နှစ်တစ်ထောင် နောက်ကျသွားခြင်း
Vol. 111 Ch. 1703
ယခင်မိုးသောက်ကောင်းကင်ဘုံအလွန်…
လက်ရှိချင်းကောင်းကင်ဘုံအလွန်…
ကောင်းကင်ဘုံအလွန်ထဲတွင် မရေမတွက်နိုင်သော စကြာဝဠာများ၊ အကန့်အသတ်မဲ့ ကြယ်တာရာကောင်းကင်များနှင့် အဆုံးမဲ့သော ကြယ်ဂြိုလ်များ တည်ရှိကြသည်။
ထိုကြယ်ဂြိုလ်တစ်ခုစီက ထွန်းလင်းတောက်ပပြီး တမူထူးခြားသော အလင်းရောင်ကို ထုတ်လွှတ်ပေးနေကြသည်။
သို့သော်လည်း ဤအခိုက်အတန့်မှာ ချင်းကောင်းကင်ဘုံအလွန်တစ်ခုလုံး မည်းမှောင်သွားသည်။
ဤသည်မှာ အလင်းရောင်အားလုံးက အဝေးသို့ ဖယ်ရှားခံလိုက်ရသည့်အလားပင်။
ကောင်းကင်ဘုံအလွန်၏ အလယ်ဗဟို၌ အလွန်ကျယ်ပြောသော ဒေသကြီးတစ်ခု ရှိသည်။ ထိုဒေသက အလွန်ကျယ်ပြောလေရာ အင်မော်တယ်မဟုတ်သူများ သူတို့တစ်ဘဝလုံးစာ ပျံသန်းသွားမည်ဆိုလျှင်ပင် ဒေသကြီးတစ်ခုလုံးကို ဖြတ်သန်းသွားနိုင်လိမ့်မည် မဟုတ်ချေ။ ထိုဒေသကြီးထဲတွင် အရွယ်အစားကြီးမားသော အနက်ရောင်အာကာသတွင်းနက်တစ်ခု ရှိသည်။
အနက်ရောင်အာကာသတွင်းနက်က မည်သည့်သတိပေးမှုမှမရှိဘဲ တိတ်တဆိတ် လှည့်ပတ်နေသည်။
အာကာသတွင်းနက်၏ အပေါ်တွင်တော့ အရွယ်အစား အလွန်ကျယ်ပြောသော ပင့်ကူအိမ်တစ်ခု ရှိသည်။ ၎င်း၏ ပင့်ကူအမျှင်များက အဆုံးအစမဲ့စွာ ပျံ့ပွားနေကြသည်။
အဖြူရောင်အမွှေးများက ပင့်ကူအမျှင်များ ဖြစ်လာကြပြီး ဦးခေါင်းများက ဆုံမှတ်များဖြစ်လာကြသည်။ ပင့်ကူအိမ်က ဆက်လက် ကျယ်ပြောနေစဉ် အစစ်အမှန်နတ်ဘုရားတစ်ပါး၏ ပြန်ရှင်သန်နေသော အရှိန်အဝါက ပိုပြီးထင်ရှားလာသည်။
တစ်ချိန်တည်းမှာ နတ်ဘုရားစွမ်းအင်၏ ပေါက်ကွဲမှုနှင့်အတူ ပင့်ကူအိမ်ပေါ်မှ ဦးခေါင်းတစ်ခုစီက တစ်ပြိုင်နက် ပါးစပ်ဟလိုက်ကြပြီး ဆင့်ခေါ်သော ရေရွတ်သံကို ထုတ်ဖော်လိုက်ကြသည်။
“ ဘီမို့ ”
“ ဘီမို့ ”
“ ဘီမို့ ”
ဒြပ်ထည်မဲ့သော ထိုအသံက ပင့်ကူအိမ်ပေါ်မှ နတ်ဘုရားစိတ်ဆန္ဒထဲသို့ ပေါင်းစပ်သွားသည်။ ထို့နောက် ယင်းက နတ်ဘုရားအခွင့်အာဏာအမျှင်တန်းများအဖြစ် ပြောင်းလဲသွားသည်။ နောက်ဆုံးမှာတော့ ယင်းတို့က ပင့်ကူအိမ်၏ အလယ်ဗဟိုမှာ စုစည်းသွားကြသည်။
