ပထမဦးဆုံးရွှေအိုး
Vol. 4 Ch. 58
မည်သူမဆို ရုတ်တရက် လူတစ်ယောက်က ရုတ်တရက်ထွက်လာပြီး "မာစတာ" လို့ ခေါ်တာကို ကြားရရင် အံ့သြမှာပါပဲ။
"ကျွန်တော်ထင်တာမမှားရင် မာစတာက ဗီဇသိုင်းမာစတာမလား။ ကျွန်တော် ဆရာရဲ့ မွန်းစတားသတ်ဖြတ်မှုတွေကို ကြည့်နေရင်း ဆရာ ဗီဇဖော်မြူလာအမျိုးမျိုးကို စမ်းသပ်နေတာကို တွေ့ရလိုက်ရတယ်" ဟု ငွေရောင်ဆံပင်နှင့်လူငယ်က ရိုသေစွာပြောခဲ့သည်။
"ကျွန်တော် ကြယ်ဒင်္ဂါး ၅၀၀ နဲ့ ရှေးဦးဗီဇအစိတ်အပိုင်းတစ်ခုကို ဝယ်လို့ရမလား?"
ဘာလဲဟ? ဒီလိုကောင်းတဲ့ဟာ ရှိတာလားဟ?
ဖုန့်လင်း စိတ်ရှုပ်သွားခဲ့သည်။
ဗီဇအစိတ်အပိုင်းများသည် ပုံရိပ်ယောင်ပစ္စည်းများဖြစ်ပြီး ပြင်ပမှ ငွေကြေးအစစ် သုံးစရာမလိုဘဲ ရနိုင်သည့်အရာများဖြစ်သည်။ သို့သော် အခုအခါမှာတော့ တစ်စုံတစ်ယောက်က သူ့ထံမှ ကြယ်ဒင်္ဂါး ၅၀၀ ပေးပြီး ဝယ်ယူလိုနေသည်။
ဒီလူက သူ့ကို ဗီဇဆင့်ကဲပြောင်းလဲမှုဆိုင်ရာကို အထူးပြု လေ့လာတဲ့ ဗီဇသိုင်းမာစတာတစ်ဦးအဖြစ် အထင်မှားနေတာလား?
ဖုန့်လင်း ဤကဲ့သို့ ထင်မိလိုက်သည်။
သို့သော် သူ့တွင် ဗီဇညီမျှခြင်းစွမ်းရည်ရှိသည်နှင့်အညီ၊ သူသည် တကယ်ပင် မွေးရာပါ ဗီဇပညာရှင်တစ်ဦးဖြစ်နေသည်။ အခြားသူများ သူ့အကြောင်း အထင်မှားကြသည်မှာ အံ့အားသင့်စရာမရှိချေ။
"ကောင်းပြီလေ!" ဖုန့်လင်း ခေါင်းညိတ်လိုက်သည်။
"ဆရာ သဘောတူတယ်လား?" ငွေရောင်ဆံပင်လူငယ်သည် အလွန်ပျော်ရွှင်သွားပြီး မျက်နှာတွင် မျှော်လင့်ချက်အပြည့်ဖြင့် ပြန်ပြောလိုက်သည်။ "ဒါဆို အခုပဲ လဲလိုက်ကြရအောင်"
"မင်း ဘယ်ဗီဇအစိတ်အပိုင်းမျိုး လိုချင်တာလဲ?" ဖုန့်လင်း သူ၏ စနစ်အင်တာဖေ့စ်ကိုဖွင့်ကာ ရှေးဦးဗီဇအစိတ်အပိုင်းများကို ငွေရောင်ဆံပင်ယနှင့်လူငယ်အား ပြလိုက်သည်။
ပတ်ဝန်းကျင်ရှိ လူများအားလုံး လှမ်းကြည့်မိလိုက်ကြပြီး အံ့အားသင့်သွားကာ မယုံနိုင်ဖြစ်သွားကြသည်။ လေထဲတွင် အလင်းလုံး ၃၆ ခု မျောနေပြီး၊ ဤအရာများသည် ဗီဇကျင့်ကြံမှုလမ်းကြောင်း ၃၆ မျိုးကို ကိုယ်စားပြုနေသော ဗီဇအစိတ်အပိုင်း ၃၆ ခုပင် ဖြစ်နေသည်။
ဒီလူ ဗီဇဖော်မြူလာဘယ်နှစ်မျိုးလောက်တောင် သိထားပါလိမ့်?
