← Chapters

မိသားစုအတွင်းမှသဘောထားကွဲလွဲမှု

Vol. 3 Ch. 37

မိသားစုအတွင်းမှသဘောထားကွဲလွဲမှု

Vol. 3 Ch. 37

ဓာတ်လှေကားက အပေါ်ကို လျင်မြန်စွာတက်သွားသည်။

ဖုန့်လင်း အိမ်ပြန်ရောက်လာတဲ့အခါ သူ့အင်္ကျီတွေကိုလဲလိုက်ပြီး ဖုန့်ကလန်

အဆင့်မြင့်အဆောက်အဦးရဲ့ ပိုမြင့်တဲ့အထပ်တွေကို ဦးတည်လိုက်သည်။

အသက်အသွင်ပြောင်းလဲမှုက.. သူ့ကို ယုံကြည်ချက်တွေယူဆောင်လာပေးပြီး...တစ်မိနစ်တောင် စောင့်နေဖို့ ဆန္ဒ

မရှိတော့ပါဘူး။ နောက်သုံးပတ်မှာလာမယ့် အန္တာရယ်ကို ဖြေရှင်းဖို့အတွက်... သူ့ကလန်နဲ့ နောက်ဆုံးတိုက်ပွဲကို ရင်ဆိုင်ရပါလိမ့်မယ်။

သူ့ရှေ့မှာရှိနေတဲ့... ကျင့်ကြံခြင်းလမ်းစဉ်နဲ့ဆို သူက ကလန်ရဲ့ ခြယ်လှယ်မှုကိုခံယူပြီး....ကလန်စက်ရုံမှာ ဘဝကိုဖြုန်းတီးနေဖို့ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ။

ဆိုလာစနစ်ကြီးက.... ကစဉ့်ကလျားကြယ်နယ်မြေရဲ့ အစိတ်အပိုင်းတစ်ခုသာသာပဲရှိတာပါ။ လူ့အဖွဲ့အစည်းတွေက ရှုပ်ထွေးနေသလို.... ကလန်တူတဲ့လူတွေက အတူတူစုနေကြပြီး... အသက်ရှင်နေထိုင်ဖို့ နည်းလမ်းရှာကြရတယ်။

ရှေးဟောင်းကမ္ဘာမြေက မြေရှင်ပဒေသရာဇ်လူ့အဖွဲ့အစည်းတွေရဲ့ သေးငယ်တဲ့မိသားစုတွေနဲ့ နှိုင်းယှဉ်ရရင်.... ကြယ်သာရာခေတ်ရဲ့ အသေးဆုံးမိသားစုကတောင် လူတစ်သောင်းလောက်ရှိပါတယ်။

ကလန်တစ်ခုတိုင်းစီက.... အဖွဲ့အစည်းအသေးစားလေးတွေပါပဲ။

လူရှိတဲ့နေရာတွေမှာ.. အဖွဲ့အစည်းတွေရှိနေပါတယ်။ လူဦးရေတိုးတက်လာတာနဲ့အမျှ... သဘောထားကွဲလွဲမှုတွေ ပဋိပက္ခ တွေကလည်း အပြိုင်တိုးပွားလာပါတယ်။

အဲ့ဒီအပြင်... ကလန်က သူတို့ရဲ့အကောင်းဆုံးအရင်းအမြစ်တွေကို အရည်အချင်းရှိတဲ့လူတွေကို ခွဲဝေပေးပြီး... အစစ်အမှန်ပညာရှင်တွေဖြစ်လာအောင် ပျိုးထောင်ပေးပါတယ်။ ကလန်တွင်းက လူတွေကို အရည်အချင်းနဲ့ ပါရမီတို့ကို အခြေခံပြီး... မတူညီတဲ့အဆင့်တွေ ခွဲထားပါတယ်။

ဓာတ်လှေကားက တန်ဖိုးကြီးအဝတ်အစားတွေဝတ်ဆင်ထားကြတဲ့လူတွေပြည့်နှက်နေတဲ့... ဖုန့်ကလန်

အဆင့်မြင့်အဆောက်အဦးရဲ့ အထပ်အမြင့်တွေဆီကို ဦးတည်သွားခဲ့ပါတယ်။

သာမန်အဝတ်တွေ ဝတ်ထားတဲ့ဖုန်းလင်ကတော့ မျက်စိစပါးမွေးစူးစရာကောင်းနေပြီး.... သူ့ဆီကို အေးစက်စက်ရွံရှာတဲ့အကြည့်တွေ

