နာကျင်မှုနတ်ဘုရား ဘီမို့(က)
Vol. 111 Ch. 1701
ကောင်းကင်မဲ့ဇုန်ထဲတွင် နတ်ဘုရားအကျဉ်းထောင်က တုန်ယင်သွားသည်။ နတ်ဘုရားအရှိန်အဝါ မြှောက်တတ်သွားသည့်အခိုက်…
ကြယ်တာရာကောင်းကင်၏ အရပ်မျက်နှာအဘက်ဘက်တွင် အင်မော်တယ်တစ်ပါးသာလျှင် အာရုံခံနိုင်မည့် စိတ်အာရုံအများအပြားက ပေါ်လျှိုးလာကြသည်။
သူတို့က ဝိညာဉ်အလင်းကောင်းကင်ဘုံအလွန်နှင့် ကမ်းစပ်ကိုးခုကောင်းကင်ဘုံအလွန်မှ ကင်းစောင့်အင်မော်တယ်များ ဖြစ်ကြသည်။
ဤနေရာမှာ မူမမှန်မှုတစ်ခု ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူတို့က ယင်းကို အာရုံခံမိခဲ့ကြသည်။ သို့ဖြစ်၍ သူတို့က ဖရိုဖရဲအခြေအနေကို ဖိနှိပ်ပြီး ငြိမ်းချမ်းမှုကို ပြန်ယူဆောင်ရန်အလို့ငှာ ဤနေရာဆီသို့ ဆင်းသက်ရန် ပြင်လိုက်ကြသည်။
သို့သော်လည်း သူတို့၏ စိတ်အာရုံက ရုပ်သဏ္ဍာန်ပေါ်လာတော့မည့်အချိန်…
တည်ငြိမ်သော အသံတစ်သံက ထိုအင်မော်တယ်စိတ်အာရုံများထဲမှာ ပဲ့တင်ထပ်သွားသည်။
“ သူ့ကို ကြိုးစားခွင့်ပေးလိုက်ပါ… အစစ်အမှန်နတ်ဘုရားတစ်ပါးဆိုတာ ဘယ်လိုမျိုးလဲ နောင်မျိုးဆက်တွေ သိသွားပါစေ ”
ယင်းက ဤနေရာသို့ ဆင်းသက်လာတော့မည့် အင်မော်တယ်များကို တုန်ယင်သွားစေသည်။ ထို့နောက် ရိုသေကျိုးနွံသော အသံက တစ်ညီတစ်ညာတည်း ပျံ့လွင့်သွားသည်။
“ ကမ်းစပ်ကိုးခုရဲ့ အမိန့်တော်ကို ကျုပ်တို့နာခံပါတယ် ”
…..
ဤအခိုက်အတန့်မှာ ကောင်းကင်မဲ့ဇုန်ထဲမှ နတ်ဘုရားအရှိန်အဝါက တစ်ဟုန်ထိုး ဆက်လက် မြင့်တတ်သွားနေသည်။ အချိန်ကြာလာသည်နှင့်အမျှ ယင်းက ပိုပြီးအားကောင်းလာသည်။
အကျဉ်းထောင်ပေါ်တွင် ထောင်မှူးကြီးနှစ်ယောက်ဖြစ်စေ၊ ကြယ်တာရာစက်ဝန်းနှင့် တခြားလူများဖြစ်စေ သူတို့အားလုံးက အမြန်အနောက်ဆုတ်သွားကြသည်။ သူတို့က မျက်နှာတည်ကြည်သွားကြပြီး သူတို့၏ ကျင့်ကြံခြင်းအခြေခံကို ထုတ်လွှတ်လိုက်ကာ ခုခံကာကွယ်မှုကို အသက်သွင်းလိုက်ကြသည်။
ပင်လယ်ရေမှော်သည်လည်း အတူတူပင်။
ယခု သူတို့ရင်ဆိုင်နေရသော အရာက သာမန်နတ်ဘုရားတစ်ပါးမဟုတ်ကြောင်း ရှင်းလင်းစွာ သိထားကြသည်။ ၎င်းက ပြန်ရှင်သန်လာနေသော အစစ်အမှန်နတ်ဘုရားတစ်ပါး ဖြစ်သည်။
