← Chapters

ဧရာမဆေးဝါးကုမ္ပဏီ

Vol. 5 Ch. 61

ဧရာမဆေးဝါးကုမ္ပဏီ

Vol. 5 Ch. 61

အလိုအလျောက်တံခါးပွင့်သွားချိန်တွင် ဖုန့်လင်းသည် တံခါးအပြင်ဘက်တွင် ရွှေရောင်ဆံပင်ရှည်နှင့် OL ဝတ်စုံဝတ်ထားသူကို တွေ့လိုက်ရပြီး ထိုသူမှာ HR မန်နေဂျာ အစ္စဘဲလာ မှလွဲ၍ မည်သူမှ မဟုတ်ပေ။

လန်းဆန်းတက်ကြွနေသော ဖုန့်လင်းကို ကြည့်ရင်း အစ္စဘဲလာ၏ မျက်နှာတွင် ဆွဲဆောင်မှုအပြည့်ဖြင့် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ "မနေ့ညက အနားယူလို့ကောင်းတယ်နဲ့တူတယ်။ ဒီနေ့ကတော့ ရှင့်ရဲ့ပထမဆုံးအလုပ်စတဲ့နေ့ဖြစ်မှာမို့ ကျွန်မတို့ကုမ္ပဏီရဲ့ဌာနတွေကို မိတ်ဆက်ပေးဖို့ လာခဲ့တာပါ"

ဖုန့်လင်း ခေါင်းညိတ်ခဲ့သည်။

အစ္စဘဲလာ၏ ပုံစံမှာ အံ့သြဖွယ်ကောင်းလှသည်။ သူမ၏ ဖော်ထုတ်ပြထားသော ခြေသလုံးများက ယောက်ျားများ၏ နှလုံးသားများကို တုန်လှုပ်စေနိုင်သည်။ သူမ Cat walk လျှောက်ရာတွင် သူမ၏ တင်ပါးဆုံသည် မှော်ဆန်သော 'S' အကွေးပုံစံမျိုးဖြင့် လှုပ်ရှားနေပြီး ရင့်ကျက်သော အမျိုးသမီးတစ်ဦး၏ ဆွဲဆောင်မှုအား ပြည့်ဝစွာ ဖော်ပြနေသည်။

သို့သော် ဖုန့်လင်း ဤအရာကို သတိမထားမိခဲ့ပေ။ သူ ခေါင်းငုံ့လိုက်ကာ အတွေးနက်နေပြီး တစ်ခုခုမှားယွင်းနေသည်ဟု ခံစားနေရသည်။

ဤအစ္စဘဲလာမှာ ဤမျှကြီးမားသော ကုမ္ပဏီ၏ HR မန်နေဂျာဖြစ်ပြီး သူကိုယ်တိုင်မှာ ဗီဇပညာရှင် အလုပ်သင်တစ်ဦးသာဖြစ်သည်။ သို့သော် သူမသည် သူ့အား ကိုယ်တိုင်လာရောက်ကြိုဆိုပြီး လမ်းညွှန်ပေးနေခြင်းလော? ဤသည်မှာ သူ့အား အလွန်အမင်း အရေးပေးနေခြင်းမဟုတ်ပါလော?

ဖုန့်လင်း သူ့ကိုယ်သူ အထူးချွန်ဆုံးသော ပါရမီရှင်တစ်ဦးအဖြစ် ဤကဲ့သို့လေးစားမှုကို ခံယူနိုင်လောက်အောင် အရေးပါသူတစ်ဦးဟု မခံစားမိပေ။ သူ အတွေးများလွန်းနေခြင်းသာ ဖြစ်မည်ဟု မျှော်လင့်ရသည်။

ဓာတ်လှေကားဖြင့် အောက်သို့ဆင်းလာပြီး ဖုန့်လင်းသည် အစ္စဘဲလာနောက်သို့ လိုက်ကာ ကုမ္ပဏီ၏ အတွင်းပိုင်းသို့ ဝင်ရောက်ခဲ့သည်။

အဝေးမှ စက်ပစ္စည်းများ၏ မြည်သံများကို ကြားနေရပြီး နီးကပ်လာသည်နှင့်အမျှ ထိုအသံများကို ပိုမိုရှင်းလင်းစွာ ကြားလာရသည်။

