အရူးအမူးစျေးဝယ်ခြင်း
Vol. 3 Ch. 32
မျိုးဗီဇပညာရှင်တစ်ယောက်က ဒဏ္ဍာရီလာမျိုးဗီဇနယ်ပယ်တို့တွင် ပညာရှင်များဖြစ်ကြသည်။
ဖုန့်လင်းကမူ...သူသည်အတိတ်ကမ္ဘာမြေမှလာခဲ့ခြင်းဖြစ်၏။ ဒဏ္ဍာရီများ
နှင့်ရှေးဟောင်းသမိုင်းပုံပြင်များအပေါ် သူ၏နားလည်မှုသည် သေချာပေါက်အလွန်အမင်းများပြားနေမည်မှာအမှန်ပင်။ ထိုနားလည်မှုများနှင့်ပတ်သတ်၍ သူ့အားမည်သူမှကျော်တက်နိုင်မည်မဟုတ်ချေ။
ဒဏ္ဍာရီသမိုင်းနယ်ပယ်တွင်...သူက နံပါတ်တစ်ပညာရှင်ပင်။
ဖုန့်လင်း သူ့ကိုယ်သူအကြွင်းမဲ့ယုံကြည်လို့နေသည်။
လက်ရှိတွင် သူချို့တဲ့နေသည်မှာ ဇီဝပစ္စည်းများ၏ဗဟုသုတများပင်။ ဒါပေမယ့် ဒါသည်လည်း ပြဿနာအကြီးကြီးမဟုတ်ချေ။
သူ့ကိုဘယ်သူက မျိုးဗီဇညီမျှခြင်းကြီးရှိနေခိုင်းလို့လဲ။
မျိုးဗီဇတစ်ခုအကြောင်း အချက်အလက်များနှင့်ဖြည်းညင်းစွာ သုတေသနလုပ်နေရသည့် မျိုးဗီဇပညာရှင်တစ်ယောက်နှင့် နှိုင်းယှဉ်လိုက်ပါက သူ၏မျိုးဗီဇညီမျှခြင်းသည် မျိုးဗီဇ၏ အချက်အလက်အစုံလိုက်ကို တိုက်ရိုက်ရနိုင်ပေသည်။ မျိုးဗီဇတို့က သူ့အတွက်လျှို့ဝှက်ချက်များမဟုတိပေ။
မျိုးဗီဇအချက်အလက်များကို အချက်အလက်တစ်ခုထဲသို့ပြောင်းလဲခြင်း....ဒါက ထူးကဲလွန်းသည့်မွေးရာပါစွမ်းရည်တစ်မျိုးပင်။ သူသာ ထိုစွမ်းရည်ကို မျိုးဗီဇသုတေသနသီအိုရီများ
နှင့်ပေါင်းစပ်လိုက်ပါက ထိုနယ်ပယ်တွင် သူ သေချာပေါက်ကိုတိုးတက်မှုအကြီးကြီးရလိမ့်မည်ဖြစ်သည်။
မျိုးဗီဇအသိပညာတွေကင်းမဲ့နေတာလား။
ထိုအရာများကို စုဆောင်းရန်အတွက် သူ့အတွက် အလွန်ရိုးရှင်းလွန်းနေသည်။
ဒဏ္ဍာရီများနှင့်သမိုင်းပုံပြင်များကင်းမဲ့နေသည့်သူများကိုမူ...ထိုအရာသည် ကြယ်တာရာခေတ်မှလူတိုင်းကိုရည်ညွှန်းလို့နေသည်။ ဤသည်မှာ သူတို့သင်ယူချင်သည့်တိုင် သင်ယူ၍မရခြင်းပင်။ ဒါက အချိန်မြစ်ကြီးက အချိန်အတော်ကြာ ခွဲခြားထားသည့်လမ်းကြောင်းတစ်ခုပင်။
