စွမ်းရည်အလားအလာရဲ့ဆန်းကြယ်မှု
Vol. 3 Ch. 36
“ ကိုကြီးက အလယ်အလတ်အဆင့်အာဟာရဖျော်ရည်တွေရတဲ့ အချိန်ပိုင်းအလုပ်တွေရထားတယ်လေ။
အနာဂါတ်မှာ မင်းတို့ အများကြီးသောက်နိုင်တော့မှာပါ။ အခု ဗိုက်ဝရင် သွားပြီး အိပ်ကြတော့နော်။ ”
ဖုန့်လင်း သူ့မောင်နှမနှစ်ယောက်ကို သူတို့အခန်းထဲ ပြန်ပို့ပြီး အိပ်သွားဖို့ အတော်လေးကြိုးစားလိုက်ရပါတယ်။
အလယ်လတ်အဆင့်အာဟာရဖျော်ရည်တစ်ပုလင်းက သာမန်လူတစ်ယောက်အတွက် သုံးရက်ခံပါတယ်။
ဒီကလေးနှစ်ယောက်က အချိန်အတော်ကြာအာဟာရချို့တဲ့နေခဲ့ပြီး ဆာလောင်နေခဲ့ကြပါတယ်။ တစ်ပုလင်းလုံး သောက်ပြီးနောက်မှာတော့ သူတို့ရဲ့ခေါင်းတွေက မူးနောက်နောက်ဖြစ်နေတယ်လို့ ခံစားနေရပြီး လမ်းတောင် ဖြောင့်ဖြောင့်မလျှောက်နိုင်ကြတော့ပါဘူး။ ဒါတောင် သူတို့က ထပ်သောက်ချင်နေကြပါသေးတယ်။
သူတို့သောက်လိုက်လို့ ပေါက်ကွဲထွက်သွားမှာတောင် မစိုးရိမ်ကြပါဘူး။
သို့ပေမယ့်လို့ ဖုန့်လင်း မဆင်မခြင်နဲ့မတိုက်ရဲပါဘူး။ သူ တော်တော်လေးခက်ခက်ခဲခဲချော့လိုက်ပြီးမှ အိပ်သွားအောင်လုပ်ခဲ့ရပါတယ်။ နောက်မှာတော့ သူလည်း အိပ်ရာပေါ်လဲကျသွားပြီး နှစ်ခြိုက်စွာအိပ်စက်သွားပါတော့တယ်။
သူလည်း အရမ်းပင်ပန်းနေခဲ့ပါပြီ။
ပုံရိပ်ယောင်သိုင်းစေတီအတွင်းကခရီးလမ်းတစ်လျှောက်မှာလည်း တိုက်ပွဲအကြီးစားနှစ်ဆယ်လောက် ကြုံတွေ့ခဲ့ရပါတယ်။ သူ့ရဲ့ခံနိုင်ရည်ကို မျိုးဗီဇအမှတ်တွေနဲ့ ဖြည့်တင်းပေးနိုင်ပေမယ့်လည်း သူ့ရဲ့စိတ်ပင်ပန်းမှုကိုတော့ အဲ့လောက်လွယ်လွယ်မရနိုင်ပါဘူး။
သူလုံးဝ အိပ်မောကျသွားခဲ့ပါပြီ။
အမှောင်ကမ္ဘာကြီးထဲမှာ အိပ်မက်တစ်ခုမှမမက်ခဲ့ပဲ တစ်ညလုံးကုန်ဆုံးသွားခဲ့ပါတယ်။
သူနိုးလာတော့ အပြင်မှာ အလင်းရောင်တွေက တောက်ပနေပြီး နေ ကလည်း ကောင်းကင်ကြီးထက်မှာ ခန့်ခန့်ညားညားတည်ရှိနေခဲ့ပါပြီ။
သူမိဘတွေကတော့ ထွက်သွားပကြပါပြီ။ သူတို့က စနေ တနင်္ဂနွေ လို အားလပ်ရက်တွေမှာတောင် ဖုန့်ကလန်ရဲ့စက်ရုံတွေမှာ အချိန်ပိုဆင်းနေရဆဲပါ။
ဒီမြင်ကွင်းကိုမြင်တော့ ဖုန်းလင်ရဲ့ယုံကြည်မှုတွေက တိုးပွားလာပါပြီ။
