အခန်း (၁၉၁)
Vol. 14 Ch. 191
နောက်တစ်နေ့မနက်တွင်
မြို့တော်စီပင်ဋ္ဌာနရဲ့ မြို့သားတွေအတွက် ဆောက်ပေးထားသော တစ်ဦးတည်းငှား နေရသည့် အခန်းထဲတွင် လင်းရှောင်ဝေ့ နိုးလာပြီး မနက်စာစားလိုက်သည်။ ထို့နောက်တွင် live လွှင့်ဖို့ ပြင်လိုက်ချိန်မှာ ထူးဆန်းတဲ့ ဖုန်းတစ်ခု ဝင်လာခဲ့သည်။
“ ဟယ်လို? မစ္စတာလင်းရှောင်ဝေ့လား ခင်ဗျ?”
လင်းရှောင်ဝေ့ အနည်းငယ် ရှုတ်ထွေးသွားသည်။ သူက သာမာန် တောက တက်လာတဲ့ ကောင်လေး တစ်ယောက်ပဲ။ မိတ်ဆွေလဲ မရှိသလို ကျင်းပိုင်မြို့ကြီးမှာ သူသိတာဆိုလို့ ကျောင်းနေဖက် တစ်ချို့ လောက်သာ။ ဘာလို့ သူ့ကို တစ်ယောက်ယောက်က ဆက်သွယ်လာတာလဲ?
လင်းရှောင်ဝေ့ ပြောလိုက်သည်။
“ ဟုတ်ပါတယ်။ ဘယ်သူပါလဲ?”
အာမခံ ရောင်းတဲ့သူများလား?
အာမခံ ရောင်းတဲ့အလုပ်က ဒီခေတ်မှာ အရမ်းခေတ်စားပြီး ဝင်ငွေလဲကောင်းလာသည်။ သူတို့တွေက လူတွေရဲ့ ဖုန်းနံပါတ်တင် မကပဲ၊ အသက်နဲ့ အိမ်နံပါတ်ပါ သိကြသေးသည်။
လင်းရှောင်ဝေ့ရဲ့ လေသံထဲက သတိကြီးကြီး ထားနေမှုကို မြင်တော့ ဖုန်းထဲက လူက ရယ်လိုက်ကာ အမြန်ပြောလိုက်သည်။
“ ဟယ်လို ငါက မန်ဒီ သီချင်းဗီဒီယာက ချမ်ရှန့်ဒီ ပါ”
မန်ဒီသီချင်းမီဒီယာ…?
လင်းရှောင်ဝေ့ ခဏလောက်ထိ မှင်သက် အံ့သြသွားသည်။
ဒါက လင်းအုပ်စုရဲ့ လက်အောက်က နာမည်ကြီး အင်တာတိန်းမန့် ကုမ္ပဏီ မဟုတ်ဘူးလား?
တိုင်းပြည်ထဲက အကြီးမားဆုံး အင်တာတိန်းမန့် ကုမ္ပဏီတွေထဲက တစ်ခုလဲ ဖြစ်သည်။
လင်းရှောင်ဝေ့ အစပိုင်းက အလုပ်ရှာခဲ့တုန်းက သူ ရေးထားတဲ့ သီချင်းတွေကို ကုမ္ပဏီကြီးတွေ ထဲက တစ်ခုမှာ အမြဲတမ်း သုံးချင်ခဲ့သည်။
အဆုံးမှာတော့ သူ့မှာ အဆက်အသွယ်လဲ မရှိ၊ ဘာမှလဲမရှိတာမို့ တံခါးပေါက်ကနေတောင် ဝင်ခွင့်မရခဲ့ဘူး။
ပြီးတော့ အဲ့ဒီ ချမ်ရှန့်ဒီ.. ဒီနာမည်ကို ဘာလို့ အရမ်းရင်းနီးနေတာလဲ?
ဒီလူက မန်ဒီအင်တာတိန်းမန့်ရဲ့ နာမည်အကြီးဆုံး ရွှေတံဆိပ်ဆုရှင် ပရိုဂျူဆာ များဖြစ်နေမလား..?