သို့ဖြစ်၍ မကြာမီ ထိုနေရာတွင် ပုံရိပ်တစ်ခု တဖြည်းဖြည်း ထွက်ပေါ်လာသည်။
၎င်းက လူသားတစ်ပိုင်း ပင့်ကူတစ်ပိုင်း သက်ရှိတစ်ကောင်ဖြစ်သည်။
၎င်း၏ ခန္ဓာကိုယ်(၇၀)ရာခိုင်နှုန်းက ရွှေရောင်ဖြစ်သည်။
၎င်းထွက်ပေါ်လာသည်နှင့် တီးတိုးရေရွတ်သံက ပိုပြီးကျယ်လောင်လာသည်။ ၎င်း၏ ပြန်ရှင်သန်နေသော အရှိန်အဝါသည်လည်း အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ ဤအခိုက်အတန့်မှာ အစစ်အမှန်နတ်ဘုရားတစ်ပါး၏ စွမ်းအားက ကြယ်တာရာကောင်းကင်ထဲမှာ ပြည့်နှက်သွားသည်။
ပင့်ကူအိမ်နှင့် ကြယ်တာရာကောင်းကင်၏ အပေါ်တွင် ရွှီချင်း၏ အင်မော်တယ်သန္ဓေသားလောင်းက ကြီးကျယ်မြင့်မြတ်စွာ ရပ်နေသည်။ အင်မော်တယ်သန္ဓေသားလောင်း၏ မျက်နှာက ဖော်မပြနိုင်အောင် တင်းမာခက်ထန်နေပြီး ၎င်း၏ မျက်လုံးက အေးစက်မှုနှင့် စူးရှသော အလင်းရောင်ကို ထုတ်လွှတ်နေသည်။
အင်မော်တယ်သန္ဓေသားလောင်းက ညာလက်ကို မြှောက်လိုက်သည့်အခါ ၎င်း၏ ဦးခေါင်းပေါ်မှာ လွင့်မျောနေသော အင်မော်တယ်နန်းတော်က မြင့်မြတ်ထည်ဝါသော အလင်းရောင်ကို ထုတ်လွှတ်လိုက်သည်။
ရွှီချင်း၏ အကြည့်က ပင့်ကူအိမ်၏ အလယ်ဗဟိုမှ ပုံရိပ်ပေါ်သို့ ကျရောက်သွားသည်။
တစ်ချက်စူးစိုက်ကြည့်ပြီးနောက် ရွှီချင်း၏ ညာလက်က အောက်သို့ ဖိချသွားသည်။
အင်မော်တယ်နန်းတော်က ဝုန်းခနဲ မြည်ဟိန်းသွားသည်။
ယင်းက ပင့်ကူအိမ်၏ အောက်မှ အာကာသတွင်းနက်နှင့်အတူ ပူးပေါင်းသွားပြီး ကောင်းကင်ဘုံအလွန်တစ်ခုလုံးအား သက်ရောက်စေနိုင်သော တိုက်ခိုက်မှုတစ်ခုကို ထုတ်ဖော်လိုက်သည်။
သူက ထိုအစစ်အမှန်နတ်ဘုရားကို ဖိနှိပ်ချင်သည်။
ထိုစဉ် လူသားတစ်ပိုင်း ပင့်ကူတစ်ပိုင်း ပုံရိပ်က ရုတ်တရက် ခေါင်းမော့လိုက်ပြီး ၎င်း၏ ရွှေရောင်မျက်လုံးကို ဖွင့်လှစ်လိုက်ကာ ရွှီချင်းနှင့် အကြည့်ချင်း တွေ့ဆုံသွားသည်။