တစ်ယောက်မှ မသိနိုင်ပေမဲ့လည်း
ဖုန့်းလင်က မျိုးဗီဇပညာရှင်အလုပ်အတွက် ပြည့်စုံလွန်းနေသည်မှာတော့အမှန်ပင်။
ဖုန့်လင်း ထိုအရာကိုတွေပြန်တွေးလိုက်ပြီးနောက် သူ့နှလုံးသားထဲတွင် စိတ်လှုပ်ရှားနေသော်လည်း သူ့အမူအရာကပြောင်းလဲမသွားခဲ့ပေ။ သူကဆက်ပြီး စိတ်ရှည်စွာနည်းထောင်လိုက်သည်။
“ မျိုးဗီဇပညာရှင်တွေက မျိုးဗီဇသီအိုရီတွေကို သုတေသနလုပ်ကြပြီး သူတို့ရဲ့ အသက်ဆေးရည်အပေါ်နားလည်မှုတွေက သာမန်လူတွေရဲ့ အထက်မှာပဲ။ အဲ့ဒီနားလည်မှုတွေက သူတို့ကို ဆေးရည်အပေါ် ဆေးဘက်ဆိုင်ရာတိုးမြှင့်မှုတွေလုပ်နိုင်အောင်လုပ်ပေးနေတယ်လေ။ မျိုးဗီဇပညာရှင်တွေလုပ်ထားတဲ့ ဘယ်ကျင့်ကြံခြင်းအရင်းအမြစ်တွေရဲ့တန်ဖိုးတွေမဆို ဆယ်ဆ အဆတစ်ရာထိတောင် ထောင်တက်သွားဖို့က လုံးဝအသေအချာပဲ။ ကြယ်တွေပြည့်နေတဲ့ကောင်းကင်ကြီးနဲ့တူတဲ့ အသက့ဆေးရည်ကပဲ အကောင်းဆုံးဥပမာတစ်ခုပဲလေ။ အဲ့ဟာအတွက်ကို ကြယ်ဒင်္ဂါးတစ်သောင်းက လျှော့စျေးလို့ သတ်မှတ်ပြီးသားပဲ ”
ဖုန့်လင်း ခဏတာ တုန်လှုပ်သွားပြီးနောက် အပျော်ရိပ်တို့ လွှမ်းခြုံလာသည်။
မျိုးဗီဇပညာရှင်တစ်ယောက်က ပိုက်ဆံကို ဒီလောက်လွယ်လွယ်ရတယ်ပေါ့။ ဒါက သူ့ရဲ့ စိတ်ကူးယဉ်အလုပ်မျိုးပဲမဟုတ်လား။
သူ၏ နွမ်းပါးသောမိသားစုနောက်ခံက သူ့တိုးတက်မှုအားကန့်သတ်ထားသည်။ အမြဲလိုလိုပင် အာဟာရချို့တဲ့နေရကာ ကျင့်ကြံခြင်းအရင်းအမြစ်များလည်း မလုံလောက်ခဲ့ပေ။ အရာအားလုံးအတွက်လိုအပ်နေသည်မှာ ကြယ်ဒင်္ဂါးများပင်။
သူသာ မျိုးဗီဇပညာရှင်တစ်ယောက်ဖြစ်လာရင်....
ရုတ်တရက် အဆုံးမရှိသောကြယ်ဒင်္ဂါးများက သူ့ရှေ့တွင် မျက်စိကျိန်းသွားစေသည့်အလား မြင်ကွင်းတစ်ခုကို မြင်ယောင်လိုက်သည်။ ထိုမျိုးဗီဇပညာရှင်များသည် ဆေးဝါးများ ပြုပြင်ခြင်းအပြင် ဖန်တီးခြင်းလည်း ပြုလုပ်နိုင်ပေသည်။ သူတို့ကိုယ်တိုင်လည်းလုံးဝပြည့်စုံနေနိုင်ကြသည်။ .
