← Chapters

အခန်း (၁၉၂)

Vol. 14 Ch. 192

အခန်း (၁၉၂)

Vol. 14 Ch. 192

လင်းရှောင်ဝေ့ ဖြည်းဖြည်းချင်း စိတ်ငြိမ်သွားချိန်မှာ တွေးမိသွားသည်။ သူချက်ချင်းကြီး သဘောမတူသင့်ဘူး။

သူက လွယ်တဲ့သူ မဟုတ်ဘူးလေ။ အရမ်း အမြန်ကြီးသဘောတူလိုက်ရင် လွယ်တဲ့ပုံ ပေါက်သွားမှာပေါ့။

လူတွေ သူ့အပေါ် အထင်မြင်သေးစေ လိမ့်မည်။

နောက်တစ်ချက်အနေနဲ့ လင်းရှောင်ဝေ့ ရွေးချယ်ဖို့ လိုသေးသည်။ သူ့ရဲ့ စတင်ထားပြီးသားဖြစ်တဲ့ live လွှင့်တဲ့ အလုပ်နဲ့ ဘာမှန်းမရေရာတဲ့ အဆိုတော်ဘဝကြားမှာ သူသေချာ ရွေးချယ်ပြီး ဆုံးဖြတ်ရအုံးမည်။

တစ်ဖက်က တည်ငြိမ်တဲ့ အသက်မွေးဝမ်းကြောင်း အလုပ်ဖြစ်သည်။ တစ်ဖက်က မရေရာတဲ့ အိပ်မက်ပဲ။ တစ်ခါတစ်လေမှာ ဆုံးဖြတ်ချက်ချရတဲ့ အလုပ်က တစ်််ကယ် ခက်ခဲသည်။

ချမ်ရှန့်ဒီ အသက်ဝဝ ရှုလိုက်ကာ သူ့ရဲ့ စိတ်ထက်သန်မှုကို ပြလိုက်သည်။

“ အရေးမကြီးဘူး။ မင်းလာပြီးတော့ ငါရေးထားတဲ့ သံစဥ်ကို လာကြည့်လို့ရတယ်။ လာပြီးမင်းနဲ့ ကိုက်ညီမှုရှိလား ကြည့်လိုက်။ နောက်မှ ဆုံးဖြတ်။ အဲ့ဒါပိုကောင်းတယ်”

“ မစ္စတာလင်း စိတ်ဆုံးဖြတ်ပြီးသွားရင် အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်”

ချမ်ရှန့်ဒီ အလွန်ဒေါသထွက်နေသည်။ သူ့ရဲ့ တစ်ဝက်တစ်ပျက် သီချင်းကို ယွမ်တစ်သန်းနဲ့ ရောင်းရင်တောင်မှ အလုအယက် ဝယ်မဲ့သူတွေ အပုံကြီးပဲ။ ဒီကောင်က အခု ပြန်စဥ်းစား ချင်တယ်တဲ့လား? သူ့ကိုယ်သူ ဘာကောင်ကြီး ထင်နေတာလဲ?

“ ဟုတ်ပြီ ဒါဆိုကျေးဇူးတင်ပါတယ်။ မန်နေဂျာချမ်”

ထိုနှစ်ယောက်သည် ပြောပြီးတာနဲ့ ဖုန်းတန်း ချလိုက်သည်။

ထိုအချိန်မှာ လင်းရှောင်ဝေ့ တော်တော်တန်တန် ကြာသည်အထိ စိတ်မငြိမ်သေးပေ။

ဖြစ်ပျက်သွားတာ အရမ်းမြန်လွန်းတော့ သူ့ရဲ့ နှလုံးသားလေးက တောင့်မခံနိုင်သေးဘူး။ အဆုံးမှာတော့ သူ ဆုံးဖြတ်ချလိုက်သည်။ မန်ဒီအင်တာတိန်းမန့်ရဲ့ ချမ်ရှန့်ဒီနဲ့ မပူးပေါင်း ဖြစ်ရင်တောင်မှ အနည်းဆုံးတော့ သီချင်းကို သွားကြည့်လို့ရတာပဲ။

ချမ်ရှန့်ဒီ ကိုယ်တိုင် ရေးထားတဲ့ သီချင်းဆိုတော့ ငါ့ရဲအမြင်ကို ကျယ်စေဖို့အတွက် ကောင်းတယ်။

ပြီးတော့ ကိစ္စတွေက သူတွေးထားသလို ရိုးရှင်းမှာ မဟုတ်တာ သူသိပြီးသားပဲ။

ချမ်ရှန့်ဒီက သူ့လိုမျိုး သာမာန်သူလေးကို အကြောင်းအရင်းမရှိ လာရှာမှာမဟုတ်ဘူး။

ဒီသီချင်းကို မျက်စိကျနေတဲ့သူတွေ အများကြီး ရှိလောက်မည်။ အဆုံးမှာ ငါ ကူပြီး ရေးပေးတောင် ဒီသီချင်းက ငါ့အပိုင်ဖြစ်လာမလား ပြောဖို့ခက်တယ်။