ယင်းက ဝိညာဉ်လှုပ်ခတ်စေနိုင်သော အကြည့်ချင်းတွေ့ဆုံမှုဖြစ်ပြီး မူလအနှစ်သာရ အားပြိုင်မှုလည်း ဖြစ်သည်။
သူတို့ချင်း အကြည့်တွေ့ဆုံသွားသည့်အခိုက် ရွှီချင်း၏ အရှေ့မှ အရာအားလုံးက အသွေးအသားများအဖြစ် ပြောင်းလဲသွားဟန် ရသည်။
သို့သော်လည်း နောက်အခိုက်အတန့်မှာ အရာအားလုံးက ပုံမှန်ပြန်ဖြစ်သွားသည်။
ထူးခြားသော မည်သည့်အပြောင်းအလဲမှ ဖြစ်ပေါ်မလာပေ။
အင်မော်တယ်နန်းတော်က အောက်သို့ ဆင်းသက်သွားပြီး ပင့်ကူအိမ်ကို တိုက်ရိုက် ဖိနှိပ်လိုက်သည်။
အပြည့်အဝ ပြန်မရှင်သန်သေးသော ထိုပင့်ကူလူသားပုံရိပ်က ကောင်းကင်ဘုံအလွန်တစ်ခုလုံး၏ အလေးချိန်ဖြင့် ရင်ဆိုင်ရသောအခါ အကူအညီမဲ့သွားဟန် ရ၏။
သို့သော်လည်း ၎င်းက လွယ်လွယ် လက်မလျော့ချင်ကြောင်း ထင်ရှားသည်။ သို့ဖြစ်၍ ဤအခိုက်အတန့်မှာ ၎င်းက ၎င်း၏ နတ်ဘုရားအခွင့်အာဏာနှင့် နတ်ဘုရားစွမ်းအားကို တစ်ပြိုင်နက် ထုတ်လွှတ်လိုက်သည်။
ရွှီချင်း၏ တစ်ကိုယ်လုံးက တုန်ယင်သွားပြီး သူက ပါးစပ်အပြည့် သွေးအန်လိုက်ရသည်။ ဤသည်မှာ သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်က အပိုင်းပိုင်း ဆုတ်ဖြဲခံရတော့မည့်အလားပင်။ သို့သော်လည်း ပင့်ကူလူသားပုံရိပ်၏ အခြေအနေက သူ့ထက် ပိုပြီးဆိုးဝါးသည်။
မည်သို့ဖြစ်ပါစေ ယခု သူက သူ၏ ခန္ဓာကိုယ်ကို စွမ်းအင်ဗဟိုချက်အဖြစ် အသုံးပြု၍ ဤကောင်းကင်ဘုံအလွန်တစ်ခုလုံး၏ စွမ်းအားကို ထုတ်လွှတ်နေခြင်း မဟုတ်ပါလော။
သို့ဖြစ်၍ ကြီးမားသော တန်ကြေးတစ်ခုကို ပေးဆပ်ပြီးနောက် သူအောင်မြင်သွားသည်။
သူက ပင့်ကူလူသားပုံရိပ်ကို ၎င်း၏ အောက်ဘက်မှ အနက်ရောင်အာကာသတွင်းနက်ထဲသို့ တွန်းပို့နိုင်သွားသည်။
ယင်းက ဤဖိနှိပ်ခြင်းကို အဆုံးသတ်သွားစေသည်။
ဤအခိုက်အတန့်မှာ ပင်ပန်းနွမ်းနယ်မှုက သူ့အပေါ်ကို ဒီရေသဖွယ် ဖုံးလွှမ်းသွားသည်။ ရွှီချင်းက အစစ်အမှန်နတ်ဘုရားကို ဖိနှိပ်ထားသော အာကာသတွင်းနက်ပေါ်မှာ တင်ပျဉ်ခွေထိုင်လိုက်သည်။ ထို့နောက် သူက အာကသတွင်းနက်ထဲမှ အဆုံးမဲ့သော မူလအနှစ်သာရကို စုပ်ယူလိုက်သည်။
