← Chapters

အဲ့ဒါက တကယ်ပဲ ဒီမှာရှိတာလား

Vol. 111 Ch. 1693

အဲ့ဒါက တကယ်ပဲ ဒီမှာရှိတာလား

Vol. 111 Ch. 1693

အက်ကွဲကြောင်း ဖွင့်လှစ်သွားသည့်အခိုက် လေပြင်းမုန်တိုင်းက ပေါ်လျှိုးလာပြီး အရပ်မျက်နှာအဘက်ဘက်သို့ ရိုက်ခတ်သွားသည်။

ဤသည်မှာ သဏ္ဍာန်မဲ့လက်တစ်စုံက လှိုင်းဂယက်များကို ဖန်တီးနေသည့်အလားပင်။

ယင်းက ဖရိုဖရဲကောင်းကင်အင်ပါယာနန်းတော် တည်ရှိသော ဟင်းလင်းပြင်ကို အပြင်းအထန် တုန်ယင်သွားစေသည်။

ဤနေရာသို့ ဆင်းသက်လာသော ကျင့်ကြံသူတိုင်းထံမှာ အန္တရာယ်အရှိန်အဝါဖြင့် ပြည့်နှက်နေကြသည်။ ထို့ပြင် သူတို့ရိတ်သိမ်းထားသော မူလအနှစ်သာရကလည်း အလွန်သိပ်သည်းသည်။

ရှင်းလင်းစွာပင် ဤအတောအတွင်းမှာ ရွှီချင်းတစ်ယောက်တည်း အကျိုးအမြတ်ရရှိခဲ့ခြင်း မဟုတ်ပေ။ တခြားကျင့်ကြံသူများသည်လည်း ကိုယ့်ကိုယ်ကိုယ် အာဟာရဖြည့်ခဲ့ကြသည်။

သူတို့၏ ကျင့်ကြံခြင်းအခြေခံက ဤနေရာသို့ ပထမဆုံးအကြိမ် သူတို့ရောက်လာခဲ့စဉ်ကထက် အနည်းငယ် ပိုသန်မာလာကြသည်။ ယင်းက သူတို့၏ အလုံးစုံတိုက်ပွဲစွမ်းအားကို အနည်းငယ် မြှင့်တင်ပေးလိုက်သည်။

အထူးသဖြင့် ကျိုးကျန်းလီနှင့် ရှဲလင်းဇီ ဖြစ်သည်။ သူတို့နှစ်ယောက်က အစက အုပ်ချုပ်သူအဆင့်၏ အထွတ်အထိပ်မှာ ဖြစ်ကြသည်။ ယခု သူတို့က အဆင့်ချိုးဖြတ်ရန် ခြေတစ်လှမ်းမျှသာ ဝေးကွာကြတော့သည်။

လီမုန့်တုက သူတို့အဆင့်သို့ မရောက်ရှိသေးသော်လည်း ယခင်ကထက် အများကြီး ပိုသန်မာလာသည်။

ချမ်ကျွင်းနှင့် ပိုင်ရီသည်လည်း စိတ်ဓာတ်တတ်ကြွနေကြသည်။

သို့သော်လည်း အတိုးတတ်ဆုံးတစ်ယောက်က ယွင်ရှန်းစု ဖြစ်သည်။

သူက ဤအတောအတွင်းမှာ မည်သည့်နေရာသို့ စွန့်စားသွားခဲ့ကြောင်း မသိရသော်လည်း သူ၏ အင်မော်တယ်သန္ဓေသားလောင်းထံမှ ထုတ်လွှတ်နေသော အရှိန်အဝါက ပိုပြီးနက်နဲသိမ်မွေ့လာသည်။

သို့ဖြစ်၍ ထိုကျင့်ကြံသူများ၏ ဆင်းသက်လာမှုက ကြယ်တာရာကောင်းကင်အား တုန်လှုပ်စေနိုင်သော အင်အားကို လှုံ့ဆော်လိုက်သည်။

