အခန်း (၁၉၅)
Vol. 14 Ch. 195
လင်းဖေးဟန် ဆက်ပြောလိုက်သည်။
“ ဟွမ်လောင်ပနဲ့ ယဲ့ဖန်းကို တိုက်ခိုက်ဖို့ကိစ္စမှာ မင်း မှတ်မိဖို့လိုတယ်။ ငါတို့ ဟွမ်လောင်ပကိုပဲ တိုက်ခိုက်မယ်။ ယဲ့ဖန်းကို မဟုတ်ဘူး”
လင်းဖေးဟန် နှင်းဆီနီကို သတိပေးလိုက်သည်။ ယဲ့ဖန်းရဲ့ ကံကောင်းလွန်းတဲ့ ကံတရားအရဆိုရင် နှင်းဆီနီသာ သူ့ကို ရန်စလို့ကတော့ တစ်ခါထဲ သူမရဲ့ခေါင်း မြေခသွားရမှာပဲ။
လင်းဖေးဟန် ဒီလို ရတနာလေးနဲ့ မခွဲနိုင် သေးဘူး။
လင်းဖေးဟန်အနေနဲ့ အခုအချိန်မှာ အကောင်းဆုံး လုပ်နိုင်တာက ယဲ့ဖန်းရဲ့ အတောင်တွေကို ဖြတ်ပစ်ပြီး သူ ဆက်ပြီး မကြီးထွားလာအောင် တားဆီးဖို့ပဲ။
နှင်းဆီနီက လင်းဖေးဟန်ကို သံသယ ဝင်စွာ ကြည့်လိုက်သည်။ လင်းဖေးဟန်လို လူမျိုးအတွက် ယဲ့ဖန်းကို နင်းခြေရတာက ပုရွက်ဆိတ်ကို နင်းခြေရသလိုမျိုးပဲ။ ထူးဆန်တယ်။ လင်းဖေးဟန်က ယဲ့ဖန်းကို တိုက်ခိုက်ဖို့ဘာလို့ တွန့်ဆုတ်နေရတာလဲ?
နှင်းဆီနီ ချက်ချင်း မေးလိုက်သည်။
“ ဘာလို့လဲ? ဟွမ်လောင်ပက ယဲ့ဖန်းရဲ့ လက်အောက်ငယ်သားပဲ မဟုတ်ဘူးလား? ယဲ့ဖန်းကို မတိုက်ဘဲ ဘာလို့လက်အောက် ငယ်သားကိုပဲ တိုက်နေတာလဲ?”
လင်းဖေးဟန်ရဲ့ မျက်လုံးထဲတွင် အလင်းတစ်ချို့ ဖြတ်ပြေးသွားပြီး ခပ်ဖွဖွ ပြုံးလိုက်သည်။
“ ငါမင်းကို ဒါအခု ရှင်းပြလို့မရသေးဘူး။ မင်းအခု သိဖို့လိုတာက အခုယာယီ ဟွမ်လောင်ပကို ဖျက်ဆီးမယ်။ ယဲ့ဖန်းကို မဟုတ်ဘူး”
သူ့မှာ နတ်ဘုရားအသိဉာဏ် ရှိနေကြောင်း နှင်းဆီနီကို ထုတ်ပြောဖို့လောက်ထိ လင်းဖေးဟန် မတုံးအဘူး။ သူ နှင်းဆီနီကို သေချာပေါက် မရှင်းပြနိုင်ဘူး။ သူ့အနေနဲ့ ရှောင်ပြေးရုံပဲ တတ်နိုင်သေးသည်။
မနေ့ညက သူပင်ပန်းပြီး အိပ်ခါနီးအချိန်မှာ တွေးမိသေးသည်။ ဟွမ်လောင်ပနဲ့ ဝူမိသားစုသာ ပူးပေါင်းသွားရင် ဘယ်လို လုပ်မလဲ? ဒါဆို အဲ့ဒီအခြေအနေကို ဘယ်လို ဖြေရှင်းရတော့မလဲ?
