စိတ်ဝိဥာဉ်အမှုန်သီအိုရီ
Vol. 4 Ch. 49
ရွှေရောင်ဖျော့ဖျော့ဆံပင်နှင့် ရုံးဝန်ထမ်းမိန်းမပျိုက သူ့ရှေ့ကနေလျှောက်နေပြီး သူမ၏ တင်ပါးတို့ ဘယ်ညာခါယမ်းနေပုံက အလွန်ပင် ညှို့ယူဖမ်းစားနိုင်လွန်းသည်။
ဖုန့်လင်းကတော့ မြေပြင်ကိုသာကြည့်နေပြီး သူ့နှလုံးသားကို အနှောက်အယှက်ဖြစ်စေမည့် အရာအားလုံးကို လျစ်လျူရှုထားသည်။
လူတစ်ယောက်သည် ကိုယ်စားပြုရုပ်ပုံကို အစစ်အမှန်ပုံရိပ်ယောင်လောကထဲတွင် စိတ်ကြိုက်ပြုပြင်နိုင်သည်။ ထို့ကြောင့်ပင် ပတ်ဝန်းကျင်တွင် ‘မွန်းစတားများ’အမျိုးစုံအောင် ရှိနေခြင်းပင်။
ပုံရိပ်ယောင်စကြာဝဠာကြီးတွင် ဤရုံးဝန်ထမ်းမိန်းကလေး၏ ညှို့ယူဖမ်းစားနိုင်သည့်ပုံကို ဖယ်ထားပြီး သူမ၏ တကယ့်အသွင်အပြင်သည် ဝက်ဝံနက်တို့နှင့်တိုက်ခိုက်နိုင်ပြီး ဧရာမသစ်ပင်ကြီးတို့ကိုပင် ခုတ်လှဲနိုင်သည့် ကြံ့ခိုင်သန်မာသော အမေတစ်ယောက်လည်း ဖြစ်နေနိုင်သည်။
ဤမျှဆို သင်သိလောက်ပြီထင်ပါသည်။
သူတို့နှစ်ယောက် အာကာသအတွင်းမှ ဆင်းသက်လိုက်ကြလေသည်။ သူတို့သည် ဧရာမဆေးဝါးကုမ္ပဏီမှ ပိုင်ဆိုင်သည့် ဂြိုလ်ဖြင့် နီးသထက်နီးလာသည်။
တိမ်တိုက်အလွှာကိုဖြတ်လာပြီးနောက် သူတို့ဆင်းလာသည့်အခါတွတိမ်တိုက်ဓာတ်လှေကားတစ်ခုအသွင်ဖြစ်လာသည်။
ပုံရိပ်ယောင်စကြာဝဠာအတွင်း ဖြစ်လာသမျှအားလုံးကို ဖုန့်လင်း မအံ့သြချေ။
အဆုံးတွင် လူသားတို့သည် ပုံရိပ်ယောင်စကြာဝဠာ၏ ဖန်တီးသူများဖြစ်ကြသည်။ သူတို့သာ စိတ်ကူးယဉ်နိုင်သရွေ့ သေချာပေါက်လုပ်နိုင်လိမ့်မည်ဖြစ်သည်။
တိမ်တိုက်ဓာတ်လှေကားက နိမ့်ဆင်းလာသည်နှင့်အမျှ မိုးကြိုးမုန်တိုင်း၊ လေနှင့်မိုး စသည်တို့က သူ့ရှေ့တွင် ထင်ရှားစွာပေါ်လာခဲ့သည်။ တုန်လှူပ်ဖွယ်လေပြင်း တိုက်ခတ်သွားသည်နှင့် လျှပ်စီးက လက့ကနဲဖြစ်သွားကာ အလွန်ကြောက်စရာကောင်းသည့် မိုးခြိမ်းသံတစ်ခုကို ဖန်တီးလိုက်လေသည်။
