အသက်ဆေးရည်
Vol. 3 Ch. 31
အသက်ဆေးရည်သည် ကြယ်တာရာခေတ်၏ ကျင့်ကြံခြင်းလောကတွင် အလွန်အမင်းကျော်ကြားသည့်အမျိုးအစားဖြစ်သော်လည်း အလွန်သာမန်ဆန်သည့် မျိုးဗီဇဆေးရည်တစ်မျိုးပင်။ ထိုထဲတွင် အိုင်ယွန်းစွမ်းအင်ကဲ့သို့သော အမျိုးမျိုးသောအာဟာရအနှစ်သာရများပါဝင်နေသည်။ ဤအကြောင်းနှင့်ပင် လူသားတို့၏ခန္ဓာကိုယ်တွင် မရှိမဖြစ်ဒြပ်စင်များလိုအပ်သည်ကို သိနိုင်သည်။ ဒါက လူသားတို့၏မျိုးဗီဇလေ့လာမှုတို့မှ ဆန်းကြယ်သည့်ထုတ်ကုန်တစ်မျိုးပင်။
အကယ်၍ ဖျားနာနေသူတစ်ယောက်သာသောက်လိုက်ပါက ထိုလူသည် အလျင်အမြန်ပင် ကြွက်သားအမြှောင်းမြှောင်းနှင့် လူတစ်ယောက်ဖြစ်သွားပေလိမ့်မည်။ ထိုလူသည် အသက်ဆေးရည်၏ ပြင်းထန်သည့်ဆေးစွမ်းကို ခံနိုင်ရန်လည်း လိုအပ်မှာတော့ အမှန်ပင်။
သာမန်သေမျိုးတို့က သူတို့၏ဒဏ္ဍာရီလာမျိုးဗီဇတို့ကို နိုးထနိုင်မည်မဟုတ်ချေ။ သူတို့ဘဝက ဆင့်ကဲပြောင်းလဲမှုများမကြုံတွေ့ရသေးချေ။ သူတို့သာ ဤဆေးရည်ကိုသောက်လိုက်ပါက ဆေးစွမ်းအားကြောင့် စွမ်းအင်တို့ကအလွန်အမင်းစုစည်းသွားပြီး ပေါက်ကွဲသွားပေလိမ့်မည်။
သူတို့အနေဖြင့် အမှန်ပင်ပေါက်ကွဲသွားပေလိမ့်မည်.....
ဒါက ဟာသတစ်ခုမဟုတ်ပေ။ ထိုကဲ့သို့အရာမျိုးက တစ်ချိန်ကဖြစ်ဖူးခဲ့ကာ အကြိမ်အနည်းငယ်ပင်ရှိသွားပြီဖြစ်သည်။
ကျင့်ကြံခြင်းအား လုံးဝမသိသည့်လူတစ်ချို့ရှိကြကာ သူတို့က ခြေတစ်လှမ်းတည်းဖြင့် ကောင်းကင်သို့ခုန်တက်သွားချင်ကြပြီး အသက်ဆေးရည်ကိုသောက်ရန်ရွေးချယ်ခဲ့ကြလေသည်။ သို့သော် သူတို့၏ခန္ဓာကိုယ်များက ခံနိုင်ရည်မရှိကြောင်းကို မသိခဲ့ကြပေ။ ထို့နောက်တွင် ထိုလူများအားလုံး ကြောက်မက်ဖွယ် အဆုံးသတ်ကိုတွေ့ရှိသွားကြလေသည်။
ကျင့်ကြံသူတို့သာ အသက်ဆေးရည်ကိုသောက်ရန် အရည်အချင်းပြည့်မှီကြလေသည်။ အာဟာရဖျော်ရည်ဆိုသည်မှာလဲ သာမန်လူတို့၏ အာဟာရဓာတ်ကို ပြန်လည်ဖြည့်တင်းပေးသည့် အသက်ဆေးရည်အား ပြုပြင်ထား
