← Chapters

ကောင်းကင်ဘုံကို ချိပ်ပိတ်ခြင်း

Vol. 111 Ch. 1696

ကောင်းကင်ဘုံကို ချိပ်ပိတ်ခြင်း

Vol. 111 Ch. 1696

ကောင်းကင်ဘုံထဲတွင်…

ချီးမွမ်းခြင်းနှင့် လေးစားခြင်းပါဝင်သော အသံက ပဲ့တင်ထပ်သွားသည်။

“ အရမ်းတော်တယ် ”

ထို့ပြင် လျှို့ဝှက်နက်နဲပြီး အလွန်အံ့ဖွယ်ကောင်းသော အကြည့်က ကြယ်တာရာကောင်းကင်ထဲမှာ တည်ရှိနေသည်။

ထိုအကြည့်က အထီးကျန်စွာ တည်ရှိနေပြီး အရာအားလုံးကို စောင့်ကြည့်နေသည်။

ထိုသို့စောင့်ကြည့်မှုအောက်မှာ အရာအားလုံးက ၎င်းတစ်ယောက်တည်းသာ မြင်တွေ့နိုင်သော လျှို့ဝှက်ချက်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

“ အန္တိမကောင်းကင်ဘုံအလွန်တွေရဲ့ သမိုင်းစာအုပ်ကို ပြောင်းလဲပစ်ပြီး မျိုးဆက်သစ်တွေအတွက် ခေတ်သစ်တစ်ခုကို စတင်လိုက်တယ် ”

“ မိုးသောက်… မင်းရဲ့ ပါရမီက ပြိုင်ဘက်ကင်းပြီး အရာအားလုံးကို မင်းစွန့်လွှတ်ရဲတယ်… ပြီးတော့ မင်းရဲ့ သားကလည်း သူမတူအောင် သဘောထားကြီးမားပြီး မင်းလိုပဲ အရာအားလုံးကို စွန့်လွှတ်ရဲတယ်… ဒီလို အဖေနဲ့သား… ငါက မင်းတို့ထက် တကယ်ပဲ နိမ့်ကျပါတယ် ”

…..

အပြင်လူများက ကောင်းကင်ဘုံအလွန်များ၏ အတွေးများကို မသိနိုင်ပေ။

ဤအခိုက်အတန့်မှာ ချင်းကောင်းကင်ဘုံအလွန်ထဲတွင် မိုးသောက်အင်မော်တယ်နန်းတော်က ရွှီချင်း၏ အင်မော်တယ်အခြေခံအုတ်မြစ်အဖြစ် ပြောင်းလဲသွားပြီး သူ၏ အင်မော်တယ်သန္ဓေသားလောင်းထဲသို့ ပေါင်းစပ်သွားသည်။ တစ်ချိန်တည်းမှာ သူ၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါက ကြယ်တာရာကောင်းကင်တစ်ခွင် ပျံ့လွင့်သွားသည်။

အရှိန်အဝါက ပိုပြီးအားကောင်းသထက် အားကောင်းလာသည်။ နောက်ဆုံးမှာတော့ ကမ္ဘာတုန်ဟီးစေနိုင်သော သဘာဝလွန်အဖြစ်အပျက်က ထွက်ပေါ်လာပြီး ကောင်းကင်ဘုံအလွန်တစ်ခုလုံးကို သက်ရောက်သွားမည့် အမှတ်အသားတစ်ခုကို ကျန်ရစ်စေသည်။

ထို့နောက် လူတိုင်း၏ အံ့ဩထိတ်လန့်သော အကြည့်အောက်မှာ ဖော်မပြနိုင်သော ဖိအားက ရွှီချင်းထံမှ ပေါ်လျှိုးလာသည်။ အကြည့်တစ်ချက်ဖြင့်ပင် လူတိုင်း၏ နှလုံးသားထဲမှာ ကြောက်ရွံ့ရိုသေသော စိတ်ခံစားမှုက အလိုအလျောက် ထွက်ပေါ်လာလိမ့်မည်။

ယင်းက သာလွန်မြင့်မြတ်သော နတ်ဘုရားတစ်ပါးနှင့် ရင်ဆိုင်နေရသည့်အလားပင်။ သူ့ထံမှ မူလအနှစ်သာရသိပ်သည်းမှုက အလွန်အမင်း ထူထဲသည်။ ထို့ပြင် ကောင်းကင်ဘုံအလွန်၏ အရှင်သခင်တစ်ပါး၏ အဆင့်တတ်မှုမှ သဘာဝအလျောက် မွေးဖွားလာသော ဩဇာအာဏာလည်း ရှိသေးသည်။

ထိုဩဇာအာဏာအောက်မှာ ကြယ်တာရာစက်ဝန်းက အလိုအလျောက် ခေါင်းငုံ့လိုက်ရသည်။ စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်၏ အမွေအနှစ်ကို ရရှိထားသော သူ့မှာလည်း မိုးသောက်ကောင်းကင်ဘုံအလွန်နှင့် ကမ္မဆက်သွယ်မှုရှိသည်။ ယခု ထိုကမ္မက ရွှီချင်းပေါ်မှာ စုဝေးသွားသည်။