ထိုတစ်ခဏတွင် သူ့နှလုံးသားလေးက လုံးဝစိတ်လှုပ်ရှားနေခဲ့သည်။
သို့သော် မျိုးဗီဇပညာရှင်အလုပ်က အရမ်းမြင့်မားသည့် အဆုံးစွန်အလုပ်တစ်ခုဖြစ်ကာ ခလုတ်ကသင်းများလည်း များပြားလှသည်။ လက်ရှိတွင် မျှော်လင့်နေရုံသာတက်နိုင်လေသည်။ အခြားအရာများကို ပထမဆုံး တွေးရဦးမည်ဖြစ်သည်။
သူ့ရှေ့တွင်ရှိနေသည့် ဖိအားပေးနေ
သည့်အရာများကို ပထမဦးစွာ ဖြေရှင်းသည်ကသာ အကောင်းဆုံးဖြစ်၏။
ဖုန့်လင်း အကြံတစ်ခုရလိုက်ကာ
ပုံရိပ်ယောင်အရောင်းလက်ထောက်ကို တစ်ချက်ကြည့်လိုက်၏။ သူတို့အပြန်အလှန် တုံ့ပြန်လိုက်ကြသည်။ ထိုမိန်းကလေးက အလွန်မင်းဉာဏ်ကောင်းကာ ကျင့်ကြံခြင်းအရင်းအမြစ်များအပေါ် နားလည်မှုမြင့်မားသည်ကိုတွေ့လိုက်သည်။
သူက သူမရဲ့ထင်မြင်ချက်ကို မေးလို့ရနိုင်တယ်လေ။
သို့သော် သူက သူရဲ့အခြေအနေများကို သူစိမ်းထံပြောပြတဲ့အထိ မတုံးပေ။ သူ သူရဲ့စကားပြောပုံကိုပြောင်းလိုက်ရင်း....
“ ကောလိပ်စာမေးပွဲနီးလာမှ စွမ်းရည်တွေပေါက်ကွဲထွက်လာတဲ့ သူငယ်ချင်းတစ်ယောက်ငါ့မှာရှိနေတယ်လေ။ ဒါပေမယ့်ကွာ... သူ့ခန္ဓာကိုယ်က အာဟာရဓာတ်ချို့တဲ့နေတာကြောင့် စွမ်းရည်တွေ ပေါက်ကွဲထွက်လာတာက သက်စောင့်အားတွေ အလွန်အကျွံသုံးသလိုဖြစ်သွားခဲ့တယ်လေ။ အသက်ဆေးရည်အပြင် တခြားဘယ်ဆေးတွေဝယ်သင့်လဲ ”
ပုံရိပ်ယောင်အရောင်းလက်ထောက်က တွေးကြည့်လိုက်ပြီး လေးနက်စွာဖြင့်....
“ သူ့ကျင့်ကြံမှုအဆင့်က ဘယ်လောက်ရှိလဲ ”
“ အလုပ်သင်အဆင့်ပဲရှိသေးတယ် ”
ဖုန့်လင်း သူ့အကြောင်းပြောမနေသည့်အလား တည်ငြိမ်စွာပြောလိုက်၏။
“ အဲ့ဒီအခြေအနေမှာဆိုရင်တော့ အသက်ဆေးရည်က လုံလောက်ပါတယ် ”
ပုံရိပ်ယောင်အရောင်းလက်ထောက်မလေးက စဉ်းစားမနေပဲ တိုက်ရိုက်ပြန်ဖြေလိုက်၏။
“ ဘာလို့အဲ့လိုပြောရတာလဲ ”
ဖုန့်လင်း သိချင်စိတ်ပြင်းပြစွာမေးလိုက်၏။
“ အသက်ဆေးရည်က တုပပေါင်းစပ်ထားတဲ့ ကျင့်ကြံခြင်းအရင်းအမြစ်တွေထဲကတစ်ခုပဲ။ အရည်အသွေးကောင်းတာရယ် သင့်တော်တဲ့စျေးရှိတာတွေကြောင့် အဲ့ဟာက အလုပ်သင်တွေအတွက် တကယ်သင့်တော်တဲ့တစ်ခုပဲ ။
တကယ်လို့ ရှင့်သူငယ်ချင်းကသာ ကြယ်တာရာကျင့်ကြံသူတစ်ယောက်ဆိုရင်တော့ ကျွန်မက မကောင်းဆိုးဝါးအသား၊ နတ်ဘုရားသွေးလို အရာတွေဝယ်ဖို့အကြံပေးလိုက်မယ်။ အဲ့ဒီဟာတွေအားလုံးက အာဟာရအာနိသင်တော်တော်လေးကောင်းတယ်လေ။ ဒါပေမယ့် အလုပ်သင်အဆင့်တွေအတွက်တော့...သူတို့ရဲ့အသက်စွမ်းအင်က အားနည်းလွန်းတော့ သူတို့ရဲ့ခန္ဓာကိုယ်တွေကလည်း အပြည့်အဝအသွင်
