← Chapters

အကျဉ်းကျနေချိန်တွင် ကျင့်ကြံခြင်း

Vol. 3 Ch. 42

အကျဉ်းကျနေချိန်တွင် ကျင့်ကြံခြင်း

Vol. 3 Ch. 42

ပိတ်လုနီးနီးဖြစ်နေသော မှိန်ပြပြအခန်းထဲတွင် ဖုန့်လင်း ပြင်းထန်စွာတွန်းထုတ်ခံလိုက်ရသည်။ သူ ယိမ်းယိုင်သွားပြီး ခက်ခက်ခဲခဲနှင့် ခြေလှမ်းတွေကို ထိန်းလိုက်ရသည်။

ဘုန်း...။

ကျယ်လောင်သော အသံကထွက်ပေါ်လာပြီး တံခါးနောက်တွင် ရှိနေသည့် သူ က ထွက်ပြေးစရာ နေရာမရှိ

သည့် အကျဉ်းခန်းထဲတွင် ပိတ်မိသွားပြီဖြစ်သည်။ နေရာတိုင်းတွင် အမှောင်ထုက ကြီးစိုးလို့နေသည်။ သူ လက်ကို ဆန့်ထုတ်လိုက်သောအခါတွင် သူ့လက်ချောင်းများကိုပင် မမြင်ရတော့ချေ။

“ ဒီအကျဉ်းခန်းထဲမှာပဲ နာနာခံခံနဲ့နေနော်...ဟာသလုပ်မယ်မကြံနဲ့...”

“ ဒီကောင်လေးမှာ ကောင်းကင်လောက်ကြီးတဲ့ သတ္တိတွေရှိနေလို့ ဘဏ္ဍာစိုးချုပ်ကြီးကို ဆန့်ကျင်ရဲတာပဲ။ သူက ‘သေခြင်းတရား’ ကို ဘယ်လိုစာလုံးပေါင်းရလည်းဆိုတာ သိမှာမဟုတ်ဘူး ”

“ မင်းတော့သွားပြီပဲ။ ဘဏ္ဍာစိုးချုပ်ကြီးကို ဆန့်ကျင်လိုက်ရင် မင်းဘဝတော့ လမ်းစမရှိတော့ဘူးပဲ။ ”

…

ကလန်၏ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့သားများက ဖုန့်လင်းကို အကျဉ်းခန်းထဲတွင် ပိတ်ထားကာ ရယ်မောရင်းထွက်သွားကြသည်။

ဖုန့်လင်းက ကြက်ခြေခတ်ထိုင်ချလိုက်ပြီး သူ့မျက်နှာက အမှောင်ထုထံတွင် မှေးမှိန်နေကာ အမူအရာက လေးလံနေသည်။

သူဝန်ခံရမှာက သူတွေးတာ ရိုးအလွန်းတယ်လို့ပါ။

ဒီတစ်ကြိမ်မှာ သူ့ရဲ့ ဆွေးနွေးညှိနှိုင်းဖို့ ထိပ်တိုက်ငြင်းခုန်မှုက လုံးဝကို ကျရှုံးသွားခဲ့သည်။ ထို့ပြင် လက်ရှိကဲ့သို့ ကျဉ်းထဲကျပ်ထဲသို့ ရောက်ရှိရင်း အဆုံးသတ်သွားခဲ့သည်။

သူက ရိုးအစွာနဲ့ ကလန်ရဲ့ စိတ်ထားကောင်းမှုတို့ကို မျှော်လင့်ထားခဲ့တာပါ။ ဘဏ္ဍာစိုးချုပ်ကြီးက အလွန်အမင်းရက်စက်ပြီး အခွင့်အရေးတစ်ခုမှ မပေးဘူး လို့မမျှော်လင့်ထားပါဘူး။ သူ့အလောင်းအစားအကြောင်း အကြံကလည်း ငြင်းခံလိုက်ရသလို သူကလည်း ဒီနေရာမှာ ပိတ်မိနေခဲ့သည်။ လက်ရှိတွင် သူ၏မျှောင်လင့်ချက်များက ရေစုန်မျောသွားပြီဖြစ်၏။

