လျှို့ဝှက်ဆန်းကြယ်သော သိုင်းမာစတာ
Vol. 4 Ch. 57
"ဟင်... ဒီအသစ်တစ်ယောက်က ဘယ်ကပေါ်လာတာလဲ?"
"မဟုတ်သေးဘူး၊ သေချာကြည့်... သူက ရှေးဦးဗီဇတွေကို ပေါင်းစပ်ပြီး အကြိမ်ကြိမ် အစုံလိုက် လဲနေတာဟ။ ဒီလို မွန်းစတားတွေကို မြန်မြန်သတ်နိုင်တာ သူ့အတွက် ဖြစ်နိုင်လို့လား "
"ဒီလိုဗီဇဖော်မြူလာတွေ အများကြီး သူဘယ်လိုသိတာလဲဟ?"
...
ဗီဇအမဲလိုက်နယ်မြေတွင် သတ်ဖြတ်ခဲ့သည့် ရန်သူအရေအတွက်ကို မှတ်တမ်းတင်ထားသော အဆင့်သတ်မှတ်ချက်ဇယားရှိသည်။ အခုအခါ 'ဝူခုန်း' ဟူသော ပုံရိပ်ယောင် ID နာမည်သည် အဆင့် ၁၀၀ မှ ၅၀၊အဆင့် ၅၀ မှ ၃၀ သို့ မိုးပျံတက်လာသကဲ့သို့ မြန်ဆန်စွာ တက်လာခဲ့ပြီး အဆင့် ၁၀ ထိ တက်လာခဲ့သည်။
ဤကဲ့သို့ ထူးခြားထင်ရှားသော စွမ်းဆောင်မှုသည် သဘာဝအတိုင်း လူများ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။
ဗီဇအမဲလိုက်နယ်မြေ၏ ဗဟိုတွင် စိမ်းလန်းစိုပြေသောတောင်ကြားလေးတစ်ခုရှိပြီး ထိုပတ်ဝန်းကျင်သည် သာယာလှပကာ နိဗ္ဗာန်ဘုံကဲ့သို့ဖြစ်နေသည်။ ဤနေရာသည် အနီးအနားရှိ အခြားငရဲကဲ့သို့သော နေရာများနှင့် လုံးဝကွဲပြားနေသည်။
ဤနေရာသည် ဗီဇအမဲလိုက်ရာနယ်မြေ၏ အရိုင်းစိမ်း အင်မော်တယ်တောင်ကြား ဖြစ်ပြီး၊ ဗီဒီယိုဂိမ်းများရှိ လုံခြုံရာဇုန်များနှင့် တူညီသည်။ ဤနေရာတွင် အမဲလိုက်နယ်မြေမှ သတ္တဝါများ၏ တိုက်ခိုက်မှုကို စိုးရိမ်စရာမလိုဘဲ လူသားများသည် လုံးဝအနားယူကာ ပစ္စည်းများအား ပုံရိပ်ယောင်ဖလှယ်မှုများ ပြုလုပ်နိုင်သည်။
ထိုအချိန်တွင် လူအုပ်တစ်ခု စုဝေးလာခဲ့ပြီး အဆင့်သတ်မှတ်ချက်ဇယားပြောင်းလဲမှုကို အံ့အားသင့်စွာ ကြည့်ရှုနေခဲ့ကြသည်။
ဗီဇဖော်မြူလာသည် ဗီဇကျင့်ကြံခြင်း၏ အခြေခံအုတ်မြစ်ဖြစ်သည်။ မည်သည့်ဗီဇကျင့်ကြံနည်းမဆို ပထမဆုံးအနေဖြင့် ဗီဇဖော်မြူလာကို ဖော်ထုတ်ရမည်ဖြစ်ပြီး တဖြည်းဖြည်း ဆင့်ကဲပြောင်းလဲကာ ဗီဇသစ်ပင် အဖြစ်သို့ ရောက်မှသာ အထွတ်အထိပ်သို့ ရောက်ရှိနိုင်မည်ဖြစ်သည်။
ဒါ့ကြောင့် ဗီဇဖော်မြူလာတစ်ခုစီက ဖြစ်နိုင်ခြေရှိသော ဗီဇကျင့်ကြံနည်းတစ်ခု၊ လမ်းကြောင်းအသစ်တစ်ခုကို ကိုယ်စားပြုနေပါတယ်။
လူသားများသည် ဗီဇအမဲလိုက်နယ်မြေသို့ ဝင်ရောက်သောအခါ မိမိနှင့်ရင်းနှီးသော ဗီဇဖော်မြူလာ နှစ်မျိုးသုံးမျိုးကို စမ်းသပ်ကြည့်ပြီး မိမိနှင့်ကိုက်ညီသော လမ်းကြောင်းကို ရွေးချယ်လေ့ရှိသည်။
သို့သော် ဤ 'ဝူခုန်း' ၏ စွမ်းဆောင်မှုမှာ အလွန်ပင်ထူးခြားလွန်းလှသည်။ သူသည် ဗီဇဖော်မြူလာများကို မကြာခဏပြောင်းလဲကာ ရှေးဦးဗီဇများကို ဖွဲ့စည်းလေ့ရှိသည်။ သူ ဘာလုပ်နေတာလဲ?
