← Chapters

ပုံရိပ်ယောင်စကြာဝဠာ

Vol. 4 Ch. 48

ပုံရိပ်ယောင်စကြာဝဠာ

Vol. 4 Ch. 48

“ ကြယ်တာရာ နိုင်ငံသား: ဖုန့်လင်း။ အသက်: 17။ ဆိုလာစနစ်ရဲ့ ကမ္ဘာ

ဂြိုလ်၊ ဟွာရှမြို့တော်မှ နိုင်ငံသားတစ်ယောက်။ ဒါက သင့်ရဲ့ ပထမဆုံးအကြိမ် ပုံရိပ်ယောင်စကြာဝဠာတွင်းဝင်ရောက်ခြင်းပါ။ ကျေးဇူးပြု၍ ပုံရိပ်ယောင် ID တစ်ခု ဖန်တီးပေးပါ ”

A.I ၏အသံသည် သူ့နားအတွင်း မြည်ဟီးသွားသဖြင့် သူ့ကို အသိဝင်သွားစေခဲ့သည်။

သူ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး သူလက်ရှိရောက်နေသည့်နေရာမှာ ကြယ်များဖြင့်တောက်ပနေသော အာကာသကြီး၏ အလယ်တွင် ဖြစ်ကြောင်း သိလိုက်သည်။ ကြယ်အစုအဝေးများက တောက်ပစွာလင်းလက်နေပြီး မရေ

မတွက်နိုင်သည့် ကြယ်ရောင်စုံဖြင့် ကြယ်မြစ်ကြီးက သူ့အနီးတွင် စီးဆင်းလို့နေခဲ့သည်။ နေရာတစ်ခုစီတိုင်းတွင် ကမ္ဘာအသစ်တစ်ခုစီရှိနေသည့်အလားပင်။ ဤအာကာသဟင်းလင်းပြင်ကြီးတွင် မရေမတွက်နိုင်သည့် ဖြစ်နိုင်ချေများဖြင့် ပြည့်နှက်နေသည်။

သူ၏ လေ့လာမှုများအရ လူတစ်ယောက်က ပထမဆုံးအကြိမ်အဖြစ် ပုံရိပ်ယောင်စကြာဝဠာကြားခံနယ်မြေကို ဝင်ရောက်လာတိုင်း ဤမြင်ကွင်း ဖြစ်ပေါ်လာမည်ကို နားလည်ထားခဲ့သည်။

ကြယ်တာရာခေတ်မှလူသားတို့အတွက်အာကာသ,ဆိုသည့် အတောမသတ်နိုင်အောင် ကျယ်ပြောလှသည့် စကြာဝဠာကြီးအတွင်းမှ အစစ်အမှန်ကမ္ဘာကြီးထဲတွင်သာ ကန့်သတ်ထားတော့သည်မဟုတ်ချေ။ ဒစ်ဂျစ်တယ် ပုံရိပ်ယောင်စကြာဝဠာသည်လည်း ရှိနေခဲ့သည်။

ပုံရိပ်ယောင်စကြာဝဠာသည် အစစ်အမှန် စကြာဝဠာကြီး၏ ဖွဲ့စည်းတည်ဆောက်ပုံကို အတူယူထားသော်လည်း လုံးဝ လုံးဝကွဲပြားပေသည်။

စကြာဝဠာအတွင်းရှိ ဆိုလာစနစ်များသည် မတူညီသော ဂြိုလ်အစုအဖွဲ့များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ပုံရိပ်ယောင်စကြာဝဠာတွင်မူ ဆိုလာစနစ်များသည် မတူညီသည့်ကမ္ဘာတစ်ခုဟု မှတ်ယူရပေလိမ့်မည်။

