← Chapters

အနာဂတ်လမ်းကြောင်း

Vol. 4 Ch. 60

အနာဂတ်လမ်းကြောင်း

Vol. 4 Ch. 60

"ဗီဇဗေဒပညာရှင် အမျိုးအစားတွေလား?" ဖုန့်လင်း ဤအကြောင်းအရာကို စိတ်ဝင်စားသွားသည်။ သူ အတွင်းရှိအကြောင်းအရာများကို ဖွင့်ကြည့်ကာ စတင်လေ့လာလိုက်သည်။

"ဗီဇဗေဒပညာရှင်များမှာ ဗီဇဆိုင်ရာ နယ်ပယ်တွင် ကျွမ်းကျင်သူများဖြစ်တယ်။ ဗီဇဆင့်ကဲပြောင်းလဲမှုရဲ့ လျှို့ဝှက်ချက်တွေကို သုတေသနပြုခြင်းကနေ သူတို့ ရရှိလာတဲ့ အသိပညာကို အသုံးပြုပြီး မရေမတွက်နိုင်တဲ့ ဗီဇဆိုင်ရာ အံ့ဖွယ်ဖြစ်ရပ်တွေကို ဖန်တီးခဲ့ကြတယ်။ ဤအံ့ဖွယ်ဖြစ်ရပ်တွေရဲ့ အသုံးပြုမှုအလိုက်၊ ဗီဇဗေဒပညာမှာ ဘာသာရပ်ခွဲများစွာ ပေါ်ထွက်လာခဲ့ပေမည့် အဓိကအမျိုးအစား လေးမျိုးက..."

သုံးဖက်မြင်ပုံရိပ်တွင် ပညာရှင်အော်ရာ ရှိသော အဖိုးအိုတစ်ဦးက ဗီဇဗေဒပညာရှင်အမျိုးအစားများကို ရှင်းပြနေသည်။

ဖုန့်လင်း အာရုံစိုက် နားထောင်ခဲ့ပြီး ဤရှင်းလင်းချက်မှတစ်ဆင့်၊ ဗီဇဗေဒပညာရှင်များနှင့်သက်ဆိုင်သော အခြေခံအသိပညာများစွာကို သူ နားလည်လာခဲ့သည်။

ဗီဇဗေဒပညာရပ်များသည် တူညီသောအလုပ်အကိုင်ပင်ဖြစ်သော်လည်း၊ ၎င်းတွင် အမျိုးအစားများစွာရှိသည်။ အများဆုံးတွေ့ရသော အဓိကအမျိုးအစားလေးမျိုးမှာ -

၁။ ဗီဇဆေးဝါးပညာရှင်

၂။ ဗီဇသိုင်းမာစတာ

၃။ ဗီဇလက်နက်ပညာရှင်

၄။ ဗီဇချပ်ဝတ်ပညာရှင်တို့ဖြစ်သည်။

ဗီဇဆေးဝါးပညာရှင်များမှာ ဗီဇများက လူ့ခန္ဓာကိုယ်ကို မည်သို့ပြောင်းလဲစေနိုင်သည်ဆိုသော သီအိုရီကို သုတေသနပြုသည်။ ထို့အပြင် အံ့ဖွယ်ဆေးဝါးများကို အသုံးပြုပြီး လူသားများသည် ၎င်းတို့၏ဗီဇများကို သန့်စင်ပြီး အသွင်ပြောင်းနိုင်စေကာ ကျင့်ကြံမှုအမြန်နှုန်း ကို မြှင့်တင်နိုင်စွမ်းရှိသည်။

ဗီဇသိုင်းမာစတာများကတော့ ဒဏ္ဍာရီလာ ရှေးဟောင်းအဖြစ်မပျက်များနှင့် ဆင့်ကဲပြောင်းလဲမှု၏ ဆက်နွယ်မှုများကို သုတေသနပြုလေ့ရှိသည်။ ၎င်းတို့အနေဖြင့် ဗီဇဆင့်ကဲပြောင်းလဲမှု၏ လမ်းကြောင်းသစ်များကို ရှာဖွေကာ ဗီဇကျင့်ကြံနည်းအသစ်များကို ဖန်တီးကြသည်။