လင်းဖေးဟန်ရဲ့ ရုပ်က တည်သွားခဲ့သည်။ နှင်းဆီနီရဲ့ နားထဲကို လေမှုတ်လိုက်ကာ
“ နောက်တစ်ခုက မင်းနဲ့ ခေါင်းဆောင်ငယ်ရဲ့ လူတွေကို ပူးပေါင်းထားပြီး အချိန်မရွေး လှုပ်ရှားနိုင်အောင် လုပ်ထားရမယ်”
“ ဒါပေမဲ့ငါ့ရဲ့ အမိန့်မတိုင်ခင် မင်းမှတ်ထားရမှာ ရှိတယ်။ မင်းနဲ့ ခေါင်းဆောင်ငယ်နဲ့ ဖုန်းလုံဧရိယာနဲ့ ဖန်းဟွာဧရိယာကနေ လုံးဝ အပြင်မသွားရဘူး။ ဟွမ်လောင်ပ လူတွေခေါ်လာပြီး ရန်စရင်တောင်မှ မင်းတို့ မလှုပ်ရှားရဘူး”
နှင်းဆီနီက လင်းဖေးဟန်ရဲ့ စကားကိုကြားတော့ မျက်မှောင်ကြုတ်သွားသည်။
“ ဒါကညီကိုတွေကို အရမ်းစိတ်ဓာတ်ကျ စေလိမ့်မယ်နော်။ ညီကိုတွေရဲ့ စိတ်ဓာတ်ပိုင်းမှာ ကြီးမားတဲ့သက်ရောက်မှု ရှိနိုင်တယ်”
လင်းဖေးဟန် ရယ်လိုက်ကာ
“ ဒါမင်းရဲ အပြောစွမ်းရည်နဲ့ မင်း ပြောတဲ့ အပေါ်ပဲမူတည်တယ်”
“ ဖတ်”
နှင်းဆီနီရဲ့ တင်ပါးကို လင်းဖေးဟန် ရိုက်လိုက်ပြီး
“ သင့်တော်တဲ့ စိတ်ဓာတ်ကျမှုလောက်က သူတို့ရဲ့ဒေါသတွေကို နိုးထစေဖို့ လုံလောက်မှာပေါ့”
“ နာကျင်နေတဲ့ စစ်တပ်က ပိုပြီးအနိုင်ရတယ်”
“ ဟမ်း” နှင်းဆီနီ နူးညံ့စွာ ဖြေလိုက်သည်။ လင်းဖေးဟန်ဆီက ရိုက်ချက်ကြောင့် သူမရဲ့ အထိမခံနိုင်တဲ့ ခန္ဓာကိုယ်က တုန်ယင်သွားသည်။
နှင်းဆီနီ နှုတ်ခမ်းကိုက်လိုက်ပြီး သူမရဲ့ ဆိုးသွမ်းတဲ့ လျှာနီနီလေးကိုထုတ်ကာ နှုတ်ခမ်း သပ်လိုက်သည်။ သူမရဲ့ မျက်နှာက ပိုလို့ ဆွဲဆောင်မှုရှိနေခဲ့သည်။
“ ငါ့ရဲ့အမိန့်ကိုစောင့်အုံး” လင်းဖေးဟန်ရဲ့ မျက်လုံးတွင် အလင်းတစ်ချက် ဖြတ်ပြေး သွားသည်။
“ အချိန်ကျလာရင် မင်း နဂါးသိုက်ကို သွားဖြိုရမှာပါ။ အဲ့ကျမှ ဟွမ်လောင်ပကို အမြန်သတ်ပစ်လိုက်!”
“ အွန်း” နှင်းဆီနီသည် လင်းဖေးဟန်ရဲ့ဘေးတွင် ဒူးတစ်ဖက် ထောက်ကာထိုင်ချလိုက်သည်။
လင်းဖေးဟန် သတိမမူမိဘဲ နှင်းဆီနီရဲ့ ခေါင်းလေးကို ပွတ်ပေးလိုက်သည်..
