← Chapters

လေလံစျေးပြိုင်နည်းဗျူဟာ

Vol. 3 Ch. 33

လေလံစျေးပြိုင်နည်းဗျူဟာ

Vol. 3 Ch. 33

“ မျိုးဗီဇသုတေသနပညာရှင်တစ်ယောက်ရဲ့ သုတေသနမှတ်စုများ ”

ဖုန့်လင်းရဲ့မျက်လုံးတွေက မိုက်ခရို

ချစ်ပ်ပြားကို ကြည့်ရင်း တောက်ပလာပါပြီ။

‘ မျိုးဗီဇပညာရှင် ’ ဟူသည်က ကျင့်ကြံခြင်းနဲ့အပြိုင် အဟန့်အတားမရှိဘဲ အပြိုင်လျှောက်လှမ်းနိုင်တဲ့အလုပ်တစ်ခုပင်။ သူတို့နှစ်က မတူညီကြပေမယ့်လည်း တစ်ခုနဲ့တစ်ခု ဖြည့်စွက်ကူညီနေနိုင်ကြသည်။

ရိုးရိုးရှင်းရှင်းပြောရရင် ကျင့်ကြံသူတွေက သူတို့နိုးထလာခဲ့တဲ့ ဒဏ္ဍာရီလာမျိုးဗီဇတွေရဲ့ ကျင့်ကြံခြင်းလမ်းကြောင်းကိုပဲလျှောက်လှမ်းရပါတယ်။ မျိုးဗီဇပညာရှင်တွေအတွက်တော့...သူတို့ကမျိုးဗီဇတွေအကြောင်းကို နက်နက်နဲနဲရှာဖွေခဲ့ကြပြီး အံ့သြလောက်စရာ ဖန်တီးမှုအမျိုးမျိုး ထုတ်လုပ်နိုင်သလို ဒီနယ်ပယ်မှာလည်း တိုးတက်မှုရှိနေပါတယ်။

တစ်ယောက်က သီအိုရီပိုင်းဆိုင်ရာလမ်းကြောင်းတစ်ခုမှာ နက်နက်နဲနဲကြိုးစားရှာဖွေတယ်။ တခြားလူတွေက သိုင်းပညာလမ်းကြောင်းကို နက်နဲခက်ခဲတဲ့ဟာအဆင့်ထိလျှောက်လှမ်းတယ်။ တခြားလူတွေက အံ့မခန်းစွမ်းပကားတွေနဲ့ ကြီးစိုးချယ်လှယ်နေချိန်မှာ တစ်ယောက်က အမှန်တရားတွေကို သုတေသနလုပ်နေခဲ့တယ်။

ဒဏ္ဍာရီလာမျိုးဗီဇတွေနိုးထလာပြီးတာတောင် ကြယ်တာရာကျင့်ကြံသူတစ်ယောက်ဖြစ်မလာသေးတဲ့သူတွေကို ကျင့်ကြံခြင်းအလုပ်သင်လို့ခေါ်ပါတယ်။

လက်ရှိမှာ ဖုန့်လင်းက ကြယ်တာယာကျင့်ကြံသူတစ်ယောက်ပါ။ သူ့ရဲ့အခြေခံမျိုးဗီဇတွေကို ကမ္ဘာဦးမျိုးဗီဇအဖြစ် ဆင့်ကဲပြောင်းလဲနိုင်မှသာ ကျင့်ကြံခြင်းလမ်းစဉ်ကို ခြေချနိုင်ပြီလို့ မှတ်ရမှာပါ။

တူညီစွာပဲ မျိုးဗီဇပညာရှင်တွေမှာ အတားအဆီးလို့သတ်မှတ်ရမယ့် တံခါးပေါက်အကြီးကြီးရှိနေပါတယ်။ အဆင့်အနိမ့်ဆုံးအဆင့်ကို မျိုးဗီဇသုတေသနပညာရှင်တွေလို့သိကြပြီး ကျင့်ကြံခြင်းအလုပ်သင်တွေနဲ့ အဆင့်တူပါပဲ။ သူတို့ကို မျိုးဗီဇပညာရှင်စစ်စစ်လို့တောင် မှတ်ယူလို့မရသေးပါဘူး။

ဖုန့်လင်းကြည့်နေတဲ့ အနက်ရောင်မိုက်ခရိုချစ်ပ်လေးက တကယ်တော့ မျိုးဗီဇသုတေသနပညာရှင်တစ်ယောက်ရဲ့ သုတေသနမှတ်စုတွေပါ။

