အလိုအလျောက် ပေါင်းစပ်ခြင်း
Vol. 4 Ch. 56
မျိုးဗီဇအစိတ်အပိုင်းများ အလိုအလျောက် ပေါင်းစပ်နေခြင်း!
ဖုန့်လင်း စဉ်းစားလေလေ၊ ဤဖြစ်နိုင်ခြေမှာ ပို၍မှန်နိုင်လာလေလေပင်။
ဤသည်မှာ လုံးဝသေချာသော ဖြစ်နိုင်ခြေတစ်ခုဖြစ်သည်။
ပုံရိပ်ယောင်စကြဝဠာသည် အစစ်အမှန်ကမ္ဘာကို အသွင်ယူပြုလုပ်ထားသော်လည်း၊ အစစ်အမှန်စကြဝဠာ၏ အခြေခံနိယာမများနှင့် ချည်နှောင်ထားခြင်းမရှိပေ။ ပုံရိပ်ယောင်စကြဝဠာတွင် အတိုင်းအဆမရှိသော လွတ်လပ်မှုများရှိပြီး၊ လူများအား မျိုးဗီဇအစိတ်အပိုင်းများကို စိတ်ကြိုက်ဖြုတ်တပ်ခြင်း ပြုလုပ်နိုင်စေသည်။
ဤအချက်ဖြင့် ဖုန့်လင်းအနေနဲ့ မျိုးဗီဇညီမျှခြင်းများကို အပြည့်အဝအသုံးချကာ မျိုးဗီဇဖော်မြူလာများကို ရှာဖွေနိုင်မည်ဖြစ်သည်။ မျိုးဗီဇများကို လွတ်လပ်စွာပေါင်းစည်းနိုင်သည့် စွမ်းရည်ဖြင့် သူသည် မတူညီသော မျိုးဗီဇဆင့်ကဲပြောင်းလဲမှုလမ်းကြောင်းများ၏ အနှစ်သာရများကို လက်တွေ့ခံစားနိုင်ပြီး၊ ဒဏ္ဍာရီဆန်သော မျိုးဗီဇများအပေါ် နားလည်မှုကို နက်ရှိုင်းစွာ တိုးတက်စေနိုင်မည်ဖြစ်သည်။
မျိုးဗီဇစွမ်းရည် +၈%
ဒီအချိန်မှာပဲ ဖုန့်လင်း သူ့မျိုးဗီဇစွမ်းရည်ကလည်း တိုးတက်လာသည်ကို သတိပြုမိခဲ့သည်။ သိပ်မများသော်လည်း၊ မရှိခြင်းထက် ပိုကောင်းသည်။
မျိုးဗီဇဆိုင်ရာ အစိတ်အပိုင်းမှာ ပုံရိပ်ယောင်သာဖြစ်သော်လည်း၊ သူ့ခန္ဓာကိုယ်မှ ခံစားမှုမှာမူ အစစ်အမှန် ဖြစ်သည်။ ဤသည်မှာ ကျင့်ကြံခြင်းတစ်မျိုးဖြစ်ပြီး ထို့ကြောင့် သူ၏စွမ်းရည်များ တဖြည်းဖြည်း ဖွံ့ဖြိုးလာနေခဲ့သည်။
ဤအခြေအနေကို တွေ့မြင်လိုက်ရသော ဖုန့်လင်းမှာ မျိုးဗီဇအမဲလိုက်နယ်မြေ၏ ဒီဇိုင်းနောက်ကွယ်မှ နက်နဲသောအဓိပ္ပာယ်ကို နားလည်ခဲ့မိသည်။ ယင်းသည် လူသားများအား ကမ္ဘာ့အပြင်ဘက်မှ ဂြိုဟ်သားမျိုးနွယ်များနှင့် ရင်ဆိုင်တိုက်ခိုက်ခွင့်ပေးပြီး၊ ၎င်းတို့နှင့်ဖြစ်ပွားသော စစ်မက်၏ ရက်စက်မှုကို