"သွားကြည့်ရအောင် ကျွန်မတို့ရဲ့အာဟာရဖျော်ရည်စက်ရုံကို!" အစ္စဘဲလာသည် ရယ်မောလျက် ရှေ့မှလမ်းပြခဲ့သည်။ ထို့နောက် စက်မှုလုပ်ငန်းဆိုင်ရာ အလုပ်ခွင်တစ်ခု သူတို့မျက်စိရှေ့တွင် ပေါ်လာခဲ့သည်။

စက်ပစ္စည်းများ၏ အသံများ၊ နေရာအနှံ့လှုပ်ရှားနေသော အသိဉာဏ်ရှိစက်ရုပ်များ၊ ကုန်ကြမ်းမှသည် ထုတ်ကုန်အဖြစ်သို့... ဤအရာအားလုံးသည် အလိုအလျောက်လည်ပတ်နေခဲ့သည်။ လူသားအလုပ်သမားများ အသုံးမပြုသောကြောင့် ထုတ်လုပ်မှု၏ ထိရောက်မှုမှာ အလွန်ကောင်းမွန်ပြီး ကုန်ကျစရိတ်များကို အနိမ့်ဆုံးအထိ လျှော့ချနိုင်ခဲ့သည်။

လက်ရှိသိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးမှုအရ စက်မှုလုပ်ငန်းအားလုံးကို အလိုအလျောက်လည်ပတ်နိုင်ပြီဖြစ်ကာ လူသားအလုပ်သမားများ မလိုအပ်တော့ပေ။ ဗီဇဆေးရည်ဖော်စပ်ခြင်းနှင့် စွမ်းအင်လုပ်ငန်းကဲ့သို့သော ရှားပါးနယ်ပယ်များမှာမူ ခြွင်းချက်ဖြစ်သည်။

ဗီဇဆေးရည်အများစုသည် လူသားများကိုယ်တိုင်ဖော်စပ်ရန် လိုအပ်သောကြောင့် အလိုအလျောက်လုပ်ငန်းစဉ်အဖြစ် ပြောင်းလဲ၍မရပေ။

စွမ်းအင်လုပ်ငန်းဆိုင်ရာ အကြောင်းရင်းမှာ ကွဲပြားသည်။

လက်ရှိတွင် လူသားများအသုံးပြုနေသော စွမ်းအင်မှာ ထရော့စ် အထူးဖိအားလျှပ်စစ်ပိတ်ကွိုင် ဟုခေါ်သော လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်သည့် သိပ္ပံနည်းကျတီထွင်မှုတစ်ခုဖြစ်သည်။ ဤပစ္စည်းသည် စွမ်းအင်ပမာဏများစွာသိုလှောင်နိုင်ပြီး စွမ်းဆောင်ရည်မြင့်မားသော လျှပ်ကူးပစ္စည်းတစ်ခုဖြစ်ကာ၊ ရေရှည်အသုံးပြုနိုင်ပြီး အလွန်မြန်ဆန်စွာ အားသွင်းနိုင်သည့်အပြင် ညစ်ညမ်းမှုမရှိသော သန့်ရှင်းသည့်စွမ်းအင်အရင်းအမြစ်တစ်ခုလည်းဖြစ်သည်။

သို့သော် ထုတ်လုပ်မှုလုပ်ငန်းစဉ်အတွင်း၌ စက်ပစ္စည်းများ၏လည်ပတ်မှုကို အနှောင့်အယှက်ဖြစ်စေသည့် လျှပ်စစ်သံလိုက်လှိုင်းများအမြောက်အမြား ထွက်ပေါ်လာခြင်းသည် ဤနည်းပညာ၏ အားနည်းချက်ဖြစ်သည်။

ထို့အပြင် လျှပ်စစ်သံလိုက်လှိုင်းများကို တားဆီးနိုင်သော စက်ရုပ်များမှာ ဈေးနှုန်းအလွန်မြင့်မားပြီး ကုမ္ပဏီကြီးများကသာ ဝယ်ယူနိုင်သည့် အဆင့်မြင့်ပစ္စည်းများဖြစ်သည်။