သူအိပ်ချင်နေတဲ့အချိန်မှာ တစ်ယောက်ယောက်က ခေါင်းအုံးလာပေးလိုက်သလိုပါပဲ။ ဒါက လုံးဝကို ရေကန်အသင့်ကြာအသင့်ပါ။

မှတ်တမ်းတင်ထားတဲ့အရာတွေက အခြေခံအသိပညာတွေဆိုပေမယ့်

ဖုန့်လင်းလို မျိုးဗီဇပညာရှင်ဖြစ်ချင်နေတဲ့ သူတစ်ယောက်အတွက်တော့ လုံးဝကိုအရေးပါနေတယ်လေ။

တကယ့်ပြသနာတစ်ခုက အဲ့ဒီသုတေသနမှတ်စုတွေကို လေလံပွဲမှာရောင်းတာဖြစ်နေလို့ပါ။ အဖွင့်စျေးက ကြယ်ဒင်္ဂါး၅၀၀၀မို့လို့ စျေးကြီးတယ်လို့ပြောလို့မရနိုင်ပေမယ့်လည်း အဲ့တာကိုလိုချင်နေတဲ့လူတစ်ယောက်နဲ့ပက်ပင်းတိုးရင် စျေးက သေချာပေါက်ကို လှိုင်းလုံးကြီးလိုတက်လာမှာပါ။ သူ့မှာကျန်တဲ့ ကြယ်ဒင်္ဂါး၄၀၀၀၀က သေချာပေါက်လုံးဝမလုံလောက်ပါဘူး။

ဒါပေမယ့် ဘယ်လောက်ကုန်ကုန် သူ

ရကိုရရမယ့်ဟာတစ်ခုလို့ သတ်မှတ်ထားပြီးသားဖြစ်နေတာကြောင့် ဒါက လုံးဝပြသနာပါပဲ။

ဖုန့်လင်း မျက်မှောင်ကြုတ်လိုက်ပြီး သူ့နေရာမှာပဲ မတ်တတ်ရပ်နေလိုက်တယ်။ သူ့မျက်နှာမှာတော့ လေးလေးနက်တွေးတောနေတဲ့ အကြည့်တွေနဲ့ပေါ့။

“ ဘာဖြစ်လို့လဲ ”

ပုံရိပ်ယောင်လက်ထောက်မလေးက သူခက်ခဲနေတဲ့အခြေအနေဖြစ်နေတာကိုအာရုံခံမိတာကြောင့် မေးလိုက်တယ်။

“ ငါဒီသုသေသနမှတ်စုကို ဝယ်ချင်နေတာပါ။ ဒါပေမယ့် ငါ့ရချင်ရင် လေလံဝင်ဆွဲမှပဲ ဖြစ်မှာလေ။ လက်ရှိမှာ ကြယ်ဒင်္ဂါး၄၀၀၀၀ပဲကျန်တော့တာကြောင့် မလောက်မှာစိုးရိပ်နေတာပါ။ ”

ဖုန့်လင်း ဘာတစ်ခုမှဖုံးကွယ်မထားပဲ ရှင်းပြလိုက်တယ်။

“ မျိုးဗီဇသုတေသနမှတ်စုတွေလား ”

ပုံရိပ်ယောင်လက်ထောက်ရဲ့မျက်လုံးတွေက ဒီဂျစ်တယ်အချက်အလက်တွေဖြတ်ပြေးသွားပြီး ဖုန့်လင်း ကြည့်နေတဲ့အရာကို တွေ့လိုက်ရတယ်။

ဒီလူက မျိုးဗီဇပညာရှင်ဖြစ်ချင်နေတာလား။

မျိုးဗီဇပညာရှင်ဆိုတာ ပိုက်ဆံကိုမီးရှို့ရတဲ့အလုပ်တစ်ခုပါ။ တစ်ယောက်ယောက်ကသာ ဒီနယ်ပယ်မှာ အောင်မြင်မှုတွေရချင်ရင် သာမန်လူတွေထက်ကျော်လွန်နေတဲ့အရည်အချင်းတွေလိုအပ်ယုံအပြင် ပိုက်ဆံပမာဏအများအပြားကိုလည်း သုံးစွဲရပါလိမ့်မယ်။

ကိရိယာတွေ ၊ ပစ္စည်းတွေ ၊ နည်းစနစ်တွေ....ဒါတွေအားလုံးက ပိုက်ဆံလိုပါတယ်။ ပိုက်ဆံပိုရှိလေပိုကောင်းလေပါပဲ။

