အခန်း (၁၈၈)
Vol. 14 Ch. 188
လင်းရှောင်ဝေ့လိုမျိုး ဂိမ်းစထွင်မာ လမ်းကြောင်းကို စတင်တာ ရက်ပိုင်းပဲ ရှိသေးပြီး မအောင်မြင်သေးတဲ့ anchor ငယ် တစ်ယောက်အနေနဲ့ အခုအခြေအနေက စိတ်ကူးတောင် မယဥ်ဖူးတဲ့ အနေအထားပဲ။ မဖြစ်နိုင်တာဆို ပိုမှန်မည်။
တစ်သန်းဆိုတဲ့ ပမာဏက သာမာန် မိသားစုအတွက် စကြာဝဋ္ဌာကြီးလောက်ပမာ များပြားလှသည်။
ဒါပေမဲ့ လင်းဖေးဟန်အတွက်တော့ ဒီတိုင်း သာမာန်လေးပဲ။ မိနစ်အနည်းငယ် အတွင်း အဲ့ဒီပိုက်ဆံကို သူပြန်ရှာလို့ ရနေတာပဲ။
လင်းရှောင်ဝေ့ကိုသာ သူ့ဘက်ပါအောင် လုပ်နိုင်မယ်ဆိုရင် တစ်သန်း မပြောနဲ့၊ ဆယ်သန်းသုံးရမယ်ဆိုတောင် မျက်တောင် တစ်ချက်ခတ်မှာ မဟုတ်ဘူး။
“ ကျန်းချီဖေးဟန်ဆိုတဲ့ တစ်ယောက် မင်း လူမှားပြီးပို့မိတာများလား?”
လင်းရှောင်ဝေ့ အသိစိတ်ပြန်ကပ်လာတာနဲ့ အရင်ဆုံးမေးလိုက်သည်။ သူက အဲ့လောက်ကြီးထိ ဆွဲဆောင်မှုရှိနေတဲ့သူလို့လဲ ကိုယ့်ကိုယ်ကို မထင်ပေ။ အဲ့လောက်ထိ ချောနေရင် သူ စောက်ရမ်းချမ်းသာနေတာ ကြာရော့ပေါ့။ ဒီ ပရိတ်သတ်တွေရဲ့ ဘလိန်းပြီး အမိန့်ပေး တာတွေကို ဒီမှာထိုင်နားထောင်ပြီး မျောက်တစ်ကောင်လို ဝိုင်းကြည့်တာ ဘာလို့ ခံနေမှာလဲ?
လင်းဖေးဟန် ပြန်မပြောခဲ့ဘူး။ အဲ့ဒီအစား နောက်ထပ် တိမ်ခွင်းမြှား တစ်သောင်း ထပ်ပို့လိုက်သည်။ လင်းရှောင်ဝေ့ရဲ့ live မျက်နှာပြင်က ထပ်မံ ပေါက်ကွဲသွားပြန်သည်။
Live ကြည့်နေကြတဲ့ ပရိတ်သတ်တွေလဲ မတည်ငြိမ်နိုင်တော့ပေ။ ဒါကြီးက ပုံမှန် မဟုတ်နေဘူးနော်။
လင်းဖေးဟန်က လင်းရှောင်ဝေ့ကို အပြောထက် လက်တွေ့လုပ်ပြသွားသည်။ ငါ လူမှားတာမဟုတ်ဘဲ မင်းကိုပဲ ဆုချတာ..