ထို့ကြောင့် အချို့သော အသေးစားကုမ္ပဏီများနှင့် ကလန်ပိုင် စက်ရုံများတွင် ဈေးပေါသော လူသားအလုပ်သမားများကို အစုလိုက်အပြုံလိုက် အသုံးပြုလေ့ရှိသည်။

အကယ်၍ ဖုန့်လင်းသာ မိသားစုမှ ထွက်မပြေးခဲ့ပါက၊ သူသည် ကလန်ပိုင် စွမ်းအင်စက်ရုံတစ်ခုတွင် ထရော့စ် လျှပ်စစ်ကွိုင်များ ထုတ်လုပ်ရန် အလုပ်လုပ်နေရမည်မှာ သေချာပေသည်။

ဧရာမဆေးဝါး ကုမ္ပဏီ၏ ဤစက်ရုံသည် သာမန်အာဟာရဖျော်ရည်များကိုသာ ထုတ်လုပ်ရန် အာရုံစိုက်ထားသောကြောင့်၊ စည်းကမ်းများကို အလွန်အမင်းတင်းကျပ်ခြင်း မရှိပေ။ အရာအားလုံးသည် အလိုအလျောက်လည်ပတ်နေပြီး တစ်ခါထုတ်လျှင် ပုလင်း ၅၀၀ ကျော်ထွက်ရှိသည်။ တစ်ခါထုတ်ရန် အချိန်မှာ စက္ကန့်ဝက်ထက်ပင် နည်းသည်။

ဖုန့်လင်း၏ အမြင်တွင် ဤအရာများသည် အာဟာရဖျော်ရည်များအစား တောက်ပနေသော ကြယ်ဒင်္ဂါးများဟုသာ ထင်မိသည်။

အနည်းငယ် ရင်းနှီးပြီး အမြတ်များများရတယ်ဆိုတာ ဘာလဲ?

အဒါက ဒါပဲ!

အဆင့်နိမ့် အာဟာရဖျော်ရည်တစ်ပုလင်းလျှင် ကြယ်ဒင်္ဂါး ၁ တစ်ပြား သာ ကုန်ကျပြီး၊ အလယ်ဆင့် အာဟာရဖျော်ရည်တစ်ပုလင်းမှာ ကြယ်ဒင်္ဂါး ၁၀ ပြားခန့်၊ အဆင့်မြင့် အာဟာရဖျော် ရည်များဆိုလျှင် ကြယ်ဒင်္ဂါး ရာထောင်ချီအထိ ဈေးနှုန်းရှိသည်။

ဖုန့်လင်း၏ တွက်ချက်မှုအရ၊ ဧရာမဆေးဝါး ကုမ္ပဏီ၏ ဤစက်ရုံသည် တစ်စက္ကန့်လျှင် အဆင့်နိမ့်အာဟာရဖျော်ရည်ပုလင်း ၁,၀၀၀ ၊ အလယ်ဆင့် အာဟာရဖျော်ရည်ပုလင်း ၁၀၀၊ အဆင့်မြင့် အာဟာရဖျော်ရည် ၁ ပုလင်း ထုတ်လုပ်နိုင်စွမ်းရှိသည်။

တစ်ရက်ဆို ငွေ ဘယ်လောက် ရနိုင်မလဲ?

အချိန်ခဏကြာပြီးနောက် ဖုန့်လင်း တိကျသောအဖြေကို တွက်ချက်နိုင်ခြင်း မရှိခဲ့ပေ။

ဤသည်မှာ အာဟာရဖျော်ရည်ထုတ်လုပ်ခြင်း မဟုတ်တော့ဘဲ ငွေစက္ကူများပုံနှိပ်နေခြင်းပင်!