မင်းသာပိုက်ဆံများများမီးရှို့လေ မင်းမြန်မြန်လေ့လာနိုင်လေ။

မျိုးဗီဇပညာရှင်ဆိုတာ အဲ့လိုအလုပ်မျိုးပါ။ ဘာပဲပြောပြော မင်းသာ တစ်ခါလောက်အောင်မြင်သွားလိုက်တာနဲ့ ချက်ချင်း အကြီးကြီးချမ်းသာလာနိုင်တဲ့အလုပ်တစ်ခုပါ။ တစ်ခါအောင်မြင်လိုက်ယုံနဲ့ ပိုက်ဆံအကြောင်း မင်းဘဝတစ်လျှောက်လုံး နည်းနည်းလေးမှ စိတ်ပူစရာမလိုတော့ပါဘူး။

ဒါပေမယ့် သိထားရမှာတစ်ခုက မျိုးဗီဇပညာရှင်စစ်စစ်ဖြစ်လာဖို့ မျိုးဗီဇဇီဝပစ္စည်းတွေအကြောင်းလေ့လာတဲ့ ကျောင်းသားက တစ်ထောင်မှာတစ်ယောက်ထက်တောင် ရှားပါးပါတယ်။

၀.၀၀၀၁ရာခိုင်နှုန်းထက်တောင်နည်းပါတယ်။ ဒါကို စွန့်စားမှုနဲ့အခွင့်အရေးပမာဏ တူညီနေတဲ့အလုပ်တစ်ခုလို့တောင်ပြေလို့ရတယ်လေ။

သူဋ္ဌေးလက်သစ် ဒီလူကလုံးဝ ချမ်းသာတဲ့ အရှင်သခင်တစ်ယောက်ဖြစ်ရမယ်။

သူက မျိုးဗီဇသုတေသနပညာရှင်ရဲ့ သုတေသနမှတ်စုကိုလိုချင်ပြီး ပိုက်ဆံတွေမီးရှို့ဖို့တောင် အစီအစဉ်ရှိနေတယ်။သူရဲ့အဆင့်အတန်းနဲ့ ကိုယ်ရေးအချက်အလက်ကလည်း သေချာပေါက်ကို ထူးခြားနေမှာပဲ။

ပုံရိပ်ယောင်လက်ထောက်က ဖုန်းလင်ရဲ့စကားတွေကို သုံးသပ်ပြီး ကောက်ချက်ချလိုက်တယ်။

ဖုန့်လင်း၏အဆင့်အတန်းကို ဝယ်သူတစ်ယောက်တစ်လေမှ မကြုံဖူးတဲ့အဆင့်အတန်းအထိ ဆန္ဒအလျောက် တိုးမြှင့်လိုက်ပါတယ်။

အရင်က သာမန်ဝယ်ယူသူတစ်ယောက်ဆို အခု သံသယရှိစရာမလိုလောက်အောင်ကို ဗွီအိုင်ပီဝယ်ယူသူတစ်ယောက်ဖြစ်သွားခဲ့ပါပြီ။

A.I (ဉာဏ်ရည်တု)က သူရဲ့အမူအရာနဲ့ သဘောထားကိုပြင်လိုက်တဲ့အတွက် သူမရဲ့ အပြုံးကလည်း ပိုပြီးဖော်ရွေလာပါပြီ။ ပုံရိပ်ယောင်လက်ထောက်မလေးက ဖုန့်လင်းအပေါ်ကို ထင်မြင်ချက်ကောင်းကောင်းရှိနေပြီး စိတ်ရှည်စွာနဲ့ ဖြေလိုက်ပါတယ်။

“ ဒါကလွယ်ပါတယ် ”

“ အိုး”

ပုံရိပ်ယောင်လက်ထောက်က တကယ်ကြီး လွယ်တယ်လို့ပြောလိုက်တာလား။

ဖုန့်လင်း တွေဝေသွားပြီး စိတ်ရှည်ရှည်ဆက်နားထောင်နေလိုက်ပါတယ်။ လူသားတွေနဲ့နှိုင်းယှဉ်လိုက်ရင် ဉာဏ်ရည်တုက တွက်ချက်နိုင်မှုပမာဏ

မြင့်မားသလို ပိုမြီးမြန်မြန်လည်း အဖြေရနိုင်တယ်လေ။

ပုံရိပ်ယောင်အရောင်းလက်ထောက်က အချိန်ဖြုန်းမနေဘဲ......

