← Chapters

မားစ်ဂြိုဟ်ရှိ ရှီထိုက်မြို့

Vol. 4 Ch. 59

မားစ်ဂြိုဟ်ရှိ ရှီထိုက်မြို့

Vol. 4 Ch. 59

မားစ်ဂြိုဟ်သည် နေအဖွဲ့အစည်းရှိ ဗုဒ္ဓဟူးဂြိုဟ်မှစ၍ ရေတွက်ပါက စတုတ္ထမြောက်ဂြိုဟ်ဖြစ်သည်။ ရှေးယခင်ကတည်းက ဒဏ္ဍာရီနှင့် ရှေးဟောင်းရိုးရာပုံပြင်များစွာ၏ အရင်းအမြစ်ဖြစ်ခဲ့သည်။ရှေးဟောင်းတရုတ်လူမျိုးများက ၎င်းကို "မှုန်ဝါးသောဂြိုဟ်" ဟုခေါ်ဆိုခဲ့ပြီး ရောမလူမျိုးများက "စစ်နတ်ဘုရားဟုအဓိပ္ပါယ်ရသော, မားစ်" ဟူသည့် အမည်ပေးခဲ့သည်...

အာကာသယာဉ်သည် မားစ်ဂြိုဟ်နှင့် နီးကပ်လာသည်နှင့်အမျှ၊ ကမ္ဘာမြေအရွယ်အစား၏ 7 ပုံပုံလျှင် 1 ပုံ ခန့်သာရှိသော အနီရောင်ဂြိုဟ်ငယ်လေးသည် ဖုန့်လင်း၏ မျက်စိရှေ့တွင် ပိုမိုနီးကပ်စွာ ပေါ်လာခဲ့သည်ဂြိုဟ်၏မျက်နှာပြင်ပေါ်တွင် အစိမ်းရောင်အစက်အပြောက်ငယ်များကို မြင်တွေ့နိုင်သည်။

၎င်းသည် ရေအရင်းအမြစ်အလွန်ရှားပါးသော ကန္တာရဆန်သည့် ဂြိုဟ်တစ်ခုဖြစ်သည်။ ရေသည် နက်ရှိုင်းသော မြေအောက်တွင် ရေခဲအဖြစ်သာ တည်ရှိသည်။ အစပိုင်းတွင် ဤဂြိုဟ်သည် သက်ရှိများနေထိုင်ရန် လုံးဝမသင့်လျော်ခဲ့ပေ။

သို့သော် လူသားများ ကမ္ဘာမှထွက်ခွာကာ နေအဖွဲ့အစည်းတစ်လျှောက် ပျံ့နှံ့နေထိုင်လာကြသောအခါ၊ သူတို့ ပထမဆုံး နယ်ချဲ့သည့်ဂြိုဟ်မှာ မားစ်ဂြိုဟ်ပင်ဖြစ်သည်။ နေအဖွဲ့အစည်းအတွင်းရှိ ဂြိုဟ်သိမ်ဂြိုဟ်မွှားများ၊ တိုင်တန် 6 နှင့် ပလူတို တို့မှ ရေများကို စုဆောင်းခြင်းဖြင့် နောက်ဆုံးတွင် ဤဂြိုဟ်ကို သက်ရှိများနေထိုင်နိုင်သော ဂြိုဟ်တစ်ခုအဖြစ် ပြောင်းလဲနိုင်ခဲ့သည်။

အာကာသယာဉ်သည် မားစ်ဂြိုဟ်၏ ပြင်းထန်သော လေထုအလွှာများကို ဖြတ်ကျော်ကာ မားစ်ဂြိုဟ်အတွင်းသို့ တရားဝင် ဝင်ရောက်လာခဲ့သည်။ ဖုန်

မှုန့်မုန်တိုင်းများသည် အလွန်ပြင်းထန်စွာ တိုက်ခတ်နေပြီး အာကာသယာဉ်၏ ပြတင်းပေါက်များကို ရိုက်ခတ်နေခဲ့သည်။ ဤနေရာ၌ အလွန်မြင့်မားသော အမြင့်ရှိ လေစီးကြောင်း၏ ဖိအားသည် ကမ္ဘာမြေနှင့်နှိုင်းယှဉ်လျှင် အဆပေါင်းများစွာ ပိုမိုပြင်းထန်သည်။

