သုတေသနအကြောင်းအရာ
Vol. 5 Ch. 65
အခန်း (၆၅) - ဖော်မြူလာကို အဆင့်မြှင့်တင်ခြင်း
ဗီဇဆေးဝါးများကို လေ့လာရခြင်းသည် နဂိုကတည်းကပင် အလွန်နက်နဲပြီး ကျယ်ပြန့်လှသည်။
အတည်ပြုခံရပြီးသော ဖော်မြူလာတစ်ခုစီသည် မရေမတွက်နိုင်သော ဗီဇပညာရှင်များ၏ အားထုတ်မှုများ၊ များစွာသော လက်တွေ့စမ်းသပ်မှုများ၏ ရလဒ်ဖြစ်သည်။ ဆေးဝါး၏ အာနိသင်တည်ငြိမ်မှုကို အာမခံနိုင်မှသာ အတည်ပြုခံရသည့် ဖော်မြူလာများအဖြစ် အသိအမှတ်ပြုခြင်းခံရသည်။
ထိုသို့သော အဆင့်မီပြီးသား ဖော်မြူလာတစ်ခုကို ထပ်မံ၍ အဆင့်မြှင့်တင်ရန်မှာ အလွန်ပင်ခက်ခဲလှပါသည်။
သို့သော်၊ ဤသည်မှာ အလွန်အရေးကြီးသော တာဝန်တစ်ရပ်ဖြစ်သည်။ R&D ဌာနများသည် ကုမ္ပဏီတစ်ခု၏ အခြေခံကျသော နည်းပညာဌာနများဖြစ်သည့်အပြင်၊ နေအဖွဲ့အစည်းတစ်ခုလုံးတွင် လွှမ်းမိုးနိုင်သည့် ဧရာမဆေးဝါး ကုမ္ပဏီကြီးအတွက်ဆိုလျှင် ပို၍ပင် အရေးပါလှသည်။ ပြိုင်ဆိုင်မှုများ အလွန်ပြင်းထန်သည့်အတွက် ဤအဖွဲ့အစည်းတွင် ရပ်တည်နိုင်ရန်မှာ လွယ်ကူသည့် အလုပ်မဟုတ်ပေ။
ထို့ကြောင့် ပေးအပ်သည့် တာဝန်မှာ အလွန်ခက်ခဲသော်လည်း၊ ဖုန့်လင်းအနေဖြင့် ဤအလုပ်ကို ပြီးမြောက်အောင် လုပ်ဆောင်ရမည်ဖြစ်သည်။
တစ်ကြိမ်တစ်ခါ မအောင်မြင်ခြင်းမှာ ပြဿနာမဟုတ်သော်လည်း၊ အကြိမ်ကြိမ် ဆက်တိုက် ကျရှုံးနေမည်ဆိုပါက သုတေသနအဖွဲ့၏ အဓိကနေရာမှ တဖြည်းဖြည်း ဖယ်ထုတ်ခံရရုံသာမက၊ R&D ဌာနမှပါ ထွက်ခွာရမည့် အခြေအနေကိုရောက်နိုင်သည်။
ဤသည်မှာ ဖုန့်လင်း လိုချင်သည့် ရလဒ်မဟုတ်ပေ။
R&D ဌာနတွင် ဆက်လက်ရပ်တည်နိုင်မှသာ ဧရာမဆေးဝါး ကုမ္ပဏီ၏ အဓိပကျသော နည်းပညာများကို ရယူနိုင်မည်ဖြစ်သည်။
ဖုန့်လင်းမှာ အဒရီနလင်းဆေးရည် ၏ဖော်မြူလာကိုဖွင့်၍ စနစ်တကျလေ့လာခဲ့သည်။
R&D ဌာနရှိ ဖုန့်လင်း၏ လုပ်ငန်းဖော်သစ်များကမူ သူ အခက်အခဲဖြစ်နေပုံကိုမြင်လိုက်သည့်အခါ တစ်ယောက်နှင့်တစ်ယောက် ထူးဆန်းသည့်အကြည့်များဖြင့် ကြည့်လိုက်ကာ သူ၏ကံဆိုးမှုကို ကျေနပ်နေကြသည်။
"ငါတို့ R&D ဌာနကို ဒီလိုအလွယ်တကူ ဝင်လာနိုင်တယ်လို့ ထင်နေတာလားဟ! ဒီလူသစ်လေးက အခုမှပဲ ဒုက္ခအစစ်ဆိုတာကို ကြုံရဖူးတော့မယ်!"