သို့သော် ဤသည်မှာ ၎င်းတို့၏ အစွမ်းအကုန်ပင် မဟုတ်သေးပေ။ ဤနေအဖွဲ့အစည်းအတွင်းရှိ ဗီဇဆေးရည်လုပ်ငန်းနယ်ပယ်၏ ဧကရာဇ်ဖြစ်တစ်ပါးသော ဧရာမဆေးဝါးကုမ္ပဏီအတွက် အာဟာရဖျော်ရည်များမှရသော အမြတ်ငွေမှာ အလွန်နည်းပါးလှသည်။ ကုမ္ပဏီမှ ထုတ်လုပ်သည်မှာ အခြေခံအဆင့်မျှသာ ဖြစ်သည်။

အမှန်တကယ့်ငွေရှာသည့် ထုတ်ကုန်များမှာ ဗီဇဆေးရည်များပင်။

"ဒီကိုလာ!" အစ္စဘဲလာက လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခုဖြင့်

ဖုန့်လင်းကို အာဟာရဖျော်ရည်စက်ရုံကိုကျော်၍ အခြားစက်ရုံတစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်။

မရေမတွက်နိုင်သော ပယင်းရောင်ဖျော့ဖျော့ အရည်များကို ပုလင်းများဖြင့် ထုတ်လုပ်နေခဲ့သည်။ ထူးဆန်းသော ပစ္စည်းမျိုးစုံကို စက်များဖြင့် အမှုန့်ကြိတ်ပြီး ပြင်းထန်စွာ ဖိချေ၍ အရည်အဖြစ်သို့ ပြောင်းလဲကာ ပယင်းရောင် အာဟာရဆေးရည်ပုလင်းများ ဖြစ်ပေါ်စေသည်။

နောက်ဆုံးအဆင့်တွင် ငွေရောင်အပ်လေးများနှင့်တူသော ပြွန်ငယ်များမှ ငွေရောင်ရှိသော အရာဝတ္ထုအနည်းငယ်ကို ပုလင်းတစ်ခုစီသို့ ထည့်သွင်းပြီး ညီညာစွာ မွှေပေးနေသည်။

"ဒါက ဝိညာဉ်အမှုန့်ပဲ!"

"အသက်ဆေးရည် ထုတ်နေတာလား?" ဖုန့်လင်း သဘောပေါက်လိုက်ပြီး ချက်ချင်းပင် ဤအရာကို နားလည်သွားခဲ့သည်။

"သိပ်ကောင်းတဲ့ ခန့်မှန်းချက်ပဲ!" အစ္စဘဲလာက ချီးကျူးလိုက်သည်။ "ဗီဇသုတေသီဖြစ်ဖို့ အရည်အချင်းပြည့်မီတဲ့ အသက်ငယ်ငယ်နဲ့ ပါရမီရှင်တစ်ယောက်ဆိုတာ အမှန်ပါပဲလား!"

သူမ၏ခြေလှမ်းများကို မရပ်ဘဲ

ဖုန့်လင်းကို ရှေ့ဆက်ခေါ်သွားခဲ့ပြီး

မကြာမီတွင် စမ်းသပ်ခန်းကြီးတစ်ခုနှင့်တူသော စက်ရုံတစ်ခုသို့ ရောက်ရှိလာခဲ့သည်။

ဖုန့်လင်းသည် အဖြူရောင်ဝတ်စုံဝတ်ထားသော လူတစ်အုပ်ကို တွေ့လိုက်ရသည်။ ၎င်းတို့သည် လက်ထဲရှိ ရှုပ်ထွေးသောစက်ပစ္စည်းများကို အာရုံစိုက်ကာ ဗီဇဆေးရည်များကို ဂရုတစိုက် ဖော်စပ်နေကြသည်။

ထူးခြားချက်မှာ ဗီဇဆေးရည်ဖော်စပ်ခြင်းကို စက်များဖြင့် အပြည့်အဝလုပ်ဆောင်နိုင်ခြင်း မရှိပေ။ စက်များမှာ နောက်ဆုံးအဆင့်မတိုင်မီအထိ အလိုအလျောက်လုပ်ဆောင်ပေးသော်လည်း 'ဝိညာဉ်အာရုံခံမှု' လိုအပ်သော နောက်ဆုံးအဆင့်ကို မလုပ်န်ိုင်ကြချေ။ ထို့ကြောင့် လူသားများပါဝင်ရန်လိုအပ်ပြီး ဆေးရည်အတွင်းရှိ ဝိညာဉ်အမှုန်များ၏ ပမာဏကို အကောင်းဆုံးအခြေအနေသို့ ရောက်အောင် ညှိပေးရသည်။