သို့သော် ၎င်းသည် လူသစ်များအတွက် နယ်မြေဖြစ်သောကြောင့် သူ၏အဆင့်သတ်မှတ်ချက်သည် ၎င်းတို့အား အလွန်အမင်းအံ့အားသင့်စေခြင်းမရှိသေးပေ။
၎င်းတို့စောင့်ကြည့်နေသည်မှာ ဤ
ဝူခုန်း သည် ဗီဇဖော်မြူလာ အမျိုးအစားမည်မျှကို အတိအကျသိရှိထားသနည်းဆိုသည်ကိုဖြစ်သည်။
"အမြန်ကြည့်စမ်းဟေ့၊ သူ ဗီဇဖော်မြူလာကို ထပ်ပြောင်းလိုက်ပြီ"
တစ်စုံတစ်ဦးက ဖုန့်လင်း မွန်းစတားများသတ်နေပုံကို တိုက်ရိုက်ထုတ်လွှင့်နေသည့် ရုပ်ပုံမြင်ကွင်း တစ်ခုကို စီစဉ်ထားပြီးဖြစ်သည်။
အခြားသူများလည်း အံ့အားသင့်သည့်သံများဖြင့် လျင်မြန်စွာ လှည့်ကြည့်လိုက်ကြသည်။
"ဒါကို မွန်းစတားသတ်နေတယ်လို့ သတ်မှတ်လို့ရပါ့မလား? သူက တံမျက်စည်းနဲ့ လှည်းနေသလို အလွယ်တကူကို ရှင်းနေတာပါလား! ဘယ်လောက်တောင် မွန်းစတားဆန်တဲ့ အမြန်နှုန်းလဲ!"
ဖုန့်လင်းမှာ လက်ရှိတွင် အမည်မသိဂြိုဟ်တစ်ခု၏ အတွင်းပိုင်းမှ နက်ရှိုင်းသော မြေအောက်ကမ္ဘာတစ်ခုထဲတွင် ရှိနေခဲ့သည်။ လေထုထဲတွင် ကဆာလဖာ(ကန့်)ပါဝင်သော မဂ္ဂမာများဖြင့် ပြည့်နှက်နေပြီး၊ မြေပြင်ပေါ်တွင် မှိုများ၊ အနက်ရောင်နွယ်ပင်များနှင့် အခြားမြေအောက်အပင်များ ဖုံးလွှမ်းနေသည်။ ဤနေရာသည် လိုဏ်ခေါင်းပေါင်းများစွာဖြင့် ဝန်းရံထားပြီး ဝင်္ကပါကြီးတစ်ခုနှင့် တူသည်။
"ဟစ်စ်... ဟစ်စ်... ဟစ်စ်..."
