ဆန့်ကျင်ရန် မဖြစ်နိုင်သော
Vol. 3 Ch. 41
တောက်...တောက်..တောက်
ဘဏ္ဍာစိုးချုပ်က တိတ်ဆိတ်နေပြီး သူလက်ချောင်းတွေက စားပွဲထောင့်စွန်းကို တောက်နေကာ အတွေးနက်လို့နေသည်။
သူ ဖုန့်လင်းရဲ့ အစီအစဉ်ကို မထိန်းနိုင်ဘဲ ဆွဲဆောင်ခံလိုက်ရပြီဖြစ်နေသော်လည်း တစ်ခုခုလွဲနေသည်ကို ခံစားရနေဆဲပင်။
ကြယ်တာရာတက္ကသိုလ်များက စကြာဝဠာတစ်ခွင်လုံးမှ လူသားများထဲမှ ကျောင်းသားတို့ကို ခေါ်ယူပြီး ဝင်ခွင့်နေရာ အနည်းငယ်သာ ရနိုင်သည်။
ကျောင်းသား ထောင်ဂဏန်းအနည်းငယ်သာ ခေါ်ယူပြီး အားလုံးတို့သည် ထိပ်သီးများဖြစ်ကြလေသည်။ ထို့ပြင် နှစ်တိုင်းတွင် ပါဝင်နိုင်သည့် ကျောင်းသား အများအပြားမရှိသလို ပြိုင်ဆိုင်မှုတွေကလည်း ပြင်းထန်လွန်းလှပေသည်။ ဝင်ခွင့်ရရန် အလားအလာသည် တစ်သောင်းပုံတစ်ပုံ တစ်သိန်းပုံတစ်ပုံ.....ဒါမှမဟုတ် တစ်သန်းပုံတစ်ပုံပင် ဖြစ်နိုင်သေးသည်။
သည်ဖုန့်လင်း၏ အသက်စွမ်းအင်1.5သည် အလုပ်သင်အဆင့်သာရှိသည်။ သူက ကျင့်ကြံသူတစ်ယောက်အဖြစ်မှတ်ယူနိုင်ရန်ပင် ဝေးကွာလွန်းပေသည်။သူ ဘယ်လိုလုပ် ကြယ်တာရာတက္ကသိုလ်ကို တက်နိုင်မှာလဲ။
သိထားရမည်မှာ ဖုန့်ကလန်၏ မျိုးဆက်တိုင်းတွင် ပါရမီရှင်များ များစွာရှိကာ ထိုထဲမှ အနည်းငယ်မျှသာ ကြယ်တာရာတက္ကသိုလ်သို့ ဝင်ခွင့်ရရန်မျှော်လင့်ချက်ရှိကြသည်။
ကြယ်တာရာတက္ကသိုလ်ကို ဝင့်ခွင့်ရဖို့ကို မေ့ထားပါဦး။ ဝင်ခွင့်စာမေးပွဲအလို ခုနှစ်လ ရှစ်လတွင် အလုပ်သင်အဆင့်မှ အစစ်အမှန်ကျင့်ကြံသူတစ်ယောက်ဖြစ်ဖို့ပင် မဖြစ်နိုင်ပါချေ။
သူက သူ့အလုပ်ကို ကျိုးကျိုးနွံနွံလုပ်မှာလား။
ဘဏ္ဍာစိုးချုပ်ကြီးက အဆင့်နိမ့်ကလန်သားတစ်ယောက်သည် သူတို့ကလန်မှ ပါရမီရှင်တို့အား အချိန်ခဏအတွင် ကျော်တက်ပြီး ကြယ်တာရာတက္ကသိုလ်ကို ဝင်ခွင့်ရမည်ဟု မထင်ပါချေ။
အဆုံးတွင် အဓိကအချက်က မဖြစ်နိုင်ပေ။
မဟုတ်ဘူး အဲ့တာမဖြစ်နိုင်ဘူး။
သူ ဒီလူလိမ်ကောင်လေး၏ လှည့်စားခံရလုနီးပါးပင်။
