← Chapters

နာကျင်မှုနတ်ဘုရား ဘီမို့(ခ)

Vol. 111 Ch. 1702

နာကျင်မှုနတ်ဘုရား ဘီမို့(ခ)

Vol. 111 Ch. 1702

ကြယ်ပင်လယ်သဖွယ် ကြီးမားကျယ်ပြောပြီး ကောင်းကင်ဘုံအစွမ်းထက် သာလွန်သော စွမ်းအားက ဤဧရိယာကို ရိုက်ခတ်သွားသည်။ ထိုစွမ်းအားပေါ်လျှိုးလာသည်နှင့် နတ်ဘုရားတီးတိုးရေရွတ်သံက ပိုပြီးကျယ်လောင်လာသည်။ တစ်ချိန်တည်းမှာ ဤဧရိယာက ခေါက်ချိုးခံရတော့မည့် စက္ကူတစ်ရွက်နှင့် ဆင်တူလာသည်။

သို့သော်လည်း ကြယ်တာရာကောင်းကင်ထဲတွင် ထိုသို့ခေါက်ချိုးခံရခြင်းသည် ရုပ်သဏ္ဍာန်အပြင်မှာထက် စိတ်အာရုံထဲမှာ ပိုပြီးထင်ရှားပေသည်။

ဤသည်မှာ ဤဧရိယာ၏ လေဟာနယ်က အလွှာနှစ်လွှာ ခွဲခြားခံလိုက်ရသည့်အလားပင်။

အောက်ဘက်အလွှာထဲမှာ လူတိုင်းက တည်ရှိကြစဉ် အပိုထွက်ပေါ်လာသော အပေါ်အလွှာထဲတွင်တော့ ရုပ်တု၏ အက်ကွဲသွားသော အပိုင်းအစများသာ တည်ရှိကြသည်။

ခေါက်ချိုးသောဖြစ်စဉ်က ထိုအပေါ်အလွှာမှာ ဖြစ်ပေါ်လာသည်။

ယင်းထဲမှာ မည်သည့်သက်ရှိမှ မရှိပေ။ ရုပ်တု၏ အက်ကွဲသွားသော အစိတ်အပိုင်းများသာ ပြန့်ကျဲနေကြသည်။

ထို့ပြင် ခေါက်ချိုးခြင်းက တစ်ကြိမ်တည်း မဟုတ်ပေ။ ယင်းက စက္ကန့်ပိုင်းလေးအတွင်းမှာ အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ဖြစ်ပွားခဲ့သည်။

နောက်အခိုက်အတန့်မှာ ရုပ်တု၏ ပြန်ကျဲနေသော အပိုင်းအစများက လူတိုင်း၏ မြင်ကွင်းရှေ့မှ ပျောက်ကွယ်သွားကြသည်။ အရာအားလုံးက ဖုံးကွယ်ခံလိုက်ရသည်။ ထိုထဲမှာ ကောင်းကင်ပေါ်သို့ တစ်ဟုန်ထိုး မြှောက်တတ်သွားနေသော နတ်ဘုရားအရှိန်အဝါ၊ ပြန်ရှင်သန်လာနေသော နတ်ဘုရားစွမ်းအားနှင့် နတ်ဘုရားတီးတိုးရေရွတ်သံသည်ပင် ခေါက်ချိုးသောဖြစ်စဉ်နှင့်အတူ ပျောက်ကွယ်သွားကြသည်။

ဤသည်မှာ ဘာမှမဖြစ်ပျက်ခဲ့သည့်အလားပင်။

ကြယ်တာရာကောင်းကင်က တိတ်ဆိတ်ငြိမ်းချမ်းသွားသည်။

လူတိုင်း၏ အမူအရာက ပြောင်းလဲသွားသည်။

ထိုမြင်ကွင်းက အလွန်ထူးဆန်းသည်။ ယင်းက လူတိုင်း၏ စိတ်ထဲမှာ ခန့်မှန်းမှုအမျိုးမျိုးကို ဖြစ်ပေါ်လာစေသည်။

‘ အင်မော်တယ်တစ်ပါး ရောက်လာပြီး အစစ်အမှန်နတ်ဘုရားရဲ့ ပြန်ရှင်သန်မှုကို တိတ်တဆိတ် ဖြေရှင်းပေးသွားတာလား ’

‘ အဲ့ဒါမမှန်ဘူး… အစစ်အမှန်နတ်ဘုရားက ထွက်ပြေးချင်နေတာပဲ ”