အာကာသယာဉ် ဆင်းသက်စတွင်

ဖုန်လင်း နစ်မြုပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

အဝေးတစ်နေရာတွင် ဖုန့်လင်း ခါးလယ်ပိုင်းမှနေ၍ ဖြတ်တောက်ထားသော မြင့်မားသည့်တောင်တစ်ခုကို မြင်တွေ့နေရသည်။ ၎င်းသည် ကျောက်သားရင်ပြင်ကျယ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အဆောက်အဦများစွာ တည်ဆောက်ထားသည်။

မားစ်ဂြိုဟ်ရှိ ရှီထိုက် မြို့!

အာကာသယာဉ်သည် မကြာမီ ဆင်းသက်ပြီး ဖန်းလင်းသည် ၎င်းမှထွက်လာခဲ့သည်။

ဘက်ဇ်ဇ်ဇ်

မြေဝါရောင် သဲမုန်တိုင်းတစ်ခုသည် ပြင်းထန်စွာတိုက်ခတ်လာကာ၊ သူ၏ပါးစပ်နှင့်နှာခေါင်းထဲသို့ သဲများဝင်ရောက်လာပြီး အသက်ရှုလမ်းကြောင်း ပိတ်တော့မလိုဖြစ်နေခဲ့သည်။

"အဟွတ်...အဟွတ်..."

ဖုန့်လင်း ပါးစပ်ထဲရှိ သဲများကို ထွေးထုတ်လိုက်ပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။

ကမ္ဘာမြေပေါ်ရှိ အဆောက်အဦးအများစုမှာ မိုးမျှော်တိုက်များ ဖြစ်၍ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ခံစားချက်သည် ကွဲပြားခြားနားနေခဲ့သည်။ ဤမားစ်ဂြိုဟ်၏မြို့တွင်၊ မြေမျက်နှာပြင်အထက်၌ မီတာရာချီမြင့်သော လေရဟတ်များစွာကို မြင်တွေ့ရသည်။ ဤမြို့သည် လေရဟတ် သစ်တောကြီးတစ်ခုနှင့် တူနေခဲ့သည်။

လူအများစုမှာ အပြင်တွင် မရှိကြပေ။ လမ်းပေါ်တွင် သူ့အနားမှဖြတ်သွားသူများမှာလည်း ခေါင်းစည်းပဝါနှင့် ခြုံလွှာများကို ဝတ်ဆင်ထားကြပြီး၊ ၎င်းတို့၏အသွင်အပြင်ကို ဖုံးကွယ်ထားကာ လျှို့ဝှက်ဆန်းကြယ်သောခံစားချက်ကို ပေးနေခဲ့သည်။

သို့သော်၊ ၎င်းမှာ လျှို့ဝှက်ဆန်းကြယ်သည့်ပုံပေါ်ရန်အတွက် မဟုတ်ပေ။

မားစ်ဂြိုဟ်ပေါ်ရှိ လေထုသည် အလွန်ခြောက်သွေ့ပြီး၊ သဲနှင့်ဖုန်မှုန့် မုန်တိုင်းများကြောင့် ဤနေရာတွင် နေထိုင်သူများ၏ ဝတ်စားဆင်ယင်မှုသည် ဤကဲ့သို့ဖြစ်နေခြင်းဖြစ်သည်။ ၎င်းတို့သည် သူတု့၏ နှာခေါင်းနှင့်ပါးစပ်ကို ကာကွယ်ရန် လိုအပ်သည်။

ဖုန့်လင်းမှာမူ သင့်တော်သော အဝတ်အစားများ မဝတ်ထားမိသည့်အတွက် လမ်းပေါ်တွင် အနည်းငယ်လျှောက်မိသည်နှင့် သဲနှင့်ဖုန်မှုန့်လှိုင်းများ လှိမ့်ဝင်လာသည်ကို ခံစားလိုက်ရသည်။ ပါးစပ်နှင့်နှာခေါင်းသာမက အဝတ်အစားများပါ ဖုန်မှုန့်များဖြင့် လွှမ်းခြုံသွားပြီး ရွှံ့စေးလူသားတစ်ဦးနှင့် တူသွားခဲ့သည်။

"အဟွတ်...အဟွတ်...အဟွတ်..."

