← Chapters

စီးဆင်းနေသောရေကဲ့သို့ အဖြေများ

Vol. 4 Ch. 50

စီးဆင်းနေသောရေကဲ့သို့ အဖြေများ

Vol. 4 Ch. 50

ဖြောင်း...ဖြောင်း...ဖြောင်း

နွေးထွေးသည့် လက်ခုပ်တီးအားပေးသံများထွက်ပေါ်လာသည်။

“ မဆိုးဘူး...တကယ်ထူးချွန်တယ် ”

“ မျိုးဗီဇဆေးရည်တွေနဲ့ အာဟာရဆေးဝါးတွေရဲ့ မူလသဘာဝအပေါ် နားလည်မှုကို ထုတ်ဖော်နိုင်တဲ့လူမရှိသေးဘူး ”

“ ကြည့်ရတာ မျိုးဗီဇသီအိုရီအပေါ် မင်းရဲ့လေ့လာမှုတွေက နက်ရှိုင်းလွန်းတယ်ထင်တယ် ”

……

ဖုန့်လင်း၏စကားဆုံးသွားသည်နှင့် အင်တာဗျူးသူများက လက်ခုပ်တီးကာ ချီးကျူးကြလေသည်။

မေးလိုက်သည့် မေးခွန်းသုံးခုလုံးသည် ရိုးရှင်းသည့်အရာများမဟုတ်ကြချေ။ သို့တိုင် ဖုန့်လင်း လွယ်ကူစွာဖြေရှင်းသွားသလို သူ့အဖြေများကလည်း အလွန်အမင်းပြည့်စုံလွန်းနေသည်။

ဤဖုန့်လင်းက မည်သို့မျှ မရိုးရှင်းချေ။

ဘယ်မှညာသို့လာပြီး လက်ရှိတွင် လေးယောက်မြောက် အင်တာဗျူးသူ၏

အလှည့်အဖြစ်သည်။ သူသည် နောက်ထပ် ခက်ခဲသည့်တစ်ခုကို မေးလိုက်လေသည်။

“ စိတ်ဝိဥာဉ်အမှုန်ရွေ့လျားမှုသီအိုရီတစ်ခုရှိနေတယ် ဆိုကတည်းက ဘာလို့များ အဆင့်နိမ့်အသက်ဆေးရည်ကို စက်တွေနဲ့ ရောနှောဖော်စပ်လို့ရတာလဲ ပြောပြပေးပါ ”

ဤမေးခွန်းက အလွန်အမင်းခက်ပေသည်။ ဖုန့်လင်း သုတေသနမှတ်စုအတွင်းတွင် ဤကဲ့သို့မေးခွန်းမျိုးတစ်ခုမှ မတွေ့ဖူးပါချေ။ သူ မထိန်းနိုင်ပဲ မျက်မှောင်ကြုတ်လိုက်ပြီး သူ့မျက်နှာထက်တွင် လေးလေးနက်နက်စဉ်းစားနေသည့် အကြည့်မျိုးပေါ်လာလေသည်။

အမှန်ပါပဲ အသက်ဆေးရည်ကို အာဟာရဆေးဝါးအဖြစ် သတ်မှတ်သည်ဆိုကတည်းက ၎င်းကဲ့သို့အမျိုးအစားကို စက်များဖြင့် မည်သို့ဖော်စပ်သနည်း။ ဤမတိုင်မှီတွင် သူသည်လည်း အသက်ဆေးရည်ကို သုံးစွဲဖူးကာ သူ၏ ခန္ဓာကိုယ်တွင်းရှိအသွင်ပြောင်းမှုအရ အဆင့်နိမ့်အသက်ဆေးရည်အတွင်းတွင် အမှန်တကယ်ပင် စိတ်ဝိဥာဉ်အမှုန်များ ပါရှိပေသည်။