ထိုအချိန်၊ တစ်ခြားဘက်ခြမ်းတွင်…

လင်းဖေးဟန်က သူ့ရဲ့ ရေကူးကန်တွင် ဇိမ်ကျကျ ရေစိမ်နေသည်။ ဘေးတွင် လှပသော အိမ်ဖော်မလေးများစွာက ခစား နေကြသည်။

ဒီခံစားချက်က စောက်ရမ်းမိုက်တာပဲ။

“ သခင်လေး ဖုန်းလာနေပါတယ်”

လင်းဖေးဟန် သာယာနေတုန်းမှာ အစေခံမလေး တစ်ယောက်က ဖုန်းယူရင်း အနားကို လျှောက်လာခဲ့သည်။ လင်း​ဖေးဟန် အနားမှာ ဒူးထောက်ထိုင်ချပြီး ဖုန်းကို လင်းဖေးဟန်ရဲ့ နားနား ကပ်ပေးလာသည်။

လင်းဖေးဟန် ရယ်လို​က်ကာ

“ မန်နေဂျာချမ်”

ချမ်ရှန့်ဒီ အမြန် လေးစားစွာ ပြောလို​က်သည်။

“ သူဋ္ဌေး ကျွန်တော် သူဋ္ဌေးခိုင်းသလို လုပ်ပြီးပါပြီ။ ဒါပေမဲ့ သူဘယ်လို ရွေးချယ်မလဲတော့ မသိပါဘူး”

ချမ်ရှန့်ဒီရဲ့ အလုပ်လုပ်ပုံကို လင်းဖေးဟန် အလွန်စိတ်ကျေနပ်မိသည်။ အလုပ်လုပ်ပြီးတာနဲ့ ဖုန်းတန်းခေါ်လာတာပဲ။

လင်းဖေးဟန် ပြုံးလိုက်ကာ

“ ဒါဆိုရင် မန်နေဂျာချမ်ကိုပဲ ဒုက္ခပေးရတော့မယ်ဗျာ။ သူ သေချာပေါက် ရောက်လာပြီး သဘောတူလိမ့်မယ်လို့ ကျွန်တော်ယုံတယ်။ အဲ့ဒီအချိန်ကျမှ မန်နေဂျာချမ်ကို ဂရုစိုက်ပေးဖို့ အကူအညီ တောင်းပါတော့မယ်”

ချမ်ရှန့်ဒီ အမြန်ပြောလိုက်သည်။

“ သူတစ်ကယ် သဘောတူခဲ့ရင် ကျွန်တော် အကောင်းဆုံးကြိုးစားမှာပါ”

“ ဒါဆိုကောင်းပါပြီ။ မန်နေဂျာချမ်ရဲ့ အလ်ဘမ်က အများကြီးပေါက်သွားဖို့ ကျွန်တော်ကြိုပြီး ဆုတောင်းပေးလိုက်ပါတယ်”

“ သူဋ္ဌေးကလဲ ဘာတွေပြောနေတာလဲ? ကျွန်တော့်ရဲ့ အလ်ဘမ်က သူ​ဋ္ဌေးရဲ့ အလ်ဘမ်ပဲကို”

“ဟဟ!”

တစ်ကယ်ကို လူအိုတွေက ဉာဏ်နီဉာဏ်နက်များတယ်ဆိုတာ မှန်တာပဲ။ ဒီလိုမျိုး သက်လတ်ပိုင်းအရွယ် ဦးလေးကြီးနဲ့ ပြောရတာ အချင်းချင်း မြှောက်ပင့်နေတာပဲ ဆိုပေမဲ့ တော်တော်လေး သက်တောင့်သက်သာ ဖြစ်သားပဲ။

လင်းဖေးဟန် ဖုန်းချလိုက်တာနဲ့ အားသောင် ဆီကနေ မက်ဆေ့တစ်စောင်ကို လက်ခံရလိုက်သည်။

“ သခင်လေး စီစဥ်ခိုင်းထားတာ အားလုံး ပြီးသွားပါပြီ။ နှစ်ရက်အတွင်း ရလဒ်သိရပါမယ်”

လင်းဖေးဟန် မက်ဆေ့ကို ကြည့်ပြီးနောက်မှာ ကျေနပ်စွာပြုံးလိုက်သည်။ ထို့နောက်မှာ သူပျော်ရွှင်စွာ ရေဆက်ချိုးနေလိုက်ပြီး ဇာတ်ကြောင်းအရ နောက်ထပ်အစီအစဥ် ချဖို့ တွေးနေလိုက်သည်။

