အခန်း (၁၈၉)
Vol. 14 Ch. 189
လင်းဖေးဟန် ချက်ချင်းပဲ live ကနေ ထွက်လိုက်တော့သည်။
Live က မထွက်လို့ သူ ဘာလုပ်နိုင်အုံးမှာလဲ? ပရိတ်သတ် အများကြီးဆီက နောက်ထပ် စော်ကားတာတွေကို ကြည့်နေရအုံးမှာလား?
လင်းဖေးဟန် live ထဲက ထွက်ပြီးသွားတာနဲ့ ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် လုပ်လိုက်သည်။ သူနောက်ထပ် ပြောသမျှ ဂရုမစိုက်တဲ့ စောက်ရူးဆန်တဲ့ ဖြေရှင်းချက် တစ်ခုတော့ ရှာမှဖြစ်တော့မည်။
လင်းဖေးဟန် နောက်ထပ် အကွက်ရွှေ့ရန် တွေးနေတုန်းမှာပဲ သူ့ရဲ့ ဖုန်းက မြည်လာခဲ့သည်။
လင်းဖေးဟန် အနီးကပ် ကြည့်လိုက်တော့ ခေါ်ဆိုသူမှာ အားသောင်ပင်။ လင်းဖေးဟန် တည်ငြိမ်စွာ မေးလိုက်သည်။
“ဘာကိစ္စလဲ?”
အားသောင်က သူ့ရဲ့ ညာလက်ရုံးပဲ။ အားသောင်ကို သူ ဒေါသလဲ မထွက်ဖူးသလို ဘာခံစားချက်မှလဲ ပြလို့မဖြစ်ဘူး။ သူ့ရဲ့ တည်ငြိမ်တဲ့ဟန်ပန်က အားသောင်ကို အထူး မျက်နှာသာပေးထားတာပဲ။
“ သခင်လေး၊ မားပါ့ နိုးလာပါပြီ။ သခင်လေးကို တွေ့ချင်နေပါတယ်”
“ မတွေ့ဘူး။ အဲ့လူကအရမ်းမောက်မာတယ်။ ငါက အလုပ် အရမ်းများတဲ့သူလို့ ပြောပြီး ဆေးရုံမှာ သူ့ကို စောင့်နေခိုင်းလိုက်။ ဒီအတောအတွင်း သူလိုချင်တာရှိရင် အကောင်းဆုံး ကျေနပ်အောင် လုပ်ပေးလိုက်ပါ။ ထွက်သွား ချင်တယ်ဆိုလဲ တားမနေနဲ့”
“ နားလည်ပါပြီ သခင်လေး”
ဖုန်းချပြီးနောက်မှာ လင်းဖေးဟန် စတင် တွေးတော့သည်။
သူ့ရဲ့ ဘဝအကြောင်းကို စဉ်းစားမိပြီး နောက်ထပ် ဘယ်လမ်းကိုလျှောက်ရမယ် တွေးနေခဲ့သည်။ ဉာဏ်ကြီးရှင် တစ်ယောက်အနေနဲ့ ငါက တစ်လှမ်း လှမ်းဖို့အတွက် သုံးလှမ်းစာလောက် ကြိုတွေးမှ ဖြစ်မယ်။
မင်းက သုံးထပ်ကို ရောက်တဲ့အချိန်မှာ ပထမထပ်မှာပဲ ရှိတဲ့ ငါ့ကို လာလှောင်လို့ ရကောင်းရမယ်။ ဒါပေမဲ့ မင်း မသိပါဘူး။ ငါက ဓာတ်လှေကားမှာ ဆယ့်တစ်ထပ်ကို သွားဖို့ ခလုတ်နှိပ်ပြီးသွားကွ။
ထိုအချိန်မှာ ဖုန်းက ထပ်မြည်လာပြန်သည်။ ဒီတစ်ခေါက်ကတော့ တံခါးပေါက်က လုံခြုံရေး ထံမှဖြစ်သည်။
“ သခင်လေးလင်းကို တွေ့ချင်နေတဲ့ သူ တစ်ယောက် ရှိပါတယ်။ သူ့မှာ ဆံပင်အဝါတွေ ရှိပြီး ဂန်းစတားပုံ ပေါက်တယ်။ သူ့ကို မောင်းထုတ် လိုက်စေချင်ပါသလား?”