သူက တစ်ခြားလူတွေရဲ့ ကန့်သတ်မှုကို ခံထားရပြီး လွတ်လပ်မှုမရှိတဲ့ ကံကြမ္မာကိုမလိုချင်ပါဘူး။
သူ မျက်နှာသစ်လိုက်ပြီး သူ့ညီနဲ့ညီမကို သွားကြည့်လိုက်တဲ့အချိန်မှာ သူတို့အိပ်နေတုန်းပဲဆိုတာ တွေ့လိုက်ရပါတယ်။
အလယ်အလတ်အဆင့်အာဟာရဆေးရည်တစ်ပုလင်းလုံးကို သောက်ပြီးနောက်မှာ သူ့တို့ရဲ့ခန္ဓာကိုယ်တွေက အာဟာရဓာတ်တွေက ချေဖျက်ဖို့ အတော်ကြိုးစားရဦးမှာပါ။
သူ ပြုံးလိုက်ပြီး အပြင်ကို ဦးတည်လိုက်ပါပြီ။
သူ ဖုန့်မျိုးနွယ်အဆောက်အဦးကို ကျောခိုင်းကာ သိပ်မဝေးတဲ့ ပန်းခြံတစ်ခုကို ရောက်လာခဲ့ပါတယ်။
သစ်ပင်တွေက စိမ်းလန်းစိုပြည်ကာ ရှင်သန်နေကြပါတယ်။ လေပြေလေးက တိုက်ခက်သွားပြီး အဆုံးမဲ့တဲ့ လတ်လတ်ဆက်ဆက်လေညင်းလေးတွေကို ယူဆောင်လာခဲ့သည်။
ကံကောင်းနေပြီး ဒီနေ့ ဘာအတန်းမှ တက်စရာမရှိပါဘူး။
ဖုန့်လင်း ဒီအချိန်လေးကိုသုံးပြီး သူရထားတဲ့ဟာတွေကို ခြေဖျက်ပစ်နိုင်ပါတယ်။
ကျင့်ကြံသူတွေက မျိုးဗီဇတွေနိုးထလာပြီး သူတို့ရဲ့ခန္ဓာကိုယ်တွေကို ပိုမြင့်တဲ့အဆင့်ထိ ထိန်းချုပ်နိုင်ကြပါတယ်။
သူ့ရဲ့ထက်မြက်တဲ့အာရုံခံမှုကြောင့် မနေ့က သုံးစွဲထားတဲ့ အာဟာရဖျော်ရည်တွေက ကျန်နေသေးကြောင်းခံစားနိုင်ပါတယ်။ သူတို့ကို လုံးဝအကုန်မချေဖျက်ရသေးပါဘူး။ အခု သူ အချိန်နည်းနည်းလေးတောင် မဖြုန်းတော့ပဲ စတင်ကျင့်ကြံလိုက်ပါပြီ။
မျိုးဗီဇအသက်ရှူခြင်းပညာရပ်
ဒါက သူ ကျွမ်းကျင်ထားတဲ့ တစ်ခုတည်းသော မျိုးဗီဇကျင့်ကြံခြင်းနည်းစနစ်တစ်ခုပါ။ သူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဓိကစွမ်းအင်တွေနဲ့ သွေးတွေကို သူ့တစ်ကိုယ်လုံး အနှံ့အပြားလှည့်ပတ်လိုက်ပါတယ်။
အေးစက်စက်လေပြင်းက သူ့မျက်နှာကို ပွတ်သပ်ကျီစယ်လို့သွားခဲ့သည်။
ဖုန့်လင်း ကြမ်းပြင်ပေါ်မှာထိုင်နေပြီး သူ့ပုံစံက ပတ်ဝန်းကျင်နဲ့ပေါင်းစပ်နေတဲ့အလား လူနဲ့သဘာဝတရားကြား လိုက်ဖက်နေတဲ့ အခြေအနေမျိုးကို ဝင်ရောက်သွားပါပြီ။
ရှူသွင်း...ရှူထုတ်...ရှူသွင်း...ရှူထုတ်....
