ရည်ရွယ်ချက်ကို တရားဝင်ဖော်ထုတ်ခြင်း
Vol. 3 Ch. 39
မျက်နှာထားတင်းတင်းနဲ့ ငွေရောင်ဆံပင်ရှိသော လူအိုကြီးတစ်ယောက်က လေအလျင်နဲ့ ရွေ့လျားလာခဲ့သည်။ ကောင်းကင်ယံတွင် ပျံဝဲနေကာ အပေါ်စီးမှနေ၍ အငြိုးအတေးတို့ဖြင့် ကြည့်ရှုနေသော သိန်းငှက်တစ်ကောင်အလားပင်။
“ ဘဏ္ဍာစိုးချုပ် ”
ဖုန့်ကလန်ရဲ့ ပုံမှန်အဖွဲ့ဝင်တို့အတွက် သူသည် သူတို့၏ကံကြမ္မာကို အုပ်ချုပ်သော အရေးပါသူတစ်ဦးဖြစ်သည်။
ဆူညံနေသော ပွဲကြည့်ပရိသတ်တို့က သူတို့ခေါင်းကိုညွှတ်ကာ အရိုအသေပြုလိုက်ကြပြီး အသက်ပြင်းပြင်းပင်မရှူဝံ့ကြပေ။
ဖုန့်လင်းနှင့် တိုက်ခိုက်နေသူလည်း ထိတ်လန့်သွားပြီး ဖုန့်လင်းရဲ့နည်းစနစ်များမှ လွတ်မြောက်ရန်အခွင့်အရေးကို အမိဖမ်းဆုပ်လိုက်သည်။ သူတို့ ကိုယ်နေရာတွင်ကိုယ် ရပ်နေကြကာ မည်
သည့်အရာမှ ဖြစ်မသွားသည့်အတိုင်းပင်။
ဖုန့်လင်း သူခေါင်းကိုမညွှတ်ခဲ့ပေ။ ထိုအစား သူမျက်လုံးတို့က ငွေရောင်ဆံပင်နှင့် လူအိုကြီးထံကိုသာ ကြည့်နေခဲ့သည်။ သူ့တို့ကြားထဲတွင် မရင်းနှီးသော အရိပ်အယောင်ကို သတိပြုမိလိုက်၏။
ကလန်စက်ရုံကို သွားရောက်ရန် အသိပေးခဲ့သောသူမှာ သည်လူအိုကြီးဖြစ်သည်။
မှန်သည်။ သူကား ဖုန့်ကလန်၏ ဘဏ္ဍာစိုးချုပ် ဖြစ်သည်။ သူ့အား ဘဏ္ဍာစိုးယင် ဟုလည်း ခေါ်ဆိုကြသည်။
(T/N: သူရဲ့နာမည်က ယင် ကို လင်းယုန် ဆိုတဲ့ နေရာမှာလဲသုံးပါတယ်။)
ထင်ရှားနေသည့် နှာခေါင်းကောက်ကောက်နှင့် လင်းယုန်မျက်လုံးတစ်စုံတို့သည် လူတစ်ယောက်အား တုန်ယင်သွားတဲ့အထိ ကြောက်ရွံ့သွားစေနိုင်သည်။
…
“မင်းတို့နှစ်ယောက်...ငါနဲ့လိုက်ခဲ့ကြ”
ငွေရောင်ဆံပင်နှင့် လူအိုကြီးက သူတို့ရှေ့တွင် ရပ်လိုက်ပြီး အကဲခတ်နေချိန်တွင် သူ့ထံမှ သြဇာအာဏာနှင့် ဂုဏ်သိက္ခာကြီးမြတ်မှုတို့ကို ခံစားရနိုင်သည်။
ဖုန့်လင်းနဲ့ ဖုန့်လန် လိုက်သွားလိုက်ကြ၏။
“ဟ..သူတို့နှစ်ယောက်က ဒီလိုရည်ရွယ်ပြီးလုပ်နေကြတာလား..”
