← Chapters

သုတေသနအကြောင်းအရာ

Vol. 5 Ch. 64

သုတေသနအကြောင်းအရာ

Vol. 5 Ch. 64

"အားလုံးနားထောင်ပါ။ ဒီလူက ငါတို့ကုမ္ပဏီက ခုမှခန့်ထားတဲ့ ဗီဇသုတေသီပါမီရှင် ဖုန့်လင်းပဲ။ အခုချိန်မှာ သူက မင်းတို့သုတေသနအဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးပဲ။ ဖုန့်လင်းက အသက်ငယ်ပေမယ့် ဒဏ္ဍာရီပုံပြင်တွေနဲ့ပတ်သက်တဲ့နားလည်မှုက သာမန်လူတွေထက် များစွာသာလွန်ပြီး ဗီဇသီအိုရီတွေမှာလည်း ကျွမ်းကျင်တယ်။ ဒါကြောင့် မင်းတို့အားလုံး ကောင်းကောင်းပူးပေါင်းဆောင်ရွက်ကြပါ။ ကုမ္ပဏီက ဒီအကြောင်းအရာကို အောင်မြင်အောင် ဖြေရှင်းနိုင်ရင် ကြယ်ဒင်္ဂါး သန်း ၁၀၀ ကို မင်းတို့ရဲ့အပိုဆုကြေးအဖြစ် ထုတ်ပေးမယ်လို့ ဆုံးဖြတ်ထားတယ်။"

မန်နေဂျာ ဖရန့် မှာ ဖုန့်လင်းထံမှ ဆက်နေမည့်အကြောင်း သဘောတူညီမှုရခဲ့သည့်အတွက် စိတ်ကောင်းဝင်နေခဲ့သည်။ ဖုန့်လင်းကို အလေးထားကြောင်း ပြသရန်၊ မန်နေဂျာ ထရန့် ကိုယ်တိုင် သူ့ကို သုတေသနနှင့်ဖွံ့ဖြိုးရေးဌာန (R&D Department) သို့ မိတ်ဆက်ပေးခဲ့သည်။ ထို့အပြင်၊ ဆွဲဆောင်မှုရှိသော အပိုဆုကြေးတစ်ခုကိုလည်း တရားဝင်ကြေညာခဲ့သည်။

"မန်နေဂျာကြီး ကျေးဇူးပါ! တကယ့်ကို ရက်ရောတာပဲ!"

"ဒီအကြောင်းအရာကို စဖြေရှင်းဖို့ ငါမစောင့်နိုင်တော့ဘူးဟ!"

"ကြယ်ဒင်္ဂါး သန်း ၁၀၀ တောင်ကွ! ကြယ်ဒင်္ဂါး သန်း ၁၀၀ ! ငါတို့အားလုံး အညီအမျှခွဲယူရင်တောင် ခမ်းနားထည်ဝါတဲ့ ပလူတိုအပန်းဖြေ ကြယ်မှာ ဇိမ်ခံ စံအိမ်ကြီးတစ်လုံးဝယ်နိုင်သေးတယ်!"

...

R&D ဌာနတစ်ခုလုံးမှာ ဝမ်းမြောက်သံများနှင့် ပြည့်နှက်သွားခဲ့သည်။ လူတိုင်းတွင် စိတ်အားထက်သန်မှု အပြည့်ရှိနေခဲ့သည်။

ဖုန့်လင်းကိုရော?

ဝမ်းနည်းစရာပင် တစ်ယောက်မှ သူ့ဘက်သို့ အာရုံမစိုက်ကြပေ။

သူဟာ အခုမှရောက်လာတဲ့ လူသစ်တစ်ယောက်သာဖြစ်တဲ့အတွက် သိပ်ဂရုမစိုက်ကြပေ။

ထို့အပြင်၊ ဒီလူဟာ R&D ဌာနရဲ့ သုတေသနလုပ်ငန်း အဖွဲ့ခေါင်းဆောင်ကိုလည်း မကြာသေးခင်ကမှ စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည်။ အဲဒီအဖွဲ့ခေါင်းဆောင်ကလည်း စိတ်သဘောထားသေးသိမ်သူတစ်ဦးဖြစ်နေတော့—

