← Chapters

အလုပ်သင်တစ်ဦးအတွက် အခွင့်အလမ်းတစ်ခု

Vol. 4 Ch. 47

အလုပ်သင်တစ်ဦးအတွက် အခွင့်အလမ်းတစ်ခု

Vol. 4 Ch. 47

“ ဧရာမဆေးဝါးကုမ္ပဏီက ဆိုလာစနစ်အတွင်းမှာ ကျော်ကြားတဲ့ မျိုးဗီဇဆေးရည် ထုတ်လုပ်တဲ့ကုမ္ပဏီတစ်ခုပါ။ သူတို့က ဆေးဝါးတွေနဲ့ ဆေးရည်တွေကို အထူးဖော်စပ်ပြီး အလွန်ကိုပဲ ဘဏ္ဍာရေးက တောင့်တင်းပါတယ်။ သူတို့ရဲ့လုပ်ငန်းတွင်း တိုးတက်မှုက တခြားသော လုပ်ငန်းစုတွေထက်သာလွန်ပါတယ်။ ဒီကုမ္ပဏီက မားစ်

ဂြိုလ်ပေါ်က ရှီထိုက်မြို့မှာရှိနေပြီး လက်ရှိမှာ မျိုးဗီဇပညာရှင်အလုပ်သင်တွေ ခေါ်ယူနေပါပြီ။ အခု....နေရာခြောက်ဆယ်စာရှိနေပြီး ထူးချွန်သူတွေကို ဝန်ထမ်းအဖြစ် ခန့်ထားမှာပါ။ စိတ်ဝင်စားသူတွေက ကျေးဇူးပြုပြီး

လင့်ခ်ကိုနှိပ်ပေးကြပါ။ အခြေခံလစာကတော့ ကြယ်ဒင်္ဂါး 50,000 ပါ ”

ဤသည်မှာ ဆိုလာစနစ်အတွင်း ထိပ်တန်းခေါ်ယူစုဆောင်းရေး website တစ်ခုဖြစ်သည့် ကြယ်စင်စုဆောင်းရေး website အတွင်းတွင် တင်ထားသည့် ဝန်ထမ်းခေါ်ယူသည့်ကြော်ငြာတစ်ခုဖြစ်သည်။ ဤပို့စ်ကို ပထမစာမျက်နှာတွင် ပင်ပို့စ်ထားထားခြင်းဖြစ်ပြီး

မဖြုတ်ရသေးသည်မှာ နှစ်လရှိပြီဖြစ်သည်။ နေရာအရေအတွက်မှာ

အပြည့်မဖြစ်သေးသည်မှာ သိသာလေသည်။

၎င်းသည် မျိုးဗီဇပညာရှင် အလုပ်သင်သာဖြစ်သော်လည်း ထိပ်တန်းအလုပ်အကိုင်တစ်ခုဖြစ်နေဆဲပင်။ ထိုသို့ မြင့်မားသောဝင်ခွင့် အတားအဆီးကြောင့် လူအများအပြား ဝင်ခွင့်ရလိမ့်မည်မဟုတ်ချေ။

ထို့အပြင်....မျိုးဗီဇဆေးရည်များ ထုတ်လုပ်ခြင်းသည် အသေးငယ်ဆုံး အချက်အလက်ထိ သေချာတိကျနေရမည့်အလုပ်ဖြစ်ကာ အနည်းငယ် လွဲချော်သွားသည်နှင့် ဆေးအာနိသင်ကို အကြီးကြီးလျှော့ကျသွားစေခြင်း သို့မဟုတ် လုံးလုံး အသုံးမဝင်ဖြစ်သွားသည်ထိ ဖြစ်သွားနိုင်ပေသည်။

ဤကဲ့သို့ အခြေအနေများကို ဖုန့်လင်း အနက်ရောင်မိုက်ခရိုချစ်ပ်အတွင်းမှ မှတ်တမ်းထဲတွင် ကိုယ်တိုင်မြင်ဖူးထားလေသည်။