နားလည်စေနိုင်ကာ ထိုအတွေ့အကြုံဖြင့် လူတစ်ဦးသည် သတ္တိကို မွေးမြူနိုင်ပြီး တစ်ချိန်တည်းတွင် ကျင့်ကြံခြင်း၏ ရည်မှန်းချက်ကိုလည်း အောင်မြင်စွာ ရယူနိုင်လိမ့်ဖြစ်သည်။ ထို့အပြင် ၎င်းသည် လူတစ်ဦးအား မျိုးဗီဇများကို လွတ်လပ်စွာ ပေါင်းစပ်ခွင့်ပေးကာ မိမိတို့ကိုယ်တိုင်အတွက် အသင့်လျော်ဆုံးသော မျိုးဗီဇဆိုင်ရာ ဆင့်ကဲပြောင်းလဲမှုလမ်းကြောင်းကို ရှာဖွေနိုင်စေသည်။
ဤမျိုးဗီဇအမဲလိုက်နယ်မြေကို ဒီဇိုင်းဆွဲခဲ့သူမှာ ဧကန်မုချပင် ဉာဏ်ပညာ ကြီးမားသူတစ်ဦး ဖြစ်ရမည်။
ဤမျိုးဗီဇအမဲလိုက်နယ်မြေသည် သဲကန္တာရပတ်ဝန်းကျင်တစ်ခုထက် ပိုမိုကျယ်ပြန့်သည်။ ကွဲပြားသော ပတ်ဝန်းကျင်များတွင် ကွဲပြားသည့် မျိုးနွယ်စုများ ရှိလိမ့်မည်ဖြစ်ပြီး ထိုနယ်မြေများမှ ဖြစ်ပေါ်လာသော မျိုးဗီဇများသည်လည်း အမျိုးမျိုးကွဲပြားပေလိမ့်မည်။
ဖုန့်လင်း မျိုးဗီဇအမဲလိုက်နယ်မြေ၏ မြေပုံကို စစ်ဆေးကြည့်ပြီးနောက် သူ အခြားတစ်နေရာသို့ ချက်ချင်းပြောင်းရွှေ့လိုက်သည်။ သူ့ခန္ဓာကိုယ်မှာ တစ်ခဏအတွင်း ပျောက်ကွယ်သွားကာ နောက်တစ်ခဏတွင် အခြားတစ်နေရာ၌ ပြန်ပေါ်လာခဲ့သည်။
ထိုနေရာမှာ သစ်ပင်များဖြင့် ထူထပ်စွာဖုံးလွှမ်းနေသော စိမ်းလန်းစိုပြေသည့် သစ်တောကြီးတစ်ခုဖြစ်ပြီး၊ ရှေးဟောင်းတောအုပ်ကြီးကဲ့သို့ ရှေးကျသောအော်ရာကို ထုတ်လွှတ်နေခဲ့သည်။
"ပြင်ပကမ္ဘာက မျိုးစိတ်ကို ရှာတွေ့ပြီဟေ့! လျှို့ဝှက်တောအုပ်ကို ကျူးကျော်လာတဲ့ကောင် သေစမ်း!"
လေထုသည် ရုတ်တရက် အတက်အကျဖြစ်လာပြီး ထူးဆန်းစွာ တုန်ခါသွားကာ ဝေဝါးနေသောအသံများ နေရာအနှံ့မှ ပဲ့တင်ထပ်လာခဲ့သည်။
ဘွန်း! ဘွန်း! ဘွန်း!
မြေပြင်မှာ ပေါက်ကွဲသွားကာ အထဲမှ အဆိပ်ရှိသော မြွေကဲ့သို့ ဧရာမသစ်မြစ်ကြီးတစ်ခုက ဖောက်ထွက်လာကာ ရေဘဝဲလက်တံများကဲ့သို့ ဖုန့်လင်းဆီသို့ လှည့်ပတ်ကာရိုက်ချလာခဲ့သည်။
"သဲမုန်တိုင်း!"
ဖန်းလင်းလက်နှစ်ဖက်ကို ညှစ်လိုက်သည်။
"ဟမ်း!"