သို့သော် ဤသည်မှာ ဘရိုနီယန်ရွေ့လျားမှုသီအိုရီဖြင့် မကိုက်ညီချေ။

ဖုန့်လင်း ပိုတွေးလေလေ မျက်မှောင်ပို ကြုတ်သွားလေလေပင်။ အင်တာဗျူးသူများကလည်း သူ့ကို ဖိအားမပေးဘဲ သူ့အား စဉ်းစားစေရန်အတွက် တိတ်ဆိတ်စွာစောင့်ဆိုင်းနေခဲ့ကြသည်။

ဤမေးခွန်းက မလွယ်ကူကြောင်းကို သူတို့ ရှင်းရှင်းလင်းလင်းသိထားကြသည်။ ယင်းမေးခွန်းကို ဖြေရန်အတွက် မျိုးဗီဇဆေးရည်သီအိုရီကို နက်ရှိုင်းစွာလေ့လာထားရပေလိမ့်မည်။

လက်ရှိတွင် ဖုန့်လင်း၏စိတ်က ဆီ

ထည့်ထားသော စက်တလုံးအလား လှုပ်ရှားနေလေသည်။

အချို့သော အာဟာရဆေးဝါးများအား စက်များဖြင့် ဖော်စပ်၍ရနိုင်ခြင်းသည် သူတို့၏ ဖော်မြူလာတို့နှင့် သက်ဆိုင်နေပါသည်။ သို့သော် အဖြေက မည်

သည့်အရာနည်း။

သူရုတ်တရက် တစ်ခုခုကို တွေးမိသွားကာ သူ့မျက်လုံးများက တောက်ပလာပြီး...

“ ဒါက စိတ်ဝိဥာဉ်အမှုန့်ပဲ ”

အင်တာဗျူးသူများက အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြကာ သူတို့၏ မျက်လုံးများထဲတွင် အထင်ကြီးခြင်းနှင့် ချီးကျူးခြင်းတို့ ထင်ဟပ်နေခဲ့သည်။ သို့သော် သူတို့ ဆက်မေးလိုက်သည်။

“ ဘာလို့စိတ်ဝိဥာဉ်အမှုန့်လဲ ”

“ စိတ်ဝိဥာဉ်အမှုန့်က စိတ်ဝိဥာဉ်မြူတွေပါဝင်နေတဲ့ လှုပ်ရှားမှုမရှိတဲ့ အရာတစ်ခုပါ။ ဒါပေမယ့် သူတို့မှာ စိတ်ဝိဥာဉ်မြူတွေပါနေပေမယ့် အပြင်ပိုင်းမှာ လှောင်အိမ်သေးသေးလေးတစ်ခုလို ဖုံးကွယ်ထားတဲ့ အလွှာတစ်ခုရှိနေတဲ့အတွက် စိတ်ဝိဥာဉ်မြူတွေရဲ့ လှုပ်ရှားမှုကို ဖိနှိပ်ပေးတယ်လေ။ အဲ့တာကြောင့် စိတ်ဝိဥာဉ်အမှုန်ကို အာဟာဆေးဝါးထဲမှာ ပျော်ဝင်စေလိုက်တာနဲ့ စိတ်ဝိဥာဉ်မြူတွေ ပျံ့နှံ့မယ့်နှုန်းကို လျော့ချပြီးသား ဖြစ်သွားပြီး ရောနှောဖို့ အကောင်းဆုံးအနေအထားကို ရရှိသွားလိမ့်မယ်။ ဒီနည်းနဲ့ဆိုရင် စိတ်ဝိဥာဉ်အမှုန်ပါဝင်တဲ့ ဖော်မြူလာတွေနဲ့ အဆင့်နိမ့်ဆေးဝါးတွေအားလုံးကို ဖော်စပ်လို့ရနိုင်ပါတယ် ” ဖုန်းလင် ရှင်းပြလိုက်သည်။

“ ကောင်းတယ်....ကောင်းတယ် ”

