← Chapters

မြေခွေးတစ်ကောင်ထံတွင် သူ့အရေခွံကိုတောင်းခြင်း

Vol. 3 Ch. 44

မြေခွေးတစ်ကောင်ထံတွင် သူ့အရေခွံကိုတောင်းခြင်း

Vol. 3 Ch. 44

“ မဆိုးဘူး!” ၎င်းက ဖုန့်လင်း နောက်ထပ် ထပ်ပြောစေချင်နေမှန်း သူသိလိုက်သည်။ ဖုန့်လန် သူ့စကားကို

အမြန်ဆက်လိုက်သည်။

“ မင်းမှာသာ လုံလောက်တဲ့ခွန်အားရှိနေသ၍ အဆင့်သတ်မှတ်ချက်ပြိုင်ပွဲမှာ အဆင့်ကောင်းကောင်းရနိုင်တယ်။ ပြီးရင် အသိအမှတ်ပြုခံရမှာဖြစ်ပြီး စက်ရုံအလုပ်သမားအဖြစ် မင်းရဲ့ကံကြမ္မာကို ဘေးကို လွှင့်ပစ်လိုက်လို့ရပြီလေ။

အဆင့်နိမ့်ကလန်သားတွေကလည်း ကလန်သားတွေပဲလေ။ မင်းသာ မယုံနိုင်စရာ အရည်အချင်းတွေ ထုတ်ဖော်ပြနိုင်သရွေ့ ဘယ်သူက မင်းကို ဖိနှိပ်နိုင်မှာလဲ? ဘဏ္ဍာစိုးချုပ်ကြီးတောင် မင်းကိုဆန့်ကျင်ဖို့ စွမ်းအားမဲ့သွားလိမ့်ဦးမယ်။ ”

ဖုန့်လန်၏ အသံနေအသံထားက လှုံ့ဆော်မှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။ သူက ဖုန့်လင်းကို အဆင့်သတ်မှတ်ချက်ပြိုင်ပွဲမှာ ပါဝင်ဖို့ ဆွပေးချင်နေခဲ့တာ သိသာလှသည်။

ဖုန့်လင်း သဘာဝအားဖြင့်တော့ ဒါကို သိနေခဲ့ပါတယ်။ သို့ပေမယ့် သူ ဒါကိုစိတ်ထဲထားမနေခဲ့ပါဘူး။

ဘာလို့ဆို...ဖုန့်လန်ရဲ့ စကားများက မှားမနေသောကြောင့်ပင်။ ဒီအဆင့်သတ်မှတ်ချက်ပြိုင်ပွဲက သူ့ကို လက်ရှိပြဿနာတွေက လွတ်မြောက်စေဖို့ ကြီးကြီးမားမား ကူညီပေးနိုင်ပါလိမ့်မယ်။

“ ဒီအဆင့်သတ်မှတ်ချက် ပြိုင်ပွဲက

မဆိုးဘူးဘဲ။ ဒါပေမယ့် ငါက အစောကြီးကတည်းက စက်ရုံကို အလုပ်လုပ်ဖို့ အပို့ခံရတော့မှာ။ ငါ ကလန်ရဲ့ အဆင့်သတ်မှတ်ချက်ပြိုင်ပွဲကို ဝင်ဖို့ အခွင့်အရေးဘယ်လိုရနိုင်မှာလဲ။ ”

“ ဒါက မင်းမှာ သတ္တိရှိမရှိအပေါ်မှာပဲ မူတည်တယ်။ ” ဖုန့်လန်၏မျက်လုံးတို့က အက်ကြောင်းလေးသာရှိသည်အထိ ကျဉ်းမြောင်းသွားပြီး ထက်ရှမှုတို့ဖြင့် တောက်ပနေခဲ့သည်။ သူ လက်ဦးမှုရယူနိုင်ခဲ့ပြီဟု ခံစားနေခဲ့ရသည်။

“ ဘာလုပ်ဖို့လဲ ” ဖုန့်လင်း တိုက်ရိုက်ပင်မေးသည်။

သည်ဖုန့်လန်က သူ့ကို အသုံးချဖို့ လုပ်နေကြောင်း သိသာနေသည်။ သို့ပေမည့် ဖုန့်လင်း ဂရုမစိုက်နိုင်ခဲ့ပေ။ သူသာ ပြသနာကနေ လွတ်မြောက်နိုင်သ၍ တစ်ခြားအရာတွေကို အသေးအမွှားကိစ္စတွေအဖြစ် မှတ်ရပေလိမ့်မည်။

အကြောင်းမရှိဘဲ ညှာတာခွင့်လွှတ်မူရမည်မဟုတ်ပေ။ မင်းသာ တစ်ခုခုပိုင်ဆိုင်ထားခဲ့ရင် တခြားလူတွေက သေချာပေါက် တပ်မက်နေကြလိမ့်မည်။ ညီတူသည့် လဲလှယ်မှုတစ်ခုတွင် မင်းလိုချင်တဲ့အရာအတွက် တူညီတဲ့ တန်ဖိုးတစ်ခု ပေးရပေလိမ့်မည်။ ဒါက နားလည်လွယ်သည့် လော့ဂျစ်တစ်ခုပင်။

ဖုန့်လင်း သည်လဲလှယ်မှုကနေ အကြီးမားဆုံး အကျိုးအမြတ်တို့ ဘယ်လိုရနိုင်မည်ကို တွေးနေခဲ့သည်။

ဖုန့်လင်း သူ့ကို သေချာပေါက် မငြင်းတော့သောအခါ ဖုန့်လန် ရယ်မောလိုက်ပြီး....