ဖုန့်လင်း ချောင်းအထပ်ထပ်ဆိုးပြီး ခန္ဓာကိုယ်ကို ခါချလိုက်သည်ရာ သူ့ကိုယ်ပေါ်ရှိ ဖုန်နှင့်သဲများ အားလုံး အောက်ကျသွားခဲ့သည်။

ဖုန့်လင်း၏မျက်နှာထက်တွင် ခါးသက်သော အမူအရာတစ်ခု ပေါ်လာခဲ့သည်။ ဤနေရာသည် အလွန်ညစ်ပတ်လွန်းသည်။ PM2.5 ညွှန်းကိန်းသည် ၁၀၀၀ ကျော်သွားပြီဟု ယူဆရသည်။ (PM2.5 ဆိုတာက လေထုထဲမှာရှိတဲ့ မျက်စိနဲ့ မမြင်နိုင်တဲ့ အမှုန်လေးတွေပါ PM2.5 များလာရင် အသက်ရှုလမ်းကြောင်းကို ပိတ်စေနိုင်ပါတယ်)

ဤဧည့်သည်၏ ကံဆိုးမိုးမှောင်ကျနေသော အခြေအနေကို မြင်ရသောအခါ၊ မားစ်ဂြိုဟ်သားများမှာ ရယ်ချင်

သည့်မျက်နှာများဖြင့် ကြည့်နေကြသည်။

ဖုန့်လင်းသည် ဤနေရာတွင် အချိန်ကြာမြင့်စွာ လည်ပတ်နေနိုင်မည် မဟုတ်ကြောင်း သိသွားပြီး ရှီထိုက်မြို့ ၏ မြေအောက်အပိုင်းဆီသို့ ဦးတည်သော ဝင်ပေါက်သို့ အလျင်အမြန်ဝင်ရောက်လိုက်သည်။

ဟုတ်ပါတယ် ဒီမြို့မှာ မြေအောက်အပိုင်းရှိပါတယ်!

ကမ္ဘာမြေသည် လူသားမျိုးနွယ်၏ မိခင်ဂြိုဟ်ဖြစ်ပြီး သက်ရှိဘဝများစွာကို မွေးဖွားပေးခဲ့ပြီး ယင်း၏ ကောင်းမွန်သော နေထိုင်မှုအခြေအနေများကို ထပ်မံဖော်ပြရန် မလိုတော့ပေ။ ထို့အပြင် ကမ္ဘာပေါ်ရှိ အဆောက်အဦးများသည် မြေပြင်အထက်တွင် တည်ရှိပြီး ကောင်းကင်ထိတိုင် မြင့်တက်နေသည်။

သို့သော် မားစ်ဂြိုဟ်ပေါ်တွင်မူ အခြေအနေမှာ ကွဲပြားသည်။ ဤနေရာ၏ ပတ်ဝန်းကျင်သည် အလွန်ဆိုးရွားပြီး ပြင်းထန်သော လေပြင်း နှင့်သဲများဖြင့် ပြည့်နှက်နေသည်။ မြေပြင်ပေါ်တွင် လူသားများ နေထိုင်ရန်

မသင့်တော်ပေ။

ထို့ကြောင့် ဤနေရာရှိ အဆောက်အဦးများသည် အပေါ်သို့ မတိုးချဲ့ဘဲ မြေအောက်တွင် တည်ဆောက်ထားသည်။