အစစ်အမှန်နတ်ဘုရားသည် အဆင့်နိမ့်အင်မော်တယ်တစ်ပါးနှင့် အဆင့်တူညီသည်။
အမှန်မှာ ထူးခြားဆန်းကြယ်မှုတွင် အစစ်အမှန်နတ်ဘုရားများက အဆင့်နိမ့်အင်မော်တယ်များထက် ပိုပြီးအံ့ဖွယ်ကောင်းကြသည်။
မည်သို့ဖြစ်ပါစေ နတ်ဘုရားများက အဆင့်မြင့်ကြယ်တာရာစက်ဝန်းများ၏ မူလဒေသခံများဖြစ်ကြပြီး ၎င်းတို့က အဆင့်မြင့်ကြယ်တာရာစက်ဝန်းထံမှ မူလအနှစ်သာရများကို အလိုအလျောက် စုပ်ယူနိုင်ကြသည်။ အထက်နယ်မြေတွင် ၎င်းတို့၏ တည်ရှိမှုက ကျင့်ကြံသူများထက် ပိုပြီးရှေးကျသည်။
ထို့ပြင် ၎င်းတို့က ထာဝရရှင်သန်သူများ ဖြစ်ကြသည်။
သို့ဖြစ်၍ အစစ်အမှန်နတ်ဘုရားတစ်ပါးနှင့် ရင်ဆိုင်ရသောအခါ ကျင့်ကြံသူများသည် ထုံးစံအားဖြင့် ကြီးမားသော ဖိအားကို ခံစားမိသွားကြသည်။
လက်ရှိအမှတ်ငါးကြယ်တာရာစက်ဝန်းတွင် ပြန်ရှင်သန်လာသော အစစ်အမှန်နတ်ဘုရားတစ်ပါးကို ဖိနှိပ်ခြင်းက ခက်ခဲသောကိစ္စ မဟုတ်ကြောင်း သူတို့သိကြသည်။
ထိုသို့ကိစ္စကို အင်မော်တယ်အရှင်သခင်တစ်ပါး ဝင်စွက်ဖက်ရန်ပင် မလိုအပ်ပေ။ အဆင့်နိမ့်အင်မော်တယ်တစ်ပါးကို စေလွှတ်ရန် အမိန့်ထုတ်ပြန်လိုက်ခြင်းဖြင့် ဤကိစ္စကို အလွယ်တကူ ဖြေရှင်းနိုင်ပေသည်။
သို့တိုင် အစစ်အမှန်နတ်ဘုရားတစ်ပါး၏ ပြန်ရှင်သန်လာမှုကို ကိုယ်တိုင်မျက်မြင်တွေ့ရခြင်းက ကွဲပြားခြားနားသော အတွေ့အကြုံဖြစ်သည်။
ဤနေရာက အမှတ်ငါးကြယ်တာရာစက်ဝန်းဖြစ်ပြီး ဤကိစ္စက ပြဿနာကြီးမဟုတ်ကြောင်း သူတို့သိထားသော်လည်း အစစ်အမှန်နတ်ဘုရားတစ်ပါး၏ ပြန်ရောက်လာမှုကို ကိုယ်တိုင်တွေ့ကြုံလိုက်ရပြီး ၎င်းထံမှ ထုတ်လွှတ်နေသော နတ်ဘုရားအရှိန်အဝါကို တိုက်ရိုက် ခံစားမိသွားသောအခါ သူတို့၏ တစ်ကိုယ်လုံးက ထိတ်လန့်ချောက်ချားသွားသည်။
ကြောက်ရွံ့သော စိတ်ခံစားမှုက ဤနေရာမှ လူတိုင်း၏ အသိစိတ်နှင့် ဝိညာဉ်ထဲမှာ ထွက်ပေါ်လာသည်။
ရလဒ်အနေဖြင့် သူတို့အားလုံးက ခုခံကာကွယ်မှုကို အစွမ်းကုန် ထုတ်လွှတ်လိုက်ကြပြီး မြန်နိုင်သမျှမြန်မြန် အနောက်ဆုတ်သွားကြသည်။
သို့ဖြစ်၍ ဤနေရာမှာ ရွှီချင်းတစ်ယောက်တည်းသာ ကျန်နေခဲ့သည်။