“ဘယ်လိုတောင်ဟန်ဆောင်ကြတာလဲ...သူတို့က တိုက်ခိုက်ယောင်ဆောင်ပြီး ဘဏ္ဍာစိုးခေါင်းဆောင်ရဲ့ အာရုံစိုက်မှုကိုယူလိုက်တာ..ဒီနည်းနဲ့ဆို သူတို့က တန်းစီစရာမလိုဘဲ အထဲကိုဝင်နိုင်ပြီလေ..”
“အဲ့နှစ်ကောင်က တော်တော်ကောက်ကျစ်ကြတာပဲ...”
…
နေ့တစ်ဝက်ခန့်ရပ်စောင့်နေကြသူများသည် ၌မြင်ကွင်းကြောင့် ကြက်သေသေသွားကြသည်။
သို့တိုင်အောင် ဘဏ္ဍာထိန်းချုပ်ရှေ့တွင် ရိုင်းရိုင်းစိုင်းစိုင်းမပြောရဲကြပေ။ ထိုအစား ဖုန့်လင်းနှင့် ဖုန့်လန်အား သေစေနိုင်သည့်အကြည့်များဖြင့် ကြည့်နေရုံမျှသာ တက်နိုင်ကြသည်။
သူတို့သည် ရန်ပွဲ၏ ပွဲကြည့်ပရိသတ်များသာဖြစ်ကြသည်။ အဆုံးတွင် သူတို့သည် အတန်းကျော်တက်ခံရသည့် အတွက် မကျေမနပ်ဖြစ်နေရုံသာ တက်နိုင်ကြလေသည်။
ဘယ်သူက အမှန်တရားကို ရှာဖွေရဲမှာမို့လို့လဲ။
ဖုန့်လင်း ဒီနည်းနဲ့ အတန်းဖြတ်ပြီးတက်လို့ရတာမသိပေ။ သူသိခဲ့ရင်တောင် လုပ်မှာမဟုတ်ပေ။
ပိုပြောရပါက သူ၏အမြင်တွင်
ဖုန့်လန်တွင်လည်း ထိုကဲ့သို့ ရည်ရွယ်ချက်မရှိချေ။
ဘဏ္ဍာထိန်းချုပ်၏ စွမ်းအားကြောင့် လူရှုပ်ကောင်လေးက မရပ်မနားတုန်ရီနေရင်း လိုက်လာခဲ့ရသည်။ သူကြောက်ရွံ့နေပြီး သည်းမခံနိုင်ဖြစ်နေသည်မှာထင်ရှားလို့နေသည်။ သူ့မျက်လုံးများက ဖုန့်လင်းဆီကို မကျေ
နပ်သည့်အကြည့်များ ပစ်လွှတ်နေရုံသာတတ်နိုင်သည်။
သူက ဖုန့်လင်းကို အဆင့်နိမ့်ကလန်သားအဖြစ် မြင်နေပြီး ဖုန့်လင်းနေရာကို သူ့ဆီပေးစေချင်ရုံသာဖြစ်သည်။
သူက အဆင့်မြင့်ကလန်အဖွဲ့ဝင်တစ်ယောက်ဖြစ်သည့်အတွက် ထိုအရာက ဘာမှမမှားချေ။
ဒီကောင်က သတ္တိရှိရှိနဲ့ တုန့်ပြန်မယ်လို့ ဘယ်သူထင်ထားမှာလဲ။
အခု နှစ်ယောက်လုံးသွားပြီပင်။ သူတို့က ဘဏ္ဍာစိုးခေါင်းဆောင်အား ဒေါသဖြစ်စေခဲ့ပြီဖြစ်၍ ဖြစ်လာမယ့် အကျိုးဆက်များကို လက်ခံလိုက်ရုံသာ ရှိတော့၏။
မြင်လား... မင်းနေရာကို ငါတောင်းတုန်းက ကြည်ကြည်ဖြူဖြူ ပေးလိုက်ရင် ဒီလိုဖြစ်နေမှာမဟုတ်ဘူး။
တကယ်လို့ ငါသာ ဘဏ္ဍာစိုးခေါင်းဆောင်ရဲ့ အပြစ်ပေးခံရရင် မင်းလည်း ပြန်ပေးဆပ်စေရမယ်။