သူရဲ့အသက်ရှူနှုန်းက လေနဲ့ တစ်သားတည်းကျသွားပြီး သဘာဝတရားရဲ့ကာရန်အတိုင်း လိုက်ပါစီးဆင်းလို့နေပါပြီ။
သူ့ရဲ့အဆုတ်တွေကနေ လတ်ဆတ်တဲ့လေညင်းတွေကို ပြင်းပြင်းထန်ထန်ရှူသွင်းလိုက်ပြီး သူရဲ့ရင်ဘက်က မြင့်တက်လာပါတယ်။ သူ့ရဲ့ အနီရောင်သွေးဆဲလ်လေးတွေကလည်း တက်ကြွလာခဲ့ပါပြီ။
သူ့ရဲ့ခန္ဓာကိုယ်အပြင်ပိုင်းက တည်ငြိမ်နေပုံရပေမယ့်လည်း အတွင်းပိုင်းကတော့ ဆူပွက်နေတဲ့ မီးတောင်တစ်ခုအလား အချိန်မရွေး ပေါက်ကွဲထွက်လာတော့မလိုဖြစ်နေပါတယ်။
ဖုန့်လင်းရဲ့အရေပြားက အနီဖျော့ဖျော့အရောင်ဖြစ်လာပြီး...အပူလှိုင်းလုံးတွေကို ဖြည်းဖြည်းချင်းထုတ်လွှတ်နေပါတယ်။
ဒါက ခန္ဓာဆဲလ်တွေ တုန်ခါနိုးကြွလာတဲ့ လက္ခဏာတစ်ခုပါ။
သူ့ခန္ဓာကိုယ်က အကောင်းဆုံးအခြေအနေကိုရောက်လာတဲ့အချိန်မှာတော့ ဖုန့်လင်း ဆတ်ကနဲ့ ခုန်ထလိုက်ပါပြီ။ သူ့ခန္ဓာကိုယ်က ရုတ်တရက် အသက်သွင်းလိုက်တဲ့ စက်ရုပ်ဟောင်းကြီးတစ်ခုလိုပါပဲ။ အကောင်းဆုံး အခြေအနေကအကျိုးသက်ရောက်မှုတွေဆီကို ရောက်နေခဲ့ပါပြီ။
ဘန်း...ဘန်း...ဘန်း...
သူရဲ့လက်သီးချက်တွေက ဗုံတွေအလားပါပဲ။ ခပ်အုပ်အုပ်အသံတွေထုတ်လွှတ်လို့နေပါတယ်။
ဖုန့်လင်း ကွင်းပြင်မှာ မတ်တတ်ရပ်လိုက်ပြီး သူ့ရဲ့လက်သီးသိုင်းကို စတင်လေ့ကျင့်လိုက်ပါပြီ။ သူ ဟုန်လက်သီးနဲ့ စလိုက်ပြီး လက်သီးချက်တိုင်းစီက အကျိုးသက်ရောက်မှုတွေရှိနေကာ နက်နဲလွန်းပါတယ်။ အဲ့နောက်မှာတော့ ပါကွရှစ်ကွက်လက်ဝါးပါ။ သွက်လတ်မှုနဲ့ ကျက်သရေရှိမှုတို့ကို ပြသနေပြီး သူ့ခန္ဓာကိုယ်က ပါကွရှစ်ကွက်ကိုယ်ဟန်အတိုင်း ရွေ့လျားနေကာ အားနည်းချက်တရယ်လို့ တစ်ခုမှမရှိဘဲလှုပ်ရှားနေပါတယ်။
ရှေးဟောင်းဆိုရိုးအချို့မှာ ပြောခဲ့တာက ထိုက်ကျိ(မဟာဟန်ချက်ညီမှု)က ကောင်းကင်အောက်က လောကဆီ ငြိမ်းချမ်းခြင်းကို ဆောင်ကျဉ်းပေးတယ်။ အစွန်းရောက်ရှစ်ပါး ကတော့ လောက စကြဝဠာကြီးရဲ့ လမ်းကြောင်းတွေကို သတ်မှတ်ပေးတယ်။
