အမိုက်စား အကြံအစည်များ(စိတ်ရှည်မှု ပြိုင်ဆိုင်ခြင်း)
Vol. 3 Ch. 43
မြူးထူးနေသည့်ရယ်သံက သေလောက်အောင်တိတ်ဆိတ်သည့် နယ်မြေတွင် ထွက်ပေါ်နေခဲ့သည်။
“ ငါပါ... ဖုန့်လန်။ ငါမင်းကို လာတွေ့မယ်လို့ မင်းထင်မထားဘူးမလား။ ”
“ မင်းလား?” ဖုန့်လင်း၏ မျက်နှာက
အမှောင်နှင့်ဖုံးနေသည့်အတွက် သူ့အမူအရာကို သဘာဝအားဖြင့် ဖော်ပြ၍မရနိုင်ပါချေ။
“ ငါ့ကို ပြောစမ်းပါ။ အဆင့်နိမ့်ကလန်သား တစ်ယောက်အနေနဲ့ မင်းက မင့်မှာရှိနေတာလေးနဲ့ ကျေနပ်နေသင့်တယ်မလား။ ဘာလို့များ ဘဏ္ဍာစိုးချုပ်ကြီးကို သွား ဆန့်ကျင်နေရတာလဲ။ မင်းက ပြဿနာရှာနေတာလား။ ”
ဖုန့်လန်က အကျဉ်းခန်းအပြင်ဘက်တွင် မတ်တပ်ရပ်လိုက်ပြီး စေနနာကောင်းသည့်ပုံဖြင့် အလေးအနက်ထားပြောနေသည်။
“ ဘာလို့လဲ ဟုတ်လား။ မင်းက ငါ့ကို လှောင်ဖို့ ဒီကို ရောက်နေတာလား။ ”
ဖုန့်လင်း သူ၏အေးစက်နေသောလေသံဖြင့် ရုတ်ချည်းဆိုသလို စကားစဖြတ်လိုက်သည်။
“ မင်းမှားနေပြီ။ ”
ဖုန့်လန်က အလွန်တည်ငြိမ်နေခဲ့သည်။
“ ငါ့မှာ မင်းကို လှောင်ဖို့ ရည်ရွယ်ချက်မရှိပါဘူး။ ငါမင်းကို တကယ်သဘောကျလို့ပါ။ ”
“ ဟီးဟီး....” ဖုန့်လင်းရယ်မောလိုက်သည်။ ဒီဖုန့်လန်ကပြောနေသည့် စကာလုံးတို့က အလိမ်အညာတွေဖြစ်နိုင်သည်။ သူ ဒီလူကို ဘယ်လိုမှ
မယုံကြည်ပါချေ။ သူ တည်ငြိမ်စွာဖြင့်
“ ငါ့ကို သဘောကျတာလား။ မင်းကဟာသလုပ်နေတာလား။ ကလန်ခေါင်းဆောင်ရဲ့ တိုက်ရိုက်မြေးတစ်ယောက်အနေနဲ့ မင်းက ကလန်ရဲ့ အ
ဆင့်မြင့်အဖွဲ့ဝင် ရာထူးကို ရထားတယ်။ မင်းက ငါလို အဆင့်နိမ့်ကလန်သားတစ်ယောက်ကို စိတ်ဝင်စားသတဲ့လား။ ”
“ အမှန်ပဲ ” ဖုန့်လင်း သူ့ကို မယုံကြည်တာကို မြင်တော့ ဖုန့်လန်ရဲ့အသံက ပိုပြီးစစ်မှန်လာသည်။
“ မင်းက ကလန်အတွင်းမှာ အရမ်းနာမည်ကြီးနေတာမသိဘူးလား။ ဘဏ္ဍာစိုးချုပ်နဲ့အလောင်းအစားလုပ်ဖို့ မပြောနဲ့....သူ့ကို ပြန်ချေပရဲတဲ့လူတောင် မရှိတာကြာပြီ။ ကလန်အတွင်းက ညီအစ်ကို တော်တော်များများက မင်းလိုစရိုက်ရှိတဲ့လူကို သိကျွမ်းချင်နေကြတယ်လေ။ ”