"ဗီဇသိုင်းမာစတာပဲ!"
"ဒီလူက တကယ့်ကို ဗီဇသိုင်းမာစတာပဲ ပြီးတော့ ဗီဇပညာရှင်တွေထဲကမှ ကျွမ်းကျင်သူတစ်ဦး!"
"ဒါ...ဒါနဲ့...ဒါတွေအားလုံး လိုချင်ပါတယ်!"
ထိုအခိုက်တွင် ငွေရောင်ဆံပင်နှင့်လူငယ်၏ အမြင်တွင် ကြယ်ရောင်များတောက်နေခဲ့ကာ ဘာရွေးရမှန်းပင် မသိတော့ပေ။
"ဆရာ... ဗီဇအစိတ်အပိုင်း တစ်ခုထက်ပိုပြီး ဝယ်လို့ရနိုင်မလား?"
"ရတယ်"
ဖုန့်လင်း ခေါင်းညိတ်လိုက်သည်။ တစ်ခုပိုရောင်းရင် ငွေပမာဏတစ်ခုပိုရမှာပဲ။ သူ သဘာဝကျကျပင် သဘောတူလိုက်သည်။
ထိုငွေရောင်ဆံပင်နှင့်လူငယ်သည် ခဏလောက် အံ့အားသင့်သွားခဲ့ပြီး ပျော်ရွှင်မှုများဖြင့် မျက်နှာတွင် ပြည့်နှက်သွားသည်။ သူ့ထင်မြင်ချက် မှန်ကန်ခဲ့ပြီး စုစုပေါင်း ဗီဇအစိတ်အပိုင်း ၅ ခုကို တစ်ပြိုင်နက်ဝယ်ယူလိုက်သည်။ ယင်းတို့မှာ မုန်တိုင်းဗီဇ ၊ မဂ္ဂမာဗီဇ ၊ လေအမြောက်ဗီဇ ၊ နှင်းမုန်တိုင်းဗီဇ ၊ သစ်ပင်လူသားဗီဇ တို့ဖြစ်သည်။
ဤပုံရိပ်ယောင်စကြဝဠာသည် အစစ်အမှန်ကမ္ဘာနှင့် တိုက်ရိုက်ချိတ်ဆက်ထားပြီး ပုံရိပ်ယောင်ငွေကြေးများ မရှိပေ။ လူတိုင်းသည်
တကယ့်ငွေကြေးကိုသာ အသုံးပြုနေကြခြင်းဖြစ်သည်။
ဖုန့်လင်း သူ၏ဘဏ်အကောင့်နံပါတ်ကို ဖော်ပြလိုက်ပြီး မကြာမီပင် ကြယ်ဒင်္ဂါး ၂,၅၀၀ ရရှိလိုက်သည်။
ငွေရောင်ဆံပင်နှင့်လူငယ်သည် ဝယ်ယူထားသော ဗီဇအစိတ်အပိုင်းများကို ပျော်ရွှင်စွာ သိမ်းဆည်းလိုက်ပြီး ရုတ်တရက် မျက်လုံးများတောက်ပလာကာ ပုံမှန်အတိုင်း မေးခွန်းထုတ်သလို ပြောလိုက်သည်။
"ဆရာ... မုန်တိုင်းဗီဇကို ဘယ်အခြေခံဗီဇတွေနဲ့ ပေါင်းစပ်ထားတာလဲ သိလို့ရမလား?"