ဤသည်မှာ အမှန်တကယ်ပင် ဉာဏ်ရည်ထက်မြက်သူတို့၏ အလုပ်လုပ်နည်းဟု မပြောမဖြစ် ပြောရလိမ့်မည်။

သို့သော် ဖုန့်လင်း လေ့လာရင်းနှင့် ဤနည်းလမ်းတွင် အားနည်းချက်အချို့ရှိကြောင်း တွေ့ရှိခဲ့သည်။

အထူးသဖြင့် ဆေးရည်ပြင်ဆင်မှုအဆင့်အားလုံးကို စက်များဖြင့်အလိုအလျောက်ပြုလုပ်ထားပြီး ယခင်အဆင့်များတွင် လူသားများ၏ ပါဝင်မှုလုံးဝမရှိခြင်းကြောင့်၊ နောက်ဆုံးအဆင့်ရောက်မှ လူသားများအနေဖြင့် ပါဝင်ပစ္စည်းများ၏ အာနိသင်ကို တိကျစွာခံစားသိရှိရန် ခက်ခဲနိုင်ပြီး ဝိညာဉ်အာရုံခံမှု၏ အကျိုးသက်ရောက်မှုလည်း လျော့နည်းသွားနိုင်ကာ ထုတ်ကုန်အရည်အသွေးမှာလည်း ကျဆင်းသွားနိုင်သည်။

သို့သော်လည်း အဓိကအဆင့်များကို အလိုအလျောက်လုပ်ဆောင်နိုင်ခြင်းကြောင့် အချိန်တိုအတွင်း ထုတ်လုပ်မှုမှာလည်း အနည်းဆုံး ငါးဆမြင့်တက်လာခဲ့သည်။

ဆေးရည်များ၏အရည်အသွေးကျဆင်းသောအခါ သဘာဝအတိုင်း ဈေးနှုန်းကျသွားမည်ဖြစ်သော်လည်း၊ အချိန်တိုအတွင်း ထုတ်လုပ်နိုင်စွမ်း တိုးတက်မှုကြောင့် နောက်ဆုံး စုစုပေါင်းတန်ဖိုးမှာ သိသိသာသာပင် တိုးလာမည်ဖြစ်သည်။

အတိုချုပ်ဆိုရလျှင် ဤသည်မှာ အားနည်းချက် အနည်းငယ်သာရှိပြီး အကျိုးကျေးဇူးများက အားနည်းချက်များထက် ပိုမိုသာလွန်သော ဉာဏ်ရှိသည့် နည်းစနစ်တစ်ခုဖြစ်သည်။

ဖုန့်လင်းမှာ ဤအဖြူရောင်ဝတ်စုံဝတ်ထားသူများအားလုံးက ဗီဇသုတေသီများဖြစ်ကြောင်း တွေ့ခဲ့ပြီး၊ "ဒါကကျွန်တော် အနာဂါတ်မှာအလုပ်လုပ်ရမယ့်နေရာလား?" ဟု မေးမြန်းလိုက်သည်။

အစ္စဘဲလာက ခေါင်းခါကာ ရယ်မောလိုက်သည်။ "မဟုတ်ဘူး။ ဖုန့်လင်း မနေ့က ပုံရိပ်ယောင်အင်တာဗျူးမှာ အင်တာဗျူးသူငါးယောက်စလုံးက ရှင့်ရဲ့ ဒဏ္ဍာရီနဲ့ ဗီဇသီအိုရီအပေါ် အသိပညာတွေက အလွန်ခိုင်မာတယ်လို့ ထင်နေကြတယ်။ ရှင့်ရဲ့ဆေးဖော်စပ်နည်းတွေက နည်းနည်းတော့ မပြည့်စုံသေးပေမယ့်၊ ရှင့်ရဲ့စိတ်က အလွန်အေးဆေးတည်ငြိမ်ပြီး

ထိပ်တန်း ပါရမီရှင်တစ်ယောက်လို့ သတ်မှတ်နိုင်တယ်။

မနေ့က အဓိကအင်တာဗျူးသူက သုတေသနနဲ့ဖွံ့ဖြိုးမှု(Research and Development) ဌာနရဲ့မန်နေဂျာ၊ မန်နေဂျာ ဖရန့် ပါပဲ။ သူကိုယ်တိုင် ရှင့်ကို သူ့ဌာနကိုလာဖို့ အထူးတောင်းဆိုခဲ့တာပါ။ ဒါကြောင့် ကုမ္ပဏီကဌာနတွေကို လှည့်ပတ်ကြည့်ပြီးတာနဲ့ ရှင့်ကို R&D ဌာနကို လိုက်ပို့ပြီးတာနဲ့ တရားဝင် အလုပ်သင်အဖြစ် စတင်နိုင်ပါပြီ!"

