အဆုံးထိတိုက်ခိုက်ခြင်း
Vol. 3 Ch. 40
ဘဏ္ဍာစိုးချုပ်ဆိုသည်မှာ မည်သည့်အရာနည်း။
ဘဏ္ဍာစိုးများသည် ကလန်၏အစစအရာရာအား ကိုင်တွယ်ရသည့် အာဏာရှိသည့်ပုံရိပ်တစ်ခုပင်။ ကလန်ခေါင်းဆောင်နှင့်ဆက်နွယ်မှု
ရှိမနေသည့် ကလန်သားတိုင်းအတွက် ဘဏ္ဍာစိုးများသည် သူတို့၏ နတ်ဘုရားမျဖြစ်ပြီး ကလန်သားများ၏ကံကြမ္မာကို ထိန်းချုပ်ထားကြသည်။
သူတို့သာ ဘယ်ဘက်ကိုသွားခိုင်းပါက မည်သူမှ ညာဘက်ကို သွားဝံ့မည်မဟုတ်ချေ။
ဘဏ္ဍာစိုးချုပ်တို့က သင့်ကို ကမ္ဘာကြီး၏ထိပ်ဆုံးသို့တင်ပြီး ကလန်၏ ဦးစားပေးဆက်ဆံမှုတို့ကို ရရှိစေနိုင်သလို အောက်ခြေထိ ကန်ထုတ်ပြီး သင့်ဘဝတစ်ခုလုံး ကလန်စက်ရုံများတွင်သာ အလုပ်လုပ်သွားရစေနိုင်သည်ထိ အာဏာရှိကြသည်။
ဖုန့်လန်မှာ ဘဏ္ဍာထိန်းချုပ်ကြီးကို
ဆန့်ကျင်ရဲသည့် ဖုန့်လင်း၏သတ္တိကြောင့် ကြောင်အသွားသည်။
ဒီကောင်က ဒီကိစ္စရဲ့ ကြီးမားပုံကိုမသိဘူးပဲ။ သူ သူ့အခြေအနေရဲ့ တိုးတက်မှုကို လက်လျော့လိုက်တာပေါ့။
ဘဏ္ဍာစိုးချုပ်ကြီးအား စိတ်အနှောက်အယှက်ဖြစ်အောင်လုပ်သည့်အကြောင်းတွေးကြည့်လိုက်သည့်အခါ...။ ရုတ်တရက် ဖုန့်လန် သူနဲ့ဒီကောင်ရဲ့ကြားကရန်ပွဲကို များများစားစားမတွေးတော့ချေ။ ထိုအဖြစ်က ဒီကိစ္စနှင့်နှိုင်းယှဉ်၍မရချေ။
သူပြောရမှာက...ဒီအဆင့်နိမ့်ကောင်က တကယ့်အာဂယောက်ျားတစ်ယောက်ဖြစ်သည်ကိုပင်။
ဖုန့်လန်ရဲ့အမူအရာတွင် တုန်လှုပ်မှုတို့အထင်းသားပင်။
တစ်ဖက်တွင် ဖုန့်လင်းက ဘဏ္ဍာစိုးချုပ်ကြီးနှင့် မျက်နှာချင်းဆိုင်ပြီး ရင်ဆိုင်လို့နေခဲ့သည်။ သူ့ကို ကြည့်ရသည်မှာ တည်ငြိမ်နေပြီး နောက်ဆုတ်ပေးမည့် ရည်ရွယ်ချက်ရှိပုံမပေါ်ချေ။
ဤဘဏ္ဍာစိုးချုပ်သည် ဖုန့်ကလန်သားတိုင်းအတွက် နတ်ဘုရားတစ်ပါးကဲ့သို့ပုံရိပ်ဖြစ်နေသော်လည်း သူ့အတွက်တော့ ထိုကဲ့သို့မဟုတ်ချေ။
သူက မဝရေစာစားရမည့်ကလန်၏စက်ရုံတွင် အလုပ်သတ်မှတ်ပေးခြင်းခံရလုနီးပါးပင်။ သူ့ကံကြမ္မာက ဒီအတိုင်းဆိုလည်း ဆိုးရွားနေပြီဖြစ်ကာ ဘဏ္ဍာစိုးချုပ်ကိုဆန့်ကျင်မိလျှင်လည်း ထိုထက်ပိုပြီး မည်သည့်အရာဖြစ်သွားမှာမို့လဲ။
