← Chapters

အောင်မြင်စွာရရှိခြင်း

Vol. 3 Ch. 34

အောင်မြင်စွာရရှိခြင်း

Vol. 3 Ch. 34

ကြယ်ဒင်္ဂါး၂၀၁၀၀....ဒါက ၂၀၀၀၀ ထက် ကြယ်ဒင်္ဂါးတစ်ရာပိုနေတာပါ။

ဒါပေမယ့် သက်ရောက်မှုက အံ့သြစရာကောင်းလောက်အောင် ကောင်းနေပါတယ်။

အွန်လိုင်းလေလံပွဲထဲက ဖွင့်ထားတဲ့ ကိုယ်ပိုင်အိုင်ဒီနံပါတ်တွေ နောက်တစ်ကြိမ် တိတ်ဆိတ်သွားတာပါ။

အားလုံးကလည်း နောက်ကဂဏန်းလေးရဲ့ အဓိပ္ပါယ်ကို နားလည်နေကြပါတယ်။ ဒီလူက ဘယ်လောက်ကုန်ကုန် စျေးပေးမယ့်လူပါ။

ခဏတာ တိတ်ဆိတ်လို့သွားသည်။

.......

ဖုန့်လင်း စိတ်ရှည်လက်ရှည်စောင့်နေခဲ့ပါပြီ။ တစ်ယောက်ယောက်ကသာ တကယ်လိုချင်နေရင် ဒီကြယ်ဒင်္ဂါးတစ်ရာကြောင့် ကြောက်နေမှာမဟုတ်ပါဘူး။

မျှော်လင့်ထားတဲ့အတိုင်း အကြားကြီးမစောင့်လိုက်ရပဲ တစ်ယောက်ယောက်က ဆက်ပြီး စျေးပေးလာပါပြီ။

“ ကြယ်ဒင်္ဂါး ၂၂၀၀၀ ”

ဒီလူက ကြယ်ဒင်္ဂါး၂၀၀၀နီးပါးကို တစ်ခါတည်းနဲ့စျေးတိုးပေးပြီး သူဘယ်လောက်ချမ်းသာလဲကြွားနေတာပါ။

“ ၂၃၀၀၀ ”

နောက်တစ်ယောက်ကလည်း ၁၀၀၀တိုးပေးလာပါပြီ။

ထို့နောက် စျေးပိုမပေးကြတော့ပါဘူး။

အဆုံးမှာတော့ မျိုးဗီဇသုတေသနပညာရှင်တစ်ယောက်ရဲ့မှတ်စုတွေကို ကြယ်ဒင်္ဂါး၂၀၀၀၀ထက်ပိုပြီးပေးမည့်သူက အများကြီးရှိမနေပါဘူး။

ဖုန့်လင်းနဲ့ တခြားနှစ်ယောက်သာ

အွန်လိုင်းလေလံပွဲထဲမှာ ပြိုင်ဆိုင်နေကြတာပါ။

သူရဲ့ဗျူဟာက အလုပ်ဖြစ်တာ ထင်ရှားပါတယ်။

သိုသော် တစ်ခြား အိုင်ဒီနှစ်ခုကလည်း အတော်ဇွဲကောင်းနေကြကာ စျေးထပ်တိုးနေကြပါတယ်။ မကြာမီမှာပဲ စျေးက ၂၅၀၀၀ထိ မြင့်သွားပါပြီ။

ဖုန့်လင်း သူဝင်လှုပ်ရှားရမယ့် အချိန်ပဲဆိုတာကို သိလိုက်ပါတယ်။ သူ စျေးထပ်ခေါ်လိုက်သည်။

“ ကြယ်ဒင်္ဂါး၂၅၁၀၀ ”

သူ ကြယ်ဒင်္ဂါးတစ်ရာထပ်တိုးရင်း သူလှည့်ကွက်ကိုပဲ ပြန်သုံးလိုက်ပါတယ်။

သို့ပေမယ့် လူနှစ်ယောက်က သူ့လှည့်ကွက်ကိုကျော်မြင်နေပြီး ဇွဲနပဲကောင်းကောင်းနဲ့ စျေးထပ်မြှင့်လိုက်ပါတယ်။ ကြယ်ဒင်္ဂါးလေးတစ်ရာလောက်တိုးလာယုံနဲ့ သူတို့ လက်လျှော့သွားမှာမဟုတ်ပါဘူး။

“ ကြယ်ဒင်္ဂါး ၂၆၀၀၀ ”

“ ၂၇၀၀၀ ”

“ ၂၇၅၀၀ ”

“ ၂၈၀၀၀ ”