သူ့စကားလုံးတို့က ချီးမွမ်းမှုတွေနဲ့ပြည့်နှက်နေပေမယ့် မျက်နှာလို မျက်နှာရလုပ်နေသည်ကို ခံစားနေရသည်။ ဖြစ်နိုင်သည်မှ သူပြောသွားသည့် စာကြောင်းထဲမှ ဆယ်လုံးတွင် ကိုးလုံးက အလိမ်အညာတွေဖြစ်နေလိမ့်မည်။
သူက အကျဉ်းခန်းထဲတွင် ရှိနေသော်လည်း ဖုန့်လင်းအနေနဲ့ ဖုန့်လန်၏ မျက်နှာထက်မှ သူတော်ကောင်းယောင်ဆောင်သော အပြုံးကို မြင်ယောင်
ကြည့်၍ရပေသည်။
“ မလိုပါဘူး ” ဖုန့်လင်း တည်ငြိမ်စွာပြောလိုက်ပြီး ဖုန့်လန်ဆီမှ စိတ်ကောင်းစေတနာကို ငြင်းပယ်လိုက်သည်။ သူ ကြက်ခြေခတ်ထိုင်လိုက်ပြီး သူ့ပါးစပ်ကို ပိတ်ထားလိုက်ကာ နောက်ထပ် တစ်ခွန်းမှထပ်မပြောတော့ချေ။
ဒီဖုန့်လန်သည် ကလန်အတွင်းတွင် အသုံးအဖြုန်းကြီးသည့် သခင်လေးတစ်ယောက်ဟုလူသိများသည်။ သူ၏ မျိုးရိုးကို အကျိုးအမြတ်ရဖို့ မှီခိုနေကတည်းကပင် ညံ့ဖျင်းသော လူတစ်ယောက်ဖြစ်နေပြီဖြစ်သည်။ သူနှင့်ပေါင်းသင်းသော သူငယ်ချင်းများသည်လည်း သူ့လိုသာ ဖြစ်နေလိမ့်မည်။ အဆုံးတွင်တော့ တူညီသည့် ငှက်များသာ တူညီရာ အသိုက်ဖွဲ့ကြပေလိမ့်မည်။
ဖုန့်လင်း ထိုကဲ့သို့ အသုံးအဖြုန်းကြီးသူများဖြင့် ရောနှောနေဖို့ စိတ်မဝင်သားချေ။
အတိအကျဆိုပါက သူ့သူငယ်ချင်းများမပြောနဲ့ ဖုန့်လန်နှင့်ပင် မပေါင်းချင်ပေ။
မူလက ဖုန့်လန်နှင့် သူနှင့်ကြားတွင် သဘောထားကွဲလွဲမှုများရှိနေသည်။ သို့သော် ဖုန့်လန်က အဓိပ္ပါယ်မရှိဘဲ သူ့ကို လာတွေ့မည်မဟုတ်ချေ။ သူ့ဖင်ကို သုံးပြီးတွေးလျှင်ပင် တစ်ခုခုမှားနေသည်ကို သိနိုင်ပေသည်။
ဖုန့်လင်းက လူတွေကို ကျိုးကြောင်း
မသိဘဲ ယုံကြည်သည်ထိ ရူးမိုက်နေသည့်သူမဟုတ်ချေ။ မဟုတ်ပါက တခြားလူများက သူ့ကို သစ္စာဖောက်သွားလျှင်ပင် သူသိနိုင်လိမ့်မည်မဟုတ်ချေ။
သူ၏ချိုမြသော စကားလုံးများက အသုံးမဝင်သည်နှင့် ဖုန့်လင်းက သူ့ကို လစ်လျူရှုထားသည်ကို မြင်ပြီး