အသံတိုးတိုးဖြင့် ဟစ်သံများထွက်ပေါ်လာပြီး နောက်တစ်ခဏတွင် နွားသိုးကြီးများ၏ အရွယ်အစားရှိသည့် အနက်ရောင် ပုံရိပ်ကြီးများက အလျင်အမြန် သူ့ဆီသို့ တွားသွားကာ ပြေးဝင်လာခဲ့သည်။ ၎င်းတို့၏ လိမ္မော်ရောင်မျက်ဆံများသည်
ဖုန့်လင်းကို စိုက်ကြည့်နေပြီး၊ သူ့ကို အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲကာ မျိုချလိုသည့် သွေးဆာနေသည့်အော်ရာများကို ထုတ်လွှင့်နေခဲ့သည်။
မဂ္ဂမာ(ကျောက်ရည်ပူ) များမှ ထွက်ပေါ်နေသော နီညိုရောင်အလင်းသည် ၎င်းတို့၏ မျက်နှာများပေါ်သို့ ကျရောက်သွားသည်။ ဤသတ္တဝါများမှာ မတ်တပ်ရပ်လျှောက်နိုင်သော ဧရာမပုတ်သင်ညိုကြီးများဖြစ်နေသည်။ ၎င်းတို့၏ အားကောင်းသော နောက်ခြေထောက်များက သူတို့ကို မတ်မတ်ရပ်နိုင်စေခဲ့ပြီး၊ အားလုံးမှာ အစွယ်များဖြဲကာ ဖုန့်လင်းဆီသို့ ဟစ်အော်နေကြသည်။
ဖုန့်လင်းပင် ၎င်းတို့၏ပုံသဏ္ဍာန်ကို ရှင်းရှင်းလင်းလင်း မမြင်ရသေးခင် ဤပုတ်သင်ညိုအုပ်စုသည် နတ်ဆိုးများကဲ့သို့ ရှေ့သို့ဆတ်ကနဲ လှမ်းလာရာ နောက်တစ်မိနစ်အတွင်းပင် သူ့အနားသို့ ကပ်လာခဲ့သည်။
၎င်းတို့၏ လက်သည်းများသည်ပင် အချွန်ဆုံးသော လက်နက်များဖြစ်ကြပြီး သူတို့ ပါးစပ်ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ရွံရှာဖွယ်ကောင်းသော သွေးနံ့များ လေထဲသို့ ပျံ့နှံ့သွားခဲ့သည်။ ၎င်းတို့၏ လည်ချောင်းအတွင်းတွင် အနီရောင် အလင်းလုံးများကို တွေ့မြင်နိုင်ပြီး မီးလည်း မှုတ်ထုတ်နိုင်စွမ်းရှိပေလိမ့်မည်။
"လေ အမြောက်!"
ဖုန့်လင်းသည် တည်ငြိမ်စွာဖြင့် မူလနေရာတွင် ရပ်နေခဲ့ပြီး ခြေလှမ်းတစ်လှမ်းပင် မလှမ်းခဲ့ဘဲ စိုးရိမ်ပူပန်မှုလည်း လုံးဝမရှိခဲ့ပေ။ ရုတ်တရက်
သူ့လက်ဝါးများထဲတွင် လေကို အလျင်အမြန်ဖိသိပ်လိုက်ပြီး လက်ဖဝါး၏ဗဟိုတွင် စုစည်းခဲ့ကာ ပစ်လွှတ်လိုက်သည်။ မကြာမီပင် အဖြူရောင်အလင်းလုံးတစ်ခု ဖြစ်ပေါ်လာပြီး ချက်ချင်းပင် ပေါက်ကွဲထွက်သွားခဲ့သည်။
"ဘွန်း!"
ပြင်းထန်သော လေလှိုင်းများသည် နားစည်ပင်ကွဲလောက်အောင် ကျယ်လောင်သည့်အသံနှင့်အတူ ပေါက်ကွဲထွက်လာခဲ့သည်။
မျက်စိဖြင့်မြင်နိုင်သော လေလှိုင်းများသည် ဖုန့်လင်း၏ပတ်လည်တွင်
