← Chapters

အခန်း (၁၉၀)

Vol. 14 Ch. 190

အခန်း (၁၉၀)

Vol. 14 Ch. 190

ငါ့လက်အောက်မှာရှိတဲ့ သူတွေက အကုန် လုပ်နိုင်စွမ်းရှိတဲ့သူတွေပဲ။ ငါ ဒဏ်ရာ ရနေရင်တောင်မှ နယ်မြေသုံးခုလုံးက အခု ငါ့လက်အောက်မှာ။

ယဲ့ဖန်းကလဲ အရမ်းကို လုပ်နိုင်စွမ်းရှိတာ ဟွမ်လောင်ပ သိသည်။ သူ့လိုမျိုး ကြမ်းတမ်းတဲ့ သူတွေက အပြင်ပန်း ကြည့်ကောင်းတဲ့ ကောင်တွေကို ပုံမှန် သဘောကျလေ့မရှိဘူး။ ဒါပေမဲ့ ယဲ့ဖန်းရဲ့ ရည်မှန်းချက်က သူ့ထက်တောင် ကြီးသေးသည်။

ဒီတော့ ယဲ့ဖန်းက ဒီနယ်မြေသုံးခုကို ကိုယ်တိုင် ကိုယ်ကျ ဝင်ကိုင်တွယ်မှာ မဟုတ်ဘူး။ ဒီ ရှုတ်ထွေးနေတဲ့ နယ်မြေတွေကို ဖြေရှင်းပြီးတာနဲ့ ယဲ့ဖန်းရဲ့ ပထမဆုံး လက်အောက်ခံအနေနဲ့ ကျင်းပိုင်မြို့ တစ်ခုလုံးအတွက် တာဝန်ရှိသူက သေချာပေါက် ငါဖြစ်လာမှာပဲ။

ဒါက အပေါ်ယံပိုင်းပဲ။ တစ်ကယ်တော့ ဟွမ်လောင်ပက ယဲ့ဖန်းရဲ့ အရုပ်တစ်ခုသာ ဖြစ်သည်။ အကုန်လုံးကို ယဲ့ဖန်းရဲ့ အမိန့်အတိုင်းပဲ ဆောင်ရွက်ရသည်။

ဒါပေမဲ့ ဒီလိုဖြစ်နေရင်တောင်မှ ဒီအခြေအ​နေက အရမ်းမိုက်တယ်လို့ ဟွမ်လောင်ပ ခံစားရသည်!

အရုပ်တစ်ခု ဖြစ်ရတောင် ကျင်းပိုင်တစ်မြို့လုံးကို အုပ်ချုပ်ရတဲ့ အရုပ် ဖြစ်ရမှာလေ! သာမာန် ဧရိယာလေး တစ်ခုထဲ မဟုတ်ဘူး။

ဒီအခြေအနေက သူ့ရဲ့ အရင်အခြေအနေထက် အများကြီးပိုကောင်းသည်။

လူ ဘယ်လောက်တောင် ယဲ့ဖန်းရဲ့ အရုပ် ဖြစ်လာချင်ပြီး မလုပ်ဆောင်နိုင်ကြလဲ မင်းတို့ မသိပါဘူး။ တစ်ကယ်တော့ ငါက ချီးမြှောက် ခံရတာပဲ!

ယဲ့ဖန်း လက်ယမ်းပြပြီး ခပ်ဖြည်းဖြည်း ပြောလိုက်သည်။

“ အလျင်မလိုဘူး”

ထို့နောက်မှာ ယဲ့ဖန်း နောက်ထပ် ဝိုင်တစ်ခွက်ကို ကျက်သရေရှိရှိ တစ်ငုံ သောက်လိုက်သည်။ ဖန်ခွက်ထဲရှိ သွေးနီရောင်ဝိုင်ကို ကြည့်လိုက်ရင်း ယဲ့ဖန်းရဲ့ မျက်လုံးတွင် ရက်စက်မှုတစ်ချို့ ဖြတ်ပြေး သွားသည်။