သူက ပြန်လည်အားဖြည့်နေစဉ် သူ၏ အင်မော်တယ်သန္ဓေသားလောင်းက ယခင်ကထက် ပိုပြီးအစွမ်းတိုးမြှင့်သွားသည်။
သူက အချိန်ကို မေ့လျော့သွားပြီး ရိက္ခာထိန်းသိမ်းသူတာဝန်ကိုလည်း သတိမေ့သွားဟန် ရသည်။ သူက ကျင့်ကြံခြင်းမှာ လုံးဝစိတ်နစ်မြှုပ်ထားသည်။
သူ၏ ရိတ်သိမ်းမှုက အလွန်ကြီးမားပေသည်။
သူ၏ ကျင့်ကြံခြင်းအခြေခံက အစောပိုင်း ခြေလှမ်းဝက်အင်မော်တယ်အဆင့်မှ ဆက်တိုက် မြင့်တတ်သွားသည်။
ဆယ်နှစ်ကုန်ဆုံးသွားသည်။
ရွှီချင်း မျက်လုံးပြန်ဖွင့်လိုက်သည့်အခါ သူ၏ ကျင့်ကြံခြင်းက ပြီးပြည့်စုံသော ခြေလှမ်းဝက်အင်မော်တယ်အဆင့်သို့ ရောက်ရှိသွားသည်။
အထွတ်အထိပ်စွမ်းအားကို ပိုင်ဆိုင်ထားသည်ဟူသော ထိုခံစားမှုက ရွှီချင်းကို တဒင်္ဂ မိန်းမောတွေဝေသွားစေသည်။
သို့သော်လည်း သူက မြန်ဆန်စွာ အသိပြန်ဝင်လာသည်။ သူက လွန်ခဲ့သော ဆယ်နှစ်မှ အဖြစ်အပျက်နှင့် ရိက္ခာထိန်းသိမ်းသူတစ်ယောက်၏ အတွေ့အကြုံများကို ပြန်စဉ်းစားလိုက်သည်။ မည်သို့ဖြစ်ပါစေ သူ့ကဲ့သို့ အဆင့်မြင့်ကျင့်ကြံသူတစ်ယောက်အတွက် ဆယ်နှစ်ဟူသော အချိန်က အလွန်တိုတောင်းပေသည်။
“ အချိန်ကျန်ပါသေးတယ်… အရှေ့ကို နောက်ထပ် ခြေတစ်လှမ်း ငါလှမ်းနိုင်တာနဲ့ ဝမ်ကူးကုန်းမြေဆီ ပြန်နိုင်ပြီ ”
ထိုသို့တွေးမိသောအခါ ရွှီချင်း၏ မျက်လုံးထဲတွင် မျှော်လင့်သော အရိပ်အယောင် ထွက်ပေါ်လာသည်။ ထို့နောက် သူက ကောင်းကင်ဘုံအလွန်ထဲမှ ထွက်ခွာသွားသည်။ နောက်အခိုက်အတန့်မှာ သူက အတိတ်တွင် ရုပ်တုရှိနေခဲ့သော နေရာမှာ ပြန်ပေါ်လာသည်။
ရုပ်တုပျောက်ဆုံးသွားပြီး အကျဉ်းထောင်မရှိတော့သည့်အခါ ဤနေရာမှ ထောင်စောင့်များ၊ ထောင်မှူးများနှင့် တခြားကျင့်ကြံသူများသည် ထုံးစံအားဖြင့် နေရာရွှေ့ပြောင်းသွားကြသည်။
သို့သော်လည်း ကြယ်တာရာစက်ဝန်းနှင့် တခြားလူများက မထွက်ခွာသွားကြချေ။ သူတို့က ဤနေရာမှာ ဆက်လက် စောင့်ဆိုင်းနေကြသည်။
ရွှီချင်းကို မြင်တွေ့လိုက်သည့်အခါ သူတို့၏ စိတ်ခံစားချက်များက ပရမ်းပတာ လှုပ်ခတ်သွားကြသည်။