မပြောင်းကြသေးဘူးလေ။ သူတို့စားလိုက်ရင်တောင် အဲ့လောက်အာဟာရအာနိသင်များတဲ့ဟာတွေကို အစာခြေဖျက်ဖို့မဖြစ်နိုင်ဘူး။ အဲ့တာက အရမ်းဖြုန်းတီးရုံတင်မကဘူး... သူတို့ရဲ့ခန္ဓာကိုယ်တွေကိုတောင် ထိခိုက်သွားစေနိုင်တယ် ”
ပုံရိပ်ယောင်အရောင်းလက်ထောက်မလေးက ရှင်းရှင်းလင်းလင်းရှင်းပြလိုက်ကာ ဖုန့်လင်းအား လက်ခံယုံကြည်သွားစေသည်။
“ ကောင်းပြီလေ... အဲ့တာဆို အသက်ဆေးရည်တွေဝယ်လိုက်ကြရအောင် ”
ဖုန့်လင်း ချက်ချင်းဆုံးဖြတ်ချက်ချလိုက်သည်။ သူက လူလုပ်ပေါင်းစပ်ထားသည့်ဆေးရည်များနှင့် ကနဦးအဆင့်ဆေးရည်(စက်လုပ်)များကို ညွှန်ပြလိုက်သည်။
“ ငါ့ကို လူလုပ်ပေါင်းစပ်ဆေးရည် ဆယ်ပုလင်းနဲ့ စဦးအဆင့် ဆေးရည် ပုလင်းသုံးဆယ်ပေးပါ။ ”
သို့သော် ပုံရိပ်ယောင်အရောင်းလက်ထောက်က အကြံပြုလိုက်၏။
“ အာဟာရချို့တဲ့တာကို ဖြည့်တင်းဖို့ဆိုရင် အဲ့တာတွေမှာပဲ သုံးဖို့မလိုပါဘူး။ လူလုပ်ဆေးရည်တွေက အဆင့်အနိမ့်ဆုံးဆေးရည်တွေရဲ့ နှစ်ဆပေမယ့် ဆေးသက်ရောက်မှုတွေက နည်းနည်းလေးပဲပိုသာတာပါ။ ပိုက်ဆံပမာဏအတူတူမှာဆိုရင် ကနဦးအဆင့်ဆေးရည်ကို ပုလင်းနှစ်ဆယ်ထပ်ဝယ်တာက ပိုကောင်းတယ်လေ ”
သူမ၏ ရည်ရွယ်ချက်ကောင်းကို နားလည်သည့်အတွက် ခေါင်းညိတ်လိုက်သည်။ သို့သော် သူ့နှလုံးသားထဲတွင် ဆုံးဖြတ်ပြီဖြစ်သည်။
ဒုတိယအမျိုးအစားဖြစ်သည့် လူလုပ်ဆေးရည်ကိုဝယ်ရသည့်အကြောင်းအရင်းမှာ ထိုနှစ်မျိုးကြားထဲမှ ဆေး၏သက်ရောက်မှုကွာခြားချက်ကို အရသာခံကာ သူ၏နားလည်မှုများအား ပိုမိုနက်ရှိုင်းလာစေရန်ဖြစ်သည်။
“ စိတ်မပူပါနဲ့ ငါလိုချင်တာကိုပေးပါ ”
ဖုန့်လင်း ရှည်ရှည်ဝေးဝေးရှင်းပြမနေတော့ချေ။
ပုံရိပ်ယောင်လက်ထောက်မလေးက ခေါင်းကိုခါလိုက်သည်။ သို့သော် သူ၏အမိန့်အတိုင်းလိုက်လုပ်ရန်သာ တတ်နိုင်သည်။
သို့သော် ဖုန့်လင်း၏ အရူးအမူးစျေးဝယ်ခြင်းကို လျော့တွက်လိုက်မိပေပြီ။
ဖုန့်လင်း၏မျက်လုံးများက ပတ်ဝန်းကျင်ကို သိမ်းကျူံးကြည့်လိုက်ကာ ကြယ်ရောင်စုံအာကာသကောင်းကင်ယံအလား အသက်ဆေးပုလင်းဆီသို့ရောက်ရှိသွားသည်။ သူက ထိုအရာကို ညွှန်ပြလိုက်ကာ...