လုံခြုံရေးရဲ့ ဖော်ပြချက်ကို ကြားတာနဲ့ ခေါင်းဆောင်ငယ် သူ့ကို လာတွေ့တာမှန်း လင်းဖေးဟန် တန်းပြီးနားလည်လိုက်သည်။
“သူ့ကိုခေါ်လာခဲ့ပါ”
“ ဟုတ်ကဲ့!”
လင်းဖေးဟန် ဆိုဖာမှာ ဝင်ထိုင်လိုက်သည်။ ထိန်းချုပ်ထားပုံရသော ခေါင်းဆောင်ငယ်ကို ကြည့်လိုက်ကာ
“ မင်းဘာလို့ ငါ့ကိုတွေ့ချင်တာလဲ?”
အခု ဒီခေါင်းဆောင်ငယ်က အဖွဲ့ကို ကောင်းကောင်း မစီမံဘဲ ဒါမျိုး လှည့်ပတ် သွားနေရဲပြီပေါ့? သူနဲ့ပေါင်းပြီး အကျင့်ပျက် သွားတဲ့ ဝမ်တကုံနဲ့ ပတ်သတ်ပြီးတောင် ငါ ကောင်းကောင်း မရှင်းရသေးဘူး။
“သခင်လေးလင်း ကျင်းပိုင်မြို့ရဲ့ မြေအောက် လောကနဲ့ ပတ်သတ်ပြီးတော့ပါ”
ခေါင်းဆောင်ငယ်က လင်းဖေးဟန်ဆီကို လျှောက်လာရင်း လေသံတိုးတိုးနဲ့ ပြောလာသည်။
လင်းဖေးဟန် ဘာမှ ထပ်မပြောဘဲ ခေါင်းဆောင်ငယ် ဆက်ပြောလာမှာကို တိတ်တဆိတ် နားထောင်နေလိုက်သည်။
ခေါင်းဆောင်ငယ် ဆက်ပြောလိုက်သည်။
“ သခင်လေးလင်း ဟွမ်လောင်ပရဲ့ လူတွေက ဒီရက်ပိုင်းလှုပ်ရှားနေပါတယ်။ ကျင်းပိုင် မြေအောက်လောကရဲ့ နေရာတိုင်းမှာ လူသတ်နေပါတယ်”
“ ဒါ ကျွန်တော်တို့ရဲ့ မှန်းဆမှု အတွင်းမှာပဲ ရှိပါသေးတယ်။ ကျွန်တော်တို့ရဲ့ ချိန်းခြောက်မှုအောက်မှာ များစွာတဲ့ အကောင်ကြီးတွေကတော့ ယဲ့ဖန်းအောက်ကို မဝင်ချင်ပုံပါပဲ။ ဒါပေမဲ့ အဲ့လိုမျိုး မနာခံတဲ့ အကောင်ကြီးတစ်ချို့ကို ယဲ့ဖန်းက သတ်ပြ လိုက်တော့ အကုန်လုံးက မလုပ်ချင်လဲ ကြောက်လန့်ပြီး ယဲ့ဖန်းလက်အောက်ကို ဝင်လိုက်ကြတယ်”
ခေါင်းဆောင်ငယ်က အသက်ဝဝ တစ်ချက် ရှုသွင်းလိုက်ပြီး ရှုတ်ထွေးနေတဲ့ မျက်နှာနဲ့ ခဏလောက်ရပ်သွားပြီးမှ ဆက်ပြောလိုက်သည်။
“ သခင်လေးလင်းရဲ့ တောင်းဆိုမှုကြောင့် ကျွန်တော်တို့နဲ့ နှင်းဆီနီက အမြဲတမ်း ကိုယ့်ရဲ့နေရာကို ကောင်းကောင်း စောင့်ကြပ် ထားပါတယ်။ ဒါကြောင့် အဲ့ဒီအကောင်ကြီး တွေကို ဝင်မကူညီပေးနိုင်ခဲ့ပါဘူး။ ယဲ့ဖန်းက နားလည်စွာနဲ့ ကျွန်တော်တို့ ပိုင်နက်တွေကို မထိဘဲ အပြင်ဘက်က နေရာတွေကို အပိုင်သိမ်းဖို့လုပ်ခဲ့တာပါ”