ဝေ့ဝဲနေခဲ့ပါတယ်။

သို့ပေမယ့်.... တူညီတဲ့ကလန်တစ်ခုတည်းက ဖြစ်နေတဲ့အတွက်.... ရိုင်းစိုင်းတဲ့စကားလုံးတွေနဲ့ တစ်ယောက်ကိုတစ်ယောက် အော်ဟစ်မနေကြပါဘူး။ သူတို့က ဖုန့်လင်းရဲ့အနီးကို ကပ်မသွားချင်တဲ့အတွက် အကွာအဝေးကို ထိန်းသိမ်းထားယုံပါပဲ။

ထိုတစ်ခဏမှာ.... ဖုန့်လင်းရပ်နေတဲ့နေရာက လုံးဝလွတ်နေတာကြောင့်... သူက အရမ်းသိသာလွန်းနေပါတယ်။

သို့သော် ဖုန့်လင်းက အရမ်းတည်ငြိမ်လွန်းနေခဲ့သည်။

မကြာမီမှာပဲ....သူဦးတည်နေတဲ့ အထပ်ကိုရောက်လာတာကြောင့်... လျှောက်ထွက်သွားလိုက်သည်။

ဖုန့်ကလန် အဆင့်မြင့်အဆောက်အဦးရဲ့ အထပ်၈၀...

မြင့်မားလွန်းတဲ့အဆောက်အဦးတွေက... ကြယ်တာရာခေတ်ရဲ့ မြို့တွေမှာ.. ပြည့်နှက်နေပြီး ထူထပ်လွန်းပါတယ်။ သူတို့တွေက တောင်ငယ်လေးတွေအလား အရမ်းကိုခမ်းနားကာ မြင့်မားနေကြပါတယ်။

လူတစ်ယောက်က နိမ့်ကျတဲ့ဘဝမှာနေရရင် သူတို့အတွက် နေရောင်တွေဟာ ပိတ်ဆို့ခံရပြီး အမှောင်ထုအတွင်းမှာပဲ အချိန်ရှည်လျားစွာနေရင်း ပြီးဆုံးသွားပါလိမ့်မယ်။

အဲ့ဒီနေရာတွေကို တစ်ခါတစ်ရံမှာ နိမ့်ကျတဲ့လူတွေသာ နေထိုင်ကြတဲ့

အမှောင်လမ်းတွေအဖြစ် ဆက်ဆံကြပါတယ်။

အဆင့်မြင့်တဲ့လူတွေကတော့ သူတို့အတွက် နေရောင်လည်း ပိုရပြီး ပိုတောက်ပသလို ပိုကောင်းတဲ့ ပတ်ဝန်းကျင်နဲ့ နေထိုင်ကြရပါတယ်။

ထို့ကြောင့် သာမန်အခြေအနေအပေါ်အခြေခံရင် အထပ်မြင့်တဲ့နေရာတွေမှာနေတဲ့လူတွေက ချမ်းသာတဲ့ ဒါမှမဟုတ် အဆင့်အတန်းမြင့်မားတဲ့လူတွေဖြစ်ပါလိမ့်မယ်။

ထို အထပ်၈၀ဒါမှမဟုတ် ပိုမြင့်တဲ့အထပ်မှာနေတဲ့လူတွေကိုတော့

အသန့်စင်ဆုံးတိုက်ရိုက်မျိုးဆက်တွေလို့ ခေါ်ဆိုပြီး အထက်တန်းစာယအဖွဲ့ဝင်တွေအဖြစ် သတ်မှတ်ခံရပါတယ်။

အကြည့်တစ်ချက်မှာပဲ... ဖုန့်လင်းက အဆင့်နိမ့်ကလန်သားဆိုတာသိသာနေတဲ့အတွက်.... ချက်ချင်းလိုလို အံ့အားသင့်နေတဲ့အကြည့်တွေကို ဆွဲဆောင်လိုက်ခဲ့ပါတယ်။

အဲ့ဒီအကြည့်တွေက... ဖုန့်လင်းရဲ့သာမန်အဝတ်အစားတွေမှာ ညိတွယ်နေကြပြီး အထင်သေးနေကြတာ သိသာပါတယ်။