“ ပြီးတော့ အဲ့တစ်ခုရောပဲ ”
“ အဲ့ဒီကြယ်ရောင်စုံအာကာကောင်းကင်အသက်ဆေးရည်အတွဲက တစ်ပုလင်းကို ကြယ်ဒင်္ဂါးတစ်သောင်းရှိတယ်ရှင့် ”
ပုံရိပ်ယောင်လက်ထောက်မလေး တုန်လှုပ်သွားကာ အော်ဟစ်လိုက်မသည်။
“ ရှင် အဲ့လောက်သုံးဖို့မလိုပါဘူး။ အဲ့တာက သက်သက်မဲ့…”
“ ဘာမှဆက်ပြောစရာမလိုတော့ဘူး ”
ဖုန့်လင်း သူမစကားဆက်ပြောမည်ကို လက်ပြကာ တားဆီးလိုက်သည်။ သူက တည်ငြိမ်စွာဖြင့် ထပ်ပေါင်းပြီး....
“ ငါ့အကန့်အသတ်ကို ငါသိတယ် ”
ပုံရိပ်ယောင်အရောင်းလက်ထောက်မလေးက သူ၏အသံအနေအထားမှ ဆုံးဖြတ်ချက်ခိုင်မာမှုကို အာရုံခံလိုက်မိကာ သူမ၏ ပါးစပ်ကို အကြိမ်အနည်းငယ် ဖွင့်လိုက်ပိတ်လိုက် လုပ်လိုက်ပြီး ဘာမှဆက်မပြောတော့ချေ။ ဖုန့်လင်း အသက်ဆေးရည်၄၁ပုလင်းဝယ်ရန် ကြယ်ဒင်္ဂါးခြောက်သောင်းကို ဒီတိုင်းပင်သုံးလိုက်၏။
သူ အထုတ်အပိုးများကို လွယ်လွယ်
ကူကူသယ်လာကာ ဆိုင်အပြင်ဘက်သို့ လျှောက်ထွက်လာလေသည်။
“ နောက်ထပ် ရှင်ဝယ်ချင်တာရှိနေသေးလား ”
ပုံရိပ်ယောင်အရောင်းလက်ထောက်က တစ်ဖန်ပြန်မေးလိုက်၏။
ဖုန့်လင်း တွေးလိုက်သည်။ သို့သော် လက်ရှိတွင် ထိုအတွက် အကြံမရှိသေးချေ။
လက်ရှိတွင် သူ့တွင် ကြယ်ဒင်္ဂါးလေးသောင်းသာကျန်တော့သည်။ သူသာ ထိုအရာများကို မသုံးလိုက်ရပါက ဖြုန်းတီးသည်ဟု ခံစားနေရမည်ဖြစ်၏။ ဒါပေမယ့်.... အဓိကက အဲ့တာတွေပကို သူဘယ်နေရာမှာသုံးသင့်လဲ။
ဤရွှေထောင်ချီအဆောက်အဦးကြီးက အရမ်းကြီးမားလှသည်။ သူဝယ်ဖို့ ထိုက်တန်သည့် တစ်စုံတစ်ခုတော့ရှိနေသင့်သည်မဟုတ်ပါလား။
ပိုက်ဆံများက မသမာသည့်နည်းဖြင့်ရလာသည်ဟုသတ်မှတ်၍ရသည်။ သူ့အနေဖြင့် ဒီနေ့တစ်ရက်ဖြင့် အကုန်သုံးရပေလိမ့်မည်။
