← Chapters

ဇီဝပစ္စည်းများ၏မှတ်စုများ

Vol. 3 Ch. 35

ဇီဝပစ္စည်းများ၏မှတ်စုများ

Vol. 3 Ch. 35

ပုလင်းတစ်ခုချင်းစီတိုင်းမှာ ပါဝင်နေတဲ့ အရည်ပမာဏကမများပါဘူး။

အဲ့တာကြောင့် ၄၁ ပုလင်းက အိတ်သေးသေးလေးတစ်လုံးစာပဲရှိပါတယ်။

ဖုန့်လင်း သူ့အပေါ်ကို ဘာအာရုံစိုက်မှုတွေမှ မရစေပဲ အောင်အောင်မြင်မြင်နဲ့ သယ်လာနိုင်ခဲ့ပါတယ်။

သူ အိမ်ကိုရောက်လာတော့ ညဥ့်ကအတော်လေးနက်နေပါပြီ။

ဖုန့်လင်းရဲ့မိဘတွေက တစ်နေ့လုံးလိုလို အလုပ်များနေတဲ့အတွက်ကြောင့် သူ့ညီလေး၊ညီမလေးနှစ်ယောက်နဲ့အတူတူ အိပ်ရာဝင်သွားကြပါပြီ။

ဖုန့်လင်း သူတို့ကို အထိတ်တလန့်မဖြစ်အောင် ဖြည်းညင်းစွာနဲ့ လှုပ်ရှားလိုက်ပြီး သူရဲ့မှောင်မိုက်နေတဲ့ အခန်းကို တိတ်တဆိတ် ပြန်သွားလိုက်ပါတယ်။ ခဏလောက်နားနေပြီးနောက် သူ အသက်ဆေးရည်တွေကို ချက်ချင်းမသောက်လိုက်ပါဘူး။

ဘာလို့လဲဆို သူစောစောကသောက်ထားတဲ့ အစိမ်းရောင်နတ်ဘုရားအမျိုးအစား-၃အာဟာရဆေးဝါးကြောင့်ပါ။

အာဟာရဓာတ်တွေ အများကြီးသုံးစွဲလိုက်တာက သူ့ရဲ့အစာခြေဖျက်စနစ်တွက် ဆိုးဝါးသွားစေနိုင်ပါတယ်။

အဲ့ဒီအစား မျိုးဗီဇသုတေသနပညာရှင်ရဲ့ မှတ်စုတွေကို ဖွင့်ပြီး ဖတ်လိုက်ပါတယ်။

ဒါက ကြယ်တာရာခေတ်မှာဖြစ်နေတဲ့အတွက် ခေတ်နောက်ကျနေတဲ့လက်ရေးမှတ်စုတွေဖြစ်နေမှာ မဟုတ်တာကတော့သေချာပေါက်ပါပဲ။ အဲ့ဒီအစား မိုက်ခရိုချစ်ပ်တစ်ခုထဲမှာ မှတ်တမ်းတင် သိမ်းဆည်းထားပါတယ်။

မိုက်ခရိုချစ်ပ်လေးက အလင်းရောင်တွေတောက်ပလာပြီး သုံးဖက်မြင်ပုံရိပ်တစ်ခု ထွက်ပေါ်လာပါတယ်။ ဝတ်ရုံဖြူဝတ်ဆင်ထားတဲ့ လူတစ်ယောက်က ဓာတုဗေဒစမ်းသပ်ခန်းလိုအခန်းတစ်ခုထဲမှာ ရပ်နေတာပါ။ သူက တစ်ခုခုကို ပေါင်းစပ်ရောနှောဖို့ ကြိုးစားနေတဲ့အလား စမ်းသပ်ဖန်ပြွန်တစ်ခုကို သူ့လက်တွေထဲမှာ ကိုင်ထားတာပါ။

သွေးနီရောင်အရည်က ချော်ရည်လို ပွက်ပွက်ဆူနေတဲ့အရာတစ်ခုနဲ့ ရောနှောသွားပါပြီ။

ဘွမ်း...