“ ရွှေထောင်ချီအဆောက်အဦးမှာ ရောင်းဝယ်ဖို့နည်းလမ်းတွေအများကြီးရှိတယ်လေ။ ဒါပေမယ့် အမျိုးအစားနှစ်ခုခွဲခြားလိုက်လို့ရတယ်။ ပထမနည်းက ဝယ်တာပဲ။ ဒုတိယနည်းကတော့ လေလံဆွဲတာပေါ့။ ဝယ်တာက...ဝယ်ယူသူတစ်ယောက်က ကြယ်ဒင်္ဂါးတွေပေးပြီး သူဝယ်ယူချင်တဲ့ပစ္စည်းကို လဲလှယ်တာ။ ဒါက သာမန်အရောင်းအဝယ်ပဲ။ ဒါပေမယ့် ပစ္စည်းဒါမှမဟုတ် ထုတ်ကုန်တွေက ရှားပါးတာတို့ ထူးခြားတာတို့ ပမာဏအကန့်အသတ်ရှိတာတို့ဆိုရင် လေလံဆွဲရပြီး စျေးပိုပေးနိုင်တဲ့လူက နိုင်တယ်။ ရှင်လိုချင်တဲ့ပစ္စည်းကို ရဖို့သုံးနိုင်တဲ့ လေလံနည်းဗျူဟာတစ်ခုရှိတယ်လေ။ ကျွန်မ သေချာတာတစ်ခုကတော့ သုတေသနမှတ်စုတွေက အရမ်းကြီးလူကြိုက်များလိုချင်နေကြမှာ မဟုတ်ဘူးဆိုတာပဲ။ အဖွင့်စျေးက ကြယ်ဒင်္ဂါးငါးထောင်ပဲရှိတာဆိုတော့ လူအများကြီးဝင်ဆွဲကြမယ်လို့တော့မထင်ဘူး။ အဲ့တာကြောင့် ရှင်လေလံဆွဲရင် စလိုက်တာနဲ့ ကြယ်ဒင်္ဂါးတစ်သောင်းထိတိုးပေးလိုက်ဖို့အကြံပေးလိုက်မယ်။ ”

“ အွန်း '''

ဖုန့်လင်း ခေါင်းညိတ်လိုက်သည်။ တစ်ခါတည်းနဲ့ အဲ့လောက်တိုးပေးလိုက်လို့ လက်ဖွာတယ်လို့မခံစားရပါဘူး။ သူက ကြယ်ဒင်္ဂါးငါးထောင်လောက်ကို ဂရုမှမစိုက်တာ။ သူဂရုစိုက်တာက သုတေသနမှတ်စုတွေကို သူ ရနိုင်မနိုင်ဆိုတာကိုပါပဲ။

ဖုန့်လင်းရဲ့ အနည်းငယ်တွန့်ဆုတ်နေမှုကို သတိထားမိလိုက်တဲ့အလား...သူမက ဆက်ပြီးတော့....

“ တစ်သောင်းထိတိုးပေးလိုက်တာက

ရှင့်ရဲ့စျေးပေးတာကို အပျော်သက်သက်နဲ့လိုက်နှောက်ယှက်တဲ့လူတွေကို တားဆီးလိုက်တာပဲ။ ”

“ တကယ်လို့ ဆက်ပြီးစျေးပြိုင်ချင်တဲ့လူရှိနေသေးရင်ရော..”

ဖုန်းလင်မေးလိုက်တယ်။

“ လွယ်လွယ်လေးပါ။ သူတို့စျေးပေးတာထက် ကြယ်ဒင်္ဂါးတစ်ရာပိုပေးလိုက်ပေါ့ ”

ပုံရိပ်ယောင်လက်ထောက်မလေးရဲ့ ယုံကြည်မှုရှိနေတဲ့အပြုံးက ပိုပြီးကျယ်ပြန့်လာတယ်။

“ ကြယ်ဒင်္ဂါးတစ်ရာလား ”