လင်းရှောင်ဝေ့ မအံ့သြတော့ပေ။ ထိုအစား ကြောက်လာခဲ့သည်။ သူ အမြန်ပဲ လင်းဖေးဟန်ရဲ့ ပရိုဖိုင်ကို နှိပ်ကြည့်လိုက်သည်။ စာရင်းထဲက ထိပ်ဆုံးမှာ ရှိနေသည်။ ပရိုဖိုင်ပုံမှာ ပြိုင်ကားပုံဖြစ်ပြီး ပုံကိုက ငါသူဋ္ဌေးသားဆိုတဲ့ အထာ အပြည့်နဲ့ပဲ။
နာမည်က ‘အတောင်တွေဖျံ့ပြီးပျံနေသောငှက်’ တဲ့။ ဒါ ငါ့ကိုကြွေနေတဲ့ ဘောစိမ တစ်ယောက်ယောက်တော့ မဖြစ်နိုင်တော့ဘူး။ ဘယ်မိန်းကလေးက ဒီလိုနာမည်ကြီး ပေးမှာလဲ?
သေချာပေါက် ယောက်ျားကြီးပဲ။ ယောက်ျားကြီးက တစ်ခြား ယောက်ျား တစ်ယောက်ကို ငွေပေးရင် ဒါ ခင်မင်မှုကြောင့်ပဲ။ ဒါပေမဲ့ အခု ပေးလာတဲ့ ငွေက ပေါင်းကြည့်လိုက်ရင် စုစုပေါင်း နှစ်သန်းတောင်! ဒါ ခင်ခင်မှု မဟုတ်ဘူး။ ချီးပဲ! ဒါဂေးနေတာ!
ဖြစ်နိုင်တာ ဒီအကိုကြီးမှာ ထူးခြားတဲ့ အကြိုက်ရှိပြီး ငါ့ကိုကြွေသွားလို့လား?
တွေးမိတာနဲ့တင် မတတ်နိုင်စွာ လင်းရှောင်ဝေ့ရဲ့ ဂန္ဓာပန်းလေး တုန်ယင် သွားသည်။
လင်းရှောင်ဝေ့ တန်းပြီး ပြောလိုက်သည်။
“ ပရိတ်သတ်ရေ၊ ကျေးဇူးပြုပြီး ထပ်မပို့ ပါနဲ့တော့။ ငါက သာမာန် ဂိမ်းသမားလေးပါ။ မင်း ဘယ်လောက်ပို့ပို့၊ ငါ့ဆီကနေ ဘာမှ ပြန်ရမှာမဟုတ်ဘူး”
သွယ်ဝိုက် ပြောချင်တာကတော့ မင်းငါ့ ဝီချက်ကိုရမှာလဲ မဟုတ်သလို ငါ့ ဂန္ဓာပန်းကိုလဲ ကြည့်ခွင့်ရမှာ မဟုတ်ဘူး…
“ မင်း ငါ့ရဲ့ live ကြည့်ရတာ တစ်ကယ် ကြိုက်တယ်ဆိုလဲ တစ်ရက်မှာ တစ်ခုလောက်ပဲ ပို့ရင်တစ်ကယ် ကျေနပ်ပါပြီ” လင်းရှောင်ဝေ့ live ထဲမှာ တည့်ပဲပြောချလိုက်သည်။
လင်းရှောင်ဝေ့ရဲ့ စကားပြီးတာနဲ့ live ထဲက ပရိတ်သတ်တွေလဲ လှုပ်ရှားလာပြီး အသံတွေ ဆူလာတော့သည်။
“ ငါတို့ရဲ့ DJပန်လေးကို မတော်မတရားတွေ မတွေးပါနဲ့ဟယ်!”
“ ဟုတ်တယ်၊ DJပန်က ငါတို့အပိုင်ပဲ။ သူ့ရဲ့ ခန္ဓာကိုယ်ကို မပစ်မှားနေနဲ့”
“ ငါတို့DJပန်လေးက ကလေးပဲ ရှိသေးတာ”
ထိုစကားတွေ ထွက်လာတော့ လင်းဖေးဟန် ရှက်သွားသည်။
“ ငါ့ရည်ရွယ်ချက်က အဲ့လောက် သိသာသွားလား? ငါ နှစ်သန်းကို အခုလို အကျိုးမရှိစွာသုံးလိုက်မိတာလား? အခုလို လူရယ်စရာဖြစ်လာဖို့လား?”