သူ ခါးသီးသည့်ခံစားချက်တို့ဖြင့် ပြည့်နှက်နေပြီး ဖုန့်လင်းဆီသို့ အပြစ်များ
နှင့် တာဝန်ယူရမည့်အရာအားလုံးကို တွန်းပို့ပစ်လိုက်ပြီဖြစ်၏။
ဖုန့်လင်း သူ့အကြည့်တို့ကို သတိမထားမိပေ။ သတိထားမိခဲ့ရင်တောင် ဂရုစိုက်နေမည်မဟုတ်ပါ။
ဘဏ္ဍာထိန်းချုပ် နောက်ကို လိုက်သွားရင်း ကျယ်ဝန်းသည့်အခန်းထဲကို ရောက်သွားသည်။
ငွေရောင်ဆံပင်နှင့်လူအိုကြီးက အကွာအဝေးတစ်ခုမှနေပြီး အကဲခတ်နေကာ သူတို့နှစ်ဦးကို ထိုင်ခိုင်းမည့်ပုံမပေါ်ပေ။
“ မင်းတို့နှစ်ယောက်က ဘာလို့ ကလန်စည်းမျဉ်းတွေကို ဆန့်ကျင့်ပြီး ကလန်ထဲမှာ တိုက်ခိုက်နေရတာလဲ... အကြောင်းပြချက်မပေးနိုင်ရင်တော့ ငါ့ကို ကြမ်းတမ်းတဲ့အတွက် အပြစ်မတင်နဲ့တော့ ”
ဖုန့်လန်ရဲ့မျက်နှာထက်မှာ အရုပ်ဆိုးသော အပြုံးတစ်ခုဖြစ်ပေါ်လာပြီး မတရားခံရသလိုငိုယိုလိုက်၏။
“ တတိယအဖိုး....ကျွန်တော်မှားပါတယ်...ဒါကလဲ ဒီလူလိမ်ကောင်က ရန်စလာလို့ပါ....အဖိုး သူ့ကို ပြင်းပြင်းထန်ထန်အပြစ်ပေးရမယ်နော်..”
“ တော်တော့...ငါ့ကို အဲ့ဒီအရေးမပါတဲ့အကြောင်းပြချက်တွေမပေးနဲ့တော့ ”
ဘဏ္ဍာထိန်းချုပ်က ဒေါသကြောင့် ဟိန်းဟောက်လိုက်ပြီး သူ့ရဲ့စူးရှသည့်အကြည့်သာ ကျန်ခဲ့တော့သည်။
“ ငါမင်းကို ဘယ်နှစ်ခေါက်ပြောရမှာလဲ....ဒီနေရာမှာ..ငါက ဖုန့်ကလန်ရဲ့ဘဏ္ဍာစိုးခေါင်းဆောင်ပဲ မင်းရဲ့တတိယအဖိုးမဟုတ်ဘူး...မင်းကောင်းကင်ထတက်ပြီး ငိုနေရင်တောင်အသုံးမဝင်ဘူး။ မင်းကို ဘက်လိုက်ပြီးစည်းမျဉ်းတွေချိုးဖောက်ဖို့အတွေးတွေကို ခေါင်းထဲကထုတ်လိုက်တော့.. ”
ဖုန့်လန်၏ ပိန်လှီနေသော ကိုယ်လုံးက ကြောက်ရွံမှုကြောင့် တုန်ယင်နေပြီး စကားတခွန်းမှပင်မပြောရဲတော့ချေ။
“ ဖုန့်လန် ငါမင်းအကြောင်းကို မသိဘူးလို့ထင်နေတာလား ဒီလအတွင်းမှာတောင် ပြဿနာရှာထားတာဘယ်နှခေါက်တောင်ရှိနေပြီလဲ မင်းသာ ကလန်ခေါင်းဆောင်ရဲ့ အကြီးဆုံးမြေးမဟုတ်ရင် ငါမင်းကို အရင်ကတည်းက အကျဉ်းချထားလိုက်တော့မှာ ”
ဘဏ္ဍာထိန်းချုပ်က ဟောက်လိုက်ပြန်သည့်အတွက် ဖုန့်လန် တိတ်ကျသွားသည်။