မတူညီသောလားရာများသို့ ကြီးမားသည့်စွမ်းအားဖြင့် လှိုင်းထနေခဲ့ရာမှ သံမဏိကဲ့သို့ မာကျောသော နံရံများသဖွယ် ပြန့်ကားထွက်လာပြီး ရန်သူများကို ဖိခြေသွားခဲ့သည်။
ဖုန့်လင်းဆီသို့ တိုက်ခိုက်မှုများ မရောက်ခင် ၃၀ စင်တီမီတာအကွာတွင် ပုတ်သင်ညိုများသည် ကျောက်နံရံများပေါ်သို့ ပြင်းထန်စွာ ဝင်ရိုက်မိကုန်ပြီး ဒေတာစီးကြောင်းများအဖြစ် ပြန်လည်ပြောင်းလဲကာ ပျောက်ကွယ်သွားကြသည်။
တစ်ချက်တည်းနှင့်ပင် မူလက ရှုပ်ထွေးနေသော မြင်ကွင်းသည်
ဖုန့်လင်း၏ အစွမ်းပြမှုကြောင့် လုံးဝငြိမ်သက်သွားခဲ့သည်။
ပုတ်သင်ညိုဗီဇ ×၃၊ အကြေးခွံဗီဇ ×၂၊ လက်သည်းချွန်ဗီဇ ×၂
ဖုန့်လင်း အခြေခံဗီဇသုံးမျိုးကို ထပ်မံရရှိခဲ့ပြီး၊ စနစ်အတွင်းရှိ သိုလှောင်ရာနေရာသို့ ထည့်သွင်းလိုက်ပြီး သူ လက်ရှိတပ်ဆင်ထားသော ရှေးဦးဗီဇများကို တိတ်ဆိတ်စွာ စိုက်ကြည့်နေစဉ် လေစီးကြောင်းများစွာဖြင့် ဖွဲ့စည်းထားသော လေဝဲဘောလုံးတစ်ခုကို မြင်လိုက်ရသည်။
"အဆင့်မြင့်အဆင့် ရှေးဦးဗီဇရဲ့ အစွမ်းကတော့ မျှော်လင့်ထားတဲ့အတိုင်းပဲ! လေအမြောက်ဗီဇရဲ့ စွမ်းအားကတော့ တကယ်ကို အံ့မခန်းပဲဟ!"
ဤ လေအမြောက်ဗီဇကို သူကိုယ်တိုင် ပေါင်းစပ်ထားသော်လည်း ၎င်း၏စွမ်းရည်ကို အသုံးပြုသည့်အချိန်တိုင်း
ဖုန့်လင်းအနေဖြင့် ၎င်း၏ပြင်းထန်မှုကို နက်ရှိုင်းစွာ အံ့အားသင့်နေရဆဲဖြစ်သည်။
လေဗီဇ ×၈ + ဖိအားဗီဇ ×၉ = လေအမြောက်ဗီဇ
...
ဗီဇ: လေအမြောက်ဗီဇ
အဆင့်: အဆင့်မြင့်အဆင့် ရှေးဦးဗီဇ
စွမ်းရည်: လေကိုဖိသိပ်ကာ မမြင်ရသည့် ပေါက်ကွဲမှုတစ်ခုဖန်တီးနိုင်ခြင်း
...
အရိုင်းစိမ်း အင်မော်တယ်တောင်ကြား အတွင်းရှိ ကြည့်ရှုနေသူများသည်
ဖုန့်လင်း၏ ကြမ်းတမ်းသော စွမ်းဆောင်မှုကို မြင်တွေ့ရသည့်အခါတွင် အားလုံး အံ့အားသင့်သွားကြသည်။
"သူ ဗီဇဖော်မြူလာတွေ ဘယ်လောက်တောင် သိထားတာလဲ?"
"မင်းတို့ သတိထားမိလား? သူ ပေါင်းစပ်ထားတဲ့ ရှေးဦးဗီဇတွေက ရှေးဦးဗီဇအဆင့်ထဲမှာ အသန်မာဆုံးနဲ့ အစွမ်းထက်ဆုံးတွေချည်းပဲ!"
"မင်း အခုပြောမှ သတိထားမိတယ် အမှန်ပဲဟ သစ်ပင်လူသားအသွင်ပြောင်းတာ၊ လေအမြောက်ကနေ ပေါက်ကွဲမှုတစ်ခု ထုတ်ထွှတ်ပစ်ခတ်တာ၊ လေနဲ့မိုးကြိုးကိုထိန်းချုပ်တာ... ဒီဗီဇစွမ်းရည်တွေက အဆင့်မြင့်ဆုံးတွေချည်းပဲဟ!"