“ ကျွန်တော်တို့ရဲ့ ပိုင်နက်ထဲမှာလူတွေ ဝင်ပြီး ပုန်းနေခိုင်းခဲ့တဲ့ အကိုကြီးသုံးယောက်နဲ့ သူတို့ရဲ့ လူတွေကလွဲရင် ကျန်တဲ့သူတွေ အကုန်လုံးက ယဲ့ဖန်း သတ်လို့ သေတဲ့သူနဲ့ လက်အောက်ဝင်တဲ့သူနဲ့ အသီးသီး ယဲ့ဖန်းလက် ရောက်သွားကြတယ်”
ခေါင်းဆောင်ငယ်က အတော်အတန် ဉာဏ်ပြေးသည်။ ဒီအခြေအနေက အန္တရာယ်များနေတာ သူသိသည်။ ထို့ကြောင့် လင်းဖေးဟန်ကို သတိကြီးကြီးနဲ့ လှမ်းကြည့် လိုက်သည်။
“ အခု ကျင်းပိုင် တစ်မြို့လုံးမှာ ကျွန်တော်တို့အတွက် ဖုန်းလုံ ဧရိယာနဲ့ ဖုန်းဟွာ ဧရိယာပဲ ရှိပါတော့တယ်”
“ ယဲ့ဖန်းက ဖန်းချန် ဧရိယာကို အခြေခံပြီး ဖန်းဟူ ဧရိယာနဲ့ ဖန်းရှာ ဧရိယာကို သိမ်းပိုက်ပြီးသွားပြီ။ အခု သူတို့ရဲ့ ပိုင်နက်နဲ့ အင်အားက ကျွန်တော်တို့ထက် သာသွားပြီ”
ခေါင်းဆောင်ငယ်က လင်းဖေးဟန်ကို မေးခွန်း ထုတ်တဲ့ အကြည့်နဲ့ ကြည့်လိုက်ကာ
“ သခင်လေးလင်း ကျွန်တော်တို့ အမြန်ဆုံး နည်းလမ်းရှာရပါမယ်။ အမြန်ဆုံး လှုပ်ရှားနိုင်မှ ဖြစ်ပါမယ်။ ဒီတိုင်း ဆက်သွားနေပြီး ယဲ့ဖန်းသာ ဖန်းချန်၊ ဖန်းဟူနဲ့ ဖန်းရှာ ဧရိယာတွေကို အင်အားစုစည်းနိုင်ပြီးသွားရင် ကျွန်တော်တို့အနေနဲ့ သူတို့ကို ပြန်ဖျက်ဆီးဖို့ ခဲယဥ်းသွားနိုင်တယ်!”
လင်းဖေးဟန် ခေါင်းဆောင်ငယ်ကို ကျေနပ်မှုတစ်ချို့နဲ့ ကြည့်ကာ ခေါင်းညိတ်လိုက်သည်။ ဒီကောင် ဦးနှောက် သုံးနိုင်မယ်လို့ လင်းဖေးဟန် မထင်ထားမိဘူး။ ကြည့်ရတာ ခေါင်းဆောင်ငယ်လဲ ကောင်းကောင်း လေ့ကျင့်ပြီး သင်ယူထား နိုင်တဲ့ပုံပဲ။
ခေါင်းဆောင်ငယ်က လင်းဖေးဟန်ကို ထိန်းချုပ်မှုအပြည့်ဖြင့် ကြည့်လိုက်ပြီး
“ သခင်လေးလင်း ကျွန်တော်မနေ့က နှင်းဆီနီ နဲ့ စကားပြောပြီးသွားပြီ၊ သူမလဲ ကျွန်တော်နဲ့ အတွေးတူတူပါပဲ။ ယဲ့ဖန်းနဲ့ ဟွမ်လောင်ပသာ အဲ့ဒီဧရိယာသုံးခုရဲ့ အင်အားကို ပေါင်းစည်း နိုင်တာနဲ့ သေချာပေါက် အင်အာကြီးလာကြမှာ!”