…

မကြာခင်မှာပဲ စျေးက တစ်စထက်တစ်စပိုတိုးလာပြီး ကြယ်ဒင်္ဂါး ၂၈၀၀၀ ထိရောက်လာပါပြီ။

ဘေးမှာရှိနေတဲ့ ပုံရိပ်ယောင်လက်ထောက်မလေးက ဘာဖြစ်နေတာလဲဆိုတာနားမလည်ဟန်နဲ့ မျက်လုံးကိုပြူးပြီးကြည့်နေပါတယ်။ ဒီပစ္စည်းရဲ့စျေးက သူမရဲ့ခန့်မှန်းထားမှုတွေကို ကျော်လွန်နေပါပြီ။

ဒါက မျိုးဗီဇသုတေသနပညာရှင်ရဲ့မှတ်စုလေးပဲမလား။ ဒါကဒီလောက်စျေးမြင့်မြင့် ရနိုင်လို့လား။

သူမရဲ့ အစောက အကြုံပြုချက်က အသုံးမဝင်တာပိုမြင်တော့ သူမရဲ့မျက်လုံးများတွင် အချက်အလက်များဖြတ်ပြေးသွားပြီး လက်ရှိအခြေအနေကို တွက်ချက်ဖို့ကြိုးစားလိုက်ပါပြီ။

ဖုန့်လင်းကတော့ ဘာကိုမှ ဂရုမစိုက်ပါဘူး။

အနည်းငယ်စောင့်ကြည့်ပြီးနောက်မှာ သူ့ပြိုင်ဘက်တွေရဲ့ စျေးပေးတဲ့နှုန်းက နည်းလာတာကို သတိထားမိလိုက်ပါပြီ။ စျေးက သူတို့ရဲ့အကန့်အသတ်ကိုရောက်နေတာထင်ရှားပါတယ်။

သူသာစျေးမြှင့်နိုင်ရင် သူတို့က လက်လျှော့လိုက်တော့မှာပါ။

လေလံစျေးတိုးလာတာက နှေးကွေးလာပါပြီ။ ဒါပေမယ့် နှေးလာတာတောင် ကြယ်ဒင်္ဂါး ၃၀၀၀၀ အထိရောက်နေဆဲပါ။

“ ကြယ်ဒင်္ဂါး၃၀၀၀၀ တစ်ကြိမ် ”

“ နှစ်ကြိမ် ”

အိုင်ဒီတစ်တစ်ခုသာကျန်ခဲ့ပြီး များများစားစားတောင် စျေးမမြှင့်တော့ပါဘူး။

ထိုခဏလေးမှာပဲ ဖုန့်လင်း လေလံစျေးအလယ်ထဲကို နောက်တစ်ကြိမ်ခုန်ဝင်လိုက်ပါပြီ။

“ ကြယ်ဒင်္ဂါး၃၀၁၀၀ ”

နောက်ထပ်ကြယ်ဒင်္ဂါးတစ်ရာထပ်တိုးပြန်ပြီလား။

အွန်လိုင်းလေလံပွဲက သူ့ရဲ့အချိန်ကိုက်စျေးမြှင့်ပေးလိုက်မှုကြီးကြောင့် လုံးဝတိတ်ဆိတ်သွားပြန်ပါပြီ။

နောက်ဆုံးကျန်တဲ့စျေးပြိုင်ပေးတဲ့လူက တစ်စိမ့်စိမ့်တွေးတောပြီး နောက်တစ်ကြိမ် စျေးပြန်တင်လိုက်ပါပြီ။

“ ကြယ်ဒင်္ဂါး ၃၀၅၀၀ ”

ကြယ်ဒင်္ဂါး၅၀၀တည်းလား။ ကြည့်ရတာ ဒီပြိုင်ဘက်က ဆက်တောင့်ခံမထားနိုင်တော့ဘူးပဲ။

ဖုန့်လင်း မကြာမီမှာပဲနိုင်တော့မယ်လို့ ခံစားလိုက်ရပြီး ပြုံလိုက်ပါပြီ။

သူအတွက်ကတော့ လက်လျှော့ပြီး ရပ်လိုက်ဖို့မဖြစ်နိုင်တော့ပါဘူး။

“ ကြယ်ဒင်္ဂါး ၃၀၆၀၀ ”

နောက်ထပ်ကြယ်ဒင်္ဂါးတစ်ရာနဲ့ အဲဒီမှတ်စုတွေကို မရ ရအောင်အိမ်ပြန်သယ်သွားမယ့်ပုံကို ထုတ်ဖော်ပြလိုက်ပါပြီ။

အကြောင်းတစ်ချို့ကြောင့် စျေးက သူ့အကန့်အသတ်ကိုရောက်နေပါပြီ။ ဒါတောင် စျေးပြိုင်ပေးတဲ့ စစ်ပွဲမှာ နောက်ဆုံးလူကခေါင်းမာနေဆဲပါ။