ထို့နောက် သူတို့က အတူတကွ ထွက်သွားကြပြီး ရိက္ခာထိန်းသိမ်းသူဌာနသို့ ပြန်သွားကြကာ တာဝန်များကို တင်ပြကြသည်။ ထို့နောက် သူတို့အဖွဲ့က တခြားတာဝန်များကို ဆက်တိုက် အောင်မြင်စွာ ဆောင်ရွက်ခဲ့ကြသည်။
သို့ဖြစ်၍ သူတို့အဖွဲ့၏ ဂုဏ်သတင်းက ကမ်းစပ်ကိုးခုကောင်းကင်ဘုံတစ်ခုလုံးမှာ တဖြည်းဖြည်း ပျံ့နှံ့သွားသည်။
နောက်ဆုံးမှာတော့ သူတို့က စစ်မြေပြင်ဆီသို့ ဦးတည်သွားရန် တာဝန်ပေးအပ်ခြင်းခံလိုက်ရသည်။
စစ်မြေပြင်သည် အမှတ်ငါးကြယ်တာရာစက်ဝန်းနှင့် အမှတ်လေးကြယ်တာရာစက်ဝန်းကြားမှာ ဖြစ်သည်။ စစ်မြေပြင်တွင် သူတို့အဖွဲ့က အကျိုးဆောင်မှုများစွာကို ဆောင်ရွက်နိုင်ခဲ့ပြီး နတ်သမီးတစ်ပါးကိုပင် အရှင်ဖမ်းဆီးနိုင်ခဲ့သည်။
ထိုနတ်သမီးက နတ်ဘုရားအရှင်သခင်တစ်ပါး၏ သမီးတော်ဖြစ်သည်။
နတ်သမီးကို အရှင်ဖမ်းဆီးနိုင်မှုကြောင့် ရွှီချင်း၏ ဂုဏ်သတင်းက တစ်ဟုန်ထိုး ကျော်ကြားသွားသည်။ တစ်ချိန်တည်းမှာ ယခင်မိုးသောက်ကောင်းကင်ဘုံအလွန်က ရွှီချင်းအပိုင်ဟူသော သတင်းသည်လည်း ပျံ့နှံ့သွားသည်။
သို့ဖြစ်၍ ရွှီချင်းဟူသော နာမည်က ကျင့်ကြံသူအားလုံး၏ နားထဲသို့ ပဲ့တင်ထပ်သွားသည်။
ယင်းတို့အားလုံးက ရွှီချင်း၏ အတွေ့အကြုံထဲတွင် နှေးကွေးစွာ ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း မည်သူမှသတိမထားမိသည်မှာ ယင်းတို့က အလွန်မြန်ဆန်စွာ ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။
ယင်းက စစ်မြေပြင်တွင် တာဝန်တစ်ခုကြောင့် အမှတ်လေးကြယ်တာရာစက်ဝန်းမှ နတ်ဘုရားအရှင်သခင်တစ်ပါးနှင့် သူမတွေ့ဆုံခင်အထိ ဖြစ်သည်။
ထိုတိုက်ပွဲတွင် အဆင့်နိမ့်အင်မော်တယ်များကိုပင် မကြောက်သော သူက ဆိုးဆိုးဝါးဝါး ရှုံးနိမ့်သွားခဲ့သည်။
သူ့အဖွဲ့မှ အဖွဲ့သားအားလုံးက ထိုတိုက်ပွဲမှာ သေဆုံးသွားကြသည်။