ဖုန့်လန်၏ အမူအရာက အလွန်အမင်း ခက်ထန်လာပြီး မြင်မကောင်းရှုမကောင်းဖြစ်လာလေသည်။ အဆုံးတွင် အသုံးအဖြုန်းကြီးသည့် သခင်လေးတွေက သူတို့ကို မျက်နှာသာပေးခံရသည်ကို လိုချင်ကြသည်မဟုတ်ပါလား။
သို့သော် အကျဉ်းခန်းထဲတွင်ရှိနေသည့် ဖုန့်လင်းကတော့ ဖုန့်လန်၏ အမူအရာပြောင်းလဲသွားသည်ကို မတွေ့နိုင်ခဲ့ပေ။ ဖုန့်လန် ဖြည်းဖြည်းချင်း တည်ငြိမ်လာခဲ့ပြီး သူဘာကိုတွေးနေသည်ကို မည်သူမျှ သိနိုင်မည်မဟုတ်ချေ။
“ ဖုန့်လင်းရာ....ငါတို့ကြားမှာ အာဃာတတရားသေးသေးလေး ရှိနေပေမယ့် ရန်မဖြစ်ဖူးရင် မသင့်မြတ်နိုင်ဘူးမလား။ ဘဏ္ဍာစိုးချုပ်ကြီးကို မင်းဆန့်ကျင်ရဲတဲ့ သတ္တိကိုမြင်လိုက်ကတည်းက မင်းနဲ့ သိကျွမ်းပေါင်းသင်းချင်လာတယ်ဆိုတာ သိခဲ့ရတယ်လေ။ ”
သူပြောလိုက်၏။
အမှောင်ထုတို့ ဖုံးကွယ်နေသော
ဖုန့်လင်း၏ မျက်နှာထက်တွင် အေးစက်သည့်အပြုံးတစ်ခု ပေါ်လာခဲ့သည်။ မင်းက ငါ့ရှေ့မှာ မင်းရဲ့အကြံအစည်တွေနဲ့ ကစားချင်နေတာလား။ မင်းကဘယ့်သူ့ကို အရူးလို့ထင်နေတာလဲ။
ဖုန့်လင်းက သူ့ကို ဆက်လက်လစ်လျူရှုနေသည်ကို မြင်သောအခါ ဖုန့်လန်
သူ့သွားများကို ကြိတ်လိုက်သည်။
ဖုန့်လင်းတွင် သူ့ကို ဆန့်ကျင်ရဲသည့် သတ္တိရှိသည်ကို နားလည်လိုက်သည်ဖြစ်ကာ သူ့ကို အရူးလုပ်ဖို့ လွယ်ကူလိမ့်မည်မဟုတ်ချေ။
သူ အရမ်းစိတ်ဆိုးနေပြီဖြစ်သည်။
ကလန်အတွင်းတွင် သူသည်တိုက်ရိုက်မျိုးဆက်တစ်ယောက်ဖြစ်သည့်အတွက် အမြဲတမ်းဗိုလ်ကျနေခဲ့ပြီး မည်သူကမှ တစ်ခွန်းမှ ပြန်မပြောဝံ့ကြပေ။ ဘယ်ကတည်းက ဒီလို အခြေအနေမျိုး ကြုံဖူးလို့လဲ။ သူက
အဆင့်နိမ့်ကလန်သားတစ်ယောက်ကို ဖားဖို့ယားဖို့ လာခဲ့ရတယ်။ ဒါတောင် သူက လုံးဝ လျစ်လျူရှုထားခံရတယ်တဲ့။
သူ့စိတ်နဲ့ဆိုပါက သူ ပေါက်ကွဲနေမည်မှာ ကြာပြီဖြစ်သည်။
သို့သော် သူ့ရည်ရွယ်ချက်ကြောင့် သူ့ကိုယ်သူ သည်းခံနေရန်သာ ပြောနိုင်သည်။ သူ ဒေါသထွက်ရင် ထွက်နိုင်ပေမယ့် သူသည်းခံနေရမယ်။