ယဲ့ဖန်း ပြင်းထန်စွာပြောလိုက်သည်။

“ အရင်ဆုံး အင်အားတွေပေါင်းလိုက်ပြီး နယ်မြေသုံးခုက လူတွေကို အချင်းချင်း သိအောင်လုပ်လိုက်။ အရင် ပေါင်းစည်းခိုင်းလိုက်အုံး။ အရင်တစ်ခေါက်ကလို ပျော့တွဲတွဲ မုန့်ကြီး ဖြစ်မလာစေနဲ့။ လင်းဖေးဟန်ကို မတိုက်ခင် ငါ့လူတွေအချင်းချင်း တိုက်နေကြမှာမျိုး ငါ မလိုချင်ဘူး”

“ အချိန်ကျရင် မင်းကို ဦးဆောင်ပြီး ဖုန်းလုံ ဧရိယာနဲ့ ဖန်းဟွာဧရိယာကို တိုက်ခိုင်းမယ်။ မင်း ကျင်းပိုင်မြို့ရဲ့ ခေါင်းဆောင် ဖြစ်လာရမယ်! ငါ့ရဲ့ နေရာက အနှေးနဲ့ အမြန် မင်းအပိုင်ဖြစ်မှာပဲ!”

ဟွမ်လောင်ပရဲ့ အတွေးကို ယဲ့ဖန်း ကောင်းကောင်းသိသည်။ ထို့ကြောင့် စတင်ပြီး လေထဲတိုက်အိမ် ဆောက်ပေးလိုက်သည်။ ကိစ္စတွေ အားလုံးပြီးသွားခဲ့ရင် သူ့ရဲ့စိတ်ထဲ ရှိတဲ့ အကောင်းဆုံး ရွေးချယ်ထားသူက နှင်းဆီနီပဲ။

“ ဟုတ်ကဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့”

သူ တွေးနေတာကို ယဲ့ဖန်းက တိုက်ရိုက် ပြောထုတ်လာတော့ ဟွမ်လောင်ပ စိတ်လှုပ်ရှားစွာ ခေါင်းအဆတ်မပြတ် ငြိမ့်လိုက်သည်။

ချက်ချင်းပဲ အစက ဒဏ်ရာအပြည့်နဲ့ မတ်တပ်ပင် ကောင်းကောင်း မရပ်နိုင်ခဲ့တဲ့ ဟွမ်လောင်ပက စိတ်လှုပ်ရှားမှုတို့ကြောင့် ဖြောင့်တန်းစွာ မတ်တပ်ရပ်လာပြီး

“ အကိုကြီးယဲ့ စိတ်မပူပါနဲ့။ ငါ အလုပ်ကြိုးစားပြီး အင်အားကိုအတတ်နိုင်ဆုံး အမြန်စုစည်းမယ်။ အချိန်မရွေးတိုက်ခိုက်ဖို့ အသင့်လုပ်ထားလိုက်မယ်”

“ အဲ့ဒီနှင်းဆီနီက အကိုကြီးယဲ့ကို အပြောတစ်ခြား အလုပ်တစ်ခြားလုပ်ပြီး သစ္စာဖောက်ရဲလောက်အောင် အရမ်းရဲတင်း ခဲ့တယ်။ ဒီတစ်ခေါက် ဖန်းဟွာဧရိယာကို ရောက်တာနဲ့ ငါသေချာပေါက် ကောင်းကောင်း ဂရုစိုက်ပေးလိုက်မယ်။ အကိုကြီးယဲ့ကို သစ္စာဖောက်တဲ့အကျိုးဆက်ကို သေချာပေါက် ခံခိုင်းလိုက်မယ်”

ဟွမ်လောင်ပ ပြောရင်းပြောရင်း ပိုပြီး ဒေါသထွက်လာကာ အော်ဟစ်လိုက်သည်။

“ အဲဲ့ဒီအချိန်ကျရင် အကိုကြီးယဲ့ရဲ့ အရှေ့မှာ ဒူးထောက်ခိုင်းပြီး သီချင်းပါ ဆိုခိုင်းပစ်မယ်!”