ယွင်ရှန်းစု၏ သိမ်မွေ့နူးညံ့သော ခန္ဓာကိုယ်က တုန်ယင်သွားသည်။ သူက ကိုယ့်ကိုယ်ကိုယ် ချုပ်ထိန်းထားသော်လည်း ထိုသို့မလုပ်နိုင်ခဲ့ပေ။

ကြေးမုံသမိုင်းပုံရိပ်ထဲမှ မြင်ကွင်းများက သူ၏ စိတ်ထဲမှာ ပြန်ပေါ်လာသည်။ သူ၏ ဝေဝါးနေသော မျက်လုံးထဲတွင် ရွှီချင်းက မိုးသောက်သခင်လေးအဖြစ် ပြန်ပြောင်းလဲသွားဟန် ရ၏။

လီမုန့်တုသည်လည်း မိန်းမောတွေဝေသွားသည်။ သူက မိုးသောက်အင်မော်တယ်နန်းတော်၏ ကြေးမုံသမိုင်းပုံရိပ်ထဲမှ သူ၏ သရုပ်ကို ပြန်တွေးမိသွားသည်။

ရှဲလင်းဇီက ခြေလှမ်းအနည်းငယ် အနောက်ဆုတ်သွားပြီး သစ္စာဖောက်ချင်သော သူ၏ အတွေးများကို အဝေးပို့လိုက်သည်။

အကယ်၍ သူတို့သည်ပင် ထိုသို့ဖြစ်နေလျှင် တခြားတတ်လှမ်းသူများကိုတော့ ပြောနေစရာမလိုပေ။ ဤအခိုက်အတန့်မှာ သူတို့အားလုံးက နှလုံးတုန်ယင်သွားကြသည်။

သူတို့ထဲတွင် ကျိုးကျန်းလီ၏ နှလုံးသားထဲမှ မုန်တိုင်းက အကြီးမားဆုံး ဖြစ်သည်။

ထူးဆန်းသော အလင်းက သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်နှင့် သတ္ထုပြားတစ်ချပ်က သူ၏ လက်ထဲမှာ ထွက်ပေါ်လာသည်။ သူက သတ္ထုပြားကို အကြမ်းပတမ်း ဖျစ်ညှစ်လိုက်သည့်အခါ သတ္ထုပြားက သူ၏ လက်ဖဝါးကို ထိုးစိုက်သွားသည်။

သွေးက သူ၏ လက်ဖဝါးထဲမှ တတောက်တောက် စီးကျလာသည်နှင့် သူက လျှာကိုက်လိုက်သည်။

ပိုမိုများပြားသော သွေးက အပြင်ဘက်သို့ စီးကျသွားသည်။

နောက်အခိုက်အတန့်မှာ ထိုသွေးက သူ၏ မျက်လုံးထဲသို့ ဦးတည်သွားပြီး သူ၏ သူငယ်အိမ်ကို နီရဲသွားစေသည်။

ယင်းက အဆုံးသတ် မဟုတ်သေးပေ။ သူ၏ ခန္ဓာကိုယ်ထဲမှ အာဏာစက်က ဤအခိုက်အတန့်မှာ အသက်ဝင်လာသည်။ အာဏာစက်အစွမ်းက နှစ်ပိုင်းကွဲထွက်သွားပြီး တစ်ပိုင်းက သူ၏ အနီရောင်မျက်လုံးဆီသို့ ဦးတည်သွားကာ တခြားတစ်ပိုင်းက သတ္ထုပြားဆီသို့ ဦးတည်သွားသည်။ ထို့နောက် သတ္ထုပြား၏ လျှို့ဝှက်မန္တန်က အသက်ဝင်လာသည်။

သူက ထိုလျှို့ဝှက်မန္တန်နှင့်အတူ ရွှီချင်းကို နောက်တစ်ကြိမ် ကြည့်လိုက်သည်။

အစောနက သူပြောခဲ့သမျှက အမှန်ဖြစ်သည်။

သူက ရွှီချင်းကို အမှန်တကယ် ကူညီချင်သည်။ သူ၏ အလောင်းအစားက အမှန်တကယ်ဖြစ်သလို လျှို့ဝှက်ချက်တချို့ကိုလည်း သူသိထားသည်။

တစ်ချိန်တည်းမှာ သူက ရွှီချင်း၏ အနောက်သို့ အမှန်တကယ် လိုက်ချင်ပြီး ကြီးမားသော အကျိုးအမြတ်များကို ရိတ်သိမ်းချင်သည်။