ဇာတ်ကြောင်းကို လက်ဝယ်ရထားပြီးနောက်မှာ လင်းဖေးဟန် နည်းနည်းမှ မကြောက်တော့ဘူး။

နတ်ဘုရား အသိဉာဏ်ကို ရထားပြီးနောက်မှာ လင်းဖေးဟန်က ယဲ့ဖန်းကို အရုပ်တစ်ရုပ်လိုသာ မြင်သည်။

လင်း​​ဖေးဟန် တစ်နေ့လုံး ဇိမ်ခံနေလိုက်သည်။ တစ်ရက်လုံး မိန်းမလှလေးတွေနဲ့ ရေကစားနေရတာ အလွန် သက်တောင့်သက်သာ ရှိလှသည်။

ယဲ့ဖန်းကတော့ တစ်နေ့လုံး ဒေါသထွက်နေရသည်။ လုံခြုံရေး ဖြစ်လာရတော့ လူတွေရဲ့ အထင်သေးတာကို တစ်နေကုန်ခံနေရသည်။

ဝတ္ထုတော်တော်များများမှာဆိုရင် အစပိုင်းအခန်းတွေမှာ ဗီလိန်နဲ့ ဇာတ်လိုက်ရဲ့ အနေအထားက အရမ်းမကွာသေးဘူး။ အဆုံးပိုင်းမှသာ ပြောင်းပြန်ဖြစ်သွားပြီး ဇာတ်လိုက်က ထိုးတက်လာပြီး အနိုင်ရသွားသည်။

ဒါပေမဲ့ ယဲ့ဖန်းကတော့ မတူဘူး။ သူ တွေ့ခဲ့တဲ့သူက လင်းဖေးဟန်မလို့ နောက်ပိုင်း အခန်းတွေကျရင် သူအခုထပ် ပိုစိတ်ဆင်းရဲ ရလိမ့်မည်။

ညနေခင်းမှာ ယဲ့ဖန်းက လင်းရှောင်ဝေ့ရဲ့ တိုက်ခန်းဆီကို သွားလိုက်သည်။

ဒင်ဒင်ဒင်!

ယဲ့ဖန်း တံခါးကို ခေါက်လိုက်သည်။ တစ်ဖက်မှ အသံမကြားရပေ။ လင်းရှောင်ဝေ့ live လွှင့်နေတာဆိုရင် သူနှောက်ယှက်မိမှာ စိုးတာမို့ ယဲ့ဖန်း စကားမပြောလိုက်ပေ။

ယဲ့ဖန်းလဲ အနည်းငယ် ထူးဆန်းသည်။ လင်းရှောင်ဝေ့ ဒီကိုပြောင်းလာတာ သိပ်မကြာ သေးဘူး။ သူ လင်းရှောင်ဝေ့ကို ရင်းနီးတဲ့ ခံစားချက်ရနေသည်။

သူ့ရဲ့ ဒီလိုခံစားချက်က အရင်က မိန်းမ တွေအပေါ်မှာသာ ရှိခဲ့သည်။

ဒါပေမဲ့ ဒီလောက်ပဲနော်။ သူနဲ့ လင်းရှောင်ဝေ့က ဆုံတွေ့တာ နောက်ကျတဲ့ သာမာန်ညီအစ်ကိုတွေလို အချင်းချင်း ခံစားကြရရုံပဲ။

အသံကြားတာနဲ့ လင်းရှောင်ဝေ့ ချက်ချင်းပဲ တံခါးပြေးဖွင့်လိုက်သည်။ လင်းရှောင်ဝေ့ ဒီနေ့ညနေပိုင်းမှာ live ကို စောစောနားခဲ့သည်။ သူ မန်ဒီအင်တာတိန်းမန့်ကို သွားတဲ့အချိန် ယဲ့ဖန်းများ လိုက်မလား ခေါ်ချင်လို့ပင်။

လင်းရှောင်ဝေ့ သူ့ရဲ့မိဘတွေကို မမေးခဲ့ဘူး။ ပထမအချက်က လင်းရှောင်ဝေ့ရဲ့ အဖေက နေမကောင်းဖြစ်ပြီး အမေက အဖေ့ကို စောင့်ရှောက်ရအုံးမှာမို့ လိုက်လာဖို့ မဖြစ်နိုင်ဘူး။

ဒုတိယတစ်ချက်ကတော့ လင်းရှောင်ဝေ့ရဲ့ မိဘတွေက ပညာရေးအဆင့်အတန်းလဲ နိမ့်ကျပြီး ခေါင်းမာတဲ့အယူအဆတွေ ရှိသည်။ သူ့လက်ရှိ အလုပ်နဲ့ပတ်သတ်ပြီးတောင် မိဘတွေကို အမှန်တိုင်း မပြောပြထားဘူး။