အခုသာမဟုတ်ရင် ဘယ်အချိန်မှာမှ ကံကြမ္မာဆိုတဲ့အရာကြီးကို ရင်ဆိုင်ရမှာလဲ။
ဖုန့်လင်း ထိုအရာကို အစောကြီးကတည်းက နားလည်ထားခြင်းပင်။
တိုက်ခိုက်ရမယ်။ အဆုံးထိ သူတိုက်ခိုက်ပြီးရင်း တိုက်ခိုက်သွားရမယ်။
သူ့ရဲ့ နိမ့်ကျတဲ့ကံကြမ္မာက သူ့မျက်စိရှေ့တွင်ရှိနေကာ သူသာ မတိုက်ခိုက်ပါက ဒီနွံကြီးထဲကနေ ဘယ်တော့မှ ရုန်းထွက်နိုင်တော့မည်မဟုတ်ချေ။
ဖုန့်လင်း၏ “ငြင်းတယ်” ဆိုသည့်စကားက ပြတ်သားနေပြီး သူ့အသံအနေအထားက သံကိုပင် ဖြတ်တောက်နိုင်လောက်သည်။
ရုတ်တရက် လေထုက တင်းမာသွားပြီး မွန်းကျပ်စရာဖြစ်လာသည်။
ဘဏ္ဍာစိုးချုပ်ကြီး၏ မျက်နှာက
မကျေနပ်မှုကြောင့် ဆိုးဆိုးရွားရွား ရှုံ့တွနေသည်။ သူ့ဒေါသက အကန့်အသတ်ရောက်သွားသည့်အထိ မိနစ်ပိုင်းအတွင်း တိုးပွားလာသည်။
ကလန်သားတို့၏ စွမ်းအားတို့ကို ဆုပ်ကိုင်ထားပြီး ကလန်ခေါင်းဆောင်မှလွဲ၍ မည်သူမှသူ့အထက်တွင်ရှိမနေချေ။ သူအနေဖြင့် ကောင်းကင်ကြီးကို လက်တစ်ဖက်ဖြင့် အုပ်ပစ်နိုင်သည်ဆိုလျှင်ပင် လွန်မည်မဟုတ်ချေ။
သူ့ကို့ တစ်ယောက်ယောက်က
ဆန့်ကျင်ရဲပြီးတော့ အဲ့ဒီလူက အဆင့်
နိမ့်ကလန်သားလေးတဲ့လား။ ဘယ်လိုတောင် ဖီဆန်တာလဲ။
သူသာ ဒီကောင်လေးကို သူ့ရဲ့ အပြစ်ပေးမှု မခံစေရင် စည်းမျဉ်းစည်းကမ်းတွေက ဘယ်မှာရှိတော့မှာလဲ။ သူသာ မလုပ်ရင် သူ့ရဲ့ ဘဏ္ဍာစိုးချုပ်ဆိုတဲ့ နေရာနဲ့ဂုဏ်သိက္ခာကရှိပါတော့မလား။
သိမ်းငှက်တစ်ကောင်၏မျက်လုံးတစ်စုံမှအကြည့်တို့ကဲ့သို့ပင် အမုန်းတရားများပြင်းထန်နေသည့် အကြည့်တစ်စုံက ဖုန့်လင်းအပေါ်တွင် သေစေနိုင်
သည့်အကြည့်တို့ဖြင့် တည်ရှိလို့နေခဲ့သည်။ ထိုအကြည့်တစ်စုံသာ ဓားများကဲ့သို့ထက်ရှနေပါက ဖုန့်လင်းကို အစိတ်တစ်သန်းလောက်ထိ လှီးဖြတ်ပစ်နိုင်လောက်ပေသည်။
ထူးဆန်းသည့်စွမ်းအင်လှိုင်းလုံးတစ်ခုက လေထုထဲတွင် တိုးမြင့်လာပြီ တောင်တစ်လုံးကဲ့သို့လေးလံကာ ရေခဲကဲ့သို့ အေးစက်နေလေသည်။