သည့်ပုံစံများသာဖြစ်၏။
“ ငါ အသက်ဆေးရည်ကို ဘယ်နေရာမှာဝယ်လို့ရနိုင်လဲ ”
ဖုန့်လင်း ပုံရိပ်ယောင်အရောင်းလက်ထောက်အား မေးလိုက်၏။
“ အသက်ဆေးရည်လား ၊ အဲ့ပစ္စည်းက ရှာရလွယ်ပါတယ်။ အထပ်၂၅၆ ရဲ့ အနောက်တောင်ထောင့်က
အလိုအလျောက်အရောင်းဆိုင်မှာ ရှာတွေ့နိုင်ပါတယ်ရှင် ”
ပုံရိပ်ယောင်မိန်းမလှလေး ပြုံးလိုက်ကာ တိကျသည့်တည်နေရာဖြင့် အဖြေပေးလိုက်သည်။
“ ကောင်းပြီ ၊ အဲ့ဒီကိုသွားရအောင် ”
ဖုန့်လင်း ခေါင်းညိတ်သည်။ သူ တုံ့ဆိုင်းမနေဘဲ ပုံရိပ်ယောင်အရောင်းလက်ထောက်နှင့် အထပ်၂၅၆သို့ ဓာတ်လှေကားဖြင့် တက်သွားလိုက်သည်။
အလိုအလျောက်ဉာဏ်ရည်တုရှိသည့်ဆိုင်များပြည့်နှက်နေသည့် အနောက်တောင်ထောင့်က
ဖုန့်လင်းမျက်လုံးရှေ့တွင် ပေါ်လာသည်။ ဤနေရာရှိအရာအားလုံးကို ဉာဏ်ရည်တုက ထိန်းချုပ်ထားကာ အရောင်းစားရေးများ ဝန်ထမ်းများ ရှိမနေချေ။ဝယ်ယူသူများက သူတို့ကိုယ်ရေးအချက်အလက်မိုက်ခရိုချစ်ပ်ပြားကိုစစ်ဆေးကာ တိုက်ရိုက်ပေးဆောင်ရလေသည်။ ဒါက အလွန်ပင် အဆင်ပြေလှသည်။
တံခါးကတိတ်ဆိတ်စွာပွင့်လာပြီး
ဖုန့်လင်း ဝင်သွားလိုက်သည်။ သူပတ်ဝန်းကျင်ကို သိမ်းကျူံးကြည့်လိုက်ကာ များပြားသောအသက်ဆေးရည်များကို အတန်းလိုက်စီထားသည်ကို သူတွေ့လိုက်ရသည်။ များပြားလွန်းသည့်အတွက် သူ့မျက်စိပင် ကျိန်းသွားရ၏။
အနီ၊ အစိမ်း၊ အပြာ၊ ခရမ်း.....ကွဲပြားသည့်အရသာများနှင့် အရောင်အမျိုးမျိုးသော အသက်ဆေးရည်များရှိနေခဲ့သည်။ စျေးနှုန်းများကလည်းကွဲပြားကြကာ ကြယ်ဒင်္ဂါး တစ်သိန်းမှ တစ်သောင်းထိ အစီအရီရှိနေသည်။
ဖုန့်လင်း ထိုအကြောင်းတွေးလိုက်ပြီး သူက ထပ်မေးလိုက်လေသည်။
“ အကုန်လုံးက အသက်ဆေးရည်တွေပဲဖြစ်နေတာကို ဘာလို့စျေးကွာနေရတာလဲ ”
ပုံရိပ်ယောင်မိန်းကလေးက လူသားတို့၏ဉာဏ်ရည်ထက်မနိမ့်ကျချေ။
ဖုန့်လင်း ရွှေတစ်ထောင်အဆောက်အဦးကို ပထဆုံးအကြိမ်ရောက်လာသည်ကို ခွဲခြားသိလိုက်လေသည်။