သို့သော် နောက်တစ်ခဏတွင်ပင် တိမ်တိုက်ဓာတ်လှေကားက အသွင်ပြောင်းသွားပြီး အလယ်မှကွဲထွက်သွားက သိပ္ပံနည်းပညာတို့၏ ခံစားချက်တို့ ဖြာထွက်နေသည့်အခန်းတစ်ခု ထွက်ပေါ်လာလေသည်။ ပုံရိပ်ငါးခုက ထိုင်နေသည်ကို တွေ့နိုင်ခဲ့သည်။
“ မင်းက အလုပ်သင်ရာထူးတစ်ခုအတွက် လျှောက်ထားခဲ့တဲ့ မစ္စတာဖုန့်လင်းလား ” ပြောလိုက်သည့်သူသည် အလယ်တွင် ထိုင်နေသည့် သက်လတ်ပိုင်းလူဖြစ်သည်။ လော့လောဆယ်တွင် သူ့မျက်နှာထက်တွင် အပြုံးတစ်ခုရှိနေလေသည်။
အင်တာဗျူးသူငါးဦးသည် သူတို့၏ အသွင်အပြင်များကို ဖုံးကွယ်ထားခြင်းမရှိပေ။ သူတို့တွင် အသက်အရွယ်ကြီးရင့်သူများနှင့် ငယ်ရွယ်သူများ ပါရှိနေသော်လည်း သူတို့အားလုံးသည် သံသယရှိစရာမလိုလောက်အောင်ပင် လူဖြူမျိုးနွယ်များဖြစ်ကြလေသည်။
ထို့ပြင် သူတို့၏ သွေးမျိုးဆက်များက အလွန်သန့်စင်လွန်းလှပေသည်။ သူတို့အားလုံးတွင် ရွှေရောင်ဆံပင်များနှင့် အပြာရောင်မျက်လုံးများရှိနေပြီး ကပြားဟူသည့် လက္ခဏာလုံးဝမတွေ့ရပါချေ။
ဖုန့်လင်း တိတ်တဆိတ်အံ့သြသွားခဲ့သည်။ ထို့နောက် သူ တည်ငြိမ်စွာဖြင့်...
“ ကျွန်တော်ပါ ”
“ ဒါဆိုကောင်းပြီလေ... မင်းရဲ့ ကိုယ်ရေးအကျဉ်းမှာ မင်းက အခုထိ စီနီယာအထက်တန်းကျောင်းသားလို့ပြောထားတယ်နော်။ မင်းရဲ့ အသက်စွမ်းအင်က 3.3 ကို ရောက်ပြီဆိုတော့ တကယ်မဆိုးပါဘူး။
ဒါပေမယ့် မင်းက မျိုးဗီဇသုတေသီတစ်ယောက်လို့လည်း ပြောထားတယ်နော်။ ငါတို့ မင်းကို သံသယဝင်တာတော့မဟုတ်ပါဘူး။ ဒါပေမယ့် မင်းသိထားရမှာက မျိုးဗီဇသုတေသီတွေက မျိုးဗီဇဆိုင်ရာ အကြောင်းအရာတွေ အများကြီးနားလည်ထားရမယ်။ အဲ့တာအပြင် ဒဏ္ဍာရီလာသီအိုရီတွေအကြောင်းလည်း အဆင့်မြင့်မြင့်နားလည်ထားရဦးမယ်။
အဲ့ဒီ အသိပညာတွေအားလုံးက အချိန်အကြာကြီး စုဆောင်းဖို့လုပ်တယ်။ မင်းကအရမ်းငယ်လွန်းတယ်ဆိုတော့....”
