အစစ်အမှန်နတ်ဘုရား၏ ပြန်ရှင်သန်လာမှု
Vol. 111 Ch. 1700
နတ်ဘုရားအကျဉ်းထောင်ဖြစ်သော ပင့်ကူရုပ်တုက ဝုန်းခနဲ မြည်သွားပြီး အပြင်းအထန် တုန်ယင်သွားသည်။
ရွှေရောင်အလင်းတိုင်လုံး(၃၃)ခုက အလွန်သိပ်သည်းသော ဒြပ်နှောကို သယ်ဆောင်လျက် မြေကြီးထဲမှ မြှောက်တတ်လာကြသည်။ တစ်ချိန်တည်းမှာ နတ်ဘုရားအစွမ်းက ကောင်းကင်ဘုံတစ်ခွင် ပျံ့လွင့်သွားသည်။
ဤနေရာက ကောင်းကင်မဲ့ဇုန်ဖြစ်ပြီး အင်မော်တယ်ဝိညာဉ်စွမ်းအင် ရှားပါးသောကြောင့် ဒြပ်နှောနှင့် နတ်ဘုရားအရှိန်အဝါက မည်သည့်အတားအဆီးမှ မတွေ့ကြုံဘဲ ဘေးပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသည်။ တစ်ချိန်တည်းမှာ ပိုမိုအားကောင်းသော နတ်ဘုရားစွမ်းအင်လှိုင်းများက ရုပ်တုအတွင်းမှ မြှောက်တတ်လာသည်။
လောကက ဖရိုဖရဲဖြစ်သွားသည်။
သို့သော်လည်း ရွှီချင်း၏ အမူအရာက အေးဆေးတည်ငြိမ်သည်။ သူ၏ အသံက အသူရာချောက်နက်ထဲမှ ပင့်တတ်လာသော အေးစက်စက် လေပွေပမာ ပျံ့လွင့်သွားပြီး နတ်ဘုရားအကျဉ်းထောင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ သူ၏ အသံက ကြယ်တာရာကောင်းကင်တစ်ခွင် ပျံ့နှံ့သွားပြီး ထောင်စောင့်များနှင့် ထောင်မှူးကြီးနှစ်ယောက်ကိုလည်း စိတ်အေးသွားစေသည်။
ထောင်မှူးကြီးနှစ်ယောက်အတွက်တော့ ရွှီချင်းနှင့် သူ့အဖွဲ့၏ မူလရည်ရွယ်ချက်က မည်သို့ဖြစ်ပါစေ ယခုအချိန်မှာ ရွှီချင်း၏ အေးဆေးတည်ငြိမ်သော အမူအရာက သူတို့ကို ယုံကြည်ချက်ရှိစေသည်။
ထို့ကြောင့် သူတို့က နည်းနည်းမှ တုံ့ဆိုင်းမနေကြပေ။ သူတို့က အရှေ့သို့ ချက်ချင်း လျှောက်သွားကြပြီး ရွှီချင်းကို တလေးတစား အရိုအသေပေးလိုက်ကြသည်။ ထို့နောက် သူတို့က အကျဉ်းထောင်၏ အုပ်ချုပ်ခွင့်အာဏာကို ကိုယ်စားပြုသော သူတို့၏ ကျောက်စိမ်းတုံကင်များကို ရွှီချင်းအား ကမ်းပေးလိုက်ကြသည်။
သူတို့က အကျဉ်းထောင်ကို ယာယီလွှဲပြောင်းအုပ်ချုပ်မည့် ရွှီချင်း၏ အကြံကို သဘောတူကြသည်။
ရွှီချင်းက နောက်ထပ် တုံ့ဆိုင်းမနေပေ။ သူက လက်မြှောက်လိုက်ပြီး ကျောက်စိမ်းတုံကင်များကို ယူဆောင်လိုက်သည်။ တစ်ချိန်တည်းမှာ သူက တုံကင်များမှတဆင့် ဤအကျဉ်းထောင်၏ အတွင်းပိုင်းချိပ်တံဆိပ်အစီအရင်အားလုံးကို အသက်သွင်းလိုက်သည်။
သူက ထောင်မှူးကြီးနှစ်ယောက်ကို ကြည့်လိုက်သည်။
“ အစစ်အမှန်နတ်ဘုရားတစ်ပါးကို ဒီနေရာမှာ အကျဉ်းချထားလား ”
အကယ်၍ ယခင်ကဆိုလျှင် သူတို့နှစ်ယောက်က ဤမေးခွန်းကို လုံးဝ ပြန်ဖြေလိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ယခု သူတို့က မည်သည့်အရာကိုမှ မဖုံးကွယ်ဝံ့ဘဲ အမှန်အတိုင်း ဖြေလိုက်ကြသည်။