ယဲ့ဖန်း ဟွမ်လောင်ပကို ကြည့်ပြီး အနည်းငယ် ကသိကအောက်ဖြစ်စွာ ပြောလို​က်သည်။

“ ကောင်းပြီ။ မင်းလုပ်ရမဲ့ကိစ္စတွေ သွားလုပ်တော့။ ဒီမှာမနေနဲ့တော့”

ယဲ့ဖန်း လက်ယမ်းပြလိုက်ပြီး ဟွမ်လောင်ပကို အနည်းငယ် ထပ်သင်ပြပေးလိုက်သည်။

“ တစ်ချို့က မင်းပြောသင့်တဲ့ ကိစ္စတွေ မဟုတ်ဘူး။ ထပ်မပြောနဲ့တော့”

“ ဟုတ်ကဲ့” ဟွမ်လောင်ပ လေးစားစွာ ​ဖြေကြားလိုက်သည်။

ယဲ့ဖန်း လက်ထဲက ဝိုင်နီကို ကြည့်ရင်း မနေ့ညက အဖြစ်အပျက်ကို ပြန်တွေးလိုက်သည်။ သူ့ရဲ့ လက်က​နေ အသက်ရှင်ရက် လွတ်သွားဖူးသူ တစ်ယောက်မှ မရှိခဲ့ဖူးဘူး။ လင်းဖေးဟန်က ပထမဆုံးပဲ။

လင်းဖေးဟန်ရဲ့ အကြောင်းကို တွေးမိတာနဲ့ ယဲ့ဖန်းရဲ့ မျက်လုံးမှာ ကြမ်းကြုတ်မှုတို့ ပြည့်သွားပြီး အေးစက်စွာ ပြောလို​က်သည်။

“ လင်းဖေးဟန်! ငါသေချာပေါက် မင်းရဲ့ သွေးရဲ့ အရသာကို ဒီဝိုင်နဲ့ရောကြည့်ပြီး ဘာများကွာသွားမလဲ မြည်းကြည့်အုံးမယ်”

“ ဒင်ဒင်ဒင်!”

ယဲ့ဖန်းရဲ့ အတွေးတွေက ဖုန်းမြည်သံကြောင့် ပျက်သွားရသည်။

ယဲ့ဖန်း မျက်မှောင်ကြုတ်သွားသည်။ ဒါပေမဲ့ ခေါ်ဆိုသူက မစ္စတာလု ဖြစ်မှန်းသိတဲ့အခါမှာ ယဲ့ဖန်းရဲ့မျက်နှာက ချက်ချင်း ပြေလျော့သွားသည်။

ယဲ့ဖန်း ဖုန်းဖြေလိုက်ရင်း မျက်နှာက ချက်ချင်း ပြောင်းလဲကာ ပြုံးသွားပြီး

“ အဖိုးလု”

အဖိုးလု၏ အသံတွင် ကြင်နာရိပ်တို့ ပြည့်နေပြီး ရယ်လိုက်ကာ

“ ရှောင်ဖန်း ဒီရက်ပိုင်း မင်းဘယ်လိုနေလဲ? အဖိုးကို ကူညီပေးစေချင်တဲ့ အခက်အခဲတွေ ဘာတွေရှိလား?”

“ မင်းလဲ အဖိုးရဲ့ ရှောင်ယွင်လေးကို သိမှာပါ။ သူမက နည်းနည်းအလိုလိုက်ခံထားရတော့ ဆိုးတယ်ကွဲ့။ သူမကို အတုမယူနဲ့နော်။ သူမ မင်းကို ဘော်ဒီဂတ်အဖြစ်ကနေ ငြင်းလိုက်တယ်ကြားတော့ အဖိုးသူ့ကို တော်တော်ဆူထားသေးတယ်။ အဖိုးမင်းရဲ့ ဆရာကို ဘော်ဒီဂတ်ဖြစ်လာအောင် လုပ်ပေးမယ် ပြောထားခဲ့ပြီး အခုဒီလိုတွေ ဖြစ်လာရတယ်။ ရှောင်ဖန်း အဖိုးကို စိတ်မဆိုးပါနဲ့ကွာ!”