ဗီဇလက်နက်ပညာရှင်များမှာမူ လုံးဝကွဲပြားသည့်လမ်းကြောင်းဖြစ်သည်။ ၎င်းတို့၏ အဓိကရည်ရွယ်ချက်မှာ ဒဏ္ဍာရီလာ ဗီဇများ၏ အထူးစွမ်းရည်များကို အသုံးချကာ ဒဏ္ဍာရီပုံပြင်များထဲမှ မှော်ဆန်သောလက်နက်များကို တုပဖန်တီးရန်ဖြစ်သည်။ ရိုးရိုးရှင်းရှင်းပြောရလျှင်၊ ၎င်းတို့သည် လူတစ်ဦး၏ ဗီဇစွမ်းရည်များနှင့် လိုက်ဖက်ညီမျှပြီး စွမ်းရည်ကို အပြည့်အဝထုတ်သုံးနိုင်မည့် လက်နက်များကို ဖန်တီးကြသည်။ ဥပမာအားဖြင့် ကြယ်တာရာလူသားများသည် ဒဏ္ဍာရီထဲမှ လက်နက်အချို့ကို အောင်မြင်စွာဖန်တီးနိုင်ခဲ့ပြီးဖြစ်သည်- တရုတ်ရှေးဟောင်းဒဏ္ဍာရီထဲမှ ဖရိုဖရဲအခြေအနေများကို ဖိနှိပ်ရာတွင် အသုံးပြုသည့် "ဖန်ထျန်းတံဆိပ်"၊ ခရစ်ယာန်ဒဏ္ဍာရီထဲမှ ယေရှုကိုထိုးသတ်ခဲ့သည့် "လွန်ဂီနပ်စ်၏လှံ"၊ မြောက်ပိုင်းဒဏ္ဍာရီထဲမှ မိုးကြိုးကိုထိန်းချုပ်နိုင်သည့် "Mjolnir" စသည်တို့ဖြစ်သည်။

နောက်ဆုံးအမျိုးအစားဖြစ်သည့် ဗီဇချပ်ဝတ်ပညာရှင်များမှာမူ လိုအပ်ချက်ကြောင့် ပေါ်ပေါက်လာခြင်းဖြစ်သည်။ ဗီဇချပ်ဝတ်ပညာရှင်များ စတင်ပေါ်ထွန်းသည့်အချိန်မှစ၍ ၎င်းတို့ကို လိုအပ်မှု အလွန်များလာပြီး နောက်ဆုံးတွင် နေအဖွဲ့အစည်းတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။

ဗီဇချပ်ဝတ်ပညာရှင်များသည် အစပထမတွင် ဗီဇလက်နက်ပညာရှင်များ၏ ဘာသာရပ်ခွဲတစ်ခုအဖြစ် စတင်ခဲ့ပြီး ဗီဇစွမ်းရည်များကို မြှင့်တင်ပေးသည့် ကာကွယ်ရေးချပ်ဝတ်များနှင့် ပစ္စည်းကိရိယာများကို ဖန်တီးခဲ့ကြသည်။

သို့သော် အချိန်ကုန်လွန်လာသည်နှင့်အမျှ စက်ရုပ်ဝတ်စုံများ ပေါ်ပေါက်လာသောအခါ၊ ဗီဇချပ်ဝတ်ပညာရှင်များအနေဖြင့် ၎င်းတို့၏ပညာရပ်ကို အဆင့်မြှင့်တင်ရန် လိုအပ်လာခဲ့သည်။ နောက်ဆုံးတွင် ၎င်းတို့သည် သီးခြားဘာသာရပ်တစ်ခုအဖြစ် အသိအမှတ်ပြုခံခဲ့ရပြီး ရှေးရိုးလက်နက်များ ဖန်တီးခြင်းမှ ရပ်တန့်ခဲ့ကြကာ အဆင့်မြင့်နည်းပညာများဖြင့် ဗီဇဝတ်စုံများကို ဖန်တီးခဲ့ကြပြီး၊ ထိုပညာရှင်များကို ငွေကြေးအမြောက်အမြားပေးပြီး ငှားရမ်းလိုသူများလည်း အများအပြားရှိခဲ့သည်။