ရုတ်ချည်းဆိုသလို ပေါက်ကွဲမှုတစ်ခုက ထွက်ပေါ်လာပါတယ်။ စမ်းသပ်ဖန်ပြွန်တွေ စိစိညက်ညက်ကြေသွားတဲ့အထိ ပေါက်ကွဲသွားရအောင် ဘာတွေမှားသွားတာလဲဆိုတာ ဘယ်သူမှမသိပါဘူး။

ဝတ်ရုံဖြူနဲ့လူက ဒါကိုတွေးထားပြီးဖြစ်ပုံရပြီး ဒဏ်ရာမရအောင် သွက်သွက်လက်လက်နဲ့ ရှောင်လိုက်ပါတယ်။

ဒါပေမယ့် သူ့မျက်နှာထက်က စိတ်ပျက်မှုကိုတော့ ဖုံးကွယ်မထားနိုင်ခဲ့ပါဘူး။ သူက ကင်မရာကိုကြည့်လိုက်ပြီး ဖြည်းညင်းစွာဖြင့်.....

“ ဒီကနေ့က အေစီ ၉၉၈၂ ခုနှစ် မတ်လ ၁၇ ရက်နေ့ပါ။ သွေးဆူပွက်ခြင်း အာဟာရဆေးဝါးဖော်စပ်မှုက ကျရှုံးသွားပြန်ပါပြီ။ အကြိမ်တစ်ရာဖြစ်

မလား အကြိမ်သုံးရာလား အကြိမ်တစ်ထောင်လား။ ကျွန်တော်ဘယ်လောက် ကျရှုံးပြီးပြီလဲဆိုတာ ကျွန်တော်တောင်မမှတ်မိတော့ပါဘူး။ ကျွန်တော်လည်း ကြုံရတာများတော့ ထုံနေပါပြီ။ ဒါပေမယ့် ကျွန်တော်ကတော့ဆက်ကြိုးစားနေရဦးမှာပါပဲ။ ဒီသွေးဆူပွက်ခြင်း အာဟာရဆေးရည်ကို အောင်အောင်မြင်မြင်ဖော်စပ်နိုင်ပြီးဆိုရင် ကျွန်တော် မျိုးဗီဇပညာရှင်တစ်ယောက်ဖြစ်လာနိုင်ပါပြီ။ ဒါကကျွန်တော့်ရဲ့အိပ်မက်တစ်ခုပါ။ ဒါကြောင့် လက်လျှော့မပစ်နိုင်ပါဘူး။ ”

ဒီလူက ရှင်းလင်းပြောပြနေရင်းနဲ့ အလုပ်တွေရှုပ်လာပါပြီ။ သူက အနီရောင်ဆေးဝါးကို ဆက်ရောနှောနေပြီး အကြိမ်ကြိမ် ကျရှုံးနေပါတယ်။ ဒါပေ

မယ့် သူ လက်လျှော့ဖို့ ဆန္ဒမရှိခဲ့ပါဘူး။

မြင်ကွင်းတွေက ဆက်လက် ပြသနေဆဲပါ။ အကုန်လုံးက သူ့ရဲ့မျိုးဗီဇသုတေသနတွေပါ။

ဖုန့်လင်းက အလေးအနက် ကြည့်နေပြီး မျိုးဗီဇပညာရှင်တွေအကြောင်းနဲ့ ပတ်သတ်တဲ့ အခြေအနေအကျဉ်းချုပ်အချို့အကြောင်းကို သိလိုက်ရပါတယ်။

မျိုးဗီဇပညာရှင်တွေအနေနဲ့ မျိုးဗီဇသီအိုရီတွေအပေါ်ကို နက်နက်နဲနဲစူးစမ်းလေ့လာရပါတယ်။ သူတို့က အဲ့တာတွေကို နယ်ပယ်အမျိုးမျိုးမှာ ခွဲထွက်နိုင်တဲ့ မျိုးဗီဇကျင့်ကြံခြင်းအရင်းအမြစ်တွေ ဖန်တီးဖို့အတွက် အခြေခံအနေနဲ့သုံးကြပါတယ်။