သူက ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး အသက်ရှင်နိုင်ရုံလေး လွတ်မြောက်သွားခဲ့သည်။ သူက အချိန်လေဟာနယ်ထဲသို့ ထွက်ပြေးသွားခဲ့သည့်တိုင် အနောက်မှ လိုက်ဖမ်းခံခဲ့ရသည်။ နောက်ဆုံးမှာတော့ သူက ရွေးချယ်စရာမရှိသည့်အဆုံး ဖရိုဖရဲအချိန်လေဟာနယ်ပင်လယ်ထဲသို့ ဝင်ရောက်သွားပြီး သူ၏ သဲလွန်စအားလုံးကို ဖုံးကွယ်လိုက်ရသည်။
သေခြင်းကပ်ဘေးကို သူရှောင်ရှားနိုင်ခဲ့သော်လည်း ဖရိုဖရဲအချိန်လေဟာနယ်ပင်လယ်ထဲတွင် သူ၏ ဒဏ်ရာများက အလွန်ဆိုးဝါးပြင်းထန်သည်။ သူက ထွက်ပေါက်ကို မရှာဖွေနိုင်သည့်အပြင် အချိန်လေဟာနယ်ပင်လယ်၏ အနက်ပိုင်းထဲသို့ နစ်မြုပ်သွားခဲ့သည်။
အမည်မသိအချိန်ကာလတစ်ခု ကုန်ဆုံးသွားပြီးနောက် သူက ပြန်နိုးလာသည်။
ထို့နောက် သူက ဤနေရာမှ ရုန်းထွက်ရန် ကြိုးစားလိုက်သည်။
သူ၏ ကံကြမ္မာကောင်းနှင့် အချိန်လေဟာနယ်အပေါ် သူ၏ နားလည်သဘောပေါက်မှုကြောင့် အကြိမ်ကြိမ် ကျရှုံးပြီးသည့်နောက် သူ၏ မဆုတ်မနစ် ကြိုးစားမှုအောက်မှာ ဦးတည်ရာတစ်ခုကို ရှာတွေ့သွားသည်။
နောက်ဆုံးမှာတော့ တစ်ရက်မှာ သူက အပြင်ထွက်ရန် လမ်းကြောင်းကို ရှာတွေ့သွားသည်။ အပြင်သို့ သူထွက်လျှောက်နိုင်သွားသည့်အခါ မူလလောကဆီသို့ ပြန်သွားသည်။
သူပြန်ရောက်လာပြီးနောက် စစ်ပွဲက ဆက်လက် ဖြစ်ပွားနေသေးကြောင်း သိလိုက်ရသည်။ သို့သော်လည်း သူ၏ စစ်စခန်းဆီသို့ ပြန်ရောက်သွားသည့်အခါ ထိတ်လန့်ဖွယ်ကောင်းသော အမှန်တရားတစ်ခုက သူ့ကို တုန်လှုပ်ချောက်ချားသွားစေသည်။
ထိုအမှန်တရားက မယုံကြည်နိုင်စရာကောင်းလှသည်။
အဘယ့်ကြောင့်ဆိုသော် သူပျောက်ကွယ်သွားသည်မှာ နှစ်တစ်ထောင်ရှိသွားခြင်း ဖြစ်သည်။
ထိုအမှန်တရားက ရွှီချင်းကို တုန်လှုပ်သွားစေသည်။ စိုးရိမ်ကြောင့်ကြမှုနှင့် ကြောက်ရွံ့မှုက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။
ထို့ကြောင့် သူက စစ်မြေပြင်မှ ချက်ချင်း ထွက်သွားပြီး အမှတ်ငါးကြယ်တာရာစက်ဝန်းဆီသို့ လာရန် အတိတ်မှာ သူအသုံးပြုခဲ့သော နည်းလမ်းအတိုင်း ဝမ်ကူးကုန်းမြေဆီသို့ ပြန်သွားသည်။