သဘာဝအားဖြင့်၊ ဒဏ္ဍာရီလာ ဗီဇများစွာရှိသည့်အတွက်၊ ဗီဇပညာရှင်အမျိုးအစားများမှာ ဤလေးမျိုးတည်းသာ

မဖြစ်သင့်ပေ။ အင်းဆက်ပိုးမွှား၊ အိပ်မွေ့ချခြင်း၊ ကုသခြင်း စသည့်တို့ကို အထူးပြုသည့် ဗီဇပညာရှင်များလည်း ရှိသေးသည်။ အမျိုးအစားတစ်ခုချင်းစီတွင် ၎င်း၏ကိုယ်ပိုင် အံ့ဖွယ်အသုံးဝင်မှုများရှိပြီး နှိုင်းယှဉ်ကြည့်လျှင် အတူတူပင် ကောင်းမွန်ကြပေသည်။

သို့သော် မလွဲမသွေပင် အများဆုံးတွေ့ရသည့် အဓိကဗီဇပညာရှင်များမှာ ဤလေးမျိုးပင် ဖြစ်နေဆဲဖြစ်သည်။

မူလကတည်းက ဗီဇပညာရှင်များ၏ အသိပညာသည် အလွန်နက်နဲပြီး ကျယ်ပြန့်လှသည်။ အမျိုးအစားတစ်ခုချင်းစီသည် ၎င်းတို့၏ကိုယ်ပိုင်နယ်ပယ်တွင် နက်ရှိုင်းစွာ သုတေသနပြုလေ့ရှိပြီး၊ ၎င်းတို့၏ပေါင်းစပ်အသိပညာများသည် အဆင့်မြင့်နည်းပညာ၏ ရှုပ်ထွေးသော "ကောင်းကင်ကျမ်း" တစ်စောင်ကို ဖြစ်ပေါ်စေကာ၊ ဤအလုပ်အကိုင်သို့ ဝင်ရောက်ရန် ကြီးမားသည့်အခက်အခဲများကို ဖန်တီးပေးခဲ့သည်။

ဤအချက်ကြောင့် ဗီဇဆိုင်ရာထူးခြားထုတ်ကုန်များ၏ ဈေးနှုန်းများမှာ အလွန်ပင် မြင့်မားလာခဲ့သည်။ ဈေးနှုန်းသတ်မှတ်ထားသော်လည်း ဝယ်ယူသူမရှိသော ကိစ္စများလည်း ရှိခဲ့သည်။

ဧရာမဆေးဝါးကုမ္ပဏီ၏ အဓိက ရည်ရွယ်ချက်မှာ များစွာသော အမြတ်ငွေရရှိရန် ဗီဇဆေးရည်များ ဖော်စပ်ခြင်းဖြစ်သည်။ ၎င်းတို့ ရင်းနှီးမြှုပ်နှံထားသော အရင်းအနှီးမှာ အနည်းသာဖြစ်သော်လည်း ရရှိလာသော အမြတ်ငွေများမှာ အလွန်အမင်းကြီးမားလှသည်။

ဤပညာရေးဆိုင်ရာ သီအိုရီသင်ခန်းစာကို လေ့လာပြီးနောက် ဖုန့်လင်း "ဗီဇပညာရှင်၏ ဖော်စပ်နည်းများ" ဟု အမည်ရသည့် အခြားသင်ခန်းစာတစ်ခုကို နှိပ်လိုက်သည်။

ဤသည်မှာ ဗီဇပညာရှင်များ ဆေးရည်များကို မည်သို့ဖော်စပ်ကြသည်ကို ရှင်းလင်းဖော်ပြထားသော သင်ခန်းစာဖြစ်သည်။