သူတို့အနေဖြင့် ဖုန့်လင်း ကြုံတွေ့ရမယ့် ဝမ်းနည်းဖွယ်အခြေအနေကို ကြိုတင်မြင်ယောင်မိနေပုံရသည်။ သူက အဖွဲ့ခေါင်းဆောင်ရဲ့ ဖိအားပေးမှုကြောင့် မကြာခင်မှာပဲ အလုပ်ကနေ ထွက်ခွာသွားရလောက်တယ်။

ဒါပေါ့ ဖုန့်လင်း ကတော့ သူတို့ရဲ့အမြင်ကို ဂရုမစိုက်ဘဲ တိတ်ဆိတ်စွာနဲ့ အတွေးနယ်ချဲ့နေခဲ့သည်။

သုတေသနအကြောင်းအရာ တစ်ခုကို ဖြေရှင်းနိုင်မယ်ဆိုရင် ကြယ်ဒင်္ဂါး သန်း 100 ဆုရမှာလား?

ဒါကတော့ တကယ့်ကို အလွန်အကျွံ ချဲ့ကားထားတာပဲ။ ဘယ်လိုသုတေသနအကြောင်းအရာမျိုးက ဒီလောက်အထိ တန်ဖိုးရှိနိုင်မှာလဲ?

ဖုန့်လင်း အနည်းငယ်အံ့သြသွားပေမယ့်၊ အံ့သြမှုထက် စိတ်လှုပ်ရှားမှုက ပိုများနေခဲ့သည်။

ဒီလိုသုတေသနအကြောင်းအရာမျိုးဟာ နည်းပညာအရ အဆင့်မြင့်ပြီး ဗီဇဗေဒဆိုင်ရာ နက်နဲတဲ့အသိပညာတွေ ပါဝင်မှာပါ။ အကယ်၍ သူသာ ဒီသုတေသနမှာ ပါဝင်ခွင့်ရပြီး နည်းပညာဆိုင်ရာအခက်အခဲကို ဖြေရှင်းနိုင်မယ်ဆိုရင်၊ သူ့အတွက် အတွေ့အကြုံကြီးကြီးမားမား ရရှိမှာဖြစ်ပြီး အကျိုးကျေးဇူးများစွာ ခံစားရမှာပါ။

အနာဂတ်မှာ ဗီဇဗေဒပညာရှင် တစ်ဦးဖြစ်လာဖို့ သူ့ရဲ့ လမ်းကြောင်းကလည်း ပိုမိုချောမွေ့လာမှာပါ။

မန်နေဂျာ ဖရန့် ကို ဆက်လက်အလုပ်လုပ်ရန် သဘောတူခဲ့တဲ့အတွက်

ဖုန့်လင်း ဝမ်းသာနေသည်။ မဟုတ်ရင်၊ သူအနေနဲ့ စာချုပ်ဖောက်ဖျက်မှုအတွက် ဒဏ်ငွေ မပေးနိုင်ရုံသာမက၊ တခြား ဗီဇသုတေသီ အလုပ်သင်တွေလို နေ့ညမပြတ် ဆေးဖော်စပ်ရင်း စက်ရုပ်တွေလို အလုပ်လုပ်နေရမှာပါ။

ဒီအလုပ်က အချိန်ကုန်၊ လူပင်ပန်းရုံသာမက သူအတွက် သင်ယူစရာလည်း များစွာမရှိပါဘူး။ တစ်လကို ကြယ်ဒင်္ဂါး ၅၀,၀၀၀ ရမယ်ဆိုတာကလွဲလို့၊ အခြားဘယ်အကျိုးကျေးဇူးမှ သူ

မခံစားရနိုင်ပါဘူး။

ငွေကြေးတစ်ခုတည်း လိုတာဆိုရင်၊ ဒီနေရာကိုတောင် လာဖို့မလိုပါဘူး။ ပုံရိပ်ယောင်စကြဝဠာ ထဲမှာ မွန်းစတားတွေကို သတ်ပြီး ကျလာတဲ့ ဗီဇတွေကို အဆင့်မြင့်ဗီဇအစိတ်အပိုင်းတွေ အဖြစ် ပေါင်းစပ်ပြီး ရောင်းချနိုင်တယ်။ အဒီလိုလုပ်ရင် ဒီအလုပ်ကရတဲ့လစာထက်ကို ပိုပြီး များများ ရနိုင်မှာပါ။

အသိပညာဆိုတာက တန်ဖိုးမဖြတ်နိုင်တဲ့အရာပဲ!