သူ နောက်ထပ်ဘာလုပ်သင့်လဲ။

ဖုန့်လင်းမှာ သဲလွန်စ မရှိပေမယ့် သူ့မှာ လက်လျှော့လိုက်ဖို့ရည်ရွယ်ချက်တော့ မရှိချေ။

ဘာလို့ဆို သူ လက်လျှော့လိုက်သည်နှင့် အမှန်တကယ် အခွင့်အရေးမရှိတော့ဘူးလို့ ဆိုလိုခြင်းကြောင့်ပင်။

ဘဝနှစ်ခုကို အတွေ့အကြုံရှိနေတဲ့ လူတစ်ယောက်အနေနဲ့ ဒါလေးကို မသိဘဲနေမလား။

အရာအားလုံးအတွက်တိုက်ခိုက်ရမယ်။ သူ မတိုက်ခိုက်ဘဲ လက်လျှော့လိုက်ရင် သူ့မှာ မျှော်လင့်ချက်နည်းနည်းလေးတောင် ရှိမှာမဟုတ်တော့ဘူး။

အဲ့တာကြောင့် နောက်ဆုံးအချိန်ရောက်သွားတဲ့အထိ သူ ဘယ်တော့မှ လုံးဝ

လက်လျှော့မှာ မဟုတ်ချေ။

အကျဉ်းခန်းအတွင်းက နံရံလေးခုတို့သည် သတ္ထုစပ်တို့ဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ သူတို့က သတ္ထုခံတပ်ကြီးတစ်ခုအလားပင်။ အပြင်ဘက်ကသာ တံခါးမဖွင့်ပါက ယင်ကောင် တစ်ကောင်ပင် ပျံထွက်သွားနိုင်မည်မဟုတ်ဘဲ အတွင်းထဲတွင်သာ ပိတ်မိနေလိမ့်မည်။ လွတ်မြောက်ဖို့က မဖြစ်နိုင်ပါဘူး။

ထို့ပြင် ဒီနေရာတွင် မည့်သည့်နည်းပညာပိုင်းဆိုင်ရာ ပစ္စည်းတို့မှ မရှိချေ။ အပြင်ဘက်နှင့် လုံးဝခွဲခြမ်းထားခြင်းဖြစ်ရာ အပြင်ဘက်ကမ္ဘာကြီးနှင့် ဆက်သွယ်၍ရမည်မဟုတ်ချေ။ အမှောင်ထုကသာ သူ့ရဲ့တခုတည်းသော အဖော်ဖြစ်နေပြီး အချိန်ဘယ်လောက်ရှိသွားပြီလဲပင် မသိချေ။ သည်နေရာက မျှော်လင့်ချက် ပျက်သုဥ်းခြင်းတွေ ဖြစ်ပွားလာစေရန် တည်ဆောက်ထားသည့် လှောင်အိမ်တစ်ခုအလားပင်။

တစ်ယောက်ယောက်သာ သည်နေရာတွင် ပိတ်မိနေပါက ထိုသူက ရူးပင်ရူးသွားနိုင်သည်။

ဖုန့်လင်း သည်နေရာတွင် အချိန်ခဏလေးသာ ရှိသေးသော်လည်း စိုးရိမ်ကြောင့်ကြစိတ်တို့နှင့် စိတ်ပျက်မှုတို့ကို ခံစားနေရပြီဖြစ်၏။ သူ့ခံစားချက်များကို ဖွင့်ထုတ်ပစ်ဖို့ရာ အကျယ်ကြီး အော်ဟစ်ပစ်ချင်မိနေသည်။

သူ့မိဘတွေနဲ့ မောင်နှမလေးတွေက သူ့လက်ရှိအခြေအနေကို မသိတဲ့အတွက် စိုးရိမ်နေမလားဆိုတာလဲမသိပါဘူး။