ရုပ်ရှင်များ၊ ဂိမ်းများ၊ အန်နီမေးရှင်းများ....အရာအားလုံးတို့ကို အတူတကွပေါင်းစပ်ထားလေသည်။ အစစ်အမှန်လောကတွင် လူသားတို့ စိတ်ကူးယဉ်နိုင်သည့်အရာအားလုံးတို့ကို ဒစ်ဂျစ်တယ်ဒေတာ အဖြစ်အသွင်ပြောင်းကာ ပုံရိပ်ယောင်ဖြစ်တည်မှုအဖြစ် ဖန်တီးထားသည်။ လူသားများသည် သူတို့ အလိုရှိသည့် မည်သည့်ကမ္ဘာကို မဆို ဝင်ရောက်နိုင်ပြီး သူတို့ လိုချင်သမျှကို ခံစားနိုင်ကြလေသည်။

ထို့ပြင် အချိန် အချိုးအစား တစ်ခုလည်း ရှိနေသေးသည်။ လက်တွေ့ဘဝတွင် တစ်နာရီသည် ပုံရိပ်ယောင်စကြာဝဠာတွင် တစ်ရက်မျှသာ ကုန်ဆုံးမည်ဖြစ်ကာ လူသားတို့အား ပိုမိုစွဲလမ်းစေသည်။

များပြားလှသည့် ကြယ်ပျံများက လျှပ်စီးလပ်နေသည့်အလား ကြွေကျနေကြသည်။ ထူးခြားအံ့ဖွယ် ဖန်တီးမှုများကို တွေ့လိုက်သည့်အတွက်

ဖုန့်လင်း၏ မျက်လုံးများ ကျဉ်းမြောင်း သွားခဲ့သည်။ ဧရာမနဂါးကြီးများ၊ ဇာ့ဂ်မျိုးနွယ်များ၊ အင်မော်တယ်ဓားပျံများ....စသည်တို့လည်း ရှိနေကြသည်။

ထိုအရာအားလုံးသည် မတူညီသည့်

ပုံရိပ်ယောင်လောကအတွင်း ရနိုင်သည့်အရာများဖြစ်ကြသည်။ အဆုံးတွင် ဤနေရာသည် မရေမတွက်နိုင်သည့် ဖြစ်နိုင်ချေများကို ပိုင်ဆိုင်ထားခဲ့ပြီး အရာအားလုံးတို့သည် စိတ်ကူးယဉ်များဖြစ်ကြသော်လည်း အစစ်အမှန်နှင့် ဆင်တူနေကြသည်။

စိတ်ကူးယဉ်မှုသည် သင့်ကို ကန့်သတ်မည့်အရာမဟုတ်ပေ။ ဤနေရာတွင် သင်လုပ်ချင်သည်ကို သင်လုပ်၍ရနိုင်သည်။ ဖုန့်လင်း ဆက်လက်လေ့လာရန် သူ့ကိုယ်သူ ဖြေလျော့ထားလိုက်သည်။

လက်တွေ့တွင် စကြာဝဠာကြီးရှိ မည်

သည့်နေရာကို သင်ရောက်နေသည် ဖြစ်ပါစေ သင် အွန်လိုင်းကွန်ရက်ကို ချိတ်ဆက်နိုင်သ၍ သင် ပုံရိပ်ယောင်

ဝက်ဘ်ကို အသုံးပြုနိုင်သည်။

ကြားဖူးထားတာနှင့် မျက်မြင်တွေ့ရတာက လုံးဝမတူညီချေ။

ဖုန့်လင်းကဲ့သို့သော ရှေးဟောင်းကမ္ဘာမြေခေတ်မှ ကမ္ဘာကူးပြောင်းလာသည့်လူမျိုးအတွက်မူ ဤမြင်ကွင်းက

အလွန်ရှော့ရစရာပင်။

ဤသည်မှာ မကြုံစဖူးတိုးတက်လာခဲ့သော ခမ်းနားသည့်ခေတ်တစ်ခုဖြစ်သည်။ ဤပုံရိပ်ယောင်စကြာဝဠာမှာ ကြယ်တာရာခေတ်မှ လူသားတို့ ဖန်တီးထားသည့်အရာဖြစ်သည်။