ဤမေးခွန်းကို ကြားလိုက်ရသည်နှင့်
ဖုန့်လင်း စောင်းကြည့်လိုက်ပြီး "ဟီးဟီးဟီး..." ဟူသော ရယ်သံဖြင့်သာ တုံ့ပြန်လိုက်သည်။
သူ ဘာမှ ထုတ်မပြောခဲ့တော့ပေ။
ဒါက ဟာသပဲ။
ဗီဇအစိတ်အပိုင်းများသည် အရေးမကြီးလှပေ။ တကယ်တန်ဖိုးရှိသည်မှာ ဗီဇဖော်မြူလာများပင်ဖြစ်သည်။ ဒီလူက ကြယ်ဒင်္ဂါး ၅၀၀ နဲ့ ဗီဇဖော်မြူလာတွေကို လိုချင်နေတာလား?
ကြယ်ဒင်္ဂါး ၅,၀၀၀ ပင် မလုံလောက်ချေ!
အကယ်၍ သူသာ လျှို့ဝှက်ချက်များကို ဖော်ပြလိုက်ပါက အတိုင်းထက် အလွန်မိုက်မဲသော အပြုအမူမျိုး ဖြစ်သွားမည်မဟုတ်ပါလား?
ဗီဇဖော်မြူလာများသည် ရိုးရှင်းပုံရသော်လည်း အမှန်တကယ်တွင် သုတေသနနှင့် ဖွံ့ဖြိုးမှု များစွာပြုလုပ်ပြီးမှသာ ရရှိနိုင်သည့် အရာများဖြစ်သည်။ ဗီဇဖော်မြူလာတစ်ခုကို ဖန်တီးရန် အခက်အခဲမှာ အလွန်မြင့်မားလှသည်။
ဥပမာအားဖြင့်-
လေစီးကြောင်းဗီဇ ×၂ + တိမ်မြူဗီဇ ×၃ + အစိုဓာတ်ဗီဇ ×၁ = နှင်းဗီဇ
လေစီးကြောင်းဗီဇ ×၃ + မြူမှုန်ဗီဇ ×၄ + အစိုဓာတ်ဗီဇ ×၄ = မိုးဗီဇ
လူအများစုသည် လေစီးကြောင်းဗီဇ၊ တိမ်မြူဗီဇ နှင့် အစိုဓာတ်ဗီဇ တို့ကို ပေါင်းစပ်၍ မတူညီသော ဗီဇနှစ်မျိုးရနိုင်ကြောင်း သိထားကြသည်။ သို့သော် အောက်ပါ ဗီဇဖော်မြူလာ သုံးမျိုးကိုမူ လူအနည်းသာ သိကြသည်။
လေစီးကြောင်းဗီဇ ×၄ + တိမ်မြူဗီဇ ×၂ + အစိုဓာတ်ဗီဇ ×၁ = ဟာရီကိန်းဗီဇ
လေစီးကြောင်းဗီဇ ×၂ + တိမ်မြူဗီဇ ×၅ + အစိုဓာတ်ဗီဇ ×၄ = မိုးကြိုးဗီဇ
လေစီးကြောင်းဗီဇ ×၆ + တိမ်မြူဗီဇ ×၇ + အစိုဓာတ်ဗီဇ ×၅ = မုန်တိုင်းဗီဇ
အခြားသူများက ဤဗီဇဖော်မြူလာ သုံးမျိုးကို မသိရှိရခြင်းအကြောင်းမှာ "အားနည်းသောချောင်းငယ်များကို အားဖြည့်ခြင်းဖြင့် နောင်တမရစေနှင့်" ဆိုသည့် ကျင့်ကြံခြင်း ဆိုင်ရာ ဆိုရိုးစကားကြောင့်ပင်။