အင်တာဗျူးသူများက ပြုံးကာ ခေါင်းညိတ်ကြသည်။

နောက်ဆုံးအင်တာဗျူးသူက ထပ်ဖြည့်မေးလိုက်လေသည်။

“ အဲ့တာဆို စိတ်ဝိဥာဉ်အမှုန်မှာ စိတ်ဝိဥာဉ်မြူကို ခွဲခြား ပိတ်လှောင်ထားနိုင်တဲ့ သဘာဝဘာကြောင့်ရှိတာလဲသိလား။ ပြီးတော့ ဘာလို့ သူတို့ကို အာဟာရဆေးဝါး အမျိုးအစားတော်တော်များများမှာ မသုံးရတာလဲ ”

ဤတစ်ကြိမ်တွင်တော့ ဖုန့်လင်း တုန့်ဆိုင်းမနေတော့ချေ။ သူ လိုရင်းတိုရှင်းကို ပြီးပြည့်စုံစွာ ရှင်းပြလိုက်သည်။

“ ဘာလို့လဲဆိုရင်...စိတ်ဝိဥာဉ်အမှုန်တွေမှာ စိတ်ဝိဥာဉ်မြူတွေကို ခွဲခြား ပိတ်လှောင်နိုင်စွမ်းရှိပေမယ့်လည်း သူတို့အထဲမှာ ပါတဲ့ စိတ်ဝိဥာဉ်မြူမှုန်က နည်းပါးလွန်းတယ်။ အဲ့ဒီအရာကို အားအနည်းဆုံး အသုံးများတဲ့အဆင့်နဲ့ အဆင့်နိမ့် အာဟာရဆေးဝါးတွေမှာပဲ ရောစပ်ဖို့ သုံးလို့ရနိုင်ပါတယ်။ အဲ့ဒီဟာက တခြား ဆေးရည်အမျိုးအစားတွေအတွက် မသင့်တော်ဘူးလေ ”

ဤမျှထိ အင်တာဗျူးသူငါးယောက်၏ မေးခွန်းငါးခုတို့ကို သူက ပြီးပြည့်စုံစွာ ဖြေဆိုသွားခဲ့လေသည်။

ဖုန့်လင်း၏အဖြေများက စီးဆင်းနေ

သည့်ရေအလား ချောမွေ့ကာ ချက်ကျလက်ကျဖြစ်ခဲ့သည်။

အင်တာဗျူးသူငါးယောက်လုံး၏ မျက်နှာများထက်တွင် အပြုံးများရှိနေကြလေသည်။ သူတို့က အားလုံးခေါင်းညိတ်လိုက်ကြပြီး ဖုန့်လင်း၏ စွမ်းဆောင်ရည်များအပေါ် ကျေနပ်နေခဲ့သည်မှာ ထင်ရှားလှသည်။

“ အရမ်းကောင်းတယ်။ မျိုးဗီဇသီအိုရီတွေအပေါ် မင်းရဲ့အသိပညာတွေက အလွန်အမင်းခိုင်မာလွန်းတယ်။ ကဲ...အခုတစ်ခေါက်က ဒဏ္ဍာရီတွေနဲ့သမိုင်းတွေ အကြောင်းမေးဖို့အချိန်ကျပြီ ” အလယ်တွင်ထိုင်နေသည့် အဓိကအင်တာဗျူးသူက ပြောသည်။

ဖုန့်လင်း ပြုံးလိုက်သည်။ ဤနယ်ပယ်အပေါ်မေးခွန်းများကို သူနည်းနည်းလေးမျှကြောက်နေလိမ့်မည်မဟုတ်ချေ။

“ ငါမင်းကို မေးချင်တာက တွေထဲမှာ တမန်တော်နတ်သား/နတ်သမီးတွေကို အဆင့် ဘယ်နှစ်ဆင့် ခွဲနိုင်သလဲ ” ဘယ်ဘက်အစွန်းဆုံး အင်တာဗျူးသူက ဦးစွာမေးသည်။

ဖုန်လင်း တစ်ခဏလောက်စဉ်းစားနေပြီး.....