ထို့ပြင် တတ်လှမ်းသူများအနေဖြင့် သူတို့အားလုံးက မရေမတွက်နိုင်သော တိုက်ပွဲများနှင့် သတ်ဖြတ်ခြင်းများကို ကျော်ဖြတ်ခဲ့သူများ ဖြစ်ကြသည်။ သို့ဖြစ်၍ သူတို့က တစ်ယောက်တည်းရှိနေလျှင်ပင် ဝံပုလွေသဖွယ် တိုက်ခိုက်ရေးမှာ အားမနည်းကြချေ။

သူတို့ရောက်ရှိလာပြီးနောက် သူတို့၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါက ပရမ်းပတာ လှုပ်ခတ်သွားပြီး ရက်စက်ကြမ်းကြုတ်ခြင်းက သူတို့၏ မျက်လုံးထဲမှာ အထင်အရှား ထွက်ပေါ်လာသည်။

မည်သူမှ သူတို့ကို မလျော့တွက်ဝံ့ချေ။

ဤအခိုက်အတန့်မှာ သူတို့အားလုံးက ဖရိုဖရဲကောင်းကင်အဖွဲ့သားများနှင့် အထွတ်အထိပ်အဆင့် ခြေလှမ်းဝက်အင်မော်တယ် သက်လတ်ပိုင်းကျင့်ကြံသူကို စိုက်ကြည့်လိုက်ကြသည်။

ထိုမြင်ကွင်းက ဖရိုဖရဲကောင်းကင်အဖွဲ့သားအားလုံးကို နှလုံးတုန်ယင်သွားစေသည်။ ၎င်းတို့အားလုံးက စိတ်မသက်မသာ ခံစားမိသွားကြသည်။

ဖရိုဖရဲကောင်းကင်ဧကရာဇ်သည်ပင် အမူအရာပျက်ယွင်းသွားသည်။ ယင်းက ၎င်းမတွေ့ကြုံချင်သော အဆိုးဝါးဆုံး အခြေအနေ ဖြစ်သည်။

ယေဘုယျအားဖြင့်ဆိုရလျှင် ထိုသို့ဖြစ်နိုင်ခြေက မရှိလုနီးပါး အလွန်သေးငယ်သည်။

အမှန်မှာ ထိုအတိုင်းဖြစ်သည်။ လွတ်ငြိမ်းခွင့်တုံကင်ကို ပိုင်ဆိုင်ထားသော ၎င်းတို့မိသားစုက ထုံးစံအားဖြင့် ရိက္ခာထိန်းသိမ်းသူများကို စိုးရိမ်စရာမလိုပေ။ အဘယ့်ကြောင့်ဆိုသော် ရိက္ခာထိန်းသိမ်းသူအများစုက အပြင်လောကမှာသာ ရိတ်သိမ်းကြပြီး ၎င်းတို့မိသားစုနှင့် လာပတ်သက်ကြလိမ့်မည် မဟုတ်ချေ။

ထိုအကြောင်းအရင်းကြောင့် ဖရိုဖရဲကောင်းကင်ဧကရာဇ်က အစမှာ အကြောက်အရွံ့မဲ့စွာ ပြုမူခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ရွှီချင်းဆီမှာ အင်မော်တယ်အရှင်သခင်၏ အမိန့်တာဝန်ရှိနေမည်ဟု ၎င်းမမျှော်လင့်ထားခဲ့ပေ။

ယင်းက ဤကိစ္စ၏ အဓိကသော့ချက် ဖြစ်သည်။

ထို့ပြင် သူ၏ တိုက်ပွဲစွမ်းအားသည်လည်း အလွန်အံ့ဖွယ်ကောင်းသည်။ သူက သံတမန်ထွက်ပေါ်လာသည်ကိုပင် မကြောက်ပေ။

အမှန်မှာ စောစောက သူက သံတမန်ကို သတ်ပစ်နိုင်လုနီးပါးပင် ဖြစ်ခဲ့သည်။

" ဒါ့အပြင် ဒီတတ်လှမ်းသူတစ်ယောက်ချင်းစီက အံ့ဖွယ်အရှိန်အဝါကို ပိုင်ဆိုင်ထားကြတယ်… သူတို့က ကောင်းကင်အရွေးချယ်ခံတွေ ဖြစ်နိုင်တယ်… ဆိုလိုတာက ဒီရိက္ခာထိန်းသိမ်းသူအဖွဲ့က သာမန်မဟုတ်ဘူး "