ဖုန့်လင်း သူ့နေရာတွင်သာ ရပ်နေပြီး သူ့မျက်နှာပေါ်တွင် ရုန်းကန်နေရသည့်ပုံက ထင်ရှားလို့နေသည်။ ထိုတောင်ကဲ့သို့လေးလံသော ဖိအားက သူရဲ့ကျောရိုးကို ဒူးထောက်အရှုံးပေးဖို့ဖိအားပေးနေပြီး ခုခံတာကို ရပ်ရန်ပြောဆိုနေသည့် ခံစားချက်ကို ပေးနေသည်မှာ အထင်အရှားပင်။
မဟုတ်ဘူး။
သူ့အကြည့်တို့က အပြင်းအထန် တောက်လောင်သွားပြီး နောက်ဆုတ်ရန်တွန်းအားပေးလိုက်ကာ ဘဏ္ဍာစိုးချုပ်အား ကြံ့ကြံ့ခံသည့် ကိုယ်ဟန်အနေအထားယူလိုက်သည်။ ဖုန့်လင်း သူ့ကျောရိုးကို အနည်းငယ်မျှပင်
မကွေးညွှတ်ရဲပေ။
“ အာဂလူပဲဟ ”
ဖုန့်လင်းကို မတူမတန်နှိမ့်ချ ဆက်ဆံခဲ့စေကာမူ ဖုန့်လန် မနေနိုင်ပဲ အတွင်းမှကျိတ်ကာ အံ့သြနေမိသည်။
နှစ်ယောက်ကြားက လက်ဆုပ်လက်ကိုင်ပြစရာမရှိသည့်
တုံ့ပြန်ဖလှယ်နေမှုက ကြီးမားလွန်းလှရာ ပွဲကြည့်တစ်ယောက်ဖြစ်သော
ဖုန့်လန်မှာ မနေနိုင်ဘဲ ခိုက်ခိုက်တုန်နေမိသည်။
ဘဏ္ဍာစိုးချုပ်ကြီးသည် ကြယ်တာရာကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ သို့တိုင်အောင် သည်အဆင့်နိမ့်ကလန်သားတစ်ယောက်က ကြံ့ကြံ့ခံကာ ဆက်လက်ပြီး မတ်တပ်ရပ်လို့နေလေသည်။
သူ့အလားအလာကို မကြည့်ဘဲ ဘဏ္ဍာစိုးချုပ်ကြီးနှင့် ရင်ဆိုင်ရဲသည်ဆိုကတည်းကပင် လေးစားစရာကောင်းနေပြီဖြစ်၏။
“ အဲ့ဒီအကြောင်း တွေးတောင်မတွေးနဲ့ ”
သူ ဖုန့်လင်းကို ဒူးထောက်မသွားစေနိုင်သည်ကို တွေ့သောအခါ ဘဏ္ဍာစိုးချုပ်ကြီးက တိတ်ဆိတ်နေမှုကို ဖြိုခွင်းလိုက်သည်။
ထိုအသံကို ကြားသောအခါ ဖုန့်လန်၏ မျက်လုံးများထဲတွင် အလင်းတန်းများ တဖျက်ဖျက်လတ်လို့သွားခဲ့သည်။
တိုက်ရိုက်မျိုးဆက်တစ်ယောက်ဖြစ်
သည့်အတွက် သူက ဘဏ္ဍာစိုးချုပ်ကြီးနှင့် မစိမ်းချေ။
ဘဏ္ဍာစိုးးချုပ်ကြီးက အပြင်ဘက်တွင် မမှုသလိုဖြစ်နေသော်လည်း အတွင်းတွင် ဒေါသထွက်နေလေပြီ။ အမြဲတမ်း အေးစက်ပြီး ခပ်တန်းတန်းဆက်ဆံတတ်သည့်လူတစ်ယောက်အနေဖြင့် သူဆီမှ ထိုစိတ်လှုပ်ရှားနေသည့် စကားလုံးတို့ ထွက်မလာသင့်ချေ။