ငါ လင်းဖေးဟန်က ငွေပေါတယ်ဆိုပေမဲ့ အမြဲတမ်း ဉာဏ်ရှိရှိ သုံးခဲ့တာ ဖြစ်ပြီး ဘယ်တော့မှ မဖြုန်းတီးဖူးဘူး။
ဒါပေမဲ့ ဒီနှစ်သန်းကျမှ ဘာလို့ စောက်တလွဲတွေ ဖြစ်သွားတာလဲ? လင်းရှောင်ဝေ့ကို အပီအပြင် ပေးပစ်လိုက်တာ ဂေးတစ်ယောက် ဖြစ်လာဖို့လား?
ဒီလိုဇာတ်ကြောင်းကို ဘယ်သူတောင်းစား ရေးပစ်လိုက်တာလဲကွ?
ငါ့အရင်ဘဝက ဖတ်ဖူးတဲ့ ဝတ္ထုတွေမှာဆိုရင် ချမ်းသာတဲ့ ဇာတ်လိုက်က အခုလို ဆုလာဘ်မျိုးကို လှပတဲ့ anchorကို ပေးလိုက်ရင် ထိုanchor ဘက်က စလာပြီး ကပြ၊ ဆိုပြ စသဖြင့် အကွက်ရွှေ့တာလေ။ ဒီလိုနဲ့ သီးသန့် စကားပြောဖြစ်ကြပြီး အဆုံးမှာ လေ့ကျင့်ခန်းလုပ်ခဲ့တယ်၊ ဘာညာပေါ့ကွာ။
လင်းရှောင်ဝေ့က ယောက်ျားကြီးမို့ ငါလဲ အဲ့လောက်ထိ မမျှော်လင့်ထားပါဘူး။ အနည်းဆုံးတော့ အတန်းရှင်းလေး နည်းနည်း ပေးစေချင်ရုံတင်ပဲ။ မင်းက စာရင်းထဲက ထိပ်ဆုံးအကိုကြီးကို နည်းနည်းတော့ အာရုံ စိုက်ပေးရမှာ မဟုတ်ဘူးလား? မင်းဘာလို့ စည်းမျဥ်းတွေအတိုင်း မလုပ်တာလဲ?
လင်းဖေးဟန် စိတ်ထဲမှာ ဆဲချင်နေခဲ့သည်။ လင်းရှောင်ဝေ့မှ သူ့ကို သီးသန့်မက်ဆေ့ ပို့လာခဲ့သည်။ စာကြောင်းမှာ; 'ဟယ်လို ငါ့ကို အကောင့်ပို့ပေးပါ။ ငါကျန်တဲ့ ပိုက်ဆံ ပြန်လွှဲပေးလိုက်မယ်’
လင်းဖေးဟန် ပိုပြီးစိတ်ဓာတ်ကျသွားသည်။
“ ဒီဘက်ခေတ်ကြီးမှာ အခုလို မဖြောင့်မှန်တဲ့ လူတွေရှိသေးတာပဲ။အရန် ဇာတ်လိုက်ဖြစ်ဖို့ ထိုက်တန်ပါပေတယ်”
ငါ လင်းဖေးဟန်က ဘာကြောင့် ပေးပြီးသား ပိုက်ဆံကို ပြန်တောင်းရမှာလဲ? မင်း ဘယ်သူ့ကို အထင်သေးလိုက်တာလဲကွ!
လင်းဖေးဟန်လဲ မက်ဆေ့ပြန်ပို့လိုက်သည်။
‘ မလိုဘူး။ ငါမင်းအပေါ် ဆုချတာက ငါမင်းအပေါ် တစ်ခုခုတွေးနေလို့လို့ မဆိုလိုဘူး။ ဒီနေ့ ငါစိတ်ကောင်းဝင်နေလို့ပဲ။ မင်း မလိုရင် လိုနေတဲ့နေရာတွေကို လှူပစ်လိုက်!”