အဓိကအင်တာဗျူးသူက သူ့သံသယများကို ဖုံးကွယ်မထားခဲ့ချေ။
ဖုန့်လင်း ခေါင်းညိတ်လိုက်သည်။ သူ ဘယ်လိုမှ အံ့သြကြောင်းမခံစားရပေ။
သူ ဤပြဿနာကို သတိပြုမိထားပြီးဖြစ်သည်။
အဆုံးတွင် မျိုးဗီဇပညာရှင်ဟူသည်မှာ ဝင်ရောက်ရန်အတားအဆီးကြီးမားသော အလုပ်အကိုင်တစ်ခုဖြစ်သည်။ သူသည်ကား အသက်17သာရှိသေးရာ သူ့ကို သံသယဖြစ်သည်မှာ သာမန်ပင်ဖြစ်သည်။
သို့သော် သူအနေဖြင့် သူ့ကိုယ်သူ ယုံကြည်ချက်ရှိနေပေသည်။
အနက်ရောင်မိုက်ခရိုချစ်ပ်အတွင်းမှ သုတေသနမှတ်စုအတွင်းရှိ အရာအားလုံးတို့သည် သူ့ဦးနှောက်ထဲသို့
အပြည့်အဝရောက်နေပြီဖြစ်သည်။ ရှေးဟောင်းကမ္ဘာမြေခေတ်မှ ဒဏ္ဍာရီ
နှင့် သမိုင်းတို့အပေါ် သူ၏ဗဟုသုတများကိုပါ ပေါင်းထည့်ပါက သူ၏ အခြေခံသည် သာမန်မျိုးဗီဇသုတေသီတို့အောက်ကို နိမ့်ကျမည်မဟုတ်ချေ။
ဖုန့်လင်း အနည်းငယ်တွေးပြီးနောက် တည်ငြိမ်စွာဖြင့်...
“ ကျွန်တော့် အသက်က ငယ်ကောင်းငယ်နေနိုင်ပါတယ်။ ဒါပေမဲ့ အဲ့တာက ကျွန်တော့်ရဲ့ စွမ်းရည်တွေပါ သေးငယ်နေတာလို့ မဆိုလိုပါဘူး။ ရိုးရိုးလေးပြောတာက အသုံးမှမဝင်တာ။ ခင်ဗျားတို့ ကျွန်တော့်ကို မေးချင်ရာမေးနိုင်တယ်...ကျွန်တော်ဖြေပြီးသွားရင် ကျွန်တော့်ရဲ့ အဆင့်အတန်းကို နားလည်သွားပါလိမ့်မယ် ”
အင်တာဗျူးသူငါးယောက်က သူ ယုံကြည်မှုရှိနေသည်ကို ကြည့်ကာ အကြည့်ခြင်းဖလှယ်လိုက်ကြပြီး ခေါင်းညိတ်ကာ....
“ ဒါဆို ကောင်းကောင်း ပြင်ဆင်ထား။ အင်တာဗျူးက အခုစတော့မယ် ”
ဖုန့်လင်း၏ စီနီယာကျောင်းသားဟူ
သည့် အဆင့်အတန်းကို သူတို့ဂရုမစိုက်ကြချေ။
ကြယ်တာရာခေတ်မှ ကျောင်းသားများသည် အလွန်အမင်းဉာဏ်ရည်ထက်မြက်ကြကာ မြင့်မားသည့်လုပ်နိုင်စွမ်းတို့ရှိကြလေသည်။ ပါရမီရှင်များအတွက်မူ သူတို့သည် သူတို့၏ အချိန်များကို ကျောင်းတွင် မဖြုန်းကြပေ။ အတွေ့အကြုံအချို့ရရန် လူ့အဖွဲ့အစည်းထဲသို့ ဝင်ရောက်လာကြသည်မှာ သာမန်ပင်ဖြစ်သည်။