လေပြင်းတိုက်ခတ်မှုမှာ ပိုမိုပြင်းထန်လာခဲ့သည်။
အချင်းဆယ်မီတာကျော်ရှိသော သဲမုန်တိုင်းကြီးတစ်ခု ပေါ်ထွက်လာကာ တောအုပ်ကို ဖြတ်သန်းတိုက်ခတ်သွားပြီး ထူထပ်လှသော နွယ်ပင်များကို လေထဲသို့ ကမန်းကတန်း လွင့်စင်သွားစေခဲ့သည်။
ဖုန့်လင်း မျက်ခုံးကိုတွန့်လိုက်သည်နှင့်အတူ လေပြင်းတိုက်ခတ်မှုမှာ တဖြည်းဖြည်း အားလျော့သွားခဲ့သည်။
သူ သတိထားမိလိုက်သည်မှာ သဲမုန်တိုင်း၏စွမ်းအားသည် ပတ်ဝန်းကျင်အခြေအနေပေါ် မူတည်နေခြင်းပင်ဖြစ်သည်။ သဲကန္တာရပတ်ဝန်းကျင်သည် သဲမုန်တိုင်းမျိုးဗီဇ၏စွမ်းရည်အတွက် ကောင်းသော်လည်း ကြံ့ကြံ့ခံနိုင်သော တောအုပ်ကဲ့သို့ နေရာမျိုးတွင် သဲမုန်တိုင်း၏စွမ်းအားမှာ လျော့နည်းသွားသည်။
ဘွန်း! ဘွန်း! ဘွန်း!
ရုတ်တရက်ပင် တောအုပ်တစ်ခုလုံး ပြောင်းလဲသွားခဲ့သည်။
ဖုန့်လင်း အံ့အားသင့်စွာ လှည့်ကြည့်လိုက်ရာ မြေကြီးထဲမှ ဧရာမသစ်ပင်ကြီးများ ထလာသည်ကို တွေ့လိုက်ရသည်။
အမှန်ပါပဲ... သူတို့တွေ ထရပ်လာတာပါ!
ဧရာမသစ်ပင်ကြီးပေါ်တွင် အမည်းရောင်အပေါက်နှစ်ခုနှင့် အက်ကြောင်းတစ်ခု ပေါ်လာခဲ့ပြီး မျက်လုံးနှင့်ပါးစပ်ကဲ့သို့ ပုံပေါ်နေခဲ့သည်။ သစ်မြစ်များက ရစ်ခွေလာပြီး ခြေထောက်ပုံစံဖြစ်လာကာ သစ်ပင်လူသားများအဖွဲ့လို့ ထင်ရပေသည်။
တွန့်လိမ်နေသော မျက်နှာများက ကောင်းကင်သို့ ဟိန်းဟောက်လိုက်သည်နှင့်အတူ အသံလှိုင်းများက ပတ်ဝန်းကျင်သို့ လှိုင်းထသွားခဲ့သည်။
သူတို့၏ ကျောက်တိုင်အရွယ် ဧရာမလက်မောင်းကြီးများကို မြှောက်တင်လိုက်ပြီး မြေကြီးကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။ မြေပြင်တစ်ခုလုံး တုန်ခါသွားပြီး ဖုန့်လင်း ဟန်ချက်ပျက်သွားခဲ့သည်။
များပြားလှသော သစ်ပင်လူသားများ၏ သစ်ကိုင်းများသည် စပါးအုံးများကဲ့သို့ သူတို့ကိုယ်ပေါ်သို့ ပြန်ရစ်ပတ်နေခဲ့သည်။ အကိုင်းများပေါ်တွင် အနံ့ဆိုးသည့် ပျစ်ချွဲနေသော အရည်များ စီးကျနေပြီး ၎င်းတို့တွင် သေချာပေါက် အဆိပ်ရှိလိမ့်မည်ဖြစ်သည်။
ဖုန့်လင်း တစ်ဖက်သို့ ရှောင်လိုက်ရင်း လက်နှစ်ဖက်ကို ယှက်လိုက်သည်။ သဲများစုစည်းလာပြီး သူ့လက်ဖဝါးအစုံတွင် ရွှေဖြင့်ပြုလုပ်ထားသည်ဟု ထင်ရသော ရှည်လျားသည့် လှံတံတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ဤလှံမှာ ယခင်က ဖန်တီးခဲ့သည့် လှံနှင့် မတူခဲ့ချေ။ သဲမုန်တိုင်းမျိုးဗီဇဖြင့် ဖုန့်လင်း၏ သဲများအပေါ် ထိန်းချုပ်နိုင်စွမ်းသည် အထူးခြားဆုံးဖြစ်နေခဲ့သည်။ ဤအချိန်တွင် လှံတံသည် အလွန်ပြင်းထန်သော ခွန်အားဖြင့် အားဖြည့်ထားသည်။
လေပွေတစ်ခုက လှံသွားကို အားဖြည့်ပေးလိုက်ပြီး လှံသွားကို မယုံနိုင်လောက်အောင် ချွန်ထက်သွားစေခဲ့သည်။ မမြင်ရသော လေဓားများဖြင့် စွမ်းအားဖြည့်ထားသကဲ့သို့ ဘယ်အရာကိုမဆို လွယ်ကူစွာ ဖြတ်တောက်နိုင်ခဲ့သည်။
ဖုန့်လင်း၏ လျင်မြန်ဖြတ်လတ်သော လှုပ်ရှားမှုများက ရန်သူ၏တိုက်ခိုက်မှုအားလုံးကို ရှောင်နိုင်စေခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ လှံတံဖြင့် ထိုးဖောက်ပြီး လှည့်လိုက်ကာ သစ်ပင်လူသားများ၏ ကိုယ်ပေါ်တွင် ဒဏ်ရာများ ကျန်ရစ်စေခဲ့သည်။
"အား...အား..."