ယဲ့ဖန်း အမြန်ပြုံးကာ ပြောလို​က်သည်။

“ အဖိုးလု ဘာတွေပြောနေတာလဲ? ကျွန်တော် စိတ်မဆိုးပါဘူးဗျာ”

အဖိုးလုက ယဲ့ဖန်းနဲ့ စကားတစ်ချို့ ဆက်ပြောသေးသည်။ ထို့နောက်မှာ စကားလမ်းကြောင်းပြောလိုက်ကာ

“ ရှောင်ဖန်း အဖိုးကြားတာ မင်းနဲ့ လင်းမိသားစုက လင်းဖေးဟန်နဲ့ ရန်ဖြစ်ခဲ့ကြတယ်ဆို?”

“ ရှောင်ဟန်လေးကို အဖိုးက သူကြီးပြင်းတဲ့တစ်လျှောက်လုံး တောက်လျှောက် တွေ့လာတာပဲ။ သူက လူကောင်း​လေးပါ။ မင်းတို့ကြားမှာ နားလည်မှု လွဲတာတွေရှိလို့လား? အဖိုးကို မင်းအတွက် ကြားဝင်ပေးစေချင်လား?”

ယဲ့ဖန်း အမြန်ငြင်းဆိုလိုက်သည်။

“ အဖိုးလု မလိုပါဘူး။ ဒါတွေအကုန်လုံးက ကိစ္စအသေးလေးတွေပါပဲ။ ကျွန်တော် ဖြေရှင်းနိုင်ပါတယ်”

ဘယ်လိုဟာသလဲ? ငါ့လို ကြီးမြတ်တဲ့သူက လင်းဖေးဟန်နဲ့ ဘာကိစ္စ ညှိုနှိုင်းရမှာလဲ?

ပိုဆိုးတာက အဲ့ဒီလင်းဖေးဟန်က ငါ့ကို နေရာတိုင်းမှာ ဆန့်ကျင်နေတာ။ ငါသူ့ကို သတ်ရမှဖြစ်မယ်!

နှစ်ဖက်လုံးနဲ့ သိနေတဲ့သူတွေအတွက် နှစ်ဖက်လုံးက သူတို့အတွက် မိတ်ဆွေတွေပဲ။ အဖိုးလုက လင်းဖေးဟန်ကြောင့် ယဲ့ဖန်းကို ဝင်ပြောမှာလဲမဟုတ်သလို ယဲ့ဖန်းအစား လင်းဖေးဟန်ကို ကြားဝင်ပေးမှာလဲ မဟုတ်ဘူး။

သူ နှစ်ပေါင်းများစွာ ရှင်သန်ခဲ့ပြီးပြီမို့ အရာအားလုံးကို မြင်တွေ့ဖူးပြီးသွားပြီ။ အခု သူ့ဘဝက အပင်စိုက်လိုက်၊ ရေလောင်းလိုက်ပဲ။ ဘာမှလုပ်စရာမလိုတော့ဘဲ ကောင်းမွန် နေပြီ။

အဖိုးလုက ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“ ကောင်းပြီ။ ဒါဆို မင်း လိုအပ်တာရှိရင် အဖိုးကိုပြောသာပြောလိုက်ပါ”

ထို့နောက်မှာ အဖိုးလုက ပြုံးလိုက်ကာ

“ နောက်တနင်္ဂနွေက အဖိုးလုရဲ့ မွေးနေ့ပွဲပဲ။ မင်းလာကိုလာရမယ်နော်”

“ ဟုတ်ကဲ့ အဖိုးလု။ ကျွန်တော် သေချာပေါက် လာခဲ့မယ်”

ယဲ့ဖန်း ချက်ချင်း ဖြေဆိုလိုက်သည်။

…………

ထိုအချိန်မှာ လင်းဖေးဟန် အရင်ဆုံး လင်းမိသားစုပိုင် ဆေးရုံကိုသွားကာ စွန်းရှင်းယွဲ့ကို အပ်စိုက်ကုပေးလို​က်သည်။