လူသားတို့သည် သူတို့၏ သိပ္ပံနည်းပညာများ ဖွံ့ဖြိုးတိုးတက်လာပြီး ပုံရိပ်ယောင်စကြာဝဠာတစ်ခုအထိ ဖန်တီးနေချိန်တွင် လက်တွေ့ဘဝတွင် တခြားသော ကမ္ဘာများနှင့် တိုက်ခိုက်အနိုင်ယူနေခဲ့ရသည်။

အစစ်အမှန်နှင့် ပုံရိပ်ယောင်စကြာဝဠာတို့နှစ်ခုလုံး၏ပေါင်းစည်းမှုသည် စကြာဝဠာကို ညီမျှစေပြီး လူသားလောက၏ အဓိကကိုယ်ထည်များဖြစ်ကြသည်။

ကြီးမားသည့်ကုမ္ပဏီကြီးများသည် လက်တွေ့လောကတွင် တည်ရှိရုံသာမကပေ။ သူတို့သည် ပုံရိပ်ယောင်စကြာဝဠာအတွင်းတွင်ပင် သန်မာသည့်လွှမ်းမိုးနိုင်စွမ်းတို့ရှိကြသည်။

ဤနေရာကို ဝင်ရောက်မကြည့်ခဲ့ပါက လူသားတို့၏ နည်းပညာများ မည်မျှထိတိုးတက်လာသည်ကို စိတ်ကူးကြည့်ရန် သူ့အတွက် အလွန်ခက်ခဲလှပေမည်။

အတိတ်တွင် သူသည် ရေတွင်းထဲမှ ဖားတစ်ကောင်မျှသာဖြစ်ခဲ့ကာ ကျင့်ကြံခြင်းကိုသာနအာရုံစိုက်ခဲ့ပြီး လောကကြီး၏တခြားသော အစိတ်အပိုင်းဖြစ်သည့် ပုံရိပ်ယောင်စကြာဝဠာကို လျစ်လျူ ရှုခဲ့ကြောင်းကို ပထမဆုံးအကြိမ်အဖြစ် ခံစားခဲ့ရသည်။

ကနဦးတွင် တုန်လှုပ်နေပြီးနောက်

ဖုန့်လင်း ပြန်လည်သက်သာလာခဲ့သည်။ သူ့တွင် အရေးကြီးသည့် အရာတစ်ခု လုပ်ဆောင်ရန် လိုအပ်နေသည့်အတွက် သူ့အချိန်ကို အကျိုးရှိအောင် အသုံးချရပေလိမ့်မည်။

ပုံရိပ်ယောင်အင်တာဗျူးက အချိန်မည်မျှကြာမည်ကို မည်သူသိမည်နည်း။ အကယ်၍ သူသာ အချိန်အများအပြားဖြုန်းမိသွားပါက အင်တာနက်ကဖေး၏ A.I မှ သူ့ကို အော့ဖ်လိုင်းဖြစ်သွားစေရန် တွန်းအားပေးခံရကောင်းခံရလိမ့်မည်ဖြစ်သည်။

ပုံရိပ်ယောင်စကြာဝဠာအတွင်းတွင် အရာအားလုံးဖြစ်နိုင်ပေသည်။ လက်တွေ့၌ လူများတွင် အမျိုးမျိုးသော ကန့်သတ်ချက်များရှိနေသည်။ သူတို့သည် အတောင်ပံများပေါက်လာကာ ပျံသန်းနိုင်ကြမည်မဟုတ်သလို၊ ပင်လယ်ကြီး၏ အနက်ရှိုင်းဆုံးနေရာထိလည်း ရေငုပ်နိုင်ကြမည်မဟုတ်ပေ။ ထို့ပြင် အချိန်ကာလ နှစ်တစ်သောင်း ကိုလည်း အချိန်ခရီးသွားနိုင်ကြမည်မဟုတ်ပေ။

သို့သော် ပုံရိပ်ယောင်စကြာဝဠာတွင် သင်အပိုဝန်ဆောင်မှုကြေးပေးနေသ၍ သင်လုပ်ချင်တာမှန်သမျှလုပ်နိုင်သည်။ မဖြစ်နိုင်သည်ဟူ၍ မရှိပေ။