သူသာ သဘောတူလိုက်လျှင် ဖုန့်လင်းနိုင်သွားပါက သူ့လွတ်လပ်ခွင့်ကို ရသွားပေလိမ့်မည်။ သူရှုံးသွားလျှင်ပင် စက်ရုံတွင် အထိန်းသိမ်းခံရဖို့ နှစ်ဝက် ကြန့်ကြာသွာမည်ဖြစ်၏။ သူ့တွင် အရှုံးမရှိပါချေ။
သတိတောင်မထားမိလိုက်ဘဲ သူက ကလန်စည်းမျဉ်းများကို ဆန့်ကျင်ရသွားနိုင်လေသည်။ အားလုံးသာ သည်လမ်းကိုလိုက်သွားပါက ပုန်ကန်မှုများဖြစ်သွားပေလိမ့်မည်။
မဟုတ်ဘူး...ဒီဟာကို သေချာပေါက်သဘောမတူဘူး။
ဖုန့်လင်း၏ တည်ငြိမ်နေသည့်အမူအရာကိုကြည့်ကာ ဘဏ္ဍာစိုးချုပ်ကြီး ကျိတ်ကာ သက်ပြင်းချလိုက်သည်။
ဒီကောင်လေးက ငယ်ရင်ငယ်နေလိမ့်မယ်။ သူ့အတွင်းက ကောက်ကျစ်လွန်းတယ်။ ဒါပေမယ့် သူက အတွေ့အကြုံနုပါသေးတယ်။
သူ့နှုတ်ခမ်းထောင့်စွန်းက ကော့တက်သွားသည်။ ဘဏ္ဍာစိုးချုပ်တစ်ယောက်အနေဖြင့် တခြားလူများက ကလန်စည်းမျဉ်း၏ အားနည်းချက်တို့ကို သုံးပြီး အားသာချက်ယူသွားမည်ကို ခွင့်ပြု၍မရနိုင်ချေ။
ဘယ်သူကမီ ကလန်စည်းမျဉ်းတွေကနေ သွေဖယ်သွားစေလို့မရဘူး။ ဘယ်သူဆို ဘယ်သူမှဘဲ။
“ ဟာသပဲ...ကလန်ရဲ့ တာဝန်တွေကို လက်ခံဖို့က မင်းတာဝန်ပဲ။ ဒါကို ဘေးပို့ထားလို့မရဘူး။ ဒီလိုအစီအစဉ်မျိုးကို သုံးတာ မှန်တယ်လို့ထင်နေတာလား။
ကလန်တစ်ခုရဲ့ ကလန်သားတစ်ယောက်အနေနဲ့ ကလန်ရဲ့ စည်းမျဉ်းတွေကို ကျိုးကျိုးနွံနွံလိုက်နာရလိမ့်မယ်။ ပြီးတော့ မင်းရဲ့အချိန်တွေကို အဲ့ဒီစိတ်ကူးယဉ်မှုတွေမှာ ဖြုန်းတီးမနေစမ်းနဲ့။ ကလန်က ဒီလိုအလောင်းအစားဆန်ဆန်ကိစ္စတွေကို ခွင့်ပြုပေးမှာမဟုတ်ဘူး ”
ဘဏ္ဍာစိုးချုပ်ကြီးက အေးစက်စွာပြောလိုက်သည်။ သူ့မျက်နှာက ပြုံးနေသော်လည်း စကားလုံးတို့က အသက်မပါပဲ ဖုန့်လင်းကို အဆုံးမဲ့တွင်းနက်ကြီးဆီ ဆွဲချသွားခဲ့သည်။
ဖုန့်လင်း မျက်မှောင်ကြုတ်လိုက်သည်။ ဘဏ္ဍာစိုးချုပ်ကြီးက အခွင့်အရေးတစ်ခုမှမပေးပဲ ငြင်းပယ်မယ်လို့ တွေး
မထားပါဘူး။
သူ ဖြည်းညင်းစွာနဲ့...