တချို့သောမျိုးဗီဇပညာရှင်တွေက ကျင့်ကြံခြင်းကို အထောက်အပံ့ပေးတဲ့ဆေးဝါးတွေ ရောနှောဖော်စပ်တဲ့ နယ်ပယ်မှာအထူးပြုကြပြီး သူတို့ကို မျိုးဗီဇဆေးဝါးရောင်းချသူတွေလို့ သိကြပါတယ်။ သူတို့ရဲ့စွမ်းအားတွေ ထုတ်လွှတ်ဖို့ လူသားမျိုးဗီဇတွေနဲ့ ပေါင်းစပ်ပြီး မျိုးဗီဇဝတ်စုံတွေ ဖန်တီးတဲ့လူတွေကိုတော့ မျိုးဗီဇချပ်ဝတ်လုပ်သူတွေလို့ သိကြပါတယ်။

သူတို့အားလုံးတို့က မျိုးဗီဇပညာရှင်တွေဖြစ်နေကြပေမဲ့ နယ်ပယ်တွေရဲ့ကွဲပြားမှုတွေက ကြီးမားလွန်းပါတယ်။

ဒီလူက အိုက်ရော့စ် လင်ကိုးလ် လို့ခေါ်ပါတယ်။ သူက မျိုးဗီဇဆေးဝါး နယ်ပယ်မှာ သုတေသနပြုသုတစ်ယောက်ဖြစ်ပြီး သူ့ရဲ့အထူးပြုမှုက ရောနှောဖော်စပ်ခြင်းပါ။

ဆေးဝါးတွေ၊ ရတနာတွေ၊ မျိုးဗီဇဝတ်စုံတွေ၊ သိုင်းပညာတွေ.... အဲ့ဒီကျင့်ကြံခြင်းအရင်းအမြစ်တွေအားလုံးကို အလွှာအမျိုးမျိုးခွဲခြားထားပြီး အဆင့်နိမ့်အလွှာ အလယ်အလတ်အဆင့်အလွှာ၊ အဆင့်မြင့်အလွှာ နဲ့ အထွတ်အထိပ်အလွှာဟူ၍ဖြစ်ပါတယ်။

အဆင့်နိမ့်အလွှာဆေးဝါးကို ဖော်စပ်နိုင်သူတစ်ယောက်ကိုသာ အစစ်အမှန်မျိုးဗီဇပညာရှင်လို့ သတ်မှတ်လို့ရမှာပဲဖြစ်ပါတယ်။ သွေးဆူပွက်ခြင်းဆေးဝါးကလည်း အဆင့်နိမ့်အလွှာ ဆေးဝါးတစ်ခုဖြစ်ပါတယ်။

ဆေးကိုသုံးပြီးနောက်မှာ အသုံးပြုသူရဲ့သွေးတွေက ဆူပွက်လာပြီး ဆေးဝါးသက်ရောက်မှုက ထိုလူရဲ့မျိုးဗီဇစွမ်းရည်ကို နှိုးဆွလိုက်ကာ တိုက်ပွဲစွမ်းရည် ၅၀%ထိ တိုးပြီးဖော်ထုတ်လာနိုင်မှာဖြစ်ပါတယ်။

ပြဿနာက ဆေးသက်ရောက်မှုက တစ်နာရီပဲ ခံပါတယ်။ အဲ့ဒီနောက်မှာတော့ ထိုလူရဲ့ အဓိကစွမ်းအင်နဲ့သွေးတော်တော်များများကို ဆုံးရှုံးသွားစေပြီး အားနည်းနေတဲ့အခြေအနေမျိုး

တစ်လလောက် ဖြစ်သွားမှာပါ။ ဒါက သေရေးရှင်ရေးလို အတိမ်းအစောင်း

မခံတဲ့အခြေအနေမဟုတ်ရင် မသုံးသင့်ပါဘူး။

သို့သော် သွေးဆူပွက်ခြင်းဆေးရည်အတွက် ကျင့်ကြံသူတွေအကြားမှ ဝယ်လိုအားသည် ရောင်းလိုအားထက်မြင့်မားလို့နေသည်။

ဒီလိုဆေးမျိုးနဲ့ဆိုရင် ဒါရှိနေတဲ့လူတစ်ယောက်က အသက်အပိုတစ်ချောင်းရှိနေတဲ့အတိုင်းပါ။ ဘယ်သူကမလိုချင်ပဲနေမှာလဲ။