လင်းရှောင်ဝေ့ရဲ့ နေ့စဥ်အလုပ်ကသာ ဂိမ်းကစားတာလို့ သွားပြောလိုက်ရင် သေချာပေါက် နားပူပြီးသေတဲ့အထိ အဆူခံ ရလိမ့်မည်။ သူတို့ရဲ့ မျက်လုံးထဲမှာ ဒါက အလုပ်တစ်ခု လုံးဝမဟုတ်ဘူး။ အနာဂတ်မရှိ၊ အကျိုးရလဒ်မရှိဘဲ အချိန်ဖြုန်းပြီး ရှောက်လုပ်နေတာလို့ပဲ မြင်ကြမှာ။

မိဘတွေရဲ့မျက်လုံးထဲမှာ လင်းရှောင်ဝေ့က ဆိုးသွမ်းတဲ့ကလေး ဖြစ်သည်။

အဓိက အကြောင်းအရင်းကတော့ လင်းရှောင်ဝေ့ ဒီနေရာကို ပြောင်းလာကတည်းက ယဲ့ဖန်းက အကိုကြီးတစ်ယောက်လို အသေးစိတ် ဂရုစိုက်ပေးခဲ့သည်။ ယဲ့ဖန်းက အတွေ့အကြုံများတဲ့သူပဲ။

လင်းရှောင်ဝေ့ကလဲ ယဲ့ဖန်းကို ယုံကြည်ချင်သည်။

လင်းရှောင်ဝေ့ ယဲ့ဖန်းကိုကြည့်ကာ ပြုံးလိုက်ပြီး

“ အကိုယဲ့ အထဲဝင်ပြီး ညစာ လာစားပါအုံး။ ကျွန်တော် live လွှင့်တာ ပြီးသွားပြီ”

လင်းရှောင်ဝေ့ live လွှင့်တာ ပြီးသွားပြီးလို့ ကြားပြီးတဲ့နောက်မှာ ယဲ့ဖန်း ယဥ်ကျေးမ​နေတော့ဘဲ အိမ်ထဲဝင်လိုက်တော့သည်။

ယဲ့ဖန်း စပ်စုစွာမေးလိုက်သည်။

“ မင်းဒီနေ့ ဘာလို့အစောကြီး live ရပ်လိုက်တာလဲ?”

လင်းရှောင်ဝေ့ သက်ပြင်းချရင်း ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

“ ကျွန်တော် ဒီနေ့ကိစ္စတစ်ခု ကြုံခဲ့ရလို့ live လွှင့်တာ စိတ်မပါတော့ဘူး။ live ထဲမှာ ဘာပြောရမှန်းလဲ မသိဘူးဖြစ်နေတယ်။ ပုံမှန်ဆို ကျွန်တော့်ခေါင်းထဲမှာ အမြဲတမ်း အတွေးရှိနေပြီးသားပဲ”

ထိုနှစ်ယောက်က စားသောက်ရင်း စကားပြောနေကြသည်။

လင်းရှောင်ဝေ့က ယဲ့ဖန်းကို အရမ်းယုံတာမို့ သူကြုံတွေ့ခဲ့ရတဲ့ အကြောင်းကို ယဲ့ဖန်းကို အမြန်ပြောပြလိုက်သည်။

လင်းရှောင်ဝေ့ရဲ့ စကားကိုကြားပြီး ယဲ့ဖန်း အရမ်းအံ့သြသွားခဲ့သည်။ ယဲ့ဖန်း မယုံကြည်နိုင် ဖြစ်သွားကာ

“ မင်းပြောချင်တာ နာမည်ကြီး ရွှေတံဆိပ် ဆုရှင် ပရိုဂျူဆာက မင်းကို သီချင်းစာသား ရေးပေးဖို့ မေးလာတယ်လို့လား? ပြီး မင်းကို အလ်ဘမ်ထုတ်ဖို့ပါ ကူညီပေးအုံးမယ်?”

ဒီကိစ္စက အလိမ်ပဲ ဖြစ်ရမယ်လို့ ယဲ့ဖန်း တွေးလိုက်သည်။

တစ်ကယ်အမှန်ဖြစ်နေရင်တောင်မှ ယဲ့ဖန်းရဲ့ ဇာတ်လိုက်ဗီဇအရ ဒီကိစ္စမှာ တစ်ခုခုလွဲနေတာ ရှိမှန်း လင်းရှောင်ဝေ့ရဲ့ စကားဆုံးတာနဲ့ တန်းပြီး သံသယဝင်သွားခဲ့သည်။

All Chapters