“ ဖြစ်နိုင်တာက ဘဏ္ဍာစိုးချုပ်ကြီးက သတ္တိမရှိတာများလား။ ကလန်စက်ရုံအလုပ်သမားလေးက ဘာကူညီနိုင်မှာမို့လဲ။ တကယ်လို့ ခင်ဗျားသာနိုင်သွားရင် ကျုပ်က ကလန်စက်ရုံကို ကျိုးကျိုးနွံနွံပဲ အလုပ်သွားလုပ်မှာလေ။ တကယ်လို့ ခင်ဗျားရှုံးသွားရင်လဲ ကြယ်တာရာတက္ကသိုလ်ကျောင်းသားတစ်ယောက် ရမှာ။ ဒါက အကြီးမားဆုံး အကျိုးအမြတ်ပဲမလား။ ဘာလို့များ ဆန့်ကျင်နေရတာလဲ။ ”
“ ဟာသပဲ ”
ဘဏ္ဍာထိန်းချုပ်ကြီးက အထင်သေးမှုကို ဖုံးကွယ်မထားပါချေ။
“ ဒီလိုလှည့်ကွက်မျိုးတွေနဲ့ ငါ့ကိုလာ ကစားမနေနဲ...ငါ့ကို ဆွပေးတာက အသုံးမဝင်ဘူးကွ။ မင်းသာ ကြယ်တာရာတက္ကသိုလ်ကို ဝင်ခွင့်ရသွားရင် ဖုန့်ကလန်က မရေမတွက်နိုင်တဲ့ ပါရမီရှင်တွေနဲ့ စီနီယာတွေက အမှိုက်တွေဖြစ်ကုန်မှာပေါ့။ သူတို့တောင်မရတာ မင်းက ရမယ်လို့ထင်နေတာလား ငါပြောနေတာ ဒါက မဖြစ်နိုင်ဘူးလို့...ကလန်စည်းမျဉ်းတွေက မင်းကစားဖို့များမှတ်နေတာလား။ မင်းသာ လက်မလျော့ဘဲ ခေါင်းမာနေရင် သင့်တော်တဲ့အတိုင်းအပြစ်ပေးတဲ့အတွက် ငါ့ကို အပြစ်လာမတင်နဲ့တော့ ”
ဖုန့်လင်း၏ အမူအရာက လေးနက်သွားကာ သူ့၏နှလုံးသားထဲမှ ဖိအားတစ်ခုကို ခံစားလိုက်ရသည်။
ကလန်ရဲ့အဆင့်အတန်း တင်းကျပ်မှုက သူ့ကို မွန်းကျပ်သွားစေသည်။ စည်းမျဉ်းတိုင်းက ချိန်းကြိုးတစ်ခုပမာပင် လူတိုင်းကို တင်းတင်းကျပ်ကျပ်ချုပ်နှောင်ထားသည်။ လွတ်လပ်မှုအတွက် အစအနလေးပင်မရှိပါချေ။ လူတစ်ယောက်ကို ချက်ချင်းထွက်ပြေးသွားချင်စိတ်ပေါက်သွားစေနိုင်သည်။
လက်ရှိတွင် သည်ဘဏ္ဍာစိုးချုပ်က အခွင့်အရေးတစ်ခုပင်မပေးချေ။ သူက သူ့ကို သေသည်အထိပင် တွန်းအားပေးနေသည်။
ဘဏ္ဍာထိန်းချုပ်ကြီးက ဖုန့်လင်းရဲ့ မျှော်လင့်ချက်မဲ့နေသည့်အမူအရာကို ကျေနပ်နေလေသည်။ သူ ခေါင်းကို ညိတ်လိုက်ပြီး အရာအားလုံးက သူ့ထိန်းချုပ်မှုအောက်ရောက်နေသည့်အလား ခံစားလိုက်ရသည်။
“ ငါမင်းကို အခွင့်အရေးတစ်ခုမှ မပေးတာတော့ မဟုတ်ပါဘူး။ မင်းက ထိန်းသိမ်းခံရမယ့် ကာလလေးကို ဖယ်ရှားချင်တာမလား။ ဒါက လွယ်ပါတယ်။ ”
“ဘယ်လိုလဲ?”