ဖုန့်လင်း ခေါင်းမော့ရင်ကော့ထားကာ သူ့အမူအရာက လေးနက်နေလေသည်။
“ မင်းက ဒီနေရာကို မျိုးဗီဇပညာရှင်အဖြစ် အင်တာဗျူးဖြေဖို့လာတယ်ဆိုကတည်းက...ငါတို့ကို မျိုးဗီဇပညာရှင်တွေရဲ့ မူလဇစ်မြစ်အကြောင်းပြောပြရင်း စလိုက်ကြရအောင် ” ဘယ်ဘက်အစွန်ဆုံးတွင်ရှိနေသည့် ပါမောက္ခတစ်ဦးဟန်ပန်ဖြင့် လူအိုကြီးက ပထမမေးခွန်းကို မေးလိုက်သည်။
ဒါက လွယ်ပါတယ်။
ဖုန့်လင်း အင်တာဗျူးအတွက် မလာခင်ကတည်းက ကောင်းကောင်းပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။ ဤမေးခွန်းက သူ့အတွက် အခက်အခဲမဖြစ်စေပေ။
သူ သူ၏အတွေးတို့ကို စုစည်းနေစရာပင်မလိုပါချေ။ သူ ချက်ချင်း ပြန်ဖြေလိုက်သည်။
“ မျိုးဗီဇပညာရှင်တွေက မျိုးဗီဇဆိုင်ရာနယ်ပယ်ရဲ့ ပညာရှင်တွေပါ။ သူတို့က ဒဏ္ဍာရီလာမျိုးဗီဇတွေကို သုတေသနပြုလုပ်ကြပြီး ဒဏ္ဍာရီလာမျိုးဗီဇတွေကနေ ရလာနိုင်တဲ့ ထူးခြားတဲ့စွမ်းအားတွေရဲ့ နောက်ကွယ်က အကြောင်းအရင်းကို မျိုးရိုးဗီဇတွေရဲ့ မူလသဘာဝတွေကို လေ့လာနေရင်း လူသားမျိုးနွယ်ရဲ့ တိုးတက်လာမှုအတွက် လျှိူဝှက်ချက်တွေကို သက်သေပြဖို့ကြိုးစားနေကြပါတယ်။
ဒဏ္ဍာရီလာမျိုးဗီဇတွေက သေးငယ်တဲ့ အရာဝတ္ထုလေးတွေပါပဲ။ ဒါပေမယ့် သူတို့တွေက သေးငယ်တဲ့မိုက်ခရိုစကုပ်ပစ်စကြာဝဠာ ထိရောက်နိုင်ပြီး လူသားတွေကို စိတ်ကူးတောင်မယဉ်နိုင်တဲ့ စွမ်းအားတွေကို ထိန်းချုပ်စေနိုင်ပါတယ်။ အဲ့တာကြောင့် မျိုးဗီဇပညာရှင်တွေက သေးငယ်ခြင်းကနေ ကြီးမားခြင်းကို လေ့လာပြီး မျိုးဗီဇတွေကို အခြေခံရင်း အဆုံးစွန်အမှန်တရားကို ရှာဖွေလေ့လာနေကြရတဲ့သူတွေပါပဲ ”
ထိုအင်တာဗျူးသူများသည် ခေါင်းညိတ်ပြကာ ဖုန့်လင်းကို ဆက်ပြောဖို့ ခွင့်ပြုပေးလိုက်ကြသည်။
ပြောရမှာက ဤအဖြေသည် အံ့အား
သင့်စရာမကောင်းသော်လည်း သူတို့၏ ဗဟုတုသများနှင့်ပင် ယုတ္တိကျသည့် အားနည်းချက်တို့ကို ရှာမတွေ့ကြပါချေ။
သို့သော် ဤအဖြေလောက်နှင့် သူတို့ကို မကျေနပ်စေသေးပေ။