မကြာမီ တစ်စုံတစ်ယောက်က တစ်ခုခုလွဲမှားနေကြောင်း သတိထားမိသွားသည်။

အဘယ့်ကြောင့်ဆိုသော် ရွှီချင်းက လှုပ်ရှားမှုပြုလုပ်နေသောကြောင့် ဖြစ်သည်။ သူက ထိုအဖြေကို တခြားကျင့်ကြံသူများထက် ပိုပြီးစောစီးစွာ ရှာတွေ့ခဲ့သည်။

သို့ဖြစ်၍ ခေါက်ချိုးသောဖြစ်စဉ် ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူဆင့်ခေါ်ထားသော သူ၏ ဘေးပတ်ပတ်လည်မှ အချိန်လေဟာနယ်ဒိုင်မန်းရှင်းများက တစ်ပြိုင်နက်တည်း ဆင်းသက်လာကြသည်။

အချိန်လေဟာနယ်စွမ်းအားနှင့် အပြိုင်စကြာဝဠာအများအပြားက ထွက်ပေါ်လာကြသည်။

အချိန်လေဟာနယ်က ဤနေရာကို တိုက်ရိုက် ဖိနှိပ်လိုက်သည်။

သူ၏ အာဏာစက်အစွမ်းအောက်မှာ ကြယ်တာရာကောင်းကင်ထဲမှ အချိန်စီးဆင်းမှုက ပြောင်းပြန်လှည့်ပတ်သွားပြီး လေဟာနယ်ဘောင်က လှိုင်းအတွန့်တွန့်ထသွားသည်။

ထို့နောက် အချိန်လေဟာနယ်များထဲမှာ ရှိနေသော ရွှီချင်းက လက်နှစ်ဖက်စလုံးဖြင့် ချိပ်တံဆိပ်လက်ဟန်များကို တရစပ် ဖွဲ့စည်းလိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ အာဏာစက်ကို လှည့်ပတ်လိုက်သည်။

အချိန်… နောက်ပြန်ဆုတ်စေ…

ထိုအခါ ခေါက်ချိုးခြင်းက ဖြန့်ဖြေခြင်းအဖြစ် ပြောင်းလဲသွားသည်။

သူက ခေါက်ချိုးခြင်းနှင့် အကြိမ်အရေအတွက်တူညီစွာ ပြန်ဖြန့်ဖြေလိုက်သည်။

သို့ဖြစ်၍ သူ၏ စိတ်အာရုံထဲတွင် ဤနေရာမှ အရာအားလုံးက နောက်ပြန်စီးဆင်းသွားဟန် ရသည်။ မကြာမီ ပျောက်ကွယ်သွားခဲ့သော နတ်ဘုရားအရှိန်အဝါက ထပ်မံ ထွက်ပေါ်လာပြီး တိတ်ဆိတ်ငြိမ်သက်နေသော ကြယ်တာရာကောင်းကင်ထဲ၌ နတ်ဘုရားတီးတိုးရေရွတ်သံက ပြန်ပဲ့တင်ထပ်သွားသည်။

ပြန်လည်ရှင်သန်ခြင်းစွမ်းအားသည်လည်း နောက်တစ်ကြိမ် ပြန်ပေါ်လာသည်။

ဖုံးကွယ်ခံလိုက်ရသော ရုပ်တုအပိုင်းအစများက ပြန်ထွက်ပေါ်လာကြသည်။

သို့သော်လည်း ၎င်းတို့၏ အသွင်သဏ္ဍာန်က သိသာစွာ ပြောင်းလဲသွားသည်။

၎င်းတို့က ရုပ်တု၏ သတ္ထုအပိုင်းအစများ မဟုတ်ကြတော့ပေ။ ယင်းအစား ၎င်းတို့က အဖြူရောင်အလင်းအစုအဝေးများနှင့် ခုန်မြည်နေသော အသွေးအသားတုံးများအဖြစ် ပြောင်းလဲသွားကြသည်။

ယင်းတို့က အဖြူရောင်အမွှေးရှည်ရှိသော အသွေးအသားတုံးများနှင့် ဆင်တူကြသည်။ ထိုအမွှေးဖြူများက အလွန်ရှည်လျားလေရာ ပရမ်းပတာ ရွေ့လျားနေသော နွယ်နှာမောင်းများသဖွယ် အောက်မေ့ရသည်။