ဗီဇပညာရှင်များနှင့်သက်ဆိုင်သော အသိပညာများမှာ အလွန်တန်ဖိုးကြီးမားပြီး၊ ဖုန့်လင်းကလည်း ဤအရာကိုသာ အထူးအလေးထားခဲ့သည်။

မန်နေဂျာ ဖရန့် ကိုယ်တိုင် ဖန်းလင်းကို သုတေသနအလုပ် အဖွဲ့ခေါင်းဆောင် အိုက် ဆီခေါ်ဆောင်သွားခဲ့သည်။ အိုက် ဆိုသူမှာ သစ္စာမဲ့ဟန်ရှိသည်။

ဖရန့် က "အိုက်၊ ဖုန့်လင်းကို အခုချိန်ကစပြီး မင်းရဲ့လက်အောက်မှာ ထားမယ်။ သူက ဗီဇနည်းပညာရပ်ဆိုင်ရာ အယူအဆတွေမှာ ထူးခြားတဲ့နားလည်မှုရှိတယ်။ သူ့အရည်အချင်းကို အကျိုးရှိရှိအသုံးချဖို့ မမေ့နဲ့!"

"ဟုတ်ကဲ့ပါ မန်နေဂျာကြီး။ စိတ်ချပါ။ ကျွန်တော် ဖုန့်လင်းကို သေချာ ဂရုစိုက်ပေးလိုက်ပါ့မယ်။"

အိုက် သည် သူ့စကားများတွင် အထူးသဖြင့် "ဂရုစိုက်"ဆိုသည့် စကားလုံးကို ဖိပြောလိုက်ရင်း၊ ထီမထင်ဟန် အပြုံးတစ်ခုဖြင့် ပြန်ပြောလိုက်သည်။

ဖုန့်လင်း၏ နှလုံးသား နစ်မြုပ်သွားခဲ့သည်။ ဒီလူက ကောင်းတာလုပ်မှာမဟုတ်ဘူး!

"ဒါဆိုရင် ကောင်းပြီ"

မန်နေဂျာ ဖရန့် သိပ်မတွေးဘဲ ခေါင်းညိတ်ကာ ထွက်ခွာသွားခဲ့သည်။

ဖရန့် ထွက်သွားသည့် တဒင်္ဂမှာပင် အိုက်သည် တစ်ကိုယ်လုံး အေးစက်သွားစေနိုင်သည့် အကြည့်မျိုးဖြင့် ဖုန့်လင်းကို ကြည့်လိုက်သည်။ သူ၏မျက်နှာပေါ်တွင် အပြုံးဟူ၍ မရှိတော့ဘဲ၊ ရုတ်တရက် ခြိမ်းခြောက်နေသော အသွင်သို့ ပြောင်းလဲသွားသည်။

"ဒီကနေ့ကစပြီး မင်းက ငါတို့အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်လာပြီ။ အလုပ်ကို ကြိုးစားပမ်းစား လုပ်ရမယ်။ ဧရာမဆေးဝါးကုမ္ပဏီမှာ R&D ဌာနက အဓိက ဌာနတစ်ခုဖြစ်ပြီး အချောင်သမားတွေကို လက်မခံဘူး။ အလုပ်ထဲမှာ ပျင်းရိနေတာမျိုး ငါ သတိထားမိရင်၊ မင်းရဲ့ဘောနပ်စ်တွေအားလုံးကို ဖြတ်တောက်ပစ်မယ့်အပြင် လစာထဲကပါ ဖြတ်မယ်!"

"ဟုတ်ကဲ့ပါ ခေါင်းဆောင်!"