ဖုန့်လင်း ဘေးဘက်ကနေ စောင်းမကြည့်ဘဲ မနေနိုင်လိုက်ချေ။ ဒီပိန်ပိန်လှီလှီနဲ့ အားနည်းနေတဲ့လူက ကလန်ခေါင်းဆောင်ရဲ့ အကြီးဆုံးမြေးဖြစ်နေလိမ့်မည်ကို သူမမျှော်လင့်ထားခဲ့ပေ။ အစောက သူတို့ တိုက်ကွက်ဖလှယ်သည့် အချိန်က ဖုန့်လန်ထံမှ စွမ်းရည်တွေကို အာရုံမခံမိချေ။
သူက တိုက်ရိုက်မျိုးဆက်တွေကထဲက အသုံးမကျတဲ့ကောင်များဖြစ်နေမလား
ဒီ လူရှုပ်ကောင်မှာ အရှုံးသမားဘဝကနေ သူတို့ရဲ့ကံကြမ္မာတွေကို ပြောင်းလဲနိုင်လိုက်တဲ့ အဓိကဇာတ်ကောင်တွေရဲ့ ဇာတ်ကြောင်းတွေများရှိနေနိုင်မလား
ကလန်အသေးစားလေး၊ တိုက်ရိုက်မျိုးဆက်၊ အသုံးမကျတဲ့ကောင်.....ဒါတွေအားလုံးက ဖုန့်လန်နဲ့ ကိုက်ညီလို့နေသည်။
ဖုန့်လင်း ပိန်လှီနေတဲ့လူကို အကဲခတ်လိုက်သည်။ သူက စိတ်ပျက်စရာ
အော်ရာတို့ကို ခေါင်းမှခြေဖျားထိ ထုတ်လွှတ်နေလေသည်။
သူက အဲ့လိုလူမျိုးမဖြစ်နိုင်တာ သိသာလို့နေသည်။
“ ပြီးတော့ မင်းကရော...ဘာလဲ ”
ဘဏ္ဍာထိန်းချုပ်၏ အာရုံက ဖုန့်လင်းဆီကိုရောက်သွားပြီး အရင်ကထက် ပိုမိုအေးစက်လာသည်။
ဖုန့်လန်နှင့် ပတ်သတ်၍တော့ သူစိတ်ဆိုးသွားခဲ့သည်။ အဆုံးတွင်တော့ သူသည် ကလန်ခေါင်းဆောင်၏ အကြီးဆုံးမြေးတစ်ယောက်ဖြစ်ပြီး လေးစားဖွယ်ပုံရိပ်ဖြင့် ကြီးပြင်းလာ
သည့်အတွက် သူဆန္ဒရှိသလောက် အပြစ်ပေး၍မရနိုင်ချေ။
ဖုန့်လင်းကတော့မတူပေ။ သူက အဆင့်နိမ့်ကလန်သားတစ်ယောက်သာဖြစ်ပြီး စိုးရိမ်စရာသိပ်မရှိချေ။
ဘဏ္ဍာစိုးခေါင်းဆောင်တစ်ယောက်အနေဖြင့် ဖုန့်လင်း၏ကံကြမ္မာအား ထိန်းချုပ်နိုင်သည့် စွမ်းအားရှိနေလေသည်။
ဖုန့်လင်းကိုတော့ သူ လုံးဝအကြင်နာမရှိခဲ့ချေ။ ဖုန့်လင်းသာ အဖြေတစ်ချက်လောက်မှားသွားပါက စိတ်ကူး၍မရနိုင်သည့် အကျိုးဆက်များ ဖြစ်သွားပေ
လိမ့်မည်။
ကလန်သားတိုင်း၏ ကံကြမ္မာတို့ကို ထိန်ချုပ်ထားနိုင်သည့် သော့ချက်တစ်ခုရှိနေသည့်လူနှင့် ရင်ဆိုင်ရပါက မည်သူမဆို ဖိအားကို ခံစားရပေလိမ့်မည်။
ဖုန့်လင်း ပြန်ကြည့်လိုက်ပြီး မနှိမ့်ချ မထောင်လွှားသည့်ပုံဖြင့်....