ဖုန့်လင်း အသံနှိမ့်ပြီးမေးလိုက်သည်။ ဘဏ္ဍာစိုးချုပ်ကြီး၏ ညှာတာပေးမှုကို သံသယရှိနေလေသည်။ နည်းလမ်းတို့တွင် ဒေါသထွက်စရာတစ်ခုခုတော့ရှိလောက်ပေသည်။
သည်ဟာက သူ့အနာဂါတ်ဖြစ်မည်ဆိုလျှင်ပင် သူဂရုစိုက်မည်မဟုတ်ချေ။
“ နည်းလမ်းနှစ်ခုရှိတယ်...တစ်ခုက အထိန်းသိမ်းခံကာလမရောက်ခင် အခြေခံအဆင့်ကျင့်ကြံသူဖြစ်လာဖို့ပဲ။ အဲ့ဒီအဆင့်ရောက်လာရင် ကလန်က မင်းကြယ်တာရာတက္ကသိုလ်စာမေးပွဲကို ရောက်သွားတဲ့အထိ ထောက်ပံ့ပေးသွားမယ်။
နောက်တစ်နည်းကတော့ မင်းကလန်ကို လျော်ကြေး ကြယ်ဒင်္ဂါးတစ်မီလီယံပေးဖို့ပဲ။ အဲ့ဒီလိုဆိုရင် မင်းရဲ့ လွတ်လပ်မှုကို မင်းပြန်ရနိုင်ပြီ!”
ဘဏ္ဍာစိုးချုပ်ကြီးက အန္တာရယ်ရှိစွာရယ်မောလိုက်၏။
“ ဘာ...?”
ဖုန့်လင်း၏ မျက်လုံးတို့က နက်မှောင်လို့သွားသည်။ အထိန်းသိမ်းခံကာလရောက်ဖို့ သုံးပါတ်သာလိုတော့သည်ဖြစ်၏။ ထိုအချိန်တိုတိုလေးက အခြေခံကျင့်ကြံသူဖြစ်ဖို့ လက်တွေ့ကျကျပင်မဖြစ်နိုင်ပေ။ သို့တိုင်အောင် နောက်တစ်နည်းသည် ကြယ်ဒင်္ဂါးတစ်မီလီယံပေးရန်ဖြစ်သည်။ သူက ဘယ်လိုလုပ် အဲ့လောက် အများကြီးပေးနိုင်မှာလဲ။ ဒါက ဓားပြတိုက်နေတာနဲ့တူတူပဲလေ။
အဲ့တာအပြင် အဆင်နိမ့်ကလန်သား တစ်ယောက် အနေနဲ့ ကလန်က သူ့ကို ပျိုးထောင်ဖို့ ဘာပေးခဲ့သလဲ။ အဆင့်
နိမ့်အာဟာရဖျော်ရည်ကလွဲပြီး ဘာမှမရှိခဲ့ပေ။
အဲ့တာတောင် ကြယ်ဒင်္ဂါး တစ်မီလီယံတဲ့လား။
ဒါက ကမ္ဘာပေါ်မှာ အရယ်ရဆုံးဟာသတစ်ခုပဲ။
ဖုန့်လင်း၏ တိတ်ဆိတ်နေမှုကိုကြည့်ပြီး ဘဏ္ဍာစိုးချုပ်ကြီး၏အပြုံးက အေးစက်သွားသည်။
“ ကျင့်ကြံခြင်းလည်းမရှိ....ပိုက်ဆံလည်းမရှိဘူးလား။ အဲ့တာဆို အခုမင်းက ဘာလို့ ငါနဲ့ လာညှိနှိုင်းနေတာလဲကွ။ ကလန်က မင်းတို့ကို အလကားလှူနေတယ်ထင်နေတာလား။ ကလန်က မင်းတို့ကို ပျိုးထောင်ပေးဖို့ ကြိုးစားအားထုတ်ထားရတာ...ဒါတောင် မင်းက ကိုယ့်တာဝန်ကနေ ထွက်ပြေးချင်နေတယ်။ အခု...မင်းမှာ ရွေးစရာနှစ်ခုပဲရှိတယ်။ မင်းကိုယ့်တာဝန်ကိုယ်ယူ...ဒါမှမဟုတ်ရင် ပေးစရာရှိတာပေး။ တစ်ခြား ပြောစရာဘာမှမရှိဘူး။ ”