ဘယ်ဘက်အတွင်းပိုင်းမှ ဒုတိယမြောက်အင်တာဗျူးသူတွင် ရွေရောင်ဆံပင်နှင့် ကျော့ရှင်းသော မျက်နှာရှိသည်။ သူမကို ကြည့်ရသည်မှာ အေးစက်စက်ရေခဲအလှလေးနှင့်တူပြီး သူမ၏ မေးခွန်းမေးချိန်ရောက်သောအခါ လှည့်ကွက်တစ်ခုဖြင့် မေးခွန်းတစ်ခု မေးလိုက်လေသည်။
“ ငါတို့ရဲ့ ဧရာမဆေးဝါးကုမ္ပဏီက မျိုးဗီဇသုတေသီတွေကို အလုပ်သင်အဖြစ် ငါတို့ရဲ့ ဦးတည်ချက်အောက်မှာ ဆေးပစ္စည်းတွေ ထုတ်လုပ်ဖို့ စုဆောင်းနေတာနော်။ ဒါဆို...မျိုးဗီဇဆေးဝါး အများစုက စက်တွေနဲ့ ထုတ်လုပ်လို့မရပဲ လူသားတွေ ဖော်စပ်မှရတာဟာ
ဘာကြောင့်လဲ ပြောပြပေးပါ ”
ဒီမေးခွန်းအတွက် အဖြေက အရမ်းရှုပ်ထွေးသည်။
ဖုန့်လင်း သူ့အတွေးတို့ကို စုစည်းလိုက်ပြီး စကားလုံးတို့ကို စီစဉ်လိုက်သည်။
“ ကျွန်တော်တို့ ဒီအကြောင်းကိုပြောရမယ်ဆိုရင် ထူးခြားတဲ့အမှုန်အမွှားတွေရဲ့ စိတ်ဝိဥာဉ်အမှုန်သီအိုရီအကြောင်း စပြောရလိမ့်မယ်ဗျ။ စူပါ A.Iရဲ့ ကောက်နှုတ်ချက်တွေအရ ရှေးဟောင်းကမ္ဘာမြေခေတ်မှာ သိပ္ပံနဲ့နည်းပညာတွေ နိမ့်ကျလွန်းတဲ့ ခေတ်ပျက်ကာလအတွင်း ဒဏ္ဍာရီလာလူထူးဆန်းတွေ သမိုင်းတွေက အမှန်တကယ်ပဲ ထွက်ပေါ်လာဖူးတယ်တဲ့လေ ”
“ သူတို့အားလုံးထဲမှာ တောင်တွေကို ရွှေ့ပြီး ပင်လယ်တွေကို မှောက်လှန်နိုင်တဲ့အထိ စွမ်းအားကြီးမားတဲ့ နတ်ဘုရားတွေလို့ လူသားတွေက သတ်မှတ်ရတဲ့လူတွေရှိခဲ့ကြပါတယ်။
ကမ္ဘာပေါ်က ရှေးဟောင်းလူမျိုးစုအဖွဲ့အစည်းတိုင်းမှာ မတူညီတဲ့ နတ်ဘုရာတွေနဲ့ မတူညီတဲ့ ဒဏ္ဍာရီတွေသမိုင်းတွေ ရှိခဲ့ကြတယ်။ ဒါပေမယ့် အချိန်တွေကြာလာပြီးနောက်မှာ အဲ့ဒီနတ်ဘုရားဆန်တဲ့လူတွေက နည်းသထက်နည်းလာခဲ့ပြီး လုံးဝပျောက်ကွယ်သွားခဲ့ကြတယ် ”
“ တရုတ်ဒဏ္ဍာရီတွေက စည်းမျဉ်းဥပဒေသတွေရဲ့အဆုံးသတ်အကြောင်း ပြောခဲ့ကြပြီး
နော့စ်ဒဏ္ဍာရီတွေက နတ်ဘုရားတို့ရဲ့နေဝင်ချိန်...ရက်နာရော့ခ်အကြောင်း ဆိုခဲ့တယ်။
သမ္မာကျမ်းစာနဲ့ မာယာဒဏ္ဍာရီတွေက ကမ္ဘာကြီးရဲ့ အဆုံးသတ်အကြောင်း ဆိုခဲ့ကြတယ်....