ရုပ်တု၏ အက်ကွဲသွားသော အပိုင်းအစတစ်ခုစီက ထိုသို့အသားတုံးအဖြစ် အသွင်ပြောင်းလဲသွားသည်။

ထို့ပြင် အလွန်ကြောက်စရာကောင်းသော စိတ်အာရုံတစ်ခုက ထိုအဖြူရောင်အသားတုံးတစ်ခုစီမှ ထွက်ပေါ်နေသည်။ ဤအခိုက်အတန့်မှာ နတ်ဘုရားမဟုတ်ကြသော သက်ရှိအားလုံးသည် သူတို့၏ စိတ်ဝိညာဉ်က အပိုင်းပိုင်း ဆုတ်ဖြဲခံရတော့မည့်အလား ခံစားမိသွားကြသည်။ အလွန်ပြင်းထန်သော နာကျင်မှုဝေဒနာက သူတို့၏ အသိစိတ်ထဲမှာ တဖြည်းဖြည်း ထွက်ပေါ်လာသည်။

ရွှီချင်း၏ မျက်နှာက ဖြူဖျော့သွားပြီး သူ၏ ဝိညာဉ်က ပြင်းထန်စွာ တုန်ယင်သွားသည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ သူ့အနောက်မှ အင်မော်တယ်သန္ဓေသားလောင်းက ရုတ်တရက် အရှေ့သို့ လျှောက်သွားသည်။ ၎င်းက သူ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသည်နှင့် အင်မော်တယ်သန္ဓေသားလောင်း၏ ခန္ဓာကိုယ်က နောက်ထပ် ကြီးမားသွားသည်။ ထို့နောက် ၎င်းက လက်မြှောက်လိုက်သည်။

ထိုလက်က ကြယ်တာရာကောင်းကင်နှင့် ဆင်တူသည်။

လက်က ပြင်းထန်သော အရှိန်အဟုန်၊ အထွတ်အမြတ်ခွန်အား၊ အလွန်ကျယ်ပြောသော အရွယ်အစားနှင့်အတူ အောက်သို့ ကျဆင်းလာသည်။

လက်က အကြင်နာမဲ့စွာ ရိုက်ချလိုက်သည်။

အင်မော်တယ်သန္ဓေသားလောင်းထဲမှ မိုးသောက်အင်မော်တယ်နန်းတော်သည်လည်း ထွန်းလင်းတောက်ပလာသည်။

နန်းတော်ထံမှ ထုတ်လွှတ်လိုက်သော အလင်းက အင်မော်တယ်သန္ဓေသားလောင်းတစ်ခုလုံးဆီသို့ ပျံ့နှံ့သွားသည်။ ယင်းက အင်မော်တယ်သန္ဓေသားလောင်းကို ဤအခိုက်အတန့်မှာ မြင့်မြတ်ထည်ဝါသွားစေသည်။

ဧရာမလက် ကျဆင်းလာသည့်အခိုက် ဟင်းလင်းပြင်က ဖုံးအုပ်ခံလိုက်ရဟန်ရပြီး အရာအားလုံးက ရပ်တန့်သွားသည်။

ရုပ်တုအပျက်အစီးများမှ ဖွဲ့စည်းသွားသော အဖြူရောင်အသားတုံးများသည်ပင် ငြိမ်သက်သွားကြသည်။

ယင်းကို အင်မော်တယ်သန္ဓေသားလောင်း၏ လက်ဟု ရိုးရှင်းစွာ မဆိုနိုင်တော့ပေ။

ယင်းက မိုးသောက်အင်မော်တယ်နန်းတော်ကို အသုံးပြု၍ အစစ်အမှန်နတ်ဘုရားကို ဖိနှိပ်နေခြင်း ဖြစ်သည်။

နောက်အခိုက်အတန့်မှာ ဧရာမလက်က ကျဆင်းလာသည်။

သို့သော်လည်း ဧရာမလက် ကျဆင်းလာသည်နှင့်ချက်ချင်း တခြားအပြောင်းအလဲတစ်ခု ထွက်ပေါ်လာသည်။

ရုပ်တုအပိုင်းအစများမှ ဖွဲ့စည်းသွားသော အဖြူရောင်အသားတုံးများ၏ အမွှေးများက ရုတ်တရက် ရှည်ထွက်လာပြီး အချင်းချင်း ချိတ်ဆက်သွားကြသည်။ ထို့နောက် ယင်းတို့က အလွန်အံ့ဖွယ်ကောင်းသော အလျင်ဖြင့် ပြန့်ကျဲသွားကြသည်။