မနက်ခင်းမှာ နေရောင်လေး ဖြာနေပြီး အလွန်ကို နေထိုင်လို့သင့်တော်တဲ့ ရာသီဥတုလေး ဖြစ်နေခဲ့သည်။ ထို့ကြောင့် လင်းဖေးဟန် သူ့ရဲ့ ထိုက်ချီသိုင်း ကျင့်စဥ်ကို ထုတ်လိုက်ပြီး လေးအောင်စလောက်နဲ့ ပေါင်တစ်ထောင်လောက် အလေးချိန်ကို ရွှေ့လျားဖို့ ဓားသိုင်းကို ပြင်းပြင်းထန်ထန် လေ့ကျင့်လိုက်သည်!
ထိုအချိန်မှာပဲ ယဲ့ဖန်းက လင်းရှောင်ဝေ့နဲ့ အတူ မန်ဒီ အင်တာတိန်းမန့်ကို အဖော်လိုက်ပေး နေခဲ့သည်။
“ မင်္ဂလာပါ မစ္စတာလင်းလား?”
လင်းရှောင်ဝေ့တို့ ဝင်လာတာနဲ့ တစ်စုံတစ်ယောက်က အရမ်းကို တက်ကြစွာ နှုတ်ဆက်လာသည်။
လင်းရှောင်ဝေ့ ခေါင်းညိတ်ပြပြီး မေးလိုက်သည်။
“ ဟုတ်ပါတယ်။ ဒါက မန်နေဂျာချမ်ရဲ့ စတူဒီယိုလားမသိဘူး?”
လင်းရှောင်ဝေ့မှန်း အတည်ပြုပြီးနောက်မှာ ထိုလူက ပိုမိုတက်ကြွသွားကာ အမြန် ပြောလာသည်။
“ ဟုတ်ကဲ့ မစ္စတာလင်း။ ကျွန်တော်က မစ္စတာလင်းကို စောင့်နေတာပါဗျ။ ကျေးဇူးပြုပြီး ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ”
ထို့နောက်မှာ လင်းရှောင်ဝေ့လဲ ထိုလူရဲ့အနောက်ကို လိုက်ဝင်သွားလိုက်သည်။ ယဲ့ဖန်းက အစကနေ အဆုံးအထိ စကားတစ်ခွန်းမှ ဝင်မပြောဘဲ လင်းရှောင်ဝေ့ရဲ့ အနောက်ကနေ လိုက်လာခဲ့သည်။
စတူဒီယိုအတွင်းတွင် ချမ်ရှန့်ဒီက လှပ ငယ်ရွယ်တဲ့ မိန်းကလေးတစ်ယောက်နဲ့ အတူ ထိုင်နေခဲ့သည်။
ယဲ့ဖန်းသည် အနောက်က မိန်းမလှလေးကို မြင်တဲ့အခါမှာ ချက်ချင်းပဲ မျက်လုံးတွေ လက်သွားသည်။ ဒီအလှလေးက သူ TV မှာ မြင်ဖူးတဲ့ သူလေးပဲ။ အခု အပြင်မှာ ကြည့်လိုက်တော့ အပြင်မှာ ပိုကြည့်လို့ ကောင်းတာပဲ။
ငါ ဒီစော်လေးနဲ့ ဓားသိုင်းကျင့်လို့ ရမလား…
နိုးနိုး! ဒီနေ့က လင်းရှောင်ဝေ့ရဲ့ အင်တာဗျူးနေ့ပဲ။ ငါဒီလို ဖြစ်လို့မရဘူး!