ရှီထိုက်မြို့ ၏ အဓိကအစိတ်အပိုင်းမှာ မြေအောက်အပိုင်းဖြစ်ပြီး ဤနေရာသည် လူသားများ၏ အမှန်တကယ်နေထိုင်ရာ နေရာဖြစ်သည်။ လေစွမ်းအင်ဖြင့် မောင်းနှင်သော လျှပ်စစ်ပစ္စည်းကိရိယာများစွာ တပ်ဆင်ထားသည်။ လေရဟတ်များစွာ တည်ဆောက်ထားရခြင်း၏ အကြောင်းရင်းမှာ ဤနေရာရှိ လူသားများသည် ပြင်းထန်သော လေအားကို အသုံးပြု၍ မြေအောက်မြို့တော်အတွက် မကုန်ခန်းနိုင်သော စွမ်းအင်ကို ရယူလိုခြင်းကြောင့် ဖြစ်သည်။

ဖုန့်လင်း အောက်သို့ဆင်းသော ဝင်ပေါက်တစ်ခုကို တွေ့ခဲ့ပြီး ဓာတ်လှေကားဖြင့် မြေအောက်နက်ရှိုင်းရာဆီသို့ ဆက်လက်ဆင်းသွားခဲ့သည်။

မသိလိုက်ဘဲ၊ သူသည် မြေပြင်မှ အဆင့် ၂၀၀ အောက်သို့ ရောက်ရှိသွားပြီး ဂြိုဟ်၏မျက်နှာပြင်အလွှာနှင့် နီးကပ်နေပြီဖြစ်သည်။

ဓာတ်လှေကားမှ ထွက်လိုက်သောအခါ၊ ကျယ်ပြန့်သော နေရာလွတ်ကြီးတစ်ခုကို မြင်တွေ့လိုက်ရသည်။ မြေပြင်ကို ချိုင့်ကြီးဖြစ်အောင် တူးဖော်ပြီး ရင်သပ်ရှုမောဖွယ် ခမ်းနားသော မြေအောက်မြို့တော်ကြီးအဖြစ် တည်ဆောက်ထားသည်။

ဤနေရာသည် အလုံပိတ်ထားသောနေရာဖြစ်သော်လည်း လုံးဝပင်ပူအိုက်မှုမရှိပေ။ ဤနေရာတစ်ဝိုက်တွင် လေဝင်လေထွက်စနစ်များ တပ်ဆင်ထားသည်ကို ထင်ရှားစွာမြင်နိုင်သည်။

မျက်နှာကြက်တွင် တပ်ဆင်ထားသော နေအတု မှ အလင်းရောင်ထုတ်လွှင့်နေသည်။ အလင်းရောင်သည် တောက်ပသော်လည်း မျက်စိစူးခြင်းမရှိဘဲ၊ မြေအောက်မြို့တော်ကို ရှင်းလင်းစွာ အလင်းပေးနိုင်သည်။

အရာအားလုံးသည် ပုံမှန်ပင်ဖြစ်သော်လည်း၊ ၎င်းသည် ကြယ်တာရာခေတ်၏နည်းပညာကို အပြည့်အဝဖော်ပြနေသည်။

ဤအချိန်တွင်၊ ဖုန့်လင်း၏ ID မိုက်ခရိုချစ်ပ်ပေါ်တွင် မက်ဆေ့ချ်တစ်ခုပေါ်လာခဲ့သည်။

"ကမ္ဘာမြေ၏ ဟွာရှမြို့ရှိ နိုင်ငံသား

ဖုန့်လင်း၊ မားစ်ဂြိုဟ် ရှီထိုက်မြို့မှ ကြိုဆိုပါတယ်..."

မြို့တော်စီမံခန့်ခွဲမှု AI မှ ဖုန့်လင်း၏ အထောက်အထားကို အတည်ပြုပြီး ကြိုဆိုမက်ဆေ့ချ်ပေးပို့ရင်း၊ မြေအောက်မြို့တော်၏ အစိတ်အပိုင်းအသီးသီးကို မိတ်ဆက်ပေးလိုက်သည်။

ဖုန့်လင်းအနေဖြင့် မည်သည့်အချက်အလက်အမှတ်ကိုမဆို နှိပ်လိုက်ပါက၊ မြို့တော်နှင့်သက်ဆိုင်သော အချက်အလက်အားလုံးကို အလွယ်တကူရရှိနိုင်မည်ဖြစ်ပြီး ဤနေရာနှင့် လုံးဝစိမ်းတော့မည် မဟုတ်ပေ။