"ကိုယ်မတတ်နိုင်တဲ့အလုပ်ကို မလုပ်ရဘူးဆိုတာကို မသိဘူးလား! R&D ဌာနကို ဝင်လာနိုင်တဲ့ ငါတို့ထဲက ဘယ်သူကမှ ထူးချွန်တဲ့ ဗီဇသုတေသီတွေ မဟုတ်လို့လဲ? ဒီလူသစ်လေးမှာ အရည်အချင်းမရှိရင် မကြာခင်မှာပဲ အပြင်ကို ပြန်ထွက်သွားရလိမ့်မယ်!"
"ဒီကောင်က တကယ့်ကို ကံမကောင်းတာပဲ။ ဒါ့အပြင် အဖွဲ့ခေါင်းဆောင်ကိုပါ စိတ်မကျေနပ်မနပ် ဖြစ်အောင်လုပ်လိုက်သေးတယ်။ အဖွဲ့ခေါင်းဆောင်က စိတ်သဘောထား အရမ်းသေးသိမ်တဲ့သူပဲ!"
သူတို့ရဲ့မျက်လုံးထဲမှာတော့ ဖုန့်လင်းဟာ ခဏတာဖြတ်သွားသူတစ်ယောက်သာ ဖြစ်သည်။သူတို့ထင်တာက သူ့မှာ အရည်အချင်းမရှိတဲ့အပြင် အဖွဲ့ခေါင်းဆောင်ကိုတောင် စိတ်မကျေ
မနပ်ဖြစ်စေခဲ့တယ်ဆိုတော့ သူ့ကံကအရမ်းဆိုးနေပြီ။ မကြာခင်မှာပဲ အပြင်ကိုမောင်းထုတ်ခံရမှာပဲ။ ထို့ကြောင့် သူနှင့် မိတ်ဆွေဖွဲ့ရန် မည်သူမှ စိတ်
မဝင်စားကြချေ။
ဒါပေမယ့် ဖုန့်လင်းကတော့ သူတို့ကိုဂရုမစိုက်ဘဲ အဒရီနလင် ဆေးရည် ကိုသာ အာရုံစိုက်လေ့လာနေပါတယ်။
ဒါက အဆင့်မြင့် ဗီဇဆေးဝါးမဟုတ်ပါဘူး။ အသက်ဆေးရည်လိုပဲ အဆင့်သတ်မှတ်ချက်မရှိတဲ့ ဆေးဝါးတစ်မျိုးပါ။ ဒီဆေးရဲ့ဖော်မြူလာက အရမ်းရိုးရှင်းပြီး ပါဝင်ပစ္စည်း ၇ မျိုးနဲ့ အဆင့် ၃၁ ဆင့်သာ လိုအပ်တယ်။
ဒါပေမယ့် ပိုရိုးရှင်းလေ ပိုပြီးတိုးတက်အောင်လုပ်ဖို့ခက်လေပါပဲ။
ဖော်မြူလာက အရမ်းကိုရိုးရှင်းနေပြီးသားမို့လို့ ဘယ်လို တိုးတက်အောင်လုပ်ရမလဲ?
ဒါက ရေတစ်ခွက်ကိုပေးပြီး အဒီရေကနေအကုန်လုံးကိုဖော်ထုတ်ခိုင်းတာနဲ့တူတူပါပဲ။
အသေအချာကိုပဲ ဒါက အလွန်ခက်ခဲတဲ့အလုပ်ဖြစ်ပြီး မဖြစ်နိုင်လုနီးပါးပါပဲ!