“ ဒီလူက ကျွန်တော်တန်းစီနေတဲ့နေရာကို အတင်းအကျပ်အတန်းကျော်မလို့လုပ်နေတာပါ အဲ့တာကြောင့် ကျွန်တော်တိုက်ခိုက်လိုက်ရတာပါ ဘဏ္ဍာထိန်းချုပ်ကြီးမှာ သံသယရှိနေရင် စောင့်
ကြည့်ရေးမှတ်တမ်းတွေကို စစ်ကြည့်လိုက်လို့ရပါတယ်။ ”
“ ဘဏ္ဍာထိန်းချုပ် ဒီကောင့်ရဲ့ အလိမ်အညာတွေကို နားမထောင်ပါနဲ့ ”
အခြေအနေတွေက တခြားဘက်ရောက်သွားသည်ကို သိလိုက်ရသောအခါ
ဖုန့်လန် ခုခံပြောဆိုလိုက်၏။
“ ငါမင်းကို စကားပြောခွင့်ပေးထားလို့လား ”
ဘဏ္ဍာစိုးခေါင်းဆောင် အေးစက်စွာပြောလိုက်သည်။
ဖုန့်လန် ချက်ချင်းဆိုသလို ရပ်သွားပြီး တစ်ခွန်းမှမဟရဲတော့ချေ။
အစကတည်းက တည်တည်ငြိမ်ကြိမ်ပဲရှိနေသော ဖုန့်လင်းအားကြည့်ကာ ဘဏ္ဍာထိန်းချုပ် အံ့သြလို့သွားသည်။ ဒီလူ၏ စိတ်နေစိတ်ထား အခြေအနေက မဆိုးချေ။ သူ့ရှေ့တွင်ဆိုပါက မည်သူမှ တည်တည်ငြိမ်ငြိမ်မနေနိုင်ကြချေ။
သူ အဆောက်အဦး၏ စောင့်ကြည့်ရေးမှတ်တမ်းကို ဖွင့်လိုက်သည်နှင့် သူတို့၏ရှေ့တွင် ပြတ်သားထင်ရှားသော ရုပ်ပုံကြီးထွက်ပေါ်လာခဲ့သည်။ မငြင်းနိုင်သည့် သက်သေအထောက်အထားတို့ဖြင့်ဆိုပါက ငြင်းဆိုရန် မည်သည့်အရာမှ သုံး၍ရတော့မည်မဟုတ်ချေ။
ဘဏ္ဍာထိန်းချုပ် ဖုန့်လန်ကို တစ်ချက်ကြည့်ပြီး ဆုံးဖြတ်ချက်ချလိုက်သည်။
“ မင်းရဲ့ ဒီလ ထောက်ပံ့ကြေးတွေထဲက ကြယ်ဒင်္ဂါးတစ်သောင်းနှုတ်မယ် ”
“ မဟုတ်ဘူးးး ဘဏ္ဍာထိန်းကြီး ဒီလိုသာဆိုရင် ကျွန်တော့်မှာ ကြယ်ဒင်္ဂါး
ငါးသောင်းပဲကျန်တော့မှာပေါ့ ဒါက
မလောက်ဘူးလေ ”
ဖုန့်လန်ညည်းညူလိုက်သော်လည်း ချက်ချင်းဆိုသလိုပင် ဘဏ္ဍာစိုးချုပ်၏ သေစေနိုင်သည့် အကြည့်တစ်ချက်ကို ရလိုက်သည်။ သူ တိတ်ဆိတ်စွာနေလိုက်ပြီး ဖုန့်လင်းဆီသို့ မကျေမချမ်းဖြစ်နေသည့်အကြည့်တို့ဖြင့် စူးစိုက်ကြည့်နေလိုက်သည်။
အသုံးမကျတဲ့ကောင် မင်းက ငါ့ရဲ့ကြယ်ဒင်္ဂါးတွေအများကြီး ဆုံးရှုံးအောင်လုပ်ပစ်လိုက်တယ်ပေါ့ အပြင်ရောက်တာနဲ့ မင်းပြန်ပေးဆပ်စေရမယ်မှတ်...