ပြတ်ပြတ်သားသားပင် ဆွေးနွေးညှိနှိုင်းရန် ကိစ္စက ရှိတော့မည်မဟုတ်ပေ။
ဒီကောင်တော့ ကံဆိုးတာပဲ။
“ဘာလို့မလုပ်ရမှာလဲ ”
ဘဏ္ဍာစိုးချုပ်၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ပြီး ဖုန့်လင်းကလည်း နောက်ဆုတ်မပေးချေ။
“ ကလန်ကမင်းတို့ကိုမြေတောင်မြှောက်ပေးထားတဲ့အတွက် မင်းလို့လို ကလန်သားတွေက တာဝန်တွေကို ကျေပြွန်ရမယ် အဆင့်နိမ့်ကလန်သားတစ်ယောက်အနေနဲ့ မင်းက ကောလိပ်ကို သွားလို့မရဘူး ကလန်ရဲ့ စက်ရုံကိုသွားပြီး မင်းရဲ့တာဝန်နဲ့ ကံကြမ္မာကို လက်ခံလိုက်စမ်းပါ။ မင်းသိရမှာက ဒီကလန်က အသုံးမကျတဲ့အမှိုက်ကောင်တွေကို သည်းမခံဘူးဆိုတာပဲ။ အကုန်လုံးကသာ မင်းလို ကလန်စည်းမျဉ်းတွေကို မျက်စိထဲ
ထည့်မထားကြရင် အကုန်လုံးက
စကြာဝဋ္ဌာကြီးထဲ ကန်ထုတ်ခံလိုက်ရလိမ့်မယ်ကွ။ ”
ဘဏ္ဍာစိုးချုပ်ကြီးက ပြင်းပြင်းထန်ထန် ငြင်းဆိုလိုက်သည်။
“ ကျုပ် ကောလိပ်မတက်ရတာက ကျုပ်က ကလန်ကို ထောက်ပံ့ပေးရမှာမို့လို့မလား ”
ဖုန့်လင်း ကြောက်မနေချေ။ သူ့နှုတ်ခမ်းထောင့်ကကွေးတက်သွားပြီး ယုံကြည်မှုရှိသည့်အပြုံးလေးဖြင့် ထပ်ပြီး...
“ အဲ့တာဆို ကျုပ်သာ တက္ကသိုလ်တက်နိုင်ရင်ရော ”
“ ဘာ...တက္ကသိုလ်လား...မင်းရဲ့ ပသက်စွမ်းအင် 0.4 လေးနဲ့ အိမ်မက်မက်နေတာလား....”
ဘဏ္ဍာစိုးချုပ် သူ၏အထင်သေးမှုကို
မဖုံးကွယ်နိုင်တော့ချေ။
သူ့လက်ထိပ်ဖျားတစ်ချက်ဖြင့် ကျောင်းစာမေးပွဲမှတ်တမ်းကို ယူလိုက်သည်။
ထိုပေါ်တွင် သူ၏ အသက်စွမ်းအင် 1.5 ကထင်းနေသည်။ ဤသည်မှာ အချိန်တိုင်း သိရှိနိုင်သည့် ကမ္ဘာမြေ
အထက်တန်းကျောင်းမှတ်တမ်းပင်။
အချက်အလက်တို့သည့် ငြင်းမရနိုင်လောက်အောင် ခိုင်မာကာ အတုလုပ်၍လည်းမရချေ။
မျက်နှာကို တစ်ချက်ဖြတ်ရိုက်လိုက်
သည့်ပမာပင်...ဘဏ္ဍာစိုးချုပ်ကြီး ဆွံ့အသွားသည်။ သူ့မျက်နှာက နီရဲလာပြီး သူ့အကြည့်တိုက ဖုန့်လင်းဆီရောက်နေကာ ပိုပြီးစိတ်တိုလာလေသည်။
တစ်ယောက်ယောက်က ကလန်ရဲ့ စည်းမျဉ်းတွေကို ဆန့်ကျင်လို့ မရစေရဘူး။