“ မင်းက ကလန်ကနေထွက်ခွာဖို့နဲ့ စက်ရုံတာဝန်ကနေ လွတ်မြောက်ဖို့ နည်းလမ်းတွေတွေးနေတာပေါ့။ အဆင့်သတ်မှတ်ချက် ပြိုင်ပွဲရောက်တဲ့အချိန်မှ လွှမ်းမိုးနိုင်လွန်းတဲ့နည်းလမ်းနဲ့ အ

ဆင့်ချိတ်လိုက်စမ်းပါ။ အဲ့ဒီအချိန်ကျရင် ကလန်ကို မင်းဘက်ယိမ်းလာအောင် အရမ်းကြီးမားတဲ့ ခွန်အားတွေ ထုတ်ပြလိုက်လေ။ ”

“ အဲ့လောက်ရိုးရိုးရှင်းရှင်းနဲ့ ကလန်ကနေ လွတ်မြောက်နိုင်တယ်ပေါ့ ”

ဖုန့်လင်း ညည်းညူလိုက်သည်။ ဒါက လွယ်လွန်းမနေဘူးလား။ လွယ်လွန်းလို့ အစစ်အမှန်မဟုတ်ဘူးလို့တောင်ခံစားရသည်။

“ ဒါက လွယ်တယ်လို့ထင်နေတာလား။ လွတ်မြောက်ဖို့တဲ့လား။ မင်းဘယ်ကို ပြေးနိုင်မှာမို့လဲ။ ” ဖုန့်လန် သရော်လိုက်သည်။

“ အခုက ဘာခေတ်လဲ။ ရှေးဟောင်းကမ္ဘာမြေခေတ်မှာတောင်... ကမ္ဘာတစ်ဝှမ်း စောင့်ကြည့်ရေးစနစ်ဖြစ်တဲ့ GPS လို့ခေါ်တဲ့ဟာ ရှိနေသေးတာပဲ။ ကြယ်တာရာခေတ်မှာ တကယ်လို့ တစ်ယောက်ယောက်ကသာ မင်းကို စောင့်ကြည့်ချင်ရင် မင်းတောင်ပံပေါက်ပြီး ပျံပြေးသွားတောင် အသုံး

မဝင်ဘူး။ ဒါက ငါ မင်းကို ခြောက်ဖို့ ပြောနေတာမဟုတ်ဘူး။ ကလန်သာ မင်းကို ဒီ ဂြိုလ်ကမ္ဘာပေါ်မှာ ရှာချင်ရင်... သူတို့က သုံးစက္ကန့်တောင်လိုမှာမဟုတ်ဘူး။ အတိအကျဆိုရင် ဆိုလာစနစ်တစ်ခုလုံးဆိုရင်တောင် သူတို့ ဆယ်စက္ကန်ထက် ပိုမလိုဘူး။ ”

ဖုန့်လင်း တိတ်ဆိတ်သွားသည်။ ဖုန့်လန်လို အဆင့်မြင့်ကလန်သားတစ်ယောက်အနေနဲ့ သာမန်ကလန်သားတွေ မသိ

သင့်တဲ့ လျှို့ဝှက်ချက်တချို့ကို ထိန်းသိမ်းထားနိုင်သည်ဟု သူ တွေးလိုက်မိသည်။

“ ဘယ်လိုလဲ?” သူ ဘွင်းဘွင်းရှင်းရှင်းပင် မေးလိုက်သည်။

ဖုန့်လန်အနေနဲ့ သူ လျှို့ဝှက်ချက်တစ်ချို့ကို ဖွင့်ချမိလိုက်ကတည်းက ဆက်ဖုံးကွယ်ထားဖို့ မကြိုးစားတော့ပေ။

“ ကလန်မှာ ကြီးပြင်းလာတဲ့ ကလန်သားတိုင်းမှာ ကလန်ရဲ့အရှိန်အဝါတွေက သူတို့ရဲ့ နေ့စဉ်ဘဝတွေထဲမှာ စိမ့်ဝင်နေခဲ့တယ်။ မင်းမှာ ရှိနေတဲ့ ကိုယ်ရေးအချက်အလက်မိုက်ခရိုချစ်ပ်ကတောင် ကလန်ကပိုင်တာပဲ။ မင်းက ကလန်ကနေ မိုက်ခရိုချစ်ပ်ပြားကို ဘာမှလုပ်မထားဘူးလို့ထင်နေတာလား။