သူမက လူလုပ်ဉာဏ်ရည်တုသာဖြစ်နေသည့်အတွက် ခံစားချက်မရှိချေ။ ယဉ်ကျေးသည့်အပြုံးတစ်ခုက သူမမျက်နှာတွင်ပေါ်လာပြီး နူးညံ့စွာပြောရင်း အတိအကျရှင်းပြလိုက်၏။
“ အသက်ဆေးရည်က အကြမ်းအားဖြင့် မျိုးဗီဇဆေးရည်တစ်ခုပါပဲ။ ဆေးပညာဆိုင်ရာသက်ရောက်မှုတွေနဲ့ သူတိုရဲ့အရသာအရ သူတို့ကို အမျိုးမျိုးခွဲခြားနိုင်တယ်လေ။ သူတို့ရဲစျေးတွေကြားကကွာခြားမှုက အမျိုးအစားနဲ့
အဆင့်တွေအပေါ်မှာမူတည်ပြီး ကွဲပြားသွားတာပါ။ ဒီမှာရှိနေတဲ့ အဲ့ဒီဆေးရည်တွေက လူသားတွေ ဓာတ်ပေါင်းပြုလုပ်ထားတဲ့ မျိုးဗီဇဆေးရည်တွေထဲကတစ်ခုပါပဲ။ ဒါပေမယ့် ပေါင်းစပ်နည်းအပေါ်မှာ အခြေခံပြီး အဆင့်တွေခွဲခြားထားသေးတယ်လေ။ ”
“ အိုး.. ”
ဖုန့်လင်း စိတ်ဝင်စားသွားခဲ့သည်။
သူထင်ထားခဲ့သည်မှာ ထိုမျိုးဗီဇဆေးရည်များကို ဖန်တီးရန် နည်းလမ်းတစ်ခုတည်းသာရှိသည်ဟူ၍ပင်။ ထို့ပြင် ကွဲပြားသည့်အဆင့်များရှိနေဦးမည်ဟုလဲ မျှော်လင့်မထားချေ။ ဒါက ထိုကဲ့သို့အရာမျိုးကို ပထမဆုံးကြာဖူးတာဖြစ်သည်။ သူ စိတ်ရှည်စွာဆက်လက်နားထောင်နေလိုက်၏။
ထိုအရာအားလုံးသည် ကျင့်ကြံခြင်းအရင်းအမြစ်များနှင့်သက်ဆိုင်နေသည့် သာမန်ဗဟုသုတများဖြစ်သည်။ ထို့ကြောင့် သူ၏နားလည်မှုတို့ကို တိုးပွားလာစေရန် ဤအခွင့်အရေးကို သုံးရပေလိမ့်မည်။
ဖြည်းညင်းစွာပင် အသိပညာများစုဆောင်းမိလာကာ အရာအားလုံးက သူ၏ အခြေခံမှတစ်စိတ်တစ်ပိုသ်းဖြစ်လာလေသည်။
ဤပုံရိပ်ယောင်မိန်းကလေးက ဝေ့လည်ကြောင်ပတ်လုပ်မနေချေ။ သူမက သုံးဖက်မြင်ပုံရိပ်ကိုချဲ့လိုက်ကာ လက်သုံးချောင်းထောင်လိုက်သည်။
“ ပုံမှန်အားဖြင့် တုပပေါင်းစပ်ပြီး ဖန်တီးတဲ့ပစ္စည်းတွေကို အမျိုးအစားသုံးမျိုးခွဲခြားနိုင်တယ် ။ ပထမအမျိုးအစားက စက်ပိုင်းဆိုင်ရာပေါင်းစပ်နည်းပဲ။ ဒီနည်းက အများကြီးထုတ်ဖို့သုံးတယ်။ ဒီနည်းရဲ့ ထုတ်လုပ်မှုမှာဆိုရင် နည်းပညာမြင့်လူလုပ်ဉာဏ်ရည်တု(A.I)နဲ့ စက်ယန္တရားတွေက