လင်းဖေးဟန် အစက ဒီနည်းလမ်းကို သုံးပြီး လင်းရှောင်ဝေ့ အပေါ်မှာ အာဏာသက်ရောက်မှု တစ်ချို့ရှိအောင် လုပ်ပြီး ညီအစ်ကို ဆက်ဆံရေး ခိုင်မာအောင် လုပ်ချင်ခဲ့တာ ဖြစ်သည်။ ဒီလိုတွေ ဖြစ်သွားမယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲ?
အခုတော့ ဒီနည်းလမ်းက အလုပ်မဖြစ်တာ သိသွားပြီ။ ပွင့်ပွင့်လင်းလင်း နည်းလမ်းက အလုပ်မဖြစ်မှတော့ အမှောင်နည်းလမ်းကို သုံးရတော့မှာပေါ့။
မင်းလိုမျိုး အတောင်မစုံသေးတဲ့ အရန်ဇာတ်လိုက်ကများ ငါ့ရှေ့မှာ မိမိုက်ချင်ယောင် ဆောင်ရဲသေးတယ်ပေါ့။ ယဲ့ဖန်းတောင် ငါက သေတဲ့အထိ ရိုက်သတ်ပစ်မှာ။ မင်းလောက်ကတော့ လာပြောမနေနဲ့။
လင်းဖေးဟန်ထံမှ မက်ဆေ့ပြန်လာပေမဲ့ လင်းရှောင်ဝေ့ အခုထိ နားမလည်သေးဘူး။
သူချက်ချင်းပဲ သီးသန့်မက်ဆေ့ကို ပိတ်လိုက်ပြီး live ထဲ ပြန်သွားလိုက်သည်။
“ ငါ အခုတင် အဲ့ဒီပရိတ်သတ်ကို သီးသန့် မက်ဆေ့ပို့ခဲ့တယ်။ ငါသူ့ကို ပိုက်ဆံပြန် ပေးချင်ခဲ့ပေမဲ့ သူက လက်မခံခဲ့ဘူး။ လိုတဲ့နေရာကို လှူပစ်ဖို့ ပြောခဲ့တယ်”
“ သူ့ရဲ့နည်းလမ်းက တစ်ကယ်ကောင်းတာပါ။ ငါတစ်ကယ် လိုတဲ့နေရာတွေကို လှူပစ်လိုက်မယ်၊ တစ်ပြားတောင် မကျန်စေရဘူး။ ငါမင်းတို့ကို ဘောက်ချာလဲ ပြမယ်လေ”
“ တစ်ကယ်တော့ အဲဲ့ဒီလူက တစ်ကယ်ကောင်းတဲ့သူပါ။ မင်းတို့ ထင်နေသလို မဟုတ်ဘူး။ကျေးဇူးပြုပြီး live ကိုပဲ အာရုံစိုက်ပေးကြပါ ဂေါင်းကြီးတို့၊ မဟုတ်တာတွေ မတွေးကြနဲ့”
လင်းရှောင်ဝေ့က အလွန်ကို အကောင်းမြင်စိတ် ရှိတဲ့သူပင်။
လင်းရှောင်ဝေ့ သူ့ကိုယ်သူ အလွန်မှန်ကန်သည့် လုပ်ရပ်ကို လုပ်ခဲ့သည့် ဖြောင့်မှန်သည့်လူစားလို့ တွေးနေခဲ့သည်။ ပြောရရင် ဒါတွေက ဘယ်ကပိုက်ဆံတွေ မှန်းလဲ သူမသိဘူး။ ဒီလောက်အများကြီး သူ့ဘဝမှာ တစ်ခါမှလဲ မတွေ့ဖူးသလို ဒီလို ဘလိုင်းကြီးလဲ လက်မခံရဲဘူး။