ဖုန့်လင်း တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်သည်။

အသိအသာပင် လူသားများကို စမ်းသပ်ရန် ကန့်ကွက်ခဲ့သည့် သူ၏ အပြုအမူသည် အိုက် ကို အတော်လေး ဒေါသဖြစ်စေခဲ့သည်။

သို့သော် ဖုန့်လင်းသိထားသည်မှာ၊ အိုက် အနေဖြင့် သူ့ကိုထိန်းချုပ်နိုင်သည့် အချက်အလက်များ မရှိသရွေ့၊ သူ့ကို ဘာမှလုပ်နိုင်မည်မဟုတ်ပေ။

အဆုံးမှာတော့ အိုက်က R&D ဌာနရဲ့မန်နေဂျာမဟုတ်ဘဲ၊ သုတေသနအဖွဲ့တစ်ခု၏ ခေါင်းဆောင်သာဖြစ်သည်။ သူအနေနဲ့ ဖုန့်လင်းကို အခက်အခဲဖြစ်စေနိုင်သော်လည်း၊ အလုပ်သမားတစ်ဦး၏ ကံကြမ္မာကို ထိန်းချုပ်နိုင်သည့် အာဏာမရှိပေ။

ဖုန့်လင်း စိုးရိမ်ပုံမပေါ်သည်ကို မြင်လိုက်ရပြီး အိုက် ၏ မျက်လုံးများ ကျဉ်းသွားကာ မြွေပွေးတစ်ကောင်၏ အကြည့်မျိုး ပေါ်လာခဲ့သည်။ "ကောင်းပြီ၊ မင်းက ယုံကြည်မှု သိပ်ရှိနေပုံပဲ။ အခုပဲ အလုပ်သွားလုပ်တော့!"

ဖုန့်လင်း လက်ပြလိုက်ပြီး "ကျွန်တော် အလုပ်စရတော့မယ်ဆိုရင်၊ အနည်းဆုံးတော့ သုတေသနအကြောင်းအရာက ဘာလဲဆိုတာ သိဖို့လိုတယ်မဟုတ်လား?"

ထိုစကားကို ကြားသည်နှင့် အိုက် ၏ မျက်နှာတွင် အကြံဆိုးနှင့် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ "ခေါင်းစဉ်လား? လွယ်လွယ်လေးပါ! သာမန်လူတွေတောင် သောက်သုံးနိုင်ပြီး သူတို့ရဲ့ အသက်စွမ်းအင်ကို မြင့်တက်စေမယ့် ဗီဇဆေးတစ်မျိုး ဖော်စပ်ဖို့ပဲ!"**

ဖုန့်လင်း၏ မျက်လုံးများ ကျယ်လာကာ အလိုအလျောက် ပြောလိုက်မိသည် - "ဒါ မဖြစ်နိုင်ဘူး!"

ဗီဇဆေးဝါးများတွင် ဝိဉာဉ်ဆိုင်ရာ ဒြပ်စင်များ ပါဝင်ပြီး အံ့ဩစရာကောင်းလောက်သည့် စွမ်းအင်များ ရှိနေသည်။ သာမန်လူသားများ၏ ခန္ဓာကိုယ်များမှာ ထိုဆေးကို ခံနိုင်ရည်မရှိချေ။ မဆင်မခြင် သောက်သုံးမိပါက သူတို့၏ ခန္ဓာကိုယ်များ ပေါက်ကွဲသွားနိုင်သည်!

တကယ့်ကို ပေါက်ကွဲမှာပါ!

"အသက်ဆေးရည်" လို အဆင့်မရှိတဲ့ ဗီဇဆေးကိုတောင် သာမန်လူတွေ သောက်နိုင်ဖို့ အကြိမ်ကြိမ် ရေရောရပါသေးတယ်။ ပုံမှန် ဗီဇဆေးတွေဆိုရင်တော့ ပြောနေစရာတောင် မလိုပါဘူး။

ဖုန့်လင်းရဲ့ ပထမဆုံး တုံ့ပြန်မှုကတော့ အိုက် က သူ့ကို လှည့်စားနေတာဆိုတဲ့ အတွေးပါ။

"ဘာလို့ မဖြစ်နိုင်ရမှာလဲ?"

အိုက် ၏ မျက်နှာပေါ်တွင် လှောင်ပြောင်လိုသည့် အပြုံးတစ်ခု ပေါ်လာပြီး သုတေသနအကြောင်းအရာဆိုင်ရာ အချက်အလက်များကို

ဖုန့်လင်း၏ မိုက်ခရိုချစ်ပ်သို့ ပေးပို့လိုက်သည်။

ဖုန့်လင်း ဖွင့်ကြည့်လိုက်တော့... ဒါက တကယ့်ကို အစစ်အမှန်ဖြစ်နေပါတယ်! တကယ်ပဲ!