"R&D ဌာနလား!" ဖုန့်လင်း အံ့အားသင့်သွားခဲ့သည်။ ဤသည်မှာ နည်းပညာမြင့်ကုမ္ပဏီတစ်ခု၏ အဓိကဌာနဖြစ်သော်လည်း၊ ပထမဆုံးနေ့မှာပင် သူ ဤမျှ မြင့်မားသည့်နေရာတွင် အလုပ်ခန့်ခံခဲ့ရသည်။

အကြောင်းရင်းကို သူ သေချာ မသိသော်လည်း၊ မည်သို့ပင်ဖြစ်စေ ကုမ္ပဏီသစ်တစ်ခုတွင် ဤမျှ အရေးပေးခံရခြင်းမှာ ကောင်းသောအရာပင်ဖြစ်သည်။

'R&D ဌာနက အတိအကျဆို ဘာလုပ်တာလဲ?' သူ အတွေးထဲ၌ သူကိုယ့်သူ မေးလိုက်ပြီး မထိန်းနိုင်ဘဲ နှုတ်မှ ထွက်လာခဲ့သည်။

"ရှင် တကယ်စိတ်ဝင်စားနေပုံရတယ်။ ဒါဆိုရင် အခုပဲသွားကြည့်လိုက်ရအောင်။ ရှင်ရဲ့လုပ်ဖော်ကိုင်ဖက်အသစ်တွေနဲ့ တွေ့ရတာပေါ့" အစ္စဘဲလာသည် ပြုံးရင်း ရှေ့မှလမ်းပြခဲ့သည်။ "ကျွန်မနောက် လိုက်ခဲ့"

လမ်းလျှောက်ရင်းဖြင့် သူမက R&D ဌာန၏ အခြေခံအချက်အလက်များကို ဖုန့်လင်းအား မိတ်ဆက်ပေးခဲ့သည်။

"ဈေးကွက်အတွင်းမှာ ယှဉ်ပြိုင်နိုင်ဖို့ ကျွန်မတို့က အဆက်မပြတ် ထုတ်ကုန်အသစ်တွေ ဖန်တီးရမယ်။ အဒါကြောင့် R&D ဌာနရဲ့ အဓိကတာဝန်က ဗီဇဆေးရည်အမျိုးအစားအသစ်တွေကို သုတေသနပြုပြီး ကြွက်ဖြူတွေနဲ့ စမ်းသပ်ဖို့ပဲ။ ဗီဇဆေးရည်တွေ စမ်းသပ်ပြီးလို့ လူသားတွေအတွက် သင့်တော်ကြောင်း အတည်ပြုနိုင်ရင် ကျွန်မတို့ကုမ္ပဏီကနေ အမြောက်အများ ထုတ်လုပ်ပြီး အမြတ်ရဖို့ ဈေးကွက်ကိုမိတ်ဆက်မယ်!"

ဖုန့်လင်း သူမ၏ရှင်းလင်းချက်ကို ခေါင်းညိတ်လျက် နားထောင်နေစဉ်၊ သူမ၏စကားများမှာ ယုတ္တိရှိပြီး မှားယွင်းမှု တစ်စုံတစ်ရာကို မခံစားခဲ့ရပေ။

မကြာမီ၊ သူတို့ R&D ဌာနသို့ ရောက်ရှိလာခဲ့သည်။ သတ္တုဖြင့်ပြုလုပ်ထားသော လေးလံထူထဲသည့် တံခါးကြီးတစ်ချပ်မှာ အသံတိတ် ပွင့်လာခဲ့သည်။ ဖုန့်လင်း အစ္စဘဲလာနောက်သို့ လိုက်ပြီး နေရာသစ်ထဲသို့ ဝင်လိုက်သည်။

