ရူးသွပ်သူသာ ရှင်သန်နိုင်လိမ့်မည်
Vol. 3 Ch. 45
သူတို့ သဘောတူညီမှု ပြုလုပ်လိုက်
သည့်အချိန်ကတည်းက နောက်ထပ် အကြံအစဉ်တွေလုပ်မနေကြတော့ပေ။ သူတို့အနေနဲ့ ပိတ်ထားသောအကျဉ်းခန်းထဲမှ ချိုးဖောက်ရန်နှင့် သဘောတူညီမှု၏ ဖြစ်နိုင်ချေတို့ကို စဉ်းစားနေခဲ့ကြသည်။
သူတို့ကြားက ရန်လိုမှုတွေက မရှိတော့ချေ။ ၎င်းသည် မည်သို့မှ အရေးမပါသောအရာများဖြစ်ကြသည်။
သူတို့နှစ်ယောက်လုံးသည် ကလေးများမဟုတ်ကြတော့ပေ။ သဘာဝအားဖြင့် ဒီလို ကိစ္စလေးတွေနဲ့ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကို ဖျက်လိုဖျက်စီး အဖြစ်ခံမှာမဟုတ်ပေ။
“ မင်းအပေါ် ကလန်ရဲ့ အချုပ်အနှောင်တွေကို ဖြည်ဖို့ မင်းရဲ့ မိုက်ခရိုချစ်ပ်ထဲကို လျှို့ဝှက်ကုဒ်ဖြည့်ပြီးတာနဲ့ မင်းတတ်နိုင်သလောက် မြန်မြန်ထွက်သွားရမယ်နော်။ မဟုတ်ရင် ကလန်က ဒါကို သတိထားမိသွားပြီး မင်းထွက်သွားချင်ရင်တောင် ထွက်သွားမလို့မရဘဲ ဖြစ်နေလိမ့်မယ်။ ပြီးတော့ မင်းထွက်သွားပြီဆိုတာနဲ့ မင်းရဲ့ ခွန်အားကို တတ်နိုင်သလောက် များများ တိုးလာစေဖို့ နည်းလမ်းတွေစဉ်းစားရဦးမယ်။
ကလန်ရဲ့အဆင့်သတ်မှတ်ချက် ပြိုင်ပွဲမှာပြိုင်မယ့် အသက်စွမ်းအင် 7.0 လောက်ထိ မြင့်တဲ့ ကျွမ်းကျင်သူတွေ ရှိတယ်။ စစ်မှန်တဲ့ကြယ်တာရာကျင့်ကြံသူတစ်ယောက်အဖြစ် ဆင့်ကဲပြောင်းလဲထားတဲ့ လူတစ်ယောက်တောင်ရှိနေသေးတယ်။ တကယ်လို့ မင်းသာ အဲ့လို ခွန်အားတိုးမလာရင်
အဆင့်သတ်မှတ်ချက်ပြိုင်ပွဲကို ဝင်ပြိုင်ရင်တောင် အသုံးမဝင် ဖြစ်နေမှာပဲ…” ဖုန့်လန် သတိပေးလိုက်သည်။
ဖုန်လင်း ဖုန့်လန်၏ စကားလုံးများထဲက အကြောင်းအရာများကို နားလည်
သည့်အတွက် ခေါင်းညိတ်လိုက်သည်။
အကျဉ်းခန်းက ထွက်လို့ရတာနဲ့ သူ့ရဲ့ ခွန်အားကို တိုးတက်လာဖို့နည်းလမ်းကို အမြန်ရှာရမှာပါ။
အားနည်းခြင်းသည်ကပင် မူလပြစ်ချက်တစ်ခုဖြစ်သည်။
သူ ဒီကမ္ဘာကို ဖြတ်သန်းရောက်လာ
သည့် အချိန်ကတည်းက သူ့ခွန်အားက အလျင်အမြန်တိုးတက်လာသော်လည်း ခြေတစ်လှမ်းရွေ့ဖို့ပင် ခက်ခဲနေပြီး အဖက်ဖက်မှ နိမ့်ကျနေသည်ကို တွေ့လိုက်ရသည်။ ဒါက ဘာကို ဆိုလိုတာလဲ။
သူ့ခွန်အားရဲ့ တိုးတက်မှုက လိုအပ်သည့်အခြေအနေနဲ့ ဝေးကွာနေသေးသောကြောင့်ဖြစ်သည်။