ပူးပေါင်းပြီး ဆေးရည်တွေပြုလုပ်တယ် ။ မျိုးဗီဇဆေးရည်စက်ရုံအသေးစားတွေက တစ်စက္ကန့်ကို ပုလင်းတစ်သောင်းနှုန်း ထုတ်လုပ်နိုင်တယ်။ အဲ့ဒီထုတ်ကုန်တွေကို ဆိုလာစနစ်အနှံ့ နေရာတိုင်းမှာရောင်းချကြတယ်။ ဒါပေမယ့် မျိုးဗီဇဆေးရည်တွေမှာ ဆေးဘက်ဆိုင်ရာသက်ရောက်မှုတွေနဲ့ အဆင့်တွေခွဲထားသေးတယ်။အဲ့တာကြောင့် အဆင့်အနိမ့်ဆုံးမျိုးဗီဇဆေးရည်က ကြယ်ဒင်္ဂါးတစ်ထောင်ပတ်လည်မှာရှိနေရတာပဲ ”
ထို့နောက် သူမက စျေးအနည်းဆုံးအသက်ဆေးရည်ကို ညွှန်ပြလိုက်သည် ။ ဆေးရည်အများစုက စျေးအနည်းဆုံးအမျိုးအစားများဖြစ်ကြသည်။
ထို့နောက် ပုံရိပ်ယောင်မိန်းကလေးက ပိုမိုကောင်းမွန်စွာထုတ်ပိုးထားသည့် မျိုးဗီဇဆေးရည်အတန်းဆီကို လျှောက်သွားလိုက်လေသည်။
“ ဒုတိယအမျိုးအစားက လက်လုပ်ပေါင်းစပ်နည်းလို့ လူသိများတယ် ။ ကြယ်တာရာခေတ်မှာ လူလုပ်တွေက
အရမ်းစျေးကြီးတယ်လေ။ ဒီနည်းလမ်းက ဒီအမျိုးအစားမျိုးဗီဇဆေးရည်တွေရဲ့ ထုတ်လုပ်ရတဲ့တန်ဖိုးကို အကြီးကြီးတိုးလာစေသလို ရောင်းစျေးကလည်း ပုံမှန်ပဲတိုးလာတယ်။ ပုံမှန်ဆိုရင် တစ်ပုလင်းကို နှစ်ထောင်လောက်နဲ့ ရောင်းတယ်လေ ”
ဖုန့်လင်း ခေါင်းညိတ်လိုက်၏။ ဒါက နားလည်ရန်လွယ်ကူသည်။ သိပ္ပံနှင့်နည်းပညာတို့ တိုးတက်လာသည့်အတွက် လူလုပ်ပစ္စည်းများစျေးကြီးသွားသည်မှာ ဖြစ်သင့်ပေသည်။
ဒါက မျိုးနွယ်အသေးစားလေးများက သူတို့၏အဆင့်နိမ့်မျိုးနွယ်ဝင်များကို မျိုးပွားစေပြီး လူများများဖြစ်လာအောင် လုပ်စေသည့်အကြောင်းပင်။ မျိုးနွယ်စုက သူတို့ကို ကလန်စက်ရုံများသို့ပို့ကာ လူငှါးခ ခြွေတာချင်သည့်အတွက်ကြောင့်ဖြစ်၏။
“ မျိုးဗီဇဆေးရည်တွေကို လူလုပ်ပေါင်းစပ်နည်းနဲ့ထုတ်လုပ်ဖို့ဘာတွေလိုလဲ။ အဲ့အမျိုးအစားနှစ်ခုကြားမှာ ဘာကွာခြားမှုရှိလို့လဲ ”
ဖုန့်လင်း အဓိကအကြောင်းအရာကိုမေးလိုက်လေသည်။
“ ဒီနေရာမှာ ကွဲပြားမှုတစ်ခုရှိပါတယ် ”
ပုံရိပ်ယောင်မိန်းမပျို ပြုံးလိုက်သည်။