ဖုန့်လန် မင်းက ဒေါသအကြီးဆုံးလူတစ်ယောက်ပဲ....မဟုတ်ဘူး မင်းက အကောင်းဆုံးသူတစ်ယောက်ပဲ။
သည်းခံစမ်း။ ငါဒါကို သည်းခံရမယ်။ ဒါကို သည်းခံပြီးရင်း သည်းခံနေမယ်။
အဆုံးတွင် အတွင်းစိတ်ထဲတွင် နပန်းလုံးနေပြီး ဖုန့်လန် သူ့ဒေါသကို နှလုံးသားထဲတွင် ထိန်းချုပ်ခဲ့သည်။
“ ဖုန့်လင်း...ငါတို့ကြားမှာ အာဃာတတရားတွေရှိရင်ရှိနေမယ်။ ဒါပေမယ့် အဲ့တာကို ဖယ်ထားလိုက်လို့ရမလား။ ငါတို့က ငယ်ရွယ်ပြီး စိတ်လိုက်မာန်ပါ လုပ်တတ်ကြရုံပဲလေ။ ငါတို့တွေ သူငယ်ချင်းဖြစ်လာနိုင်သေးတာပဲ။
မင်းမပြောနဲ့ ငါတောင် ဘဏ္ဍာစိုးးချုပ်ကြီးကို စိတ်ကုန်နေပြီ။ သူက အရမ်းဗိုလ်ကျလွန်းပြီး ငါ့ကို ရက်ရက်စက်စက် ဖိနှိပ်လွန်းတယ်။
ငါတို့က တစ်ဘက်တည်းမှာ အတူတူပဲဟ ”
…
ဖုန့်လန် ဆက်ပြောနေပြီး ဖုန့်လင်းနဲ့သူနဲ့ကြားမှ စိတ်ခံစားမှု အကွာအဝေးကို တိုသွားစေချင်နေခဲ့သည်။
မင်းဖာသာမင်း ဘယ်လောက် ရွှန်းရွှန်းဝေအောင် ပြောတတ်ပြောတတ် ငါ့နားတွေသာ ကန်းနေရင် ဘာမှမကြားရတော့ဘူးလေ။
ထိုစကားလုံးတို့က ဖုန့်လင်း၏ ဘယ်ဘက်နားသို့ စီးဝင်လာပြီး ညာဘက်နားမှပြန်ထွက်သွားကြသည်။ သူက
ဖုန့်လန် မည်သည့်အရာတွေ ပြောနေပါစေ အနှောက်အယှက်ဖြစ်မနေတော့ချေ။
ရှင်းမပြနိုင်လောက်သည့် အရေးတစ်ယူ ဂရုစိုက်မှုတွေရှိနေသူသည် သေချာပေါက် ဆိုးဝါးသည် ရည်ရွယ်ချက်တို့ကို ဖုံးကွယ်ထားပေ
လိမ့်မည်။
ဖုန့်လင်း ငတုံးတစ်ယောက်ဖြစ်နေမှသာ သူ့ကို ယုံပေလိမ့်မည်။
ဒီငနဲက သူ့ကိုယ်သူမည်မျှ သနားစရာကောင်းနေပုံကို ဖွဲ့ဆိုနေသည်ကို သူ့နာမည်ဂုဏ်သတင်းကို မသိသူများသာတွေ့သွားပါက သူသည် စိတ်မချမ်းမြေ့စရာဘဝတွင် နေထိုင်နေရသည်ဟု ယူဆသွားကြပေလိမ့်မည်။
သို့သော် လက်တွေ့ဘဝရှိ အမှန်တရားက ဖုန့်လန်သည် ကလန်ခေါင်းဆောင်၏ မြေးတစ်ယောက်ဖြစ်သည်။ ကလန်မှပေးသည့် သူ့၏ မုန့်ဖိုးကပင် တစ်လတွင် အနည်းဆုံး ကြယ်ဒင်္ဂါး 10,000 ခန့်ရှိပေလိမ့်မည်။