ဒဏ္ဍာရီတိုင်း၊ ယဉ်ကျေးမှုတိုင်း၊ ဘာသာတိုင်းမှာ တူညီတဲ့အရာတစ်ခုဖြစ်တဲ့..ကမ္ဘာရဲ့အဆုံးသတ် အကြောင်းကို မတူညီတဲ့ မှတ်တမ်းတွေနဲ့ရှိနေခဲ့တယ်။ ဒါက သေချာပေါက် တိုက်ဆိုင်မှုမဟုတ်ပါဘူး။ အချိန်တွေ ဖြတ်သန်းလာတာနဲ့အမျှ၊ လူသားမျိုးနွယ်မှာ သိပ္ပံနည်းပညာဖွံ့ဖြိုးတိုးတက်မှုကလွဲလို့ သာလွန်တဲ့ ခွန်အားနဲ့ စွမ်းရည်တွေ မရှိခဲ့ကြတော့ပါဘူး ”
“ ဒါပေမယ့် မူလဂြိုလ်ကို စွ့န့်ခွာခဲ့ကြပြီး ကြယ်တာရာခေတ်ရောက်တဲ့အခါမှာ ဒဏ္ဍာရီလာမျိုးဗီဇတွေ နိုးထလာခဲ့ကြပြီး သဘာဝလွန်စွမ်းအားတွေကို ဘာာလို့ ထိန်းချုပ်နိုင်ခဲ့ကြတာလဲ။ အတိတ်ခေတ်မှာတုန်းက ဘာလို့ ဒါတွေမရှိခဲ့ကြတာလဲ။ ဘာလို့လဲဆိုတာ အဖြေကို အပြည့်အစုံပြောမယ်ဆိုရင် စိတ်ဝိဥာဉ်ချီအမှုန်တွေဆိုတဲ့ စိတ်ဝိဥာဉ်အမှုန်တွေ ချို့တဲ့နေခဲ့တာကြောင့်ပါ ”
“ ကမ္ဘာမြေပေါ်က ရှေးဟောင်းအပျက်အစီးတွေမှာ ရှာဖွေမှုတွေအရ ပျက်ယွင်းနေတဲ့ကာလမှာ စိတ်ဝိဥာဉ်အမှုန်တွေက အလျှံပယ်ရှိနေခဲ့ပါတယ်။ အဲ့တာအပြင် အထူးစွမ်းရည်တွေရှိနေတဲ့ လူသားအချို့က စိတ်ဝိဥာဉ်အမှုန်အမွှားတွေကို အာရုံခံနိုင်ပြီး အမှုန်အမွှားတွေရဲ့ တုံ့ပြန်မှုတွေကြောင့် ထူးခြားတဲ့ စွမ်းရည်ကို ထိန်းချုပ်နိုင်ခဲ့ကြတာ ဖြစ်ပါလိမ့်မယ်။
ဒါပေမယ့် အချိန်တွေကြာလာပြီး စိတ်ဝိဥာဉ်အမှုန်တွေ နည်းပါးလာတာနဲ့အမျှ အဲ့ဒီ ထူးဆန်းတဲ့လူသားတွေကလည်း ပျောက်ကွယ်သွားခဲ့ကြတာကို ဒဏ္ဍာရီတွေနဲ့ သမိုင်းတွေက သက်သေပြခဲ့ပြီးသွားပါပြီ။
ဒါတွေအားလုံးက ကြယ်တာရာခေတ်ထိပါပဲ။ လူသားမျိုးနွယ်က တခြား
ဂြိုလ်တွေကို စတင် ချဲ့ထွင်လာကြတာနဲ့ သူတို့တွေက စိတ်ဝိဥာဉ်အမှုန်တွေရဲ့တည်ရှိမှုကို နောက်တစ်ကြိမ် ပြန်လည်ရှာတွေခဲ့ကြပြီး အဲဒီစိတ်ဝိဥာဉ်အမှုန်တွေကို ထိန်းချုပ်ပြီး သူတို့ရဲ့ ဒဏ္ဍာရီလာမျိုးဗီဇတွေကို နိုးထနိုင်ကြောင်း သိခဲ့ကြရပါတယ် ” ဖုန့်လင်း သူ့ဖြေဆိုမှုကို အကျဉ်းချုပ်ပြီး သီအိုရီအသစ်တစ်ခုကို ဖော်ပြလိုက်ပါတယ်။
စိတ်ဝိဥာဉ်အမှုန်အမွှားသီအိုရီသည် ဤခေတ်အတွင်းရှိ ဒဏ္ဍာရီလာမျိုးဗီဇသီအိုရီများနှင့် ကွာခြားလို့နေပါသည်။ သို့သော် ဝိဥာဉ်အမှုန်အမွှားသီအိုရီက အလွန်မရေမရာဖြစ်သည့်အတွက် ဒဏ္ဍာရီလာမျိုးဗီဇသီအိုရီနှင့် နှိုင်းယှဉ်ပါက အလွန်နိမ့်ကျလှပေသည်။ ထို့ကြောင့် လူအတော်များများက ၎င်းကို မသိကြချေ။
ဖုန့်လင်း ထိုအကြောင်းကို အနက်ရောင်မိုက်ခရိုချစ်ပ်ထဲမှ လေ့လာခဲ့ခြင်းဖြစ်သည်။
သူ ခဏလောက်နားနေလိုက်ပြီးနောက် ဆက်လက်၍....