"ဒီ ဝူခုန်း က ဗီဇပညာရှင်တစ်ယောက်ဖြစ်နေမလား?" အရပ်နှစ်မီတာကျော်ရှည်သော ဧရာမလူတစ်ဦးက လေသံတိုးတိုးဖြင့် ရုတ်တရက်ပြောလိုက်သည်။
သူပြောလိုက်သည်နှင့်တစ်ပြိုင်နက် အခြားသူများ၏ မျက်နှာအမူအရာများ ပြောင်းလဲသွားပြီး နားလည်သဘောပေါက်သည့် ပုံစံပေါ်လာကာ သူတို့မျက်လုံးများထဲတွင် မီးတောက်တစ်ခုရှိနေသလို ဖုန့်လင်းကို စိုက်ကြည့်နေခဲ့ကြသည်။
ဗီဇသိုင်းမာစတာများဆိုသည်မှာလည်း ဗီဇပညာရှင် တစ်မျိုးပင် ဖြစ်သည်။ ၎င်းတို့သည် ဗီဇများအကြား အပြန်အလှန်ဆက်နွယ်မှုများနှင့် ဆင့်ကဲပြောင်းလဲနိုင်စွမ်းများကို သုတေသနပြုလုပ်ကာ ဗီဇဖော်မြူလာများကို ဖန်တီးပြီး၊ ထိုအရာကို အခြေခံအဖြစ်သုံးကာ ဗီဇသိုင်းပညာများနှင့် ဗီဇကျင့်ကြံမှုပညာရပ်များကို နက်နက်ရှိုင်းရှိုင်း လေ့လာကြသည်။
ဤသည်မှာ အသင့်လျော်ဆုံးသော ရှင်းလင်းချက်ပင်ဖြစ်သည်။ မဟုတ်ပါက၊ ဤ ဝူခုန်း သည် ဗီဇဖော်မြူလာများကို မည်ကဲ့သို့ ဤမျှများပြားစွာ သိရှိနိုင်မည်နည်း?
ဒီဗီဇသိုင်းမာစတာက ဘယ်နေရာက ဆင်းသက်လာတာလဲ? သူက ဘယ်သူလဲ?...
သူတို့သည် ဤ အသစ်ပေါ်လာသော
ဝူခုန်း သည် လျှို့ဝှက်ဆန်းကြယ်သော အလွှာတစ်ခုဖြင့် ဖုံးအုပ်ထားသည်ဟု ခံစားနေခဲ့ပြီး သူ့ကို ဖောက်ထွင်းမမြင်နိုင်ခဲ့ကြပေ။
သနားစရာကောင်းသော ဖုန့်လင်းမှာမူ သူ၏လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းကို အခြားသူများက အပြည့်အဝမြင်တွေ့နေပြီး မှတ်တမ်းတင်နေသည်ကို လုံးဝမသိရှိခဲ့ပေ။
ဖုန့်လင်း လေအမြောက်ဗီဇမှ သူ၏အာရုံကို ရုပ်သိမ်းလိုက်ပြီး ဗီဇအစိတ်အပိုင်းများ၏ လွတ်လပ်စွာပေါင်းစပ်နိုင်မှုက သူ၏ ဗီဇညီမျှခြင်းအား မတူညီသော ဗီဇလမ်းကြောင်းများနှင့် ၎င်းတို့၏ ဂုဏ်သတ္တိများကို စမ်းသပ်ရန် လွတ်လပ်သောစင်မြင့်
တစ်ခု ပေးထားသည်ကို သတိပြုမိလာခဲ့သည်။ များပြားလှသော အသွင်ပြောင်းလဲမှုများရှိပြီး ကန့်သတ်ချက် လုံးဝမရှိပေ။
"ငါ့ ပုံရိပ်ယောင် ID အမည်ကို ဝူခုန်း လို့ ပေးထားတယ်။ ဒီ 'ကန့်သတ်မှုမရှိခြင်း' ဆိုတာက ဒဏ္ဍာရီလာ မျောက်မင်းက ကန့်သတ်ချက်မရှိဘဲ ဘာမဆိုအသွင်ပြောင်းနိုင်တဲ့ အရည်အချင်းကို ရည်ညွှန်းတာလား" ဟု သူ စဉ်းစားရင်း ရွှင်မြူးနေသော အပြုံးတစ်ခု မျက်နှာပေါ်တွင် ပေါ်လာခဲ့သည်။
သူ၏ မျိုးဗီဇညီမျှခြင်း စွမ်းရည်ကို အသုံးပြုပြီးနောက် ဖုန့်လင်းတွင် အခြားသော အားကောင်းသည့် ဗီဇဖော်မြူလာအသစ်တစ်ခုကို ရရှိခဲ့သည်။