သူ၏ အန္တရယ်ရှိစွာရယ်မောသံက
ဖုန့်လင်း၏ စိတ်အားငယ်မှုနှင့် ကူကယ်ရာမဲ့မှုတို့ကို အရသာခံနေသည့်အလားပင်။
ဖုန့်လင်း သူ့နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ထိုကဲ့သို့ လက်လျှော့လိုက်ရန် ငြင်းဆန်နေသည်။
သူနောက်ဆုတ်လို့ရကြောင်း သူသိပေသည်။ သူသာ နောက်ဆုတ်လိုက်ပါက သူ့ဘဝကို ပြန်ပြောင်းလဲလို့ ရတော့မည်မဟုတ်ချေ။
“ ကျုပ်ငြင်းတယ် ”
အကျိုးဆက်က စိတ်ကူး၍တောင် ရမည်မဟုတ်သော်လည်း ဖုန့်လင်း သူ့အဖြေကို ပေးလိုက်ဆဲပင်။
ဒီအခြေအနေမှတော့ သူ့တွင် နောက်ဆုတ်ဖို့ အခွင့်အရေးမရှိတော့ချေ။
“ ဘာ ”
ဖုန့်လန်က ဘေးတွင် ကြက်သေသေသွားသည်။ ဒီကောင်က သေချင်နေတာလား။ ဘဏ္ဍာစိုးချုပ်က သူ့ကို မဖြစ်နိုင်ဘူးလို့ ပြောထားတာတောင်မှ အကြောက်တရားမဲ့နေသေးတယ်။ ဘဏ္ဍာစိုးချုပ်ကြီးက ခွင့်လွှတ်ပေးမှာမဟုတ်တော့ဘူး။
ဖုန့်လန်မှာ ဖုန့်လင်း၏ စိတ်မချမ်းမြေ့စရာ အဆုံးသတ်ကို ကြိုမြင်နေပြီဖြစ်၏။
“ ဒါပဲ လာပြန်ပြီလား ”
ထိုစကားလုံးကို ကြားလိုက်သောအခါ ဘဏ္ဍာစိုးချုပ်ကြီး၏ အမူအရာက နက်မှောင်လို့သွားသည်။ ထူထဲသည့်အရှိန်အဝါတို့က သူ့အနားတွင် ဝန်းရံနေပြီး လှိုင်းလုံးကြီးများအလား ထိုးထွက်လာသည်။
ဖုန့်လင်း စောနက သူခံစားနေရသည့်ဖိအားက ပိုမိုပြင်းထန်လာသည်ကို ခံစားလိုက်ရသည်။ အစောက သူ့ကို
ဆန့်ကျင်နေသော တောင်ကုန်းအသေးစားလေးဆိုပါက အခုတွင် တောင်တစ်လုံးအလား လေးလံလှပေသည်။
ဖုန့်လင်း သူ့ကျောကို ကွေးမသွားစေရန် အတတ်နိုင်ဆုံး ဖြောင့်နေအောင် အခက်ခဲဆုံးကြိုးစားလိုက်သည်။
ခရက်...ခရက်
သူ့ကျောရိုးက ကျိုးကြေသွားတော့မည့်အလား ဂျိုးဂျိုးဂျွတ်ဂျွတ် အသံများက ဆက်တိုက်ထွက်ပေါ်လာသည်။