ထိုအတွေးက ဖရိုဖရဲကောင်းကင်ဧကရာဇ်၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။

အထွတ်အထိပ်အဆင့် ခြေလှမ်းဝက်အင်မော်တယ် သက်လတ်ပိုင်းကျင့်ကြံသူက စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။

ရွှီချင်းကို သူမှတ်မိသွားသည့်အခိုက် အခြေအနေကို နားလည်သွားခဲ့သည်။ ထို့ပြင် မတူညီသော သရုပ်အဆင့်အတန်းကြောင့် သူက အပြင်လောကအကြောင်းကို ဖရိုဖရဲကောင်းကင်ဧကရာဇ်ထက် ပိုပြီးသိထားသည်။

သို့ဖြစ်၍ တတ်လှမ်းသူအားလုံးက ရိက္ခာထိန်းသိမ်းသူများ မဖြစ်လာနိုင်ကြောင်း သူနားလည်သည်။

ကောင်းကင်ဘုံအလွန်များထဲတွင် လူသားကျင့်ကြံသူအများအပြားက ထိုနေရာမှာ ရှေးခေတ်ကတည်းက နေထိုင်ခဲ့ကြသည်။ သို့ဖြစ်၍ ထိုလူများ၏ အရေအတွက်က တတ်လှမ်းသူများထက် အများကြီး ပိုများပြားသည်။ သူတို့က အမျိုးမျိုးသော ဌာနများထဲတွင် အဆင့်နိမ့်အရာရှိများအဖြစ် တာဝန်ထမ်းဆောင်နေကြသည်။ ယေဘုယျအားဖြင့်ဆိုရလျှင် ဤကဲ့သို့ သေးငယ်သော ရိက္ခာထိန်းသိမ်းသူအဖွဲ့တစ်ဖွဲ့တွင် တတ်လှမ်းသူများက အများဆုံး ဆယ်ပုံတစ်ပုံခန့်သာ ရှိနိုင်ကြသည်။ ထို့ပြင် အကြိမ်ပေါင်းများစွာ ထုတ်ပယ်ခံရပြီးနောက် တတ်လှမ်းသူများ၏ အရေအတွက်က ပိုပြီးနည်းပါးသွားလိမ့်မည်။

မည်သို့ဖြစ်ပါစေ တတ်လှမ်းသူများက ကွဲပြားခြားနားကြသည်။

သို့ဖြစ်၍ အတိတ်တွင် တတ်လှမ်းသူအများစုက မတူညီသော ဌာနများဆီသို့ ပြန့်ကျဲသွားကြပြီး တာဝန်အသီးသီးကို ထမ်းဆောင်ကြလေ့ ရှိသည်။

ယခုကဲ့သို့ တတ်လှမ်းသူအသစ်အားလုံးကို တစ်ဖွဲ့တည်းမှာ မြင်တွေ့ရခြင်းက အလွန်ရှားပါးသည်။ အမှန်မှာ ရွှီချင်း၏ အဖွဲ့သည် ရိက္ခာထိန်းသိမ်းသူဌာနတစ်ခုလုံးတွင် တူညီသော အသုတ်ထဲမှ တတ်လှမ်းသူများဖြင့် ဖွဲ့စည်းထားသော တစ်ခုတည်းသောအဖွဲ့ ဖြစ်သည်။

သက်လတ်ပိုင်းကျင့်ကြံသူသည် အက်ကွဲကြောင်းထဲမှ ဆင်းသက်လာနေကြသော ပုံရိပ်များကို ကြည့်လိုက်ပြီး စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။

ထိုအကြောင်းအရင်းကြောင့် သူက ချက်ချင်း တိုက်ခိုက်ခဲ့ပြီး ဖရိုဖရဲကောင်းကင်မိသားစုထံမှ အကူအညီတောင်းခဲ့ခြင်း ဖြစ်သည်။