သူသာ လုံလောက်အောင် သန်မာပါက စကားအများကြီး ပြောနေစရာ လိုမည်မဟုတ်ချေ။ ဘာကလန်ဥပဒေတွေလဲ။ ဘာစည်းမျဉ်းတွေလဲ။ ဘာအဆင့်အတန်းတွေလဲ။ အရာအားလုံးသည် သူ့လက်သီးတစ်ချက်ဖြင့် ဖြေရှင်းပြီးသားဖြစ်နေလိမ့်မည်။
ဖုန့်လင်း ဉာဏ်အလင်းပွင့်သွားပြီး သူ့မျက်လုံးတို့က အလင်းတန်းတို့ဖြင့်
တဖြတ်ဖြတ်တောက်ပသွားသည်။
“ ဒါက နှစ်ဦးနှစ်ဖက် လုပ်ငန်းတစ်ခုဆိုကတည်းက မင်းရဲ့ အခြေအနေတွေက မျှတပါတယ်။ မင်းငါ့ကို လုပ်စေချင်တဲ့ကိစ္စတွေကို ငါသေချာပေါက် လုပ်ပေးမယ်။ ” ဖုန့်လင်း သံကိုပင် ဖြတ်တောက်နိုင်လောက်အောင် ခိုင်မာသည့် အသံမျိုးဖြင့် ပြောလိုက်သည်။
“ အခုမင်းငါ့ကို လျှို့ဝှက်ကုဒ်ပေးလို့ရပြီ။ ဟုတ်တယ်မလား။ ”
“ ဟုတ်တယ်။ ” ဖုန့်လန်ပနေနဲ့ ဖုန်လင်းက သူ့ကတိကို ချိုးဖောက်မည်ကို ဘယ်လိုမှမစိုးရိမ်ခဲ့ချေ။
ဖုန့်လင်း ရင်ဆိုင်နေသည့် အခြေအနေက မည်မျှကြောက်ဖို့ကောင်းကြောင်း သူ ရှင်းရှင်းလင်းလင်းသိနေသည်။ တကယ်လို့ ဖုန့်လင်းသာ သူ့ကံကြမ္မာကို ပြောင်းပြန်လှန်ချင်ပါက သူဆိုသည့်
ဖုန့်လန်နှင့် ပူးပေါင်းဖို့ တစ်နည်းသာရှိပေသည်။ တခြားသော ရွေးချယ်စရာဟူ၍ မရှိချေ။
ဒါသည်မှာ သူ ဖုန့်လင်ကို လာရှာရသည့် ရည်ရွယ်ချက်လည်းဖြစ်ပေသည်။
“ ဒါကို မှတ်ထား။ လျှို့ဝှက်ကုဒ်က: wsyzm210712973672…” ဖုန့်လန် တစ်ခါတည်းဖြင့် စာကြောင်းအရှည်ကြီး ရွတ်လိုက်သည်။ ဒီလျှို့ဝှက်ကုဒ်က သာမန်လူတွေအတွက် မှတ်မိဖို့ပင် မဖြစ်နိုင်ချေ။
အတိအကျပြောရပါက အကျဉ်းခန်းသည် ပြင်ပကွန်ရက်နှင့် ဖြတ်တောက်ထားသောကြောင့် ကိုယ်ရေးမိုက်ခရို
ချစ်ပ်၏ ဆက်သွယ်နိုင်စွမ်းကို ပြတ်တောက်သွားခဲ့သည်။ သို့သော်လည်း သိုလှောင်မှုလုပ်ငန်းသည်တော့ အလုပ်လုပ်နေဆဲဖြစ်သဖြင့် ဖုန့်လင်း လျှို့ဝှက်ကုဒ်ကို မှတ်တမ်းတင်ထားလိုက်သည်။ ဖုန့်လန်နှင့်အတူ အမှားရှိမရှိသေချာရန် ထပ်မံစစ်လိုက်ပြီးနောက်တွင် ဒေတာလျှို့ဝှက်ခန်းထဲတွင် ထည့်ထားလိုက်သည်။ လက်ရှိတွင် အချိန်မှန်သုံးဖို့
စောင့်ရန်သာလိုအပ်တော့သည်။
“ ဟုတ်ပြီ....ဒီကနေ့က လေးရက်မြောက်နေ့ပဲ။ မင်းက သုံးရက်အတွင်း အကျဉ်းထောင်ကနေ ထွက်ရတော့မှာ။ ငါ့ဘက်ကတော့ ငါတတ့နိုင်တာလုပ်ပြီးသွားပြီမို့ အခု ငါ ထွက်သွားဖို့ အချိန်ရောက်ပြီ ” ဖုန့်လန် မတ်တပ်ရပ်လိုက်သည်။