သို့ပေမယ့် ဆက်စောင့်နေတာက ဖြေရှင်းချက်တစ်ခုတော့မဟုတ်ချေ။ သူ ထွက်ဖို့နည်းလမ်းစဉ်စားလို့မရမှတော့ ဘာလို့ ကျင့်ကြံမနေရမှာလဲ။

ဖုန့်လင်း၏ နှလုံးသားအခြေအနေက ဖြည်းဖြည်းချင်းတည်ငြိမ်လာသည်။ ကျင့်ကြံခြင်းကို အချိန်တွေ ကျော်ဖြတ်သွားစေဖို့ အသုံးပြုချင်ခဲ့သည်။

ခွန်အားသည်သာ အရာအားလုံး၏ အခြေခံဖြစ်သည်။ သူ ခွန်အားကို နည်းနည်းချင်းစီစုဆောင်းထားပြီးမှ လိုအပ်တဲ့အခြေအနေမျိုးတွင် အကျိုးရှိစွာ အသုံးချရပေလိမ့်မည်။ အခွင်အရေးအားလုံးကို အသုံးပြုပြီး အချိန်ကို အကျိုးရှိစွာ အသုံးပြုပြီး သူ့ခွန်အားကို တိုးတက်ဖို့ လိုအပ်နေခဲ့သည်။

ထို့ကြောင့် ဖုန့်လင်း သူ့ကိုယ်သူ စိတ်ဓာတ်ကျနေရင်း အချိန်မဖြုန်းစေနဲ့ဟု ပြောနေခဲ့သည်။ မှောင်မိုက်နေသော အကျဉ်းခန်းထဲတွင် ပိတ်မိနေစေကာမူ သူက ကျင့်ကြံခြင်းအပေါ်တွင် အလုံးစုံကြိုးစားအားထုတ်နေခဲ့သည်။

အမှောင်ထုဖုံးလွှမ်းနေသည့်အောက်တွင် သူ့မျက်နှာက လှောင်ပြုံးပြုံးနေခဲ့သည်။

ငါ့ကို အကျဉ်းချထားတာက ငါ့ရဲ့တိုက်ခိုက်လိုစိတ်က စိတ်ပျက်အားငယ်မှုတွေထဲမှာ နစ်မြုပ်သွားစေမယ်လို့ ထင်နေတာလား။

မဟုတ်ဘူး။ ဒါက ငါ့ကို ပိုမို သန်မာလာစေဖို့ တွန်းအားတစ်ခုပဲ ဖြစ်နေလိမ့်မယ်။

ဘန်း...ဘန်း...ဘန်း...။

သိပ်မကြာလိုက်ပါချေ။ လက်သီးချက်များထိုးနေသည့် အသံများက အကျဉ်းခန်းထဲတွင် ပျံ့လွင့်လာသည်။ နေရာလပ်က အားအဟုန်ကြောင့် တုန်ခါသွားသည်။ လက်သီးချက်များကြောင့် ဖြစ်ပေါ်လာသည့် လေပြင်းတို့ကို နံရံကို မုန်တိုင်းတစ်ခုလို ရိုက်ခတ်သွားကြကာ ကြားလိုက်ရသည်နှင့် နှလုံးတို့ တုန်ခါသွားစေမည့် အသံတို့ ထွက်ပေါ်လာခဲ့သည်။

ဗာဂျရာနတ်ဆိုးနှိမ်နင်းလက်သီးသိုင်းကို တစ်ကြိမ်လေ့ကျင့်ပြီးနောက်

ဖုန့်လင်း၏ ထက်ရှသည့် အာရုံခံမှုက မျိုးဗီဇစွမ်းရည်သည် တစ်မှတ်မှပင် တက်မလာသည်ကို တွေ့လိုက်သည်။ ကြည့်ရသည်မှာ အစောက သူသုံးစွဲခဲ့သည့် အသက်ဆေးရည်မှ အာဟာရဓာတ်တို့သည် လုံးဝကုန်ဆုံးသွားပြီဖြစ်ပုံရသည်။ သူ အခုလို အားစိုက်ပြီး ဆက်လေ့ကျင့်နေ၍မရချေ။ မဟုတ်ပါက သူ့အသက်အားက အလွန်အကျွံအသုံးပြုရင်း ကုန်ဆုံးသွားပေလိမ့်မည်။