ဖုန့်လင်းဝယ်လာခဲ့တဲ့ အသက်ဆေးရည်က ဘယ်အဆင့်မှမရှိတဲ့ ဆေးရည်တစ်မျိုးပါ။ ဒါက နတ်ဘုရားသွေးလို့ခေါ်တဲ့ အလယ်အလတ်အဆင့်ဆေးဝါးတစ်မျိုးရဲ့ အကြွင်းအကျန်လေးတစ်ခုပါပဲ။

တခြားတစ်ဖက်မှာ ဖုန့်လင်းကတော့ မျိုးဗီဇပညာရှင်ဖြစ်ချင်တဲ့ သူ့အတွေးတွေ ပိုပြီးတိုးလာပါပြီ။

အကြွင်းအကျန်လေးတစ်ခုကတောင် ဒီလောက်တန်ဖိုးကြီးမားနေတာပါ။ အစစ်အမှန်မျိုးဗီဇဆေးဝါးတွေသာဆို ဒါက စိတ်ကူးကြည့်လို့တောင်မရနိုင်ပါဘူး။

ဒီမှတ်စုတွေထဲမှာ အကြောင်းအရာတွေအများကြီးပါပေမယ့် သွေးဆူပွက်ခြင်း ဆေးရည်၊ ကြံ့ခိုင်မှုဆေးရည် နဲ့ အသွင်ပြောင်းဆေးရည် စတဲ့ သုံးမျိုးကပဲတန်ဖိုးအကြီးဆုံးပါ။

အဲ့ဒီမျိုးဗီဇဆေးဝါးတွေအတွက် လိုအပ်တဲ့ ပစ္စည်းကိရိယာတွေနဲ့ ပါဝင်ပစ္စည်းတွေအားလုံးက စျေးကြီးလွန်းပါတယ်။ ဖုန့်လင်း တတ်နိုင်တဲ့ဟာရယ်ဆိုလို့ တစ်ခုမှမရှိပါဘူး။

လက်ရှိ ဖုန့်လင်းရဲ့အဖြစ်က ဘဏ္ဍာတိုက်ကြီးရှိနေပြီး ဝင်လို့မရတဲ့အလားပါပဲ။ ဝမ်းနည်းနေယုံပဲတက်နိုင်ပါတယ်။

အဲ့ဒီနောက်မှာ ဇီဝပစ္စည်းမှတ်စုတွေကို ကြည့်လိုက်ပြီး အထဲမှာ အရမ်းအသုံးဝင်တဲ့အရာတစ်ခုကို တွေ့လိုက်ပါတယ်။

ဒါက အသက်ဆေးရည်ကို သုံးစွဲဖို့ အဓိကအချက်ပါ။

သာမန်လူတွေက သူတို့ရဲ့ခန္ဓာကိုယ်တွေ ပေါက်ကွဲသွားနိုင်တာကြောင့် အသက်ဆေးရည်ကိုသုံးစွဲလို့မရပါဘူး။ သို့ပေယ့် ဒါက လုံးဝမှန်တာတော့မဟုတ်ပါဘူး။ ဆေးရည်ကို ရေရောလိုက်ရင်တော့ သာမန်လူတွေလည်း သုံးလို့ရပါတယ်။

သို့သော် အသက်ဆေးရည်က ရေရောရတာမဟုတ်ပဲ အဟာရဖျော်ရည်ရောရတာပါ။

အာဟာရဖျော်ရည်တွေက အသက်ဆေးရည်ကို ရိုးရှင်းအောင်ပြုပြင်ထားတဲ့ အရာတစ်ခုပါ။ ဒါက ပုံမှန်အရာနဲ့ ပြီးပြည့်စုံမှုကိုပေါင်းစပ်ထားခြင်းပါပဲ။