သစ်ပင်လူသားများက နာကျင်မှု
ကြောင့် အော်လိုက်ကြပြီး အစိမ်းရောင်အရည်များသည် သွေးများကဲ့သို့ သူတို့၏ကိုယ်မှ စီးထွက်လာခဲ့သည်။
သို့သော်... ဤအပင် မျိုးစိတ်များသည် ကြီးမားလှသည့် မွေးရာပါအသက်စွမ်းအားများဖြင့် မွေးဖွားလာကြခြင်းဖြစ်ပြီး သူတို့ကိုယ်ပေါ်ရှိ ဒဏ်ရာများသည် မျက်စိဖြင့်မြင်နိုင်သော အမြန်နှုန်းဖြင့် ပြန်လည်ကောင်းမွန်လာခဲ့သည်။
ဤသစ်ပင်လူသားများသည် အရေအတွက်နည်းသော်လည်း တစ်ကောင်ချင်းစီ၏ စွမ်းအားမှာ မယုံနိုင်စရာကောင်းလောက်အောင် ကြီးမားသည်။ ထို့အပြင် ၎င်းတို့သည် သစ်ပင်များကို ထိန်းချုပ်နိုင်စွမ်းရှိပြီး ထိုစွမ်းရည်မှာ အံ့ဩလောက်စရာပင်။
ယခင်က အင်းဆက်များသည် အရေအတွက်များသော်လည်း အားနည်းခဲ့ပြီး ထိုအရာက ဗီဒီယိုဂိမ်းတစ်ခုရှိ သာမန်ရန်သူများနှင့် တူညီမည်ဖြစ်သည်။ သို့သော် ဤသစ်ပင်လူသားများကမူ အထူးစွမ်းရည်ရှိသော ရန်သူများနှင့် တူညီသည်။
ဖုန့်လင်းသည် ရှေ့တည့်တည့်မှ ရင်ဆိုင်တိုက်ခိုက်ခြင်း မလုပ်ခဲ့ပဲ သစ်ပင်လူသားကြီးများ၏ ကိုယ်ပေါ်ရှိ သန်းတစ်ကောင်ကဲ့သို့ ခုန်ပေါက်နေပြီး လှံ
ဖြင့် အဆက်မပြတ် ထိုးဖောက်တိုက်ခိုက်ကာ ပြင်းထန်သော ဒဏ်ရာများ ပေးနိုင်ခဲ့သည်။
"ဂရား...အူးအူး..."