သူ သူ့ဝတ်ရုံထဲမှ ပယင်းရောင်အရည်များပြည့်နှက်နေသည့် ပုလင်းလေးတစ်လုံးကို ထုတ်လိုက်သည်။ ဒါသည် အသက်ဆေးရည်ပုလင်းပင်။ ဒါက သူလိုအပ်နေသည့်အရာပင်။

အစောက စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ လူများသည် ဖုန့်လင်းကဲ့သို့

အဆင့်နိမ့်ကလန်သားတစ်ယောက်တွင် တန်ဖိုးကြီးအရာများရှိမည်ဟု မျှော်

လင့်မထားခဲ့ချေ။ ထို့ကြောင့် သူ့ခန္ဓာကိုယ်ကို ရှာဖွေမသွားကြချေ။ မဟုတ်ပါက သူတို့က သူ့ရဲ့အသက်ဆေးရည်များကို သေချာပေါက်ယူသွားကြပေလိမ့်မည်။

ရေခဲအအေးစီးကြောင်းနှင့် အလွန်ပူပြင်းသည့် အပူတို့က သူ့ခန္ဓာကိူယ်ထဲသို့ စီးဝင်သွားကြသည်။

အသက်ဆေးရည်၏ ရင်းနှီးနေသည့် အကျိုးသက်ရောက်မှုက သူမျိုချလိုက်သည်နှင့် ထွက်ပေါ်လာသည်။ အအေးစွမ်းအင်က မကြာခင်မှာပဲ ချော်ရည်ကဲ့သို့ အနွေးစီးကြောင်းလေးအဖြစ်ပြောင်းလဲသွားခဲ့သည်။

လက်ရှိတွင် သူက မီးဖိုပေါ်တွင် ဘာဘီကျူးတစ်ခုလို အကင်ခံနေရသည်ဟု ခံစားနေရသည်။ လောင်မြိုက်နေသည့်အပူချိန်က သူ့ခန္ဓာကိုယ်နှင့် ရောစပ်သွားခဲ့ပြီး အသွင်ပြောင်းမှုများ ဖြစ်ပေါ်လာခဲ့သည်။

နာကျင်မှုဝေဒနာက ပင်လယ်ဒီရေများအလား လှိုင်းလုံးကြီးအတိုင်းရောက်လာပြီး သူ့စိတ်ဝိဥာဉ်နှင့် ခံနိုင်ရည်ကို စမ်းသပ်နေကာ ကျယ်ပြောလှသည့် အမှောင်ထုကြီးအတွင်းသို့ ဆွဲချချင်နေသည်။

သို့သော် သူ၏ အစောက အတွေ့အကြုံအရ အထိတ်တလန့်ဖြစ်မသွားခဲ့ချေ။ သူ ကြက်ခြေခတ် ထိုင်ချလိုက်ပြီး ခန္ဓာကိုယ် ပြောင်းလဲနေစဉ် နာကျင်မှုကို သည်းခံနေခဲ့သည်။

သူ၏ ချီနှင့်သွေးတို့က အပြင်းအထန်လှုပ်ရှားနေခဲ့ကြကာ သူ့ချွေးများက မြေပြင်သို့ တစ်စက်စက်ကျသွားခဲ့ရသည်။ သူ့အင်္ကျီတို့က ချွေးတို့ကြောင့် ရွှဲစိုသွားခဲ့ပြီး သူ့ခန္ဓာကိုယ်ဖြင့် ကပ်နေခဲ့သည်။