ဒါပေမယ့် လက်အောက်ငယ်သားတစ်ယောက်အနေနဲ့ အထက်လူကြီးကပေးတဲ့အလုပ်ကို ငြင်းဖို့ အခွင့်အရေးနဲ့ အကြောင်းပြချက်မရှိပါဘူး။
ဖုန့်လင်းမှာ အခြားရွေးချယ်စရာမရှိပေ။ အဖွဲ့ခေါင်းဆောင် အိုက် ကို ပါးစပ်ပိတ်သွားစေချင်ရင် ပိုကောင်းတဲ့ ဗီဇဆေးဖော်မြူလာအသစ်တစ်ခုကို တင်ပြရမယ်။
ဖော်မြူလာကိုတိုးတက်အောင်လုပ်ချင်ရင် အရင်ဆုံးဒီဖော်မြူလာကို နားလည်ဖို့လိုပါတယ်။
ဖုန့်လင်း အာရုံစိုက်၍ စဉ်းစားလိုက်သည်။
အဒရီနလင် ဆေးရည် ဆိုတဲ့အတိုင်းပဲ ဒါက လူ့ခန္ဓာကိုယ်ကို အဒရီနလင် ပိုထွက်စေတဲ့ ဗီဇဆေးဝါးတစ်မျိုးပါ။
အဒရီနလင် ဆိုတာ လူ့ခန္ဓာကိုယ်က သဘာဝအတိုင်းထုတ်ပေးတဲ့ ဟော်မုန်းတစ်မျိုးပါ။ လူတစ်ယောက်က စိတ်လှုပ်ရှားမယ် ကြောက်လန့်မယ် ဒါမှမဟုတ် အခြားပြင်းထန်တဲ့ စိတ်အခြေအနေတွေနဲ့ ကြုံတဲ့အခါ ခန္ဓာကိုယ်က ဒီဓာတ်ပစ္စည်းတွေကို အများအပြားထုတ်လွှတ်ပါတယ်။ ဒီဟော်မုန်းတွေက အသက်ရှူနှုန်းကိုမြန်စေပြီး အာရုံကြောတွေကို အပြည့်အဝတက်ကြွစေကာ တုံ့ပြန်မှုမြန်နှုန်းကို ပုံမှန်ထက်ကျော်လွန်စေနိုင်ပါတယ်။
အဒရီနလင်ဆေးရည် ကိုယ်၌ကလည်းစိတ်ကိုလှုံ့ဆော်ပေးတဲ့ ပြင်းထန်တဲ့ ဆေးတစ်မျိုးပါ။
တိုက်ပွဲအတွင်းမှာ ဒီဆေးကိုသောက်လိုက်မယ်ဆိုရင် စဥ်းစားမှုတွေမြန်လာမယ်၊တုံ့ပြန်မှုတွေ မြန်လာမယ်၊လှုပ်ရှားမှုတွေကလည်း ပိုပြီး သွက်လာမှာပါ။
ရန်သူနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ခြေတစ်လှမ်း ပိုမြန်ရုံလေးနဲ့ သေခြင်းနဲ့ရှင်ခြင်းကို အဆုံးအဖြတ်ပေးနိုင်ပါတယ်။
အဒါက အဒရီနလင်ဆေးရည် ရဲ့ အံ့ဖွယ်အကျိုးသက်ရောက်မှုတွေကို သိသာထင်ရှားစေပါတယ်။ ကြယ်တာရာကျင့်ကြံသူတွေကြားမှာလည်း လူသိအများဆုံးနဲ့ အသုံးအများဆုံး ဗီဇဆေးဝါးတစ်မျိုးဖြစ်ပါတယ်။
ကျေးဇူးတင်စရာကောင်းတာကတော့ R&D ဌာနမှာ ဗီဇဆေးဝါးဖော်စပ်ဖို့ လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေကို အခမဲ့ထောက်ပံ့ပေးထားပါတယ်။
ဖုန့်လင်း စမ်းသပ်မှုများ စတင်လုပ်ဆောင်ခဲ့သည်။
အဒရီနလင်ဆေးရည် ဖော်မြူလာက
နဂါးသွေးပန်းရဲ့ ဝတ်ရည် ၃၀ မီလီလီတာ ၊ ရေကျောက်စိမ်းမှုန့် ၁၅ ဂရမ်
လိုဆိုတိုပျော်ရည် ၁၀၀ မီလီလီတာ ၊
ဓာတ်ကူခရင်မ် ၁၀ ဂရမ် ၊ ဝိဉာဥ်မှုန့် ၁၂ ဂရမ်
...