သို့သော် ထိုအတွေးများ၏ နောက်ကွယ်တွင် တခြားရည်ရွယ်ချက်တစ်ခု ရှိသည်။

သူက ရွှီချင်းကို ရှင်းလင်းစွာ ထွင်းဖောက်မြင်ချင်သည်။

ရွှီချင်း၏ အနာဂတ်ကံကြမ္မာကို သူမြင်ချင်သည်။

အကယ်၍ ယင်းက စိတ်ကူးယဉ်ပန်းချီကားတစ်ချပ်မျှသာဆိုလျှင်ပင်…

အကယ်၍ ယင်းက မရှင်းလင်းဘဲ ဝေဝါးနေမည်ဆိုလျှင်ပင်…

အကယ်၍ ယင်းက နည်းနည်းလေးမျှသာဆိုလျှင်ပင်…

ထိုသဲလွန်စကို မြင်နိုင်မည့် နည်းလမ်းတစ်ခုကို သူစဉ်းစားခဲ့သည်။

ယင်းက သူ၏ တာအိုဖြစ်သည်။

ရွှီချင်းကို ပထမဆုံးအကြိမ် သူမြင်လိုက်ကတည်းက ထိုအတွေးက သူ၏ စိတ်ထဲမှာ အမြစ်တွယ်လာခဲ့သည်။ ထိုအတွေးက အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း ပိုလေးနက်လာပြီး နောက်ဆုံးမှာတော့ မယိမ်းယိုင်နိုင်သော လိုအင်ဆန္ဒအဖြစ် ပြောင်းလဲသွားသည်။

“ အဲ့ဒါကို မြင်နိုင်တာက ငါ့ရဲ့ တာအိုကို သက်သေပြုပေးနိုင်မယ့် အခွင့်အရေးပဲ ”

“ အဲ့ဒါနဲ့ဆိုရင် ငါ့ရဲ့ အာဏာစက်က အဆင့်ချိုးဖြတ်ပြီး ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကလည်း နောက်တစ်ဆင့်ကို တတ်လှမ်းသွားလိမ့်မယ် ”

သို့သော်လည်း ပုံမှန်အခြေအနေမျိုးတွင် သူ၏ အနာဂတ်နိမိတ်ကြည့်ခြင်းက အောင်မြင်နိုင်လိမ့်မည်မဟုတ်ကြောင်း ကျိုးကျန်းလီ နားလည်သည်။ သို့ဖြစ်၍ သူက စိတ်ရှည်ရှည် စောင့်ဆိုင်းခဲ့သည်။

ဤအခိုက်အတန့်မှာ ရွှီချင်း အဆင့်ချိုးဖြတ်လိုက်သည့်အခါ မုန်တိုင်းက ထွက်ပေါ်လာပြီး လောကက ဝုန်းခနဲ မြည်သွားသည်။ ကြယ်တာရာကောင်းကင်က တုန်ယင်သွားပြီး ချင်းကောင်းကင်ဘုံအလွန်က ထွန်းလင်းတောက်ပနေသည်။

အုပ်ချုပ်သူတစ်ပါး ခြေလှမ်းဝက်အင်မော်တယ်အဆင့်သို့ တတ်လှမ်းခြင်းသည် ပိတ်နေသော တံခါးတစ်ချပ် ဖွင့်လှစ်သွားခြင်း ဖြစ်သည်။

တံခါးက အဟရာတစ်ခုမျှသာ ဖွင့်လှစ်သွားမည်ဆိုလျှင်ပင် ယင်းက တံခါးအပြင်ဘက်မှ အရာကို ချောင်းကြည့်နိုင်စေရန် လုံလောက်ပေသည်။

သို့ဖြစ်၍ ကျိုးကျန်းလီက ဤအခွင့်အရေးကို အသုံးချလိုက်သည်။ သူက ထိုအဟရာမှတဆင့် …ကို မြင်သွားသည်။

…ကို မြင်သွားသည့်အခိုက် ကျိုးကျန်းလီ၏ တစ်ကိုယ်လုံးက တုန်ယင်သွားသည်။ ကောင်းကင်ဘုံမိုးခြိမ်းသံထက် သာလွန်သော အသံက သူ၏ စိတ်ထဲမှာ ပဲ့တင်ထပ်သွားသည်။

သွေးက သူ၏ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်နှင့် နားထဲမှ စီးကျလာသည်။

သို့သော်လည်း သူက တဟားဟား အော်ရယ်လိုက်သည်။

သူ၏ ရယ်သံထဲမှာ စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေသည်။

သို့သော် ထိုစိတ်လှုပ်ရှားထဲတွင် ဖော်မပြနိုင်သော အကြောက်တရားလည်း ကိန်းဝပ်နေသည်။

“ မရင်းနှီးတဲ့ ကြယ်တာရာစက်ဝန်း… အရမ်းအရမ်း ကြောက်စရာကောင်းတဲ့ မျက်နှာပျက်ကြီးတစ်ခု… မျက်နှာပျက်ကြီးပေါ်မှာ ပလ္လင်တစ်ခု ရှိတယ်… ”