“ ဝိဥာဉ်အမှုန်တွေရဲ့ တည်ရှိနေမှုကို အတည်ပြုလို့ရနိုင်ခြင်း ရှိမရှိကို သာမန်ဆေးဝါးတွေနဲ့ မျိုးဗီဇဆေးဝါးတွေရဲ့ ကွဲပြား ခြားနားမှုက အတည်ပြုပေးလို့ရပါတယ်။
သာမန်အာဟာရဆေးဝါးတွေက အတိအကျ ပုံသေပေါင်းစပ်ထားတာဖြစ်တဲ့အတွက် စက်တွေက ခင်ဗျားတို့လိုချင်သလောက်ထုတ်လုပ်ပေးနိုင်ပါတယ်။
ဒါပေမယ့် မျိုးဗီဇဆေးဝါးတွေကတော့ မတူပါဘူး။ အကြောင်းပြချက်ကတော့ ပေါင်းစပ်မှုရဲ့ အသေးငယ်ဆုံးသော အမှားလေးတစ်ခုကတောင် ဆေးအာနိသင်အပေါ်မှာ ကြီးမားတဲ့ ကွာခြားမှုကြီးဖြစ်သွားနိုင်လို့ပါပဲ။ အဓိကအချက်ကတော့ ရောစပ်မှုတွေပြုလုပ်တဲ့အချိန်ရောက်ရင် လူတစ်ယောက်က တက်ကြွနေတဲ့စိတ်ဝိဥာဉ်အမှုန်တွေ
ထည့်သွင်းပေးရမှာဖြစ်ပြီး အဲ့ဒီစိတ်ဝိဥာဉ်အမှုန်တွေက လူတစ်ယောက်ရဲ့ အသက်အားကို ကြီးကြီးမားမားတိုးပွားစေတာ ဒါမှမဟုတ် သူတို့ရဲ့ အလားအလာတွေကို တက်ကြွလာစေနိုင်ပါတယ်။
အဲ့တာအပြင် ဝိဥာဉ်အမှုန်တွေရဲ့ လှုပ်ရှားမှုတွေကိုလည်း ခန့်မှန်းလို့မရပါဘူး။ အဲ့တာကြောင့် စက်တွေက တိတိကျကျရှာမတွေ့နိုင်ရင် ဆေးအာနိသင်ပြောင်းလဲမှုတွေဖြစ်သွားနိုင်ပါတယ်။ အာရုံငါးပါးကတစ်ဆင့် စိတ်ဝိဥာဉ်အမှုန်တွေကို အာရုံခံနိုင်တဲ့ လူသားတွေသာ မတူညီတဲ့ အခြေအနေတွေမှာ လိုအပ်တဲ့ ချိန်ညှိမှုတွေ လုပ်နိုင်ကြမှာပါ။ ဒါကတော့ မျိုးဗီဇဆေးဝါးအများစုကို လူသားတွေက ရောစပ်နိုင်ရတဲ့အကြောင်းပါပဲ ”
အင်တာဗျူးသူငါးယောက်၏ မျက်နှာများထက်တွင် အပြုံးများရှိနေကြသည်။ ဤအဖြေသည် သူတို့ကို ကျေနပ်စေသည့်အဖြေဖြစ်သည်မှာ ထင်ရှားလှသည်။