“ အသက်ဆေးရည်က အခြခံအားဖြင့်တော့ ပေါင်းစပ်ထားတဲ့ မျိုးဗီဇဆေးဝါးတစ်ခုပဲ....ပြီးတော့ အရမ်းများတဲ့ ပါဝင်ပစ္စည်းတွေကို နည်းလမ်းတိတိကျကျနဲ့ပေါင်းစပ်ပေးဖို့လို့တယ် ၊ ဒါပေမယ့် ဆေးရဲ့သက်ရောက်မှုအားက အရမ်းကို ကျပမ်းဆန်လွန်းတယ်။ ပြီးတော့နည်းနည်းလေးသာ မတိကျလိုက်ရင် မျှော်လင့်ထားတဲ့ရလဒ်တွေနဲ့ မိုင်ပေါင်းများစွာကွာခြားသွားစေသလိုဖြစ်သွားစေနိုင်တယ်။ စက်ပိုင်းဆိုင်ရာပေါင်းစပ်နည်းက မြန်ပေမယ့်လည်း ထုတ်လုပ်တဲ့နည်းလမ်းရဲ့စံသတ်မှတ်ချက်ကိုက်ညီရုံလောက်ပဲလေ ။ ပြီးတော့အဲ့နည်းမှာ ဆေးဘက်ဆိုင်ရာဂုဏ်သတ္တိတွေကို တိတိကျကျခွဲခြားဖို့လည်း နည်းလမ်းမရှိဘူး။ အရည်အသွေးက တည်ငြိမ်ပေမယ့် ဆေးသက်ရောက်မှုက အရမ်းကြီးမြင့်မားမနေဘူးလေ။ အဲ့ဒီအချက်ကြောင့် လူသားတွေကပဲအသေးစိတ်အောင်မြင်နိုင်ကြတယ်။ အဲ့တာကြောင့်လည်း လူလုပ်ပေါင်းစပ်မှုနည်းက ပိုကောင်းတဲ့အသက်ဆေးရည် အမြဲထုတ်လုပ်ပေးနေနိုင်တာပေါ့ ”
“ အိုး... ”
ဖုန်လင်း တစ်ဘက်သို့ညွှန်ပြလိုက်ကာ...
“ ဒီပုလင်း အကြောင်းကရော ”
ထိုဆေးရည်အတန်းအား ဆိုင်၏မြင်သာထင်သာရှိသည့်နေရာတွင် ထားထားသည်။ ထိုဆေးရည်က လုံးဝနက်မှောင်နေကာ ညကောင်းကင်ယံအမှောင်ထုပမာပင်။ ငွေရောင်
တလက်လက်ဖြင့် အစက်အမှုန်လေးများက ကြယ်များကဲ့သို့တောက်ပနေကာ လှပသည့်မြင်ကွင်းတစ်ခုကိုပြသနေခဲ့သည်။
ထိုဆေးရည်က အနုပညာတစ်ခုလား ထင်မှတ်မှားရပေသည်။
“ အဲ့ဒီဆေးရည်တွေက မျိုးဗီဇပညာရှင်တွေကိုယ်တိုင် ပြုပြင်ပြောင်းလဲထားတဲ့ဟာတွေပါ ”
ပုံရိပ်ယောင်မိန်းမပျိုးက ဖြည်းညင်းစွာပြောလိုက်သည်က လူများကို ဣန္ဒြေရှိသည့်ခံစားချက်ကိုပေးစွမ်းကာ တစ်လုံးချင်းစီကို ပြတ်သားစွာကြားနိုင်သည်။
“ မျိုးဗီဇပညာရှင် ”
ဖုန်လင်းအလန့်တကြားဖြစ်သွားသည်။ ဤသည်က ထိုစကားလုံးကို ပထမဦးဆုံးအကြိမ်ကြားရခြင်းပင်။