သစ်ပင်လူသားများ ဒေါသဖြင့် ဟိန်းဟောက်လိုက်သည်။ ၎င်းတို့၏ ဧရာမကိုယ်ခန္ဓာကြောင့် လှုပ်ရှားမှုမှာ အလွန်နှေးကွေးနေခဲ့ပြီး ဖုန့်လင်း၏ လျင်မြန်သော လှုပ်ရှားမှုများကို လိုက်မမီနိုင်ခဲ့ပေ။
၎င်းတို့အနေဖြင့် အကူအညီမဲ့စွာဖြင့် ညည်းညူနေရုံသာရှိပြီး၊ နောက်ဆုံးတွင် စုပုံလာသော ဒဏ်ရာများကြောင့် ပြိုလဲသွားကာ ဒေတာအဖြစ် ပြောင်းလဲသွားခဲ့သည်။ထို့နောက်...မတူညီသော မျိုးဗီဇအစိတ်အပိုင်း (၃) မျိုး ထွက်ပေါ်လာခဲ့သည်။
သစ်ပင်မျိုးဗီဇ ×၃၊ ရှင်သန်မှုမျိုးဗီဇ ×၂၊ ပျော့ပြောင်းမှုမျိုးဗီဇ ×၃
ဖုန့်လင်းသည် ဤမျိုးဗီဇအစိတ်အပိုင်းများကို ယူပြီး စနစ်အတွင်းရှိ သိုလှောင်အိတ်ထဲသို့ သိမ်းဆည်းလိုက်သည်။ ထို့နောက် ၎င်းတို့၏ အချက်အလက်များ ပေါ်လာသည်ကို တွေ့ရှိခဲ့သည်။
=======
မျိုးဗီဇ: သစ်ပင်မျိုးဗီဇ
အဆင့်: အလယ်အလတ်အဆင့် အခြေခံမျိုးဗီဇ
စွမ်းရည်: အပင်များကို အခြေခံအဆင့် ထိန်းချုပ်နိုင်ခြင်း
...
မျိုးဗီဇ: မျိုးဗီဇ
အဆင့်: အမြင့်အဆင့် အခြေခံမျိုးဗီဇ
စွမ်းရည်: ဇီဝလုပ်ဆောင်မှုများ မြှင့်တင်ပေးခြင်းနှင့် ပြန်လည်နာလန်ထမှုကို မြန်ဆန်စေခြင်း
...
မျိုးဗီဇ: ပျော့ပြောင်းမှုမျိုးဗီဇ
အဆင့်: အလယ်အလတ်အဆင့် အခြေခံမျိုးဗီဇ
စွမ်းရည်: ခန္ဓာကိုယ်အား သန်မာစေပြီး ဖျက်ဆီးရခက်ခဲစေခြင်း
=======
ဖုန့်လင်း၏ မျိုးဗီဇညီမျှခြင်း အလိုအလျောက်အလုပ်လုပ်ကာ သူ့မျိုးဗီဇစွမ်းရည်၏ ၅၆% ကို အသုံးပြုကာ အောက်ပါမျိုးဗီဇဖော်မြူလာအသစ်များကို ရရှိခဲ့သည်။
အပင်မျိုးဗီဇ ×၃ + ရှင်သန်မှုမျိုးဗီဇ ×၂ = သစ်ပင်မျိုးဗီဇ
အပင်မျိုးဗီဇ ×၂ + ရှင်သန်မှုမျိုးဗီဇ ×၁ + ပျော့ပြောင်းမှုမျိုးဗီဇ ×၄ = နွယ်ပင်မျိုးဗီဇ
အပင်မျိုးဗီဇ ×၅ + ရှင်သန်မှုမျိုးဗီဇ ×၃ + ပျော့ပြောင်းမှုမျိုးဗီဇ ×၂ = ဧရာမသစ်ပင်မျိုးဗီဇ
အပင်မျိုးဗီဇ ×၆ + ရှင်သန်မှုမျိုးဗီဇ ×၈ + ပျော့ပြောင်းမှုမျိုးဗီဇ ×၃ = ရှေးဟောင်းသစ်ပင်မျိုးဗီဇ
အပင်မျိုးဗီဇ ×၉ + ရှင်သန်မှုမျိုးဗီဇ ×၁၀ + ပျော့ပြောင်းမှုမျိုးဗီဇ ×၈ = သစ်ပင်လူသားမျိုးဗီဇ
ဤမျိုးဗီဇဖော်မြူလာ (၅) မျိုးဖြစ်သည်။