သုတေသနမှတ်စုထဲတွင် အိုင်ရော့စ်လင်ကိုလ်း အမည်ရသည့် မျိုးဗီဇသုတေသီသည် သွေးဆူပွက်ခြင်းအာဟာရဆေးဝါးကို ဖန်တီးရန်ဆိုသည့် သူ့ရည်ရွယ်ချက်ကို အကြိမ်တစ်ထောင်မက ကျရှုံးခဲ့လေသည်။ သူနောက်ဆုံးတွင် အောင်မြင်ခဲ့သလား မအောင်မြင်ခဲ့ဘူးလားကို ဖုန့်လင်းမသိခဲ့ပေ။

ဤအလုပ်သည် လိုအပ်ချက်မြင့်မားလှသည့်အတွက် လူတစ်ယောက်ကို ကျောချမ်းသွားစေနိုင်သည်။

ထို့ကြောင့် ဧရာမဆေးဝါးကုမ္ပဏီ၏ အခြေအနေများသည် အလွန်ကောင်းမွန်ကာ ဆိုလာစနစ်ကြီးသည် အလွန်ကျယ်ပြောသော်ငြား နေရာများသည် နှစ်လကြာသည်အထိ မပြည့်သေးပေ။ ဤအချက်မှနေ၍ ဝင်ခွင့်အတွက် သတ်မှတ်ချက်များက အလွန်ခက်ခဲမည်ကို သိနိုင်လေသည်။

ဖုန့်လင်း ၎င်းကို ကြိုးစားကြည့်ချင်ခဲ့သည်။

မားစ်ဂြိုလ်က ရှီထိုက်မြို့လား။

မားစ်ဂြိုလ်သည် အတန်ငယ်ဝေးသော်လည်း ဤသည်မှာ ရှေးဟောင်းကမ္ဘာမြေခေတ်မဟုတ်တော့ချေ။ ဂြိုလ်အချင်းချင်း ခရီးသွားမှုများသည် လက်ရှိတွင် သာမန်သာ ဖြစ်လာပြီဖြစ်သည်။

မားစ်ဂြိုလ်သည် အနည်းဆုံး ဆိုလာစနစ်အတွင်းတွင်သာရှိနေသေးသည်။ ၎င်းသည် ကမ္ဘာမြေနှင့် အနီးဆုံး ဂြိုလ်တစ်ခုဖြစ်သည်။ ဂျူပီတာဂြိုလ်၊ မြွေဘုရင်ဂြိုလ်၊ အင်းဆက်မျိုးနွယ်ဂြိုလ်တို့ဖြင့် နှိုင်းယှဉ်ရပါက...မားစ်ဂြိုလ်သည် အများအပြား ပိုမိုကောင်းမွန်လေသည်။

ထို့အပြင် ခရီးသည်တင်အာကာသလွန်းပျံယာဉ်များ၏ တည်ရှိမှုသည် ထို့မျှသေးငယ်သည့် အကွာအဝေးအား

ထည့်တွက်နေမည်မဟုတ်ချေ။

ရှီထိုက်မြို့အကြောင်းကို သူသိသည်။

လူသားမျိုးနွယ်သည် မားစ်ဂြိုလ်ပေါ်တွင် စတင်ဖွံ့ဖြိုးလာသည့် အချိန်တွင် မားစ်ဂြိုလ်သည် ရေပင် မရှိသည့် ပျက်စီးယိုယွင်းနေသော ဂြိုလ်တစ်ခုသာရှိသေးသည်။ ကြမ်းတမ်းသောလေက မကြာမခဏတိုက်ခတ်နေသည်။ ၎င်းသည် သက်ရှိတို့အတွက် မသင့်တော်သော ကျက်တီးမြေတစ်ခုသာ ဖြစ်သည်။