အချိန်နည်းနည်းလေးမှ မနှောင့်နှေးနိုင်ကြောင်း သူသိသည်။ တိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်ပစ်ခြင်းက အကောင်းဆုံး ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူ၏ နောက်ခံက သန်မာသော်လည်း မငြင်းဆန်နိုင်သော အမှန်တရားတစ်ခုကို ကောင်းကောင်း သူနားလည်ထားသည်။ ယင်းမှာ တတ်လှမ်းသူအားလုံးထံတွင် သာလွန်ထူးခြားသော နောက်ခံများ ကိုယ်စီရှိကြသည်။

နောက်ခံမရှိသူများသည်ပင် ကောင်းကင်ဘုံအလွန်ဆီသို့ ရောက်ရှိလာပြီးနောက် အဆက်အသွယ်များ၊ အခွင့်အလမ်းများနှင့် မဟာမိတ်များကို သေချာပေါက် ပြုလုပ်ကြရလိမ့်မည်။ ထို့ကြောင့် သူက ခြေလှမ်းဝက်အင်မော်တယ်တစ်ပါးဖြစ်ပြီး သူ၏ ဆရာက အဆင့်နိမ့်အင်မော်တယ်တစ်ပါးဖြစ်သော်လည်း သူက လူအနည်းစုကိုသာ ရန်ပြုနိုင်ပြီး တာအိုအတွက် လူအနည်းငယ်ကိုသာ သတ်ပစ်နိုင်ကြောင်း ရှင်းလင်းစွာ သိထားသည်။

သို့သော်လည်း အကယ်၍ သူသာ ထိုလူအားလုံးကို သတ်ပစ်လိုက်မည်ဆိုလျှင် သူ၏ ဆရာသည်ပင် ကြီးမားသော နောက်ဆက်တွဲအကျိုးဆက်ကို ခံစားရလိမ့်မည်။

သို့ဖြစ်၍ ဤအခိုက်အတန့်မှာ သူက အနောက်ဆုတ်သွားပြီး နန်းတော်အပြင်သို့ ပြန်ရောက်ရှိသွားသည်။ သူက အနောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ပြီး ဤနေရာမှ ထွက်သွားရန် တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်ကို ချေးငှားလိုက်သည်။

သူက ဤနေရာမှ ကိစ္စများကို နောက်ထပ် ဂရုမစိုက်တော့ပေ။

တာအိုယှဉ်ပြိုင်ခြင်းသည်တော့…

သူက စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။ ယင်းကို အချိန်တိုလေးအတွင်းမှာ သူတိုက်ခိုက်အနိုင်ယူနိုင်လိမ့်မည် မဟုတ်ကြောင်း သိသည်။

ထို့ပြင် သူ့ကို အနောက်ဆုတ်သွားစေသည့် တခြားအကြောင်းအရင်းမှာ သူ၏ လက်ရှိအခြေအနေကြောင့် ဖြစ်သည်။ သူ၏ လက်ရှိအခြေအနေက ထိုအဖွဲ့ကို အနိုင်ယူရန် မဖြစ်နိုင်ကြောင်း သူသိသည်။

ထို့ပြင် အကယ်၍ သူသာ သတိလက်လွတ်ဖြစ်သွားလျှင် အသက်ဆုံးရှုံးသွားနိုင်ပေသည်။

ထို့ကြောင့် သူက တုံ့ဆိုင်းမနေဘဲ အနောက်ဆုတ်သွားသည်။

ရွှီချင်းက တစ်ဖက်လူ၏ လုပ်ဆောင်မှုအပေါ် မအံ့ဩပေ။

အကယ်၍ တစ်ဖက်လူသာ ရူးမနေလျှင် ဤလူအုပ်ကြီး၏ ထွက်ပေါ်လာမှုဖြင့် ရင်ဆိုင်ရသည့်အခါ သေချာပေါက် အနောက်ဆုတ်သွားလိမ့်မည်။

အထူးသဖြင့် စောစောက သူက သေခြင်းကပ်ဘေးမှ လက်မလေးတင် လွတ်မြောက်သွားခဲ့ခြင်း ဖြစ်သည်။