“ ပြီးတော့… လူတစ်ယောက်က ပလ္လင်ပေါ်မှာ ထိုင်နေတယ်… ”

“ ပလ္လင်ပေါ်က လူက ငါ့ကို ကြည့်နေတယ်… သူက… ”

ကျိုးကျန်းလီ၏ ခန္ဓာကိုယ်က ဝုန်းခနဲ မြည်သွားပြီး သူ၏ အရှိန်အဝါက တစ်ဟုန်ထိုး မြင့်တတ်သွားသည်။ သူ၏ အာဏာစက်က ချက်ချင်း အဆင့်မြင့်တတ်သွားသည်။

အစကတည်းက သူ၏ ကျင့်ကြံခြင်းအခြေခံက ခြေလှမ်းဝက်အင်မော်တယ်အဆင့်သို့ တတ်လှမ်းရန် ခြေတစ်လှမ်းသာ လိုတော့ခြင်း ဖြစ်သည်။

ထိုခြေတစ်လှမ်းကို ကျော်လွှားရန် သူလိုအပ်နေသောအရာက မူလအနှစ်သာရ မဟုတ်ပေ။ သူ၏ အာဏာစက် ဖြစ်သည်။

သို့ဖြစ်၍ ယခု သူ၏ အာဏာစက်က အဆင့်မြင့်တတ်သွားသည်နှင့်ချက်ချင်း သူ၏ အင်မော်တယ်သန္ဓေသားလောင်းက အရှိန်အဟုန်ပြင်းစွာ တစ်ဟုန်ထိုး အားကောင်းလာသည်။

သူက ဤနေရာမှာ ခြေလှမ်းဝက်အင်မော်တယ်အဆင့်သို့ တတ်လှမ်းသွားသည်။

သိပ်သည်းသော မြူခိုးက သူ၏ ခန္ဓာကိုယ်ကို အမြန်လွှမ်းခြုံသွားသည်။ ယင်းက သူ၏ အာဏာစက်မှ ဒြပ်ထည်ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ယင်းက သူ့ကိုယ်ပိုင်တာအိုကို သူဖုံးကွယ်ထားသကဲ့သို့ပင် သူ၏ အဆင့်တတ်မှုကို အပြင်လူများက ထွင်းဖောက်မမြင်နိုင်ကြပေ။

သူ၏ ဘေးပတ်ဝန်းကျင်မှ တခြားတတ်လှမ်းသူများက ယင်းကို မြင်သွားသောအခါ နောက်တစ်ခါ အံ့ဩသွားကြသည်။

သို့တိုင် ရွှီချင်းက ယင်းကို ဂရုမစိုက်ပေ။

သူက မျက်လုံးပြန်ဖွင့်လိုက်သည်။

သူ့အရှေ့မှ အတိုင်းအဆမဲ့သော ကြယ်တာရာကောင်းကင်က ထွန်းလင်းတောက်ပသွားပြီး စကြာဝဠာ၏ လျှို့ဝှက်ချက်များက ထွက်ပေါ်လာသည်။

ရွှီချင်း၏ မျက်ခုံးနှစ်ခုကြားနေရာတွင် ကြယ်ဝဲကတော့က အဆုံးအစမဲ့စွာ လှည့်ပတ်သွားပြီး အကန့်အသတ်မဲ့ခြင်းနှင့် နက်နဲသိမ်မွေ့ခြင်းကို ပြိုင်ဘက်ကင်းစွာ ထုတ်လွှတ်လိုက်သည်။

ဤအခိုက်အတန့်မှာ ကောင်းကင်ဘုံအလွန်တစ်ခုလုံး တုန်ယင်သွားသည်။

မရေမတွက်နိုင်သော မျိုးနွယ်စုများက ၎င်းတို့၏ သက်ဆိုင်ရာဒေသများထဲတွင် အလိုအလျောက် ဒူးထောက်လိုက်ကြသည်။

၎င်းတို့အားလုံးက ထိတ်လန့်ချောက်ချားနေကြသည်။

အဘယ့်ကြောင့်ဆိုသော် ရွှီချင်းမျက်လုံးဖွင့်လှစ်လိုက်သည့်အခိုက် ကောင်းကင်ဘုံအလွန်ထဲတွင် ဧရာမမျက်လုံးတစ်စုံ ထွက်ပေါ်လာသောကြောင့် ဖြစ်သည်။ ဧရာမမျက်လုံးက သက်ရှိအားလုံး၏ ဦးခေါင်းထက်မှာ သာလွန်မြင့်မြတ်စွာ တည်ရှိနေသည်။

၎င်းက ချင်းကောင်းကင်ဘုံအလွန်ကို ကြည့်နေသည်။

၎င်းက ရွှီချင်း၏ မျက်လုံးဖြစ်သည်။

သူ၏ ခန္ဓာကိုယ်ထဲမှ အင်မော်တယ်နန်းတော်၏ အခွင့်အာဏာကြောင့် သက်ရှိအားလုံးကို သူမြင်နိုင်သည်။