ဤအခိုက်အတန့်မှာ သူက အနောက်မဆုတ်သွားသည့်အပြင် သူ၏ တိုက်ပွဲစွမ်းအားက ကောင်းကင်ပေါ်သို့ အရှိန်အဟုန်ပြင်းစွာ မြှောက်တတ်သွားသည်။ သူက ပင့်ကူရုပ်တုကို တိုက်ရိုက် မျက်နှာချင်းဆိုင်လိုက်သည့်အခါ သူ၏ မျက်လုံးထဲမှာ အေးစက်စက်အလင်း ထွက်ပေါ်လာသည်။
သူက အစွမ်းကုန် ထုတ်လွှတ်လိုက်သည်။
လျှပ်တစ်ပြက်အတွင်းမှာ အစောနက စွမ်းအင်စုဆောင်းထားခဲ့သော သံတုတ်က ရုတ်တရက် ထွန်းလင်းတောက်ပလာသည်။ ဘေးပတ်ဝန်းကျင်မှ အချိန်လေဟာနယ်ဒိုင်မန်းရှင်းများက ဝုန်းခနဲ မြည်ဟိန်းသွားကြပြီး သူ၏ အနောက်မှ အင်မော်တယ်သန္ဓေသားလောင်းက အရောင်အဝါတောက်ပလာသည်။
သူက နတ်ဘုရားတစ်ပါးကို သုတ်သင်ရန် ကြိုးစားလိုက်သည်။
ရွှီချင်း စတင်တိုက်ခိုက်လိုက်သည်နှင့် ဧရာမပင့်ကူရုပ်တုက တုန်ယင်သွားသည်။
ပြန်လည်ရှင်သန်သော စိတ်ဆန္ဒက အဆမတန် အားကောင်းလာသည်။
ပင့်ကူရုပ်တု၏ ခြေထောက်ရှစ်ချောင်းက မျက်စိကျိန်းစပ်လုနီးပါး ရွှေရောင်တောက်ပလာပြီး စတင်လှုပ်ရှားလာကြသည်။
၎င်းထုတ်လွှတ်လိုက်သော ရွှေရောင်အလင်းက နတ်ဘုရားများသာ ပိုင်ဆိုင်နိုင်သော နတ်ဘုရားအလင်းမှလွဲ၍ တခြားမဟုတ်ပေ။ နတ်ဘုရားအလင်းက အရပ်မျက်နှာတစ်ခွင် ပျံ့နှံ့သွားသည်နှင့် ၎င်း၏ ခြေထောက်များက ရွှေရောင်သက်တံ့ရှစ်ခုပမာ ၎င်း၏ အရှေ့တွင် စုစည်းသွားကြပြီး အကာအကွယ်တစ်ခုကို ဖွဲ့စည်းလိုက်သည်။
ယင်းက ရွှေရောင်အလင်းအကာအကွယ်ကို ဖြစ်ပေါ်လာစေသည်။
အလင်းအကာအကွယ်ထဲမှ ပင့်ကူခြေထောက်များ၏ အနောက်တွင် ရုပ်တု၏ မျက်လုံးက ရုတ်တရက် ပွင့်သွားသည်။
၎င်းက အေးစက်မှုနှင့် ပိုပြီးသိပ်သည်းသော ရွှေရောင်အလင်းကို ထုတ်လွှတ်လိုက်သည်။ စက္ကန့်ပိုင်းလေးအတွင်းမှာ ကြယ်တာရာကောင်းကင်က ရွှေရောင်ပင်လယ်ဖြင့် ဖုံးလွှမ်းခံလိုက်ရသည်။
နတ်ဘုရား၏ အရှိန်အဝါက ပိုပြီးသိပ်သည်းလာသည်။
နတ်ဘုရားတီးတိုးရေရွတ်သံသည်လည်း ပိုပြီးကျယ်လောင်လာပြီး ရှင်းလင်းလာသည်။
‘ ဘီမို့ ’ဟူသော နာမည်ခေါ်သံက ကောင်းကင်ဘုံမိုးခြိမ်းသံသဖွယ် ထွက်ပေါ်လာပြီး ဤနေရာမှ လူတိုင်း၏ အသိစိတ်ကို တုန်လှုပ်သွားစေသည်။
၎င်းက ပြန်ရှင်သန်ခြင်းကို အရှိန်မြှင့်တင်လိုက်သည်။
တစ်ချိန်တည်းမှာ ရွှီချင်းက ညာလက်ကို မြှောက်တင်လိုက်ပြီး အောက်သို့ ဖိချလိုက်သည်။