ရိုးအလိုက်တာ မင်းတို့ အဆင့်နိမ့်ကလန်သားတွေက ဒီအကြောင်းကို

မသိနိုင်ဘူး။ ငါတို့လို တိုက်ရိုက်မျိုးဆက်တွေကနေ ဆင်းသက်လာသူတွေပဲ ဒီအကြောင်းတွေကို သိထားရတာ။ ကလန်သားတိုင်းရဲ့ ကိုယ်ရေးမိုက်ခရိုချစ်ပ်တွေကို ကလန်ရဲ့A.I က ခြေရာခံတပ်ထားတယ်။ ကလန်အနေနဲ့ မင်းရဲ့မိုက်ခရိုချစ်ပ်အပေါ် လုပ်ဆောင်နိုင်မှုက မင်းထက်တောင်မြင့်နေသေးတယ်။ သူတို့က ဒါကိုအေးအေးဆေးဆေးလွှမ်းမိုးလိုက်ပြီး မင်းကို ဆန့်ကျင်ဖို့ သုံးပစ်နိုင်တယ်။

ဒါက ဘာပြောချင်တာလဲဆို မင်းဘာပဲလုပ်လုပ် မင်းဘယ်သွားသွား ကလန်က အရာအားလုံးကို သိနိုင်တယ် ဆိုတာပဲ။ မင်းပျံပြေးသွားနိုင်တဲ့ နေရာဆိုတာမရှိဘူး။ ကိုယ်ရေးမိုက်ခရိုချစ်ပ်တစ်ခုစီတိုင်းက လူတစ်ယောက်စီနဲ့ ဆက်နွယ်နေတယ်။ လူတစ်ယောက်က လွယ်လွယ်ကူကူ ပြောင်းပစ်လို့မရနိုင်ဘူး။

မင်းသာ ပြောင်းပစ်လိုက်တာနဲ့ ကလန်ရဲ့ သံသယတွေကို နှိုးဆွပေးလိုက်သလိုဖြစ်သွားပြီး သူတို့က မင်းရဲ့လှုပ်ရှားမှုတွေကို စောင့်ကြည့်နေကြမှာပဲ။ ”

ဖုန့်လန်ရဲ့ စကားတွေက သူ့စိတ်ထဲကို မိုးကြိုးပစ်လိုက်သကဲ့သို့ မြည်ဟီးသွားကာ အကြီးအကျယ်တုန်လှုပ်သွားခဲ့သည်။

ကြယ်တာရာခေတ်မှ လူသားတိုင်းတွင် သူတို့ကိုယ်ပိုင် ကိုယ်ရေးမိုက်ခရိုချစ်ပ်များရှိကြသည်။ သို့သော် ထိုအရာတို့က အမှန်တကယ်မှာ ကလန်က သူတို့၏ အဖွဲ့သားတို့ကို စစ်ဆေးရန် စောင့်

ကြည့်ကိရိယာများဖြစ်နေခဲ့ကြသည်။ ဒါက ဖုန့်လင်းကို အလွန်အမင်းမသက်မသာဖြစ်သွားစေခဲ့သည်။

ဆိုလိုသည်မှာ ကလန်သာ ရည်ရွယ်ချက်ရှိပါက သူမသိလိုက်ဘဲ

နှင့် သူကို့ စောင့်ကြည့်နေနိုင်သည်ဟူ၍ပင်။ သူအနေနဲ့ သူတို့ထံမှ မည်

သည့် လျှို့ဝှက်ချက်တို့မှ ထိန်းသိမ်းထားနိုင်မည်မဟုတ်ချေ။

ဖုန့်လင်း သူ့လက်ထဲမှာ ကိုယ်ရေးမိုက်

ခရိုချစ်ပ်ကို တိတ်တဆိတ်ဆုပ်ကိုင်လိုက်သည်။ ဒီမိုက်ခရိုချစ်ပ်ကို ဖန်သားကဲ့သို့ အရာဖြင့် ပြုလုပ်ထားပြီး ထွင်းဖောက်မြင်နေရကာ လက်ရှိခေတ်တွင် ရရှိနိုင်သော အဆင့်အမြင့်ဆုံး နည်းပညာများဖြင့် ပေါင်းစပ်ထားခြင်းဖြစ်သည်။ ၎င်း၏ မာကျောမှုက ချိုးဖျက်၍မရနိုင်ကာ အရေးကြုံလာပါက ကျည်ဆံကာရန်ပင် သုံးနိုင်လေသည်။

ဒါသည် ဟာသတစ်ခုမဟုတ်ပေ။

စကြာဝဠာအတွင်းရှိ လူသားမျိုးနွယ်တို့သည့် အရေအတွက်အားဖြင့် ဘီလီယံဂဏန်းအချို့ရှိပေသည်။ ထိုအကြောင်းကို တွက်ချက်ထားသည့် သိပ္ပံအဖွဲ့အစည်းများလည်းရှိနေခဲ့သည်။ နေ့တိုင်းနေ့တိုင်းတွင် မိုက်ခရိုချစ်ပ်ကို ကျည်ဆံကာကွယ်ရန် သုံးသည့် လူ