ထိုအကြည့်က အနန္တတန်ခိုးကို ဖော်ဆောင်သည်။

ဤအခိုက်အတန့်မှာ ရွှီချင်းက မရေမတွက်နိုင်သော သဲလွန်စများကို မြင်တွေ့သွားသည်။

ယင်းတို့က ဤကောင်းကင်ဘုံအလွန်ထဲရှိ စကြာဝဠာများ၊ မျိုးနွယ်စုများနှင့် နတ်ဘုရားအကျဉ်းထောင်များ ဖြစ်ကြသည်။ ထို့အတူ ဤကောင်းကင်ဘုံအလွန်ပိုင်ဆိုင်ထားသော အရင်းအမြစ်များက သူ၏ အကြည့်အောက်မှ မလွတ်မြောက်နိုင်ခဲ့ပေ။

အချိန်အတော်ကြာပြီးနောက် ရွှီချင်းက စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။

သူက အကြည့်ပြန်ရုပ်လိုက်သည်။

မိုးသောက်ကောင်းကင်ဘုံအလွန်က နှစ်ပေါင်းများစွာကြာအောင် အရှင်သခင်ကင်းမဲ့နေသောကြောင့် ဒေသခံမျိုးနွယ်စုအများအပြားက ဖရိုဖရဲဖြစ်သွားကြပြီး အချင်းချင်း ယှဉ်ပြိုင်လာကြသည်။ အားနည်းသော မျိုးနွယ်များစုက အမြစ်ဖြတ်သုတ်သင်ခံလိုက်ရပြီး အင်အားကြီးမားသော မျိုးနွယ်စုများက တခြားကောင်းကင်ဘုံအလွန်များနှင့် ကမ္မချည်နှောင်လိုက်ကြသည်။

နတ်ဘုရားအကျဉ်းထောင်များထဲတွင် ထောင်မှူးများက အာဏာအလွဲသုံးစားလုပ်ပြီး အရင်းအမြစ်များကို ရိတ်သိမ်းခဲ့ကြသည်။ အကျဉ်းချုပ်ပြောရလျှင် အရင်းအမြစ်များက အများကြီး မကျန်ရှိတော့ပေ။

ဥပမာ အစစ်အမှန်နတ်ဘုရားများကို ချုပ်နှောင်ထားသော အကျဉ်းထောင်များက ပျောက်ကွယ်သွားကြပြီ ဖြစ်သည်။

မည်သို့ဖြစ်ပါစေ အစစ်အမှန်နတ်ဘုရားများထံမှ မူလအနှစ်သာရက လူကြိုက်များသော အစားအစာမဟုတ်ပါလော။

၎င်းတို့ထဲမှ တချို့ကို ထောင်မှူးများက ခိုးယူသွားကြပြီး တချို့ကိုတော့ တခြားကောင်းကင်ဘုံအလွန်များက ယူဆောင်သွားကြသည်။ အတိုင်းအတာတစ်ခုထိဆိုရလျှင် ဖရိုဖရဲကောင်းကင်စကြာဝဠာ၏ အခြေအနေက ဤကောင်းကင်ဘုံအလွန်တစ်ခုလုံး၏ အလုံးစုံအခြေအနေကို ဖော်ပြပေးနိုင်သည်။

“ ဒီဖရိုဖရဲကောင်းကင်စကြာဝဠာထဲက အစစ်အမှန်နတ်ဘုရားအကျဉ်းထောင်ကို အဲ့ဒီအဆင့်နိမ့်အင်မော်တယ်က အတိတ်မှာ မယူသွားခဲ့ဘဲ ချိပ်ပိတ်ထားခဲ့တယ်… ကြည့်ရတာ သူက အဲ့လိုယူသွားနိုင်ဖို့အတွက် ကြီးမားတဲ့ တန်ကြေးကို မပေးချင်လို့ ဖြစ်မယ်… ဒါမှမဟုတ် သူ့မှာ တခြားအကြောင်းအရင်းရှိလို့လား ”

ရွှီချင်းက တွေးတောစဉ်းစားလိုက်သည်။

သို့သော်လည်း ၎င်းကို သူပြန်မယူနိုင်ကြောင်း သိသည်။

ယင်းကို ဖြေရှင်းရန် သူ့မှာ လုံလောက်သော ခွန်အားရှိရမည်။ ထို့ပြင် သူက အချိန်အများကြီး လိုအပ်လိမ့်မည်။

ယခုလက်ရှိ ရွှီချင်းက ထိုသို့မလုပ်ဆောင်နိုင်ပေ။

သို့ဖြစ်၍ တစ်ခဏကြာ နှုတ်ဆိတ်နေပြီးနောက် အနက်ရောင်အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