“ သန့်စင်ပြီးသား ခန္ဓာကိုယ်အကြွင်းအကျန်တစ်ခုတော့ ရှိပါတယ်… ”
“ အဲ့ဒါက ဒီရုပ်တုကိုယ်တိုင်ပါပဲ ”
သူတို့နှစ်ယောက်၏ စကားက ရွှီချင်းကို မျက်လုံးမှေးကျဉ်းသွားစေသည်။ သူက ခေါင်းလှည့်လိုက်ပြီး သူ့အရှေ့မှ ဧရာမပင့်ကူရုပ်တုကို ကြည့်လိုက်သည်။
အစောနက သူရောက်လာခဲ့စဉ်က ထိုရုပ်တုကို အထူးသတိထားမိခဲ့သည်။ ယခု ထောင်မှူးကြီးနှစ်ယောက်၏ တင်ပြမှုကို သူကြားပြီးနောက် အကျဉ်းထောင်ထဲသို့ ဝင်ရောက်ပြီး အမိန့်ထုတ်ပြန်မည့် သူ့အစီအစဉ်ကို ချက်ချင်း ပြောင်းလဲလိုက်သည်။
“ မင်းတို့နှစ်ယောက်… ဒီကိစ္စကို မင်းတို့ရဲ့ သက်ဆိုင်ရာကောင်းကင်ဘုံအလွန်ဆီ ချက်ချင်း တင်ပြကြပါ… တစ်ချိန်တည်းမှာ ထောင်မှူးအားလုံးနဲ့ ထောင်စောင့်အားလုံးကို အကျဉ်းထောင်ရဲ့ ဝင်ပေါက်တိုင်းမှာ စောင့်ကြပ်ခိုင်းပါ… နတ်ဘုရားတစ်ပါးတောင် အပြင်မလွတ်မြောက်စေနဲ့ ”
“ ပင်လယ်ရေမှော်… ဒီနေရာက နတ်ဘုရားအရှိန်အဝါရဲ့ ရောင်ခြည်အားလုံးကို ဖိနှိပ်ပြီး အကျဉ်းထောင်ကို မင်းရဲ့ အမြစ်လက်တံတွေနဲ့ ဖိနှိပ်ထားပါ… ပြီးတော့ မင်းရဲ့ မူလခန္ဓာကိုယ်ကို ထုတ်လွှတ်ပြီး နတ်ဘုရားအကျဉ်းထောင်ရုပ်တုကို အပေါ်ကနေ ဖုံးလွှမ်းထားပေးပါ ”
“ ကျိုးကျန်းလီ… မင်းက အကျဉ်းထောင်ထဲဝင်ပြီး တာအိုရောင်းရင်းအားလုံးနဲ့ ဆက်သွယ်ပါ… ပုန်ကန်နေကြတဲ့ နတ်ဘုရားတွေကို နှိမ်နင်းရင်း ပုန်ကန်မှုဖြစ်ရတဲ့ အကြောင်းအရင်းကို အသေးစိတ် စုံစမ်းလေ့လာပါ… မင်းရဲ့ စွမ်းအားအရ အစစ်အမှန်နတ်ဘုရားတစ်ပါးနဲ့ မတွေ့ဆုံသရွေ့ တခြားနတ်ဘုရားတွေက မင်းအတွက် ဘာပြဿနာမှ မရှိနိုင်ပါဘူး ”
“ အစစ်အမှန်နတ်ဘုရားရဲ့ ဒီရုပ်တုကိုတော့… ”
အေးစက်စက်အလင်းက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ ငါကိုင်တွယ်လိုက်မယ် ”
ကျိုးကျန်းလီက ချက်ချင်း အမိန့်အတိုင်း ဆောင်ရွက်လိုက်သည်။ သူ၏ ပုံရိပ်က ဝှစ်ခနဲ ပျောက်ကွယ်သွားပြီး အကျဉ်းထောင်ထဲသို့ ဝင်ရောက်သွားသည်။ ရွှီချင်း၏ အမိန့်အောက်မှာ သူက အကျဉ်းထောင်ထဲမှ တတ်လှမ်းသူအားလုံးနှင့် ဆက်သွယ်လိုက်သည်။
ဤနေရာမှ ပုန်ကန်မှုကို ဖြေရှင်းမည့် နည်းဗျူဟာကိုတော့ ရွှီချင်းက ကျိုးကျန်းလီကို လက်လွှဲပေးထားသည်။
ရွှီချင်းက ကျိုးကျန်းလီ၏ လုပ်နိုင်စွမ်းကို သံသယမရှိပေ။ မည်သို့ဖြစ်ပါစေ အတိတ်မှာ သူက ကျိုးကျန်းလီ၏ အရည်အချင်းများကို မျက်မြင်တွေ့ခဲ့ပြီးပြီ ဖြစ်သည်။ အကယ်၍ ကျိုးကျန်းလီသာ တမင်အမှားမလုပ်လျှင် ဤပြဿနာက အဆင်ပြေစွာ ပြီးဆုံးသွားမည်ဖြစ်ကြောင်း ရွှီချင်း သိသည်။