ပြင်းထန်သည့် စွမ်းအင်စီးကြောင့်တို့က သူ့ခန္ဓာကိုယ်အတွင်း တဟုန်ထိုး လှည့်ပတ်နေခဲ့ကာ သူ့ခန္ဓာကိုယ်၏ အကန့်အသတ်ကို တစ်ကြိမ်ပြီးတစ်ကြိမ် စိန်ခေါ်လို့နေလေသည်။

သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုချင်းစီတိုင်းက နာကျင်မှုတို့ဖြင့် ပြည့်နှက်နေခဲ့ပြီး သူ့အင်္ဂါများက ကျိုးကြေသွားခဲ့ကြကာ ပြန်လည်စုစည်းတပ်ဆင်နေခဲ့ကြရာ တစ်ကြိမ်ချင်းစီတိုင်း ပိုမို သန်မာလာလေသည်။

သည်တစ်ကြိမ်...သူ့အတွေအကြုံသည် ပထမအကြိမ် အသက်ဆေးရည်သုံးစွဲခဲ့သည့် အချိန်ကနှင့် ထူးမခြားနားပင်။

ဖုန့်လင်း ဖြည်းဖြည်းချင်းစီသာ သုံးခဲ့သည်။

သူ့အတွင်းထဲက အနွေးစီးကြောင်းလေးက သူ့ခန္ဓာကိုယ်အတွင်း အစိတ်အပိုင်းတိုင်း၏ အနက်ရှိုင်းဆုံးထိ ဆက်လက်ပြီး စီးဆင်းလို့နေသည်။ စွမ်းအင်က သူ့အင်္ဂါအစိတ်အပိုင်းများ၊ သူ့ဆဲလ်များ၊ ဆဲလ်ဗဟိုချက်များ....စသည့် အပြင်မှအတွင်းသို့ တစ်ထပ်ချင်းစီ တစ်ထပ်ချင်းစီ မျိုးဗီဇတို့ထိ စီးဆင်းသွားခဲ့သည်။

ဖုန့်လင်း စတင်ပြီး အနီရောင် အလင်းတန်းတစ်ခုထုတ်လွှတ်လိုက်သည်။ သည်အနီရောင် အလင်းက ရှင်းလင်းထင်ရှားနေသည့်တိုင်အောင် သွေးနှင့်တူသည့် အမည်းရောင်များလည်းရှိနေခဲ့သည်။

အပူရှိန်က စိမ့်ဝင်သွားသည်နှင့်

ဖုန့်လင်း ရင်းနှီးနေသည့် မြင်ကွင်းကို ဝိုးတဝါး မြင်လိုက်ရပြန်သည်။

ကျယ်ပြောလှသည့် စကြာဝဋ္ဌာကြီး၏ အမှောင်အာကာသအတွင်းတွင် မျိုးဗီဇတို့၏ သေးငယ်သည့် အစစ်အမှန်ပုံစံတို့က သူ၏ မြင်ကွင်းထဲတွင် ပေါ်လာခဲ့သည်။ သူတို့က အချင်းချင်းလိမ်ယှက်နေကြသည့် စပါးအုံးမြွေနှစ်ကောင်အလားပင် ဖြည်းညင်းစွာ လှည့်ပတ်နေပြီး အာကာသထဲသို့ မြင့်တက်သွားကြသည်။

အသက်ဆေးရည်၏ ဆူပွက်နေသည့်ဆေးစွမ်းက ဆက်လက်စိမ့်ဝင်နေခဲ့ပြီး ဒါက သူရဲ့မျိုးဗီဇတစ်ခုစီတိုင်းကို အလင်းပေးနေတဲ့မီးပွားလေးက အရာအားလုံးကို လောင်ကျွမ်းသွားစေသည့်အတိုင်းပင်။

သူ၏ မျိုးဗီဇတို့ကို ကိုယ်စားပြုနေသည့် ဝက်အူရစ်ပုံစံငယ်နှစ်ခုက မြောက်တက်လာကာ ကြယ်ရောင်ကဲ့သို့