နောက်တော့ သူက ရှေးဟောင်းသိုင်းပညာနှစ်ခုဖြစ်တဲ့ ထိုက်ကျိနဲ့ အစွန်းရောက်ရှစ်ပါး ကို လေ့ကျင့်တော့သည်။ တစ်ခုက ကြမ်းတမ်းခြင်းနှင့် ခိုင်မာခြင်း၊ နောက်တစ်ခုကတော့ နူးညံ့ခြင်းနဲ့ ပျော့ပြောင်းခြင်း။ တစ်ခုက ရေလို နူးညံ့စွာစီးဆင်းပြီး တစ်ခုက ပြင်းထန်တဲ့ မီးတောက်တစ်ခုလို အဟုန်ပြင်းပြင်းတောက်လောင်တယ်။ ဒါတွေကပဲ ဒီသိုင်းပညာနှစ်ခုရဲ့ အစစ်အမှန်အနှစ်သာရကို ထင်ရှားအောင် ပြသလို့နေပါတယ်။
ပုံရိပ်ယောင်သိုင်းစေတီ အတွင်းက ရလာတဲ့ သိုင်းပညာအားလုံးကို ဖုန့်လင်းလေ့ကျင့်နေခဲ့သည်။
ဒီတစ်ကြိမ်လေ့ကျင့်အပြီးမှာတော့ သူ့ရဲ့လက်သီးသိုင်းက ပြောင်းသွားပြန်ပါပြီ။ တစ်ချက်တုန်ခါသွားပြီး သူ့ရဲ့အဟုန်တွေက ပြောင်းလဲသွားပါပြီ။
အံ့သြလောက်စရာ တောင်ကြီးတစ်လုံးအလားရှုမြင်နေရပြီး လှုပ်ခါလို့မရတဲ့ အနေအထားကို ပြသလို့နေတယ်။
ဖုန့်လင်း လူသားမျောက်ဝံကြီးအလား သူ့လက်သီးကို သူ့ရင်ဘက်ရှေ့မှာ တင်းတင်းဆုပ်ထားလိုက်ပါပြီ။
ဗာဂျရာနတ်ဆိုးနှိမ်နင်းလက်သီး
ရှေးဟောင်းသိုင်းပညာတွေမှာ အလွန်အမင်းလေးနက်မှုတွေ ပါဝင်ပါတယ်။ ဒါပေမယ့် မျိုးဗီဇသီအိုရီတွေ မပါဝင်တဲ့အတွက် သူ့တို့ရဲ့ မျိုးဗီဇအထူးစွမ်းရည်တွေကို စနစ်တကျလှုပ်ရှားအသုံးပြုနိုင်မှာမဟုတ်ပါဘူး။ အဲ့တာကြောင့် သူတို့တွေရဲ့ တိုက်ပွဲစွမ်းအားတွေက မျိုးဗီဇသိုင်းပညာတွေထက် အားနည်းပါတယ်။
ဗာဂျရာနတ်ဆိုးနှိမ်နင်းလက်သီးက
ဖုန့်လင်းသိထားတဲ့ တစ်ခုတည်းသော မျိုးဗီဇသိုင်းပညာတစ်ခုပါ။ သူ့အနေနဲ့ ဒီသိုင်းပညာကို အဆင့်မြင့်မြင့်ကျွမ်းကျင်တဲ့အထိ လေ့ကျင့်ရပါလိမ့်မယ်။
ဗာဂျရာ နဂါးလက်သည်း
မြင့်မြတ်သော ဗာဂျရာလက်ဝါး
ချိုးဖျက်၍မရနိုင်သော ဗာဂျရာ
…
ဖုန့်လင်း သူ့ရဲ့ကျောက်ဖြစ်မျိုးဗီဇကိုနှိုးဆွလိုက်ပြီး ကျောက်လူသားအဖြစ်ပြောင်းလဲကာ တစ်ကွက်ပြီး တစ်ကွက် လှုပ်ရှားနေပါတယ်။ လက်သီးချက်တစ်ချက်ချင်းစီတိုင်းက ကျောက်တောင်တစ်လုံးအလား အလေးချိန်ကို သယ်ဆောင်ထားပါတယ်။