တစ်ချိန်တည်းမှာ ထောင်မှူးကြီးနှစ်ယောက်က ရွှီချင်း၏ အမိန့်ကို နာခံလိုက်ကြသည်။ သူတို့က သူတို့၏ သက်ဆိုင်ရာကောင်းကင်ဘုံအလွန်ဆီသို့ ဆက်သွယ်လိုက်ကြသည်။ ထို့နောက် သူတို့က မျိုးနွယ်ခြားထောင်မှူးများကို ဦးဆောင်၍ အကျဉ်းထောင်၏ ဝင်ပေါက်များဆီသို့ ထွက်ခွာသွားကြသည်။
ကောင်းကင်ထက်၌ ပင်လယ်ရေမှော်၏ အရွက်နှစ်ဆယ်က မြန်ဆန်စွာ ကြီးထွားလာပြီး ကောင်းကင်ကို ဖုံးလွှမ်းသွားသည်။ နောက်အခိုက်အတန့်မှာ ထိုဧရာမအရွက်များက ကန့်လန့်ကာသဖွယ် ရွှေရောင်နတ်ဘုရားအလင်းကို ဖုံးအုပ်သွားသည်။
ယင်းတို့က ရွှေရောင်အလင်းကို ချိပ်ပိတ်လိုက်သည်။
တစ်ချိန်တည်းမှာ ပင်လယ်ရေမှော်၏ အစစ်အမှန်ခန္ဓာကိုယ်က ကြယ်တာရာဟင်းလင်းပြင်ထဲ၌ အတိုင်းအဆမဲ့စွာ ထွက်ပေါ်လာသည်။ ထို့နောက် ၎င်း၏ ရှည်လျားသော အမြစ်လက်တံများက ဧရာမပင့်ကူရုပ်တုထံသို့ ချဉ်းကပ်သွားကြသည်။
မရေမတွက်နိုင်သော အမြစ်များက ရေတံခွန်များသဖွယ် ကျဆင်းလာပြီး တာဝန်နှစ်ခုကို ထမ်းဆောင်ရန် ခွဲထွက်သွားကြသည်။ အမြစ်တချို့က ကျန်ရှိနေသေးသော ရွှေရောင်အလင်းတိုင်လုံးများကို ဖိနှိပ်လိုက်စဉ် ကျန်အမြစ်တချို့က အကျဉ်းထောင်၏ အနက်ပိုင်းထဲသို့ ထိုးဖောက်သွားကြသည်။
ဤအခိုက်အတန့်မှာ လူတိုင်းက တာဝန်ကိုယ်စီကို ဆောင်ရွက်နေကြသည်။
ထိုသို့ဖြင့် အချိန်က နှေးကွေးစွာ ကုန်ဆုံးသွားသည်။
အကျဉ်းထောင်၏ အပြင်ဘက်အလွှာများက တဖြည်းဖြည်း ဖိနှိပ်ခံနေရစဉ် အတွင်းဘက်သည်တော့ ကျိုးကျန်းလီ၏ အမိန့်အောက်မှာ မြန်ဆန်စွာ ရလဒ်ထွက်ပေါ်လာသည်။
သို့သော်လည်း ရံဖန်ရံခါ အရာအားလုံးက စီစဉ်ထားသည့်အတိုင်း မဖြစ်လာတတ်ပေ။ အရေးကြီးအခိုက်အတန့်မှာ တည်ငြိမ်သွားတော့မည့်ဟန်ရသော ပင့်ကူရုပ်တုက ရုတ်တရက် အပြင်းအထန် တုန်ယင်လာသည်။ မသဲကွဲသော ဟိန်းသံတစ်သံက ဤနေရာမှ ကျင့်ကြံသူအားလုံး၏ အသိစိတ်ထဲမှာ ပဲ့တင်ထပ်သွားသည်။
ယင်းက ဟိန်းသံတစ်သံမျှသာ မဟုတ်ပေ။ ယင်းက ဆက်တိုက် ပဲ့တင်ထပ်နေသော နတ်ဘုရားဟစ်ကြွေးသံများ ဖြစ်သည်။ ထိုနတ်ဘုရားအော်သံအောက်မှာ မူလအနှစ်သာရက ပရမ်းပတာ လှိုင်းထသွားပြီး နတ်ဘုရားအခွင့်အာဏာက ဤဧရိယာထဲမှာ စုဝေးသွားသည်။
ဤသည်မှာ အကျဉ်းထောင်ဖောက်မှုကို ဖိနှိပ်ခြင်းက အရေးကြီးအမှတ်သို့ ရောက်ရှိသွားသည့်အလားပင်။
စူးရှသော အလင်းက ရွှီချင်း၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။
သူက ကြယ်တာရာကောင်းကင်ပေါ်သို့ ခြေချလိုက်ပြီး ဟင်းလင်းပြင်ပေါ်မှာ တင်ပျဉ်ခွေထိုင်လိုက်သည်။ သူက ခေါင်းငုံ့လိုက်ပြီး အောက်ဘက်မှ နတ်ဘုရားရုပ်တုကို စိုက်ကြည့်လိုက်သည်။