ဖုန့်လင်း သူနားကြားမှားတာလား သေချာအောင်မေးလိုက်တယ်။

“ ဟုတ်တယ်။ ကြယ်ဒင်္ဂါးတစ်ရာပဲ။ နည်းလည်းမနည်းရဘူး...များလည်းမများရဘူး။ အွန်လိုင်းလေလံပွဲမှာ ဝင်စျေးပေးရတာက စည်းမျဉ်းစည်းကမ်းတွေတစ်ခုမှမရှိဘူးလေ။ ရှင်သာ ဆန္ဒရှိရင် အခေါက်တိုင်း ကြယ်ဒင်္ဂါးတစ်ရာစီတိုးပေးလို့ရတာပေါ့။ အဲ့လို အကြိမ်နည်းနည်းလောက်လုပ်ပြီးသွားရင် ရှင်က အဲ့ပစ္စည်းကို ဘယ်လောက်ကုန်ကုန် ရအောင်လုပ်မယ်လို့ဆုံးဖြတ်ထားကြောင်း မသိမသာသတင်းစကားပေးပြီးသားဖြစ်သွားလိမ့်မယ်။ အဲ့ဒီဆုံးဖြတ်ချက်ကြောင့် ရှင့်လောက်ဆုံးဖြတ်ချက်မခိုင်မာတဲ့ အဲ့ဒီစျေးပေးနေတဲ့လူတွေက နောက်ဆုတ်သွားလိမ့်မယ်လေ။ တကယ်လို့ သုတေသနမှတ်စုတွေက အစစ်အမှန်မျိုးဗီဇပညာရှင်တစ်ယောက်က ရေးထားတာသာဆိုရင် စျေးက တန်ဖိုးဖြတ်လို့မရအောင်းကြီးမားနေလိမ့်မယ်။ ဒါပေမယ့် မျိုးဗီဇသုတေသနပညာရှင်တစ်ယောက်ရေးထားတဲ့ အခြေခံအသိပညာလေးတွေပဲမလား။ လူအများကြီးက ဒီပစ္စည်းအတွက် ပိုက်ဆံအများကြီးမသုံးလောက်ပါဘူး။ ရှင်က ဒီပစ္စည်းပေါ်မှာ စိတ်ဝင်စားနေတဲ့ တခြားလူတွေနဲ့ ယှဉ်လိုက်ရင် ပိုက်ဆံပိုရှိနေတာကြောင့် ရနိုင်ချေပိုမြင့်နေသေးတယ်လေ။ ”

ပုံရိပ်ယောင်လက်ထောက်မလေးက ပြောလိုက်ပါတယ်။

တွေးရမှာက လေလံစျေးပြိုင်တာမှာတောင် အဲ့လိုနည်းစနစ်တွေရှိနေပါသေးတယ်။

ဖုန့်လင်း ခေါင်းညိတ်လိုက်ကာ ဒီအကြံပြုချက်က အရမ်းကောင်းနေတာကို တိတ်တစိတ်ခံစားမိနေပါတယ်။

မကြာခင်မှာပဲ ၉နာရီကိုရောက်လို့လာပါတယ်။

ရွှေထောင်ချီအဆောက်အဦးရဲ့

အွန်လိုင်းလေလံပွဲကလည်း တရားဝင်စတင်လိုက်ပါပြီ။ ဝယ်ယူသူများက အဝေးကနေ ကြိုးမဲ့ကွန်ယက်တွေနဲ့ စျေးပြိုင်ပေးနိုင်ကြပါတယ်။ တကယ်လို့ သူတို့သာ လေလံနိုင်လိုက်ရင် မင်းလေလံဆွဲထားတဲ့ပစ္စည်းကို မင်းဆီကို ပို့ဆောင်ပေးမယ့် စက်ရုပ်တွေရှိနေပါတယ်။

များပြားလှတဲ့ ရှားပါးပစ္စည်းတွေက လေလံပွဲကိုရောက်လာပြီး တန်ဖိုးကြီးပစ္စည်းတွေကို စာရင်းရဲ့နောက်ပိုင်းမှာ ထားထားတာပါ။

ဖုန့်လင်း မကြာမီထွက်ပေါ်လာမယ့် တတိယမြောက်ပစ္စည်းကို စိတ်ရှည်ရှည်စောင့်နေပါတယ်။ဒါက သုတေသနမှတ်စုကလွဲပြီး တခြားမဟုတ်ပါဘူး။

အဲ့ဒီပစ္စည်းကို လေလံစလိုက်တဲ့ တခဏလေးမှာပဲ သူက ချက်ချင်းဆိုသလို စျေးခေါ်လိုက်ပါပြီ။

“ ကြယ်ဒင်္ဂါး ၁၀၀၀၀ ”