အမွှေးများက အချင်းချင်း ချိတ်ဆက်သွားပြီး အပြင်ဘက်သို့ ပြန့်ကျဲသွားသည့်အခါ အရွယ်အစား အလွန်ကျယ်ပြောသော ပင့်ကူအိမ်တစ်ခုက ကြယ်တာရာကောင်းကင်ထဲမှာ ဖွဲ့စည်းသွားပြီး ရွှီချင်း၏ အင်မော်တယ်သန္ဓေသားလောင်း၏ လက်ဝါးအောက်မှာ တိုက်ရိုက် ထွက်ပေါ်လာသည်။

ထိုပင့်ကူအိမ်က အလွန်ကြီးမားကျယ်ပြောသည်။

ယင်းက ကြယ်တာရာစက်ဝန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားတော့မည့်ဟန် ရ၏။

ပင့်ကူအမျှင်သည်တော့ အဖြူရောင်အမွှေးဖြစ်သည်။

နေရာအနှံ့ ပြန့်ကျဲနေသော ရုပ်တုအပိုင်းအစများသည်တော့ ၎င်းတို့၏ အသွင်သဏ္ဍာန်က ဤအခိုက်အတန့်မှာ ထပ်မံ ပြောင်းလဲသွားသည်။ ၎င်းတို့က နာကျင်နေသော မျက်နှာဖြင့် ဦးခေါင်းများအဖြစ် ပြောင်းလဲသွားကြသည်။

ထိုဦးခေါင်းများထဲမှာ ယောင်္ကျားမိန်းမများ၊ လူကြီးလူငယ်များ၊ ကျင့်ကြံသူများနှင့် နတ်ဘုရားများပင် ပါဝင်ကြသည်။

၎င်းတို့က အတိတ်မှာ ဤအစစ်အမှန်နတ်ဘုရား သတ်ပစ်ခဲ့သော သက်ရှိအားလုံး ဖြစ်ကြသည်။

၎င်းတို့၏ ရုပ်ခန္ဓာကိုယ်က အသတ်ခံခဲ့ရသော်လည်း ၎င်းတို့၏ ဝိညာဉ်က ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲသို့ မဝင်ရောက်နိုင်ခဲ့ကြပေ။ ၎င်းတို့က အစစ်အမှန်နတ်ဘုရား၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားပြီး နတ်ဘုရား၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာကြသည်။

၎င်းတို့က ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ရွှီချင်း၏ အင်မော်တယ်သန္ဓေသားလောင်းလက်ကို တားဆီးလိုက်ကြသည်။

ဦးခေါင်းများနှင့် အင်မော်တယ်သန္ဓေသားလောင်းလက် တွေ့ဆုံသွားသည့်အခိုက် ကျယ်လောင်သော မြည်ဟိန်းသံက ကြယ်တာရာကောင်းကင်ထဲမှာ ပဲ့တင်ထပ်သွားသည်။ ယင်းက ဟင်းလင်းပြင်ကို ပြိုကွဲသွားစေမည့် လေပြင်းမုန်တိုင်းတစ်ခုကိုလည်း ထွက်ပေါ်လာစေသည်။

လေပြင်းမုန်တိုင်း ဖြတ်သန်းသွားသည့်နေရာတိုင်း ကြယ်ဂြိုလ်များက ပြိုကွဲပျက်စီးသွားပြီး ဥက္ကာပျံများက ဖုန်မှုန့်ဖြစ်သွားကြသည်။

တစ်ချိန်တည်းမှာ အစစ်အမှန်နတ်ဘုရား၏ တန်ပြန်တိုက်ခိုက်မှုက ထွက်ပေါ်လာသည်။

ယင်းက ရွှီချင်း၏ အင်မော်တယ်သန္ဓေသားလောင်းလက်ကို အင်အားနှစ်မျိုးဖြင့် ချက်ချင်း တွေ့ဆုံသွားစေသည်။ တစ်ချိန်တည်းက ယင်းက ထိခိုက်ပျက်စီးသွားသည်။

ထိုမြင်ကွင်းက လူတိုင်း၏ အမူအရာကို သိသာစွာ ပျက်ယွင်းသွားစေသည်။

ရွှီချင်းက သွေးတစ်ပွက် အန်လိုက်ရသည်။ သို့သော်လည်း သူ၏ မျက်လုံးထဲတွင် စူးရှသော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