ထို့နောက် သူက သူ၏ ခန္ဓာကိုယ်ထဲမှ ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လိုက်လေရာ ခြေလှမ်းဝက်အင်မော်တယ်တစ်ပါး၏ စွမ်းအားက ပေါ်လျှိုးလာသည်။
ယင်းက အလွန်ကြီးမားသော ဖိအားတစ်ခုကို ဖွဲ့စည်းလိုက်ပြီး ဘေးပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားသည်။ ထိုဖိအားအောက်မှာ ဟင်းလင်းပြင်က ပုံပျက်တွန့်လိမ်သွားပြီး အရာအားလုံးက ဝေဝါးသွားသည်။ ယင်းက နိယာမများကို ပြောင်းလဲသွားစေပြီး အချိန်လေဟာနယ်အပေါ် သက်ရောက်သွားသည်။
ထို့နောက် သူ၏ အတွေးများက လှိုင်းထသွားစဉ် သူ၏ အင်မော်တယ်သန္ဓေသားလောင်းက သူ့ခန္ဓာကိုယ်၏ အပြင်ဘက်မှာ ဒြပ်ထည်ဖွဲ့စည်းသွားသည်။
အစတွင် အင်မော်တယ်သန္ဓေသားလောင်းက ပေပေါင်းဒါဇင်ခန့်သာ ရှည်လျားသည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ ၎င်းက မြန်ဆန်စွာ ကြီးမားသွားပြီး အကန့်အသတ်မဲ့ အရွယ်အစားအထိ ရောက်ရှိသွားသည်။ နောက်ဆုံးမှာတော့ ၎င်း၏ အရွယ်အစားက ရုပ်တုနှင့် နှိုင်းယှဉ်နိုင်သွားပြီး သာလွန်မြင့်မြတ်သော တည်ရှိမှုကို ထုတ်လွှတ်လိုက်သည်။
အထူးသဖြင့် အင်မော်တယ်သန္ဓေသားလောင်း၏ ကိုယ်တွင်းထဲ၌ တည်ရှိနေသော အမြူတေအလင်းဖြစ်သည်။ ယင်းက အင်မော်တယ်သန္ဓေသားလောင်းကို အစဉ်မပြတ် အစွမ်းမြှင့်တင်ပေးနေပြီး အင်မော်တယ်စွမ်းအားကို အဆမတန် တိုးမြှင့်ပေးလိုက်သည်။
ထိုအမြူတေအလင်းထဲမှာ တည်ရှိနေသောအရာက အင်မော်တယ်နန်းတော်မှလွဲ၍ တခြားမဟုတ်ပေ။
နန်းတော်က ရှေးဟောင်းအရှိန်အဝါနှင့် အချိန်ကင်းမဲ့သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ထို့ပြင် ယင်းက ပြိုင်ဘက်ကင်းသော မြင့်မြတ်ထည်ဝါမှုကိုလည်း ထုတ်လွှတ်နေသည်။ ယင်းက ကောင်းကင်ဘုံအလွန်တစ်ခုလုံးနှင့် ချိတ်ဆက်နေသော အင်မော်တယ်နန်းတော် ဖြစ်သည်။
ယင်းက အထွတ်အမြတ်တည်ရှိမှု ဖြစ်သည်။
ဤအခိုက်အတန့်မှာ ယင်းက ထွန်းလင်းတောက်ပလာသည်။
ယင်းက မိုးသောက်အင်မော်တယ်နန်းတော် ဖြစ်သည်။
အင်မော်တယ်နန်းတော်၏ ထွက်ပေါ်လာမှုက ရွှီချင်း၏ အင်မော်တယ်သန္ဓေသားလောင်းကို ပိုပြီးအရောင်အဝါတောက်ပလာစေသည်။ တစ်ချိန်တည်းမှာ သူ၏ အင်မော်တယ်သန္ဓေသားလောင်းက ပုံရိပ်ယောင်မဟုတ်တော့ဘဲ အစစ်အမှန်ဖြစ်လုနီးပါး ဒြပ်ထည်ရှိလာသည်။ ထို့ပြင် ၎င်းထံမှ ထုတ်လွှတ်နေသော အရှိန်အဝါက ဒီရေလှိုင်းလုံးသဖွယ် မရပ်တန့်နိုင်သော အရှိန်အဟုန်နှင့်အတူ ထွက်ပေါ်လာသည်။