ဧရာမဆေးဝါး ကုမ္ပဏီကြီးက သာမန်လူတွေပါ သောက်သုံးနိုင်တဲ့ ဗီဇဆေးကို တကယ်ပဲ သုတေသနလုပ်နေတာပါလား။ အကယ်၍ သူတို့သာ အောင်မြင်ခဲ့ရင်၊ ဒါက ကြယ်တာရာ အာကာသကြီး တစ်ခုလုံးကို တုန်လှုပ်စေမယ့် ကြီးမားတဲ့ တွေ့ရှိမှုကြီး ဖြစ်လာနိုင်တယ်။ ဒါရဲ့မူပိုင်ခွင့်ကို ရောင်းမယ်ဆိုရင် ဘယ်လောက်တန်မလဲ? တစ်ဘီလီယံလား... ဆယ်ဘီလီယံလား... တစ်ရာဘီလီယံလား...

မဟုတ်ဘူး... ဒါကို ခန့်မှန်းဖို့တောင်

မဖြစ်နိုင်ပါဘူး။

မန်နေဂျာ ဖရန့် က ကြယ်ဒင်္ဂါး သန်း ၁၀၀ ကို ဆုအဖြစ် ထုတ်ပြန်ရဲတာ အံ့သြစရာမရှိတော့ပါ။ ဒါက အနည်းငယ်လေးပဲလေ။

ဖုန့်လင်း၏ မျက်လုံးပြူးပြီး ပါးစပ်အဟောင်းသားဖြစ်သွားပုံကို မြင်လိုက်သည့် အိုက် က ဘေးမှ ဆက်လက်ပြီး လှောင်ပြောင်နေခဲ့သည်။

"ဗဟုသုတနည်းလိုက်တာ မင်းမသိယုံနဲ့ မရှိဘူးလို့ မထင်နဲ့ကွ! ရှေးဟောင်းအပျက်အစီးတွေကနေ တူးဖော်ရရှိတဲ့ ရှေးဟောင်းသုတေသနအထောက်အထားတွေအရ၊ ဒဏ္ဍာရီလာခေတ်တုန်းက လူသားတွေ သောက်သုံးနိုင်တဲ့ ဆန်းကြယ်တဲ့ဆေးဝါးတွေ တကယ်ရှိခဲ့ဖူးတယ်။"

"ဒဏ္ဍာရီလာခေတ်တွေမှာ 'ပြန်လည်မွေးဖွားခြင်း' အဆင့်ကို ရောက်ပြီး ချက်ချင်းပဲ ပိုမိုမြင့်မားတဲ့ အဆင့်ကို ရောက်သွားတဲ့သူတွေ၊ အချိန်တစ်ခဏအတွင်းမှာ ကြီးမြတ်တဲ့ အဆင့်အတန်းကို ရောက်သွားတဲ့သူတွေအကြောင်း ပုံပြင်တွေ အများကြီး ရှိခဲ့ဖူးတယ်။ အခု ငါတို့လုပ်မယ့်အရာက ဒီလိုအံ့ဖွယ်နည်းစနစ်တွေကို ပြန်လည်ဖော်ထုတ်ပြီး လူသားမျိုးနွယ်အတွက် အကျိုးကျေးဇူးတွေ ဖြစ်ထွန်းစေဖို့ပဲ။ လူသားတွေနဲ့ စမ်းသပ်တာက ဘာမှမဟုတ်ပါဘူး။ ဒါက လူသားမျိုးနွယ်အတွက် စွန့်လွှတ်အနစ်နာခံရတာပဲ! ဒီလူ့အမှိုက်တွေကို အသုံးဝင်အောင် လုပ်ပေးနေတာပဲလေ။ ဒါက သူတို့အတွက် အကြီးမားဆုံး ကောင်းချီးပဲပေါ့။"

"ကလေး၊ မင်းက ဒီနေ့ R&D ဌာနရဲ့ လုပ်ထုံးလုပ်နည်းတွေကို မေးခွန်းထုတ်ခဲ့တယ်။ ငါ ဒီကိစ္စနဲ့ ပတ်သက်ပြီး တော်တော်လေး မကျေမနပ်ဖြစ်နေတယ်။ အခုချိန်ကစပြီး အခြေအနေတွေကို ရှင်းရှင်းလင်းလင်း သိမည်လို့ မျှော်လင့်ပါတယ် မဟုတ်ရင် ငါ့အဆိုး မဆိုနဲ့တော့!"