လျှပ်တစ်ပြက်အတွင်းမှာ သူ၏ သံတုတ်က အရင်ဆုံး ပျံသန်းထွက်သွားသည်။ ယင်း၏ အလျင်က အလွန်မြန်ဆန်လေရာ ကြယ်တာရာကောင်းကင်ပေါ်၌ မျဉ်းဖြောင့်တစ်ကြောင်း ထွက်ပေါ်လာဟန် ရသည်။ အင်မော်တယ်အလင်းက သံတုတ်ပေါ်မှာ မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားစဉ် ယင်းက ကြောက်မက်ဖွယ်ကောင်းသော အင်အားကို ထုတ်လွှတ်လိုက်သည်။
ယင်းက အဆင့်နိမ့်အင်မော်တယ်တစ်ပါး၏ သန့်စင်ခံခဲ့ရသော ရတနာဖြစ်ပြီး ယင်းထဲမှာ ရွှီချင်း၏ ခြေလှမ်းဝက်အင်မော်တယ်စွမ်းအား ကိန်းအောင်းနေသည်။
ထို့အတူ သူ၏ အာဏာစက်သည်လည်း သံတုတ်ထဲမှာ ပါဝင်သည်။
ထိုမျှသာ မကသေးပေ။ ယင်းထဲမှာ မိုးသောက်အင်မော်တယ်နန်းတော်နှင့် ကောင်းကင်ဘုံအလွန်၏ စွမ်းအားသည်ပင် ပါရှိသေးသည်။
ယင်းက ကောင်းကင်ဘုံဥပဒေသ၏ တိုက်ခိုက်မှုလည်း ဖြစ်သည်။
ထိုသံတုတ်ကို ဖန်တီးထားသော ပစ္စည်းများဖြစ်စေ သို့မဟုတ် အစောနက ယင်းစုဆောင်းထားခဲ့သော စွမ်းအားများဖြစ်စေ ယင်းတို့က ဤအခိုက်အတန့်မှာ သံတုတ်၏ စွမ်းအားကို အထွတ်အထိပ်သို့ မြှင့်တင်ပေးလိုက်သည်။
ဤအခိုက်အတန့်မှာ သံတုတ်ဖြတ်သန်းသွားသည့်နေရာတိုင်း ဟင်းလင်းပြင်က အက်ကွဲသွားပြီး အနက်ရောင်အာကာသတွင်းနက်များက ကြယ်တာရာကောင်းကင်ထဲမှာ ဆက်တိုက် ထွက်ပေါ်လာကြသည်။ ယင်း၏ ထက်ရှမှုကို မည်သည့်အရာကမှ မရပ်တန့်နိုင်ဟန် ရ၏။
ချက်ချင်းဆိုသလို သံတုတ်က ပင့်ကူရုပ်တု၏ အရှေ့မှ ရွှေရောင်အကာအကွယ်ပေါ်သို့ ကျရောက်သွားသည်။
သံတုတ်က အကြမ်းပတမ်း ထိုးစိုက်လိုက်သည်။
ဝုန်းခနဲ မြည်သံက ကောင်းကင်ပေါ်ထိ မြှောက်တတ်သွားသည်။
သို့သော်လည်း သံတုတ်က အကာအကွယ်ကို မထိုးဖောက်နိုင်ခဲ့ဘဲ တားဆီးခံလိုက်ရသည်။
ဤရုပ်တုက ပြန်ရှင်သန်နေသော အစစ်အမှန်နတ်ဘုရား၏ အကြွင်းအကျန်ခန္ဓာကိုယ်ဖြစ်သလို ကြားခံနယ်တစ်ခုလည်း ဖြစ်သည်။ ဤအခိုက်အတန့်မှာ အစစ်အမှန်နတ်ဘုရားက အိပ်မောကျမနေတော့ပေ။ ယင်းအစား ၎င်းက ပြန်ရှင်သန်လာနေသည်။ သို့ဖြစ်၍ အသိစိတ်ရှိသော အစစ်အမှန်နတ်ဘုရားတစ်ပါး ဖန်တီးထားသည့် အကာအကွယ်အလွှာက အလွန်အံ့ဖွယ်ကောင်းသည်။
သံတုတ်က အကာအကွယ်ကို မထိုးဖောက်နိုင်ခဲ့ရုံသာမက အကာအကွယ်၏ ဝါးမျိုခြင်းကိုလည်း ခံရတော့မည်။