အင်မော်တယ်အရှိန်အဝါက ရုပ်တုပေါ်သို့ ရိုက်ခတ်သွားသည်။
ထိုအခါ ရုပ်တုထံမှ အက်ကွဲသံများ ထွက်ပေါ်လာပြီး ဘေးပတ်ဝန်းကျင်မှ ဒြပ်နှောအားလုံးက ဤအခိုက်အတန့်မှာ ချက်ချင်း ဖိနှိပ်ခံလိုက်ရသည်။
ဒြပ်နှောက ဆက်လက် မပျံ့ပွားနိုင်တော့ပေ။
နတ်ဘုရားဟစ်ကြွေးသံများသည်ပင် ဤအခိုက်အတန့်မှာ ဖယ်ရှားခံလိုက်ရသည်။
တစ်ချိန်တည်းမှာ ရွှီချင်း၏ ခွန်အားက ရုပ်တုထဲသို့ ထိုးဖောက်သွားပြီး အကျဉ်းထောင်တစ်ခုလုံးကို ရိုက်ခတ်သွားသည်။ သူက အကျဉ်းထောင်ကို အပေါ်မှ အောက်သို့ တွန်းထုတ်လိုက်သည်။
သို့သော်လည်း သူ၏ တိုက်ခိုက်မှုများက ယခုမှ အစသာရှိသေး၏။ ဤအခိုက်အတန့်မှာ ရွှီချင်း၏ မျက်လုံးက ဝင်းလက်သွားသည်။ သူ၏ အင်မော်တယ်သန္ဓေသားလောင်းက ညာလက်ကို မြှောက်လိုက်ပြီး စွမ်းအားစုစည်းရန် ချိပ်တံဆိပ်လက်ဟန်များကို ဖွဲ့စည်းလိုက်သည်။
အလွန်သိပ်သည်းသော မူလအနှစ်သာရက အရပ်မျက်နှာအဘက်ဘက်မှ စုဝေးရောက်ရှိလာပြီး အင်မော်တယ်သန္ဓေသားလောင်း၏ ခွန်အားကို အထွတ်အထိပ်သို့ တိုးမြှင့်ပေးလိုက်သည်။ တစ်ချိန်တည်းမှာ သံတုတ်က ရွှီချင်း၏ ဘေးမှာ ထွက်ပေါ်လာသည်။ သံတုတ်က တဝီဝီမြည်သံကို ထုတ်လွှတ်လိုက်ပြီး စွမ်းအင်စုဆောင်းလိုက်သည်။
ထို့နောက် ယင်းက အရာအားလုံးကို ထိုးဖောက်ပစ်နိုင်ဟန်ရသော အံ့မခန်းစွမ်းအားကို ထုတ်လွှတ်လိုက်သည်။
မျဉ်းပြိုင်အာဏာစက်သည်လည်း ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော အချိန်လေဟာနယ်ဒိုင်မန်းရှင်းများကို ဖွဲ့စည်းလိုက်သည်။ ထို့နောက် ယင်းတို့က အချင်းချင်း ထပ်ဆင့်လွှမ်းခြုံသွားပြီး ရွှီချင်းကို ဝန်းရံလိုက်ကြသည်။
ယင်းက ဒဏ္ဍာရီသဖွယ် သဘာဝလွန်မြင်ကွင်းတစ်ခုနှင့် ဆင်တူသည်။
အချိန်လေဟာနယ်ဒိုင်မန်းရှင်းတစ်ခုစီမှာ အလွန်ကျယ်ပြောပြီး ခမ်းနားထည်ဝါသော ရွှီချင်း၏ အင်မော်တယ်သန္ဓေသားလောင်းက တည်ရှိသည်။ သို့ဖြစ်၍ ဤအခိုက်အတန့်မှာ တစ်စုံတစ်ယောက်က ကြယ်တာရာကောင်းကင်ပေါ်သို့ မော့ကြည့်မည်ဆိုလျှင် မရေမတွက်နိုင်သော ကောင်းကင်ဘုံအင်မော်တယ်ဝိညာဉ်များက ဤလောကပေါ်သို့ ဆင်းသက်လာနေကြောင်း မြင်ရလိမ့်မည်။
ထိုဖိအားက အလွန်ကြောက်စရာကောင်းသည်။
အကျဉ်းထောင်၏ ဝင်ပေါက်များကို စောင့်ကြပ်နေကြသော ထောင်စောင့်များနှင့် ထောင်မှူးကြီးနှစ်ယောက်သည် ဤအခိုက်အတန့်မှာ တုန်ယင်သွားကြသည်။
အဆင့်နိမ့်မျိုးနွယ်ခြားများသည်လည်း ထိတ်လန့်ချောက်ချားသွားကြသည်။ လူသားမျိုးနွယ်က အထွတ်အထိပ်တည်ရှိမှုဖြစ်ကြောင်း ၎င်းတို့သိထားပြီးကြသည်။ ယခု ရွှီချင်းထံမှ အကန့်အသတ်မဲ့သော အရှိန်အဝါဖြင့် ရင်ဆိုင်လိုက်ရသောအခါ ၎င်းတို့က အင်မော်တယ်တစ်ပါးကို မြင်လိုက်ရသကဲ့သို့ ခံစားမိသွားကြသည်။