ဤနေရာတွင် Avatar wotld, World of Warcraft, Naruto.... စသည့် မတူညီ

သည့်လောကများရှိနေလေသည်။

သင်နှင့် ချစ်ကြိုက်ရန်အတွက်လည်း မည်သည့်ရုပ်ရှင်ထဲမှ အဓိကဇာတ်ကောင်ကိုမဆို ရနိုင်ပေသည်။ သင်နှစ်သက်သည့် ဂိမ်းကို အဆင့်တိုင်းအတွက် အတွေ့အကြုံများလည်းရနိုင်လေသည်။ ထို့ပြင် Anime ဇာတ်လမ်းများထဲမှ သင်သွားချင်သည့်နေရာတိုင်းကိုလည်း သွားနိုင်သည်။

ထို့ကြောင့် လူအများအပြားသည် အဆက်မပြတ် စွဲလမ်းနေကြပြီး ပျင်းရိလာသည်ဟူ၍ မရှိကြပေ။ သူတို့သည် အတုအယောင်နှင့် အစစ်အမှန်ကြားတွင် လုံးမခွဲခြားနိုင်သည်အထိ အပြည့်အဝ နှစ်မျောနေကြသည်။ သူတို့သည် အနားယူရန်မေ့သည်အထိ ပုံရိပ်ယောင်စကြာဝဠာထဲတွင် နေရောညပါ အချိန်ကုန်ဆုံးနေတတ်ကြလေသည်။

ရှေးဟောင်းကမ္ဘာမြေခေတ်မှ စကားစုအရဆိုပါက ပုံရိပ်ယောင်စကြာဝဠာသည် ကောင်းကင်ဘုံကိုးခုထိ ပျံဝဲနိုင်လေသည့် အင်မော်တယ်တစ်ယောက်ဖြစ်လာနိုင်သည့်နေရာတစ်ခုဖြစ်သည်။

လူများကို လက်တွေ့ဘဝကို လျစ်လျူ ရှုထားသည်အထိ စွဲလမ်းလွန်လှသည့် Otaku များဖြစ်လာခြင်းမှ ကာကွယ်ရန်အတွက် ပုံရိပ်ယောင်စကြာဝဠာအတွင်းတွင် တားမြစ်ဥပဒေများ ထားရှိထားလေသည်။

ပုံရိပ်ယောင်စကြာဝဠာအတွင်း ဝင်ရောက်သည့် လူသားတို့အတွက် အွန်လိုင်းအချိန်ကန့်သတ်ချက်သည် တစ်ကြိမ်လျှင် ခြောက်နာရီထိသာဝင်နိုင်ပြီး တစ်နေ့တွင် ဆယ့်နှစ်နာရီအထိ ဝင်နိုင်သည်။ ထိုထက်ပိုပါက သူတို့သည် အော့ဖ်လိုင်းဖြစ်သည်အထိ တွန်းအားပေး ငြင်းပယ်ခံရကာ ပုံရိပ်ယောင်စကြာဝဠာသို့ နှစ်ဆယ့်လေးနာရီကြာပြီးမှသာ နောက်တစ်ကြိမ်ပြန်ဝင်၍ရနိုင်လေသည်။ သူတို့သည် လူတို့အား စွဲလမ်းခြင်းများဖြစ်မလာစေရန် တားဆီးလိုခဲ့ကြသည်။

လူအများအပြားသည် တားမြစ်ဥပဒေက ချီးကျူးထိုက်သည်ကို တွေ့ကြရလေသည်။ သို့သော် ထို ‘ပျံဝဲနေသည့် အင်မော်တယ်များ’ အတွက်မူ ထိုဥပဒေသည် ကောင်းကင်ဘုံမှ ဘေးဒုက္ခတစ်ခုသာ ဖြစ်လေသည်။ ထို့ကြောင့် လူများက ဤတားမြစ်ဥပဒေကို ‘ကောင်းကင်ဘုံကပ်ဘေး’ ဟူသည့် နာမည်ပြောင်ပေးထားကြလေသည်။