ပုတ်သင်ညိုဗီဇ x၇ + အကြေးခွံဗီဇ x၆ + လက်သည်းချွန်ဗီဇ x၅ = ဧရာမ ပုတ်သင်ညိုဗီဇ
လက်ရှိအချိန်တွင် သူရရှိထားသော ဗီဇများသည် မလုံလောက်သေးသဖြင့်
ဖုန့်လင်းသည် ဗီဇအစိတ်အပိုင်းများ ပိုမိုရရှိရန် လေအမြောက်ဗီဇ ကို အသုံးပြုကာ များနိုင်သလောက် မွန်းစတားများကို ဆက်လက်သတ်ဖြတ်ရမည်ဖြစ်သည်။
ထိုအချိန်တွင် ဒေတာစီးကြောင်းများစွာသည် သူ့အနီးတစ်ဝိုက်တွင် ပေါ်ပေါက်လာကာ အခြားလူများ၏ ရုပ်ပုံများအဖြစ် ဖော်ပြနေသည်။
ဖုန့်လင်းသည် ဤအရာကို သိပ်မအံ့သြခဲ့ပေ။ ဗီဇအမဲလိုက်နယ်မြေတွင် သူတစ်ဦးတည်းမဟုတ်ကြောင်း သိထားပြီးဖြစ်သည်။ ယခင်က အခြားနေရာများတွင် ရှိစဉ်က၊ အခြားလူများလည်း ထိုနေရာများတွင် သတ္တဝါများကို အမဲလိုက်နေသည်ကို သူ မြင်ဖူးပြီးသားဖြစ်သည်။
ဖုန့်လင်း အခြားလူများကို အာရုံမစိုက်ဘဲ၊ သူ၏ လေအမြောက်စွမ်းရည်ကို အသုံးပြုကာ ပုတ်သင်ညိုများစွာကို အလွယ်တကူ ရှင်းလင်းပစ်နေစဉ် အခြေခံဗီဇအစိတ်အပိုင်းများစွာကို ရရှိခဲ့သည်။
ဖုန့်လင်း ထိုဗီဇအစိတ်အပိုင်းများကို သူ၏ သိုလှောင်ရာနေရာတွင် သိမ်းဆည်းနေခဲ့သည်။ သို့သော် ယခုအခါတွင် ပတ်ဝန်းကျင်၏ လေထုက အနည်းငယ်ထူးဆန်းနေသည်ဟု သူစတင်ခံစားလာရသည်။ သူ့အနီးရှိ လူအားလုံးသည် မွန်းစတားများကို အမဲမလိုက်ကြဘဲ၊ ဘေးတစ်ဖက်တွင် ရပ်နေကာ သူ့ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေကြသည်။
သူတို့ ဘာလုပ်နေကြတာလဲ?
ဖုန့်လင်း အနည်းငယ် စဉ်းစားခဲ့သော်လည်း ထိုအကြောင်းကို အလွန်အမင်းစိတ်မပူဘဲ ထားလိုက်သည်။
ဖုန့်လင်း လုံလောက်သော ဗီဇအစိတ်အပိုင်းများစုဆောင်းပြီးနောက် ဧရာမပုတ်သင်ညိုဗီဇ အမည်ရှိ အလယ်အလတ်အဆင့် ရှေးဦးဗီဇတစ်ခုကို အောင်မြင်စွာ စုစည်းနိုင်ခဲ့သည်။ ဤဗီဇသည် အသုံးပြုသူအား လူသားပုံစံ ဧရာမပုတ်သင်ညိုအဖြစ် ပြောင်းလဲနိုင်စွမ်းကိုပေးသည်။
သူ လိုချင်သည့်အရာများရပြီးနောက်
ဖုန့်လင်းသည် ထွက်ခွာရန် အသင့်ဖြစ်နေချိန်တွင် ရုတ်တရက် လူတစ်ဦးထွက်ပေါ်လာကာ သူ့ကိုရပ်တန့်စေခဲ့သည်။
"ကျေးဇူးပြုပြီး ခဏလောက်ပါ..."
မျက်နှာတွင် ရိုသေမှုအပြည့်ဖြင့် ငွေရောင်ဆံပင်နှင့် လူငယ်တစ်ဦးက ဦးညွှတ်ရင်း လေးစားစွာ ပြောလိုက်သည်။
"ဒီကသိုင်းမာစတာက... ကျွန်တော့်ကို ရှေးဦးဗီဇအစိတ်အပိုင်းတစ်ခုကို ရောင်းပေးနိုင်မလားခင်ဗျ?"