“ မန်နေဂျာချမ် မစ္စတာလင်း ရောက်ပါပြီ”
အစောက လမ်းပြပေးတဲ့သူက အမြန်ပြော လိုက်သည်။
ချမ်ရှန့်ဒီ အသံကိုကြားတော့ မော့ကြည့်လိုက်တဲ့ အခါမှာ ဝင်လာနေတဲ့ လူနှစ်ယောက်ကို မြင်လိုက်သည်။ ချောမောတဲ့ လူနှစ်ယောက်က တစ်ယောက်ထက် တစ်ယောက် ပိုကြည့်ကောင်းနေတာပဲ။ မသိရင် အတူ ယှဥ်ရပ်နေတဲ့ အမြှာညီအကိုတွေလိုပဲ။
သူ့ သီချင်း အလ်ဘမ်ရဲ့ MV မှာသုံးဖို့ အဓိက ဇာတ်ဆောင်ကို မဆုံးဖြတ်ရသေးဘူး။ လင်းရှောင်ဝေ့ကို ခေါင်းဆောင် အဆိုတော် လုပ်ခိုင်းပြီး သူ့ဘေးက သူကို ဇာတ်ဆောင်အနေနဲ့ သရုပ်ဆောင်ခိုင်းလိုက်ရင် အရမ်းကိုလိုက်ဖက်တဲ့ ရွေးချယ်စရာ ဖြစ်သွားမှာပဲ။
လင်းရှောင်ဝေ့က ချမ်ရှန့်ဒီကို ယဥ်ကျေးစွာ ပြောလိုက်သည်။
“ ဆောရီးပါ မန်နေဂျာချမ် ကျွန်တော် အကြာကြီးစောင့်ခိုင်းလိုက်မိတယ်”
ချမ်ရှန့်ဒီ ရယ်မောလိုက်ကာ
“ အဆင်ပြေပါတယ်။ မင်း အချိန်ကိုက် ရောက်လာတာပဲ။ မိတ်ဆက်ပေးအုံးမယ်။ ဒီဘေးက ကောင်မလေးက ခိုင်ယွီယွီပဲ”
ချမ်ရှန့်ဒီသည် ဘေးမှ မိန်းမလှလေးကို လက်ညိုးထိုးပြလိုက်သည်။
ချမ်ရှန့်ဒီရဲ့ စကားကို ကြားပြီးနောက်မှာ ခိုင်ယွီယွီက အနောက်လှည့်လာပြီး လင်းရှောင်ဝေ့ကို ပြုံးပြလိုက်သည်။
“ ဟယ်လို ကျွန်မက ခိုင်ယွီယွီ ပါ”
လင်းရှောင်ဝေ့ အနည်းငယ် စိတ်လှုပ်ရှားစွာ ကတုန်ကယင် ပြောလိုက်သည်။
“ ဟယ်လို.. ဟယ်လို ကျွန်တော်က လင်းရှောင်ဝေ့ပါ”
ခိုင်ယွီယွီကို မြင်တဲ့အခါမှာ လင်းရှောင်ဝေ့ရဲ့ တစ်ကိုယ်လုံးက စွန်းဝူခုံရဲ့ လှုပ်ရှားမှုကင်းမဲ့ သိုင်း အသုံးခံလိုက်ရသလိုမျိုး နေရာတင် တောင့်ခဲသွားခဲ့သည်။
သူ့ရဲ့ မျက်လုံးများက ခိုင်ယွီယွီကို တောက်ပစွာစိုက်ကြည့်နေပြီး မျက်နှာထက်တွင် ဝက်ညီကို စတစ်ကာတို့ ပြေးလွှားနေသလိုပင်။
ခိုင်ယွီယွီ ဆိုတာ ဆက်စီကျတဲ့ နတ်ဘုရားမလို့ နာမည်ကြီးတဲ့ အနုပညာရှင်ပဲ။ သူမက သူ့ရဲ့ အိုင်ဒေါ်လ်၊ သူ့ရဲ့ ဘဝ၊ သူ့ရဲ့ ချစ်သူနတ်ဘုရားမပဲ!