ထို့ကြောင့် ဖုန့်လင်းအနေနဲ့ သူ့အချိန်ကို အကျိုးရှိရှိအသုံးပြုချင်လေသည်။

ယုတ္တိကျကျဆိုရလျှင် သူအနေဖြင့် သူ၏ကိုယ်ပိုင်စနစ်စာမျက်နှာကို ဖွင့်လိုက်ကာ တည်နေရာ၏ကိုသြဒိနတ်ကို ဖြည့်သွင်းလိုက်ပြီး ထိုနေရာသို့ တည်နေရာရွှေ့ပြောင်းနိုင်သည်။ အရာရာသည် အလွန်အဆင်ပြေလှသည်။

သို့သော် သူမည်မျှပင် ဖြည့်သွင်းပါစေ တုန့်ပြန်မှုမရှိခဲ့ချေ။

သူအလွန် စိတ်ရှုပ်နေချိန်တွင် အီလက်စ်ထရောနစ် စက်ရုပ်သံကို သူ့နားထဲတွင်ကြားလိုက်ရပြီး သူ့အား တစ်ခုခုကို သတိရသွားစေသည်။

“ကျေးဇူးပြုပြီး သင်၏ ပုံရိပ်ယောင် Id ကို ဖန်တီးပေးပါ။ ကျေးဇူးပြုပြီး သင်၏ ပုံရိပ်ယောင် Id ကို ဖန်တီးပေးပါ။ ကျေးဇူးပြုပြီး သင်၏ ပုံရိပ်ယောင် Id ကို ဖန်တီးပေးပါ....”

လက်ရှိတွင် ဖုန့်လင်း ရယ်ရုံသာတက်နိုင်တော့သည်။ သူကား အလွန်တုံး

ပေသည်။ သူသည် ပထမဆုံးအကြိမ်အဖြစ် ပုံရိပ်ယောင်စကြာဝဠာအတွင်းသို့ဝင်ရောက်ခြင်းဖြစ်သည့်အတွက် နာမည်တစ်ခု မှတ်ပုံတင်ရမည်မှာ သဘာဝကျလေသည်။

သူတွေးကြည့်လိုက်ပြီး တစ်ခဏမျှ ချီတုံချတုံဖြစ်နေပြီးနောက် သူ နူးညံ့စွာရေရွတ်လိုက်သည်။

“ ဝူခုန်း ဆိုရင်ကော ”

“ ပုံရိပ်ယောင် Id လျှောက်ထားမှု အောင်မြင်ပါတယ်။ ဝူခုန်းကို ပုံရိပ်ယောင်စကြာဝဠာမှ ကြိုဆိုပါတယ် ”

ပုံရိပ်ယောင်စကြာဝဠာ၏A.I အသံက သူ့နားထဲတွင် ထွက်ပေါ်လာသည်။

“…” ဖုန့်လင်း ဆွံ့အသွားခဲ့သည်။ ထိုနာမည်ကို သူ၏ပထမဆုံးကြိုးစားမှုတွင်ပင် အောင်မြင်သွားမည်ဟု မျှော်

လင့်မထားခဲ့ချေ။

သူ၏ မျိုးဗီဇကျင့်ကြံခြင်းလမ်းစဉ်သည် စွန်းဝူခုန်းထံမှလာသည်မှာ သံသယဖြစ်စရာပင် မလိုချေ။ ထို့ကြောင့် သူ ဤနာမည်ကို တွေးမိခြင်းဖြစ်သည်။