အင်တာနက်မှာလဲ အရမ်းတွေ နာမည်ကြီး သွားခဲ့သည်။ ချမ်ရှန့်ဒီ အလ်ဘမ် တစ်ပုဒ် ထွက်တာနဲ့ ဆယ်မိနစ်အတွင်းကို အကုန် ရောင်းကုန်သွားကြတာ။
တွေးမိတာနဲ့တင် လင်းရှောင်ဝေ့ ချက်ချင်းပဲ စိတ်လှုပ်ရှားလာရသည်။
ချမ်ရှန့်ဒီမှာ အရမ်းကောင်းတဲ့ အမြင်ရှိသည်။ အနည်းဆုံး သီချင်းလောကရဲ့ အဆိုတော် သုံးပုံတစ်ပုံလောက် နီးနီးကို သူ ရှာတွေ့ ခဲ့တာပဲ။
လင်းရှောင်ဝေ့ အသက်ဝဝ ရှုပြီး စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်သည်။ ထို့နောက်တည်ငြိမ်ဟန်ဆောင်ကာ လေးစား မှုအပြည့်ဖြင့် ပြန်မေးလိုက်သည်။
“ ဟယ်လို မစ္စတာချမ် ကျွန်တော့်ကို ဘာပြော ချင်လို့ပါလဲ?”
ချမ်ရှန့်ဒီ လိုရင်းကိုပဲ တန်းပြောလိုက်သည်။
“ ဒီလိုပါ။ ငါမကြာမှီက သီချင်းတစ်ပုဒ် ရေးထားတယ်။ ဒါပေမဲ့ စာသားကိုအခုထိ မရေးရသေးဘူး။ မစ္စတာလင်းကို အင်တာနက်မှာ တွေ့မိပြီး မစ္စတာလင်းက တော်တော်လေး ဖန်တီးနိုင်စွမ်းကောင်းတာကို တွေ့မိတယ်။ မင်းရဲ့ အရေးအဖွဲ့ စကေးက ငါ့ထက်တောင် ကောင်းတယ်လို့ ပြောလို့ရတယ်”
“ ဒါကြောင့် မေးချင်တာပါ။ မစ္စတာလင်းများ ငါနဲ့အတူ ဒီသီချင်းကိုပူးပေါင်းပြီး ဖန်တီးချင်လာလို့ပါ။ ဒီသီချင်းရဲ့ မူရင်း မူပိုင်ခွင့်ကိုလဲ မင်းကိုပေးနိုင်ပါတယ်။ မင်းရဲ့ ပွဲဦးထွက်အဖြစ်ပေါ့”
“အင်း”
ချမ်ရှန့်ဒီရဲ့ စကားကိုကြားတာနဲ့ လင်းရှောင်ဝေ့ ချက်ချင်း မထိန်းချုပ်နိုင်ခဲ့ပေ။
လင်းရှောင်ဝေ့ စိတ်လှုပ်ရှားလွန်းလို့ လက်သီးကို တင်းနေအောင် ဆုတ်ထားပြီး ဝမ်းသာစွာ ခုံနဲ့ခပ်ပြင်းပြင်း ထုချလိုက်သည်။
ထိုသို့ ပြုလုပ်ပြီးမှ သူ့ရဲ့ တည်ငြိမ်မှုကို ဆုံးရှုံးလိုက်ပြီဆိုတာ လင်းရှောင်ဝေ့ သဘောပေါက်သွားသည်။
ထိုအချိန်မှာ လင်းရှောင်ဝေ့ ပါးစပ်ကို လက်တစ်ဖက်ဖြင့် အုပ်လိုက်ပြီး ဖုန်းကိုအောက်ချလိုက်သည်။ ထို့နောက်တွင် သန့်စင်ခန်းကို အပြေးသွားပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။
မန်ဒီ အင်တာတိန်းမန့်ရဲ့ မန်နေဂျာဖြစ်တဲ့ ရွှေတံဆိပ်ဆုရှင် ပရိုဂျူဆာက သူ့ကို ကိုယ်တိုင်ကိုယ်ကျ ဖုန်းဆက်လာလိမ့်မယ်လို့ လင်းရှောင်ဝေ့ ဘယ်တုန်းကမှ မတွေးထား မိဘူး။
ဒါ့အပြင် အဲ့ဒီလူက သီချင်းပေါင်းရေး ချင်ပြီး သူ့အတွက် အလ်ဘမ်ပါ ဖန်တီးပေးချင် နေသေးသည်။ ဒီလိုကိစ္စဆိုတာ သူ စိတ်ကူးတောင် မယဥ်ကြည့်ရဲတဲ့ ကိစ္စတွေပဲ!