အချို့ရှိနေကြသည်။ ဒါကို သတင်းဟောင်းတစ်ခုဟု သတ်မှတ်ရပေလိမ့်မည်။

ဖုန့်လင်း၏ ခွန်အားဖြင့်ပင်..သူ့လက်ချောင်းတို့ကို တဂျွတ်ဂျွတ်မြည်အောင် လုပ်လိုက်ပြီး မိုက်ခရိုချစ်ပ်ပြားကို ဖိချေရန်ကြိုးစားလိုက်သော်လည်း သူ မည်သို့မှ မဖျက်စီးနိုင်ခဲ့ချေ။

ဒါကိုသိလိုက်သော ဖုန့်လန်က သူ့ခေါင်းကို ခါယမ်းလိုက်သည်။ သူက တိတ်ဆိတ်နေပြီး ထပ်ပေါင်း၍.....

“ မင်းရဲ့အားတွေကို ဖြုန်းမနေပါနဲ့ကွာ။ မိုက်ခရိုချစ်ပ်ဆိုတာက မင်းဖျက်စီးနိုင်တဲ့ အရာတစ်ခုလည်း မဟုတ်ဘူး။ တကယ်လို့ မိုက်ခရိုချစ်ပ်မရှိရင်လည်း လူသားလောကကြီးထဲမှာ လှုပ်ရှားသွားလာဖို့ အရမ်းခက်ခဲသွားလိမ့်မယ်။ အဲ့လိုဆိုရင် မင်းက မှတ်ပုံမတင်ထားတဲ့နေထိုင်သူတစ်ယောက်ဖြစ်လာပြီး မင်းသွားသမျှနေရာမှန်သမျှမှာ လိုက်

အနှောက်အယှက်ပေးခံနေရလိမ့်မယ်။ မင်း ဒီလိုမျိုးတော့ မဖြစ်ချင်ဘူးမလား။ ”

“ မင်း ဒါတွေအားလုံးကိုသိထားမှတော့ မင်းငါ့ကို ပြောပြတာ အကြောင်းတော့ရှိမှာပေါ့။ ” ဖုန့်လင်း တုံ့ပြန်မေးလိုက်သည်။ သူ သူ့ရဲ့ တည်ငြိမ်မှုကို ဆုံးရှုံး

မသွားခဲ့သေးပါဘူး။

သည်ဖုန့်လန်က လေအကုန်ခံပြီး သူကို အများကြီးပြောပြသွားခဲ့သည်။ အချက်အလက်တွေက အသုံးမကျဘူးဆိုသည်မှာတော့ မဖြစ်နိုင်ချေ။

တကယ်ပင် အမှန်တရားက သူမျှော်

လင့်ထားသည့်အတိုင်းဖြစ်နေခဲ့သည်။

“ အကြောင်းမရှိဘူးလို့ ဘယ်သူပြောလို့လဲ။ ငါမင်းကို ပြောပြရတဲ့အကြောင်းက ဒီပြဿနာကို ဖြေရှင်းပေးနိုင်လို့ပဲပေါ့။ ငါက မျိုးနွယ်ရဲ့ တိုက်ရိုက်မျိုးဆက်လေ။ ငါရဲ့ ကလန်A.I အပေါ်လုပ်နိုင်ခွင့်က မင်းထက် အများကြီးပိုမြင့်တာပေါ့ဟ။ အဲ့တာကြောင့် ငါ နည်းနည်းလောက်ကြိုးစားလိုက်တာနဲ့ A.Iစနစ်ကနေ မင်းရဲ့မိုက်ခရိုချစ်ပ် လျှို့ဝှက်ကုဒ်ကို ရနိုင်တယ်လေ။

မင်းသာ မင်းရဲ့ကိုယ်ရေးအချက်အလက်မိုက်ခရိုချစ်ပ်ထဲကို ဝင်ပြီး လျှို့ဝှက်ကုဒ်ထည့်နိုင်သ၍ မင်းကလက်ထိပ်တွေနှောင်ကြိုးတွေကို ဖွင့်နိုင်ပြီး ကလန်ရဲ့A.I ကနေ မင်းရဲ့ တည်နေတာကို စောင့်ကြည့်ခံရတဲ့ ဒုက္ခကြီးကနေ လွတ်ပြီလေ။ ဒီလိုသာ လုပ်လိုက်ရင် မင်း သွားချင်တဲ့နေရာသွား ကလန်က မင်းကို ခြေရာခံနိုင်တော့မှာမဟုတ်ဘူး။ ”

“ လျှို့ဝှက်ကုဒ်ကို ငါ့ကို ပေးဖို့ မင်းရဲ့ အခြေအနေကဘယ်လိုလဲ။ ” ဖုန့်လင်း ပျော်မနေခဲ့ပါဘူး။ သူ တည်တည်ငြိမ်ငြိမ်ရှိနေခဲ့ပြီး မေးလိုက်သည်။