နောက်အခိုက်အတန့်မှာ ခေါင်းလောင်းမြည်သံက ပဲ့တင်ထပ်လာသည်။
ရွှီချင်း၏ ခန္ဓာကိုယ်က ရွေ့လျားသွားသည်။ သူက အရှေ့သို့ လျှောက်လိုက်သည်နှင့် ခေါင်းလောင်းကို ထုတ်လိုက်သည်။ ထိုခေါင်းလောင်းထဲမှာ နတ်ဘုရားအရှင်သခင်တစ်ပါး၏ စိတ်ဆန္ဒအမျှင်တန်းတစ်ခု ကိန်းအောင်းနေသည်။ ယခု ခေါင်းလောင်းမြည်သံ ပဲ့တင်ထပ်သွားသည့်အခါ ကြယ်တာရာကောင်းကင်က တုန်ယင်သွားသည်။
ကျင့်ကြံသူများဖြစ်စေ သို့မဟုတ် နတ်ဘုရားများဖြစ်စေ ၎င်းတို့၏ စွမ်းအင်လှည့်ပတ်မှုက ခေါင်းလောင်းမြည်သံကြောင့် တဒင်္ဂရပ်တန့်သွားသည်။
ရွှေရောင်အကာအကွယ်အလွှာသည်လည်း ထို့အတူပင်။
ဤအခိုက်အတန့်မှာ အကာအကွယ်၏ စွမ်းအင်က တဒင်္ဂပျောက်ကွယ်သွားသည်။ တစ်ချိန်တည်းမှာ သံတုတ်၏ စွမ်းအားက တစ်ဟုန်ထိုး မြှောက်တတ်သွားပြီး အဆုံးမဲ့သော အဖျက်စွမ်းအားနှင့်အတူ အရှေ့သို့ ပျံသန်းသွားသည်။ ယင်းက ရွှေရောင်အကာအကွယ်ကို ရုတ်တရက် ထိုးဖောက်သွားပြီး ရုပ်တု၏ နဖူးဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။
သံတုတ်က အလွန်အမင်း မြန်ဆန်သည်။
ယင်းက တိုက်ရိုက် ထိုးဖောက်သွားသည်။
ပင့်ကူရုပ်တုက တုန်ယင်သွားသည်။
အဝေးမှ ကျင့်ကြံသူများက နှလုံးတုန်ယင်သွားကြသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့မြင်လိုက်ရသည်မှာ ပင့်ကူရုပ်တုက အပြင်းအထန် တုန်ယင်သွားပြီး တစ်စစီ ပြိုကျအက်ကွဲသွားနေခြင်း ဖြစ်သည်။
ရု်ပတုက အပိုင်းပိုင်းအစစ အက်ကွဲသွားသည်။
သို့သော်လည်း မည်သူမှ စိတ်မအေးနိုင်သေးပေ။ အဘယ့်ကြောင့်ဆိုသော် ရုပ်တုက အက်ကွဲသွားသော်လည်း နတ်ဘုရားအရှိန်အဝါက မပျောက်ကွယ်သွားသေးပေ။ ပြန်ရှင်သန်နေသော စိတ်ဆန္ဒက ဆက်ရှိနေဆဲပင်။ အမှန်မှာ နတ်ဘုရားတီးတိုးရေရွတ်သံက ဆက်လက် ပဲ့တင်ထပ်နေဆဲပင်။
ဤသည်မှာ အက်ကွဲသွားသော ရုပ်တုက ပြန်ရှင်သန်နေသော ဤအစစ်အမှန်နတ်ဘုရား၏ အပေါ်ယံအသွင်သဏ္ဍာန်မျှသာ ဖြစ်သည့်အလားပင်။
နောက်အခိုက်အတန့်မှာ ပိုပြီးကြောက်မက်ဖွယ်ကောင်းသော အင်အားက ဟင်းလင်းပြင်ထဲမှ ရုတ်တရက် ဆင်းသက်လာသည်။
ကြယ်တာရာကောင်းကင်က ပုံပျက်တွန့်လိမ်သွားပြီး သက်ရှိအားလုံးက တုန်ယင်သွားကြသည်။
ယင်းက နတ်ဘုရားတစ်ပါး၏ အစွမ်းဖြစ်သည်။