တိမ်ခွင်းမြှား တစ်သောင်းရဲ့ ဂယက်ကြောင့် live က ချက်ချင်း နာမည်ကြီးသွားပြီး ကြည့်ရှုသူ သိန်းချီသွားသည်။ ဒါပေမဲ့ လင်းဖေးဟန်အတွက်တော့ ရလဒ်ကောင်း မဟုတ်ခဲ့ပေ။ လင်းရှောင်ဝေ့ရဲ့ စကားတွေက သူ့ကို ကိုယ်တုံးလုံးချွတ်ခိုင်းပြီးတော့ အကုန်လုံးရဲ့ စောင့်ကြည့်ခိုင်းသလိုမျိုး လင်းဖေးဟန် ခံစားနေရသည်။ လူတွေရဲ့ မျက်လုံးအကြည့်တွေက ကြာပွတ်ငယ်လိုမျိုး ဖြစ်နေပြီး သူ့ကိုကြမ်းကြမ်းတမ်းတမ်း ရိုက်ပြီး ဆော့ကစားနေကြသလိုမျိုးပဲ။
တစ်ကယ်ကို မသက်မသာ ဖြစ်လွန်းလှသည်။
လင်းရှောင်ဝေ့ရဲ့ စကားပြီးတာနဲ့ ပရိတ်သတ်တွေက ဝိုင်းပြီးချီးကျူးကြသည်။ သူ့ရဲ့ အကောင်းမြင်စိတ်ကြီးက မြင်သာစွာ ကြီးထွားလာပြီး ပရိုဂရမ်ရဲ့ ပံ့ပိုးမှုနဲ့ တိုက်ရိုက်ပဲ ပေါက်ထွက်သွားသည်။
ထင်တဲ့အတိုင်းပဲ လင်းရှောင်ဝေ့က အင်တာနက်မှာ နာမည်ကြီးသွားပြီး ပရိတ်သတ် အများကြီးကို ဆွဲဆောင် နိုင်သွားသည်။
လင်းရှောင်ဝေ့ရဲ့ ဆက်တိုက်လှုပ်ရှားမှုတွေမှာ လင်းဖေးဟန် မှင်သက်နေခဲ့သည်။
“ အရန်ဇာတ်ကောင်ဖြစ်ရတာ တန်သားပဲ။ ဘာမှမလုပ်ဘဲ ကြော်ညာဆင်းပြီးသား ဖြစ်ပြန်ပြီ”
လင်းဖေးဟန် သူ့ရဲ့လုပ်ရပ်တွေက ကျရှုံးမှုတွေထဲက ကျရှုံးမှုကြီးတစ်ခု ဖြစ်သွားတာပဲလို့ ခံစားနေရသည်။
လင်းရှောင်ဝေ့ကို သူက နောက်ကနေ ပံ့ပိုး လိုက်မိတာပဲ။
မိန်းမလဲဆုံး၊ စစ်လဲရှုံး ဆိုတာ ဒါမျိုးမှ ဒါမျိုးအစစ်!
“ ငါ သတိမထားမိတာ။ ငါမရှောင်နိုင်လိုက်တာ”
လင်းဖေးဟန် အနာဂတ်မှာ ဂရုတစိုက် လုပ်ဆောင်ရမယ်လို့ တွေးလိုက်သည်။ သူ ဇာတ်လိုက်အတွက် လမ်းခင်းပေးတဲ့ လာဘ်ကောင်လေးတော့ မဖြစ်ချင်ဘူး။
“ ဒါက ဇာတ်လိုက်ရောင်ဝါလား?”
လင်းဖေးဟန် သေချာ နားမလည်လိုက်ဘူး။ ဒါက ဗျူဟာရှင်ကြီး ငါ ကျန်းချီဖေးဟန်ရဲ့ ပထမဆုံးကျရှုံးမှုပဲ။