သန့်စင်ကာ ဆန်းကြယ်ပြီး ရှေးဆန်သော အလင်းတစ်ခုကို ထုတ်လွှတ်နေခဲ့သည်။

ကြယ်အလင်းက ပေါင်းစပ်သွားခဲ့ပြီး လျင်မြန်စွာဖြင့် အမှောင်ထုအတွင်း

ပြန့်ကားသွားသည်။

ဆေးရည်၏သက်ရောက်မှု အကူအညီအောက်တွင် မျိုးဗီဇတို့က မရပ်မနား ခွဲထွက်သွားခဲ့ကြကာ သူ့တစ်ကိုယ်လုံးက အသက်ဓာတ်များ တိုးပွားလာခဲ့သည်။ သူ့ဆဲလ်များ၊ သူ့သွေးများ၊ သူ့အင်္ဂါအစိတ်အပိုင်းများ....သူ့ရဲ့ဖြစ်တည်မှုတစ်ခုလုံးက အသက်ဆင့်ကဲ အသွင်ပြောင်းလဲမှုအပြီးတွင် ပြန်လည်တည်ဆောက်ခဲ့ရသည်။ သူ အရပ်

ပိုရှည်လာခဲ့ ပိုမြန်လာခဲ့ ပိုသန်မာလာခဲ့ပြီဖြစ်သည်။

ဂျွတ်...ဂျွတ်...။

ဖုန့်လင်း ရုတ်တရက် သူ့ကျောကို ဆန့်လိုက်သည်နှင့် သူ့အရိုးတို့က ဗျောက်အိုးတို့နှင့်တူသည့် တဖောက်ဖောက်အသံများ ထွက်ပေါ်လာလေသည်။ သူ့ခန္ဓာကိုယ်တွင်းမသန့်စင်သည့်အရာများမှ ထွက်ပေါ်လာသည့်ချွေးနှင့် သွေးများက ရောနှောသွာပြီး သူ့အရေပြားပေါ်တွင် စေးကပ်ကပ်အရာများထွက်ပေါ်လာသည်။ သို့သော် ဤတစ်ကြိမ်က အရင်တစ်ကြိမ်ထက်တော့ ပိုကောင်းနေသေးသည်။

သူ့ကြွက်သားတို့က တုန်ခါသွားခဲ့ကြကာ သူ့ပေါ်မှ ချေးများနှင့် အညစ်အကြေးတို့က မြေပေါ်သို့ကျသွားပြီး သူ့ခန္ဓာကိုယ်က ပြန်လည်သန့်ရှင်းသွားခဲ့သည်။ ဒါက ရေချိုးတာထက်ပင် အဆင်ပြေနေသေးသည်။

သူဝယ်လာခဲ့သည့် အသက်ဆေးရည်ကို သုံးစွဲခဲ့သည့် ယခင်အတွေ့အကြုံကို ရရှိပြီးနောက်တွင် သူခန္ဓာကိုယ်က ဖြည်းဖြည်းချင်း ဆင့်ကဲပြောင်းလဲလာပြီး ပြီးပြည့်စုံသည့်အခြေအနေသို့ ဝင်ရောက်လို့လာသည်။ မသန့်စင်မှုများက လျော့နည်းလာသလို ဆေးရည်သက်ရောက်မှုတို့ကလည်း ပိုနည်းပါးလာခဲ့သည်။

သည်တစ်ကြိမ်တွင် သူ့မြင်ကွင်းက အတူတူပဲဖြစ်နေသည်။ သူက ဆက်လက်ရှည်မလာခဲ့သလို့ သူ၏ လက်ရှိ အရပ်တွင်သာ ထိန်းသိမ်းထားခဲ့ပြီဖြစ်သည်။

1.9 မီတာအရှည်သည် လူသားတို့အတွက် အသင့်တော်ဆုံး အရပ်ဖြစ်သည်မှာ ထင်ရှားသည်။ သူ၏ အရပ်၊ သူ့အမြန်နှုန်းနှင့် သူ့ခွန်အားတို့က ပြီးပြည့်စုံသည့် အခြေအနေကို ရောက်ရှိလာခဲ့ပြီဖြစ်၏။