လေလံပွဲတစ်ခုလုံး တစ်ခဏလေးတိတ်ဆိတ်လို့သွားတယ်။ လေလံဝင်ဆွဲမယ့်လူတွေအားလုံး တစ်ခဏရပ်သွားတာပါ။

ဒီအကြံက လုံးဝကိုအသုံးဝင်လွန်းနေပါတယ်။

အချိန်တချို့အထိ တုန့်ပြန်မှုတစ်စုံတစ်ရာမရှိသေးပါဘူး။ ဒီပစ္စည်းကို စိတ်ဝင်စားနေတဲ့ဝယ်ယူသူတွေလဲ ဖုန့်လးင်ရဲ့ ကြယ်ဒင်္ဂါးတစ်သောင်းကြောင့် လန့်ဖြတ်သွားကြတာပါ။ ဘယ်သူသိနိုင်မှာလဲ။ သုတေသနမှတ်စုတွေကို ဒီစျေးလေးနဲ့ပဲ ရချင်ရသွားနိုင်တယ်မလား။

“ ကြယ်ဒင်္ဂါး ၁၀၀၀၀ တစ်ကြိမ် ”

“ ကြယ်ဒင်္ဂါး ၁၀၀၀၀ နှစ်ကြိမ် ”

အချိန်အတော်ကြာပြီးနောက် စတင်ရေတွက်ပါပြီ။ သုံးကြိမ်ခေါ်လိုက်ပြီးနောက် စျေးသာထပ်မပေးတော့ဘူးဆိုရင် ဖုန့်လင်းက အဲ့ဒီပစ္စည်းကို ဒီစျေးနဲ့တင်ရသွားတော့မှပါ။

အရာအားလုံးကသူ့အစီအစဉ်အတိုင်း သွားနေချိန်မှာ သည်းမခံနိုင်ပဲ သူနဲ့စျေးပြိုင်ပေးတဲ့ လူတစ်ချို့ရှိလာပါပြီ။

“ ကြယ်ဒင်္ဂါး ၁၁၀၀၀ ”

လူတစ်ယောက်က အသက်တစ်ရှိုက်စာမှာပဲ ကြယ်ဒင်္ဂါး၁၀၀၀တိုးပေးလိုက်တာပါ။

ဒါပေမယ့် ဒါက အဆုံးမဟုတ်သေးပါဘူး။ တခြား စျေးပြိုင်တဲ့လူတွေကလည်း သူတို့ရဲ့စျေးတွေကို အော်လိုက်ပါပြီး အရင်တစ်ယောက်ကို စျေးပြိုင်လိုက်ကြပါတယ်။

“ ၁၁၅၀၀ ”

“ ၁၂၀၀၀ ”

“ ၁၃၀၀၀ ”

……

လေလံပွဲက စျေးတွေထောင်တက်သွားပြီး အထွတ်အထိပ်ရောက်လာပါပြီ။ မြန်မြန်ဆန်ဆန်ပဲ ၂၀၀၀၀ကိုကျော်သွားပါတယ်။

ဖုန့်လင်း နှလုံးသားလေး နစ်မြုပ်သွားသည်။ သူ စိတ်ဝင်စားနေတဲ့ ပစ္စည်းပေါ်မှာပဲ စိတ်ဝင်စားနေတဲ့တခြားလူတွေ ရှိနေဦးမယ်လို့ မျှော်လင့်မထားခဲ့ပါဘူး။ ပြိုင်ဆိုင်မှုတွေက သူတွေးထားတာထက် ခက်ခဲနေပါတယ်။

ဒါပေမယ့် ဒီအရာကို ပိုင်ဆိုင်ရဖို့ အကုန်ပြောင်သွားရင်တောင် လက်လျှော့မှာမဟုတ်ပါဘူး။

ကြယ်ဒင်္ဂါး၄၀၀၀၀လုံးကို သုံးလိုက်ရင်တောင် သူ့နှလုံးသားက နာကျင်မှာမဟုတ်ပါဘူး။

ဖုန့်လင်းက တိကျတဲ့ခံယူချက်တွေရှိနေတဲ့လူတစ်ယောက်ပါ။ သူ တစ်ခါဆုံးဖြတ်လိုက်တာနဲ့ ခဏလေးတောင် တုံ့ဆိုင်းနေမှာမဟုတ်ပါဘူး။

နောက်တော့ သူ နောက်တစ်ကြိမ်စျေးခေါ်လိုက်သည်။

“ ကြယ်ဒင်္ဂါး ၂၀၁၀၀ ”

All Chapters