စွန်းရှင်းယွဲ့ တော်တော်လေး သက်သာနေခဲ့ပြီ။ သူမသာ လင်းဖေးဟန်နဲ့ အကြိမ်ရေ အနည်းငယ် အပ်စိုက်ပြီးသွားရင် ဆေးရုံကတောင် ဆင်းလို့ရလောက်ပြီပင်။

ထို့နောက်မှာ လင်းဖေးဟန် ကုမ္ပဏီကို ပြန်သွားလိုက်သည်။ ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ သူက အရမ်းအလုပ်များတာပဲလို့ လင်းဖေးဟန် သဘောပေါက်လိုက်သည်။

လင်းဖေးဟန် ကုမ္ပဏီကို မလာတာ ရက်တစ်ချို့ ကြာခဲ့ပြီ။ ဒါကြောင့် လင်းဖေးဟန်ရဲ့ ဆုံးဖြတ်ချက် လတ်မှတ်ကို လိုအပ်တဲ့ ဖိုင်တစ်သီတစ်သန်းကြီးက လင်းဖေးဟန်ရဲ့ စားပွဲပေါ်မှာ အပုံလိုက် ဖြစ်နေခဲ့ပြီ။

အတွင်းရေးမှူးမလေးပင် လင်းဖေးဟန်ကို မုန်းတီးမှုတစ်ချို့နဲ့ ကြည့်နေခဲ့သည်။

ဒီရက်ပိုင်း မစ္စတာလင်းနဲ့ အနည်းငယ် လေ့ကျင့်ခန်းမင်္ဂလာ မလုပ်ရတာ ကြာနေတော့ သူမ အနည်းငယ် ရင်ထဲ ယားကျိကျိ ဖြစ်နေခဲ့သည်!

လင်းဖေးဟန် အလုပ်တွေဖြတ်ပြီးတာနဲ့ လျှို့ရှင်းယာကို နှစ်သိမ့်ပေးလိုက်တာ၊ ဒီလိုနဲ့ ညနေလေးနာရီ ထိုးသွားခဲ့သည်။

အချိန်တွက်ကြည့်ရင် အခုဆို လုမုံ့ဟန် အလုပ်ဆင်းချိန်ရောက်ပြီပဲ။ လင်းဖေးဟန် အနည်းငယ် ပင်ပန်းနေပြီဖြစ်တဲ့ ခန္ဓာကိုယ်ကို လှုပ်ရမ်းကာ သက်ပြင်းမောကြီး ချလိုက်သည်။ တစ်ကယ်ကို ငါ့ဘဝက မလွယ်တာပဲ။

အလုပ်လဲ လုပ်ရသေးတဲ့အပြင် ကိစ္စတွေ အများကြီးကိုလဲ ထည့်တွေးရသေးသည်။ ဒါ့အပြင် ဘေးက မိန်းမလှလေးတွေကိုပါ နှစ်သိမ့်ပေးနေရသေးသည်။

လင်းဖေးဟန် လုမုံ့ဟန်ကို ဖုန်းခေါ်လိုက်ပြီး တစ်နာရီကျော်လောက် ဖုန်းပြောလိုက်သည်။ လုမုံ့ဟန်ရဲ့ ကျောင်းက ပျော်ရွှင်ဖွယ် ဖြစ်ရပ်တွေကို နားထောင်ပြီးတာနဲ့ လင်းဖေးဟန် ဖုန်းချလိုက်တော့သည်။

ထို့နောက်မှာ လင်းဖေးဟန် သူ့ရဲ့ အဆက်အသွယ်တွေကို ပြောင်းရွှေ့ပြီး တွင်းကြီးကြီးတစ်ခု တူးထားပေးကာ လင်းရှောင်ဝေ့ ခုန်ချလာဖို့ ပြင်ဆင်နေလိုက်သည်။

All Chapters