သူမြင်လိုက်ရသည်မှာ ထူးဆန်းသော ထိုသက်ရှိ၏ ပင့်ကူအိမ်က ရွှေရောင်အဖြစ် မြန်ဆန်စွာ ပြောင်းလဲသွားနေခြင်း ဖြစ်သည်။

အရာအားလုံး ရွှေရောင်ဖြစ်သွားသည့်အခါကျလျှင် အစစ်အမှန်နတ်ဘုရား၏ ပြန်ရောက်လာမှုက ပြီးမြောက်သွားလိမ့်မည်ဖြစ်ကြောင်း သူသိသည်။

“ ငါ့ရဲ့ အသန်မာဆုံး တိုက်ပွဲစွမ်းအားကို ထုတ်လွှတ်ထားတာတောင် အားနည်းနေတဲ့ ဒီအစစ်အမှန်နတ်ဘုရားကို မဖိနှိပ်နိုင်သေးဘူး… ”

ရွှီချင်းက နှုတ်ဆိတ်သွားသည်။

အတိတ်မှာ ယုလျှိုချန်းက ပြန်မရောက်လာသေးသော အစစ်အမှန်နတ်ဘုရားတစ်ပါးကို လှည့်စားနိုင်ခဲ့ကြောင်း သူသိသည်။ ယခု သူရင်ဆိုင်နေရသော အခြေအနေက အတိတ်မှ ယုလျှိုချန်းနှင့် လုံးဝကွာခြားသည်။

အကယ်၍ ယခု သူက လက်လျော့လိုက်မည်ဆိုလျှင်ပင် မည်သည့်ပြဿနာမှ မရှိနိုင်ကြောင်း နားလည်သည်။

ဤအစစ်အမှန်နတ်ဘုရားက တကယ်ပြန်ရောက်လာမည်ဆိုလျှင်ပင် ၎င်းက အမှတ်ငါးကြယ်တာရာစက်ဝန်းအတွက် ကြီးမားသော ပြဿနာ မဟုတ်ပေ။ ထို့ပြင် ဤမျှအချိန်ဆိုလျှင် အဆင့်နိမ့်အင်မော်တယ်တစ်ပါးက မကြာခင် ဤနေရာသို့ ရောက်လာပြီး ၎င်းကို နှိမ်နင်းပစ်ရန် လုံလောက်ပေသည်။

အမှန်မှာ ကောင်းကင်မဲ့ဇုန်၏ ဘေးပတ်ဝန်းကျင်၌ အဆင့်နိမ့်အင်မော်တယ်များ ရောက်ရှိနေသည်ဟု ဝေဝေဝါးဝါး သူခံစားမိသည်။

သို့သော်လည်း သူတို့က ကြားဝင်မစွက်ဖက်ကြချေ။

သို့ဖြစ်၍ ရွှီချင်းက လွယ်လွယ် လက်မလျော့ချင်ပေ။ နောက်တစ်ကြိမ် သူကြိုးစားကြည့်ချင်သည်။

အဘယ့်ကြောင့်ဆိုသော် မူလအနှစ်သာရအများကြီးကို သူလိုအပ်သည်။

အကယ်၍ သူသာ ပြန်ရှင်သန်လာနေသော ဤနတ်ဘုရားကို နှိမ်နင်းနိုင်မည်ဆိုလျှင် မူလအနှစ်သာရကို အစဉ်မပြတ် ရိတ်သိမ်းနိုင်လိမ့်မည်။ ယင်းက သူ၏ အနာဂတ် ကျင့်ကြံခြင်းအတွက် မူလအနှစ်သာရရေကန်ကို လက်ဝယ်ပိုင်ဆိုင်ထားခြင်းနှင့် တူညီလိမ့်မည်။

ထိုသို့တွေးမိသောအခါ အနက်ရောင်အလင်းက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ နောက်တစ်နည်း ရှိသေးတယ် ”

ထိုအတွေးက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ မူလအနှစ်သာရက အစွမ်းကုန် လှည့်ပတ်သွားပြီး အင်မော်တယ်စွမ်းအင်က တစ်ဟုန်ထိုး တိုးမြှင့်သွားကာ သူ၏ အင်မော်တယ်သန္ဓေသားလောင်းကို အစွမ်းမြှင့်တင်ပေးလိုက်သည်။