ကြယ်တာရာခေတ်တွင် ကောင်းကင်ထက်မှ ကြယ်များကဲ့သို့ လူသန်းပေါင်းများစွာရှိပေသည်။ သင်လိုချင်သည့် အမည်ကို ရရန်မှာ မလွယ်ကူပါချေ။ ဤသည်မှာ ရှေးဟောင်းကမ္ဘာမြေခေတ်မှ စာရေးဆရာများ၏ ကလောင်အမည်များကဲ့သို့ပင်။ အသံထွက်ပိုကောင်းသည့် အမည်များသည် အစောကြီးကတည်းက အခြားသူများ ယူသုံးသွားခဲ့ကြပြီးဖြစ်သည်။ အမည် ဆယ်မျိုးထက်မက စဉ်းစားသည့်တိုင် ပုံရိပ်ယောင် Id တစ်ခုရရှိရန် ခက်ခဲပေသည်။ အဆုံးတွင် “I Eat Tomatoes” (ငါ ခရမ်းချဉ်သီးတွေ စားတယ်), “Chen Dong”(ချန်းတုံ), “Heavenly Silkworm Potato”(ကောင်းကင်ဘုံပိုးချည်မျှင်အာလူး).....စသည့် ထူးဆန်းသည့် အမည်တွေသာ ရွေးနိုင်ကြတော့သည်။

[(ထိုအရာအားလုံးသည် မဟာနတ်

ဘုရားအဆင့်ရှိ တရုတ်ဝတ္ထုရှည် စာရေးဆရာတို့၏ ကလောင်အမည်များဖြစ်ကြသည်)]

သူ ကံစမ်းကြည့်ရုံသာဖြစ်သော်လည်း သူ၏ပထမဆုံးကြိုးစားမှုတွင်ပင် အောင်မြင်သွားမည်ဟု မည်သူက ထင်မည်နည်း။ ဟီးဟီး....

ဤသည်မှာ မျှော်လင့်ချက်တွေထက်ပင် ကျော်လွန်သွားသည့် အခိုက်အတန့်တစ်ခုဖြစ်သည်။

အဆုံးတွင် ဒဏ္ဍာရီများနှင့် သမိုင်းများသည် ဤခေတ်တွင် ရှားပါးပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ ကြီးမြတ်သောမဟာသူတော်စင်

စွန်းဝူခုန်း၏ သမိုင်းမှာလည်း လူသားတို့၏ မေ့ပျောက်ခြင်းကိုခံထားရကာ

ဝူခုန်းဆိုသည့် စကားကို မည်သူကမှ သိမည်မဟုတ်ချေ။

လူတစ်ယောက်သည် ပုံရိပ်ယောင် Id တစ်ခုသာ ရနိုင်ပြီး ၎င်းကို ပြောင်းလဲ၍မရချေ။ ထို့ကြောင့် လူတိုင်းသည် သူတို့၏ Id ကို သေချာရွေးချယ်ကြရမည်ဖြစ်သည်။ မည်သူကမှ ကြုံရာအမည်တစ်ခုကို ရွေးကြမည်မဟုတ်ပါ။ ဖုန့်လင်း ထိုမျှအမြတ်ကြီးကြီးမားမား ရနိုင်လိမ့်မည်ဟု မည်သူက ထင်မည်နည်း။

ဖုန့်လင်း အလွန်ကံကောင်းသည်ဟုခံစားနေရသည်။ ထို့ပြင် အကြောင်းတချို့ကြောင့် ဤကံကောင်းမှုက သူ့အား မကြာမီလာမည့် အင်တာဗျူးအတွက် ယုံကြည်မှုပိုရှိလာစေသည်ဟု ခံစားနေရသည်။

“X: 263527;y: 678883;z: 1312321!”