အခြားသူများဆိုလျှင် မျိုးဗီဇဖော်မြူလာ အမျိုးမျိုးကို မသိရှိခဲ့လျှင် ၎င်းတို့ရရှိသော ဖော်မြူလာများထဲမှ အားအကောင်းဆုံးကို ရွေးချယ်ရန် ကန့်သတ်ချက်ရှိမည်ဖြစ်သည်။
သို့သော် ဖုန့်လင်းမှာမူ ကွဲပြားသည်။
သူသည် အကောင်းဆုံးသော တစ်ခုကိုသာ ရွေးချယ်မည်ဖြစ်သည်။
သဲမုန်တိုင်းမျိုးဗီဇ သည် ရှေးဦးမျိုးဗီဇတစ်မျိုးဖြစ်သည်။ ပတ်ဝန်းကျင်အခြေအနေက သင့်တော်မှု မရှိသော်လည်း ၎င်း၏စွမ်းအားမှာ အခြေခံမျိုးဗီဇများထက် အဆပေါင်းများစွာ သာလွန်နေဆဲဖြစ်သည်။
ဖုန့်လင်းသည် သစ်ပင်လူသားများကို လွင့်စင်သွားစေနိုင်သော ရှေးဦးမျိုးဗီဇကို တပ်ဆင်လိုက်ပြီး သဲမုန်တိုင်းမျိုးဗီဇ၏ အထူးစွမ်းရည်ဖြင့် သစ်ပင်လူသားများကို ဖိနှိပ်လိုက်သည်။
မကြာမီမှာပင် သူသည် ရှေးဦးမျိုးဗီဇများအဆင့်သို့ ရောက်ရှိရန် လုံလောက်သော အခြေခံမျိုးဗီဇအစိတ်အပိုင်းများကို စုဆောင်းမိလာခဲ့သည်။
ဖုန့်လင်းသည် သဲမုန်တိုင်းမျိုးဗီဇကို ဖယ်ရှားပြီး သိမ်းဆည်းလိုက် အပင်မျိုးဗီဇ ၉ ခု၊ ရှင်သန်မှုမျိုးဗီဇ ၁၀ ခုနှင့် ပျော့ပြောင်းမှုမျိုးဗီဇ ၈ ခုတို့ကို တပ်ဆင်ကာ သစ်ပင်လူသားမျိုးဗီဇကို ဖန်တီးလိုက်သည်။
ဒေတာစီးကြောင်းတစ်ခု သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ပြောင်းလဲသွားစေခဲ့သည်။ ဤမျိုးဗီဇအစိတ်အပိုင်းထဲတွင် အသေးစားသစ်ပင်လူသားတစ်ကောင် ရှင်သန်နေသကဲ့သို့ ရွေ့လျားနေသည်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်သည်။
ဖုန့်လင်း သူ့ခန္ဓာကိုယ်အတွင်းမှ အံ့သြဖွယ်ပြောင်းလဲမှုများကို ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်မှာ သုံးမီတာကျော်အထိ ကြီးထွားလာခဲ့ပြီး အရေပြားမှာလည်း ခြောက်သွေ့ လာပြီး သစ်ပင်လူသားတစ်ကောင်ကဲ့သို့ မာကျောလာကာ၊ခန္ဓာကိုယ်တစ်ခုလုံးကို ထူထဲသော သစ်ခေါက်ချပ်ဝတ်ဖြင့် ဖုံးအုပ်နေခဲ့သည်။ သူ့အနေဖြင့် ကောင်းကင်ကိုပင် ထိုးဖောက်နိုင်လိမ့်မည်ဟု ခံစားနေရသည်။
ဒေတာများကို ကြည့်လိုက်ရာ
ဖုန့်လင်းပုံရိပ်ယောင်ခန္ဓာကိုယ်၏ အသက်စွမ်းအားသည် အဆင့် ၁၀ ကို ကျော်လွန်ကာ ၁၁.၈ အထိ ရောက်ရှိသွားကြောင်း တွေ့လိုက်ရသည်။
ဤသည်မှာ စစ်မှန်သည့် ကြယ်တာရာကျင့်ကြံသူတစ်ဦး၏ အသက်စွမ်းအားအဆင့်နှင့် တူညီသည်။
"မျိုးဗီဇအစိတ်အပိုင်းတွေက သူ့ဘာသာသူ ပေါင်းစည်းနိုင်တယ်!"