သူ ဒီကို ထူးဆန်းသည့်ရည်ရွယ်ချက်တို့ဖြင့် လာသည်မှာ ရှင်းလင်းလို့နေသည်။
ဒီအကောင်က သူလို အဆင့်နိမ့်ကလန်သားတစ်ယောက်နဲ့ နီးကပ်ဖို့အတွက် အစွမ်းကုန်ကြိုးစားလို့နေသည်။ သူ့စိတ်ထဲတွင် အကြံအစည်တစ်ချို့ရှိနေသည်မှာ ထင်ရှားလှသည်။
ဒီကောင် ဘာအကြံတွေဖြင့် ကစားနေသည်ကို ဖုန့်လင်း သိချင်သော်လည်း သူက စ မေးရတဲ့လူမဖြစ်ချင်ပေ။
ဒါက အတော်မိုက်သည့်အကြံအစည်ပင်။ အကယ်၍ သူသာ ဖုန့်လန်ကို ဤကစားပွဲမှာ နိုင်လိုက်လျှင် သူ၏လက်ရှိပြဿနာမှ လွတ်မြောက်ရန် နည်းလမ်းတစ်ခု ရကောင်းရသွားနိုင်ပေသည်။
ထို့ကြောင့် ဖုန့်လန် စကားပြောလွန်း၍ တံတွေးတွေနေရာအနှံ့ပျံ့သွားပါစေ
ဖုန့်လင်း မလှုပ်မယှက်ဖြစ်နေခဲ့သည်။
ဖုန့်လန်၏လျှာညောင်းသွားပြီး ဘာခွန်အားမှမကျန်တော့သည်အထိတိုင် သူ မလှုပ်ရှားခဲ့ပေ။
ဖုန့်လန် အကျဉ်းခန်းအပြင်ဘက်တွင် မောဟိုက်နေရင်း မတ်တပ်ရပ်နေခဲ့သည်။ သူ့မျက်နှာထက်တွင် အရုပ်ဆိုးသည့်အမူအရာတစ်ခုရှိနေလေသည်။ သူ ဒီနေရာမှ အခုချက်ချင်းထွက်သွားဖို့က လွဲ၍ တစ်ခြားဘာမှမလုပ်ချင်တော့ပေ။
သို့သော်ငြား...သူ၏ ခြေထောက်က မြေပြင်တွင် ကော်လိုကပ်နေခဲ့သည်။ သူ တကယ်ကို ထွက်သွားချင်နေခဲ့ပေ
မယ့်လည်း သူမလုပ်နိုင်ပေ။
သူခံစားနေရသည့် အာဃာတတရားတို့က သေးသေးလေးပင်။ သို့ပေမယ့် သူ ဒီကို ရောက်လာရသည့် ရည်ရွယ်ချက်က အရေးကြီးပေသည်။
သူ့ရည်ရွယ်ချက်မအောင်မြင်သွားခဲ့ဘဲ ဒီနေရာကနေ ထွက်ခွာသွားဖို့ ဆန္ဒမရှိခဲ့ချေ။
သို့တိုင် သည်ဖုန့်လင်းက ခိုင်မာသော ကျောက်တုံးကြီးပမာ သူ့ကို လျစ်လျူရှုနေပြီး ဘာလုပ်ရမှန်းမသိဖြစ်စေခဲ့သည်။
သူတို့နှစ်ယောက်လုံး အတွေးကိုယ်စီနဲ့ တိတ်ဆိတ်နေခဲ့ကြပြီး အသက်ရှုသံကြောင့်သာ သူတို့အချင်းချင်း၏ တည်ရှိမှုကို သိနေကြခြင်းဖြစ်သည်။
ဖုန့်လန် သည်းမခံတော့ဘဲ လှည့်ထွက်သွားတော့မည်အပြုတွင် ဖုန့်လင်းက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
သူ ပျင်းရိစွာဖြင့်....