သူက ကလန်၏ အစောင့်အရှောက်တစ်ဦးဖြစ်သည်။ သို့တိုင် ဖုန်းလင်က ကလန်၏ နှစ်ထောင်ချီကြာတဲ့ အစဥ်အလာကို သည်အောင်မြင်မှုသေးသေးလေးဖြင့် ချိုးဖောက့ချင်နေပြီဖြစ်သည်။
“ မင်းရဲ့ အသက်စွမ်းအင် 1.5 လေးနဲ့ ဘာလုပ်လို့ရမှာလဲ ”
သူက ဖုန့်လင်း၏ အထင်ကြီးလောက်စရာမရှိသည့် ရလဒ်မှတ်တမ်းအပေါ် အာရုံစိုက်နေမှုကို ဖယ်ရှားလိုက်သည်။
“ ကမ္ဘာမြေအထက်တန်းကျောင်းဆိုတာ ဟွာရှမြို့တော်က အမှိုက်ကျောင်းလေးတစ်ခုထက်မပိုဘူး....တခြားလူတွေနဲ့ယှဉ်ရင်လည်း မင်းရဲ့အသက်စွမ်းအင်က ပိုပြီးထူးခြားမနေဘူး။ ဒါလေးနဲ့ မင်းက တက္ကသိုလ်ကောင်းကောင်းတစ်ခုကို တက်နိုင်မှာတဲ့လား။ တကယ်လို့ မင်းက ကမ္ဘာမြေ အထက်တန်းကျောင်းရဲ့အောင်လက်မှတ်ရသွားရင်တောင် မင်းက အလုပ်လက်မဲ့တစ်ယောက်သာသာပါပဲ။ မင်းသာ အလုပ်တစ်ခုရှာမတွေ့ရင် မင်းကို ကျွေးမွေးနေဖို့က ကလန်ရဲ့တာဝန်တစ်ခုဖြစ်နေဦးမှာပဲ ”
“ ဒီအသက်စွမ်းအင် နည်းနည်းလေးနဲ့ ကလန်ရဲ့တာဝန်တွေကနေ လွတ်ချင်နေတာလား မဖြစ်နိုင်တာပဲ။ မင်းသိထားသင့်တာက အသက်စွမ်းအင် 10 ရှိနေတဲ့ ကြယ်တာရာကျင့်ကြံသူလူငယ်လေးတွေ အများကြီးရှိနေတယ်ဆိုတာပဲ...1.5 လေးက ဘာသွားသုံးရမှာလဲ။”
စကားလုံးတိုင်းက ဖုန့်လင်း၏ စာမေးပွဲရလဒ်များနှင့် ကျောင်းအကြောင်းကို အထင်အမြင်သေးမှုအကြောင်း ခရားရေလွှတ်ပြောနေခြင်းပင်။
ဒါဟာ ဖုန့်လင်အား မခံမရပ်နိုင်ဖြစ်စေခဲ့သည်။ သူ့ဒေါသတို့ကို သူ့နှလုံးသားထဲတွင် ဖိနှိပ်ထားလိုက်သည်။ ဖုန့်လင်း သူ့ရဲ့ အစစ်အမှန် အသက်စွမ်းအင် 2.3 ကို ချပြချင်သွားသည်။ သို့သော် လက်ရှိတွင် ထိုအရာက မလိုအပ်သေးပေ။
အဆုံးတွင် ဖုန့်လင်း အမှန်တရားကို သိသွားပြီဖြစ်၏။
သည်ဘဏ္ဍာစိုးချုပ်သည် သူ့ကို သိမ်ငယ်နေစေချင်တာပင်။
ဖုန့်ကလန်တွင် ကြီးမားသည့် အခြေခံတစ်ခုရှိသည်။ ထို့ကြောင့်ပင် သည်ဘဏ္ဍာစိုးချုပ်၏ မျက်လုံးထဲတွင် ကြယ်တာရာကျင့်ကြံသူတို့သာ သူ့၏ အာရုံစိုက်မှုရရှိဖို့ ထိုက်တန်ခြင်းလည်း ဖြစ်ကောင်းဖြစ်နေနိုင်သည်။