အသက်ဆေးရည်ကို အာဟာရဖျော်ရည်နဲ့ လုံလုံလောက်လောက်

ရောလိုက်တာနဲ့ သာမန်လူတွေလဲသောက်သုံးနိုင်ပါပြီ။

ဒါပေမယ့် ဆေးရည်ကို အနည်းဆုံး အလယ်အလက်အဆင့်အာဟာရဖျော်ရည်နဲ့ရောနှောမှရမှာပါ။ စဦး

အဆင့်အာဟာရဖျော်ရည်တွေက အရည်သွေးနိမ့်ကျလွန်းပြီး မသန့်စင်မှုများလွန်းပါတယ်။ တကယ်လို့ အဲ့ဒီနှစ်ခုသာရောလိုက်ရင်တော့ ပြောရခက်တဲ့ ဓာတ်ပြုမှုတွေဖြစ်လာမှာပါ။ သူ ဒါမှမဟုတ် သူမကိုယ်တိုင်ကို ထိခိုက်သွားစေနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေတောင်ဖြစ်လာနိုင်ပါတယ်။

“ ဟမ်.. ”

ဖုန့်လင်း ရုတ်တရက် ကလော့တ်တို့ဆီကနေ ကြယ်ဒင်္ဂါးတစ်သိန်းအပြင် အာဟာရဖျော်ရည်ပုလင်းနှစ်ဆယ်ပါ

ရလိုက်တာကို သတိရသွားသည်။ သူအဲ့ဒါဟာတွေနဲ့ စမ်းသပ်ကြည့်လို့ရနိုင်တယ်လေ။

အလယ်အလတ်အာဟာရဖျော်ရည်တစ်ပုလင်းယူလိုက်ပြီး အဖုံးကိုဖွင့်လိုက်တဲ့အခါ ရနံ့လေးတစ်ခုက ထွက်ပေါ်လာပါတယ်။ အသီးအရွက်တွေနဲ့သစ်သီးတွေရဲ့ အနံ့က စားချင်စိတ်ကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။

အဲ့ဒီနောက်မှာ သူ အသက်ဆေးရည်တစ်ပုလင်းကို ဂရုတစိုက်ယူလိုက်ပါတယ်။ ဆေးရည်က ပယင်းရောင်ဖြစ်နေပြီး ဂျယ်လီလို အခြေအနေမျိုးဖြစ်နေပါတယ်။ ဒါကအရမ်းထူးခြားနေပြီး သင်းပျံ့တဲ့ ရနံ့မွှေးမွှေးလေးကို ထုတ်လွှတ်လိုက်ပါတယ်။

အနံ့အသက်လေးတစ်ခုထဲကတင်ပဲ

ဖုန့်လင်းကို သူရဲ့ အဓိကမရီးဒျန်းရှစ်ခုလုံး ရှင်းလင်းသွားစေသလိုခံစားလိုက်ရပါတယ်။ သူ့ရဲ့ အတွင်းရော အပြင်ရောက မရီးဒျန်းအမှတ်တွေအားလုံး ရှင်းလင်းသွားပုံရပါတယ်။

သူ အသက်ဆေးရည်ကို အာဟာရဖျော်ရည်ထဲ ဂရုတစိုက်နဲ့ တစ်စက်ပြီးတစ်စက်လောင်းထည့်လိုက်ပါပြီ။

သူတို့နှစ်ခုက နို့နဲ့ရေလို လိုက်ဖက်စွာနဲ့ ပြီးပြည့်စုံစုံပေါင်းစပ်သွားကြပါတယ်။

“ ဒါ တစ်ကယ်ထိရောက်တယ်ဟ ”

ဖုန့်လင်း အူမြူးသွားပြီး သောက်လိုက်ပါပြီ။

အာဟာရဖျော်ရည်က ခန္ဓာကိုယ်အတွင်းဝင်ရောက်သွားတဲ့အချိန်က

စပြီး သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို ချောင်ကြိုချောင်ကြားတွေပါ အပူလှိုင်းလုံးတွေဝင်ရောက်သွားသလိုဖြစ်သွားပါတယ်။

သူရဲ့ခန္ဓာကိုယ်ထဲက ဆဲလ်တစ်ခုချင်းစီတိုင်းက လူးလွန့်လှုပ်ရှားနေကြပြီး ခြောက်သွေ့နေတဲ့ ကန္တာရအတွင်းမှာ ရှားပါးတဲ့မိုးပြင်းရွာချတာကို ကြုံလိုက်ရတဲ့အလား ရူးသွပ်စွာ စားသုံးစုပ်ယူနေကြပါတယ်။