“ ၃၁၀၀၀ ”

အကြိမ်တိုင်းလိုလို ထိုလူက ကြယ်ဒင်္ဂါး၅၀၀တိုးနေပါတယ်။

တစ်ဖက်မှာတော့ ဖုန့်လင်းက သူ့ဆုံးဖြတ်ချက်ကို ကြယ်ဒင်္ဂါးတစ်ရာနဲ့ပြနေတာပါ။

သူတို့နှစ်ယောက်က တစ်ဖက်ဖက် မရှုံးမချင်း ဆက်ပြီးတိုက်ခိုက်နေကြဦးမှာပါ။ လေလံစျေးတွေကလည်း တုန်လှုပ်ဖွယ်ရာထိတိုးလာနေပါတယ်။

တစ်ဖက်မှာ ပုံရိပ်ယောင်လက်ထောက်ကတော့ မိန်းမောနေပါတယ်။ ဒီရူးကြောင်ကြောင်အပြုအမူတွေကို သူမ မတွက်ချက်နိုင်ပါဘူး။

လေလံစျေးက တစ်စထက်တစ်စဆက်တိုးလာနေပြီး ကြယ်ဒင်္ဂါး၃၅၀၀၀ထိရောက်လာပါပြီ။

သို့ပေမယ့် ဖုန့်လင်းရဲ့စိတ်ရှည်မှုက အကန့်အသတ်ကို ရောက်နေပါပြီ။ သူဆက်စောင့်မနေချင်တော့ပါဘူး။

ဒီလိုကြီး ဘယ်ချိန်ထိဆက်သွားနေမှာလဲကွာ။

တိုက်ပွဲဖြစ်နေတာအတော်ကြာပြီးနောက်မှာ သူ့ပြိုင်ဘက်ကလဲ သုတေသနမှတ်စုတွေကိုရဖို့ဆုံးဖြတ်ထားတာကို ပြောနိုင်ပါတယ်။

တဖြည်းဖြည်းချင်း စျေးတိုးပေးနေကြပြီးတော့ တစ်ယောက်အကန့်အသတ်တစ်ယောက်စမ်းနေကြတာပါ။

ဖုန့်လင်းဆက်သွားနေဖို့ ရည်ရွယ်ချက်မရှိတော့ပါဘူး။ သူ သူ့လက်ကိုထောင်လိုက်ဖို့ အသင့်ဖြစ်နေပါပြီ။

“ ကြယ်ဒင်္ဂါး၄၀၀၀၀ ”

သူ့ပိုက်ဆံတွေအားလုံးကို ပုံအောလိုက်ပါပြီ။ ဒါနဲ့တောင်မနိုင်ရင် သူ့ကိုယ်သူကံမကောင်းတဲ့အတွက်ပဲ အပြစ်တင်နိုင်ပါတော့မယ်။

ကံကောင်းစွာနဲ့ အချိန်တွေကဆက်သွားနေပြီး သူပြိုင်ဘက်က စျေးဆက်မတိုးဘဲ တိတ်ဆိတ်သွားခဲ့ပါပြီ။

“ ကြယ်ဒင်္ဂါး၄၀၀၀၀ တစ်ကြိမ် ”

“ နှစ်ကြိမ် ”

“ သုံးကြိမ်....ရောင်းထွက်သွားပါပြီ...”

သုံးကြိမ်ခေါ်လိုက်ပြီးနောက် ခေါင်းလောင်းသံက မြည်ဟီးလာသည်။ ဖုန့်လင်း သုတေသနပညာရှင်ရဲ့မှတ်စုကို အနိုင်ရဖို့ စျေးမြှင့်နေတာပါ။

စိတ်သက်သာရာရစွာနဲ့ သူသက်ပြင်းချလိုက်ပါတယ်။ သူလက်လွှတ်လိုက်ရဖို့ နီးကပ်နေပါပြီ။

ထိုလူသာ ဆက်စျေးပေးနေပါက သူ ယဒီပစ္စည်းကို တကယ်လက်လွှတ်လိုက်ရတော့မှာပါ။

ကျေးဇူးတင်ရမှာက အခြေအနေတွေက အကောင်းဘက်ရောက်သွားခဲ့တယ်လေ။ သူစျေးအကြီးကြီးပေးလိုက်ရပေမယ့် ဖုန့်လင်း နောင်တမရခဲ့ပါဘူး။

မှတ်စုတွေရဲ့တန်ဖိုးပိုကြီးလေလေ.... စိတ်လှုပ်ရှားမှုနဲ့ မျှော်လင့်မှုတွေကို ပိုများများခံစားရလေလေပါ။