အစားအစာတွေက ကောင်းကင်ကြီးကနေ ကျလာမှာတော့ မဟုတ်ဘူးလေ။

အကြောင်းရင်းမရှိဘဲနဲ့တော့ ကောင်းတဲ့အရာတွေရှိလာမှာမဟုတ်ပါဘူး။

သူသာ တစ်ခုခု လိုချင်ရင် တန်ဖိုးတူညီတဲ့ အရာတစ်ခုခုတော့ ပေးရပေလိမ့်မည်။

“ ကောင်းတယ် မင်းက တိုက်ရိုက်ဆန်တာပဲ။ ” ဖုန့်လင်းကယ မေးနေမှတော့ ဖုန့်လန် နောက်ထပ်ဝှေ့ဝိုက်မနေတော့ချေ။

“ ပထမဆုံး...ငါ မင်းရဲ့ သတ္တိကို သဘောကျသွားပြီး မင်း သွားဖို့ လမ်းကြောင်းတစ်ခု ဖွင့်ပေးဖို့ ဆန္ဒရှိတယ်။ ဒုတိယအနေနဲ့တော့ မင်း ကလန်ရဲ့အဆင့်သတ်မှတ်ချက်ပြိုင်ပွဲကို ဝင်ပြိုင်နေတဲ့အချိန်ရောက်ရင် ငါ့အတွက် ပြိုင်ဘက် သုံးယောက်အနိုင်ယူပေးဖို့ မျှော်လင့်မိတယ်။ မင်း မငြင်းဖို့တော့ မျှော်လင့်ရတာပဲ။ ”

ဖုန့်လန်ကို ကြည့်ရသည်မှာ အခက်တွေ့နေပြီး အရှက်ရစရာတွေကို စဉ်းစားနေခဲ့သည့်အလား သူ၏သွားများကို ကြိတ်နေခဲ့သည်။

လက်စသတ်တော့ သူက ငါ့ကို သူ့ပြိုင်ဘက်တွေကို ရှင်းဖို့ သုံးချင်နေတာပဲ။

ဖုန့်လင်း အံ့သြမသွားခဲ့ပါချေ။

ဖုန့်လန် ပြောသွားသည့် အရာတော်တော်များများကို ဖုန့်လင်း မယုံခဲ့သော်လည်း နောက်ဆုံးအပိုင်းကတော့ အပြည့်အဝယုံနိုင်ဖွယ်ရာရှိပေသည်။

လူသားတို့တွင် အမြဲလိုလို ယှဉ်ပြိုင်မှုများနှင့် သဘောထားကွဲလွဲမှုများရှိနေကြသည်။ အဆင့်နိမ့်ကလန်သားများအတွက်မူ...သူတို့သည် အချင်းချင်း

မတိုက်ခိုက်ကြပေ။ သူတို့က အချင်းချင်း ငြိမ်းငြိမ်းချမ်းချမ်းနှင့် ဆင်းရဲစွာသာနေထိုင်ကြလေသည်။ သို့သော် အထက်တန်းစားအဖွဲ့ဝင်တွေအတွက်တော့ ကွာခြားလေသည်။ သူတို့က အလွန်ကောင်းမွန်သည့် ပတ်ဝန်းကျင်တွင် မွေးဖွားလာခဲ့ကြကာ ကလန်၏ အရင်းအမြစ်တို့ကို သုံးစွဲ့ခဲ့ကြရသည်။ သို့သော် လူသား၏ အလိုလောဘတို့သည် မတင်းတိမ်နိုင်ကြပေ။ သူတို့၏ အောက်စည်းများက လွင့်ပြယ်လာကြပြီး ပိုပိုပြီး ပိုင်ဆိုင်ချင်လာကြလေသည်။

အကန့်အသတ်ရှိပြီး အဖိုးတန်သည့် အရင်းအမြစ်တို့အတွက် တိုက်ခိုက်ရပါက သူတို့ ဘာမဆို ပြုလုပ်ကြရပေလိမ့်မည်။

မြေရှင်ပဒေသရာဇ်စနစ်ခေတ်တွင်ပင် တော်ဝင်မျိုးနွယ်တို့က အင်ပါယာနန်းတော်အတွက် တိုက်ခိုက်ကြသေးသည်ပင်။

ကြယ်တာရာခေတ်မှလူသားကလန်တို့သည်လည်း များများစားစားကွာခြားမသွားပါပေ။ သူတို့ရဲ့အဆင့်အတန်းတွေနဲ့ ဘယ်ကလန်တွေကများ ပြိုင်ဆိုင်မှုသေးလေးတွေမရှိဘဲ နေ

မလဲ။ ကလန်က ပိုမိုဂုဏ်ပုဒ်ကြီးမားရင် ပြိုင်ဆိုင်မှုတို့က ပိုမို ကြမ်းတမ်းကြပေလိမ့်မည်။