ဒီခံစားချက်က မဆိုးပါဘူး။

ဖုန့်လင်း ဖြစ်နိုင်ရင် ဒီထက်ပိုပြီး လိုချင်နေပါသေးတယ်။ အဲ့တာထက် ပိုပြီးထူးခြားတာတော့ မရှိပါဘူး။

ဖုန့်လင်း သူ့ခေါင်းကို ခါလိုက်သည်။ အာဟာရဖျော်ရည်ရဲ့သက်ရောက်မှုက မဆိုးပေမယ့် သူ့အပေါ်မှာ အများကြီး မထိရောက်ပါဘူး။

အဆုံးမှာတော့ သူ့ရဲ့အသက်စွမ်းအင်က ၁.၉ရှိနေတယ်လေ။ အစောပိုင်းက သူ့ရဲ့အသက်စွမ်းအားတွေ အများကြီးအသုံးပြုထားရတဲ့အတွက် ပိုကောင်းတဲ့ အာဟာရဓာတ်စာတွေ လိုအပ်နေပါတယ်။

“ အဲ့မှာ ဘယ်သူလဲ ”

ရုတ်တရက် တစ်ခုခုက လွဲနေတယ်လို့ ခံစားလိုက်ရသည်။ တစ်ယောက်ယောက်က သူ့ကိုထောက်လှမ်းနေပုံရပါတယ်။ သူရဲ့

အကြည့်တွေက ချွန်ထက်တဲ့မြှားတွေလို စူးရှလို့သွားပါပြီ။

“ အား အား ”

ဖုန့်လင်းကို ကြောက်ရွံ့သွားတဲ့အလား စူးစူးရှရှနဲ့ငိုသံနှစ်ခုက ထွက်ပေါ်လာပါတယ်။ ညအိပ်ဝတ်စုံဝတ်ထားတဲ့ ပုံရိပ်သေးသေးနှစ်ခုက မြေပေါ်မှာ လဲကျနေကြပြီး အသက်တောင်ပြင်းပြင်းမရှူ ရဲကြပါဘူး။

ဖုန့်လင်း သေချာကြည့်လိုက်တော့

သူ့ညီဖုန့်ချန်နဲ့ ညီမဖုန့်ရှင်းဖြစ်တာ သိလိုက်ပါတယ်။ ( အစက ဖုန့်ချင်းလို့ရေးထားပြီး အခု ပြောင်းလိုက်ပြန့ပါပြီ)

သူ့အမူအရာကို ဖြေလျော့လိုက်ပြီး နွေးထွေးတဲ့အပြုံးလေးနဲ့

“ မင်းတို့နှစ်ယောက် ဒီကို ဘာလို့လာတာလဲကွ ”

ဖုန့်လင်းရဲ့ အကြည့်စူးစူးကြောင့် ကြောက်နေကြတဲ့ အသေးလေးနှစ်ယောက်က သူ့ကိုကြည့်ပြီး မပီမသနဲ့

“ သားတို့က ကောင်းတဲ့အနံ့တစ်ခုရလိုက်တာ... အဲ့တာနဲ့.... အဲ့တာနဲ့ သားတို့နိုးလာကြတာပါ ”

သူတို့ရဲ့ မျက်နှာတွေက အာဟာရချို့တဲ့မှုကြောင့် အဝါရောင်ပေါက်နေကြပါတယ်။ လက်ရှိမှာ သူတို့ရဲ့မျက်လုံးတွေက ဖုန့်လင်းရဲ့လက်ထဲက အလယ်အလတ်အဆင့်အာဟာရဖျော်ရည်ကို စိုက်ကြည့်နေကြပြီး ဂလုကနဲ့ တံတွေးမျိုချလိုက်ပါတယ်။

သူတို့က အာဟာဖျော်ရည်အနံ့ကြောင့် နိုးလာတာလား။

ဖုန့်လင်း သူတို့ကို ကြည့်ကာပြုံးလိုက်ပြီး လက်ယပ်ခေါ်လိုက်သည်။

သူ့ရဲ့ညီနဲ့ညီမနှစ်ယောက်က ဂရုတစိုက်နဲ့လျှောက်သွားလိုက်သည်။

ဖုန့်လင်း သူ့တို့ရဲ့ လက်ထဲကို အလယ်အလတ်အဆင့်အာဟာရဖျော်ရည်တစ်ပုလင်းစီထည့်ပေးလိုက်ပါတယ်။