လူ တစ်ယောက်၏ ကျောရိုးက ဘယ်တော့မှ ကျိုးမသွားနိုင်ပါချေ။ တစ်ခါကျိုးသွားပါက သူအနေနဲ့ ဘယ်တော့မှ မတ်မတ်ရပ်နိုင်တော့ပည်မဟုတ်ချေ။
ဖုန့်လင်း၏ အမူအရာက မှုန်ကုပ်ကုပ်ဖြစ်နေပြီး သူ၏ လက်သီးနှစ်ဖက်လုံးကို ကျစ်နေအောင်ဆုပ်ထားလိုက်သည်။ သူ၏ လက်သည်းတို့က သူ့လက်ဝါးထဲကို စိုက်ဝင်နေသောကြောင့် သွေးတို့က ယိုစီးကျလာခဲ့သည်။
ဒီအားက ငါ့ကို ဘယ်တော့မှ ဖိအားမပေးနိုင်စေရဘူး။
ဒါက အခြေခံအဆင့်ကျင့်ကြံသူတစ်ယောက်ရဲ့ စွမ်းအားလား။ သူ့အသက်စွမ်းအင်က ဘယ်လောက်တောင်ရှိနေ
မလဲ။ 10လား 20လား ဒါမှမဟုတ် အဲ့ထက်တောင်လား။
လက်ရှိအချိန်ကဲ့သို့ သူအရမ်းအားနည်းနေကြောင်းကို ဘယ်တုန်းကမှမခံစားခဲ့ရဖူးချေ။ ပိုမိုသန်မာလာစေရန် ဆန္ဒက ပိုမိုပြင်းပြလို့လာသည်။
သနားစရာပဲ။ အဆုံးမှာတော့ သူသည် အခွင့်အရေးနှင့် အချိန်တို့ ချို့တဲ့နေဆဲပင်။ ကံကြမ္မာ၏ဖိအားက သူ့ရှေ့တွင် ရှိနေကာ သူဒီထက်ပို သန်မာလာရပေလိမ့်မည်။
ဘာကြောင့်မို့သူက နိမ့်ပါးပြီး နာကျင်နေရတာလဲ။ အချိန်နည်းနည်းလောက်သာ ပေးလိုက်စမ်းပါ။ သူ့လက်သီးနဲ့ အရာအားလုံးကိုတောင် ဖျက်ဆီးပစ်နိုင်လာလိမ့်မယ်။
သူ့အရှုံးကို ဝန်မခံချင်သည်ကို မြင်သောအခါ ဘဏ္ဍာစိုးချုပ်ကြီး၏ စိတ်ရှည်မှုက ကုန်ဆုံးသွားသည်။
သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ပြင်းထန်သည့် လေပြင်းတို့က သိမ်းကျုံးလှည်းကျင်းသွားသည်။ သဲအိတ်တစ်ခုကဲ့သို့ပင် ဖုန်လင်း၏ ခန္ဓာကိုယ်က လွင့်ထွက်သွားပြီး နံရံတွေဖြင့်တိုက်မိကာ အောက်ကို ဗြုန်းကနဲ ပြုတ်ကျသွားသည်။
“ အစောင့်တွေ...ဖုန့်လင်းက ကလန်စည်းမျဉ်းတွေကို ဆန့်ကျင်ခဲ့တယ်။ သူ့ကို တစ်ပါတ်လောက် အကျဉ်းချထားလိုက်စမ်း။ တကယ်လို့သူသာ ဘယ်အပြစ်မဆို ကျူးလွန်လိုက်တာနဲ့ ကလန်စက်ရုံကို ပို့ပစ်လိုက်။ ”