လင်းရှောင်ဝေ့ သူ့ရဲ့အိုင်ဒေါလ်နဲ့ ဒီနေရာမှာ တွေ့ရမယ်လို့ မထင်ထားမိဘူး။ တစ်ကယ်ကို ရုတ်တရက်ဆန်လွန်းလှသည်။
“ သူမကလဲ မန်နေဂျာချမ်ကို ကူညီ ဖန်တီးပေးဖို့ ရောက်လာတာလား?”
တွေးမိပြီးတာနဲ့ လင်းရှောင်ဝေ့ရဲ့ ရင်ထဲ လှုပ်ခတ်သွားသည်။ သူနောက်ထပ် မငြင်းဆိုနိုင်တဲ့ အကြောင်းပြချက်ကို တွေ့သွားရပြန်ပြီ!
လင်းရှောင်ဝေ့အတွက် သူ့ရဲ့အိုင်ဒေါလ်နဲ့ သီချင်းအတူ ဖန်တီးပြီး စင်ပေါ်မှာ အတူဆိုနိုင်ဖို့က အိပ်မက်ကြီးတစ်ခုပဲ။
လင်းရှောင်ဝေ့ရဲ့ မျက်နှာပေါ်က ရူးသွပ်နေတဲ့ အကြည့်ကို ခိုင်ယွီယွီ တွေ့ပါသည်။ အနုပညာ လောကမှာ နေလာတာ ကြာတဲ့သူမို့ သူမအနေနဲ့ ထိုအကြည့်ကို အထူးတလည် မအံ့သြနေတော့ဘူး။
ခိုင်ယွီယွီ မနေနိုင်စွာ ကြိတ်ရယ်လိုက်သည်။
လင်းရှောင်ဝေ့ ပိုပြီးမှင်သက်သွားရပြန်သည်။
လင်းရှောင်ဝေ့ရဲ့ အပြုအမူကို ယဲ့ဖန်းလဲ သတိထားမိသည်။ သူ့နှလုံးသားထဲက နှလုံးမီးတောက်ကလဲ စတင်ပြီး တောက်လောင် လာသည်။
အနုပညာလောကရဲ့ တတ်သစ်စလေးတွေက အနည်းငယ် ဂရုမစိုက်မိတာနဲ့ ကောလဟာလ ထွက်တတ်တာကို ယဲ့ဖန်း ကောင်းကောင်းသိသည်။ တစ်ခါ သတင်းဆိုး ထွက်မိတာနဲ့ တစ်သက်လုံး ပိတ်ပင်ခံရမှာပင်။
လင်းရှောင်ဝေ့က အရမ်းငယ်သေးတာမို့ ဆွဲဆောင်မှုတစ်ချို့မှာ မခံနိုင်သေးဘူး။
လင်းရှောင်ဝေ့ အခုလိုမျိုး လမ်းလွဲနေတာကို သူ ရပ်မကြည့်နေနိုင်ဘူး။
ဒီမိန်းမက မြေခွေးမပဲ!
ယဲ့ဖန်း ခိုင်ယွီယွီကို မီးပွင့်မတတ် မျက်လုံးများနဲ့ စိုက်ကြည့်လိုက်သည်။ ခိုင်ယွီယွီက ပလေးဂဲလ်လို့ ယဲ့ဖန်း အတိအကျ ခံစားနေရသည်။
ဘေးမှာ ထိုင်နေတဲ့ ချမ်ရှန့်ဒီလဲ လေထုရဲ့ ပြောင်းလဲမှုကို သတိထားမိပုံပင်။ သူ ခြောက်ကပ်စွာ ခြောင်းဆိုးလိုက်သည်။ လင်းရှောင်ဝေ့ရဲ့ ဘေးတွင် ရပ်နေတဲ့ ယဲ့ဖန်းကို ကြည့်ကာ အပြုံးတစ်ခုနဲ့ မေးလာသည်။
“ ဒါဘယ်သူလဲ?”