ဖုန့်လင်းသည် သတ်မှတ်နေရာထဲကို ပိုပိုရောက်လာသကဲ့သို့ အဖြေကလည်း ပိုပိုကောင်းလာကြောင်း သူတို့အာရုံခံနိုင်ကြပါသည်။
အလယ်မှ အင်တာဗျူးသူက ရယ်မောကာ မေးသည်။
“ စိတ်ဝိဥာဉ်အမှုန်တွေရဲ့ လှုပ်ရှားမှုအကြောင်းကို အသေးစိတ်ကျကျ ဖော်ပြပေးလို့ရနိုင်မလား ”
ဖုန့်လင်း ခေါင်းညိတ်သည်။
“ စိတ်ဝိဥာဉ်အမှုန်တွေက ထူးခြားတဲ့အမှုန်အမျိုးအစားတစ်မျိုးပါပဲ။ သူတို့က တသီးတခြားတည်ရှိလို့မရဘဲ ယေဘူယျအားဖြင့် သူတို့ကိုယ်သူတို့ စိတ်ဝိဥာဉ်အရာဝတ္ထုသို့မဟုတ် သက်ရှိတွေနဲ့ အဖော်ပြုနေထိုင်ရတာပါ။ အဲ့တာအပြင် စိတ်ဝိဥာဉ်အမှုန်တွေမှာ ဒြပ်ထုမရှိပဲ ရုပ်ဝတ္ထုအသွင်တောင်မရှိပါဘူး။ ကွမ်တမ်မက္ကင်းနစ်အရ လှိုင်းအမှုန်တွဲဖက်မှုသာ ပိုင်ဆိုင်ထားပါတယ်။
စိတ်ဝိဥာဉ်သက်ရှိတွေသာ စိတ်ဝိဥာဉ်အမှုန်တွေနဲ့ နီးကပ်သွားတာနဲ့ စိတ်ဝိဥာဉ်အမှုန်တွေ အချင်းချင်း တုန့်ပြန်မှုနဲ့ အကျိုးသက်ရောက်မှုတွေဖြစ်ပြီး ထူးခြားတဲ့ အသွင်ပြောင်းလဲခြင်းဖြစ်စဉ်ဖြစ်သွားမှာပါ။ စက်တွေက စိတ်ဝိဥာဉ်အမှုန်တွေရဲ့ လည်ပတ်ပုံ ရွေ့လျားမှုပုံကို ကြိုတင်ခန့်မှန်းနိုင်မှာမဟုတ်ပါဘူး။ အဲ့တာကို စိတ်ဝိဥာဉ်အမှုန်ရွေ့လျားမှုလို့လည်းခေါ်ပါတယ်။ အဲ့တာအပြင် သူတို့တွေက ဘရိုနီယန်ရွေ့လျားမှုနဲ့ ဆင်တူတာကြောင့် စိတ်ဝိဥာဉ်အမှုန်သီအိုရီထဲမှာ စိတ်ဝိဥာဉ်
ဘရိုနီယန်ရွေ့လျားမှုဆိုပြီးလည်း ခေါ်ပါသေးတယ် ” (Brownian Motion(ဘရိုနီယန်ရွေ့လျားမှု)ဆိုတာက ဥပမာ ရေစက်ကလေး တစ်စက်ထဲမှာ မျက်လုံးနဲ့မမြင်နိုင်တဲ့ အလွန်သေးတဲ့ အမှုန်အမွှားလေးတွေ လှုပ်ရှားနေတာကို ပြောတာပါ။)