“ ဒါပေမဲ့… မင်းက ဒီအတိုင်း ထွက်သွားနိုင်မယ် ထင်နေတာလား ”

အေးစက်စက်အလင်းက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး လက်ညှိုးညွှန်လိုက်သည်။

“ သူ့ကို အိမ်ပြန်ပို့ပေးလိုက်ကြ ”

ကျိုးကျန်းလီက စူးရှသော အော်သံကို ထုတ်ဖော်လိုက်သည်နှင့် သူ၏ အရှိန်အဝါက ချက်ချင်း ပေါက်ကွဲထွက်လာသည်။

“ အမိန့်တော်ကို နာခံပါတယ် ”

နောက်အခိုက်အတန့်မှာ လီမုန့်တုသည်လည်း တုံ့ဆိုင်းမနေဘဲ တိုက်ခိုက်လိုက်သည်။

ရှဲလင်းဇီက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။ ရွှီချင်း၏ နည်းလမ်းများကို သူသိသည်။ ဤအခြေအနေက သူ၏ သေခြင်းရှင်ခြင်းအပေါ် သက်ရောက်မှုမရှိလေရာ သူသည်လည်း တိုက်ခိုက်လိုက်သည်။

ယွင်ရှန်းစုသည်လည်း တုံ့ဆိုင်းမနေဘဲ အရှေ့သို့ ရွေ့လျားသွားသည်။

ဤကိစ္စက ကြယ်တာရာစက်ဝန်းကြောင့် အစပြုခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်၍ သူက အစွမ်းကုန်သုံး၍ တိုက်ခိုက်လိုက်သည်။

ကြယ်တာရာစက်ဝန်းအပေါ်မှာ ကျေးဇူးအကြွေးရှိပြီး ရွှီချင်းကို ကြောက်ရွံ့ရိုသေကြသော ချမ်ကျွင်းနှင့် ပိုင်ရီသည်လည်း ယင်းကို မြင်သွားသောအခါ ချက်ချင်း တိုက်ခိုက်လိုက်ကြသည်။

ရလဒ်အနေဖြင့် ယင်းက တခြားတတ်လှမ်းသူများ၏ စိတ်ခံစားချက်များနှင့် အတွေးများကို လှုံ့ဆော်ပေးလိုက်သည်။ အထူးသဖြင့် အရေအတွက်အားသာချက်က သူတို့ကို ယုံကြည်မှုရှိစေသည်။

သို့ဖြစ်၍ ဤအခိုက်အတန့်မှာ သူတို့တစ်ယောက်ချင်းစီက ကျင့်ကြံခြင်းစွမ်းအားကို ထုတ်လွှတ်လိုက်ကြပြီး သူတို့၏ တိုက်ခိုက်နည်းများကို အသက်သွင်းလိုက်ကြသည်။ ထိုအခါ အလုံးစုံအင်အားက ဝိညာဉ်ဒီရေသဖွယ် ပေါ်လျှိုးလာပြီး ကြီးမားသော ဖိအားနှင့်အတူ ဖရိုဖရဲကောင်းကင်အင်ပါယာနန်းတော်ဆီသို့ ဦးတည်သွားသည်။

ဝိညာဉ်ဒီရေက ၎င်း၏ လမ်းကြောင်းရှေ့မှာရှိသော အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။ ချက်ချင်းဆိုသလို နန်းတော်က ပြိုကွဲပျက်စီးသွားပြီး ဟင်းလင်းပြင်ထဲမှာ ဖုန်မှုန့်ဖြစ်သွားသည်။

နန်းတော်ပျောက်ကွယ်သွားသည့်အခိုက် ဖရိုဖရဲကောင်းကင်မိသားစု၏ ကုန်းမြေဆီသို့ ဦးတည်နေသော ဝင်ပေါက်က ထွက်ပေါ်လာသည်။

ထို့အတူ တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်ကို အသက်သွင်းနေသော သက်လတ်ပိုင်းကျင့်ကြံသူ၏ ပုံရိပ်သည်လည်း ထွက်ပေါ်လာသည်။