မားစ်ဂြိုလ်၏ ပေါများသော လေစွမ်းအင်ကို အကောင်းဆုံးအသုံးပြုရန် ထိုနေရာကို စူစမ်းလေ့လာခဲ့သည့် အစောဆုံးသော ဦးဆောင်ခြေချသူတို့က ထိန်းချုပ်ဖောက်ခွဲရေးပစ္စည်းများကို သုံးကာ တောင်ကြီးတစ်ခုကို ခါးလယ်ပိုင်းလောက်မှ ချေမွပျက်စီးစေခဲ့ကြသည်။ တောင်၏ အကြွင်းအကျန်များသည် အလွန်အရွယ်အစားကြီးမားသော ကျောက်တုံးစင်မြင့်ကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထို့နောက် သူတို့သည် မားစ်ဂြိုလ်ပေါ်ရှိ ပထမဆုံးမြို့ကို ထိုကျောက်တုံးပေါ်တွင် တည်ဆောင်ခဲ့ကြသည်။ ထိုမြို့သည် ရှီထိုက်မှလွဲ၍ တခြားမဟုတ်ပါချေ။

ထိုနေရာတွင် မြို့တစ်ခုတည်နိုင်သည်ဆိုကတည်းက ထိုနေရာတွင် ပြဿနာတစ်စုံတရာရှိမည်မဟုတ်ချေ။ ဖုန့်လင်း နှလုံးသားထဲတွင် စိတ်လှုပ်ရှားသွားခဲ့လေသည်။

တစ်လတွင် ကြယ်ဒင်္ဂါး 50,000 ပေးသည်မှာ အလွန်ရက်ရောသည်ဟု မှတ်ယူရမည်ဖြစ်သော်လည်း ထိုသည်မှာ သူ တကယ်ဂရုစိုက်သည့် အရာမဟုတ်ချေ။

သူဂရုစိုက်သည့်အရာမှာ ဧရာမဆေးဝါးကုမ္ပဏီသည် နံပါတ်တစ် မျိုးဗီဇဆေးဝါးထုတ်လုပ်သည့်ကုမ္ပဏီဖြစ်နေခြင်းပင်။ အကယ်၍ သူသာ ထိုနေရာတွင် အလုပ်သင်လုပ်နိုင်ပါက အချို့သော စနစ်တကျလုပ်ကိုင်သည့် မျိုးဗီဇပညာရှင်တို့၏ အသိပညာတို့ကို လေ့လာကောင်းလေ့လာနိုင်လိမ့်မည်ဖြစ်သည်။

သူ ကျောင်းဆက်တက်ရန် လိုဦးမည်လား။

ဖုန့်လင်ကတော့ လိုလိမ့်မည် ဟု မခံစားရပေ။

အသက်စွမ်းအင် 3.3 ဖြင့်ဆိုလျှင် ကမ္ဘာမြေအထက်တန်းကျောင်းတွင် ထိပ်တန်း တစ်ယောက်ဟု မှတ်ယူရပေလိမ့်မည်။ ထိုနေရာတွင် သူသင်ယူနိုင်မည့်အရာ နောက်ထပ်မရှိတော့ချေ။ မည်သည့်အတွက်ကြောင့်နှင့် ထိုနေရာသို့သွားကာ အချိန်ဖြုန်းနေရမည်နည်း။

ထို့နောက် သူလုပ်စရာရှိသည့်အရာမှာ ကောလိပ်စာမေးပွဲအတွက် စိတ်ရှည်စွာ စောင့်စားရန်သာဖြစ်သည်။

သူ့အတန်းပိုင်က သေဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ ဖုန့်လင်း တစ်ခဏမျှ ထွက်ခွာရန် ခွင့်တောင်းမည်ဟု ဆုံးဖြတ်ထားပြီးဖြစ်သည်။

ကျင့်ကြံခြင်းသည်သာ အခြေခံကျဆုံးဖြစ်သည်။

သူအနေဖြင့် အရည်အချင်းစစ်စာမေးပွဲကို ဖြတ်ကျော်ပြီးဖြစ်သည်။ ကျောင်းက သူ့အား ကောလိပ်စာမေးပွဲတွင် ပါဝင်ရန် တားနိုင်ဦးမည်လား။

သိထားရမည်မှာ အထက်တန်းကျောင်းတစ်ခုသည် ဝင်ခွင့်စာရင်းသွင်းနှုန်းမှာ အဓိက ဦးစားပေးဆိုသည်ပင်။ အဆင့်ကောင်းကောင်းဖြင့် ကျောင်းသားတစ်ဦးသည် သဘာဝအားဖြင့် သူတို့လိုချင်ကြသည့် ရတနာတစ်ခုဖြစ်သည်။