ဖုန့်လင်းက အဲ့ဒီအကြည့်တွေကို မမြင်တဲ့အလား လျှောက်သွားနေခဲ့ပါတယ်။ သူ ကော်ရီဒါအရှည်ကြီးကို ဖြတ်ကျော်သွားပြီးနောက် ခန်းမကျယ်ကြီးကို ရောက်ရှိသွားခဲ့သည်။

လူဆယ်ယောက်ကျော်ကျော်က တံခါးရှေ့မှာ စီတန်းနေကြပါတယ်။ အတန်းကရှည်ပေမယ့်လည်း တိတ်တိတ်ဆိတ်ဆိတ်နဲ့ စိတ်ရှည်စွာ စောင့်နေကြဆဲပါ။

ဖုန့်ကလန်ရဲ့ စီမံခန့်ခွဲရေးရုံး...

ဒီလိုကလန်အကြီးကြီးမှာ လူတစ်သောင်းကျော်ကျော်ရှိပါတယ်။

လူပိုများလာလေလေ အာရုံပိုစိုက်ရလေလေပါပဲ။

ကမ္ဘာပေါ်က ကလန်တိုင်းမှာ ကလန်တွင်းက အရာအားလုံးကို ကိုင်တွယ်ဖို့ အဓိကအဖွဲ့ဝင်တွေရှိကြပါတယ်။

ဒါက ဖုန့်ကလန်ရဲ့အိမ်တော်ထိန်းရုံးပါ။

ဖုန့်ကလန်က လူဦးရေများပြားလှပါတယ်။ ဒါကြောင့် နေတိုင်းဖြစ်နေတဲ့ အသေးအဖွဲ ကိစ္စတွေကလဲ အဆုံးမဲ့ပါပဲ။ အိမ်တော်ထိန်းကိုလာရှာတဲ့ လူတွေက အမြဲလိုလို အရေးကြီးတဲ့ကိစ္စတွေရှိနေပါတယ်။ အသေးအဖွဲကိစ္စတွေနဲ့ သွား အလုပ်ရှုပ်နေတာက အသုံးမဝင်ယုံသာမကဘဲ အပြစ်တောင်အပေးခံရပါသေးတယ်။

သို့ပေမယ့်လည်း လူတန်းရှည်တစ်ခုရှိနေတာက ပုံမှန်ပါပဲ။ တစ်ခါတစ်လေဆို လူတွေက ရက်အနည်းငယ်ထိ စီတန်းစောင့်နေကြဖို့ လိုတတ်ပါသေးတယ်။

ဖုန့်လးင် နောက်မှာထိုင်ခုံတစ်ခုရှာလိုက်ပြီး တိတ်တဆိတ်စောင့်စားနေလိုက်သည်။

“ အဆင့်နိမ့်ကလန်အဖွဲ့ဝင်တစ်ယောက်က စက်ရုံကိုမသွားဘဲ ဘာလို့ ဒီကိုလာတာလဲ ”

“ သူက အလုပ်လစ်လာတာများလား... ဒါတောင် သူကအိမ်တော်ထိန်းဆီလာရဲသေးတယ်... အပြစ်ပေးခံရမှာမကြောက်ဖူးလားမသိဘူး.. ”

“ သူက တကယ်ကို သတ္တိရှိတာပဲ... ”

…

တန်းစီနေတဲ့ထဲကလူတွေက... ဖုန့်လင်းကို မြင်လိုက်တာနဲ့ ရွံရှာမှုကြောင့် နောက်ဆုတ်သွားကြပြီး... တီးတိုးပြောနေကြပါတယ်။

ဖုန့်လင်း သူတို့ကို အာရုံမစိုက်ဘဲ တည်ငြိမ်တဲ့အမူအရာနဲ့ပဲ ရှိနေပါတယ်။

အတန်းက အစီအစဉ်အတိုင်းဖြည်းဖြည်းချင်းပဲ ရှေ့ကိုတိုးသွားတယ်။ တစ်နာရီလောက်ကြာတော့

ဖုန့်လင်း ငါးယောက်မြောက်နေရာကို ရောက်သွားပါပြီ။ ဒီအတိုင်းသာဆက်သွားနေရင်... သူ့အလှည်ကို ရောက်ဖို့ ဘယ်လောက်ကြာမလဲမသိတော့ပါဘူး။