သူ၏ တည်ငြိမ်သော စကားသံက ‘ ချင်းကောင်းကင်ဘုံအလွန် ’ထဲမှာ ပဲ့တင်ထပ်သွားသည်။

“ အခုကစပြီး တစ်နာရီကြာပြီးရင် ဒီကောင်းကင်ဘုံအလွန်က ချိပ်ပိတ်ခံရမယ်… အဲ့ဒီအတောအတွင်းမှာ ဘယ်မျိုးနွယ်စုမဆို ဒီကနေ ထွက်သွားနိုင်တယ်… မင်းတို့ကို ငါမတားဆီးဘူး ”

“ ဒါပေမဲ့ တစ်နာရီကြာပြီးတဲ့နောက် ကျန်နေခဲ့တဲ့ ဘယ်မျိုးနွယ်စုမဆို ဒီကောင်းကင်ဘုံအလွန်ရဲ့ အရင်းအမြစ်တွေကို နောက်ထပ် မယူဆောင်ရတော့ဘူး ”

တခြားကောင်းကင်ဘုံအလွန်များနှင့် ကမ္မဆက်နွယ်မှုရှိသော မျိုးနွယ်စုများသည်တော့ ရွှီချင်းအတွက် တန်ဖိုးအနည်းငယ်သာ ရှိသည်။ သို့ဖြစ်၍ သူတို့ဆက်နေသည် မနေသည်က သူ့အတွက် အရေးမကြီးပေ။ ထို့ပြင် အတိတ်မှ သမိုင်းအဖြစ်အပျက်များနှင့် ကိစ္စများက သူနှင့်မသက်ဆိုင်ပေ။

အရေးကြီးဆုံးမှာ သူက ဖရိုဖရဲဖြစ်နေသော ကောင်းကင်ဘုံအလွန်ကို မလိုချင်ပေ။

အကယ်၍ ထိုမျိုးနွယ်စုများ ထွက်ခွာသွားမည်ဆိုလျှင် ကောင်းကင်ဘုံအလွန်က ခြောက်ကပ်လုနီးပါး ဖြစ်သွားလိမ့်မည်။

သို့သော်လည်း ယင်းက ကောင်းကင်ဘုံအလွန်ကို အညစ်အကြေးကင်းမဲ့သွားစေလိမ့်မည်။ ထိုသို့ဆိုမှတော့ ၎င်းတို့ကို အတင်းဆက်နေရန် ဖိအားပေးမည့်အစား တံခါးပေါက်ဖွင့်ပေးပြီး ထွက်သွားခိုင်းခြင်းက ပိုပြီးကောင်းမွန်ပေသည်။

ထို့ကြောင့် ထိုမျိုးနွယ်စုများ၏ ထွက်ခွာမှုက ဤကောင်းကင်ဘုံအလွန်ကို ခြောက်ကပ်စေမည်ဆိုလျှင်ပင် ပြဿနာမရှိပေ။

သို့ဖြစ်၍ မကြာမီ မျိုးနွယ်စုအများအပြားသည် ၎င်းတို့၏ နောက်ကွယ်မှ အင်အားစုများကို အမြန်ဆက်သွယ်လိုက်ကြပြီး စတင်နေရာရွှေ့ပြောင်းကြသည်။

ထိုသို့ဖြင့် အချိန်က တရွေ့ရွေ့ ကုန်ဆုံးသွားသည်။

အချိန်တစ်နာရီက မျိုးနွယ်စုအများအပြားအတွက် အလွန်တိုတောင်းသော်လည်း ၎င်းတို့က ဤနေရာမှ ထွက်သွားနိုင်ရန် အကောင်းဆုံး ကြိုးစားလိုက်ကြသည်။

မကြာမီ အချိန်သတ်မှတ်ချက်က ရောက်ရှိလာသည်။

ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ အင်မော်တယ်နန်းတော်က တုန်ယင်သွားသည်။

သူ၏ အသံက ပဲ့တင်ထပ်သွားသည်။

“ ကောင်းကင်ဘုံ… ချိပ်ပိတ်စမ်း ”

နောက်အခိုက်အတန့်မှာ အလင်းစီးကြောင်းများက ဤကောင်းကင်ဘုံအလွန်ထဲမှ မြှောက်တတ်လာသည်။ ယင်းတို့က ရွှီချင်းကို ဗဟိုပြု၍ စကြာဝဠာအားလုံးထံသို့ မြန်ဆန်စွာ ပျံ့နှံ့သွားကြသည်။

အလင်းစီးကြောင်းများက ကောင်းကင်ဘုံအလွန်တစ်ခုလုံးကို လွှမ်းခြုံသွားသည့်အခါ ထွက်ခွင့်အပိတ်ခံလိုက်ရပြီး ကြယ်တာရာကောင်းကင်က ချိပ်ပိတ်ခံလိုက်ရသည်။

ယခုအချိန်မှစ၍ မည်သူမှ ရွှီချင်း၏ ခွင့်ပြုချက်မရှိဘဲ ဤကောင်းကင်ဘုံအလွန်ဆီသို့ ဝင်ရောက်နိုင်တော့မည်မဟုတ်သလို ပြန်ထွက်နိုင်တော့မည်မဟုတ်ချေ။