သူ၏ ယူဆချက်ကို သက်သေပြနိုင်ခဲ့ပြီဖြစ်သည်။ ဖုန့်လင်း ဆက်လက်၍ စမ်းသပ်မှုများ ပြုလုပ်နေခဲ့သည်။
မျိုးဗီဇအမဲလိုက်နယ်မြေသည် ဂိမ်းတစ်ခုရှိ ကနဦးအခန်းခွဲများ ကဲ့သို့ဖြစ်ပြီး အဆင့်အမျိုးမျိုးရှိသည်။ လူသစ်၊ အဆင်မြင့်၊ ကျွမ်းကျင်၊ အထွတ်အထိပ်၊ ငရဲ၊ အသူရာချောက် အစရှိသော အဆင့်များစွာရှိသည်။
အဆင့်မြင့်လာသည်နှင့်အမျှ တိုက်ခိုက်မှုစွမ်းအားနှင့် ကျင့်ကြံမှုလိုအပ်ချက်များ ပိုမိုမြင့်မားလာမည်ဖြစ်သည်။
ဖုန့်လင်း အဆင့်မြင့်အခန်း များသို့ အလျင်စလိုမဝင်ဘဲ လူသစ်အခန်းတွင်ပင် အခြေခံမျိုးဗီဇများကို အဆက်မပြတ်ရှာဖွေကာ ဗီဇပေါင်းစပ်မှုအမျိုးမျိုးကို စမ်းသပ်ပြီး ဗီဇဆင့်ကဲပြောင်းလဲမှု၏ အနှစ်သာရကို နားလည်ရန် ကြိုးစားနေသည်။
လေစီးကြောင်းမျိုးဗီဇ x၆ + တိမ်မြူမျိုးဗီဇ x၇ + အစိုဓာတ်မျိုးဗီဇ x၅ = မုန်တိုင်းမျိုးဗီဇ
ရေစီးကြောင်းမျိုးဗီဇ x၈ + ရေခဲမျိုးဗီဇ x၇ + လေဆင်နှာမောင်းမျိုးဗီဇ x၃ = နှင်းမုန်တိုင်းမျိုးဗီဇ
မီးလျှံမျိုးဗီဇ x၉ + ကျောက်မျိုးဗီဇ x၇ = မဂ္ဂမာမျိုးဗီဇ
...
အဆင့်မြင့် ရှေးဦးမျိုးဗီဇများ၏ ဆင့်ကဲပြောင်းလဲမှုဖော်မြူလာများကို တစ်ခုပြီးတစ်ခု စမ်းသပ်နေရင်း
ဖုန့်လင်း မျိုးဗီဇကျင့်ကြံမှုဆိုင်ရာ အတွေ့အကြုံများ ပိုမိုရရှိလာခဲ့သည်။ နားလည်မှုအသစ်များနှင့်အတူ သူ့ခန္ဓာကိုယ်ရှိ မျိုးဗီဇစွမ်းရည်မှာလည်း တဖြည်းဖြည်းချင်း မြင့်တက်လာနေခဲ့သည်။
မျိုးဗီဇစွမ်းရည် +၈%၊ +၈%၊ +၈%... ...
မကြာမီပင် သူ၏မျိုးဗီဇစွမ်းရည်သည် ၅၈၂% အထိ ရောက်ရှိလာခဲ့ပြီး ၆၀၀% နီးပါးအထိ နီးကပ်လာကာ မျိုးဗီဇအမှတ် ၆ မှတ် ထပ်မံရရှိခဲ့သည်။
သို့သော်... ဖုန့်လင်း သတိမမူမိခဲ့သည်မှာ သူ၏ မျိုးဗီဇအမဲလိုက်နယ်မြေရှိ လှုပ်ရှားမှုတိုင်းကို စနစ်က မှတ်တမ်းတင်နေခြင်း ဖြစ်သည်။
သူ၏ သတ်ဖြတ်သည့်အရေအတွက်တိုးလာသည်နှင့်အမျှ ထိုဒေတာများကို အဆင့်သတ်မှတ်ချက်ဇယားတွင် မှတ်တမ်းတင်လျက်ရှိသည်။
လူသစ်အဆင့်ရှိ အဆင့်သတ်မှတ်ချက်ဇယားတွင် သူ၏အဆင့်သည် ဒုံးပျံကဲ့သို့ ထိုးတက်လာခဲ့ပြီး တဖြည်းဖြည်း နှင့် လူအချို့၏ အာရုံကို ဆွဲဆောင်လာနိုငိခဲ့သည်။
(နောက်အပိုင်းတွေက စပြီး မျိုးဗီဇကို ဗီဇလို့ ပြောင်းရေးပါမယ်ဗျ)