ဖုန့်လင်း၏ လက်ရှိခွန်အားဖြင့်ဆိုပါက သူသည် ကျောင်းမှပျိုးထောင်ထား

သည့် ထိုပါရမီရှင်များနှင့် ကွာမည်မဟုတ်တော့ချေ။ သူ့အဆင့်အတန်းသည် ထိုမျှဖြစ်နေသည့်အတွက် အထူးအခွင့်အရေးရမည်မှာ မထူးဆန်းပေသည်။

ဤအချက်နှင့်ပတ်သတ်၍ ဖုန့်လင်း ကိစ္စများကို ကောင်းစွာ ထိန်းညှိနိုင်လေသည်။ သူ မည်သို့မျှ စိတ်မပူချေ။ လက်ရှိတွင် သူလုပ်စရာရှိသည်မှာ အလုပ်သင်ရာထူးအတွက် နောက်လာ

မည့် အင်တာဗျူးတွင် အလေးအနက်ထား ဆင်ခြင်သုံးသပ်ရန်သာဖြစ်သည်။

ဤအခွင့်အရေးသည် အလွန်ရှားပါးလှသည်။ ထို့ကြောင့် သူ လွဲချော်၍မရချေ။

ဖုန့်လင်းသည် မည်သည့်အရာဖြစ်နေပါစေ ဤအလုပ်ကို ရရန် ဆုံးဖြတ်ထားသည်။ တစ်ခုတည်းသော ပြသနာမှာ အင်တာဗျူးကို ကျော်ဖြတ်နိုင်ရန်သာဖြစ်သည်။ ခိုးဝင်ရန် ဆန္ဒရှိသည့်လူများအတွက်တော့ ၎င်းသည် လုံးဝမဖြစ်နိုင်ချေ။

ဤသည်ကို သူ အလေးအနက်ထားသည်မှာ သဘာဝပင်။ ဖုန့်လင်း သူ့ကျင့်ကြံခြင်းကို ခေတ္တရပ်တန့်ထားရန် ဆုံးဖြတ်လိုက်ပြီး သူ့တွင်ရှိနေသည့် သုတေသနမှတ်စုကို ပြန်လည်ပြင်ဆင် လေ့လာနေလိုက်သည်။

မနေနိုင်စွာဘဲ ပြောရမည်ကတော့ သုတေသနမှတ်စုအတွင်းမှ အချက်အလက်မှတ်တမ်းတို့သည် အလွန်အမင်း အသေးစိတ်ကျနေခဲ့သည်။ ကြယ်ဒင်္ဂါး 40,000ဖြင့် ဝယ်လိုက်ရသည်ကို မတန်ဘူးဟု သူ မထင်မိချေ။

မိုက်ခရိုချစ်ပ်အတွင်းရှိ အချက်အလက်များကို သူ့ရှေ့တွင် ရှင်းရှင်းလင်းလင်း ပြသထားလေသည်။ အမျိုးအမျိုးသော ဆေးရည်တို့၏ ရောနှောဖော်စပ်သည့်အဆင့်များကို အခြေခံကျသည့်အဆင့်များအဖြစ်ခွဲထုတ်လိုက်ပြီး လိုရင်းကျသော ရှင်းလင်းချက်များဖြင့် ရှင်းပြထားခဲ့သည်။ လိုအပ်သည့်ပါဝင်ပစ္စည်းများ

နှင့် သူတို့၏ အသုံးပြုမှုအချိုးအစား အားလုံးတို့ကို ရှင်းလင်းစွာ ဖော်ပြထားခဲ့သည်။

အသက်စွမ်းအင် တိုးလာသည်နှင့် ခွန်အားနှင့် အရှိန်တိုးလာခြင်း ဆိုသည့် အကျိုးမျှလောက် မရိုးရှင်းပေ။ သူတို့၏ ဦးနှောက်သည် ပိုမို တက်ကြွလာသည်နှင့်အမျှ သူတို့အတွေးမြန်နှုန်းများကလည်း တိုးလာမည်ဖြစ်ပြီး မှတ်မိနိုင်စွမ်းသည်လည်း တိုးလာပေလိမ့်မည်။