သူ၏ ဝေဝါးနေသော မျက်နှာက အကြီးအကျယ် ပျက်ယွင်းသွားပြီး သူက ပါးစပ်အပြည့် သွေးတစ်ပွက်အန်လိုက်ရသည်။ တည်နေရာပြောင်းရွှေ့ခြင်းက ဝိညာဉ်ဒီရေကြောင့် ဖရိုဖရဲဖြစ်သွားလေရာ သူ၏ ပုံရိပ်က ပုံပျက်တွန့်လိမ်သွားသည်။

သူက တန်ကြေးတစ်ခုစတေးပြီး သူ့ဆရာပေးထားသော အင်မော်တယ်ပုံရိပ်ကို ထုတ်လွှတ်လိုက်မှသာ တည်နေရာပြောင်းရွှေ့ခြင်းက ပြန်တည်ငြိမ်သွားသည်။

ချက်ချင်းဆိုသလို သူက နေရာမှ ပျောက်ကွယ်သွားသည်။

ရွှီချင်းက ထိုမြင်ကွင်းကို အေးစက်စက် ကြည့်လိုက်သည်။ သို့သော်လည်း သူနောင်တမရပေ။

တစ်ဖက်လူ၏ ထွက်သွားမှုက အရေးမကြီးပေ။

မည်သို့ဖြစ်ပါစေ သူက အထွတ်အထိပ်အဆင့် ခြေလှမ်းဝက်အင်မော်တယ်တစ်ပါး မဟုတ်ပါလော။

" နောက်တစ်ခါ ငါတို့ပြန်တွေ့ဆုံတဲ့အခါ သူ့ကို သတ်ပစ်မယ် ”

ရွှီချင်းက အကြည့်ပြန်ရုပ်လိုက်ပြီး ဖရိုဖရဲကောင်းကင်ဧကရာဇ်ကို ကြည့်လိုက်သည်။

သူ့အနောက်မှ ရိက္ခာထိန်းသိမ်းသူများသည်လည်း ဖရိုဖရဲကောင်းကင်အဖွဲ့သားများကို ကြည့်လိုက်ကြသည်။

လူတိုင်း၏ စိုက်ကြည့်ခံလိုက်ရသောအခါ ဖရိုဖရဲကောင်းကင်ဧကရာဇ်က နှလုံးတုန်ယင်သွားသည်။

၎င်းက နောက်ထပ် တုံ့ဆိုင်းမနေတော့ဘဲ ၎င်း၏ ဂုဏ်သိက္ခာအားလုံးကို မြောင်းထဲပို့ကာ ရွှီချင်း၏ အရှေ့တွင် ဒူးထောက်လိုက်သည်။

၎င်းက စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်၏ အမွေအနှစ်ကို လက်နှစ်ဖက်ဖြင့် ကိုင်မြှောက်လိုက်ပြီး ကျယ်လောင်စွာ ပြောသည်။

" ဒီအဆင့်နိမ့်မျိုးနွယ်စုက အမြင်ကျဉ်းမြောင်းပြီး အမှားလုပ်ခဲ့မိပါတယ်… အမှားအတွက် ဒီပစ္စည်းကို လက်ဆောင်အဖြစ် ကျွန်တော်ပေးဆောင်ချင်ပါတယ် ”

ဖရိုဖရဲကောင်းကင်ဧကရာဇ်က စိုးရိမ်ကြောင့်ကြနေသည်။ သို့သော်လည်း ၎င်းတတ်နိုင်သောအရာ ဘာမှမရှိပေ။ ၎င်းက ဆက်လက် စကားပြောရန် ပြင်လိုက်သော်လည်း ရွှီချင်းက လက်မြှောက်လိုက်သည်။ ချက်ချင်းဆိုသလို ၎င်း၏ လက်ထဲမှ ကောင်းကင်ဥပဒေသရွှံ့တုံးက အပေါ်သို့ မြှောက်တတ်သွားပြီး ရွှီချင်း၏ လက်ထဲသို့ ရောက်ရှိသွားသည်။