ဒါပေမယ့်...သူဆက်စောင့်ယုံပဲ တက်နိုင်ပါတယ်။

သူသာ တိုးဝင်သွားပြီးကျော်တက်လိုက်ရင် အိမ်တော်ထိန်းကို ဒေါသထွက်စေတာကြောင့် ကိစ္စတွေက ဆိုးဝါးသွားနိုင်ပါတယ်။ အဲ့တာက အဆင်အခြင်မဲ့တဲ့ဆုံးဖြတ်ချက်တစ်ခုပါ။

“ အဆင့်နိမ့်ကောင်....အခုချက်ချင်း ထွက်သွားလိုက်တော့....အချိန်ကလူကိုမစောင့်တဲ့ မင်းရဲ့အရေးမပါတဲ့ကိစ္စတွေနဲ့ အိမ်တော်ထိန်းကို ဒုက္ခပေးမလို့လား...ငါ့ကိစ္စသာနှောင့်နှေးသွားရင် မင်းတာဝန်ယူနိုင်မှာမဟုတ်ဘူးကွ ”

သူ့အနောက်ကနေ.. ရိုင်းစိုင်းတဲ့အသံတစ်ခုထွက်လာခဲ့သည်။

ဖုန့်လင်း ဘေးကို ကြမ်းကြမ်းတမ်းတမ်းတွန်းထုတ်ခံလိုက်ရတယ်။ သူ့မျက်လုံးတွေဖွင့်လိုက်တော့.... မာနကြီးတဲ့အမူအရာရှိနေတဲ့ ပိန်ပိန်ပါးပါးမျက်နှာတစ်ခုကို တွေ့လိုက်ရသည်။ သူသက်ပြင်းချလိုက်မိပြီး သူ့အမူအရာမှာ မသာမယာနဲ့ စိတ်အနှောက်အယှက်ဖြစ်နေခဲ့ပါတယ်။

ဗီလိန်တစ်ယောက်အနေနဲ့ ကောင်းတာလေးတစ်ခုတောင် မလုပ်တဲ့လူတွေက ဘာလို့ရှိနေရတာလဲကွာ....ပြောရမှာက သူတို့က ကောင်းကောင်းအကဲ

မခတ်တက်ကြဘူးလား....ငါက လွယ်လွယ်နဲ့အနိုင်ကျင့်ခံရမယ့်ကောင်နဲ့တူနေလို့လားဟ..။

…

အဲ့ဒီဗယုတ်ကျတဲ့အတွေးတွေက

ဖုန့်လင်းစိတ်ထဲဖြတ်ပြေးသွားသည်။ သူပိုပြီးလေးနက်လာခဲ့ပါပြီ။ သူက အကြောင်းရင်းတွေကို ကောင်းကောင်းသိနေတယ်လေ။

ကလန်တွင်းမှာ မတူတဲ့အဆင့်တွေရှိနေပါတယ်။

အဆုံးမှာတော့ သူက အဆင့်နိမ့်ကလန်အဖွဲ့သားလေးပဲမလား။ လွယ်လွယ်အနိုင်ကျင့်ခံရမယ့်ကောင်လို့ ထင်ကြမှာပေါ့။

ကလန်အတွင်းကလူတွေကို အရည်အချင်း၊ပါရမီတို့နဲ့ ခွဲခြားထားပါတယ်။

ဖုန့်လင်းရဲ့ခွန်အားက အလျင်အမြန်ကြီးတိုးလာပေမယ့် သူက အရင်ကအတိုင်း အနိမ့်ဆုံးအလွှာတစ်ခုဖြစ်တဲ့ အဆင့်ကိုးကလန်အဖွဲ့ဝင်အဖြစ်ပဲရှိပါသေးတယ်။

ဒီအဆင့်အတန်းကိုမြင်တဲ့လူတွေက... သူ့ကို ပါရမီနိမ့်ကျပြီး အားနည်းလွန်းတယ်လို့ မှတ်ယူကြမှာပါ။ ဒါ့ကြောင့်