တစ်စုံတစ်ဦးသည် ဗီဇတစ်ခုကို အလွန်အမင်း အားဖြည့်မိပါက၊ နိုးထလာသော ထိုဗီဇကို အပြည့်အဝဖယ်ရှားရန် ဗီဇငြင်းပယ်ခြင်းနည်းပညာ ကို အသုံးမပြုဘဲ ပြန်လည်အားနည်းအောင် ပြုလုပ်နိုင်မည် မဟုတ်ပေ။ ထို့အပြင်၊ အကယ်၍ ထိုနည်းလမ်းကို အသုံးပြုပါက ထိုသူသည် ထိုဒဏ္ဍာရီဆန်သော ဗီဇကို နောက်တစ်ဖန် နိုးထစေနိုင်မည် မဟုတ်တော့ပေ။ လူ့ခန္ဓာကိုယ်မှာလည်း ဗီဇငြင်းပယ်ခြင်းနည်းပညာကို အကြိမ်ကြိမ်အခါခါ အသုံးပြုခြင်းကို ခံနိုင်ရည်မရှိပေ။ ပြင်းထန်သောအခြေအနေများတွင်၊ အလွန်အကျွံအသုံးပြုပါက နိုးထပြီးသား ဗီဇအားလုံး ပြိုကွဲသွားကာ ထိုသူမှာလည်း မသန်စွမ်းဖြစ်သွားနိုင်သည်။
မည်သို့ပင်ဆိုစေကာမူ ပုံရိပ်ယောင်စကြဝဠာသည် အစစ်အမှန်ကမ္ဘာ၏ အသွင်တူစနစ်သာဖြစ်သော်လည်း၊ သင့်လျော်သော ဒေတာများမပါဘဲ အရာရာကို ကြိုက်သလိုဖန်တီးခြင်းမျိုး မလုပ်နိုင်ပေ။
အကယ်၍ သင်သာ တကယ့်ဗီဇဖော်မြူလာကို မသိဘဲ သင့် ဗီဇများကို ကြိုက်သလိုအားဖြည့်ပါက ပုံရိပ်ယောင်စကြဝဠာသည်လည်း ဗီဇအစုအဝေးများကို ပေါင်းစပ်ရန် မဖြစ်နိုင်ချေါ
ထို့ကြောင့် ဗီဇဖော်မြူလာအသစ်တစ်ခုစီကို ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မရေမတွက်နိုင်သော လူများ၏ ကျင့်ကြံခြင်းခရီးလမ်းမှ ရရှိလာသော အတွေ့အကြုံများသည် ပေးဆပ်ရမည့် စျေးနှုန်းပင်ဖြစ်သည်။ ထို့အပြင် ဗီဇတစ်ခုကို ပိုမိုအားဖြည့်လေလေ၊ ဆက်လက်အားဖြည့်ရန် ပိုမိုခက်ခဲလေလေ ဖြစ်သည်။ ထိုသို့ပြုလုပ်နိုင်ရန် ကြီးမားသော ပါရမီလည်းရှိရန် လိုအပ်သည်။
ဖုန့်လင်း၏ ဆင့်ကဲပြောင်းလဲမှုလမ်းကြောင်းကို ဥပမာထားကြည့်ပါ ကမျောက်ဗီဇ ×၁၀ + ကျောက်ဖြစ်ဗီဇ ×၁၀ = ကျောက်မျောက်ဗီဇ ဖြစ်သည်။အပေါ်ယံတွင် ရိုးရှင်းပုံရသော်လည်း၊ ကြယ်တာရာခေတ်၏ သာမန်လူသားများသည် ဤအခြေခံဗီဇများကို နိုးကြားစေပြီး ၁၀ မှတ်အထိ မည်သို့အားဖြည့်နိုင်မည်နည်း?
စွမ်းအားကြီးသော အဆင့်မြင့် ကျင့်ကြံသူများပင် ဤဖော်မြူလာကို ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိပေ။ အဘယ်ကြောင့်နည်း?
အဖြေမှာ အလွန်ရိုးရှင်းသည်!