ဖုန့်လင်း ဖော်မြူလာအတိုင်း ပါဝင်ပစ္စည်းများကို တိုင်းတာလိုက်ပြီး ဗီဇဆေးဖော်စပ်မှုကို စတင်ခဲ့သည်။
ဖော်မြူလာပါညွှန်ကြားချက်များအတိုင်း သူ ပထမဦးဆုံး နဂါးသွေးပန်း၏ဝတ်ရည်ကို ၆၀ ဒီဂရီစင်တီဂရိတ်အထိ အပူပေးကာ လိုဆိုတိုပျော်ရည်ဖြင့် ရောစပ်ခဲ့သည်။ ထို့နောက် ရေကျောက်စိမ်းမှုန့်ကို ဖြည်းဖြည်းချင်းထည့်သွင်းပြီး နှံ့စပ်သည့် အရော
အနှောဖြစ်လာရန် မွှေလိုက်သည်။
ဤအဆင့်သည် ဖော်စပ်မှု၏ အစပိုင်းသာဖြစ်သော်လည်း အရောအနှောမှ ထွက်ပေါ်လာသော ထူးဆန်းသည့်အနံ့မှာ လူတစ်ဦး၏သွေးကို ဆူပွက်စေပြီး စိတ်မငြိမ်သက်မှုကို ဖြစ်စေနိုင်သည်။
ဗီဇဆေးဝါးသည် ဖော်စပ်နေဆဲအဆင့်တွင်ပင် ၎င်း၏အာနိသင် လက္ခဏာများကို စတင်ပြသနေပြီဖြစ်သည်။
ဖုန့်လင်း လုပ်နေသည့်အလုပ်ကို
မရပ်တန့်ခဲ့ဘဲ သတ်မှတ်ထားသောနည်းလမ်းနှင့် အစဉ်အတိုင်း ကွဲပြားသော ပါဝင်ပစ္စည်းများကို ဆက်လက်ထည့်သွင်းခဲ့သည်။
နောက်ဆုံးမှာ သူ မီးအပူကို တိုးမြှင့်ပေးခဲ့ပြီး ဗီဇဆေးဝါး၏အရည်သည် စတင် အငွေ့ပျံလာခဲ့သည်။ မကြာမီတွင် ၂၀ မီလီလီတာပမာဏရှိသော ဗီဇဆေးဝါးတစ်ပုလင်းမှာ ဖုန့်လင်း၏လက်ထဲတွင် ပေါ်လာခဲ့သည်။ ပါဝင်ပစ္စည်းများမှာ အပြည့်အဝရောစပ်နေပြီး မည်သည့်မသန့်စင်မှုမျှ မတွေ့ရပဲ သန့်စင်ကာ ဖောက်ထွင်းမြင်နိုင်သည့် အကြည်ရောင် ဖြစ်နေခဲ့သည်။
နောက်ဆုံးအဆင့်တစ်ခုသာ ကျန်တော့သည် - (ဝိညာဉ်ဆိုင်ရာ အသိအမြင်)။
ဖုန့်လင်းသ ဆေး၏အာနိသင်ကို စမ်းသပ်ရန် တစ်စက်ခန့် မြည်းကြည့်ခဲ့သည်။ ဆေး၏အရသာမှာ အလွန်ပျော့ပြီး အာရုံကြောများကို လှုံ့ဆော်ရန်
မလုံလောက်ကြောင်း တွေ့ရှိခဲ့သည်။ သူ နဂါးသွေးပန်း၏ဝတ်ရည်နှင့် ဝိဉာဥ်မှုန့်အနည်းငယ်ကို ထပ်မံထည့်သွင်းကာ ဖော်စပ်မှုကို ပြည့်စုံအောင်ပြုလုပ်ခဲ့သည်။
"ဒီလူသစ်က ပထမဆုံးကြိုးစားမှုနဲ့တင် အဒရီနလင်ဆေးရည် ကိုအောင်အောင်မြင်မြင် ဖော်စပ်နိုင်တယ်ဆိုတာက!"