ယင်းက ပင့်ကူအိမ်ဖြင့် ချည်နှောင်ခံထားရသော သူ၏ အင်မော်တယ်သန္ဓေသားလောင်းလက်ကို အဆပေါင်းများစွာ ပိုပြီးကြီးမားသွားစေသည်။

သူက မိုးသောက်အင်မော်တယ်နန်းတော်ကို အသက်သွင်းရန် သူ၏ အခွင့်အာဏာကိုလည်း အသုံးပြုလိုက်သေးသည်။

အင်မော်တယ်နန်းတော်၏ အစွမ်းအောက်မှာ သူ၏ အင်မော်တယ်သန္ဓေသားလောင်းက ထပ်မံ အစွမ်းတိုးမြှင့်သွားသည်။ နောက်ဆုံးမှာတော့ သူ၏ အင်မော်တယ်သန္ဓေသားလောင်းလက်က ကြယ်တာရာကောင်းကင်ထဲတွင် ယခင်ကထက် ဆယ်ဆပိုကြီးမားသွားသည်။

ယင်းက အတိုင်းအဆမဲ့သွားသည်။

ထို့နောက် ဧရာမလက်က နောက်တစ်ကြိမ် ကျဆင်းလာသည်။

ဤတစ်ကြိမ်တွင် ဧရာမလက်က ပင့်ကူအိမ်ကို မရိုက်ချလိုက်ဘဲ ၎င်း၏ လက်ငါးချောင်းကိုသာ ဖွင့်လှစ်လိုက်သည်။ ထိုလက်ငါးချောင်းက ကြယ်တာရာကောင်းကင်၏ ထောင့်တိုင်များသဖွယ် ကျဆင်းလာကြပြီး ပင့်ကူအိမ်ကို အကြမ်းပတမ်း ဖမ်းဆုပ်လိုက်သည်။

သူ၏ ဧရာမလက်ငါးချောင်းက ပင့်ကူအိမ်နှင့် တွေ့ဆုံသွားသည်နှင့်ချက်ချင်း ရွှီချင်းက အကြိမ်ရေအနည်းငယ် သွေးအန်လိုက်ရသည်။ တစ်ချိန်တည်းမှာ အင်မော်တယ်သန္ဓေသားလောင်း၏ ဧရာမလက်က တွန်းထုတ်ခံလိုက်ရပြီး ယင်းက သာမန်မျက်စိဖြင့် မြင်နိုင်သည်အထိ မြန်ဆန်စွာ ပြိုကွဲသွားသည်။ ထို့ပြင် ဤတစ်ကြိမ်က လက်တစ်ခုတည်း မဟုတ်ပေ။ လက်မောင်းနှင့် ခန္ဓာကိုယ်တစ်ခုလုံးလည်း သက်ရောက်ခံလိုက်ရသည်။

သို့သော်လည်း ရူးသွပ်မှုက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူ၏ အင်မော်တယ်သန္ဓေသားလောင်းက ပြိုကွဲသွားနေသော်လည်း အင်မော်တယ်သန္ဓေသားလောင်းထဲ၌ အပြည့်အဝ သူအသက်သွင်းထားသော မိုးသောက်အင်မော်တယ်နန်းတော်က ဖော်မပြနိုင်သော အင်မော်တယ်အလင်းကို ထုတ်လွှတ်လိုက်သည်။

အင်မော်တယ်အလင်းက အင်မော်တယ်သန္ဓေသားလောင်း၏ ပြိုကွဲသွားသော အစိတ်အပိုင်းများထဲမှ ပျံ့ပွားထွက်လာပြီး ကြယ်အဖွဲ့အစည်းတစ်ခုလုံးကို ထွန်းလင်းပေးလိုက်သည်။

ရွှီချင်းက မိုးသောက်ကောင်းကင်ဘုံအလွန်အပေါ် သူ၏ အခွင့်အာဏာကို ဤအခိုက်အတန့်မှာ အပြည့်အဝ အသက်သွင်းလိုက်သည်။

ယင်းက အရွယ်အစား အလွန်ကျယ်ပြောသော တည်နေရာပြောင်းရွှေ့ခြင်းကို ဖြစ်ပေါ်လာစေသည်။

ထိုတည်နေရာပြောင်းရွှေ့ခြင်း၏ အကျယ်အဝန်းက ကြယ်အဖွဲ့အစည်းတစ်ခုလုံးကို လှိုင်းထသွားစေရန် လုံလောက်သည်။