လက်ရှိအချိန်တွင်၊ ဖုန့်လင်းသည် ပုံရိပ်ယောင်စကြဝဠာ အတွင်း၌သာ တစ်ကြိမ် ဆေးရည်ဖော်စပ်ကြည့်ဖူးပြီး လက်တွေ့တွင်မူ ယခုအချိန်ထိ စမ်းသပ်ဖော်စပ်ဖူးခြင်း မရှိသေးပေ။

သူအနေဖြင့် မိမိ၏ အားနည်းချက်ကို ကောင်းစွာသိရှိထားသည်။ သူ့တွင် သီအိုရီဆိုင်ရာ အားနည်းချက်မရှိဘဲ လက်တွေ့လုပ်ဆောင်မှုဆိုင်ရာ အားနည်းချက်သာ ရှိသည်။ သူ ဤအားနည်းချက်ကို အမြန်ဆုံး ဖြည့်ဆည်းရန် လိုအပ်နေသည်။

ဖုန့်လင်း ယခင်ကထက် ပို၍ပြင်းထန်သော စိတ်ဖြင့် ဆက်လက်လေ့လာလိုက်သည်။

ဤပညာရေးဆိုင်ရာ သင်ခန်းစာများမှာ ဧရာမဆေးဝါး ကုမ္ပဏီမှ အခမဲ့ပံ့ပိုးပေးထားသော ဗီဇပညာရှင်များ၏ အသိပညာများဖြစ်ပြီး မျှဝေထားသော အသိပညာများမှာ များပြားလှသည်ဟု မဆိုနိုင်သော်လည်း၊ ၎င်းသည် ပြင်ပတွင် သူ ရရှိရန် မလွယ်ကူသော အရာများဖြစ်သည်။

အသိပညာဆိုသည်မှာ တန်ဖိူးမဖြတ်နိုင်သော အရာတစ်ခုပင်။

မြင့်မားသော လစာကို ဘေးဖယ်ထားဦးတော့၊ ဤအကျိုးကျေးဇူးတစ်ခုတည်းနှင့်ပင်၊ ဖုန့်လင်းအနေဖြင့် ဧရာမဆေးဝါးကုမ္ပဏီသို့ လာရောက်ခြင်းမှာ မှားယွင်းသည့်ဆုံးဖြတ်ချက် မဟုတ်ဟု ခံစားနေရသည်။ အနည်းဆုံးတော့သူ၏အသိပညာနှင့် နားလည်သဘောပေါက်မှုကို ပိုမိုခိုင်မာစွာ တည်ဆောက်နိုင်မည်ဖြစ်သည်။

ဗီဇပညာရှင်များအကြောင်း သူ၏နားလည်မှု တိုးပွားလာသည်နှင့်အမျှ၊ သူ့အနာဂတ်လမ်းကြောင်းသည် သူ့စိတ်ထဲတွင် ပိုမိုရှင်းလင်းစွာ ပေါ်လာခဲ့သည်။

ကျင့်ကြံခြင်းသည် သူ၏အဓိကလမ်းကြောင်းဖြစ်ပြီး၊ ဗီဇပညာရှင်အလုပ်မှာ ထိုလမ်းကြောင်းအတွက် အထောက်အကူသာဖြစ်သည်။

ကျင့်ကြံသူတစ်ဦး၏ ဗီဇဆင့်ကဲပြောင်းလဲမှုနှင့်အတူ၊ ၎င်းတို့၏ အသက်စွမ်းအင်အခြေခံများသည် အကြီးစားပြောင်းလဲမှုများ ဖြစ်ပေါ်လာကာ အဆုံးမရှိသောဖြစ်နိုင်ခြေများဖြင့် ပြည့်နှက်နေသည့် အထူးခြားဆုံးလမ်းကြောင်းတစ်ခုထဲသို့ ဝင်ရောက်သွားမည်ဖြစ်ကာ ယင်းတို့မှာ အသက်ရှည်ခြင်း၊ မပျက်စီးနိုင်ခြင်းတို့အပြင် ထာဝရအသက်တောင်မှ ဖြစ်နိုင်သည်။