အဘယ့်ကြောင့်ဆိုသော် မျောက်ဗီဇ** နှင့် ကျောက်ဖြစ်ဗီဇ တို့သည် အဆင့်အနိမ့်ဆုံးသော အခြေခံဗီဇများဖြစ်ပြီး၊ သာမန်အားဖြင့် သုံးမှတ်အထိ အားဖြည့်ရန်ပင် ခက်ခဲလှသည်။ ၁၀ မှတ်အထိ အားဖြည့်ရန်မှာ လူသားများ၏ အကန့်အသတ်ထက် ကျော်လွန်နေသည်။ မည်သူကမျှ ဤအရည်အသွေးညံ့ဖျင်းသော ဗီဇများတွင် သူတို့၏ အခမဲ့ဗီဇမှတ်များကို အလဟဿမဖြုန်းတီးလိုကြချေ။
ဥပမာအားဖြင့်၊ တစ်စုံတစ်ဦးသည် လူသန်ကြီးဖြစ်လိုပါက သူသည် သုံးမီတာအမြင့်အထိ ကြီးထွားလာရမည်။ သို့သော် သင် ဤကဲ့သို့ လုပ်ဆောင်နိုင်သလား?
လူတိုင်းသိကြသည်မှာ သုံးမီတာအမြင့်ရှိပါက လူသန်ကြီးဖြစ်လာမည်ဆိုသည်ကို ဖြစ်သည်။ သို့သော် သိပ္ပံပညာရှင်များစွာ၏ သုတေသနပြုမှုများအပြီးတွင် မည်သူမျှ ထိုအမြင့်ကို မရောက်ရှိနိုင်သေးပေ။
တစ်ခါတစ်ရံတွင်၊ လူသားများမှာ အဖြေကို မတွေးနိုင်ခဲ့ပေ။ ဤသည်မှာ သင့်အနေဖြင့် အချို့အရာများကို လုပ်ဆောင်နိုင်ခြင်းမရှိသည့် အမှန်တရားပင်။
ဖုန့်လင်း၏ ဗီဇညီမျှခြင်းသည် မဖြစ်နိုင်သည်ကို ဖြစ်နိုင်အောင် ပြောင်းလဲနိုင်စွမ်းရှိသည်။ သူ့တွင် အခမဲ့ဗီဇမှတ်များ လုံလောက်စွာရှိပါက ပါရမီ၏ ကန့်သတ်ချက်ကို ချိုးဖျက်နိုင်ပြီး ဤသည်မှာ ဗီဇညီမျှခြင်း၏ အစစ်အမှန်အားသာချက်ပင်ဖြစ်သည်။
အကယ်၍ လူတစ်ဦးတွင် လုံလောက်သော ပါရမီမရှိပါက၊ အဆင့်နိမ့်ဗီဇနှစ်ခု၏ အားဖြည့်မှုအကန့်အသတ်နှင့် ၎င်းတို့ကို ကျောက်တုံးမျောက်ဗီဇအဖြစ် ပေါင်းစပ်နိုင်သည့် အချက်ကို မှန်းဆရန် မဖြစ်နိုင်ပေ။ သို့သော် ဗီဇညီမျှခြင်းက ဤအရာကို အတိအကျလုပ်ဆောင်နိုင်သည်။
ဗီဇညီမျှခြင်းမရှိသူများသည် ပါရမီကိုသာ အားကိုးရမည်ဖြစ်ပြီး၊ ဤမျှများပြားသော အားဖြည့်မှုများရရှိရန်မှာ မဖြစ်နိုင်ပေ။
ပါရမီရှိသူနှင့် ပါရမီမရှိသူ၊ မွေးဖွားလာကတည်းက မမျှတမှုများရှိနေပြီးသားဖြစ်သည်။ အရာအားလုံးသည် လူတစ်ဦး၏ ပါရမီအပေါ်တွင် မူတည်နေသည်။ ပါရမီမည်မျှရှိသည်က ထိုသူ၏စိတ်ကူးယဥ်မှု မည်မျှအထိ ကျယ်ပြန့်နိုင်မည်ကို ဆုံးဖြတ်ပေးသည်။ ထို့ကြောင့် အဆင့်မြင့်ဗီဇဖော်မြူလာများကို ရှာဖွေတွေ့ရှိရန်မှာ ပါရမီမြင့်မားသူများမှသာ ဖြစ်နိုင်သည်။
နောက်ဆုံးမှာတော့ လူတိုင်းတွင် ဗီဇညီမျှခြင်းကဲ့သို့သော အံ့ဖွယ်စွမ်းရည်မျိုး ရှိမည်မဟုတ်ပေ။ ဤအချက်မှနေ၍ ဖုန့်လင်း၌ ဗီဇကျင့်ကြံခြင်း လမ်းကြောင်းတွင် အလွန်ကြီးမားသော အားသာချက်ရရှိထားသည်ကို မြင်နိုင်သည်။
"ဟီးဟီး..."