သူ ဆက်ပြောနေလည်း အသုံးမဝင်တော့ချေ။ သူသာဆက်ပြောနေပါက အထင်သေးခြင်းနှင့် သရော်ခြင်းကို
ထပ်နှိုးဆွပေးနေရုံမျှသာ ဖြစ်နေလိမ့်မည်။
“ လူငယ်လေး မင်းဝါးနိုင်တာထက် ပိုမဝါးသင့်ဘူး။ မင်သာ ကြယ်တာရာတက္ကသိုလ်ကို မတက်နိုင်ရင် ကလန်ရဲ့တာဝန်ကနေ လွတ်မြောက်ဖို့ ဖြစ်နိုင်ချေ နည်းနည်းလေးတောင်ရှိမှာမဟုတ်ဘူးနော်။ မင်းရဲ့အရည်အချင်းနဲ့ အလားအလာတွေက ကလန်ရဲ့မျှော်မှန်းမှုတွေကနေ ကမ္ဘာတစ်ခုစာလောက်တောင် ကွာခြားနေသေးတယ်။ ”
“ လက်ရှိမှာ မင်းရွေးချယ်စရာရှိတာက ကလန်ရဲ့စီစဉ်မှုနဲ့ ကလန်စက်ရုံမှာ သွားလုပ်ဖို့ပဲ။ တကယ်လို့အနာဂါတ်မှာ မင်းသာ အလုပ်တစ်ခုမရှိရင် မင်း ကလန်ကနေကန်ထုတ်ခံရပြီး လူပုံအလယ်မှာ အရှုံးသမားတစ်ယောက်ပဲ ဖြစ်သွား
လိမ့်မယ် ”
သတိပေးမှုတွေကို ဘဏ္ဍာစိုးချုပ်ကြီး၏ စကားလုံးတွေထဲမှာ ရှင်းလင်းစွာ ဖြည့်စွက်ထားသည်။ အတိအကျဆိုပါက ချိန်းခြောက်ခြင်းနှင့် ပို၍တူနေသည်။
ငါ ကန်ထုတ်ခံရမဲ့အချိန်ထိ မစောင့်နိုင်တော့ဘူး ။
တခြားလူတွေဆိုပါက ဒါသည် ဘဏ္ဍာစိုးချုပ်ကြီး၏ သတိပေးမှုဟုဆိုကာ သတိထားနေလိမ့်မည်။ သို့သော်
ဖုန့်လင်းကတော့ ဒီအကြောင်းကို ဂရု
မစိုက်နိုင်ပါချေ။
သူသာ ကလန်မှာ အလုပ်လုပ်ရမယ်ဆိုရင် အဲ့ဒီအစား ထွက်တောင် ထွက်သွားလိုက်ဦးမယ်။
သို့သော် အရှုံးသမားတစ်ယောက်ကဲ့သို့တော့ ထွက်မပြေးချင်ပါချေ။
ကြယ်တာရာသက္ကသိုလ် တက်ဖို့လား။
ဖုန့်လင်း သူ့စွမ်းအင်တွေကို မဖြုန်းချင်ပေမယ့်လည်း သူ လက်လျော့လိုက်ဖို့ မဖြစ်နိုင်ပေ။
တိုက်ခိုက်ရမယ်။ သူ တိုက်ခိုက်ရမယ်။
အဆုံးထိ တိုက်ခိုက်ပြီး ဘယ်တော့မှလက်မလျော့နဲ့ ။
ဖုန့်လင်း သူ့ကံကြမ္မာကို တခြားလူတွေချုပ်ကိုင်သည်အား ခွင့်ပြုမည်မဟုတ်ချေ။ သူ အသံကို တိုးလိုက်ပြီး....
“ ဘဏ္ဍာထိန်းချုပ်ကြီး...ကျုပ်က ကလန်စက်ရုံမှာ လုံးဝအထိန်းသိမ်းခံမှာတော့မဟုတ်ဘူးဗျ ဒီလိုဆို
ဘယ်လိုလဲ ကျုပ်တို့ဘာလို့ သဘောတူညီမှုတစ်ခုလောက်မလုပ်ကြတာလဲ..”