ဤသည်မှာ အရာအားလုံး၏ အခြေခံဖြစ်ပြီး၊ မည်သူမျှ ဤအချက်ကို ပြောင်းပြန်လှန်လို့မရပေ။

ဗီဇပညာရှင်များကမူ ဗီဇ၏လျှို့ဝှက်ချက်များကို သုတေသနပြုကာ စကြဝဠာ၏အန္တိမအမှန်တရားကို စူးစမ်းလေ့လာနေကြသည်။ ၎င်းတို့အနေဖြင့် ကိုယ်ပိုင်အသက်စွမ်းအင်ကို တိုက်ရိုက်ပြောင်းလဲနိုင်ခြင်းမရှိသော်လည်း၊ ပြင်ပပစ္စည်းများ အသုံးပြုပြီး လူ့ခန္ဓာကိုယ်၏ဆင့်ကဲပြောင်းလဲမှုကို အထောက်အကူပြုနိုင်သည်။

ကြယ်တာရာကျင့်ကြံသူများ၏ လမ်းကြောင်း နှင့် ဗီဇပညာရှင်များ၏လမ်းကြောင်း၊ ထိုနှစ်ခုထဲမှ တစ်ခုကို အဓိကထားပြီး တစ်ခုကို ဖြည့်စွက်မှုအဖြစ် လုပ်ဆောင်မည်ဆိုပါက၊ သူ၏လမ်းကြောင်းကို ပိုမိုချောမွေ့စွာ ရှေ့ဆက်နိုင်မည်ဖြစ်သည်။

လက်ရှိအချိန်တွင် ဖုန့်လင်း၏ အသက်စွမ်းအင်မှာ ၃.၃ အထိ ရောက်ရှိခဲ့ပြီဖြစ်ပြီး သူ၏ဦးနှောက်နယ်ပယ်များမှာ အပြည့်အဝဖွံ့ဖြိုးနေပြီး သာမန်လူသားတစ်ဦး၏ ဉာဏ်ရည်ထက်ပင် သာလွန်နေပြီဖြစ်သည်။ ထို့ကြောင့် ဤပညာရပ်ဆိုင်ရာ သင်ခန်းစာများကို အလျင်အမြန် လေ့လာပြီး ၎င်းတို့မှ အသိပညာများကို ဦးနှောက်ထဲသို့ သိုလှောင်ထားနိုင်ခဲ့သည်။

သူ အနားမယူဘဲ ချက်ချင်းပင် ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။

ဧရာမဆေးဝါးကုမ္ပဏီသည် အလွန်တရာ ချမ်းသာကြွယ်ဝသည်။ ၎င်းတို့ပေးအပ်သော အာဟာရအရည်မှာ လူသန်ကြီး Type-A အာဟာရဖျော်ရည်ဖြစ်ပြီး၊ ဧရာမဆေးဝါး ကုမ္ပဏီမှ ထုတ်လုပ်သည့် အဆင့်မြင့်အာဟာရဖျော်ရည်ဖြစ်ကာ အခမဲ့အကျိုးခံစားခွင့်တစ်ခုအနေဖြင့် သတ်မှတ်နိုင်သည်။ ဖုန့်လင်း ဤအရာကို အလဟဿမဖြစ်စေဘဲ တစ်ကျိုက်တည်းနှင့် အားလုံးကို မြိုချလိုက်သည်။

ဤဆေး၏ အာနိသင်သည် ယခင်က သူ သောက်ခဲ့သည့် အစိမ်းရောင်နတ်ဘုရား Type-3 အာဟာရဖျော်ရည်ထက် များစွာပိုမိုအားကောင်းသည်ကို သူခံစားမိလိုက်သည်။