သည်ဖုန့်လန်က ဘဏ္ဍာစိုးချုပ်ကြီးနဲ့ ကတောက်ကဆ ဖြစ်ထားတဲ့ ငါ့အပေါ် သူ့မျက်နှာကို လျစ်လျူရှုထားတဲ့ အထိတောင်ဖြစ်နေပြီထင်တယ်။ ကြည့်ရတာ သူက သေတဲ့အထိ တွန်းအားပေးခံရတော့မယ့်ပုံပဲ။

အဲ့တာကြောင့် သူက ငါ့ကို ဒီအခွင့်အရေးကိုသုံးပြီး အဆင့်သတ်မှတ်ချက်ပြိုင်ပွဲမှာပါဝင်စေပြီးတော့ ဒီထက်ပိုတဲ့လုပ်ပိုင်ခွင့်တွေအတွက် သူ့ပြိုင်ဘက်တွေကို ဖိနှိပ်စေချင်တာပေါ့။

ကြည့်ရတာ သူက တခြားအထက်တန်းအဖွဲ့ဝင်တွေကို မယုံနိုင်ဘူးပဲ။ ဒီဖုန့်လန်က အပြင်ပိုင်းမှာ အသုံးအဖြုန်းကြီးတဲ့သခင်လေးတစ်ယောက်လိုဖြစ်နေပေ

မယ့် တကယ်က မြေခွေးတစ်ကောင်လို ကောက်ကျစ်တဲ့ အကြံအစည်သမားတစ်ယောက်ကိုး။

များစွာသော အတွေးတို့က

ဖုန့်လင်းစိတ်ထဲတွင် ဖြတ်ပြေးသွားသည်။ သူ ဖုန့်လန်ရဲ့ ရည်ရွယ်ချက် 80%ကနေ 90% လောက်ကို ခန့်မှန်းနိုင်ခဲ့သည်။ သူ ဆုံးဖြတ်ချက်တစ်ခုချလိုက်ပြီဖြစ်သည်။

ဒီ သဘောတူညီချက်က လက်ခံနိုင်ဖွယ်ရာရှိသည်။

“ မင်းက ငါ့ကို အဲ့ဒီလောက်ယုံနေတာလား။ မင်းရဲ့ပြိုင်ဘက်တွေကို အနိုင်ယူနိုင်တဲ့အထိလေ။ ”

ဖုန့်လင်း တိုက်ရိုက်လက်မခံဘဲ အပြုံးမမြည်သည့် အပြုံးလေးနှင့် ပြန်ပြောလိုက်သည်။

“ မင်းဘာသာမင်း အနိုင်မယူနိုင်တဲ့ ပြိုင်ဘက်တွေဆိုတော့...သူတို့က သာမန်တွေတော့ မဟုတ်နိုင်ဘူးလေ။ သူတို့က ကလန်ရဲ့အရင်းအမြစ်တွေကို သုံးစွဲနိုင်ပြီး ဆရာတွေနဲ့ သင်တန်းပေးခံထားရနိုင်တယ်။ သူတို့ နိုးထတဲ့ ဒဏ္ဍာရီလာမျိုးဗီဇတွေကတောင် သေချာပေါက် စွမ်းအားကြီးနေကြမှာပဲ။ သူတို့ရဲ့အသက်စွမ်းအင်တွေကလည်း မြင့်နေကြတော့ တစ်ယောက်ချင်းစီက တကယ်ခက်ခဲမှာပဲနော်....”

“ ငါမင်းကို မယုံကြည်တဲ့အကြောင်းမေးနေမယ့်အစား မင်းကိုယ်မင်း ယုံကြည်မှုရှိနေလား ဘာလို့ ပြန်မေး

မနေတာလဲ။ ” သူ့အတွေးတို့က ထိုးဖောက်မြင်ခံရပြီး ဖြစ်နေသည်ကို တွေ့သောအခါ ဖုန့်လန်ရဲ့မျက်ခုံးတို့ တွန့်သွားပြီး အန္တာရယ်ရှိစွာ ရယ်မောလိုက်သည်။

“ ဒီရက်တွေထဲမှာ ငါမင်းအကြောင်း စုံစမ်းထားသေးတယ်။ ရလဒ်တွေကြောင့် တကယ်ကို တုန်လှုပ်သွားခဲ့ရသေးတယ်။ မင်းက မင်းကျောင်းရဲ့ အရည်အချင်းစစ်စာမေးပွဲမှာ အသက်စွမ်းအင် 0.4 ပဲရှိတဲ့ လူတစ်ယောက်ကနေ 1.5ထိ ပေါက်ကွဲထွက်လာခဲ့တယ်။ ပုံရိပ်ယောင်သိုင်းစေတီမှာတောင် အ