ကျောက်ဖြစ်မျိုးဗီဇက ဗာဂျရာမျိုးဗီဇလို ဗာဂျရာနတ်ဆိုးနှိမ်နင်းလက်သီးနဲ့ ပြီးပြည့်စုံလောက်တဲ့အထိ မကိုက်ညီပေမယ့် သူတို့ရဲ့ လုပ်ဆောင်မှုတွေက တူညီနေတဲ့အတွက်ကြောင့် တိုက်ပွဲစွမ်းရည်တွေက အထင်ကြီးလောက်စရာ ဖြစ်နေပါသေးတယ်။ အသံတွေက လေထဲမှာထွက်ပေါ်လာပြီး လက်သီးအားတွေ ဖြတ်သွားတဲ့နေရာတိုင်းမှာ လေစီးကြောင်းအတွဲလိုက်တွေကို မျက်စိနဲ့တင်မြင်နိုင်ပါတယ်။
အကုန်လေ့ကျင့်အပြီးမှာတော့ သူ့မျိုးရိုးဗီဇသိုင်းပညာမှာ အတွေ့အကြုံတွေက ပြောင်းလဲသွားကြောင်း ဖုန်းလင်သတိထားမိလိုက်ပါပြီ။
မျိုးဗီဇစွမ်းရည် +၂၂%
တွေးရမှာက....ဒါက ၂၂%လား။
ဖုန့်လင်း အံ့သြသွားခဲ့ပါတယ်။
ဘာလို့ ဒီလောက်အများကြီးတိုးလာရတာလဲ။
ဒါက သာမန်ကျင့်ကြံနေတဲ့ အချိန်လေးပါပဲ။ ဒါက သူ့ရဲ့မျိုးဗီဇတွေ တိုးလာမယ်လို့ မျှော်လင့်ထားမှုတွေထက် အကြီးကြီးပိုများသွားပါပြီ။
သူ့ရဲ့အရင်အချိန်တွေမှာတောင် မျိုးဗီဇစွမ်းရည်က ၁၀%ဝန်းကျင်ပဲတိုးလာတာပါ။ ပုံရိပ်ယောင်သိုင်းစေတီအတွင်းက တိုက်ပွဲတွေအပြီးမှာတောင် ဒီလောက်ကောင်းတဲ့ ရလဒ်တွေရတယ်ဆုတာ ရှားပါးလွန်းပါတယ်။ အစောက
တစ်ကြိမ်ကလွဲရင် မျိုးဗီဇစွမ်းရည်တွေတိုးလာတဲ့နှုန်းက တဖြည်းဖြည်း လျော့လာတာပါ။ အဆုံးမှာတော့ ၂၀%ကျော်တယ်ဆိုတာ ရှားပါးတဲ့အကြိမ်မျိုးတွေဖြစ်သွားပါပြီ။
ဒီဟာရဲ့နောက်ကွယ်မှာ အကြောင်းအရင်းတော့ရှိကိုရှိရမယ်။
ဖုန့်လင်း ဒါကိုတိုက်ဆိုင်မှုရယ်လို့ မထင်ပါဘူး။ တိုက်ဆိုင်မှုတွေတိုင်းရဲ့နောက်မှာ ဖြစ်ရိုးဖြစ်စဉ်ကတော့ ရှိနေရပါလိမ့်မယ်။
သူဖြတ်ကျော်ခဲ့တဲ့ အပြောင်းအလဲတွေကို ပြန်တွေးကြည့်လိုက်သည်။ အခုက နှစ်ရက်ပဲရှိသေးတာပါ။ ပြီးတော့ အစိမ်းရောင်နတ်ဘုရားအမျိုးအစား-၃အာဟာရဆေးဝါးနဲ့ အလယ်အလတ်အဆင့်အာဟာရဆေးဝါးထဲကို အသက်ဆေးရည်ထည့်ထားတဲ့ဟာလဲ သောက်ထားသေးပါတယ်။
သူ့ခန္ဓာကိုယ်ရဲ့ လျော့ပါးနေမှုကို အာဟာရဓာတ်တစ်ပုံတစ်ခေါင်းကြီး ပြန်ဖြည့်ပေးလိုက်တာပါ။
ဒါကသာ တစ်ခုတည်းသောအပြောင်းအလဲပါပဲ။
အဲ့တာပဲ။ ဒါကပဲအကြောင်းအရင်းဖြစ်ရမယ်လေ။
ဖုန့်လင်းရဲ့အတွေးတွေ ရှင်းလင်းသွားခဲ့ပါပြီ။
ပုံရိပ်ယောင်သိုင်းစေတီထဲက A.Iရဲ့ စိစစ်လေ့လာချက်တွေကို ပြန်သတိရလိုက်ပြီးတဲ့ နောက်မှာတော့ မျိုးဗီဇ