ကလန်ခေါင်းဆောင်၏ မျိုးဆက်ဆိုသည့်အတိုင်းပင် အရှုံးသမားတစ်ယောက်ကပင် ကြယ်ဒင်္ဂါး သောင်းဂဏန်း
လစဉ်ရလေသည်။
သူ့မိဘများက စက်ရုံမှာ နေ့တိုင်းနေ့တိုင်း အလုပ်လုပ်နေသော်လည်း ကြယ်ဒင်္ဂါးငါးထောင်သာရသည်ကို တွေးမိသောအခါ ဖုန့်လင်း သူ့လက်သီးကို ကျစ်ကျစ်ဆုပ်ထားမိလိုက်သည်။ ထိုမျှပင်မဟုတ်ချေ။ အခွန်၇၀%ကိုလည်း ကလန်ကို ပေးရသေးသည်။
ဒါကသာ ခေါင်းပုံဖြတ်သာမဟုတ်ရင်... ဘယ်လိုဟာကလဲ..
ဒီအတိုင်းဆိုပါက သူသည်လည်း ဤကံကြမ္မာအဖြစ်ဆိုးအတိုင်းပဲ ဆက်လက်ဖြစ်နေလိမ့်မည်။
ဖုန့်လင်း၏ အကြည့်တို့က နက်မှောင်ကာ နက်ရှိုင်းလာခဲ့သည်။ ထိုအရာက အဆုံးမဲ့တွင်းနက်ကြီးကဲ့သို့ပင်။
ထိုအချိန်မှာပင် ဘဏ္ဍာစိုးချုပ်ရဲ့အကြည့်က ပြောင်းလဲသွားပြီး ဖုန့်လင်းကို အလွတ်ပေးတော့မည့်ပုံမပေါ်ချေ။
သူ ရက်စက်မယ်ပုံပေါက်လာပြီ....
“ အဆင့်နိမ့်ကလန်သား ဖုန့်လင်း မင်းက ကလန်ရဲ့စက်ရုံကို သုံးပတ်အတွင်းသွားရမယ်ဆိုတာ ငါမှတ်မိပါသေးတယ်။ ဒီနေရာမှာ ဘာလုပ်နေရတာလဲ...ဘာအရေးပါတာတစ်ခုမှမရှိရင် ငါ့ကို ရိုင်းစိုင်းတဲ့အတွက်အပြစ်မတင်နဲ့တော့ ”
ဒါဆို သူက စက်ရုံကိုသွားရတော့မယ့် အဆင့်နိမ့်ကလန်သားလား။
ဖုန့်လန် အကြည့်လွှဲလိုက်ပြီး စိတ်ဝင်စားမှုပျောက်ဆုံးသွားသည်။ ဒီလိုလူမျိုးနဲ့ အာဃာတထားရတာက အလွန်ရှက်စရာပင်။
သို့သော် နောက်ထပ် ဖုန့်လင်း ပြောလိုက်သည့် စကားလုံးတို့က သူ့မျက်လုံးကို အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားစေခဲ့သည်။
“ ကျွန်တော် ငြင်းတယ် ” ဖုန့်လင်း ရိုးရိုးလေးသာပြောလိုက်သည်။
“ ဘာ...”
ထိုအရာကို ကြားသောအခါ ဘဏ္ဍာထိန်းချုပ်ကြီး၏ အမူအရာက နက်မှောင်လို့သွားသည်။
သူ့ကို မည်သူကမှ ဤကဲ့သို့မပြောဝံ့ကြပေ။ ဒါက လုံးလုံးကို အရှက်ရစရာပင်။
“ ကျုပ်ပြောတာက ကျုပ်ငြင်းတယ်လို့... ”
ဘဏ္ဍာစိုးချုပ်ကြီးက သူ့ကို ပြတ်ပြတ်သားသားမကြားမှာ စိုးသည့်အတွက် သူ မပြောင်းလဲသော အမူအရာနှင့် ထပ်မံပြောလိုက်၏။
ဘေးတွင်ရပ်နေသည့် ဖုန့်လန်သည်တော့ ကြက်သေသေနေခဲ့သည်။
ဘဏ္ဍာစိုးချုပ်ကြီးကို ဆန့်ကျင်ဖို့သတ္တိရှိတဲ့လူ ရှိနေသေးတာပါလားဟ။
ဒါက လုံးဝကို ပုန်ကန်ဖီဆန်တာပဲ..။