ဖုန့်လင်း သူ့ခန္ဓာကိုယ်အတွင်းတွင် ပြောင်းလဲမှုများဖြစ်နေမည်ကို သေချာပေါက်သိနေခဲ့သည်။ သူ ချက်ချင်းပင် မျိုးဗီဇအချက်အလက်တို့ကို ကြည့်လိုက်သည်။

အမည်: ဖုန့်လင်း

အသက်စွမ်းအင်: 2.5

မျောက်မျိုးဗီဇ: 10

ကျောက်ဖြစ်မျိုးဗီဇ: 8

မျိုးဗီဇစွမ်းရည်: 178%

သူ့စွမ်းရည်က တိုးမသွားခဲ့သလို သူ့မျိုးဗီဇတို့၏ သန်မာမှုကလည်း တိုး

မလာခဲ့ချေ။

သူ့အသက်စွမ်းအင်တွင်တော့ ပြောင်းလဲမှုတစ်ချို့ဖြစ်လာခဲ့သည်။ ဒါက 0.2 တိုးလာခဲ့ပြီး 2.5 သို့ ရောက်လာခဲ့ခြင်းပင်။

နောက်တော့...ဖုန့်လင်း ဇွဲနပဲကောင်းကောင်းနှင့် ဆက်လက်ကျင့်ကြံနေခဲ့သည်။ သူ အချိန်စီးဆင်းမှုကို မသိရပါဘူး။ သူ ပင်ပန်းလာရင် အိပ်လိုက်ပြီး ပြန်နိုးလာရင် အသက်ဆေးရည်ရဲ့ဆေးအာနိသင်ကို ချေဖျက်ရင်း ပြန်

ကျင့်ကြံနေခဲ့သည်။

သည် လုပ်ငန်းစဥ် ကွင်းဆက်ကြီးက ရိုးရှင်းလွန်းသည့်အတွက် ပျင်းစရာကောင်းလှသည်။ သို့သော် သူ မောပန်းရကောင်းမှန်းမသိချေ။ သူ ထိုကွင်းဆက်တွင် ပျော်ရွှင်မှုကို ရှာတွေ့ခဲ့သည်။

အဆုံးတွင် လူသားတို့က အသိုက်အဝန်းနှင့် နေထိုင်သည့် သက်ရှိများဖြစ်ကြသည်။ အကျဉ်းချထားခံရခြင်းသည် အလွန်ပင် စိတ်ဆင်းရဲစရာကောင်းလှသည်။ သို့တိုင် ဖုန့်လင်းက အမှောင်ထုအလယ်တွင် ပျော်ရွှင်မှုကို ဖြည်းဖြည်းချင်း ရှာတွေ့ခဲ့သည်။

သူ့အတွက် စီစဉ်ပေးထားသော သည်အကျဉ်းခန်းသည် ကျင့်ကြံရန်အတွက် တိတ်ဆိတ်သည့် နေရာတစ်ခုဖြစ်သည်။ သူ့လေ့ကျင့်မှုကြောင့် အာဟာရဓာတ်များ ကုန်ဆုံးသွားခဲ့ပါက အသက်ဆေးရည်ကို သုံးကာ တစ်ကြိမ်ပြီးတစ်ကြိမ် ပြန်ဖြည့်တင်းခဲ့လေသည်။

မျိုးဗီဇစွမ်းရည် +18%, +16%, +14%…

သူ့မျိုးဗီဇစွမ်းရည်က ပေါက်ကွဲပျံတက်သွားခဲ့သည်။ မကြာမီမှာပဲ သူ့မျိုးဗီဇစွမ်းရည်က 308%ကို ရောက်လာကာ အခမဲ့မျိုးဗီဇမှတ် 3 မှတ်ရရှိခဲ့သည်။ ဒါက ကျောက်ဖြစ်မျိုးဗီဇကို အမှတ်