ရွှီချင်းက တိုက်ပွဲနယ်မြေကို ပြောင်းလဲပစ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။

သူက ပြန်ရှင်သန်နေသော ဤအစစ်အမှန်နတ်ဘုရား၏ အကြွင်းအကျန်ကို သူ၏ ကောင်းကင်ဘုံအလွန်ဆီသို့ ရွှေ့ပြောင်းပစ်ချင်သည်။

ထိုနေရာတွင် သူက ကောင်းကင်ဘုံအလွန်တစ်ခုလုံး၏ စွမ်းအားကို အသုံးပြုပြီး ဤအစစ်အမှန်နတ်ဘုရားကို ဖိနှိပ်ပစ်မည်။

နောက်အခိုက်အတန့်မှာ…

တည်နေရာပြောင်းရွှေ့ခြင်းစွမ်းအားက အလွန်ကျယ်လောင်သော မြည်ဟိန်းသံနှင့်အတူ အပြည့်အဝ ပေါ်လျှိုးလာသည်။ ယင်းက အရာအားလုံးကို လွှမ်းခြုံသွားသည့်အခါ ရွှီချင်းအပါအဝင် သူ၏ အင်မော်တယ်သန္ဓေသားလောင်းလက်ဖြင့် ဖမ်းဆုပ်ခံထားရသော ပင့်ကူအိမ်က ချက်ချင်း ပျောက်ကွယ်သွားသည်။

…..

တစ်ချိန်တည်းမှာ ကောင်းကင်မဲ့ဇုန်ထဲ၌ အင်မော်တယ်မဟုတ်သူများ အာရုံမခံနိုင်သော ထိုကင်းစောင့်အင်မော်တယ်များ၏ အသိစိတ်က ပရမ်းပတာ လှုပ်ခတ်သွားကြသည်။ ယခု သူတို့အားလုံးက ယခင်မိုးသောက်ကောင်းကင်ဘုံအလွန်ဆီသို့ စိုက်ကြည့်လိုက်ကြသည်။

ကမ်းစပ်ကိုးခုကောင်းကင်ဘုံအလွန်ထဲဝယ်…

ကောင်းကင်ဘုံအလွန်၏ အဓိကအမြူတေဖြစ်သော ကမ်းစပ်ကိုးခုအင်မော်တယ်နန်းတော်ထဲမှ မရေမတွက်နိုင်သော အဆောက်အဦးများကြားရှိ ကမ်းစပ်ကိုးခုအင်မော်တယ်မျှော်စင်၏ အမြင့်ဆုံးအထပ်တွင် ကြီးကျယ်မြင့်မြတ်သော ပုဂ္ဂိုလ်တစ်ဦးက မတ်တတ်ရပ်နေသည်။

သူက အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး လက်နောက်ပစ်လျက် အဝေးသို့ ကြည့်ရှုနေသည်။

“ ဘီမို့က နာကျင်မှုနတ်ဘုရားဆိုပြီး အတိတ်တုန်းက အမှတ်ငါးကြယ်တာရာစက်ဝန်းထဲမှာ နာမည်ကျော်ကြားခဲ့တယ်… သူက ဝိညာဉ်တွေရဲ့ အစွန်းရောက်နာကျင်မှုကို ဖန်တီးနိုင်တဲ့ နတ်ဘုရားအခွင့်အာဏာကို ပိုင်ဆိုင်ထားပြီး နာကျင်မှုကို သူ့ရဲ့ နတ်ဘုရားအရင်းအမြစ်အဖြစ် ပြောင်းလဲပစ်နိုင်တယ်… ဘီမို့ဖန်တီးထားတဲ့ ပုံရိပ်ယောင်တွေက လုံးလုံး အလိမ်အညာမဟုတ်ဘဲ အဲ့ဒီထဲမှာ အမှန်တရားတချို့ ပါဝင်နေတယ်လို့ အင်မော်တယ်ဘုရင်က တစ်ခါပြောဖူးတယ် ”

“ ရွှီချင်း… ဒီဟာက မင်းကို ငါပေးတဲ့ အခွင့်အရေးပဲ… အဲ့ဒါကို မင်းရယူနိုင်မလားဆိုတာ မင်းရဲ့ ကံကြမ္မာပေါ်မှာ မူတည်တယ် ”

All Chapters