ဖုန့်လင်း ကျယ်လောင်စွာ ဆက်လက် ရယ်နေခဲ့သည်။
ငွေရောင်ဆံပင်နှင့်လူငယ်သည် သူ၏အတွေးများအား ဖုန့်လင်းမှ မြင်သွားပြီဖြစ်ကြောင်း နားလည်သွားကာ သူ့မျက်နှာမှာ နီရဲသွားပြီး သူ၏မျက်နှာပေါ်က အံ့အားသင့်မှုကို ဖုံးကွယ်ရန် လျင်မြန်စွာ မိတ်ဆွေဖွဲ့ရန် ဖိတ်ခေါ်လိုက်သည်။
"ဆရာ... ကျွန်တော်တို့ အချင်းချင်း မိတ်ဆွေဖွဲ့ကြရအောင်။ နောက်တစ်ခါ ဒီလိုကောင်းတဲ့အရောင်းအဝယ်တွေ ရှိရင် ကျွန်တော့်ကို အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်။ ကျွန်တော် ပိုဝယ်ပါ့မယ်!"
ဤကဲ့သို့ လက်ဖွာသူတစ်ဦးကို မြင်ရပြီးနောက် ဖုန့်လင်း သူ့ကို လက်လွတ်
မခံခဲ့ဘဲ ခေါင်းညိတ်လိုက်ကာ မိတ်ဆွေဖြစ်ရန်ဖိတ်ခေါ်မှုကို လက်ခံလိုက်သည်။ သူ၏မိတ်ဆွေစာရင်းတွင် ပုံရိပ်ယောင်အမည်တစ်ခု ပေါ်လာခဲ့သည် -
"အောလ်တာကြယ်စနစ်ရဲ့ ငွေရောင်ဆံနွယ်နတ်ဘုရား!"
ဖုန့်လင်း ငွေရောင်ဆံပင်နှင့်လူငယ်ကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်သည်။ လူတစ်ဦး၏ အပြင်ပန်းကိုကြည့်၍ သူ့အကြောင်းကို မှန်းဆ၍မရချေ။
ဤလူငယ်သည် အလွန်ချောမောသော ပုံသဏ္ဍာန်ရှိသော်လည်း သူ့တွင် ဤကဲ့သို့ မိမိကိုယ်ကို အမွှန်းတင်သည့် အမည်ရှိမည်ကို မည်သူမျှမထင်လောက်ပေ။
"သိုင်းမာစတာ ဒီဗီဇအစိတ်အပိုင်းကို ကျွန်တော်ဝယ်ချင်ပါတယ်!"
"ဒါကို ငါ လိုချင်တယ်ဟ!"
"အားလုံးဖယ်ကြစမ်း ကျန်တာတွေ အကုန် ငါယူမှာနော်!"
...