“ ဒီမှာ ”

“ အဲ့တာတွေက သားတို့အတွက်လား ”

စားချင်စိတ်ပြင်းပြတဲ့အမူအရာတွေထွက်လာခဲ့ကြပြီး ကလေးနှစ်ယောက်က မယုံနိုင်ကြပါဘူး။ သူတို့တွေသောက်ချင်ပေမယ့်လည်း သူတို့ရဲ့ခေါင်းကို ခါလိုက်ကြပြီး သူ့လက်ထဲကို အင်တင်တင်နဲ့ပြန်ထည့်ပေးလိုက်ပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့က.....

“ ကိုကြီး...ကိုကြီးရော မသောက်တော့ဘူးလားဟင်။ ဒါက အလယ်အလက်အဆင့်အာဟာရဖျော်ရည်ကြီးလေ။

ကိုကြီးသာသောက်လိုက်ရင် အဆင့်ဖြတ်ကျော်နိုင်ပြီး ကောလိပ်စာမေးပွဲဖြေနိုင်သွားမှာပေါ့။ ”

နွေးထွေးတဲ့ခံစားချက်က ဖုန့်လင်းရဲ့နှလုံးသားထဲမှ မြင့်တက်လာခဲ့သည်။ သူ သူတို့ရဲ့ ဝါကျင့်ကျင့်ဆံပင်လေးတွေကို ပွတ်သပ်လိုက်တာနဲ့ မြက်တွေရဲ့ကြမ်းတမ်းတဲ့ခံစားချက်ကိုတောင် သတိရသွားပါသေးတယ်။ သူ ပြုံးလိုက်ပြီး.....

“ ကိုကြီးကသောက်ပြီးပြီလေ။ အဲ့တာကြောင့် မင်းတို့ သောက်လို့ရပါတယ်ကွ ”

“ တကယ်လား ”

သူတို့နှစ်ယောက်က ဖုန်းလင်ကို သံသယဖြစ်တဲ့ပုံနဲ့ ကြည့်လိုက်တယ်။

အဲ့တာကိုမြင်တော့ ဖုန့်လင်းခေါင်းညိတ်လိုက်ပါပြီ။ ဖုန့်ချန်နဲ့

ဖုန့်ရှင်းတို့ နှစ်ယောက်လုံးက ကလေးတွေပဲရှိသေးတာမို့ အစားအစာရဲ့ဆွဲဆောင်မှုကို မခုခံနိုင်ကြပါဘူး။ သူတို့က အာဟာရဖျော်ရည်တွေကို ယူလိုက်ကြပြီး ဖြည်းဖြည်းလေး သောက်နေကြပါတယ်။ သူတိုရဲ့မျက်နှာထက်မှာ ပျော်ရွှင်မှုနဲ့ ကျေနပ်တဲ့အပြုံးလေးတွေ ဖြစ်ပေါ်နေပါတယ်။

သူတို့ရဲ့နှုတ်ခမ်းထောင့်က အကြွင်းအကျန်လေးတွေကိုတောင် လျက်လိုက်ကြပြီး သူတို့ပုံက ကန္တာရကြီးထဲမှာ ရေရှာတွေ့လိုက်တဲ့ သားရဲသေးသေးလေးတွေပမာပါပဲ။

ဖုန့်လင်း ပြုံးလိုက်မိသည်။

ဒုတိယဘဝမှာ ဘဝသစ်နဲ့ မိသားစုအသစ်နဲ့နေထိုင်ရပြီး......

လူတစ်ယောက်ရဲ့ ဝမ်းစာဖြည့်ဖို့ စားသောက်ခြင်းကနေဖြစ်ပေါ်လာတဲ့

ပျော်ရွှင်မှုက အရိုးရှင်းဆုံးပျော်ရွှင်မှုတစ်ခုပါပဲ။

ဒီလို ပျော်ရွှင်ဖွယ်အပြည့်နဲ့ အခိုက်

အတန့်လေးကို တတ်နိုင်သလောက် ကာကွယ်ဖို့အတွက် သူ့ကိုယ်သူ ကျိန်ဆိုလိုက်ပါတယ်......။

All Chapters