သူ့ကို လွယ်လွယ်နဲ့အနိုင်ကျင့်လို့ရတဲ့လူလို့ တိုက်ရိုက်ပဲ တံဆိပ်ကပ်လိုက်တာပါ။

တစ်နည်းပြောရရင် တစ်ခြားလူတွေရှိနေလျက်နဲ့ အားနည်းတယ်ထင်ရလို့

သူ့ကိုမှ ရွေးလိုက်တာပါ။

သူ မြန်မြန်သန်မာလာမှ ဖြစ်ပါလိမ့်မယ်။

သန်မာလာမှပဲ ဒီလိုခက်ခဲတဲ့အခြေအနေမျိုးတွေကို ဖြေရှင်းနိုင်မှာပါ။ တနည်းပြောရရင် ဒီလိုမဆုံးနိုင်တဲ့ ပြဿနာတွေနဲ့ဆို သူ ကျင့်ကြံခြင်းမှာ အာရုံစိုက်လို့တောင်ရပါ့မလား။

ဖုန့်လင်း သူ့နှလုံးသားထဲက ခါးသီးမှုအကြီးကြီးကို ခံစားလိုက်ရသည်။

“ ကောင်လေး မင်းနာမည်ကဘာလဲ မင်းက ဖုန့်လန်ဆိုတဲ့ငါ့ကိုတောင်မသိတာလား မင်းလစ်လိုက်တော့ ”

ထိုပိန်ပိန်ပါးပါးလူက အသုံးအဖြုန်းကြီးတဲ့ ဒုတိယမျိုးဆက်တစ်ယောက်နဲ့တူနေပါတယ်။ ဖုန့်လင်း တိတ်ဆိတ်နေတုန်းပဲဆိုတာ မြင်လိုက်တော့ သူ

ဖုန့်လင်းကို နောက်ထပ် ထပ်တွန်းလိုက်သည်။

သူ့အကြည့်တွေမှာ လှောင်ပြောင်သရော်ခြင်းတွေရှိနေခဲ့ပါတယ်။ သူက တမင်ကိုလုပ်နေတာပါ။

သူက လူတွေကို ဒီလိုဆက်ဆံမှတော့... ဖုန့်လင်းကလည်း ရိုးရိုးရှင်းရှင်းလေးပဲတုံ့ပြန်လိုက်ပါတယ်။

သူ့လက်သီးနဲ့ပေါ့

သဲအိတ်တစ်ခုလို အရွယ်ရှိနေတဲ့ သူလက်သီးက ခပ်ပြင်းပြင်းတစ်ချက် ထိုးပစ်လိုက်သည်။ သူ့ထွက်သက်တစ်ရှိုက်တောင် မဖြုန်းလိုက်ပါဘူး။

လက်သီးချက်က ကြီးမားတဲ့အားနဲ့အတူ ရောက်လာခဲ့သည်။

ဖုန့်လင်းက မမျှော်လင့်ပဲပြတ်သားလွန်းနေတဲ့အတွက် မိန်းမောသွားပါတယ်။ သူ နည်းနည်းလေး ကြောင်သွားတာပါ။

ဘန်း...

လက်သီးရဲ့အားက သူ့ပစ်မှတ်ဆီကို ရောက်သွားတဲ့အချိန်မှာတော့ ထိုလူ ပျံထွက်သွားပြီး မြေပေါ်ကို ခပ်ကြမ်းကြမ်းကျလာခဲ့ပါတယ်။

သို့သော် ထိုလူ ချက်ချင်းဆိုသလို ထလိုက်ပါတယ်။ ဖရိုဖရဲဖြစ်သွားတာကလွဲပြီး ထိခိုက်ဒဏ်ရာရတာမျိုးမရှိပါဘူး။ သူက မျက်နှာကို ကိုင်ထားရင်း

ဖုန့်လင်းကို စူးစိုက်ကြည့်နေခဲ့သည်။ သူ့မျက်နှာရဲသွားပြီ

“ မင်း မျိုးမစစ်ကောင်... လူတစ်ယောက်ရဲ့မျက်နှာကိုမရိုက်ရဘူးဆိုတာ မင်း မသိဘူးလားကွ ”

လက်သီးချက်က အားအများကြီးနဲ့ မထိုးလိုက်ပေမယ့် ဒီလူက မျက်နှာနဲ့ ထိပ်တိုက်ထိသွားတာပါ။ ဖုန့်လင်း နည်းနည်းလေး အံ့သြသွားသည်။ ဒီလူရဲ့အသက်စွမ်းအင်က မနိမ့်ကျပါဘူး။

ဒါကိုတွေ့တော ဖုန့်လင်းက အဲ့ဒီလူကိုအာရုံစိုက်ခွင့်မပေးပါဘူး။ အသုံးဖြုန်းကြီးပုံရတဲ့ ထိုလူက ဒေါသထွက်လာကာ တိုက်ခိုက်ဖို့ ကိုယ်ဟန်ပြင်လိုက်ပြီး ဖုန့်လင်းဆီကို ခုန်ဝင်လိုက်သည်။

တွားသွားမြွေလက်သီး...