ငွေရောင်ဆံပင်နှင့်လူငယ် အောင်မြင်စွာဝယ်ယူနိုင်သည်ကို မြင်ရပြီးနောက်၊ အခြားသူများအားလုံး ဖုန့်လင်းထံမှ မိမိတို့လိုချင်သော ဗီဇအစိတ်အပိုင်းများကို ရွေးချယ်ပြီး ဝယ်ယူရန် ဝိုင်းလာခဲ့ကြသည်။
ဖုန့်လင်းသည် တောင်းဆိုမှု အားလုံးကို လက်ခံလိုက်ပြီး မကြာမီပင် ဗီဇပစိတ်အပိုင်း ၃၆ ခုလုံး အပြီးတိုင်ရောင်းချနိုင်ခဲ့သည်။ သူ စုစုပေါင်း ကြယ်ဒင်္ဂါး ၁၈,၀၀၀ ရရှိခဲ့သည်။
ဤနေရာတွင် ချမ်းသာကြွယ်ဝသူများ အလွန်များပြားလှသည်။ ပုံရိပ်ယောင်ဗီဇပစ္စည်းတစ်ခုက ဤမျှတန်ဖိုးရှိမည်ဟု မည်သူက ထင်မည်နည်း။
ဖုန့်လင်း ရယ်ရမလား ငိုရမလားပင် မသိတော့ပေ။ သူ့အတွက် ကစားနေရုံမျှသာဖြစ်သော အရာတစ်ခုဖြင့် သူ၏ ပထမဆုံးရွှေအိုးကို ရရှိလာမည်ဟု မျှော်လင့်မထားခဲ့ပေ။
ဤသည်မှာ အချောင်ရသော ဝင်ငွေဖြစ်ပြီး မည်သည့်အားထုတ်မှုမျှ သိပ်
မလိုအပ်ပေ။
သို့သော် နက်နက်ရှိုင်းရှိုင်းတွေးကြည့်ပါက ဤအရာသည် အဓိပ္ပါယ်ရှိသည်။
ပုံရိပ်ယောင်စကြဝဠာသည် ဂိမ်းတစ်ခုမျှလောက် မရိုးရှင်းဘဲ ၎င်းသည် လူသားများအတွက် ဒုတိယကမ္ဘာတစ်ခုဖြစ်ပြီး၊ အလွန်ပင် အစစ်အမှန်ဆန်သော နေရာတစ်ခုဖြစ်သည်။
ဤနေရာတွင် ဤမျှကောင်းမွန်သော ဝင်ငွေရနိုင်သည်ကို မြင်ရသောအခါ
ဖုန့်လင်း သူ၏ လက်ထောက်ဗီဇပညာရှင်ဖြစ်ရန် သူ၏ဆုံးဖြတ်ချက်ကို သံသယဝင်လာခဲ့သည်။
မဟုတ်ဘူး။ သူ ချက်ချင်းပင် သံသယစိတ်နှင့် ဒွိဟဖြစ်မှုကို ဖျောက်လိုက်ပြီး သူ၏စိတ်ဓာတ်ကို ပို၍ခိုင်ခိုင်ထားလိုက်သည်။
ငွေကြေးမရှိလျှင် ဘာမှမလုပ်နိုင်သော်လည်း၊ ငွေကြေးရှိလျှင်လည်း အရာရာလုပ်နိုင်မည်ဟု မဆိုလိုချေ။
အသိပညာသည်သာ တန်ဖိုးမဖြတ်နိုင်သောအရာဖြစ်ပြီး ငွေကြေးဖြင့်မဝယ်နိုင်သော အရာတစ်ခုဖြစ်သည်။ ဗီဇပညာရှင်တစ်ဦး အသိပညာသည် ဥပမာကောင်း တစ်ခုဖြစ်သည်။
ဧရာမဆေးဝါးကုမ္ပဏီတွင် လက်ထောက်အဖြစ်လုပ်ကိုင်ခြင်းဖြင့်သာ ဗီဇပညာရှင်စနစ်ကို နက်ရှိုင်းစွာနားလည်နိုင်မည်ဖြစ်ပြီး သူ၏ အသိပညာကို ဆက်လက်တိုးချဲ့နိုင်မည်ဖြစ်သည်။
သို့သော်၊ ပုံရိပ်ယောင်စကြဝဠာရှိ ဤငွေရှာနည်းလမ်းမှာလည်း မဆိုးရွားလှဘဲ သူအနေနဲ့ ဤနည်းလမ်းကို အပြီးအပိုင်စွန့်လွှတ်မည်မဟုတ်ပေ။
သူအနေဖြင့် သူ၏ပုံရိပ်ယောင်စျေးဆိုင်တွင် ပေါင်းစပ်ထားသော ဗီဇအစိတ်အပိုင်းများကို ရောင်းချနိုင်သည်။ ဤသည်မှာ သူ၏ဗီဇညီမျှခြင်းကို အသုံးပြု၍ ငွေရှာနည်းဖြစ်ပြီး၊ မည်သူမျှ သူ၏ဗီဇဖော်မြူလာများ၏ ဖြစ်တည်မှုကို သင်ယူနိုင်မည်မဟုတ်ပေ။ ခဲတစ်လုံးထဲနှင့် ငှက်နှစ်ကောင်သတ်နိုင်သကဲ့သို့ပင်။
ဖုန့်လင်း ဗီဇအစိတ်အပိုင်းများအတွက် မွန်းစတားများကို ဆက်လက်အမဲလိုက်ရန် အသင့်ဖြစ်နေစဉ်၊ ရုတ်တရက် သူ့စိတ်ထဲတွင် သတိပေးချက် အသံတစ်ခု မြည်လာခဲ့သည်။
"ခြောက်နာရီအကန့်အသတ် ပြည့်သွားပါပြီ။ ဝင်ရောက်ခွင့်ပိတ်ပင်မှု စတင်အကျိုးသက်ရောက်မည်ဖြစ်သည်။ အလိုအလျောက် အော့ဖ်လိုင်းပြုလုပ်ခြင်း စတင်ပါမယ်!..."
