ဂွကျနေလို့ပါ)