“ စုစုပေါင်းဆိုရင် အလွှာသုံးခုနဲ့ အဆင့်ကိုးခုရှိတယ်ဗျ။

အထက်ပိုင်းအလွှာမှာဆိုရင် အလင်းတမန်တော်နတ်သား/နတ်သမီး၊ ဉာဏ်ပညာတမန်တော်နတ်သား/နတ်သမီး၊ ပလ္လင်တမန်တော်နတ်သား/နတ်သမီး ဆိုပြီးရှိပါတယ်။

အလယ်ပိုင်းအလွှာမှာဆိုရင် အရှင်သခင်တမန်တော်နတ်သား/နတ်သမီး ၊ ခွန်အားတမန်တော်နတ်သား/နတ်သမီး၊ စွမ်းအင်တမန်တော်နတ်သား/နတ်သမီး ဆိုပြီး သုံးမျိုးရှိသလို.....

အနိမ့်ပိုင်းအလွှာမှာလည်း အခွင့်အာဏာတမန်တော်နတ်သား/နတ်သမီး ကြီးမြတ်သောတမန်တော်နတ်၊သား/နတ်သမီး၊ သာမန်တမန်တော်နတ်သား/နတ်သမီး ဆိုပြီးရှိပါတယ် ”

“ မှန်တယ် ” မေးခွန်းမေးလိုက်သည့် အင်တာဗျူးသူက ချီးကျူးလိုက်သည်။

“ မင်းက ငါ့ရဲ့အမြင်ထက်ကို ကျော်လွန်သွားပြီပဲ ”

ဖုန့်လင်း ပြုံးကာ ခေါင်းညိတ်လိုက်သည်။

ဘယ်ဘက်အတွင်းပိုင်းမှ အင်တာဗျူးသူက မြင့်မြတ်သော သမ္မာကျမ်းစာအတွင်းမှ မေးခွန်းတစ်ခုအား မေးလေသည်။

“ ငရဲရဲ့ မိစ္ဆာအရှင်ခုနှစ်ပါးက ဘယ်သူတွေလဲ။ ဘယ်အပြစ်တွေက သူတို့ကို ကိုယ်စားပြုတာလဲ ”

သမ္မာကျမ်းစာကို ဖတ်ဖူးသူတိုင်း မိစ္ဆာအရှင်ခုနှစ်ပါးနှင့် အလားတူ ကောင်းကင်တမန်နတ်မင်း ခုနှစ်ပါးကိုပါ သိနိုင်လေသည်။

ဖုန့်လင်း တွေးလိုက်ကာ ပြန်စဉ်းစားလိုက်ပြီး သူ့စိတ်ထဲတွင် ရှိနေသည်ကို တိုက်ရိုက်ပင် ဖြေလိုက်လေသည်။

“ လူစီဖာ၊ မာနတရားအပြစ်။

လဲဗီယာသန်၊ မနာလိုမှုအပြစ်။

ဆမအဲလ်၊ အမျက်တရားအပြစ်။

ဘယ်လ်ဖီဂေါ်၊ ပျင်းရိခြင်းအပြစ်။

ဘဲးလ်ဇီဘတ်ဘ်၊ အစားကြီးခြင်းအပြစ်။

မန်မွန်၊ လောဘကြီးခြင်းအပြစ်။

အက်စ်မိုဒီရက်စ်၊ တပ်မက်ခြင်းအပြစ်....ဆိုပြီး ခွဲခြားလို့ရပါတယ် ”