သူ့မျက်စိရှေ့မှ ပုံရိပ်ယောင်စကြဝဠာသည် တုန်ခါသွားခဲ့ပြီး အဆုံးမရှိသော ဒေတာစီးကြောင်းများအဖြစ် ပြောင်းလဲသွားကာ ပျောက်ကွယ်သွားခဲ့သည်။
"အချိန်မရှိတော့ဘူး!" ဖုန့်လင်း ဝမ်းနည်းစွာ သက်ပြင်းချလိုက်သည်။ ဗီဇပေါင်းစပ်မှုများကို စမ်းသပ်ရာတွင် နှစ်မြုပ်နေမိပြီး မသိလိုက်ဘဲ၊ အစစ်အမှန်ကမ္ဘာတွင် ခြောက်နာရီကြာသွားပြီဖြစ်ကာ အချိန်ကန့်သတ်ချက်သို့ ရောက်ရှိသွားခဲ့သည်။
သူ၏ 'ဖောက်သည်များ' မှ ပေးပို့သော မိတ်ဆွေဖြစ်ရန် ဖိတ်ခေါ်မှုအားလုံးကို အချိန်မီလက်ခံနိုင်ခြင်း မရှိတော့ပေ။ သူ၏ခန္ဓာကိုယ်သည် ရုတ်တရက် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အပြီးတိုင် ပျောက်ကွယ်သွားခဲ့သည်။
"အား... သူ ဘာလို့ ဒီလောက် မြန်မြန်ထွက်သွားတာလဲ?"
လူတိုင်းတွင် အံ့အားသင့်မှုနှင့် နောင်တရမှုများ ပြည့်နှက်နေခဲ့ကြသည်။
ဖုန့်လင်း ဖြည်းဖြည်းချင်း မျက်လုံးကိုဖွင့်လိုက်ပြီး သူ၏အခန်းငယ်အပြင်ဘက်ရှိ မြင်ကွင်းကို ကြည့်ရှုလိုက်သည်။
အာကာသယာဉ်သည် မြန်ဆန်လှသည့် အရှိန်ဖြင့် ဆက်လက်ပျံသန်းနေဆဲဖြစ်သော်လည်း၊ ယခုအခါတွင် အနီရောင်တောက်ပသောဂြိုဟ်တစ်ခုကို သူ့မျက်လုံးထဲတွင် မြင်နေရပြီဖြစ်သည်။ ဂြိုဟ်၏မျက်နှာပြင်ပေါ်တွင် စိမ်းလန်းသောတောင်တန်းများကို လှိုင်းများပမာ မြင်တွေ့နိုင်ပြီး၊ အာကာသယာဉ်သည် ဆင်းသက်ရန်အသင့်ပြင်နေပြီဖြစ်သည်။
သူ မားစ်ဂြိုဟ်ကို ရောက်လာခဲ့ပြီ!