ပတ်ဝန်းကျင်ရှိ နံရံအားလုံးမှာ စွမ်းအားပြည့်ဝသောသတ္တုစပ်များဖြင့် တည်ဆောက်ထားပြီး အက်ကြောင်းများ သို့မဟုတ် စပ်ရာများ လုံးဝမရှိဘဲ တစ်ခုတည်းသော အစိတ်အပိုင်းကြီးကဲ့သို့ ဖြစ်နေသည်။

ဗီဇသုတေသီများစွာ လှုပ်ရှားသွားလာနေကြပြီး အားလုံးမှာ အလွန်အလုပ်များနေခဲ့ကြသည်။ လေထုတစ်ခုလုံးတွင် သုတေသန၏အားကောင်းသောအငွေ့အသက်တို့ ပြည့်နှက်နေသည်။

ဤနေရာသည် ကုမ္ပဏီ၏အဓိကနည်းပညာဌာနဖြစ်ပြီး ဗီဇဆိုင်ရာစနစ်၏ အသိပညာများကို လေ့လာလိုပါက ဤနေရာသည် အကောင်းဆုံးဖြစ်သည်။

ဖုန့်လင်း ခေါင်းညိတ်လိုက်ပြီး ဤအလုပ်နှင့်ပတ်သက်၍ သူအလွန်ကျေနပ်နေခဲ့သည်။

သို့သော်၊ သူ့မျက်လုံးများဖြင့် လျင်မြန်စွာစစ်ဆေးကြည့်လိုက်ရာ ချက်ချင်းပင် တစ်ခုခုမှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။

R&D ဌာနအတွင်း၌ ဖန်လုံအိမ်အခန်းငယ်များကို နေရာအနှံ့တွေ့မြင်နိုင်သည်။ ထိုဖန်လုံအိမ်အခန်းများအတွင်း၌ အနီရောင်အရည်များဖြင့်ပြည့်နေပြီး တစ်ခုစီတွင် အ၀တ်မဲ့ လူသားတစ်ဦးစီ လွင့်မျောနေခဲ့သည်။ ၎င်းတို့၏နှာခေါင်းနှင့်ပါးစပ်များတွင် အောက်ဆီဂျင်ပေးသည့်မျက်နှာဖုံးများ တပ်ဆင်ထားပြီး၊ ခန္ဓာကိုယ်အနှံ့တွင် ပြွန်များစွာထိုးသွင်းထားသည်ကို တွေ့မြင်နိုင်သည်။

ထိုဗီဇသုတေသီများသည် ထူးဆန်းသောဗီဇဆေးရည်အမျိုးမျိုးကို ဖော်စပ်ပြီး၊ ထိုပြွန်များမှတစ်ဆင့် ဤနေရာရှိလူသားများ၏ခန္ဓာကိုယ်ထဲသို့ အတင်းအကျပ်ထည့်သွင်းနေကြသည်။

ဖန်လုံအိမ်အခန်းများအတွင်းရှိ လူသားများ၏မျက်နှာများတွင် ပြင်းထန်သောနာကျင်မှုဒဏ်ကို မချိမဆန့်ခံစားနေရကာ ဒုက္ခရောက်နေကြပြီး ၎င်းတို့၏ခန္ဓာကိုယ်များမှာ မထိန်းနိုင်ဘဲ

တွန့်လိမ်ကာ အကြောဆွဲနေကြသည်။ ၎င်းတို့မှာ သိပ္ပံဓာတ်ခွဲခန်းများရှိ ကြွက်ဖြူများနှင့် အလားသဏ္ဍာန်တူနေခဲ့သည်။

ဖုန့်လင်း၏နှလုံးသားမှာ ချိုင့်ဝှမ်းအောက်ခြေအထိ နစ်မြုပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ အစ္စဘဲလာပြောခဲ့သော "ကြွက်ဖြူများ" ဆိုသည့်စကားလုံး၏ အဓိပ္ပါယ်ကို နောက်ဆုံးတွင် သူနားလည်သွားခဲ့သည်။

"လူသား စမ်းသပ်ခံများ!"

All Chapters