ဖုန့်လင်း မနေနိုင်ပဲ မေးလိုက်သည်။ ဒီမေးခွန်းက သတောတူညီမှုနှင့်တော့ ဘာမှမဆိုင်ခဲ့ချေ။
“ မင်းက တကယ့်အကြံသမားပဲ။ ငါ့ကို တန်းစီတာ ကြားဖြတ်ဖို့ လုပ်တာက တမင်လုပ်တာလား။ ”
“ အဲ့တာက တကယ်ကို မတော်တဆပါဟ။ ” ဖုန့်လန် မြေခွေးတစ်ကောင်ကဲ့သို့ ကောက်ကျစ်စွာရယ်မောလိုက်သည်။
“ အဆင့်နိမ့်ကလန်သား တစ်ယောက်က ကလန်အဆောက်အဦးရဲ့ အပေါ်ထပ်ကို တက်သွားတာကို ငါမြင်လိုက်တယ်လေ။ မင်းကို မသိခင် အချိန်ကတည်းက ငါမင်းကို အနိုင်ကျင့်ဖို့ ရွေးလိုက်တာပဲ။ အဆုံးမှာတော့ ငါက အသုံးအဖြုန်းကြီး အနိုင်ကျင့်တတ်တဲ့ ကောင်ပဲလေ။ မဟုတ်လို့လား။ ”
သူအမူအရာက ‘ ဒါက ဖြစ်သင့်တယ်လေ ’ ဆိုသည့်အတိုင်းပင်။ ဖုန့်လင်း အချိန်အတော်ကြာထိ ဘာပြန်ပြောရ
မလဲ မသိခဲ့တော့ချေ။
အချိန်အတော်ကြာမှ သူ ဆက်ပြီး.....
“ ဘာလို့ မင်းက အသုံးမကျသလို ဟန်ဆောင်နေတာလဲ”
ဒီမေးခွန်းကို ကြားသောအခါ ဖုန့်လန် အံ့အားသင့်မသွားချေ။ သူက ခြောက်ကပ်စွာရယ်မောလိုက်ပြီးသည်။
“ ငါ့အဖေက ကလန်ခေါင်းဆောင်ရဲ့ အကြီးဆုံးသား။ ပြီးတော့ ငါက ငါ့အဖေရဲ့ တစ်ဦးတည်းသောသားလေ။ စိတ်မကောင်းစရာက ငါ့မျိုးဗီဇပင်ကိုယ်စွမ်းရည်ပါရမီက ကောင်းတယ်လို့ ပြောလို့မရပဲ.... ဆက်ခံထားတဲ့ ရစ်ခွေနေသောမြွေမျိုးဗီဇကို ကလန်ရဲ့အကူအညီနဲ့ နှစ်မှတ်ပဲ မြှင့်တင်နိုင်ခဲ့တာလေ။
သက်တူရွယ်တူတွေနဲ့ နှိုင်းယှဉ်လိုက်ရင် ငါကအတော်လေးနိမ့်ကျနေခဲ့တယ်။ ငါသာ အသုံးမကျသလို ဟန်ဆောင်မနေခဲ့ရင် ငါ့ရဲ့ဝံပုလွေလို ကျားလိုဝမ်းကွဲတွေက ငါ့ကို အလွတ်ပေးပါ့မလား။
ပြီးတော့ မင်းက ငါရဲ့ အစစ်အမှန်စရိုက်က အနိုင်ကျင့်အသုံးမကျတဲ့ ပုံမဟုတ်ဘူးလို့ မင်းကထင်တာလား။ အဲ့လို အနိုင်ကျင့်တဲ့ ပုံစံက ကောင်းတယ်ကွ။ ယောက်ျားလေးတွေကို အနိုင်ကျင့်နိုင်ပြီး မိန်းကလေးတွေကို ဗိုလ်ကျလို့ရတယ်။ ငါဘာပဲလုပ်ချင်လုပ်ချင် အပူအပင် ကင်းကင်းနဲ့ လုပ်လို့ရတယ်။ အဲ့ဒီ အသေးအမွှား ကိစ္စလေးတွေလုပ်နေရင်တောင် အာရုံစိုက်မခံရဘူး။ အခုကြည့်လေ။ ငါမင်းကို လာရှာတယ် ဒါပေမယ့် ငါ့ဝမ်းကွဲတွေက ဘာတုံ့ပြန်မှုမှရှိမလာဘူး။ ဟုတ်တယ်ဟုတ် ”
ဖုန့်လင်း၏မျက်နှာထက်တွင် လေးလေးနက်နက်တွေးနေသည့် အကြည့်တစ်ခုရှိနေသည်။ သူတွေးနေသည်ကိုတော့ မည်သူမျှ သိနိုင်မည်မဟုတ်ချေ။