ထို့နောက်တွင် ဖုန့်လင်းသည် ပုံရိပ်ယောင်လက်ထောက်ဖြင့် အဆောက်အဦးကို လှည့်ပတ်နေခဲ့ကြသည်။ ဤနေရာရှိ ကုန်ပစ္စည်းများက အလွန်ကောင်းမွန်နေကြကာ ဝယ်ယူသူများကို ဘာဝယ်ရမှန်းမသိစေသည်အထိ စိတ်ရှုပ်ထွေးစေသည်။ ပစ္စည်းကောင်းများက ဤနေရာတွင် များပြားလွန်းလှသည်။
ပုံရိပ်ယောင်လက်ထောက်က သူ့ကို စိတ်ရှည်စွာအဖော်ပြုပေးနေသည်။ ထိုမျှ ကြီးကြီးမားမားသုံးစွဲနေသည့် ဝယ်သူတစ်ယောက်ကို ရွှေထောင်ချီအဆောက်အဦး၏ ဝင်ငွေအရင်းအမြစ်ကောင်းဟု မှတ်ယူရပေလိမ့်မည်။ ဉာဏ်ရည်တု(A.I)က စီစဉ်ပေးထားသည့် သူမ၏အမိန့်အတိုင်း ဖုန့်လင်းအား အကောင်းဆုံးစျေးဝယ်အတွေ့အကြုံ
နှင့်ကူညီမှုအားပေးစွမ်းနေသည်။
“ လေးစားရတဲ့ဝယ်ယူသူများရှင်...ခဏလောက်အလေးထားမှတ်သားပေးကြပါဦး။ ဒီည ၉နာရီမှာ အွန်လိုင်းလေလံပွဲတစ်ခု စတင်မှ ဖြစ်တာကြောင့် စိတ်ဝင်စားလို့ပါဝင်ချင်တဲ့ ဝယ်ယူသူတွေက အချက်အလက်တွေကို လေ့လာထားနိုင်ပါတယ်ရှင် ”
အမျိုးသမီးအသံတစ်ခုက ရွှေတစ်ထောင်အဆောက်အဦး၏ ထောင့်တိုင်းလိုလိုမှ ထွက်ပေါ်လာခဲ့သည်။
“ အွန်လိုင်းလေလံပွဲလား ”
ဖုန့်လင်း၏ နှလုံးသားလေး ဂယက်ထသွားသည်။ သူ့ကိုယ်ရေး အချက်အလက်မိုက်ခရိုချစ်ပ်အားသုံးကာ ကြိုးမဲ့ကွန်ရက်ကိုချိတ်ဆက်လိုက်၏။ ခဏကြာပြီးနောက် ရှားပါးပစ္စည်းများနှင့် တန်ဖိုးကြီးရတနာများအကြောင်းအချက်အလက်များက သူ့ရှေ့တွင်ထွက်ပေါ်လာသည်။ ရတနာအများစုမှာ တစ်သိန်းမှ တစ်မီလီယံအထိ အစီအရီရှိနေသည်။
ရုတ်ရက် သူ့မျက်လုံးများက ကျဉ်းမြောင်းသွားကာ သူ၏အကြည့်က သိပ္ပံနည်းပညာများပါရှိပုံရသည့် အနက်ရောင်သတ္ထုမိုက်ခရိုချစ်ပ်လေးတစ်ခုပေါ်သို့ ကျရောက်သွားသည်။
ဤပစ္စည်း၏ အချက်အလက်အား မီးလျှံကဲ့သို့ ရဲရဲတောက်အနီရောင်ဖြင့်ရေးသားထားကာ စာလုံးသုံးလုံးသာရှိသည်။
“ မျိုးဗီဇသုတေသနပြုသူရဲ့ သုတေသနမှတ်စုများ ”