ဖုန့်လင်း တိတ်ဆိတ်သွားခဲ့သည်။

အိုက် သည် ဤသုတေသနအကြောင်းအရာ၏ တာဝန်ရှိသူဖြစ်ပြီး၊ ဖုန့်လင်းအနေနဲ့ ခဏတာ ဒေါသလေး အတွက် သူနဲ့အချေအတင်ငြင်းခုန်ပြီး ကိုယ့်ကိုယ်ကိုယ် ချောက်ထဲ မထိုးချသင့်ချေ။

ဘဝနှစ်ခု နေထိုင်ခဲ့သူတစ်ဦးအနေနဲ့

ဖုန့်လင်း၏ စိတ်သက်မှာ သူ့ရဲ့ အပြင်ပန်း အသက်ထက် များစွာရင့်ကျက်နေပြီဖြစ်သည်။ သူ၏ ဒေါသကို ခဏ ထိန်းချုပ်လိုက်သည်။

ဖုန့်လင်းကို သတိပေးပြီးနောက် အိုက်မှာ လက်တွေ့ခန်းထဲမှ လွတ်နေသော စားပွဲတစ်ခုဆီသို့ လျှောက်သွားကာ ဗီဇဆေးဖော်မြူလာ တစ်ခုကို ထိုစားပွဲပေါ်တင်လိုက်သည်။

"ဒါ မင်းရဲ့နေရာပဲ! အဒရီနလင်(စိတ်လှုပ်ရှားလာသည့်အခါတွင် အဒရီနယ်ဂလင်းများမှထုတ်ပေးသည့် နှလုံးခုန်နှုန်း၊စွမ်းအင်နှင့်တုံ့ပြန်မှုကို ပိုမိုထက်မြက်စေသောအရည်)ဆေးအတွက် ပြုပြင်ထားတဲ့ ဖော်မြူလာအသစ်ကို တစ်ရက်အတွင်း သုတေသနလုပ်ပြီး ငါ့ကိုတင်ပြရမယ်။ ဒီဖော်မြူလာက ငါတို့သုတေသနအကြောင်းအရာ အတွက် အရမ်းအရေးကြီးတယ်။ အလုပ်မပြီးရင် မင်းလစာကိုဖြတ်လိုက်လို့ ငါ့ကို အပြစ် မတင်နဲ့"

"နောက်တစ်ချက် သတိပေးမယ်။ ဧရာမဆေးဝါးကုမ္ပဏီရဲ့ R&D ဌာနမှာ အချောင်သမားတွေကို မထားဘူး။ လိမ်ဖို့တော့ မကြံနဲ့! မဟုတ်ရင်... ဟီးဟီး..."

သူ အေးစက်စွာ ရယ်မောခဲ့ပြီးနောက် တိုက်ရိုက်ထွက်သွားခဲ့သည်။

ဖုန့်လင်း၏ မျက်နှာတွင် ဒုက္ခရောက်နေသည့်ပုံ ပေါ်လာကာ အဒရီနလင် ဖော်မြူလာကို ကြည့်ရင်း စိတ်ညစ်သွားသည်။

ဒါက တကယ့်ကို ပြဿနာပဲ...

ဗီဇဆေးဖော်မြူလာကို ပြုပြင်မွမ်းမံဖို့လား?

ဒါက ဗီဇပညာရှင်တွေပဲ လုပ်သင့်တဲ့ အလုပ်မဟုတ်လား?

သူက ဗီဇသုတေသီလေး တစ်ယောက်ပဲလေ။ ဒါက သူ့ကို တမင်တကာ အခက်ခဲဖြစ်အောင် လုပ်တယ်ဆိုတာ ရှင်းနေတာပဲ!

All Chapters