တိုက်ရိုက်မျိုးဆက်ရဲ့ မြေးတစ်ယောက်။ အကယ်၍ ကလန်ခေါင်းဆောင်သာ ဆုံးပါးသွားခဲ့ပါက ပထမဆက်ခံသူသည် ဖုန့်လန်၏အဖေဖြစ်ပေလိမ့်မည်။ ဒုတိယဆက်ခံသူကတော့ ဖုန့်လန်ကလွဲပြီး တခြား မည်သူမျှမဖြစ်နိုင်ချေ။
အပင်မြင့်လေ လေတိုက်လေသာဖြစ်သည်။ စိတ်မကောင်းစရာက
ဖုန့်လန်တွင် သူ့နေရာကိုထိန်းသိမ်းနိုင်ရန်အတွက် လုံလောက်သည့်ခွန်အား
မရှိသည့်အတွက် သဘာဝအားဖြင့် လူတိုင်း၏ အမြင်တွင် ပစ်မှတ်တစ်ခုဖြစ်နေပေလိမ့်မည်။ ဖုန့်လင်နှးင့်ယှဉ်ပါက ဖုန့်လန်၏ ကလန်တွင်းမှအခြေအနေသည် အလွန်ပင်ဆိုးဝါးနေခဲ့လေသည်။
ဒီ့အတွက်ကြောင့်ပင် ဖုန့်လန်က အသုံးမကျသည့် သခင်လေးတစ်ယောက်လို ဟန်ဆောင်နေခဲ့သည်။ သူက တခြားသူများက သူ့ကို သတိထားနေမည်ကို မလိုချင်ပေ။ ဒါကို ကိုယ့်ကိုယ်ကိုယ် ကာကွယ်သည့် နည်းလမ်းဟု မှတ်ယူရပေလိမ့်မည်။
ဒီလူသည် မျက်နှာဖုံး အတော်များများတပ်ထားသည့်အတွက် သူအမှန်ပြော
မပြောကို မည်သူမှ သိမည်မဟုတ်ချေ။
ဖုန့်လန်နှင့် သဘောတူညီချက်တစ်ခု လုပ်ပြီးနောက်တွင်တော့ ဒါက ကောင်းလား မကောင်းဘူးလားဆိုသည်ကို
ဖုန့်လင်း မသိတော့ချေ။
သို့သော် ဒါသည် သူရဲ့ တစ်ခုတည်းသော အခွင့်အရေးပင်။ သဘာဝအား
ဖြင့် သူလက်မလွှတ်ချေ။
ဖုန့်လန်က တစ်ဖက်ကို လှည့်ပြီး အဝေးသို့ လျှောက်ထွက်သွားတော့မည့်အချိန်တွင် တစ်စုံတစ်ခုကို တွေးတောနေပုံရပြီး သူ ညင်သာစွာရယ်မောလိုက်သည်။
“ စိတ်မပူပါနဲ့။ မင်းက အခု အကျဉ်းကျနေပေမဲ့ ငါမင်းရဲ့ မိဘတွေကို မင်းက ငွေရဖို့ အချိန်ပိုင်းအလုပ် လုပ်နေတယ်လို့ ပြောထားပြီးသွားပြီ။ မင်း ဒီကနေထွက်သွားရင် ဆင်ခြေ ကောင်းကောင်းပေးတာ ပိုကောင်းမယ်နော်။ အော်..ပြီးတော့ မင်း ကလန်က
ထွက့သွားရင် ကလန်က မင်းရဲ့မိဘတွေကို ခက်ခဲအောင် လုပ်ချင်လုပ်လာနိုင်တယ်။ ဒါပေမယ့် အဲ့အကြောင်း စိတ်မပူပါနဲ့ ငါ မင်း မိဘတွေကိုမင်းကိုယ်စား စောင့်ရှောက်ပေးထားပါ့မယ်...ဟားဟားဟား ”
ထို့နောက်တွင်တော့ ခြေသံတွေထွက်ပေါ်လာကာ သူ့အသံက ပိုပို ဝေးသွားပေတော့သည်။
ဖုန့်လင်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ထိုအရာကို ကြားလိုက်ရသောအခါ သူ့အမူအရာတို့ကလည်း အေးစက်သွားလေသည်။