လူသန်ကြီး Type-A အာဟာရဖျော်ရည် ကြောင့်ဖြစ်ပေါ်လာသော နွေးထွေးသည့်စီးကြောင်းများသည် အပူချိန်မြင့်မားလှသည်။ ၎င်းတို့ သူ့ခန္ဓာကိုယ်အနှံ့ လည်ပတ်သွားသည်နှင့်အမျှ ကြွက်သားများသည် အာဟာရဆေးဝါးအမြောက်အမြား ထိုးသွင်းထားသကဲ့သို့ ဖောင်းကားလာကာ ပြင်းထန်သောနာကျင်မှုကို ခံစားနေခဲ့ရသည်။

ဤအဆင့်မြင့် အာဟာရဖျော်ရည်များတွင် ကမ္ဘာမြေမှ သူသုံးစွဲခဲ့သည့် အာဟာရဖျော်ရည်များထက် ပရိုတင်းဓာတ် ပိုမိုပါဝင်နေသည်ဟု ထင်ရသည်။ ဆိုလိုသည်မှာ၊ ဤဆေးဝါးသည် ခန္ဓာကိုယ်အားကောင်းစေရန်နှင့် ခွန်အားတိုးစေရန် ပို၍ရည်ရွယ်ထားသည်။

ကံမကောင်းစွာပင် အာဟာရဖျော်ရည်များကို သောက်သုံးပြီး အာဟာရဓာတ်များစွာ ဖြည့်တင်းပြီးသည့်တိုင်

ဖုန့်လင်းမှာ အနည်းငယ်မျှပင် ဗိုက်ပြည့်သည်ဟု မခံစားခဲ့ရပေ။ သူ၏ အသက်စွမ်းအင်အမှတ် တိုးလာမှုကြောင့် သာမန်ဆေးဝါးများ၏အကျိုးသက်ရောက်မှုသည် သူ့အပေါ်တွင် တဖြည်းဖြည်း ထိရောက်မှုနည်းလာဟန်တူသည်။

စစ်မှန်တဲ့ကြယ်တာရာကျင့်ကြံသူ တစ်ဦးသာ ဒီဆေးကို သောက်မိရင်၊ လူသန်ကြီး Type-A အာဟာရဖျော်ရည်က

လုံးဝအကျိုးသက်ရောက်မှု မရှိမှာ အသေအချာပဲ။ ရိုးရိုးရေသောက်ရတာနဲ့တောင် ဘာမှမကွာလောက်ပေ။

ဒါကြောင့်မို့လို့ ကျင့်ကြံခြင်းအရင်းအမြစ်တွေက ဒီလောက်ဝယ်လိုအား များနေတာပဲ။ ဒါတွေက စစ်မှန်တဲ့ကျင်ကြံသူတွေ ခွန်အားတိုးလာဖို့သုံးတဲ့အရာတွေဖြစ်ပြီး ဝယ်လိုအားက ရောင်းလိုအားထက် အများကြီးပိုများနေခဲ့သည်။

ဖုန့်လင်း အသက်ဆေးရည် တစ်ပုလင်းကို ထုတ်ယူလိုက်သည်။ ဒါက စက်တွေနဲ့ဖော်စပ်ထားတဲ့ ကြယ်ဒင်္ဂါး ၁၀၀၀ တန် အဆင့်နိမ့် အသက်ဆေးရည် မဟုတ်သလို ဗီဇပညာရှင်ကိုယ်တိုင်ဖော်စပ်ထားတဲ့ ကြယ်ဒင်္ဂါး ၁၀၀၀၀ တန် အဆင့်မြင့် အသက်ဆေးရည်လည်းမဟုတ်ခဲ့ပေ။ ဤသည်မှာ သာမန်လူများဖော်စပ်ထားသည့် ကြယ်ဒင်္ဂါး ၂၀၀၀ တန် အလယ်ဆင့် အသက်ဆေးရည်ပင်။