သူ မြေပုံကိုဖွင့်ကာ 'ဧရာမဆေးဝါးကုမ္ပဏီ' ဟု ရှာဖွေလိုက်ပြီး၊ မကြာမီပင် တည်နေရာကို ရှာဖွေတွေ့ရှိလိုက်သည်။

ဤနေရာသို့ ရောက်ရှိပြီးချိန်တွင်

ရှီထိုက်မြို့တော် ကို လည်ပတ်ရန် အချိန်မရှိသေးပေ။ သူ ကုမ္ပဏီသို့သွားကာ ရောက်ရှိကြောင်း အစီရင်ခံရန် ဆုံးဖြတ်လိုက်သည်။ နောင်တွင် အချိန်အားလပ်ပါက ဤမားစ်ဂြိုဟ်၏ မြို့တော်ကို လှည့်လည်ကြည့်ရှုရန် စီစဉ်ထားသည်။

ဧရာမဆေးဝါးကုမ္ပဏီ၏ တည်နေရာမှာ အလွန်ဝေးပြီး သီးသန့်ဥမင်လိုဏ်ခေါင်းရထားဖြင့်သာ သွားရောက်နိုင်သည်။ မိနစ် ၂၀ ကြာပြီးနောက် ဖုန့်လင်း ရထားမှဆင်းလိုက်ကာ ပျားအုံပုံစံ ထူးခြားသည့် အဆောက်အဦတစ်ခုကို မြင်တွေ့လိုက်ရသည်။ ဤအဆောက်အဦကို မြေပြင်ပေါ်တွင် တည်ဆောက်ထားပြီး 'ဧရာမဆေးဝါးကုမ္ပဏီ' ဟူသော စာတန်းကို မြင်တွေ့နိုင်သည်။

ဧရာမဆေးဝါးကုမ္ပဏီ၏ ပျားအုံပုံစံ ဝင်ပေါက်တွင် သံလိုက်မော်တော်ယာဉ်များစွာ ဝင်ထွက်နေသည်ကို မြင်တွေ့ရပြီး၊ ပျားလုပ်သားများနှင့် တူနေခဲ့သည်။

ဖုန့်လင်းသည် အဓိကတံခါးသို့ လျှောက်သွားခဲ့သည်။

အသိစိတ်ရှိသော လုံခြုံရေးစက်ရုပ်များမှာ သူ့ကိုချက်ချင်း သတိထားမိသွားကာ လျှောက်လာခဲ့ပြီး အီလက်ထရွန်းနစ်မျက်လုံးများကို မှိတ်တုတ်မှိတ်တုတ်လုပ်နေပြီး

ဖုန့်လင်းကို စကင်ဖတ်ရန် ကြိုးစားနေခခဲ့သည်။

၎င်းတို့လက်ထဲရှိ ရောင်ခြည်သေနတ်များသည် ကစားစရာအရုပ်များမဟုတ်ပေ။ အကယ်၍ ဖုန့်လင်းသာ သံသယဖြစ်ဖွယ်လှုပ်ရှားမှုများ ပြုလုပ်ပါက၊ ချက်ချင်းပင် အပေါက်များစွာဖြင့် အဆုံးသတ်သွားနိုင်သည်။

"ဧရာမဆေးဝါးကုမ္ပဏီ" က သီးသန့်အဆောက်အအုံပဲ ဧည့်သည် ဒီနေရာသကိုလာရောက်ရတဲ့ အကြောင်းရင်းကို ပြောပါ!" ဦးဆောင်လာသည့် စက်ရုပ်က စက်သံဖြင့် ပြောဆိုလိုက်သည်။

"ကျွန်တော်က ရွေးချယ်ခံရတဲ့ လက်ထောက်ဝန်ထမ်းတစ်ယောက်ပါ။ ရောက်ရှိကြောင်း သတင်းပို့ဖို့ လာခဲ့တာပါ" ဟု ဖုန့်လင်း ပြောလိုက်ပြီး သူ၏အထောက်အထားကို ပြသရန် သူ့ ID မိုက်ခရိုချစ်ပ်ကို အသုံးပြုလိုက်သည်။