သူက ရွှံ့တုံးကို တစ်ခဏကြာ ဆော့ကစားပြီးနောက် ထက်ဝက်ခြမ်းလိုက်သည်။ ထို့နောက် သူက ရွှံ့တုံးတစ်ခြမ်းကို ကြယ်တာရာစက်ဝန်းထံသို့ ပစ်ပေးလိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ မင်းတို့အားလုံးရဲ့ ဝိုင်းဝန်းကူညီပေးမှုအတွက် ကျေးဇူးတင်ပါတယ်… ကမ်းစပ်ကိုးခုအင်မော်တယ်အရှင်သခင်က နတ်ဘုရားအရှင်သခင်ရဲ့ နတ်ဘုရားမီးတောက်ကို ငြိမ်းသတ်နိုင်တဲ့ ကိုးရောင်ခြယ်ရေခဲကို ရှာဖွေဖို့ ငါ့ကို တာဝန်ပေးထားတယ်… ဒီမိသားစုဆီ ငါရောက်လာတဲ့အခါမှာ ရေခဲက ဒီနေရာမှာ ရှိနေနိုင်တယ်လို့ ငါသံသယဝင်မိတယ် ”

“ ဒီတော့ ငါ့ကိုယ်စား ရေခဲကို စစ်ဆေးရှာဖွေပေးဖို့ လူတိုင်းကို ငါအပူကပ်ရလိမ့်မယ် ”

ရွှီချင်းက စကားပြောလိုက်သည်နှင့်ချက်ချင်း လူတိုင်းက မျက်လုံးဝင်းလက်သွားကြသည်။ သူတို့က ထိုစကား၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည်ကြသည်။ သို့ဖြစ်၍ လူတိုင်းက စိတ်လှုပ်ရှားသွားကြပြီး ခေါင်းညိတ်လိုက်ကြသည်။ ထို့နောက် သူတို့အားလုံးက ဖရိုဖရဲကောင်းကင်မိသားစု၏ ကုန်းမြေဆီသို့ ဦးတည်သွားကြသည်။

ရွှီချင်းက အထဲသို့ မဝင်သွားချေ။ ယင်းအစား သူက ကောင်းကင်ဥပဒေသရွှံ့တုံးတစ်ဝက်ဖြင့် ဆက်လက် ဆော့ကစားလိုက်သည်။

ဒူးထောက်နေသော ဖရိုဖရဲကောင်းကင်ဧကရာဇ်၏ မျက်နှာသည်တော့ ပိုပြီးအရုပ်ဆိုးသွားသည်။ ၎င်းက ပိုပြီးစိုးရိမ်ကြောင့်ကြလာကြောင်း ထင်ရှားပေသည်။

သို့သော်လည်း ၎င်းမှာ ဤသို့အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်သော အင်အားမရှိပေ။

မကြာမီ ၎င်း၏ အမူအရာကို ထပ်မံ ပြောင်းလဲသွားစေမည့် မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။

ကြယ်တာရာစက်ဝန်းက ထူးဆန်းသော အမူအရာဖြင့် ဖရိုဖရဲကောင်းကင်မိသားစု၏ ကုန်းမြေထဲမှ ပြန်ထွက်လာပြီး ရွှီချင်းကို ကြည့်လိုက်သည်။

“ အထဲမှာ ထူးခြားတဲ့ ပစ္စည်းတချို့ ရှိတယ်… ကြည့်ရတာ အဲ့ဒါတွေက ကိုးရောင်ခြယ်… ”

" ဒီတော့… မင်းအထဲဝင်လာပြီး တစ်ချက်ကြည့်ကြည့်မလား ”

ယင်းကို ရွှီချင်းကြားသောအခါ သူက အံ့ဩသွားသည်။

" အဲ့ဒါက ဒီနေရာမှာ တကယ်ရှိနေတာလား "

ကြယ်တာရာစက်ဝန်းက တုံ့ဆိုင်းသွားပြီး တိုးညင်းစွာ ပြောသည်။

“ အဲ့ဒါက မင်းရှာနေတဲ့ဟာလားဆိုတာ ငါသေချာမသိဘူး… ဒါပေမဲ့ အဲ့ဒါက မိုးသောက်အင်မော်တယ်နန်းတော်နဲ့ ဆက်စပ်နေတယ် ”

All Chapters