ထိုလူရဲ့ ခန္ဓာကိုယ်က တွန့်လိမ်သွားပြီး ထူးဆန်းတဲ့လှုပ်ရှားမှုနဲ့ လျင်မြန်စွာရွေ့လျားသွားခဲ့သည်။ သူက မြွေတစ်ကောင်လို Zပုံစံ လှုပ်ရှားမှုနဲ့ အနီးသို့ကပ်လာခဲ့သည်။ သူ့ရဲ့လက်ချောင်းဆယ်ချောင်းက ဖုန့်လင်းရဲ့ မျက်လုံးတွေကို ဦးတည်ပြီး ရက်စက်တဲ့လှုပ်ရှားမှုနဲ့ ဆတ်ကနဲလှုပ်ရှားလိုက်ကာသူ့လျှာကို ထုတ်လိုက်ပြီး မြွေတစ်ကောင် တွန်နေသလိုအသံတွေထုတ်လွှတ်လိုက်သည်။

ဖုန့်လင်း လန့်မသွားဘဲ ထိပ်တိုက်ရင်ဆိုင်လိုက်၏။

တွားသွားမြွေလက်သီးသိုင်းမှာ

သွက်လပ်တဲ့လှုပ်ရှားမှုတွေရှိနေပြီး လေ့ကျင့်သူကို တွားသွားနေသလို လှုပ်ရှားလို့ရနိုင်စေလို့ ပြိုင်ဘက်ရဲ့ အားနည်းချက်တွေကို တိုက်ခိုက်လို့

ရစေနိုင်ပါတယ်။

သေချာကြည့်ရင် ပါကွရှစ်ကွက်လက်ဝါးနဲ့အတော်လေးတူလှပါတယ်။

ဖုန့်လင်းက ပါကွရှစ်ကွက်ပုံစံလှုပ်ရှားလိုက်ပြီး သူ့ပြိုင်ဘက်နဲ့ လုံးထွေးသတ်ပုတ်လိုက်ပါပြီ။

သူတို့ရဲ့လက်သီးတွေ အပြင်းအထန်တိုက်မိသွားကြသည်။ တစ်ဖက်လူက နောက်ကိုဆုတ်နေတဲ့အချိန်မှာ ဖုန့်လင်းရဲ့ခန္ဓာကိုယ် မလှုပ်ရှားသေးပဲရပ်နေပြီးထပ်မံတိုက်ခိုက်လိုက်ပါပြီ။

“ ကောင်းတယ်ဟေ့! ရိုက်ကွာ! သေတဲ့အထိရိုက်! ”

“ မင်းကယောက်ျားမလား.... အဲ့တာဆို သူရဲဘောကြောင်မနေနဲ့လေ! ”

“ ဒီမှာကြည့်ရမယ် ဖျော်ဖြေမှုတွေရှိနေမယ်လို့တောင် ထင်မထားဘူးကွာ ”

…

ဘေးကလူတွေက ပြဿနာတက်မှာကို စိုးရိမ်ပုံမရပဲ ဆက်ပြီးအားပေးနေကြတယ်။

ရုတ်တရက် စည်းကမ်းကြီးပုံရတဲ့အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ မင်းတို့ ဘာလုပ်နေကြတာလဲကွ

မင်းတို့ ကလန်ထဲမှာ ပြဿနာရှာနေတာ ကလန်စည်းမျဉ်းကို ဆန့်ကျင်နေကြတာလား....မင်းတို့ ဒီကိစ္စအတွက် ဖြေရှင်းချက်ကောင်းကောင်းမပေးနိုင်ရင် ငါ မင်းတို့အားလုံးကို ထောင်ထဲ

ထည့်ထားပစ်မယ်! ”

All Chapters