ထိုအရာက မျိုးဗီဇပညာကို သာမန်ကိုးကားထားခြင်းဖြစ်သော်လည်း သာမန်မဟုတ်ပေ။ ကြည့်ရတာ အလုပ်အကိုင်အမျိုးအစားအသစ်ဖြစ်ပုံရပြီး ဆန်းကြယ်သည့်ခံစားချက်ကိုပေးစွမ်းနေကာ သူ့နှလုံးသားထဲမှ စိတ်ဝင်စားမှုကို ကြီးထွားလာစေသည်။
သူ၏စိတ်လှုပ်ရှားမှုကိုမြင်သောအခါ ပုံရိပ်ယောင်မိန်းမပျိုက သူ့ရှုပ်ထွေးမှုကို မျိုးဗီဇပညာရှင်အကြောင်း အသေးစိတ်အချက်အလက်များနှင့်တကွ ရှင်းပြလေသည်။
ပုံရိပ်ယောင်မိန်းမပျိုက
“ မျိုးဗီဇပညာရှင်တိုင်းက မျိုးဗီဇပညာနယ်ပယ်တွေမှာ ပညာရှင်တွေပေါ့။ သူတို့က မျိုးဗီဇသီအိုရီတွေကို သုတေသနလုပ်ပြီး ဆင့်ကဲပြောင်းလဲခြင်းနည်းလမ်းတွေလိုမျိုး များပြားတဲ့ မျိုးဗီဇတွေကြားက ဆက်နွယ်မှုတွေကို ကောက်နုတ်သက်သေပြဖို့ ကြိုးစားအားထုတ်နေကြတယ်လေ။ အဲ့ဒီနောက်မှာတော့ သူတို့ရဲ့ အသိပညာတွေကို ကြယ်တာရာကျင့်ကြံသူတွေအတွက် စိတ်ကူးယဉ်ဆန်ပြီး ထူးခြားဆန်းကြယ်တဲ့ ရတနာအမျိုးမျိုးကိုတီထွင်ကြတယ်။ သူတို့ထဲကတချို့က ဒဏ္ဍာရီလာမျိုးဗီဇဆေးတွေကိုတီထွင်ခဲ့ကြသလို၊ တချို့က လူသားတွေရဲ့ခွန်အားကိုကြီးကြီးမားမားတိုးပွားလာစေနိုင်တဲ့ မိုက်ခရိုစက်ယန္တရားတွေတီထွင်ခဲ့ကြတယ်လေ။ ဥပမာအနေနဲ့ အသက်ဆေးရည်တွေနဲ့ စက်ရုပ်ဝတ်စုံတွေ...အဲ့ဒီ နှစ်ခုလုံးက သူတို့ရဲ့ဖန်တီးမှုတွေပဲပေါ့။ အဲ့တာကြောင့် မျိုးဗီဇပညာရှင်တစ်ယောက်ထုတ်လုပ်ထားတဲ့ မျိုးဗီဇဆေးရည်တွေက သာမန်ဆေးရည်တွေနဲ့နှိုင်းယှဉ်လိုက်ရင် သိသိသာသာကို ထူးခြားနေတယ်လေ။ဒါက သူတို့တွေရဲ့စျေးနှုန်းတွေကွာခြားနေရတဲ့အကြောင်းအရင်းပါပဲ။ ဒီဆေးရည်အမျိုးအစားက တစ်ပုလင်းကို အနည်းဆုံး ကြယ်ဒင်္ဂါး တစ်သောင်းလောက်ရောင်းစျေးရှိတယ်လေ…”
ဖုန့်လင်း နားထောင်နေရင်း သူ၏မျက်လုံးက ပိုပိုတောက်ပလာခဲ့သည်။ မျက်လုံးထဲမှအလင်းရောင်က တောက်ပလွန်းနေသည့်အတွက် ကန်းပင်ကန်းသွားနိုင်သည်။
ရုတ်တရက် သူနဲ့အရမ်းသင့်တော်တဲ့ အလုပ်တစ်ခုကို ရှာဖွေတွေ့ရှိလိုက်သည်။