"ဒီလူသစ်က ဘာတစ်ခုမှ မတော်တဲ့သူတော့ မဟုတ်ဘူးနဲ့တူတယ်!"
"ဒါကိုအရင်ကတည်းက လေ့လာထားတာဖြစ်မယ်!"
...
ဖုန့်လင်း၏လုပ်ဖော်ကိုင်ဖက်အချို့မှာ ဤအခြေအနေကိုမြင်တွေ့ရသည့်အခါ တီးတိုးပြောဆိုနေကြသည်။
သို့သော် ဖုန့်လင်းကတော့ သူတို့ကိုဂရု
မစိုက်ဘဲ သူ ဖော်စပ်ထားသည့်ဆေးကို တစ်ကျိုက်တည်းသောက်ချလိုက်သည်။
ဒီဖော်မြူလာကိုတိုးတက်အောင်လုပ်ဖို့ဆိုရင် မလိုအပ်တဲ့အပိုင်းတွေနဲ့ အားနည်းချက်တွေကို သိဖို့ ကိုယ်တိုင်အရင်စမ်းသပ်ရမယ်။
အဒရီနလင်ဆေးရည်မှာ အသက်ဆေးရည်နှင့်မတူဘဲ ဤဆေး၏ အာနိသင်မှာ ပို၍ပြင်းထန်သည်။
ဖုန့်လင်းသောက်လိုက်တာနဲ့ ချက်ချင်းပင် ပွက်ပွက်ဆူနေသည့် ကျောက်ရည်ပူ(မဂ္ဂမာ) လိုမျိုး ပူလောင်တဲ့စွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားသည်။
မီး... မီး... မီး...
ဒါက မီးတောက်တွေနဲ့ဖော်စပ်ထားတဲ့ ဗီဇဆေးဝါးတစ်မျိုးကဲ့သို့၊ ဖုန့်လင်းကို လောင်ကျွမ်းကာ ပြာဖြစ်စေချင်နေခဲ့သလိုပင်။
ဒါပေမယ့် ဒီမီးတောက်စွမ်းအင်က သူ့ခန္ဓာကိုယ်ကိုမဆုတ်ဖြဲခဲ့ဘဲ၊ သူ့ရဲ့အာရုံကြောတွေကို ဆက်တိုက်လှုံ့ဆော်နေခဲ့ပါတယ်။
ဖုန့်လင်း၏မျက်နှာပေါ်တွင် အစိမ်းရောင်သွေးပြန်ကြောများ ဖောင်းကြွတက်လာကာ အလွန်ထိတ်လန့်ဖွယ်ရာပုံသဏ္ဍာန်ဖြစ်သွားသည်။
အပူစီးကြောင်းများမှာ ဒေါသထွက်နေသည့်မီးလျှံကဲ့သို့ သူ၏ဦးခေါင်းဆီသို့ လှိုင်းလုံးကြီးများသဖွယ် ရိုက်ခတ်လာသည်။ ဖုန့်လင်း၏စိတ်မှာ ရုတ်တရက်ဗလာဖြစ်သွားပြီး ဝိညာဉ်သည် ခန္ဓာကိုယ်မှ ခေတ္တ ထွက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးကို အာရုံခံနိုင်ပြီး ယင်းအရာများအားလုံးသည် အလွန်နှေးကွေးနေခဲ့သည်။
ဤသည်မှာ အလွန်ဆန်းကြယ်သော ခံစားချက်တစ်ခုပင်ဖြစ်သည်။
ကမ္ဘာပေါ်ရှိ အရာအားလုံးသည် အလွန်နှေးကွေးသွားပြီး သူ့အနီးရှိလူများ၏ အသံများသည် ရှည်သွားသကဲ့သို့ ခံစားရသည်။ သူတို့၏ပါးစပ်အဖွင့်အပိတ်များနှင့် လျှာမှ လှုပ်ရှားမှုများကိုပင် ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့သည်...