“ မင်းဖြစ်တာကို ငါ့ကို တိုက်ရိုက်သာပြောလိုက်စမ်းပါ။ ငါ့မျက်စိတွေရှေ့မှာ မင်းရဲ့ လှည့်ကွက်အသေးစားလေးတွေသုံးမနေစမ်းပါနဲ့။ ”
ဖုန့်လန် နောက်တစ်လှမ်းမလှမ်းလိုက်ခင် ရပ်သွားခဲ့ပြီး ပြင်းထန်သော စိတ်ပျက်အားငယ်မှုကို ခံစားလိုက်ရသည်။
ဟေ့...မင်း ဒါကို ရည်ရွယ်ချက်ရှိရှိလုပ်နေတာမလား။ မင်းက ငါ့ကို အကြာကြီးလျစ်လျူရှုနေခဲ့ပြီးမှ ငါ ထွက်သွားတော့မလို့ လုပ်တဲ့အချိန်မှာ လာပြီး နှောက်ယှက်တာက။
ဖုန့်လင်း သူ့ကို အရူးလုပ်နေတာမလား။
ဒါက ရည်ရွယ်ချက်ရှိရှိလုပ်တာ ရှင်းနေတာပဲ။
အမှန်တော့...ဖုန့်လင်းသာ ဒီအကြောင်းကို သတိပြုမိတာမဟုတ်ပါဘူး။ သူလည်းသတိပြုခဲ့တယ်မလား။ ဒါက
မမြင်နိုင်တဲ့ ဂိမ်းတစ်ခုပါ။ ဘယ်သူက အမဲလိုက်သမားလဲ။ ဘယ်သူက သားကောင်လဲ။
စိတ်ရှည်တဲ့ လူသာလျှင် အသာစီးရပေလိမ့်မည်။
လက်ရှိမှာ ဖုန့်လင်းက ခြေဦးမှု ရရှိသွားတာ သိသာနေခဲ့ပါပြီ။
ဒါက တကယ်ပဲ ဖုန့်လင်းကို ထိန်းချုပ်ဖို့ မလွယ်ကူပုံပေါ်နေခဲ့သည်။
ဖုန့်လန်တစ်ယောက် ဖုန့်လင်းအတွက် ဝမ်းနည်းသွားပြီး သက်ပြင်းဖျော့ဖျော့ချလိုက်သည်။ ဖုန့်လင်းလို စိတ်သဘောထား ဉာဏ်ရည်ဉာဏ်သွေးနဲ့လူတစ်ယောက်က တကယ်ပဲ အဆင့်
နိမ့်ကလန်သားဖြစ်လို့နေခဲ့သည်။
သူ့ရဲ့မွေးဖွားမှုက နိမ့်ကျနေတာက တကယ်ပဲ သနားစရာပဲ။
သို့ပေမယ့် ထိုသည်မှာလည်း ကောင်းပေသည်။ ထိုကဲ့သို့ နက်နက်ရှိုင်းရှိုင်း အကြံအစည်ကို ချနိုင်သူကသာ သူလိုချင်သည့်အရာကို လုပ်ဆောင်နိုင်ပေမည်။ ထိုသို့ နိမ့်ကျစွာမွေးဖွားလာသူတို့သာ ထိန်းချုပ်ရန် ပိုမိုလွယ်ကူပေသည်။
ဖုန့်လင်းမှာ အဲ့ဒီလို ကောင်းတဲ့အချက်တွေရှိနေလို့ သူ့အဆင့်အတန်းကို လျစ်လျူရှုပြီး ဒီကိုလာကြည့်တာပဲ
မလား။
ဖုန့်လင်း ပြောတာကို ကြားလိုက်သည့်အချိန်တွင်တော့ ဖုန့်လန် သူ့ရည်ရွယ်ချက်တွေသည် ထိုးဖောက်မြင်ခံရပြီးဖြစ်သည်ဆိုတာကို သိလိုက်ရသည်။
သူ့အမူအရာတို့က လေးနက်တည်ကြည်သွားပြီး ရိုးရိုးသားသားနှင့်
“ ဒီနှစ်က ကုန်သွားပြီဆိုတာ မင်း