ထိုသို့လုပ်ဆောင်ပြီးနောက် ကျိုးကျန်းလီ၏ ဘေးပတ်ပတ်လည်မှ မြူခိုးက လွင့်ပြယ်သွားပြီး သူ၏ ပုံရိပ်က ထွက်ပေါ်လာသည်။ သူက အပြင်သို့ တစ်လှမ်းချင်း ထွက်လျှောက်လာသည်။ ကြယ်တာရာကောင်းကင်ပေါ်မှာ ရပ်လိုက်သည့်အခိုက် သူက အုပ်ချုပ်သူတစ်ပါးမဟုတ်တော့ပေ။

သူက ခြေလှမ်းဝက်အင်မော်တယ်တစ်ပါး ဖြစ်လာသည်။

သို့သော်လည်း သူ၏ မျက်နှာက ရိုသေကျိုးနွံသော အမူအရာကို ထုတ်ဖော်ထားဆဲပင်။ သူက ရွှီချင်းကို လေးနက်စွာ အရိုအသေပေးလိုက်သည်။

“ အရှင်သခင်ချင်းကို ဂုဏ်ပြုပါတယ် ”

ခွန်အားကြောင့်ဖြစ်စေ သို့မဟုတ် နောက်ခံကြောင့်ဖြစ်စေ တခြားတတ်လှမ်းသူများသည်လည်း ရွှီချင်းကို ဦးညွတ်လိုက်ကြသည်။

ယင်းက ကောင်းကင်ဘုံအလွန်အပေါ် ရိုသေလေးစားမှုဖြစ်ပြီး သူတို့၏ အသိအမှတ်ပြုမှုလည်း ဖြစ်သည်။

ရွှီချင်းက ကျိုးကျန်းလီကို ကြည့်လိုက်သည်။

အချိန်တစ်ခဏကြာပြီးနောက် သူက တည်ငြိမ်စွာ ပြောသည်။

“ ငါတို့ ထွက်သွားသင့်ပြီ ”

အင်မော်တယ်နန်းတော်က သူ၏ အခြေခံအုတ်မြစ်ဖြစ်ပြီး သူ့မှာ ဤကောင်းကင်ဘုံအလွန်ရှိသော်လည်း ယင်းတို့က ရွှီချင်း၏ အခြေခံအုတ်မြစ်မျှသာ ဖြစ်၏။ သူ့မှာ ရိက္ခာထိန်းသိမ်းသူ၏ တာဝန်ရှိသေးသည်။

ထိုသို့ပြောပြီးနောက် ရွှီချင်းက လက်မြှောက်လိုက်ပြီး ကြယ်တာရာကောင်းကင်ထံသို့ ဝှေ့ယမ်းလိုက်သည်။

ကြယ်တာရာကောင်းကင်က ပရမ်းပတာ လှုပ်ခတ်သွားပြီး ထွက်သွားနိုင်မည့် လမ်းကြောင်းကို ဖွင့်လှစ်ပေးလိုက်သည်။

ရွှီချင်းက ထိုလမ်းကြောင်းပေါ်သို့ လျှောက်သွားသည်။ တခြားလူများသည်လည်း သူတို့၏ စိတ်ခံစားချက်များကို ဖိနှိပ်လိုက်ပြီး အရှေ့သို့ တစ်ယောက်ပြီးတစ်ယောက် လျှောက်သွားကြသည်။

ကျိုးကျန်းလီသည်လည်း ထို့အတူပင်။ သို့သော်လည်း သူက ရွှီချင်း၏ အနောက်မှ လျှောက်နေစဉ် ရွှီချင်း၏ နောက်ကျောကို လှမ်းကြည့်လိုက်သည်။ အစောနက ထွက်ပေါ်လာခဲ့သော မုန်တိုင်းက ယခုအချိန်ထိ သူ၏ နှလုံးသားထဲမှာ ပြင်းထန်နေဆဲပင်။

သူက အစောနက မြင်ကွင်းကို ပြန်မစဉ်းစားဘဲ မနေနိုင်ပေ။

“ ပလ္လင်ပေါ်မှာ ထိုင်နေပြီး ငါ့ကို ငုံ့ကြည့်နေတဲ့လူက… သူပဲ ”

ကျိုးကျန်းလီက ခေါင်းငုံ့လိုက်ပြီး စိတ်ဓာတ်ပြတ်သားမှုနှင့်အတူ မြန်မြန်သွက်သွက် လျှောက်လိုက်သည်။

…..