ထောင်မှူးကြီးနှစ်ယောက်က အသက်ရှူမြန်လာကြသည်။ သူတို့ခံစားမိသော အရာက ထိုထောင်စောင့်များထက် ပိုပြီးနက်ရှိုင်းသည်။
ဤသည်မှာ သူတို့က အဆင့်နိမ့်အင်မော်တယ်တစ်ပါးဖြင့် ရင်ဆိုင်နေရသည့်အလားပင်။
“ သူက အဆင့်နိမ့်အင်မော်တယ်တစ်ပါးမဟုတ်ပေမဲ့ ဒီအရှိန်အဝါက အဲ့ဒီအဆင့်နဲ့ သိပ်မကွာဝေးတော့ဘူး… ”
သူတို့နှစ်ယောက်က အံ့ဩထိတ်လန့်သွားကြပြီး စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။
ရွှီချင်းနှင့် သူ့အဖွဲ့သားများ၏ အတွင်းအပြင် ပူးပေါင်းဖိနှိပ်မှုအောက်မှာ နတ်ဘုရားများ၏ အကျဉ်းထောင်ဖောက်မှုက ခြိမ်းခြောက်မှုမရှိတော့ကြောင်း သူတို့နားလည်သွားကြသည်။
အမှန်တကယ်ပင် ထိုအတိုင်းဖြစ်သည်။ ဤနေရာမှ နတ်ဘုရားများက အချိန်အတော်ကြာအောင် အကျဉ်းချခံထားကြရသည်။ ၎င်းတို့ဆီမှာ ပုန်ကန်ရန် အတွေးရှိနိုင်သော်လည်း ၎င်းတို့က ထိုအတွက် ကောင်းမွန်စွာ မပြင်ဆင်ထားနိုင်ကြချေ။ ဤကဲ့သို့ ရုတ်တရက် အကျဉ်းထောင်ဖောက်ခြင်းက ဟာကွက်များစွာကို ဖြစ်ပေါ်စေနိုင်ပေသည်။
ထို့ကြောင့် နတ်ဘုရားအရှိန်အဝါက စတင်လွင့်ပြယ်သွားပြီး ငြိမ်းချမ်းမှုက ဖြည်းညင်းစွာ ပြန်ရောက်လာသည်။
သို့သော် ရွှီချင်း၏ အမူအရာက မပြောင်းလဲသွားသလို သူ၏ အာရုံစိုက်မှုကလည်း မလျော့ကျသွားပေ။ သူက စိတ်အေးသွားမည့်အစား သူ၏ မျက်နှာက ပိုပြီးတည်ကြည်လေးနက်လာသည်။ တစ်ချိန်တည်းမှာ သူက စွမ်းအားကို ဆက်လက် စုစည်းထားဆဲပင်။
အဘယ့်ကြောင့်ဆိုသော် ဖော်မပြနိုင်သော ပြန်လည်ရှင်သန်ခြင်းစိတ်ဆန္ဒက ရုပ်တုထံမှ ထွက်ပေါ်လာနေကြောင်း ရှင်းလင်းစွာ သူအာရုံခံမိနေသည်။
ထိုသို့မြင်ကွင်းကို ပထမဆုံးအကြိမ် သူမြင်ဖူးခြင်း မဟုတ်ပေ။
“ အတိတ်မှာတုန်းက ဝမ်ကူးကုန်းမြေရဲ့ အပြင်ပိုင်းပင်လယ်ထဲမှာ ယုလျှိုချန်းရဲ့ တောင်းဆိုမှုကြောင့် စီနီယာအကိုကြီးနဲ့ ငါက ငါးစာဖြစ်လာခဲ့တယ်… ”
“ အဲ့ဒီအချိန်တုန်းက သူက ပြန်ရောက်လာတော့မယ့် အစစ်အမှန်နတ်ဘုရားတစ်ပါးကို ဖမ်းဆီးဖို့ ကြိုးစားခဲ့တယ် ”
“ အခုခံစားချက်က အဲ့ဒီတုန်းကနဲ့ အတူတူပဲ ”
ရွှီချင်းက ထိုသို့စဉ်းစားလိုက်သည်နှင့်ချက်ချင်း နတ်ဘုရားအကျဉ်းထောင်ရှိသော ရုပ်တုက ရုတ်တရက် တုန်ယင်သွားသည်။ ဤသည်မှာ မခုခံနိုင်သော အင်အားတစ်ခုက ရုပ်တုထဲမှ ထွက်ပေါ်လာသည့်အလားပင်။
ယင်းက ကောင်းကင်ပေါ်ထိ ပျံတတ်သွားသည်။