လင်းဖေးဟန် ခပ်ဖွဖွ ပြုံးပြီးပြောလိုက်သည်။
“ စိတ်မပူနဲ့”
အကုန်လုံးက ငါ ဉာဏ်ကြီးရှင်ရဲ့ ထိန်းချုပ်မှု အောက်မှာပဲ ရှိပါသေးတယ်။
လင်းဖေးဟန် လက်ယမ်းပြပြီး မတူညီစွာ ပြောလိုက်သည်။
“ ယဲ့ဖန်းရဲ့လက်အောက်ကို အညံ့ခံသွားတဲ့ အဲ့ဒီအကောင်ကြီးတွေက ဒီတိုင်း အရန်ကောင်တွေပဲ။ သူတို့တွေက ယဲ့ဖန်းရဲ့ ကြမ်းတမ်းတဲ့နည်းလမ်းကြောင့်သာ အညံ့ခံခဲ့တာ။ ငါတို့သာ ပင်မအင်အားစု ဖြစ်တဲ့ ဖန်းချန်ဧရိယာနဲ့ ယဲ့ဖန်းရဲ့ သစ္စာခံ ဟွမ်လောင်ပကို ဖျက်ဆီးနိုင်သွားရင် အဲ့ဒီလူတွေလဲ ခွေးတွေ၊ ကြောင်တွေလို သင်းကွဲသွားပြီး ငါ့အတွက် ခြိမ်းခြောက်မှု ဖြစ်လာနိုင်မှာ မဟုတ်ဘူး။ သူတို့တွေ ယဲ့ဖန်း လက်အောက်တောင် ဝင်နိုင်မှတော့ ငါ့လက်အောက်ကော မဝင်နိုင်ဘူးလား?”
လင်းဖေးဟန်ရဲ့ မျက်လုံးတွင် အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။ ခေါင်းဆောင်ငယ်ကို လင်းဖေးဟန် စတင် ညွှန်ကြားလိုက်သည်။
“ ဘယ်အချိန် စလှုပ်ရှားမလဲက ငါ့မှာ အစီအစဥ် ရှိပြီးသားပါ။ မင်း စိတ်ပူဖို့မလိုဘူး”
ခေါင်းဆောင်ငယ်က အနည်းငယ် စိတ်ပူ နေဆဲပဲ။ ခဏလောက် တုံ့ဆိုင်းနေပြီးနောက်မှာ ထပ်ပြောလာခဲ့သည်။
“ သခင်လေးလင်း မြန်ရင်အကောင်းဆုံးပါပဲဗျ။ ဒီယဲ့ဖန်းက တိုးတက်တာ အရမ်းမြန်တယ်။ ညတာက အရမ်းရှည်ပြီး အိပ်မက်တွေ အရမ်းများနေရင် ကျွန်တော်တို့ အလျင်မမှီမှာဘဲ စိုးမိပါတယ်”
“ ပုံမှန်ပါပဲ” လင်းဖေးဟန် ပြုံးလိုက်သည်။
သေချာပေါက် ယဲ့ဖန်းရဲ့ မြန်ဆန်လှတဲ့ တိုးတက်မှုကို သူသိတာပေါ့။ သူလဲ တစ်ခဏတောင် နောက်ကျမခံရဲပါဘူး။ ဒါပေမဲ့ အဲ့လိုဆိုတော့ကော ဘာထူးသလဲ?
ယဲ့ဖန်းက ကံကြမ္မာရဲ့သားတော်ပဲ။ ယဲ့ဖန်းမှာ နတ်ဘုရားရဲ့ အကာအကွယ် ရှိနေတာမို့ ယဲ့ဖန်းကို သူဘယ်လောက်ပဲ အကွက်ချပြီး တိုက်ခိုက်ပါစေ၊ ဘယ်တော့မဆို အလွယ်တကူ လွတ်မြောက်သွားမှာ။ ဒါက ဗီလိန်နဲ့ ဇာတ်လိုက်ကြားက ကွာခြားချက်ပဲ!