လင်းရှောင်ဝေ့ ရေပိုက်ခေါင်းကို ဖွင့်လိုက်ပြီး ရေအေးများနဲ့ မျက်နှာသစ်လိုက်သည်။ အေးစက်တဲ့ရေနဲ့ထိတွေ့ရင်း အမြန်ဆုံး တည်ငြိမ်အောင်လုပ်လိုက်သည်။
လင်းရှောင်ဝေ့ ခေါင်းထောင်လာကာ မှန်ထဲက ကိုယ့်ရုပ်ကို ပြန်ကြည့်လိုက်သည်။ သူ့မျက်နှာထက်တွင် ကြီးမားသော အပြုံးတစ်ခု ပေါ်လာတော့သည်။
သူ့ရဲ့ အိပ်မက်တွေ အမှန်ဖြစ်လာတော့မှာလား?
နောက်ဆုံးတော့ နတ်ဘုရားက မျက်လုံးဖွင့် ကြည့်ပြီပေါ့?
လူကောင်းတွေက တောက်ပရတယ်ဆိုတာ မှန်တာပဲ။
ငါက မိသားစုရဲ့ ဘိုးဘေးတွေကိုပါ ကောင်းချီး ပေးအောင် လုပ်နိုင်တဲ့ သူပဲဖြစ်ရမယ်!
လင်းရှောင်ဝေ့ အရမ်းကို ယုံကြည်ချက် ရှိသည်။ သူ့ရဲ့ ကောင်းမွန်တဲ့ အဆိုစကေးနဲ့ ဆိုရင် ပွဲဦးထွက်တာနဲ့ သေချာပေါက် အောင်မြင်သွားမှာပဲ။
လင်းမိသားစုရဲ့ ဘိုးဘေးတွေက သုံးဆက်တိုင်တိုင် လယ်သမားတွေပဲ ဖြစ်ခဲ့ရသည်!
ငါအိမ်ပြန်ပြီး ဘိုးဘေးတွေကို အမွှေးနံ့သာ ပူဇော်ဖို့ အဆောင်တစ်ခု ဆောက်မှ ဖြစ်တော့မယ်!
လင်းရှောင်ဝေ့ ခဏတာအထိ ပျော်ရွှင်မှုထဲက မရုန်းထွက်နိုင်သေးချေ။
ထိုအချိန်တွင် ဖုန်းတစ်ဖက်ခြမ်းက ချမ်ရှန့်ဒီက လင်းရှောင်ဝေ့ရဲ့ တုံ့ပြန်မှုကို စိတ်ရှည်စွာ စောင့်ပေးနေခဲ့သည်။
ဒီတစ်ခေါက် သူ နှစ်မိနစ်တိတိ စောင့်ခဲ့ပေမဲ့ လင်းရှောင်ဝေ့ဘက်မှ အခုထိ ဘာမှပြန်မဖြေသေးဘူး။
ချမ်ရှန့်ဒီ ဖုန်းကိုင်ထားရင်း ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။
ဒီလင်းရှောင်ဝေ့က အရမ်းများသွားပြီ။
မကျော်ကြားသေးတာတောင်မှ အထက်စီနီယာကို ဒီလောက်အကြာကြီး စောင့်ခိုင်းတာလား?
လင်းရှောင်ဝေ့ဆိုတာ ဘယ်သူလဲ?
သူ့ကိုယ်သူများ နာမည်ကြီးစတား ထင်နေ တာလား?
မအောင်မြင်ခင်မှာတောင် အခုလို ဖြစ်နေတာ အောင်မြင်သွားရင် လုံးဝ နာမည်ကြီးစတားလို ချေမိုးတော့မှာလားပဲ?