မေးခွန်းကို ဖြေပြီးနောက်တွင် သူ့ချွေးများကို သုတ်လိုက်သည်။

ကံကောင်းသည်မှာ အတိတ်က သူသည် ဒဏ္ဍာရီတို့အပေါ်တွင် လွန်စွာစိတ်ဝင်စားခဲ့လွန်းသည့်အတွက်

မတူညီသည့် ယဉ်ကျေးမှုတို့နှင့် ကိုးကွယ်သည့်ဘာသာတို့ရှိ အမျိုးမျိုးသော နတ်ဘုရားများနှင့် မြင့်မြတ်သော ဖြစ်တည်မှုများအကြောင်းကို ဝတ္ထုများနှင့် ပုံပြင်များ ဖတ်ထားခဲ့ခြင်းဖြစ်သည်။ မဟုတ်ပါက ၎င်းကိုဖြေနိုင်မည်မဟုတ်ချေ။

“ ဘုရားသခင်က အာဒံနဲ့ဧဝကို ဧဒင်ဥယျာဉ်ထဲက ဘာလို့ နှင်ထုတ်တာလဲ ” အဓိကအင်တာဗျူးသူက ရုတ်တရက်မေးသည်။

“ သူတို့က တားမြစ်ထားတဲ့သစ်သီးကို စားလိုက်တာကြောင့်ပါ ” ဖုန်းလင်က ပြန်ဖြေသည်။

“ အထင်ကြီးစရာပဲ။ သမ္မာကျမ်းစာရဲ့ တစ်ဝက်မက,က အချိန်ရဲ့ကုန်ဆုံးမှုအောက်မှာ ပျောက်ကွယ်နေပြီး ပါတဲ့ ပုံပြင်တွေဟာလည်း အပိုင်းပိုင်းကွဲနေခဲ့ပြီ၊ ဒါတောင် မင်းက ဒါတွေကို ဖြေနိုင်တာပဲ ” အဓိကအင်တာဗျူးသူက ခေါင်းညိတ်သည်။ သူ ဖုန့်လင်းကို အမှန်ပင် အထင်ကြီးနေခြင်းဖြစ်သည်။

သူတို့ မေးခွန်းများ ဆက်လက်မေးမြန်းခဲ့သည်။ သို့သော် ဖုန့်လင်း အားလုံးကို လွယ်ကူစွာ ဖြေခဲ့လေသည်။ ထို့နောက်တွင်တော့ သူတို့သည် မေးခွန်းမေးခြင်းကို ရပ်တန့်ကာ သူတို့အချင်းချင်း ဆွေးနွေးခဲ့ကြသည်။

ဖုန့်လင်း ခြောက်မိနစ်ကျော်သည်ထိ စိတ်ရှည်စွာစောင့်နေပြီးနောက်တွင် အင်တာဗျူးသူတို့က အတည်ပြုချက်တစ်ခုကို ရလိုက်လေသည်။

“ ကြည့်ရတာ သမ္မာကျမ်းစာထဲကဟာတွေက မင်းကို ခက်ခဲအောင် မလုပ်စေနိုင်ဘူးထင်တယ်။ ဒါဆို ငါမင်းကို ဒဏ္ဍာရီတွေအကြောင်း မေးခွန်းတစ်ခုမေးခွင့်ပြုပါ။ ကဲ...နားထောင်နော် ” သူ့ခေါင်းပေါ်တွင် ခေါင်းပေါင်းနှင့် အဖိုးကြီးက ပြုံးလိုက်သည်။ သူ၏ ခန္ဓာကိုယ်က တုတ်ချောင်းတစ်ခုလို ပိန်လှီနေပြီး ခေတ်တစ်ခု၏ဒဏ်

ကြောင့် ညှိုးနွမ်းလာသည့်ပုံပင်။

“ ဟိန္ဒူဘာသာမှာ ခေါင်းဆောင်နတ်ဘုရားသုံးပါးရှိတယ်။ သူတို့ပိုင်ဆိုင်တဲ့ မြင့်မြတ်တဲ့အာဏာတွေကဘာတွေလဲ ”