ဧရာမဆေးဝါးကုမ္ပဏီမှ ပေးပို့လိုက်သည့် အင်တာဗျူးစာရွက်စာတမ်းအရ အကွာအဝေးကိုသြဒိနတ်များ ဖြည့်သွင်းလိုက်သည်။

နောက်တစ်ခဏတွင်ပဲ...သူ၏ မြင်ကွင်းက တုန်ခါသွားခဲ့ပြီး သူ့ပုံရိပ်က ကြယ်ရောင်အဖြစ် အသွင်ပြောင်းသွားကာ သူရပ်နေသည့်နေရာမှ ပျောက်ကွယ်သွားလေသည်။

လေဟာနယ်ကို မည်မျှအကွာအဝေးထိ ဖြတ်သန်းလာကြောင်း သူမသိခဲ့ချေ။ ဒေတာစာကြောင်းအကြောင်းလိုက် တော်တော်များများသည် ကြယ်အလင်းများကဲ့သို့ ဖုန့်လင်း၏ပုံရိပ်ဘေးပတ်ပတ်လည်တွင် ဖြတ်ပြေးနေကြသည်။

ကြီးမားသော ဂြိုလ်ကြီးတစ်လုံးက သူ့မျက်စိရှေ့တွေ ပေါ်လာခဲ့သည်။ လကဲ့သို့ ဂြိုလ်တုများက ဂြိုလ်အနီးတွင် လည်ပတ်နေပြီး ဧရာမဆေးဝါးကုမ္ပဏီဟူသော စကားလုံးတို့ကို အသွင်ဖော်ထားလေသည်။

ပုံရိပ်ယောင်စကြာဝဠာအတွင်းရှိ ဤပိုင်နက်ကို ဧရာမဆေးဝါးကုမ္ပဏီက ထိန်းချုပ်ထားသည်လော။

ပုံရိပ်ယောင်စကြာဝဠာအတွင်းရှိ ပိုင်နက်များသည် လက်တွေ့လောကကြီးနှင့် နှိုင်းယှဉ်၍မရသော်လည်း သူတို့ကို ငွေဖြင့် ဝယ်နိုင်ဆဲဖြစ်သည်။

ဒီဧရာမဆေးဝါးကုမ္ပဏီက တကယ်ပဲ တစ်ဂြိုလ်လုံးကို ပိုင်တယ်ပေါ့။ ဘယ်လိုတောင် အကြီးအကျယ် ချမ်းသာတာလဲ။

ဖုန့်လင်း၏ ခန္ဓာကိုယ်က နူးညံ့စွာ လွင့်မြောကျလာခဲ့သည်။ သူ..တင်ပါးများကို ခါယမ်းပြီး လျှောက်လာသည့် လှပသည့် ရုံးဝန်ထမ်းမိန်းကလေးတစ်ယောက်ကို တွေ့လိုက်လေသည်။ သူမ၏ ခြေတံသွယ်သွယ်လေးများသည် Catwalk အသွင်ဖြင့် လျှောက်လှမ်းလို့နေခဲ့သည်။ သူမ၏ ရွှေရောင်ဖျော့ဖျော့ဆံနွယ်များက တလက်လက်ထနေပြီး သူ့မျက်စိကို ကျိန်းသွားစေသလို၊ သူမမျက်လုံးတို့က သူ့နှလုံးသားကို ဂယက်ထသွားစေနိုင်သည်။ အမှန်တကယ် ထူးခြားလှသော သက်ရှိသတ္တဝါတစ်မျိုးပင်။

“ ရှင်က အင်တာဗျူးအတွက် ရောက်လာတဲ့ မစ္စတာဖုန့်မဟုတ်လား။ ကျေးဇူးပြုပြီး ကျွန်မနဲ့လိုက်ခဲ့ပေးပါ ”

ဖုန့်လင်းက သူ၏ရောက်ရှိမှုကို ဖုံးကွယ်မထားခဲ့ချေ။ လှပသည့် ဝန်ထမ်းမိန်းမပျိုက ပြုံးပြီး မေးမြန်းလိုက်သည်။ ထို့နောက် သူမ၏ တင်ပါးများကို ခါယမ်းပြီး လျှောက်သွားသဖြင့် သူမ၏ လုံးဝန်းနေသော တင်ပါးများက ညင်သာစွာ ခုန်ပေါက်သွားလေသည်။

ဖုန့်လင် အသက်ကို ပြင်းပြင်းရှုလိုက်ပြီး နောက်မှလိုက်သွားခဲ့သည်။

All Chapters