မျိုးဗီဇသုတေသနပညာရှင်ရဲ့မှတ်စုလေးတွေတောင် ဒီလောက်တန်ဖိုးကြီးနေရင်.....မျိုးဗီဇပညာရှင်အလုပ်က အလားအလာအကြီးကြီးနဲ့အလုပ်တစ်ခုဖြစ်မှာ အသေအချာပါပဲ။ သူ မှန်ကန်တဲ့ရွေးချယ်မှုတစ်ခုကိုလုပ်ခဲ့တာပါ။

“ တောင်းပန်ပါတယ်။ ကျွန်မရဲ့နည်းလည်းက အသုံးမဝင်ဘဲ ရှင့်ကို ကြယ်ဒင်္ဂါးတွေပိုကုန်အောင်လုပ်မိသွားတယ်။ ”

ပုံရိပ်ယောင်လက်ထောက်မလေးက နောင်တရနေပုံပေါ်ကာ လျှောက်လာခဲ့ပါတယ်။

ဖုန့်လင်း သူ့ခေါင်းကိုခါလိုက်ပြီး

“ ဒါ မင်းအပြစ်မဟုတ်ပါဘူး ”

ရိုးရိုးသားသားပြောရရင် ဒီနည်းလမ်းက ထိရောက်နေဆဲပါပဲ။ ပွဲဖျက်နေတဲ့လူတွေကို တန့်သွားအောင်လုပ်နိုင်ခဲ့တယ်လေ။

ဒါက ဖုန့်လင်း ကံမကောင်းလို့ မှတ်စုတွေပေါ်မှာ အကြီးကြီးစိတ်ဝင်စားနေတဲ့သွားတိုးမိတာပါ။ ပိုက်ဆံပိုရှိတဲ့လူနဲ့သာဆိုရင် ဘယ်ဗျူဟာမှအသုံးဝင်မှာမဟုတ်ပါဘူး။

ကံကောင်းချင်တော့ ဖုန့်လင်း အဆုံးမှာရယ်နိုင်ခဲ့တယ်လေ။

ဖြစ်စဉ်တစ်ခုလုံးက မသေချာမရေရာဖြစ်နေပေမယ့်လည်း ရလဒ်ကတော့ ကျေနပ်စရာပါပဲ။

ဒီပစ္စည်းကိုရလိုက်သလို ကြယ်ဒင်္ဂါး ၁၀၀၀၀၀ကိုလည်း သုံးခဲ့ပြီးပါပြီ။

ဒါကပထမဦးဆုံးအကြိမ် ငွေကို လက်ဖွာစွာသုံးခဲ့တာပါ။ လန်းဆန်းပြီးတော့ပျော်ရွှင်ရတဲ့ခံစားချက်မျိုးပါပဲ။

သူ့မိဘတွေအတွက်တောင် တစ်ပြားမှမကျန်ခဲ့ပါဘူး။ သူ့အခြေအနေအရလဲ ပေးလိုက်မိပါက သူ ဘယ်ကရလာလဲ ရှင်းပြဖို့ခက်ခဲသလို သူ့အတွက် စိတ်ပူစရာတွေပဲတွေးနေကြမှာပါ။

ဒုတိယအနေနဲ့ မျိုးနွယ်စုက မေးခွန်းတွေ မေးမှာကိုမခံချင်တဲ့အတွက်ပါ။ ဒါကပဲ ပိုက်ဆံတွေအားလုံးအပြောင်ရှင်းချင်တဲ့အချက်ပါ။

ဖုန့်လင်း လက်ရှိမှာ ပြဿနာတစ်ခုမှ

မတက်ချင်သေးပါဘူး။ သူ့ရဲ့ လွတ်လပ်မှုကို မမြင်ရတဲ့ကြိုးတွေနဲ့ချည်နှောင်ထားတာကို ခံစားမိနိုင်ပါတယ်။ ရွေးချယ်စရာမရှိတဲ့အတွက် သူသန်မာလာတဲ့အချိန်မှသာ အဲ့ဒီကြိုးတွေကို ဖျက်ပစ်ရပါလိမ့်မယ်။

“ လေးစားရပါသောဧည့်သည်တော်....အနာဂါတ်မှာလဲလာရောက်လည်ပတ်ပါဦးရှင့် ”

ပုံရိပ်ယောင်လက်ထောက်က ကိုယ်ကိုကိုင်းညွှတ်ကာ နှုတ်ဆက်လိုက်ပါတယ်။ ဖုန့်လင်းကတော့ အဲ့ဒီနေရာမှထွက်လာပြီး အိမ်ကိုဦးတည်လိုက်ပါတော့တယ်။

All Chapters