ပြည့်ထိ တွန်းတင်ပေးဖို့ လုံလောက်နေပြီဖြစ်သည်။

သူ့အသက်စွမ်းအင်က တဟုန်ထိုးတက်လာပြီး 2.9 ကို ရောက်လာခဲ့သည်။ 3 ကို ရောက်ဖို့ ခြေတစ်လှမ်းသာ လိုတော့သည်။

အချိန်ခဏလေးအတွင်းတွင် အသက်ဆေးရည်နှင့် မျိုးဗီဇညီမျှခြင်းကိုသုံးကာ လျင်မြန်စွာတိုးတက်နေခဲ့သည်။

သို့သော် ထိုအရာတို့က လုံလောက်သည်အထိရောက်ရန် ဝေးကွာနေသေးသည်။ ဘဏ္ဍာစိုးချုပ်ကြီးသည် အစစ်အမှန်ကြယ်တာရာကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ ဘဏ္ဍာစိုးချုပ်ကြီး၏အသက်စွမ်းအင်တစ်ခုနှင့်ပင် သူ့ကို လုံးဝ ခြေမွပစ်နိုင်လေသည်။

သူသာ ခုခံချင်ပါက အစစ်အမှန်ကြယ်တာရာကျင့်ကြ့သူတစ်ယောက်ဖြစ်မှရပေလိမ့်မယ်။

လျှောက်ရမည့်လမ်းက ရှည်လျားနေဆဲပင်...။

ဖုန့်လင်း သူ ဆက်မကျင့်ကြံမှီ ခဏလောက် နားရန် အချိန်ယူလိုက်သည်။ သူက မောပန်းနွမ်းနယ်မှုကို မသိသည့် သံမဏိလူသားတစ်ယောက်ကဲ့သို့ပင်။.

တပ်...တပ်...။

ရုတ်တရက် ခြေသံဖျော့ဖျော့လေးက ထွက်ပေါ်လာပြီး နီးကပ်လို့လာသည်။

ဖုန့်လင်းရဲ့ နားတွေက ဖြည်းညင်းစွာ လှုပ်ရှားသွားခဲ့သည်။ သူ၏ ထက်ရှ

သည့်အာရုံခံမှုက ထိုအရာကို ကြားလိုက်ရသည်။ သူ လှည့်ပြီး အော်ဟစ်လိုက်သည်။

“ အဲ့တာ ဘယ်သူလဲကွ ”

“ ဖုန့်လင်း...မင်းကိုတွေ့ဖို့ ငါဒီကို လာခဲ့တာ ”

ခပ်တိုးတိုးရယ်မောသံက ထွက်ပေါ်လာခဲ့သည်။

ဖုန့်လင်း ထူးဆန်းသည်ကို ခံစားလိုက်ရသည်။ သူက ကလန်အတွင်းတွင် တစ်ယောက်ထဲဖြစ်ကာ မည်သူနှင့်မှ မဆက်သွယ်ခဲ့ချေ။ ဘယ်သူကများ အကျဉ်းခန်းထဲထိ သူ့ကိုလာတွေ့တာလဲ။ ပြောရရင် ဘယ်သူက သူ အကျဉ်းကျနေတာကို သိလို့လဲ။

…

သူ့နှလုံးသားထဲတွင် အလွန်အမင်းရှုပ်ထွေးသွားသည်ကို ခံစားလိုက်ရသည်။ သို့သော် သည်အသံက သူနှင့်ရင်းနှီးနေသည်။ ဘယ်သူ့အသံဆိုသည်ကိုတော့ ယာယီလောက် စဉ်းစားလို့မရခဲ့ချေ။

ထိုလူ၏ အကြောင်းကို ပြန်စဉ်းစားလိုက်သည့်အခါ ဖုန့်လင်း ရှော့ရသွားသည်။ ဒါက သူ ဘယ်တော့မှ တွေးမထားသည့် မမျှော်လင့်ထားသည့်

ဧည့်သည်တစ်ယောက်ပင်။

All Chapters