ချမ်ရှန့်ဒီရဲ့ ပုံမှန်စိတ်နဲ့သာဆို ဖုန်းချပြီးတာ ကြာလှနေပြီ။ ဒီလို ကျက်သရေတုံးတဲ့ ကောင်တွေအပေါ်မှာ အချိန်မဖြုန်းချင်ဘူး။
သူ့ကို အခုလိုမျိုး စောင့်ခိုင်းရဲတာ လူအနည်းငယ်ပဲ ရှိသည်။
ဒါပေမဲ့ လူတိုင်း တစ်ယောက်ယောက် ဆီမှာတော့ အမြဲတမ်း ဦးညွတ်ရတာပဲလေ။
ဘဝက သူ့ကို ပြင်းထန်စွာ ရိုက်ခတ်လာပေမဲ့ သူအတင်းအကျပ် ပြုံးနေရဆဲပဲ။
ချမ်ရှန့်ဒီ အခုလို စိတ်မပါတဲ့အလုပ်ကို လုပ်ဖူးတာ ဒါပထမဆုံးပဲ။
ကံကောင်းစွာနဲ့ သူ လင်းရှောင်ဝေ့ရဲ့ live တစ်ချို့ကို ကြည့်ဖူးသည်။ အရေးအသားကြီးက နူခြာနေပေမဲ့လဲ အဲ့ဒီ ‘ဘယ်၊ညာ ဒါကီကီပဲ’ က သံစဥ်နဲ့ ကိုက်ကြည့်လိုက်ရင် တော်တော်လေး ဦးနှောက်ဆေးနိုင်စွမ်းရှိသည်။
သင့်တော်တဲ့ တက္ကသိုလ်ကနေ ဘွဲ့မရဖူးဘူး ဆိုပေမဲ့လဲ ဒီကောင်လေးမှာ အတော်အသင့် အရည်အချင်းတော့ ရှိမှာပဲ။
ထိုသို့တွေးမိမှာပဲ ချမ်ရှန့်ဒီ အနည်းငယ် စိတ်သက်သာရာရသွားသည်။
လင်းရှောင်ဝေ့ သူ့ကို စိတ်ပျက်အောင် မလုပ်ဖို့ဘဲ မျှော်လင့်သည်။
အချိန်အကြာကြီးစောင့်ပြီး နောက်ဆုံးတွင် လင်းရှောင်ဝေ့ တည်ငြိမ်အောင် လုပ်နိုင်သွားပြီး သန့်စင်ခန်းထဲမှ ထွက်လာခဲ့သည်။ သူ ဖုန်းကို ကောက်ကိုင်ပြီး တောင်းပန်စွာပြောလိုက်သည်။
“ ဆောရီးပါ ကျွန်တော် အလျင်လိုသွားလို့။ တောင်းပန်ပါတယ်။ အကြာကြီး စောင့်ခိုင်း လိုက်ရတယ်”
အလျင်လိုတယ်?
မင်း သေးပေါက်ဖို့ အလျင်လိုနေတာလို့ပဲ ငါထင်တယ်။ မကြာခဏ သေးပေါက် တတ်တာလား? ဒါမှမဟုတ် တစ်ဘဝလုံး သေးမပေါက်ဖူးလို့ အခုမှ ပေါက်နေလို့လား?
မင်း သေးပေါက်ဖို့ ပစိဖိတ်ပင်လယ်ကိုပါ သွားအုံးမလား?
တစ်ကယ်တော့ လင်းရှောင်ဝေ့လဲ အခုလို မလုပ်ချင်ပါဘူး။ သူ အရမ်းစိတ်လှုပ်ရှား လွန်ပြီး မတတ်နိုင်လို့ လုပ်လိုက်ရတာပဲ။
တစ်ကယ်ကို ကြီးမားတဲ့ အုတ်ခဲကြီးက ခေါင်းကို ဝင်တိုက်လိုက်ပြီး.ခဏတာ ဘာကိုမှ မစဥ်းစားနိုင်တဲ့အထိ မူးဝေသွားသလိုမျိုးပေါ့။
ချမ်ရှန့်ဒီ မယုံပါချေ။ လင်းရှောင်ဝေ့ အလျင်စလို သေးသွားပေါက်တာပဲ ဖြစ်ရမည်။ သူ့ရဲ့လက်က နာရီကိီု ကြည့်လိုက်ကာ အမြန် ပြောလိုက်သည်။
“ ရပါတယ်။ ဒါဆို မင်းဘယ်လိုတွေးလဲ?”
လင်းရှောင်ဝေ့ ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ ကျွန်တော် လုပ်ကြည့်ချင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်စဥ်းစားဖို့ အချိန်လိုသေးတယ်”
ဟန်ဆောင်နေတယ်! ဆက်ဟန်ဆောင်နေလိုက် အဲ့မှာ!!
ဒီ သူတောင်းစားက အတုအယောင် ဆန်လွန်းနေပြီ!
ချမ်ရှန့်ဒီ စိတ်တိုပြီး အံကြိတ်ရလွန်းလို့ သွားတွေပါ ယားယံလာခဲ့သည်။
မင်းရဲ့ live မှာ လူဘယ်နှစ်ယောက်များ ရှိနေလို့လဲ? ကိုယ့်အခြေအနေကိုယ် မသိဘူးလား?