စွမ်းရည်ရဲ့အကြောင်းကို ပိုဆန်းကြယ်တဲ့အဆင့်မြင့်အဆင့်ထိ ဉာဏ်အလင်းပွင့်သွားခဲ့ပါပြီ။
ကျင့်ကြံခြင်းအရင်းအမြစ်တွေကဘာလို့ လူတစ်ယောက်ရဲ့ မျိုးဗီဇစွမ်းရည်တွေကို တိုးပွားလာစေတာလဲ။
လူသားတွေကျင့်ကြံတဲ့အခါ သူတို့ကိုယ်ကို ပြုပြင်ဖို့ ဖြစ်စဉ်တစ်ခုရှိနေပါမယ်။ သူတို့ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံတွေက သိပ္ပံနည်းအရ
ပိုပြီးသဘာဝကျလာပြီး ပြီးပြည့်စုံတဲ့အထိ ဆင့်ကဲပြောင်းလဲသွားပါလိမ့်မယ်။
သို့ပေမယ့် အဲ့လိုအပြောင်းအလဲတွေက အခြေခံတွေလည်း လိုနေပါသေးတယ်။ အခြေခံတွေကတော့ အာဟာရဓာတ်တွေပါပဲ။
အာဟာရဓာတ်တွေက မျိုးဗီဇစွမ်းရည်တော့မဟုတ်ပါဘူး။ ဒါပေမယ့် အာဟာရဓာတ်တွေက ကျင့်ကြံခြင်းကို ချိုးဖြတ်ဖို့ မျိုးဗီဇစွမ်းရည်အဖြစ်ပြောင်းလဲနိုင်ပါတယ်။
ဒါက နှစ်ခုကြားက ဆက်သွယ်မှုပါ။
အဲ့တာကြောင့် အာဟာရဓာတ်တွေကို တိုက်ရိုက်သုံးစွဲတာက လူတစ်ယောက်ရဲ့ မျိုးဗီဇစွမ်းရည်တွေကို မတိုးလာနိုင်စေပေမယ့် ကျင့်ကြံခြင်းနဲ့ဆိုရင် အာဟာရဓာတ်တွေများလေ မျိုးဗီဇစွမ်းရည်တွေအဖြစ်ပြောင်းလဲလို့ရလေပါပဲ။
ဒါက မျိုးဗီဇစွမ်းရည်ရဲ့ မူလဆန်းကြယ်မှုဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။
အစောပိုင်းမှာ ဖုန့်လင်းက အာဟာရချို့တဲ့နေတဲ့အတွက် သူ့ရဲ့ အသက်စွမ်းအင်တွေကိုသာ လျော့နည်းလာစေပါတယ်။ အဲ့တာကြောင့် အစပိုင်းမှာ စွမ်းရည်တွေပွင့်ထွက်လာတာကို ကြုံခဲ့ရပေမယ့်လည်း နောက်ပိုင်းမှာ သူရလာမယ့် မျိုးဗီဇစွမ်းရည်တွေက တစ်ဖြည်းဖြည်းနည်းလာမှာဖြစ်ပြီး
ဘာမှမရှိတဲ့ အခြေအနေနဲ့တောင် နီးကပ်သွားတဲ့အထိ ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် သူ့ရဲ့အာဟာရဓာတ်ကို ပြန်ဖြည့်တင်းလိုက်တဲ့နောက်မှာတော့ သူ့ရဲ့စွမ်းရည်တွေ လှိုင်းလုံးလိုတက်လာတာပါ။
ဒီဆန်းကြယ်မှုကို ဖြေရှင်းပြီးနောက်မှာတော့ ဖုန့်လင်း သူ့ကျင့်ကြံခြင်းကို ပိုပြီးတွန်းအားပေးလိုက်ပါပြီ။
မျိုးဗီဇစွမ်းရည် +၁၈%, +၁၄%, +၁၀%, +၆%, +၂%.
မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ သူဆက်ပြီး ကျင့်ကြံလိုက်တာနဲ့ သူ့ရဲ့ မျိုးဗီဇစွမ်းရည်တွေက ပြန်တိုးလာပါတယ်။ ဒါပေမယ့်လည်း ကိန်းဂဏန်းတွေက တည်တည်ငြိမ်ငြိမ်ပဲ ကျဆင်းလာပါတယ်။ အဆုံးမှာတော့ သူဘယ်လောက်ပဲ ကြိုးစားနေပါစေ ဂဏန်းကပြောင်းမသွားတော့ပါဘူး။
သူ့ခန္ဓာကိုယ်ထဲက အာဟာရဓာတ်တွေက လုံးဝကုန်ဆုံးသွားပြန်တာ သိသာပါတယ်။
လက်ရှိမှာ ဖုန့်လင်းရဲ့ စွမ်းရည်က ၁၇၈% ကို ရောက်နေပြီး နောက်ထပ် မျိုးဗီဇမှတ်တစ်မှတ်ထပ်ရလိုက်ပြန်ပါပြီ။
သို့ပေမယ့် ဖုန့်လင်းကတော့ သု့မျိုးဗီဇတွေကို ထပ်ပြီးအမှတ်မြှင့်ဖို့ ကြိုးစားတော့မှာမဟုတ်ပါဘူး။
သူက ကျောက်ဖြစ်မျိုးဗီဇနဲ့ မျောက်မျိုးဗီဇနှစ်ခုပေါင်း ၁၈မှတ်တောင်
အမှတ်မြှင့်ပြီးသွားပါပြီ။ ဒါတောင် သူရဲ့အသက်စွမ်းအင်က ၁.၉ပဲရှိပါသေးတယ်။
သူ့မျိုးဗီဇတွေရဲ့ အလားအလာက အလုံးစုံပွင့်ထွက်မသွားသေးပါဘူး။ သူသာ အမှတ်တွေ ထပ်ထည့်လိုက်ရင် စိတ်လှုပ်ရှားစရာတွေကို ကြိုဖျက်စီးနေသလိုဖြစ်နေမှာပါ။
သူ ဒီလိုအမှားမျိုးထပ်လုပ်တော့မှာမဟုတ်ပါဘူး။
လက်ရှိမှာတော့ သူ့မှာ လုံလောက်တဲ့အာဟာရဖျော်ရည်တွေနဲ့ အသက်ဆေးရည်တွေရှိနေပါပြီ။ သူ တည်တည်ငြိမ်ငြိမ်နဲ့ပဲ တိုးတက်လာတော့မှာပါ။ အမှတ်တွေပေါင်းမထည့်ခင် မျိုးဗီဇစွမ်းရည်တွေကို ပြည့်ပြည့်ဝဝပွင့်ထွက်လာစေရဦးမှာပါ။
ကျင့်ကြံသူတစ်ယောက်ဖြစ်ရတာက ငွေတွေဖြုန်းရတဲ့ အလုပ်တစ်ခုဆိုလည်း မမှားပါဘူး။
အဆင့်မြင့်အဆင့်အာဟာရဖျော်ရည်နဲ့ အလယ်အလတ်အဆင့်အာဟာရဖျော်ရည်တွေက သာမန်လူတွေအတွက် နှစ်ပတ်လောက်ကောင်းကောင်းရှင်သန်လို့ရပါတယ်။ ဒါပေမယ့် ဖုန့်လင်းကတော့ အဲ့ဒါတွေကို တစ်ရက်ထဲနဲ့ ချေဖျက်လိုက်တာပါ။
လက်ရှိမှာ ပိုအဆင့်မြင့်တဲ့ တန်ဖိုးကြီးဆေးရည်တစ်ပုလင်းသောက်ဖို့လိုနေပါပြီ။
ဖုန့်လင်း စျေးကြီးလို့ဆိုပြီး နာကျင်မှုတွေခံစားမနေရပါဘူး။ အသက်ဆင့်ကဲပြောင်းလဲတာက အရေးအကြီးဆုံးဖြစ်ပြီး ကျန်တာတွေက ဒုတိယပါ။
သူ အသက်ဆေးရည်တစ်ပုလင်းကို ဂရုတစိုက်ယူလိုက်တယ်။ ဆေးရည်ကို ခါယမ်းလိုက်တဲ့အခါ ပယင်းရောင်ပြသလို့နေသည်။ ဒါက အရမ်းကြည်လင်နေပြီး အကြည့်တွေကို ဆွဲဆောင်နိုင်ပါတယ်။
ဖုန့်လင်း ခေါင်းမော့ကာ တစ်ကျိုက်ထဲနဲ့သောက်လိုက်ပါပြီ။ နောက်တစ်ခဏမှာတော့ သူ့ခန္ဓာကိုယ်အတွင်းမှာ အလွန်ကြီးမားတဲ့ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။