ဆင့်နှစ်ဆယ် ထိ ဖြတ်ကျော်သွားနိုင်ခဲ့ပြီး လူတွေအားလုံးကို အံ့သြသွားစေခဲ့တယ်လေ။

မင်းက ကျားသားစားချင်လို့ ဝက်ယောင်ဆောင်နေတဲ့ လူတစ်ယောက်

မလား။ ငါထင်တာကတော့ မင်းက မင်းရဲ့အချိန်အားလုံးမှာ ကြိုးစားနေပြီးတော ကောလိပ်စာမေးပွဲမှာမှ တုန်လှုပ်သွားစေပြီး ကလန်ရဲ့ ထိန်းချုပ်ခံရတဲ့ ကံကြမ္မာကနေ လွတ်မြောက်ချင်နေတာမလား။ ငါ့အထင်အရဆို မင်းရဲ့အသက်စွမ်းအင်က 1.5 တင်ပဲမဟုတ်လောက်ဘူး။ 2.0တောင်ကျော်ရင်ကျော်နေလောက်တယ်။

တကယ်လို့ ကလန်ကသာ မင်းကို စက်ရုံမှာအလုပ်လုပ်ခိုင်းဖို့ မစီစဉ်လိုက်ရင် မင်းရဲ့ အစစ်အမှန်အရည်အချင်းတွေကို ထုတ်ပြမှာမဟုတ်လောက်ဘူးဆိုတာတော့ ငါသေချာသိနေတယ်လေ။ အဲ့တာကြောင့် ငါတွေးလိုက်တာက မင်းအပေါ်မှာ လောင်းကြေးထပ်လိုက်တာက မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခုပဲလို့။ မင်းမှာ ဒါကို ပြီးမြောက်စေဖို့ ဖြစ်နိုင်ချေတွေရှိနေတယ်လေ။ ”

အသိအသာပင်။ ဖုန့်လန်အနေနဲ့ သူဒီကို မလာခင်ကတည်းက ကြိုတင်ပြင်ဆင် စုံစမ်းစစ်ဆေးထားခဲ့ပြီးဖြစ်သည်။

“ မင်းကရော ငါ့လို လူပဲ မဟုတ်ဘူးလား။ ” ဖုန့်လင်း မည်သို့မှအံ့သြမနေဘဲ တည်ငြိမ်စွာဆိုလိုက်သည်။

ဖုန့်လန်နှင့်အတူ အကြံအစည်နဲ့ လျှို့ဝှက်ချက်များ ဖလှယ်ပြီးနောက်တွင်မှ ဖုန့်လင်း အဲ့တာကို မသိပါက သူသည် အရူးပင်။

ဒီဖုန့်လန်က အကျင့်ကောင်းတဲ့လူတစ်ယောက်မဟုတ်ဘဲ အမြင်အတိုင်းမရိုးရှင်းပေ။ သူ့ရဲ့အသုံးအဖြုန်းကြီးသည့် အမူအရာတို့သည် ဟန်ဆောင်မှုသက်သက်သာဖြစ်သည်။

စိတ်မကောင်းစွာနှင့်....

ဖုန့်လင်းအပေါ် သူ၏ ခန့်မှန်းမှုတို့က မှားယွင်းလို့နေခဲ့သည်။ ဖုန့်လင်းက ကျားသားစားလို၍ ဝက်ယောင်ဆောင်နေခြင်းမဟုတ်ချေ။ သို့သော် အတိတ်တွင် သူက တကယ့်အမှိုက်ပင်။ သူက အချိန်ခဏလေးဖြင့် မြင့်တက်လာခြင်းသာဖြစ်သည်။ သူ့လျှို့ဝှက်ချက်များကို မသိသည့်လူများက သဘာဝအားဖြင့်တော့ သူသည် နှိမ့်ချနေထိုင်ချင်ယောင် ဟန်ဆောင်နေပြီး မှန်ကန်သည့် အချိန်ကျမှ အားလုံးတို့ကို အံ့သြသွားစေရန် ပြုလုပ်နေသူ တစ်ယောက်ဟု ယူဆကြပေလိမ့်မည်။

သို့သော် သူ့လျှို့ဝှက်ချက်များနှင့် မျိုးဗီဇညီမျှခြင်းစွမ်းရည်အကြောင်းကို

ဖုန့်လန်ကို ပြောပြသည့်အထိတော့

ဖုန်လင်း ရူးမိုက်မနေခဲ့ချေ။

ဖုန့်လန်၏စရိုက်ကို ဖုန့်လင်း သေသေချာချာ စဉ်းစားပြီးနောက်တွင် သူ တဖြည်းဖြည်းနှင့် ဖုန့်လန်၏ ထူးခြားသော အရည်အချင်းနှင့် စရိုက်ကို ပိုမိုနားလည်လာခဲ့သည်။

သူ့ပြိုင်ဘက်ကို ဖိနှိပ်ရန်အတွက် သည်ဖုန့်လန်က သူ့မျှော်လင့်ချက်များကို

ဖုန့်လင်အပေါ် ပုံအပ်ထားခဲ့လေသည်။ ဒါသည် တစ်ချက်တည်းနှင့် အရာအားလုံးကို လောင်းကြေးထပ်လိုက်ခြင်းပင်။ ဤသည်မှာ သူ၏ ကြံစည်တတ်သော စိတ်၏ နောက်ကွယ်က သူ့ရဲ့ရူးသွပ်မှုကို ဖော်ပြထားသည်။ သူ့မျက်နှာက သည့်ထက်ပင် ပိုထူနိုင်သေးပြီး ကိုယ်ကျင့်သိက္ခာ ဟူ၍ ပိုင်ဆိုင်မထားခဲ့ချေ။