လင်းဖေးဟန် တွေးနေတာ ရပ်လိုက်ပြီး ခေါင်းဆောင်ငယ်ကို ပြောလိုက်သည်။
“ မင်းသွားပြီး စီစဥ်ထားချည်။ နှင်းဆီနီကို ဒီနေ့ပြင်ဆင်ထားဖို့ ပြောလိုက်။ ငါ ညနေခင်းကျ သူမကို သွားတွေ့မယ်”
အချိန်ကိုတွက်ကြည့်ရင် ဒီလောက်ဆို နှင်းဆီနီ ရာသီမလာသင့်သေးဘူး။
“ ဟမ်?” လင်းဖေးဟန်ရဲ့ စကားကိုကြားတော့ ခေါင်းဆောင်ငယ်ရဲ့ မျက်နှာ မဲသွားသည်။ ထို့နောက်တွင် အနည်းငယ် အရောင်တစ်ချို့ ပါသော မျက်လုံးများနဲ့ ကြည့်လာပြီး
“ သခင်လေးလင်း ကျွန်တော် သူမကို သေချာ ဆေးကြော၊ ပြင်ဆင်ထားဖို့ မှာလိုက်ပါ့မယ်ဗျ?”
လင်းဖေးဟန် ရယ်လိုက်ကာ ဆူလိုက်သည်။
“ မင်းရဲ့ အမှောင်တွေပြည့်နေတဲ့ ခေါင်းထဲမှာ ဒီယောက်ျားမိန်းမကြားက ကိစ္စတွေပဲ တွေးနေတယ်။ ငါလုပ်ခိုင်းရင်ဒီတိုင်း လုပ်လိုက်ပေါ့။ ဘာတွေ အမေးအမြန်း ထူချင်နေတာတုန်း?”
သူဋ္ဌေးတစ်ယောက်ဖြစ်တဲ့ ငါ့အတွေးကို အောက်ကလက်အောက်ငယ်သားက မှန်းနိုင် နေမှတော့ အနာဂတ်မှာ ငါဘယ်လို ရှင်သန် ရတော့မလဲ!
လင်းဖေးဟန် ခေါင်းဆောင်ငယ်ရဲ့ မေးခွန်းကို လုံးဝ ဝန်ခံမှာ မဟုတ်ဘူး။
“ သခင်လေးလင်း ကျွန်တော်အခုပဲ ဆောင်ရွက် လိုက်ပါ့မယ်ဗျ”
ခေါင်းဆောင်ငယ်က ရိုသေစွာ လင်းဖေးဟန်ရဲ့ အခန်းထဲကနေ ထွက်သွားခဲ့သည်။
ထိုအချိန်မှာ ယဲ့ဖန်းက ကလပ်ကို သွားပြီး ဟွမ်လောင်ပနဲ့ တွေ့နေခဲ့သည်။
ဟွမ်လောင်ပရဲ့ ကိုယ်မှာ ပတ်တီးတွေ ပြည့်နေပြီး အရက်တစ်ပုလင်း ဆွဲရင်း အနားကို ရောက်လာခဲ့သည်။
“ အကိုကြီးယဲ့ အခု ဖန်းချန်ဧရိယာ၊ ဖန်းဟူဧရိယာ၊ ဖန်းရှာဧရိယာ အကုန်လုံး ငါတို့လက်အောက် ရောက်သွားပြီ။ ငါ ဘာဆက်လုပ်ရမလဲ အကိုကြီးပြောလိုက်တော့? ငါတို့ ညီကိုတွေ အရမ်းမစောင့်နိုင်ကြတော့ဘူး!”
ဧရိယာကြီးသုံးခုရဲ့ ခေါင်းဆောင်အနေနဲ့ ဟွမ်လောင်ပက ဒီအချိန်မှာ ပတ်တီးအပြည့် ဖြစ်နေတာတောင်မှ မာန်လွှားနေပြီး သန်မာမှုလဲ ကျန်နေသေးသည်။