သိလား။ နှစ်ကုန်မှာ ကလန်က ကလန်သားတွေအတွက် ငါတို့ရဲ့ ဘိုးဘေးတွေကို ယဇ်ပူဇော်ဖို့ ပွဲတော်တစ်ခုကျင်းပပေးလိမ့်မယ်။ အဲ့အချိန်ရောက်ရင် အဆင့်ဇယားပြိုင်ပွဲတစ်ခုကျင်းပပြီး နောက်နှစ်ကောလိပ်စာမေးပွဲအတွင် အရည်းအချင်းပြည့်မှီသူတွေတိုင်းက ဝင်ရောက်ယှဉ်ပြိုင်နိုင်တယ်။
အဲ့ဒီမှာ အဆင့်မြင့်တဲ့အဆင့် ဝင်တဲ့လူတွေက ကလန်ရဲ့ အပြည့်အဝ ထောက်ပံ့မှုကို ရမှာဖြစ်ပြီး
ကောလိပ်စာမေးပွဲမှာ အဆင့်ကောင်းဖို့ အခြေခံအဖြစ်သုံးနိုင်တယ်လေ။ ”
“ အဲ့တာ ငါနဲ့ ဘာဆိုင်လို့လဲ ”
ဖုန့်လင်း တည်ငြိမ်စွာပြောလိုက်ပြီး
နည်နည်းလေးမှ စိတ်မလှုပ်ရှားသွားခဲ့ချေ။
ဖုန့်ကလန်တစ်ခုထဲကသာ ဒီလို ပွဲမျိုးကျင်းပပေးတာ မဟုတ်ကြောင်း သူ..ကောင်းကောင်းသိထားပါသည်။ ကြယ်တာရာခေတ်မှ ကလန်အသေးလေးများအားလုံးသည် ဤကဲ့သို့ ဘိုးဘေးယဇ်ပူဇော်ပွဲတို့ ပြုလုပ်ပြီး မူလမျိုးဗီဇ သွေးမျိုးဆက်တို့ကို နောက်ကြောင်းပြန်ကာ ကလန်၏ စည်းလုံးညီညွှတ်မှုတိုးပွားစေရန်ပြုလုပ်ကြသည်။
သို့ပေမည့် သူလိုအဆင်နိမ့်ကလန်သားလေးနှင့် ဘာဆိုင်မည်နည်း။
ကလန်အထက်တန်းအဆင့်မှလူများက သူ့ကိုတန်းတူဆက်ဆံမည်ဟု သူမယုံကြည်ချေ။
“ မင်းမေ့နေပြီလား ” ဖုန့်လန်မျက်နှာတွင် သူ့ကိုယ်သူ ကျေနပ်နေသည့်အပြုံးတစ်ခုရှိနေခဲ့သည်။
“ အဲ့ဒိ ဘဏ္ဍာစိုးချုပ်ကြီးက ကလန်စည်းမျဉ်းတွေအကြောင်းပဲ ပြောနေပြီး သူ့ကိုယ်သူကလန်စည်းမျဥ်းတွေကို ကာကွယ်သူကြီးလိုလို လုပ်နေတာလေ။ ဟုတ်တယ်မလား?
အဲ့ဒီအခြေအနေမှာ...ကလန်စည်းမျဉ်းတွေက ဖုန့်ကလန်သားတိုင်းကို တူညီတဲ့ ရွေးချယ်ခွင့်တွေပေးထားကြောင်း ပြဋ္ဌာန်းထားတယ်လေ။ တကယ်လို့ ပါဝင်ချင်ရင် ဘယ်သူမှ သူတို့ကို တားလို့မရဘူး။ ဘဏ္ဍာစိုးချုပ်ဆိုရင်တောင် တားလို့မရဘူးကွာ။
အဲ့တာကြောင့် သီအိုရီအတိုင်းပြောရရင် ဖုန့်ကလန်သားတိုင်းက ပါဝင်ဖို့ အရည်အချင်းပြည့်မှီနေသ၍ အဆင့်သတ်မှတ်ချက်ပြိုင်ပွဲကို ပါဝင်နိုင်တယ်။ သူတို့ရဲ့ အဆင့်တွေကို ကြည့်မနေဘူး။ ”
ဖုန့်လင်း မျက်ခုံးတို့က တွန့်ကွေးသွားခဲ့ပြီး သူ့နှလုံးသားက နောက်ဆုံးတွင် ဂယက်ထလာခဲ့သည်။
“ မင်းပြောတာက.......? ”