ဆေးဝါးဖော်မြူလာများ၊ ၎င်းတို့ကို တစ်ဆင့်ခြင်းထုတ်လုပ်သည့် ဖြစ်စဉ်များ၊ ပါဝင်ပစ္စည်းများ ထည့်သည့် အချိန်အတိအကျ စသည့် အနက်ရောင်မိုက်ခရိုချစ်ပ်အတွင်းတွင် ပါရှိသည့် အရာများကို ဖုန့်လင်း လျင်မြန်စွာ မှတ်သားနေခဲ့သည်။

သနားစရာကောင်းသည်မှာ သူ့ထံတွင် လက်တွေ့ အတွေ့အကြုံရနိုင်ရန် စက်ပစ္စည်းများနှင့် ဆေးဝါးဖော်စပ်ရန် ပါဝင်ပစ္စည်းများ မရှိခြင်းဖြစ်သည်။

သူ ထိုအကြောင်းကို မေ့ထားခဲ့ကာ အသေးစိတ်အချက်အလက်များအား ကျက်မှတ်နိုင်ရန် အကောင်းဆုံးကြိုးစားနေခဲ့သည်။ နောက်ဆုံးတော့ သူ၏ စွမ်းရည်ကို အင်တာဗျူးသူများရှေ့တွင် ပြသနိုင်ရန်သာ မူတည်တော့သည်။ သူသာ ကြီးကြီးမားမား အမှားများ မပြုလုပ်မိပါက ပြဿနာ တစ်စုံတစ်ရာရှိမည်မဟုတ်ပေ။

ထို့နောက်တွင် ဖုန့်လင်းသည် ကိုယ်ရေးအကျဉ်းတစ်ခုကို အလေးအနက်ထား ရေးလိုက်ကာ ၎င်းကို ဧရာမဆေးဝါးကုမ္ပဏီ၏ အီးမေးလ်ဘောက်စ် သို့

အီးမေးလ်ဖြင့် ပို့လိုက်သည်။

တစ်နာရီကြာပြီးနောက်တွင် ကုမ္ပဏီမှ သူ့ကို အင်တာဗျူးရန် စီစဉ်လိုကြောင်း စာပြန်လာခဲ့သည်။

ထိုမျှ အချိန်တိုအတွင်း အကြောင်းပြန်လာသည်ကို ကြည့်ခြင်းဖြင့် သူတို့အနေဖြင့် သူတို့ ကမ်းလှမ်းထားသော အရည်အချင်းရှိ အလုပ်သင်များကို အမှန်ပင် လိုအပ်နေကြောင်း သိရှိနိုင်သည်။

“ ပုံရိပ်ယောင် အင်တာဗျူးလား? ” ဖုန့်လင်း ထိုကိစ္စက အနည်းငယ် ပြဿနာရှိသည်ကို ခံစားလိုက်ရသည်။

ကြယ်တာရာခေတ်၏ နည်းပညာပိုင်းသည် အလွန်အမင်း တိုးတက်ဖွံ့ဖြိုးနေပြီး ကြယ်တာရာweb ကို ဝန်းရံထားသည့် ကွန်ရက်ပွိုင့်များ ရှိနေလေသည်။ ရိုးရှင်းစေရန်အတွက်

အင်တာနက်ကို ကြယ်ကွန်ရက်ဟု ရည်ညွှန်းထားလေသည်။

ဒီဂျစ်တယ် နည်းပညာကို သုံးကာ ပုံရိပ်ယောင်စကြာဝဠာတစ်ခုဖန်တီးထားခဲ့သည်။ လူသားတို့သည် ပုံရိပ်ယောင်ကိရိယာများ သုံးကာ ကြယ်ကွန်ရက်တွင် လွတ်လပ်စွာ လှုပ်ရှားသွားလာ ဆောင်ရွက်နိုင်သည့် ပုံရိပ်ယောင်ခန္ဓာကိုယ်တစ်ခု ဖန်တီးနိုင်သည်။