လုံခြုံရေးစက်ရုပ်များ၏ ခေါင်းဆောင်သည် ချစ်ပ်ကိုစကင်ဖတ်ပြီးနောက် သူ့ခန္ဓာကိုယ်မှထွက်နေသော အီလက်ထရွန်းနစ်မျက်လုံးများ၏ အရောင်မှာ အနီမှ အစိမ်းသို့ ပြောင်းလဲသွားသည်။ ထို့နောက် အခြားစက်ရုပ်များကို ဘေးဖယ်ရန် အမူအရာပြလိုက်ပြီး ဖုန့်လင်းအတွက် လမ်းကြောင်းဖွင့်ပေးလိုက်သည်။ "အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်အသစ် ဖုန့်လင်း ကြိုဆိုပါတယ်!"

ဖုန့်လင်း ခေါင်းညိတ်ကာ အတွင်းသို့ဝင်သွားသည်။

အတွင်းပိုင်းသို့ ခြေလှမ်းများစွာ ဆက်လျှောက်သောအခါ ရွှေရောင်ဆံပင်ရှည်နှင့် အမျိုးသမီးတစ်ဦးသည်

ဖုန့်လင်းထံသို့ မြှူဆွယ်လိုဟန်ဖြင့် လှလှပပ လမ်းလျှောက်လာကာ

"ဖုန့်လင်း... ငါတို့ထပ်တွေ့ပြန်ပြီပဲ" ဟု ပြုံးကာပြောလိုက်သည်။

"မင်းပဲ!" ဖုန့်လင်းသည် ရပ်လိုက်ပြီး သူမကို အနီးကပ်ကြည့်လိုက်သည်။ ထိုအမျိုးသမီးမှာ အတုယူစရာ ကောင်းလောက်အောင် ဆွဲဆောင်မှုရှိသော OL(office lady) ဝန်ထမ်းဝတ်စုံဖြင့်

ပုံရိပ်ယောင်စကြဝဠာထဲတွင် သူ့ကို အလုပ်အင်တာဗျူးသူများထံ ဦးဆောင်ခေါ်ဆောင်သွားခဲ့သူပင်။

သူမသည် သူမ၏ ရုပ်ရည်ကို လုံးဝပြုပြင်ခြင်းမရှိဘဲ လက်တွေ့ဘဝတွင်လည်း အလွန်တရာ ဆွဲဆောင်မှုရှိသော အလှပဆုံးအမျိုးသမီးဖြစ်နေသည်ကို မည်သူမျှ ထင်မည်မဟုတ်ပေ။

"ကျွန်မက ဧရာမဆေးဝါးကုမ္ပဏီရဲ့ လူသားအရင်းအမြစ်မန်နေဂျာ အစ္စဘဲလာပါ။ ဒါက ကျွန်မတို့ ဒုတိယအကြိမ်တွေ့တာပဲ။ ဒါပေမယ့် ဒီနေ့အတွက်တော့ နည်းနည်းနောက်ကျသွားပြီပေါ့။ ဒါပေမယ့် ကုမ္ပဏီက ရှင့်အတွက် အခန်းစီစဉ်ပေးထားပြီးသားပါ။ အခုအချိန်မှာတော့ ရှင် ယာယီနေနိုင်ပါတယ်။ မနက်ဖြန်မှာတော့ ကျွန်မ ရှင့်ကို ကုမ္ပဏီအတွင်းမှာရှိတဲ့ ဌာနအသီးသီးကို လိုက်ပို့ပြီး အလုပ်လုပ်ရမယ့် ပတ်ဝန်းကျင်နှင့် ရင်းနှီးစေမှာပါ။ အဒါပြီးမှဘဲ ရှင့်ဌာနကို ပို့ပေးပါမယ်" ရွှေရောင်ဆံပင်နှင့် အစ္စဘဲလာက