ထိုသို့ဖြင့် သူတို့အုပ်စုက ကြယ်တာရာကောင်းကင်လျှောက်လမ်းပေါ်မှာ လမ်းလျှောက်နေကြသည်။ ထိုလမ်းကြောင်း၏ အစွမ်းအောက်မှာ သူတို့၏ ခြေလှမ်းတိုင်းက စကြာဝဠာအများအပြားကို ဖြတ်ကျော်သွားသည်။ နောက်ဆုံးမှာတော့ သူတို့က ကောင်းကင်ဘုံအလွန်၏ အဆုံးသို့ ရောက်ရှိသွားပြီး အပြင်သို့ ထွက်သွားကြသည်။

သူတို့ထွက်ခွာသွားသည့်အခိုက် မရင်းနှီးသော ကြယ်တာရာကောင်းကင်က သူတို့၏ မြင်ကွင်းထဲမှာ ထွက်ပေါ်လာသည်။

ထိုနေရာက ကောင်းကင်ဘုံအလွန်တစ်ခုနှင့်တစ်ခုကြားတွင် တည်ရှိသော ကောင်းကင်မဲ့ဇုန်ဖြစ်သည်။

ယေဘုယျအားဖြင့်ဆိုရလျှင် ထိုသို့ကောင်းကင်မဲ့ဇုန်က စွန့်ပစ်ခံထားရသော နယ်မြေဖြစ်သည်။ သို့သော်လည်း မိုးသောက်ကောင်းကင်ဘုံအလွန်က ၎င်း၏ အရှင်သခင်ကို ဆုံးရှုံးသွားစဉ် တခြားကောင်းကင်ဘုံအလွန်များ၏ ဩဇာအာဏာက ဤနေရာအထိ ပျံ့နှံ့လာဟန် ရသည်။

သို့ဖြစ်၍ ဤကောင်းကင်မဲ့ဇုန်က တခြားစွန့်ပစ်နယ်မြေများနှင့်မတူဘဲ အတော်လေး စည်ကားသိုက်မြိုက်သည်။ ဤဧရိယာအတွင်း၌ အသက်ရှိသော ကြယ်အဖွဲ့အစည်းများနှင့် လူ့အဖွဲ့အစည်းများကို မြင်တွေ့နိုင်သည်။

ထိုမျှသာ မဟုတ်ပေ။ ပင်လယ်ရေမှော်သည်ပင် ၎င်း၏ နတ်ဘုရားစိတ်အာရုံကို ပို့လွှတ်လိုက်သည်။

“ ဒီနေရာမှာ မူလအနှစ်သာရသိပ်သည်းတဲ့ နတ်ဘုရားအကျဉ်းထောင်တစ်ခု ရှိတယ် ”

ထိုနတ်ဘုရားစိတ်အာရုံ ထွက်ပေါ်လာသည်နှင့်ချက်ချင်း ရွှီချင်းက ခေါင်းလှည့်လိုက်သည်။ သူ၏ အနောက်တွင် ကြယ်တာရာစက်ဝန်းနှင့် တခြားလူများက အချင်းချင်း ကြည့်လိုက်ကြသည်။ သူတို့အားလုံး၏ မျက်လုံးထဲမှာ ထူးဆန်းသောအလင်း ထွက်ပေါ်လာသည်။

သူတို့က ဗိုက်မပြည့်သေးကြောင်း ထင်ရှားပေသည်။

သူတို့က ဤခရီးစဉ်ကို အလုံအလောက် စိတ်မကျေနပ်ကြသေးပေ။

သို့ဖြစ်၍ နတ်ဘုရားအကျဉ်းထောင်ကို အာရုံခံမိပြီးနောက် သူတို့၏ မျက်လုံးက ဝင်းလက်သွားသည်။ ထို့နောက် လူတချို့က ရွှီချင်းကို ကြည့်လိုက်ကြသည်။

ဤနေရာက သူတို့ရိတ်သိမ်းရမည့် တာဝန်နယ်နိမိတ်ထဲမှာ မပါပေ။

“ အဲ့ဒီမှာ အရမ်းသိပ်သည်းတဲ့ မူလအနှစ်သာရရှိတယ်… ကိုးရောင်ခြယ်ရေခဲက အဲ့ဒီမှာ ရှိလောက်တယ် ”

ကြယ်တာရာစက်ဝန်းက ရုတ်တရက် ပြောသည်။

ယင်းကို ကြားသောအခါ သူတို့က ပိုပြီးသွေးဆောင်ခံလိုက်ရသည်။

ရွှီချင်းက ယင်းကို တစ်ခဏစဉ်းစားပြီးနောက် ပြောသည်။

“ အဲ့ဒီဟာကို ခဏခဏ အကြောင်းပြချက်ပေးတာ မသင့်တော်ဘူး ”

လူတိုင်းက နှုတ်ဆိတ်သွားကြသည်။

ထိုစဉ် ကျိုးကျန်းလီက မျက်လုံးဝင်းလက်သွားပြီး နူးညံ့စွာ ပြောသည်။

“ ဒါဆိုရင်… နတ်ဘုရားတွေ အကျဉ်းထောင်ဖောက်ဖို့ ကြိုးစားနေတာကို ငါတို့သွားနှိမ်နင်းမယ်ဆိုရင်ရော… ”

All Chapters