လမ်းတစ်လျှောက်၌ ဝမ်ကူးကုန်းမြေက မည်သို့ပြောင်းလဲသွားနိုင်ကြောင်း သူမတွေးကြည့်ဝံ့ချေ။
နှစ်တစ်ထောင်…
သူက နှစ်တစ်ထောင် နောက်ကျသွားခဲ့သည်။
ယင်းက ဝမ်ကူးကုန်းမြေ၏ ကောင်းကင်ပေါ်တွင် သူမထွက်ပေါ်လာခင်အထိ ကြာမြင့်ခဲ့သည်။
သူ၏ မျက်လုံးထဲမှ အလင်းရောင်က မှေးမှိန်သွားသည်။
ဝမ်ကူးကုန်းမြေသည် သူမထွက်သွားခင်ကနှင့် လုံးဝခြားနားသွားသည်။
နတ်ဘုရားများက နေရာတိုင်းမှာ အုပ်စိုးနေကြသည်။
လူသားမျိုးနွယ်က ဖျက်ဆီးခံလိုက်ရသည်။
နွေဦးထွက်ခွာဧကရီ၏ အရိပ်အယောင်ကို မမြင်တွေ့ရချေ။
သူက လူသားမျိုးနွယ်၏ ဘိုးဘေးကုန်းမြေနှင့် ဟွမ်ကောင်းကင်ဘုံ၏ ဝင်ပေါက်ဆီသို့ သွားရောက်ခဲ့သည်။ ထိုနေရာက အပိုင်းပိုင်းအစစ ပြိုကွဲပျက်စီးနေသည်။
သူက အဆုံးမဲ့ပင်လယ်၏ အောက်ခြေတွင် နစ်မြှုပ်ခံထားရသော နန်းဟွမ်ကုန်းမြေဆီသို့ သွားရောက်ခဲ့သည်။
ဟွမ်ယန်က သေဆုံးသွားသည်။
ယင်းတို့အားလုံးကို မြင်လိုက်ရသောအခါ ရွှီချင်းက နှုတ်ဆိတ်သွားသည်။
ယင်းက သက်ပြင်းချသံတစ်သံ သူ၏ နားထဲသို့ ပဲ့တင်ထပ်လာသည်အထိ ကြာမြင့်ခဲ့သည်။
ထိုသက်ပြင်းချသံက သူနှင့် ရင်းနှီးကျွမ်းဝင်သည်။
ရွှီချင်းက တိတ်တဆိတ် အနောက်လှည့်လိုက်ပြီး သူ့ဘေးတွင် ထွက်ပေါ်လာသော အဖွားအိုကို ကြည့်လိုက်သည်။
ထိုအဖွားအို၏ အသွင်သဏ္ဍာန်က သူနှင့် အနည်းငယ် ရင်းနှီးကျွမ်းဝင်ပုံပေါ်သည်။ ထို့ပြင် ညှိုးနွမ်းခြောက်သွေ့နေသော လိပ်ပြာတစ်ကောင်က အဖွားအို၏ ဘေးတွင် လှည့်ပတ်ပျံသန်းနေသည်။
“ ဆရာမသေဆုံးခင်… အတိတ်မှာ နင်က ဝမ်ကူးကုန်းမြေကနေ ဘယ်လို ထွက်ခွာရမလဲဆိုတာ သူ့ကို မေးခဲ့တယ်လို့ ဆရာပြောခဲ့တယ်… ပြီးတော့ အချိန်မီ နင်ပြန်ရောက်လာလိမ့်မယ်လို့ သူပြောခဲ့တယ် ”
“ အခု နှစ်တစ်ထောင်ကုန်ဆုံးသွားပြီ… နင် အရမ်းနောက်ကျသွားပြီ… ”
“ နင်ပြန်ရောက်လာပေမဲ့… အဲ့ဒါက ဘာအဓိပ္ပာယ်မှ မရှိတော့ဘူး ”
ထိုအဖွားအိုသည် အတိတ်၌ နွေဦးအင်မော်တယ်နန်းတော်မှ နန်းတော်သခင်၏ တပည့်မဖြစ်သော လိပ်ပြာလေး ဖြစ်သည်။