သူနှင့်သာ သဘောတူညီမှု လုပ်လိုက်ပါက ဒါသည် ကျားတစ်ကောင်ထံတွင် သူ့အရေခွံကို သွားတောင်းခြင်းပင်။

မဟုတ်ဘူး။ ဖုန့်လန်က ကျားတစ်ကောင်မဟုတ်ဘူး။ သူက ကောက်ကျစ်တဲ့ မြေခွေးတစ်ကောင်။

မြေခွေးတစ်ကောင်ဆီမှာ သူ့ရဲ့ အရေခွံကိုသွားတောင်းတာ...ဖုန့်လင်း လှည့်စားမခံရစေရန် သေချာဂရုစိုက်ရပေလိမ့်မည်။

မည်သည့်အခြေအနေတွင်ဖြစ်ပါစေ

ဖုန့်လန်သာ သူ့ကို အငြိုးထား၍တစ်ခုခုလုပ်ပါက ဖုန့်လင်းကလည်း သူ့ကို သင်ခန်းစာတစ်ခုလောက်ပေးဖို့ စိတ်

မရှိချေ။

“ ဘာလို့လဲ။ မင်း လက်မခံရဲတာလား။ မင်းက ဘဏ္ဍာစိုးချုပ်ကြီးကိုတောင် အလောင်းအစားလုပ်ရဲတယ်။ မင်း ဒါလေးကြောင့်တော့ ကြောက်မနေသင့်ပါဘူး။ ဟုတ်တယ်မလား။ ”

ဖုန့်လင်း အတော်ကြာသည်အထိ ပြန်

မပြောသည်ကို တွေ့သောအခါ

ဖုန့်လန်၏ အသံထွက်လာကာ သူ့ကို ဆွပေးဖို့ လုပ်လိုက်သည်။

“ ငါ မလုပ်ရဲဘူးလို့ ဘာလို့ပြောနိုင်တာလဲ ”

ထိုအခိုက်အတန့်တွင် ဖုန့်လင်း ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။ သူ တိုက်ရိုက်အကြောင်းမပြန်ပဲ မေးခွန်းတစ်ခု ပြန်ထုတ်လိုက်သည်။ သူ့ရဲ့တည်ငြိမ်တဲ့ အပြုံးမှာ ရူးသွပ်မှုနှင့် စိတ်ဆုံးဖြတ်ထားမှုတို့နှင့် စွန်းထင်းနေခဲ့သည်။

ဖုန့်လင်း ရုတ်တရက် လက်ခံလိုက်သည်ကို မြင်ပြီး တစ်ခြားတစ်ဖက်က

ဖုန့်လန် တုံ့ဆိုင်းသွားခဲ့သည်။

“ ဘာဆွေးနွေးညှိနှိုင်းတာမှ မလုပ်ပဲ သဘောတူလိုက်တယ်ဆိုတော့... မင်းက ငါမင်းကို လှည့်စားသွားမှာကို

မကြောက်ဘူးလား။ ”

“ လူတစ်ယောက်က လုံလောက်အောင် ရူးသွပ်နိုင်မှသာ အဲ့လူက ရှင်သန်နိုင်

လိမ့်မယ်။ ပထမဆုံး ငါရဲ့လွတ်မြောက်မှုက သေချာသွားမှပဲ တစ်ခြားဟာတွေပြောကြတာပေါ့။ ”

ဖုန့်လင်း တည်ငြိမ်စွာဖြင့်ဆိုသည်။

ဖုန့်လန် အေးခဲသွားခဲ့သည်။ သို့သော်လဲ မကြာမီမှာပင် သူတို့နှစ်ယောက်လုံး စတင်ရယ်မောလိုက်ကြတော့သည်။

ဒါ အမှန်ပင်။

ရူးမိုက်မှသာလျှင် ရှင်သန်နိုင်လိမ့်မည်ဖြစ်သည်။

ဖုန့်လန်ပဲဖြစ်ဖြစ် ဖုန့်လင်းပဲဖြစ်ဖြစ် သူတို့နှစ်ယောက်လုံးသည် ကြောက်မက်ဖွယ်ရာ အကျပ်အတည်းထဲတွင်ရှိနေကြသည်။ သူတို့သာ လောင်းကြေးမထပ်လိုက်ပါက သေရမဲ့အချိန်ကိုသာ ထိုင်စောင့်နေရမှာလား။

သဘောတူညီမှုကို လွယ်လွယ်ကူကူလုပ်ခြင်းမှာ ဖြစ်နိုင်တာက....သူတို့နှစ်ယောက်လုံး၏ ကြံစည်တတ်သည့်စိတ်ထားတို့နောက်တွင် သူတို့၏ အစစ်အမှန် သဘာဝသည် ရူးသွပ်နေသူများဖြစ်ကြလေသည်။

All Chapters