တစ်ကျိုက်တည်း အကုန်လုံးကို မြိုချလိုက်သည်နှင့်၊ ဖုန့်လင်း သူ၏ မျက်နှာကြွက်သားများ ကျုံ့သွားသည်ကို ခံစားလိုက်မိသည်။ သူ့ခန္ဓာကိုယ်အတွင်းပိုင်းတွင် မီးတောက်တစ်ခုပေါ်ပေါက်လာပြီး အပူလှိုင်းများကို တစ်ကိုယ်လုံးသို့ ဖြတ်သန်းစေခဲ့ကာ ပြင်းထန်သောနာကျင်မှုကြောင့် တုန်ရီနေခဲ့သည်။

တစ်ပုလင်လျှင် ကြယ်ဒင်္ဂါး ၂၀၀၀ တန်ဖိုးရှိသော အသက်ဆေးရည်၏ အာနိသင်သည် ယခင်က ကြယ်ဒင်္ဂါး ၁၀၀၀ ဖြင့် ဝယ်ယူခဲ့သော အဆင့်နိမ့်အသက်ဆေးရည်များထက် များစွာပိုမိုအားကောင်းသည်မှာ အံ့သြစရာမရှိချေ။ သူ သောက်သုံးနေစဉ် သူ၏အတွင်းအင်္ဂါများ ပြိုကွဲပျက်စီးပြီး အလျင်အမြန် ပြန်လည်တည်ဆောက်နေသည်ကို ခံစားနေရသည်။

အတွင်းအင်္ဂါများပြိုကွဲခြင်းကြောင့်ဖြစ်ပေါ်လာသော ပြင်းထန်သည့်နာကျင်မှုသည် လူတစ်ဦးကို ရူးသွပ်စေနိုင်လောက်အောင် ကြီးမားသည်။ သို့သော် ဖုန့်လင်းမှာမူ ဤနာကျင်မှုကို တဖြည်းဖြည်း နေသားကျလာခဲ့ပြီဖြစ်သည်။

အာဟာရအာနိသင်များလေလေ၊ ပြောင်းလဲသွားမည့် ဗီဇအလားအလာပမာဏ ပိုများလေလေဖြစ်သည်။

ဗီဇအလားအလာ +၂၀%၊ +၁၉%၊ +၁၈%...

ဖုန့်လင်း၏ ဗီဇအလားအလာသည် မြင့်တက်လာခဲ့ပြီး ၇၀၀% ကိုအလွယ်တကူကျော်လွန်ကာ ၇၈၉% အထိ ရောက်ရှိသွားကာ သူ့တွင် အခမဲ့ဗီဇအမှတ် ၇ မှတ် ရှိလာခဲ့သည်။

သူ၏အသက်စွမ်းအင်အမှတ်လည်း တက်လာခဲ့ပြီး ယခင်ကထက် ပိုမိုထိရောက်မှုရှိသည်။ သူ၏အသက်စွမ်းအင်အမှတ်သည် ယခင်က ၃.၃ တွင်ရှိပြီး ယခုအခါတွင် ၃.၄၊ ၃.၅၊ ၃.၆... အထိ တိုးတက်လာခဲ့သည်။

ဤဖြစ်ရပ်မတိုင်မီက၊ ဖုန့်လင်းသည် အဆင့်နိမ့်အသက်ဆေးရည်များ၏ အာနိသင်များမှာ အလျင်အမြန်လျော့နည်းလာသည်ကို သတိထားမိခဲ့သည်။ သူ များစွာသောက်သုံးခဲ့ပြီးဖြစ်သောကြောင့် သူ့ခန္ဓာကိုယ်မှာ ဆေးဝါး၏အာနိသင်ကို ခံနိုင်ရည်ရှိလာခဲ့သည်။

သို့သော် ဤအသက်ဆေးရည်အသစ်ကို သောက်သုံးသည့်အခါတွင်မူ ထိုပြဿနာမျိုး သူ မကြုံတွေ့ခဲ့ရပေ။