သူ့မိဘတွေကို ဂရုစိုက်မည်လား။ ဒါသည် သူတို့ကို သုံး၍ သူ့ကို ခြိမ်းခြောက်နေခြင်းပင်။
ဖုန့်လန်က သူ့မိဘတွေကို ဓားစာခံအဖြစ်သုံးကာ ဖုန့်လင်းအနေနဲ့ သူ့ကို ပြဿနာမရှာစေရန် သေချာအောင် ပြုလုပ်ခြင်းပင်။
သူ့ မိဘများနှင့်ဆိုပါက ဖုန့်လင်း၏ အားနည်းချက်များက ဖော်ပြပြီးသားဖြစ်ကာ ဖုန့်လန်၏ ထိန်းချုပ်မှုခံလိုက်ရလေသည်။
သို့သော် ဖုန့်လန်က ကလန်စည်းမျဉ်းတို့ကို ချိုးဖောက်ပြီး သူ့ကို လျှို့ဝှက်ကုဒ်ပြောကာ သဘောတူညီမှု တစ်ခု ပြုလုပ်လိုက်ကတည်းက သူတို့နှစ်ယောက်လုံးက သူတို့ရိုးတွင်းခြင်ဆီထဲထိပင် ရူးသွပ်နေကြကြောင်း ပြသနေသည်။
ရူးနေသူများနှင့် ပတ်သတ်ပြီး သူတို့ကို ခြိမ်းခြောက်တာက အသုံးဝင်မှာမို့လား။
ရူးသွပ်မှသာ ရှင်သန်နိုင်လိမ့်မည်ဖြစ်သည်။
ဒီအခြေအနေတွင် တစ်စုံတစ်ယောက်သာ လုံလောက်အောင် မရူးသွပ်ပါက သူတို့တွင် အခွင့်အရေးရှိမည်မဟုတ်ပေ။ လက်ရှိတွင် သူတို့သည် သူတို့၏ ပြဿနာများဆီမှ ရှင်သန်နိုင်ရုံမျှသာ ရှိသည်။ တစ်ခြားအရာတွေကို တွေးနေရန်အချိန်ရှိမည်လော။
သူတို့နှစ်ယောက်လုံးက တစ်ယောက်သည် တစ်ယောက်၏ အသက်အာမခံတစ်ခုလိုဖြစ်နေကြောင်းကို နားလည်းထားကြပေသည်။ ဖုန့်လန်အနေနဲ့လည်း သူ့မိဘတွေကို မည်သည့်အရာမျှ လုပ်ရဲမည်မဟုတ်ချေ။
ဖုန့်လန် ထွက်သွားပြီးနောက်တွင် လေထုက ပြန်လည်တိတ်ဆိတ်သွားခဲ့သည်။ ယင်းက လုံးဝ မှောင်မဲနေပြီး အလင်းရောင် အနည်းကျဉ်းမှ ရှိမနေချေ။ လေထုက တိတ်ဆိတ်နေပြီး လူတစ်ယောက်ကို စိတ်ပျက်အားငယ်သွားစေနိုင်သည်။
ဖုန့်လင်း ရပ်တန့်မနေပဲ ဇွဲနပဲနှင့် ဆက်လက်ကျင့်ကြံနေခဲ့သည်။
ပုံရိပ်ယောင်သိုင်းစေတီမှ A.I ၏ စကားအရ သူ့မျိုးဗီဇစွမ်းရည်တို့က အပြည့်အဝ မဖွံ့ဖြိုးသေးချေ။ သူ့အသက်စွမ်းအင်က အနည်းဆုံး 4.0 ရှိနေသင့်သော်လည်း လက်ရှိတွင် 2.9 သာရှိလေသည်။
အကြိမ်အနည်းငယ်ခန့် ထပ်မံကျင့်ကြံနေခဲ့ပြီး နောက်တွင် သူ၏မျိုးဗီဇစွမ်းရည်က ဆက်တိုးမလာသည်ကို တွေ့လိုက်ရသည်။ သူ သုံးစွဲထားသည့် အသက်ဆေးရည်၏ သက်ရောက်မှူက ကုန်ဆုံးသွားသည်ကို သိလိုက်သည်။
ဖုန့်လင်း နားမနေခဲ့ချေ။ သူ နောက်ထပ် ဆေးရည်ကို တစ်ကျိုက်ထဲမော့ချလိုက်ပြီး အရူးတစ်ယောက်ကဲ့သို့ စတင် ကျင့်ကြံလေသည်။