ဖုန့်လင်းထံ ဆွဲဆောင်မှုရှိစွာ ပြုံးပြလိုက်သည်။

"အိုကေ" ခြောက်နာရီကြာ ခရီးစဉ်အပြီးတွင် ဖုန့်လင်းမှာလည်း အနည်းငယ်ပင်ပန်းနေပြီဖြစ်သည်။ သူမနှင့်အတူ အဆောက်အဦအတွင်းသို့ လိုက်ပါခဲ့ပြီး အလွန်အဆင့်မြင့်သည့်နည်းပညာဖြင့် တည်ဆောက်ထားသည့် သတ္တုဖြင့် ပြုလုပ်ထားဟန်ရှိသော အခန်းတစ်ခုအတွင်းသို့ ဝင်ရောက်လိုက်သည်။

"ကျွန်မတို့ ဧရာမဆေးဝါးကုမ္ပဏီဆီကို ဒီလောက်ဝေးဝေးကနေ လာခဲ့ရတဲ့အတွက် ရှင် စိတ်အနှောက်အယှက်

မဖြစ်ဘူးလို့ ကျွန်မ ယုံကြည်ပါတယ်"။

ဖုန့်လင်း နားရန်နေရာကို စီစဉ်ပေးပြီးနောက် အစ္ဇဘဲလာက မျက်လုံးများတွင် ညှို့ယူဖမ်းစားသည့်အကြည့်များဖြင့် ပြုံးပြလိုက်သည်။ ထို့နောက် သူမ၏တင်ပါးကို ဘယ်ညာယိမ်းကာ လှည့်ထွက်သွားခဲ့သည်။

မမျှော်လင့်ထားသည်မှာ ဖုန့်လင်းသည် အေးဆေးတည်ငြိမ်သော အမူအရာဖြင့် ရပ်နေလျက် မည်သည့်မှတ်ချက်မျှ

မပေးဘဲ သူ့အခန်းထဲသို့ ဝင်သွားခြင်းဖြစ်သည်။

ဗီဇဆေးဝါးလုပ်ငန်းဆိုသည်မှာ အံ့သြဖွယ်ကြီးမားလှသော အမြတ်ငွေများကို ရရှိနိုင်သည့် နည်းလမ်းတစ်ခုပင်!

ဒီ ဧရာမဆေးဝါးကုမ္ပဏီသည် အလွန်ချမ်းသာကြွယ်ဝသည်ဟု မပြောမဖြစ်ပြောရလိမ့်မည်။ ဤအခန်းသည် နန်းတော်တစ်ခုကဲ့သို့ပင် ခမ်းနားပြီး အဆင့်မြင့်အာဟာရဖျော်ရည်မျိုးစုံဖြင့် ပြည့်နှက်နေကာ သူ၏အာဟာရနှင့်စွမ်းအင်များကို ဖြည့်တင်းနိုင်သည်။ ထို့အပြင် ဤကျယ်ဝန်းသောအခန်းတွင် ဖုန်း သို့မဟုတ် 'အကူအညီတောင်းရန်' ခလုတ်များ မပါဝင်ပေ။ အရာရာသည် အီလက်ထရောနစ်ထိန်းချုပ်မှုဖြင့် အလိုအလျောက်လည်ပတ်နေသည်။

ဖုန့်လင်း အခန်း၏ ထိန်းချုပ်စင်တာသို့သွားရင်း ရုတ်တရက် "ဗီဇဗေဒပညာရှင် လမ်းညွှန်" ဟူသော စာသားကို ရုတ်တရက်မြင်လိုက်ရသည်။ သူ ၎င်းကိုနှိပ်လိုက်သောအခါ အခန်းအတွင်း၌ သုံးဖက်မြင်ပုံရိပ်တစ်ခုပေါ်လာပြီး လေထဲတွင် လင်းလက်နေသည့် ရွေးချယ်စရာများစွာကို မြင်တွေ့လိုက်ရသည်။

ထိပ်ဆုံးတွင် ဖော်ပြထားသည်မှာ "ဗီဇဗေဒပညာရှင်အမျိုးအစားများ!" ဖြစ်သည်။

All Chapters