သူ၏အသက်စွမ်းအင်အမှတ်သည် ၀.၄ မှတ်တိုးတက်ကာ ၃.၇ ဖြစ်လာခဲ့သည်။

သူ နက်ရှိုင်းစွာ အသက်ရှူသွင်းလိုက်သည်။ ယခင်က သူ၏ခွန်အားတိုးတက်မှုကို အရှိန်မြှင့်ရန် သူ့ဗီဇများကို အကြိမ်ကြိမ်အားဖြည့်ခဲ့ပြီး သက်စောင့်အားကိုလည်း အလွန်အကျွံသုံးစွဲမိခဲ့သည်။ ယခုအခါတွင် သူ တဖြည်းဖြည်းနှင့် သက်စောင့်အားကို ပြန်လည်ဖြည့်တင်းနေပြီဖြစ်သည်။

ကြီးမားသည့်အကြွေးတစ်ခုမှ လွတ်မြောက်သွားသကဲ့သို့ သက်သာရာရသည့် ခံစားချက်ကို သူ ခံစားလိုက်ရသည်။

ဖုန့်လင်း၏ ခန့်မှန်းချက်အရ နောက်ထပ် နာကျင်မှုများနှင့် ကျင့်ကြံမှုမှုအနည်းငယ်လုပ်ပြီးလျှင် သူ၏အသက်စွမ်းအင်အမှတ်သည် ၄.၀ မှတ်ကို ကျော်လွန်နိုင်လိမ့်မည်။ ထိုအချိန်တွင် သူ အလွန်အကျွံသုံးစွဲထားသော သက်စောင့်အား အကုန်လုံးကို ပြန်လည်ဖြည့်တင်းပြီးဖြစ်ကာ ဗီဇများကို ဆက်လက်အားဖြည့်နိုင်လိမ့်မည်။

ဗီဇအမှတ်များနှင့်ပတ်သက်၍မူ သူ ၎င်းတို့ကို အဆင်သင့်ပြင်ဆင်ထားပြီးဖြစ်သည်။ သူ ကျောက်ဖြစ်ဗီဇကို အကန့်အသတ်အထိ ချက်ချင်းအားဖြည့်နိုင်ပြီး ထိုအချိန်တွင် ကျောက်ဖြစ်ဗီဇ နှင့် မျောက်ဗီဇ ကို ပေါင်းစပ်ကာ ရှေးဦးဗီဇဖြစ်သော ကျောက်တုံးမျောက်ဗီဇ အဖြစ်သို့ ပြောင်းလဲနိုင်လိမ့်မည်။

ဗီဇကျင့်ကြံသူဖြစ်လာမည့် မျှော်လင့်ချက်သည် သူ၏မျက်စိရှေ့တွင် ရှိနေပြီဖြစ်ကာ ယခုအချိန်တွင် အလှမ်း သိပ်မဝေးတော့ပေ။

ဖုန့်လင်း၏မျက်လုံးများတွင် မျှော်လင့်ချက်များ ပြည့်နှက်နေခဲ့သည်။ အချိန်ကိုကြည့်လိုက်သောအခါ မနက်ခင်းဖြစ်နေပြီဆိုသည်ကို သူ တွေ့လိုက်ရသည်။

တစ်ညလုံး မအိပ်ခဲ့သော်လည်း

ဖုန့်လင်းမှာ ပင်ပန်းနွမ်းနယ်မှုကို လုံးဝမခံစားခဲ့ရပေ။ သူ၏အသက်စွမ်းအင်တိုးတက်လာမှုကြောင့် စွမ်းအင်များ ပြည့်ဝနေခဲ့ပြီး ယခုအချိန်တွင် သူအလွန်လန်းဆန်းနေခဲ့သည်။

မနက်ခင်းကိုယ်လက်သန့်စင်ပြီးနောက် တံခါးဘဲလ်မြည်သံသည် အချိန်မှန် ထွက်ပေါ်လာခဲ့သည်။

ဖုန့်လင်း အသက်ပြင်းပြင်း ရှူသွင်းကာ သူ့ကိုယ်သူ လှုံ့ဆော်လိုက်ပြီး အကောင်းဆုံးအခြေအနေသို့ ချိန်ညှိလိုက်သည်။

သူ၏အလုပ်ပထမဆုံးရက်သည် တရားဝင် စတင်တော့မည်ဖြစ်သည်။

All Chapters