ပုံရိပ်ယောင် အင်တာဗျူးသည် ကြယ်ကွန်ရက်တွင် ကျင်းပမည်မှာ သံသယဖြစ်စရာမလိုပါချေ။ သူတို့သည် သူ့အား ပုံရိပ်ယောင်ကိုယ်ပွားတစ်ခုအား ဖန်တီးစေပြီး မျက်နှာချင်းဆိုင် အင်တာဗျူးလိုခြင်းဖြစ်သည်။

ဖုန့်လင်းကို ပြဿနာတက်စေသည့်အရာသည် ပုံရိပ်ယောင် အသုံးအဆောင် ပစ္စည်းများသည် အလွန်အဖိုးတန်ပြီး စျေးကြီးသည့်အချက်ဖြစ်သည်။ သူ့အိမ်တွင် ထိုပစ္စည်းများရှိမနေပါချေ။ ထိုအပြင် နေရာသည် ကျဉ်းလွန်းလှသဖြင့် ဆံ့မည်မဟုတ်ချေ။

အခြား နည်းလမ်းမရှိတော့သည့်အတွက် ဖုန့်လင်း ပုံရိပ်ယောင်

အင်တာနက်ကဖေးသို့သွားရန်သာ တတ်နိုင်သည်။ ထိုကဲ့သို့သော အင်တာနက်ကဖေးများသည် သူတို့အိမ်တွင် ပုံရိပ်ယောင်ကိရိယာများ မရှိသူများအား ပုံရိပ်ယောင်ကိုယ်ပွားကို အသုံးပြုနိုင်ပြီး ကြယ်ကွန်ရက်ကို ချိတ်ဆက်နိုင်ရန် တည်ဆောက်ထားခြင်းဖြစ်သည်။

ဖုန့်လင်း သူ့အိမ်မှ ထွက်လာခဲ့ပြီး မကြာမီတွင် အနီးနားရှိ အင်တာနက်ကဖေးတစ်ခုကို တွေ့လိုက်သည်။

အင်တာနက်ကဖေးဟူသည့် အသံသည်အထင်ကြီးလောက်စရာမရှိသော်လည်း အမှန်တွင် ဆယ်ထပ်ကျော် မြင့်မားသော ခမ်းနားသည့်အဆောက်အဦးတစ်ခုဖြစ်သည်။ ဖုန့်လင်း ဓာတ်လှေကားမှ ထွက်လိုက်ကာ သူသွားမည့် အထပ်သို့ ဝင်လိုက်သည့်အခါတွင် အသက်ကယ်အာကာသယာဉ်လေးများကဲ့သို့ ပုံရိပ်ယောင် အခန်းငယ်လေးများ အများအပြားကို တွေ့လိုက်ရသည်။

လူတစ်ယောက်က ပုံရိပ်ယောင် အခန်းငယ်ထဲသို့ ဝင်လိုက်သည်နှင့် သူတို့၏ အာရုံကြောများသည် ကိရိယာများနှင့် ချိတ်ဆက်သွားကာ ပုံရိပ်ယောင်စကြာဝဠာသို့ ဝင်ရောက်နိုင်လိမ့်မည်။

ပုံရိပ်ယောင် စကြာဝဠာအတွင်း ခံစားချက်များနှင့် အာရုံခံစားမှုများကို 100%အထိ တုပ ဖန်တီးနိုင်သည်။ ဟုတ်ပါတယ်။ သင်အနေနဲ့ အာရုံခံစားနိုင်မှုကို 60% သို့မဟုတ် 0% ထိလျှော့ချနိုင်ပေသည်။ သင်လုပ်ချင်သည့်အရာတိုင်း သင်လုပ်နိုင်သည်။

သို့သော် သဘာဝအားဖြင့် အာရုံခံစားနိုင်စွမ်းတုပမှုကို လျှော့ချလိုက်ပါက အရာရာသည် လက်တွေ့ဖြင့် နှိုင်း