“ ဘာ သဘောတူညီမှုလဲ ”
ဘဏ္ဍာစိုးချုပ်ကြီးက ဗီဇအလျောက် ရုတ်တရက်မေးလိုက်သည်။ ခဏအတွင်းမှာတင် သူနောင်တရမိသွားသည်။
ဖုန့်လင်း သူ့မျက်လုံးကို နှိမ့်လိုက်ပြီး သူ၏အကြည့်တို့က နက်မှောင်လာသည်။
ဒါက သူ့အရန်အစီအစဉ်တွေထဲမှ နောက်ဆုံးလှည့်ကွက်တစ်ခုဖြစ်သည်။
ဒါက အောင်မြင်မှု အလားအလာ
နည်းပါးသော်လည်း ဘဏ္ဍာစိုးးချုပ်ကြီးသည် အကြင်နာမဲ့ပြီး သူ့ကို အခွင့်အရေးတစ်ခုပင်မပေးချေ။ ဒါက
ဖုန့်လးင် သူ့အနာဂါတ်အတွက် တိုက်ခိုက်ရမည့် အစီအစဉ်ပင်။
လုံးဝ မလိုအပ်ရင်တော့ ကလန်မှ သူ ကန်ထုတ်မခံချင်ပေ။
အပြင်ဘက်မှ အဖွဲ့အစည်းတို့သည် ရက်စက်ကာရှုပ်ထွေးလှပေသည်။
ဒါက သူ့အတွက် ကြီးကြီးမားမား ကိစ္စဟု မတွေးမိသော်လည်း သူ့မိဘများနှင့် မောင်နှမများက သာမန်မိသားစုလေးသာဖြစ်လေသည်။ အကယ်၍ သူသာ အဆင်အခြင်မဲ့လိုက်ပါက အကျိုးဆက်တို့ဆိုးဝါးသွားမည်ကို စိုးရိမ်ရလေသည်။
ဖုန့်လင်း ဒီခန္ဓာကိုယ်ကို ဆက်ခံလိုက်ကတည်းက သူ့ရဲ့ ကံတရားကိုလည်း ဆက်ခံရပေလိမ့်မည်။
သူ တစ်ကိုယ်ကောင်းဆန်ပြီး
သူ့မိသားစုကို စွန့်ပစ်ကာ သူ့ဘာသာသူ ထွက်သွား၍မရနိုင်ချေ။
ထို့ကြောင့် အကောင်းဆုံးကိုသာ သူကြိုးစားရပေလိမ့်မည်။
“ ကျုပ်တို့ သဘောတူညီမှုတစ်ခုလောက်လုပ်လို့ရတယ်လေ။ ကျုပ်ကို ကောလိပ်စာမေးပွဲအတွက် ပြည့်ပြည့်စုံစုံပြင်ဆင်ခွင့်ပေးပါ။ တကယ်လို့ ကျုပ်သာ တက္ကသိုလ်စာမေးပွဲ မအောင်ရင် ဘာကန့်ကွက်မှုတွေမှမလုပ်ဘဲ ကလန်ကို ပြန်လာပြီး ကလန်ရဲ့တာဝန်တွေကို ကျိုးကျိုးနွံနွံနဲ့ လုပ်နေမယ်။ ဒါပေ
မယ့် တကယ်လို့ ကျုပ်သာ စာမေးပွဲအောင်သွားရင် ကျုပ်ဘာမှမလိုပါဘူး။ ကျုပ်က ကလန်ကနေ ကျုပ်မိသားစုအပေါ် ကန့်သတ်ချက်တွေကနေ လွတ်မြောက်စေပြီး ကျုပ်ကို လွတ်လွတ်လပ်လပ် ကျင့်ကြံခွင့်ပေးရုံပဲ။ ဒီနည်းနဲ့ဆို ကလန်ကလည်း ကြယ်တာရာတက္ကသိုလ်တက်နိုင်တဲ့ ပါရမီရှင်တစ်ယောက်ရသွားမယ်လေ။ ဒါက ခင်ဗျား ငြင်းဆန်နိုင်တဲ့ ပိုကြီးမားတဲ့ အမြတ်အစွန်းတွေအတွက် ရင်းနှီးမြုပ်နှံမှုသေးသေးလေးပါ။ ”
ထိုနေရာတွင် ဖုန့်လင်း တစ်ခဏရပ်တန့်လိုက်ပြီး သူ့အကြည့်များက ဓားများကဲ့သို့ ထက်ရှနေလေသည်။
“ ဒီလိုဆိုရင်ရော...ဘဏ္ဍာစိုးချုပ်ကြီး...ခင်ဗျားဘယ်လိုထင်လဲ ”