ဘဏ္ဍာစိုးချုပ်ကြီး၏အသံက သြဇာအာဏာပြည့်ဝလို့နေသည်။ ဖုန်လင်က ပြစ်မှုတစ်ခုခုကျူးလွန်လိမ့်မည်ဟု ယုံကြည်ထားသည်။ သူတွေးထားသည့်အတိုင်း ထိုက်တန်သည့် အပြစ်ပေးမှုတစ်ခု ပေးလိုက်ခြင်းပင်။
အသံပင် မထွက်ပဲ တံခါးပွင့်လာပြီး ကြွက်သားအပြည့်ဖြင့် အနက်ရောင်ဝတ် လူသုံးဦး လျှောက်လာခဲ့သည်။
ဒါသည် ကလန်၏စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ပင်။ ထိုအဖွဲ့ရှိလူတိုင်းသည် အည်းဆုံး အသက်စွမ်းအင် 3 ရှိကြပေသည်။ သူတို့က ကြမ်းတမ်းမောက်မာကြကာ ဖုန်းလင်ကို ဝိုင်းလိုက်ရင်း လှောင်ရယ်နေကြသည်။
ဖုန့်လင်း ယိမ်းထိုးနေသော်လည်း ချောင်းတစ်ချက်ဆိုးကာ သူတို့၏ ချုပ်ကိုင်မှုကနေ ရုန်းထွက်လိုက်သည်။
“ မင်းတို့ရဲ့လက်တွေဖယ်စမ်း...ငါ့ဘာသာလမ်းလျှောက်နိုင်တယ်။ ”
ထို့နောက် သူ့ခေါင်းကို့ မော့ကာ ထွက်မသွားခင် ဘဏ္ဍာစိုးချုပ်ကြီးအား အထင်သေးသည့်အကြည့်တစ်ချက်ကြည့်သွားသည်။ အဆုံးထိ သူ့ကျောရိုးကို ကွေးညွှတ်မသွားခဲလချေ။
တစ်ဖက်တွင် ဖုန့်လန်က ကြက်သေသေနေခဲ့သည်။
ကြီးကျယ်တဲ့ လူငယ်ပဲ။ တကယ့် ယောက်ျားစစ်စစ်တစ်ယောက်ပဲ။
ဘဏ္ဍာစိုးချုပ်ကြီးက ဖုန့်လင်း၏ ပုံရိပ်ကို သက်မဲ့အရာတစ်ခုကို ကြည့်နေ
သည့်အလား အမူအရာမဲ့ပြီး အေးစက်စွာစိုက်ကြည့်နေခဲ့သည်။
ဟမ့်....အခြေခံအဆင့်ကျင့်ကြံသူတစ်ယောက်တောင်မဖြစ်သေးဘဲ ကလန်စည်းမျဉ်းတွေကို ဆန့်ကျင်ပြီး ကလန်ကို ရှုပ်ရှုပ်ထွေးထွေးဖြစ်သွားစေချင်တာလား။ အိမ်မက်မက်နေလိုက်လေ။
ဖြည်းညင်းစွာနဲ့ သူ့လက်ဝါးတွေကို ဖြန့်လိုက်သည်။ သူ့လက်ချောင်းတို့ကို တစ်ခုခုကိုင်ထားသည့်အလား ကွေးလိုက်ပုံက ဗုဒ္ဓ၏ ဝူကျိတောင်အလားပင်။
(T/N: ဝူကျိက တရုတ်လို တိုက်ရိုက်ပြန်ရရင် လက်ငါးချောင်းပါ ဝူ=ငါး၊ ကျိ=လက်ချောင်း )
သူ့လက်ဝါးထဲတွင် ဖုန့်လင်းက မျောက်တစ်ကောင်အလားပင်။ သူဘယ်လောက်ပဲ ခုန်နေပါစေ...
သူ ဘယ်တော့မှ ဆန့်ကျင်နိုင်မည်မဟုတ်ပေ။