ပြီးနောက် သူသည် နတ်ဆိုးတစ်ကောင်လို ဆက်ကျင့်ကြံနေပြီး သူ့ကိုယ်သူ သန်မာလာစေရန်သာ အာရုံစိုက်နေပေသည်။
မျိုးဗီဇစွမ်းရည် +15%, +14%, +13%…
သူ့စွမ်းရည်က တဟုန်ထိုး ထိုးတက်လာပြီး 472%သို့ ရောက်ရှိလာသည်။ သူ့အသက်စွမ်းအင်ကလည်း 3.0 ကို ချိုးဖြတ်လာပြီး 3.1 သို့ရောက်ရှိသွားသည်။
အသက်ဆေးရည်က အသက်စွမ်းအားကို ဖားထေးပေးနိုင်သည်။ ထို့ပြင် သူ၏မျိုးဗီဇညီမျှခြင်းက အာဟာရဓာတ်အားလုံးတို့ကို မျိုးဗီဇစွမ်းရည်အဖြစ် ပြောင်းလဲပေးနိုင်ပေသည်။ ဒါကို သတိမထားမလိုက်ခင်မှာပဲ ကမ္ဘာတုန်လောက်သည့် အသွင်ပြောင်းလဲမှုများက သူ့ခန္ဓာကိုယ်အတွင်း ဖြစ်ပေါ်လာခဲ့လေသည်။
သို့သော် ဒီတစ်ကြိမ်တွင်လည်း ဖုန်းလင်၏ ထက်ရှသော အာရုံခံမှုက ဆေးစွမ်းသည် ပို၍ နိမ့်ကျလာသည်ကိူ ခံစားမိလိုက်သည်။ အသက်ဆေးရည်က မည်မျှပင် ကောင်းမွန်နေပါစေ အလွန်အကျွံသုံးစွဲပါက သူ့ခန္ဓာကိုယ်က ၎င်းကို ခုခံရန် စတင်ကြိုးစားပေလိမ့်မည်။
ထို့ကြောင့် သူက အသက်ဆေးရည်၏ အာနိသင် မကုန်ခင်မှာပဲ သူ့ခွန်အားကို တိုးပွားလာစေရန် လုပ်ဆောင်ရပေတော့သည်။
သူ ရူးသွပ်စွာနှင့် စတင်ကျင့်ကြံလိုက်ပြီး တစ်ခဏလေးမှ မနားတော့ချေ။ သူ့ကိုကြည့်ရသည်မှာ ပင်ပန်းမှုကို မသိ
သည့် လူတစ်ယောက်ပမာပင်။
မကြာမီမှာပဲ သူရဲ့ မျိုးဗီဇစွမ်းရည်က 568% ကိုရောက်လာပြီး သူ့အသက်စွမ်းအင်က 3.3 သို့ ခုန်တက်လာလေသည်။
ဤမျှမြင့်မားသော အသက်စွမ်းအင်
ဖြင့်ဆိုပါက သူ့ကျောင်းမှ နံပါတ်တစ်ပါရမီရှင် သွမ့်ယွင်လျိူ မှလွဲ၍ တစ်ကျောင်းလုံးတွင် ထိပ်ဆုံးဟူ၍ သတ်မှတ်၍ရနိုင်ပြီဖြစ်၏။
သို့သော် ဤအသက်စွမ်းအင်သည် ဖုန်းလင်၏ မျိုးဗီဇတို့က ခံနိုင်သည့် အကန့်အသတ်ကို မရောက်ရှိသေးချေ။
ဒါကိုကြည့်ခင်းအားဖြင့် အာဟာရချို့တဲ့ခဲ့၍ မည်မျှပင် သက်စောင့်အားများ အလွန်အကျွံသုံးစွဲခဲ့သည်ကို တွေ့နိုင်လေသည်။ လက်ရှိတွင် သူ့အနေနဲ့ ဖြည်းဖြည်းခြင်းဖြင့် သက်စောင့်အားကို ပြန်လည်ဖြည့်တင်းနေပြီဖြစ်သည်။
သူ ဆက်လက်ကျင့်ကြံပြီး သူ့အသက်စွမ်းအင်ကို တိုးပွားလာစေချင်သော်လည်း ကံမကောင်းစွာဖြင့် အချိန်က ကုန်သွားပြီဖြစ်သည်။
အကျဉ်းကျသည့် နေ့ရက်များ ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။