ယှဥ်ပါက ကွာခြားသွားမည်ဖြစ်သည်။

ပုံရိပ်ယောင်စကြာဝဠာအတွင်း ဝင်ရောက်ခြင်းသည် သာမန်သာဖြစ်သော်လည်း ဖုန့်လင်းအနေနဲ့တော့ အချိန်အတော်ကြာထိ ရှင်သန်နေထိုင်ပြီးတိုင်အောင် ဤသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ အဆုံးတွင် သူ့မိသားစု၏ နောက်ခံသည် အလွန်ဆင်းရဲလှပြီး ဗိုက်ပြည့်နေသရွေ့ ကျေနပ်နေပြီဖြစ်သည်။ သူတို့အတွက် ပုံရိပ်ယောင် စကြာဝဠာအတွင်း ဝင်ရောက်ရန် တွေးကြည့်၍ပင် မရနိုင်ခဲ့ချေ။

ထို့နောက်တွင် ဖုန့်လင်းသည် ကြယ်ဒင်္ဂါး ၁၀ ပြားပေးကာ ပုံရိပ်ယောင် အခန်းငယ်အတွက် ကြိုတင်စာရင်းပေးလိုက်သည်။ သူ သီးခြားနေရာတစ်ခုရှိ ပုံရိပ်ယောင် အခန်းငယ်ကို ရွေးချယ်လိုက်ကာ ဝင်ရောက်လိုက်သည်။

အေးစက်နေသည့် သတ္ထုဝိုင်ယာကြိုးများက သူ့အာရုံကြောများနှင့် ချိတ်ဆက်လို့သွားသည်။ ထိုးဖောက်ဝင်လာသည့် နာကျင်မှုအနည်းငယ်ကို ခံစားလိုက်ရသော်လည်း နောက်တစ်ခဏတွင် အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။

ဘက်ဇ်ဇ်!

စူးရှသည့် တုန်ခါသံတစ်ခုသည် သူ့နားထဲတွက် မြည်ဟီးသွားခဲ့သည်။

ရောင်စုံ မီးပွားများက ကြယ်ပျံများအလား သူ့မြင်ကွင်းတွင် ဖြာထွက်နေကြသည်။ သူ့ခန္ဓာကိုယ်က အောက်ခြေမရှိသည့် လှိုဏ်ခေါင်းကြီးအတွင်းကို အရှိန်ပြင်းပြင်း ထိုးဆင်းသွားသည့်အလားခံစားလိုက်ရသည်။

ထိုအထိအတွေ့ခံစားချက်သည့် မခံမရပ်နိုင်လောက်သည့်အထိ ခံစားရလေသည်။ ဒေတာ စီးကြောင်းများက သူ့စိတ်ထဲသို့ ပင်လယ်ဒီရေအလားစီးဝင်လာပြီး မနိုင်ဝန်ထမ်းမှုကြောင့် ပေါက်ကွဲထွက်သွားတော့မည့်အတိုင်းပင်။

သို့သော် ဤသည်မှာ သူ၏ ခန္ဓာကိုယ်သည် ပုံရိပ်ယောင်စကြာဝဠာနှင့် ပထမဆုံးအကြိမ် ချိတ်ဆက်သည့်အတွက် ဖြစ်ပေါ်လာသည့် ပြင်းထန်သည့် တုံ့ပြန်မှုသာဖြစ်ကြောင်း နာလည်လိုက်သည်။

သူ အထိတ်တလန့်ဖြစ်မနေဘဲ သူ့ တည်ငြိမ်မှုကို ထိန်းသိမ်းလိုက်ကာ အလျင်အမြန်ပင် သူ့ခံစားမချက်တို့ကို ချိန်ညှိလိုက်သည်။ လျင်မြန်စွာ ကျ နေသည့်အလား ခံစားချက်က ရပ်တန့်သွားကာ သူ၏ ခြေဖျားတို့က ခိုင်မာသော မြေပြင်ထက်တွင် ရပ်နေသည့်အလား ခံစားလိုက်ရလေသည်။

သူ့အာရုံတို့ပြန်ရသည့်အချိန်တွင်တော့ သူသည် အလွန်ကျယ်ပြောလှသည့် လောကကြီးထဲတွင် ရပ်နေခဲ့ပြီ ဖြစ်သည်။

All Chapters