“ ဒါက ရိုးရိုးလေးပါ ” ဖုန့်လင်း၏ မျက်နှာထက်တွင် အေးအေးဆေးဆေးဖြစ်နေသည့်အကြည့်မျိုးရှိနေလေသည်။

ဘာသာတိုင်းရှိ ခေါင်းဆောင်နတ်ဘုရားတို့သည် သူတို့ဘာသာအတွင်းရှိ တခြားသော နတ်ဘုရားတို့နှင့်နှိုင်းယှဉ်ပါက အလွန်ကျော်ကြားကြသည်။ သင်သာ ဒဏ္ဍာရီသို့မဟုတ် သမိုင်းကို ရင်းနီးနေပါက သင် ထိုခေါင်းဆောင်နတ်ဘုရားတို့၏ အမည်ကို သိပေလိမ့်မည်။

“ ဟိန္ဒူဘာသာရဲ့ ခေါင်းဆောင်နတ်ဘုရားသုံးပါးကို ဗြဟ္မာ ၊ ဖန်တီးခြင်းနတ်ဘုရား။ သီဝ၊ ဖျက်စီးခြင်းနတ်ဘုရား၊ ဗိဿနိုး၊ ကာကွယ်ခြင်းနတ်ဘုရားဆိုပြီး သိကြပါတယ်။ သူတို့ ခေါင်းဆောင်နတ်ဘုရားသုံးပါးက ရင်းမြစ်တစ်ခုတည်းကို မျှဝေသုံးစွဲနေသလိုပဲ တစ်ယောက်ကိုတစ် အမှီပြုနေထိုင်ကြတယ်။ သူတို့က စကြာဝဠာရဲ့ပုံရိပ်တွေလည်းပဲ ဖြစ်တယ် ”

“ ငါ့မေးခွန်းတွေတော့ ပြီးသွားပြီ၊ နောက်ထပ် မင်းပဲကျန်တော့တယ်။ မင်းရဲ့မေးခွန်းတွေက သူ့ကို့ခက်ခဲသွားစေမလား ကြည့်ရတော့မှာပေါ့ ”

အဖိုးကြီးက ရယ်မောပြီး နောက်ဆုံး အင်တာဗျူးသူကို မျက်နှာချင်းဆိုင်လိုက်သည်။

“ မပူပါနဲ့ကွာ...ငါ့မေးခွန်းရဲ့အဖြေက အရမ်းခက်တယ်ကွ ” ငါးယောက်မြောက် အင်တာဗျူးသူက ယုံကြည်မှုတို့နှင့် ပြည့်နှက်နေပုံရသည်။

“ ဒီဒဏ္ဍာရီက အရမ်းမှေးမှိန်ပြီး မထင်မရှားဖြစ်လွန်းတယ်။ လူတော်တော်များများက ဒီအကြောင်းကို မသိကြဘူးကွ ”

ဖုန့်လင်း တည်ငြိမ်နေဆဲပင်၊ သူက အနည်းငယ်မျှပင် ခြောက်ခြားမသွားခဲ့ချေ။

“ ဟူရာ မတ်ဇ်ဒ်က ဘယ်ဒဏ္ဍာရီထဲကလဲ။ သူထိန်းချုပ်နိုင်တဲ့ မြင့်မြတ်တဲ့

အခွင့်အာဏာ ဒါမှမဟုတ် ဥပဒေသတွေက ဘာတွေလဲ ” အင်တာဗျူးသူက ပြုံးကာမေးခဲ့သည်။

ယင်းကာ အလွန်မရင်းနှီးသည့်အမည်တစ်ခုပင်။

ချက်ချင်းဆိုသလိုပင် ဖုန့်လင်းမျက်နှာက မှုန်ကုပ်လို့သွားသည်။

နော့စ်ဒဏ္ဍာရီလား။ မဟုတ်ဘူး။

မာယာဒဏ္ဍာရီလား။ အဲ့တာလည်းမဟုတ်ဘူး။

ဂျပန်ဒဏ္ဍာရီလား။ ဒါလည်း မတူပြန်ဘူး။

……..