မရေမတွက်နိုင်သော ရွှေရောင်အလင်းတန်းများက ရုပ်တုထဲမှ ပျံတတ်သွားသည်။ ပင်လယ်ရေမှော်၏ ဧရာမအရွက်များသည်ပင် ယင်းတို့ကို မတားဆီးနိုင်ပေ။ နတ်ဘုရားအရှိန်အဝါ အမျှင်တန်းတစ်ခုက ကောင်းကင်ပေါ်ထိ ပျံတတ်သွားသည်။
ယင်းတို့က ဒြပ်နှောတိုင်လုံးတစ်ခုကို ဖွဲ့စည်းလိုက်ပြီး အပေါ်သို့ လမ်းညွှန်ပေးလိုက်သည်။
ထူးဆန်းသော ရေရွတ်သံများက အကျဉ်းထောင်အတွင်းမှာ ပဲ့တင်ထပ်သွားပြီး လေထုကို တုန်ယင်သွားစေသည်။ ယင်းကို ကြားလိုက်သော လူတိုင်းက အသိစိတ်ဝေဝါးသွားကြသည်။
တစ်ချိန်တည်းမှာ မြေပြင်က တုန်လှုပ်သွားပြီး ပုံရိပ်တစ်ခုပြီးတစ်ခုက အကျဉ်းထောင်၏ ဝင်ပေါက်များထဲမှ ပြန်ထွက်လာကြသည်။
ယခု ထွက်လာကြသော လူများက တတ်လှမ်းသူများ ဖြစ်ကြသည်။ ကြယ်တာရာစက်ဝန်း၊ ရှဲလင်းဇီ၊ လီမုန့်တု၊ ယွင်ရှန်းစု၊ ချမ်ကျွင်းနှင့် ပိုင်ရီက သူတို့ထဲမှာ ပါဝင်ကြသည်။
သူတို့အားလုံးက တည်ကြည်လေးနက်သော အမူအရာဖြင့် ပြန်ထွက်လာကြပြီး အများစုက ဒဏ်ရာရရှိထားကြသည်။ ကျိုးကျန်းလီသည်လည်း သူတို့ထဲမှာရှိသည်။ သူက အပြင်သို့ ပြန်ထွက်လာပြီးနောက် ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ အရှင်… အကျဉ်းထောင်ထဲက ပုန်ကန်တဲ့ နတ်ဘုရားအများစုကို နှိမ်နင်းပြီးပါပြီ… ဒါပေမဲ့ ယဇ်ပူဇော်မှုက ပြီးမြောက်သွားပါပြီ… အဲ့ဒါကို ပြန်ရုပ်သိမ်းဖို့ မဖြစ်နိုင်တော့ပါဘူး ”
“ သူတို့က အစစ်အမှန်နတ်ဘုရားတစ်ပါးကို ပြန်ရှင်သန်လာအောင် ကြိုးစားနေကြတာပါ ”
ကျိုးကျန်းလီ၏ စကားဆုံးသွားသည်နှင့်တစ်ပြိုင်နက် တုန်ယင်နေသော ပင့်ကူရုပ်တုထံမှ အင်အားက ပိုပြီးကြောက်စရာကောင်းလာသည်။ ထို့နောက် ကမ္ဘာတုန်ဟီးစေနိုင်သော ပေါက်ကွဲသံက မြည်ဟိန်းသွားသည်။
မြေပြင်ပေါ်တွင် အက်ကွဲကြောင်းများက ထွက်ပေါ်လာပြီး ချောက်နက်များ ဖြစ်ပေါ်လာကြသည်။ မူလက မှိတ်ထားသော ပင့်ကူရုပ်တု၏ မျက်လုံးများသည်ပင် မြေပြင်တုန်ယင်သွားသည်နှင့် ပွင့်သွားတော့မည့်ဟန် ရ၏။
တစ်ချိန်တည်းမှာ လမ်းညွှန်အင်အားတစ်ခုက ဟင်းလင်းပြင်ထံမှ ရောက်ရှိလာပြီး အစစ်အမှန်နာမည်အဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ယင်းက တီးတိုးရေရွတ်သံအဖြစ် ကြယ်တာရာကောင်းကင်ထဲမှာ ပျံ့လွင့်သွားပြီး တဖြည်းဖြည်း ကြည်လင်ရှင်းလင်းလာသည်။
“ ဘီမို့ ”
“ ဘီမို့ ”
“ ဘီမို့ ”
အစစ်အမှန်နတ်ဘုရားတစ်ပါး၏ နာမည်က ကြယ်တာရာကောင်းကင်ထဲမှာ ဆက်ရှိနေသေးသရွေ့ သို့မဟုတ် ၎င်းကို တစ်စုံတစ်ယောက်က မှတ်မိနေသေးသရွေ့ ၎င်းတို့က အလုံးစုံဖျက်ဆီးခံလိုက်ရလျှင်ပင် နောက်ဆုံးမှာ ပြန်ရောက်လာကြလိမ့်မည်။
အတိတ်၌ အမှတ်ငါးကြယ်တာရာစက်ဝန်းထဲတွင် ဖိနှိပ်ခံထားခဲ့ရသော အစစ်အမှန်နတ်ဘုရားက ယခု ပြန်ရောက်လာသည်။
ပင့်ကူရုပ်တုက ဆက်လက် အက်ကွဲသွားသည်။ ကျင့်ကြံသူအားလုံးက ထိတ်လန့်သွားကြပြီး သူတို့၏ အမူအရာက ပျက်ယွင်းသွားသည်။
ရွှီချင်း၏ အမူအရာသည်လည်း မည်းမှောင်သွားသည်။
သူက အတိတ်တုန်းက ယုလျှိုချန်းကို ပြန်စဉ်းစားလိုက်သည်။
ဤအခိုက်အတန့်မှာ အကျဉ်းထောင်၏ မူလအပြင်ဘက်အလွှာတွင် ဟင်းလင်းပြင်ဖုန်မှုန့်မှ ဖွဲ့စည်းထားသော ကြယ်ဝဲကတော့က တုန်ယင်နေသည်။ ကြယ်တာရာကောင်းကင်၏ အရပ်မျက်နှာပေါင်းစုံက ပုံပျက်တွန့်လိမ်သွားပြီး ဒြပ်နှောများ ပေါ်လျှိုးလာသည်။ နတ်ဘုရားအရှိန်အဝါက ကောင်းကင်ပေါ်သို့ ပျံတတ်သွားပြီး ဤနေရာမှ ကျင့်ကြံသူအားလုံးကို နှလုံးတုန်ယင်သွားစေမည့် အေးစက်စက် စကားသံအဖြစ် ပြောင်းလဲသွားသည်။
“ ငါ့နာမည်က… ဘီမို့… ”
ထိုအသံ ပဲ့တင်ထပ်သွားသည်နှင့် ဤနေရာမှ ကျင့်ကြံသူများ၏ အသိစိတ်က ပရမ်းပတာဖြစ်သွားသည်။ ဤသည်မှာ ထိုအသံအောက်၌ သူတို့၏ စိတ်ဝိညာဉ်က ပျက်စီးသွားတော့မည့်အလားပင်။
ထိုအသံကြောင့် ဒွါရခုနစ်ပေါက်မှ သွေးစီးကျလာသူများရှိသလို အသွေးအသားက ခန္ဓာကိုယ်ထဲမှ ခွဲထွက်နေသူများလည်း ရှိကြသည်။ ဤသည်မှာ သူတို့၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများက ကိုယ်ပိုင်အသိစိတ်ရှိလာသည့်အလား ခန္ဓာကိုယ်ထဲမှ ထွက်ခွာချင်နေကြဟန် ရ၏။
ယင်းက အစစ်အမှန်နတ်ဘုရားတစ်ပါး၏ စွမ်းအား ဖြစ်သည်။ သို့သော်လည်း အစစ်အမှန်နတ်ဘုရား၏ စကားသံမဆုံးခင် ရွှီချင်း၏ မျက်လုံးထဲ၌ တိုက်ပွဲစိတ်ဆန္ဒဖြင့် ပြည့်နှက်သွားသည်။
“ အတိတ်မှာတုန်းက ယုလျှိုချန်းက နတ်ဘုရားယဇ်ပလ္လင်အဆင့်မှာပဲ ရှိသေးတာတောင် အစစ်အမှန်နတ်ဘုရားတစ်ပါးကို လှည့်စားနိုင်ခဲ့တယ် ”
“ သူတောင်မှ လုပ်နိုင်တယ်ဆိုရင် အခု ငါ့ရဲ့ လက်ရှိတိုက်ပွဲစွမ်းအားက အခုလိုမျိုး အားနည်းနေတဲ့ အစစ်အမှန်နတ်ဘုရားတစ်ပါးကို ဖိနှိပ်ပစ်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာတော့ မဟုတ်ဘူး ”
ရွှီချင်း၏ နှလုံးသားထဲမှ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက အလွန်အမင်း အားကောင်းလာသည်။
သူက လက်မြှောက်လိုက်ပြီး အောက်သို့ ဖိချလိုက်သည်။
ထိုအခါ သူ၏ အင်မော်တယ်သန္ဓေသားလောင်းက ချက်ချင်း ထွန်းလင်းတောက်ပလာပြီး သံတုတ်က အချိန်လေဟာနယ်ကို ပရမ်းပတာ လှုပ်ခတ်သွားစေသည်။ အစောနက သူစုဆောင်းထားခဲ့သော စွမ်းအင်က ဤအခိုက်အတန့်မှာ အပြည့်အဝ ပေါက်ကွဲထွက်လာသည်။