ဖုန့်လင်း၏ စိတ်က ရှေးဟောင်းကမ္ဘာမြေခေတ်မှ ဒဏ္ဍာရီနှင့်သမိုင်းတို့ကို ရှာဖွေ့ကြည့်လိုက်သည်။ သူ ထိုကဲ့သို့ အမည်ကို တစ်ခါမှမကြားဖူးပါချေ။

“ ငါဘာပြောခဲ့လဲ။ မင်းတို့ကောင်တွေကို သူဖြေနိုင်မှာမဟုတ်ဘူးလို့ ငါမပြောခဲ့ဘူးလား ”

ဖုန့်လင်း၏ မှုန်ကုပ်ကုပ်မျက်နှာနှင့် အချိန်အတော်ကြာသည်အထိ စဉ်းစားနေသည့်ပုံကို ကြည့်ကာ သူ့လုပ်ဖော်ကိုင်ဖက်များကို ကြည့်ပြီး ရယ်မောလိုက်သည်။ သူ့မျက်လုံးထဲတွင် ကျေနပ်နေသည့် အကြည့်တို့ရှိနေလေသည်။

တခြားအင်တာဗျူးသူများ၏ အကြည့်များက ဖုန့်လင်းဆီသို့ လှည့်သွားကြကာ ဖုန့်လင်း ဤမေးခွန်းကို ဖြေနိုင်သည်ကို တွေ့ချင်နေကြလေသည်။ အကယ်၍သူသာ ဤမေးခွန်းကို ဖြေနိုင်ပါက ဒဏ္ဍာရီလာနယ်ပယ်တွင် အလွန်မြင့်မားစွာလေ့လာခဲ့သည်ဆိုတာကို သံသယရှိတော့မည်မဟုတ်ချေ။

ဖုန့်လင်း ဒဏ္ဍာရီနှင့်သမိုင်းတို့အပေါ်တွင်နားလည်မှုအား အခြေခံထားသည့် မေးခွန်းတစ်ခုကို လက်လျှော့လိုက်မည်မဟုတ်ချေ။ လက်ရှိ ဤလောကကြီးတွင် ဤနယ်ပယ်တွင် သူ့အား သာလွန်သည့်သူရှိမနေပါချေ။ သူသာ မဖြေနိုင်ပါက မည်သူမျှမဖြေနိုင်တော့ဟု ဆိုလိုခြင်းသာဖြစ်ပေလိမ့်မည်။

ထို့ကြောင့် ဤမေးခွန်းကို သူဖြေကို ဖြေရပေလိမ့်မည်။ ဤအမည်မှာ သူသိထားသည့် ဒဏ္ဍာရီနှင့်သမိုင်းများထဲတွင် ရှိနေမည်မှာ အသေအချာပင်။

သူ့စိတ်ထဲတွင် အလင်းတစ်ချက်လတ်သွားပြီး သူဦးနှောက်ထဲတွင် ကြယ်ပျံလေးတစ်ခုက ဖြတ်ကူးသွားလေသည်။

“ ကျွန်တော်သိပြီ။ ဒီနတ်ဘုရားရဲ့ မူလနာမည်က ဟူရာ မတ်ဇ်ဒ်မဟုတ်ဘူး။ အဲ့တာက ပါရှားရဲ့ ရှေးဟောင်းဘာသာတစ်မျိုးဖြစ်တဲ့ ဇိုရိုအက်စ်ထရီယန်ဘာသာက အကြီးအကဲ မီးနတ်ဘုရားတစ်ပါးဖြစ်တဲ့ အဟူရာ မတ်ဇ်ဒါ ပဲ ”

All Chapters