တဒင်္ဂအတွင်း ဖုန့်လင်းမှာ သူ၏သိစိတ်က အမည်မသိအာကာသထဲသို့ ရောက်ရှိသွားခဲ့ပြီး နတ်ဘုရားတစ်ပါး၏ ရှုထောင့်မှ သေမျိုးလောကကြီးကို ကြည့်ရှုနေရသကဲ့သို့ ခံစားလိုက်ရသည်။
သို့သော် ဤခံစားချက်သည် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။
ဖုန့်လင်း၏ခန္ဓာကိုယ်အတွင်းမှ
black hole တစ်ခုကဲ့သို့ ကြီးမားသောဆွဲအားတစ်ခု ပေါ်လာကာ သူ၏ဝိညာဉ်ကို ခန္ဓာကိုယ်ထဲသို့ အလျင်အမြန် ပြန်ဆွဲသွင်းလိုက်သည်။
ဖုန့်လင်း၏ဝိညာဉ် ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်လာသည့်အခါ သတိပြန်ရလာခဲ့ပြီး အသက်ပြင်းပြင်းရှူလိုက်ကာ ချွေးများပြန်လာခဲ့သည်။
သူ၏စိတ်တွင် ကြီးမားသောဝန်ထုပ်ဝန်ပိုးကို သယ်ရသလို ခံစားလိုက်ရပြီး ခန္ဓာကိုယ်အတွက်လည်း ကြီးမားသောဖိအားဖြစ်စေခဲ့သည်။
အဒရီနလင်ဆေးရည်၏ အာနိသင်မှာ မျှော်လင့်ထားသည့်အတိုင်းပင်။ ဆေးအာနိသင်မှာ အလွန်ပြင်းထန်ပြီး ကမ္ဘာကြီးတစ်ခုလုံး နှေးကွေးသွားသည်ဟု ခံစားရသော အကျိုးသက်ရောက်မှုမှာ အမှန်တကယ်ပင် အံ့ဩစရာကောင်းလှသည်။
သို့သော် ဤသည်မှာ ဖုန့်လင်းအတွက် ကောင်းသည့်အရာမဟုတ်ပေ။ ဘာကြောင့်လဲဆိုတော့ အာနိသင်ပိုကောင်းလေလေ၊ ဖော်မြူလာက ပြီးပြည့်စုံမှုနှင့် ပိုမိုနီးစပ်လေလေဖြစ်ပြီး ၎င်းကို ထပ်မံတိုးတက်အောင်ပြုလုပ်ရန် မလိုအပ်တော့ဟု ဆိုလိုသောကြောင့်ဖြစ်သည်။
ဆေး၏အာနိသင်မှာ ၁၀စက္ကန့်သာကြာပြီး အလွန်တိုတောင်းလွန်းသည်မှအပ ပြဿနာဟူ၍ လုံးဝမရှိသလောက်ပင်။
ဖုန့်လင်းအနေဖြင့် ဤဖော်မြူလာကို မည်သို့မည်ပုံ တိုးတက်အောင်ပြုလုပ်ရမည်ကို လုံးဝ မကြံတတ်တော့ပေ။
ဗီဇအလားအလာ -8%!
ရုတ်တရက် ဖုန့်လင်း၏ဗီဇအလားအလာပြောင်းလဲမှုက သူ့အာရုံကိုဆွဲဆောင်သွားခဲ့သည်။ သူ ဘာမှ
မလုပ်မိပါဘဲနဲ့ ဗီဇအလားအလာ ဘာလို့ ရုတ်တရက် ကျဆင်းသွားရတာလဲ။
ဖုန့်လင်းအနေဖြင့် ဤအကြောင်းကို နားမလည်နိုင်ခဲ့ပေ။ သူ ခုနကဖော်စပ်ထားသည့် အဒရီနလင် ပါသည့်ပုလင်းကို ကြည့်လိုက်သည်။ ဒီဗီဇဆေးကြောင့်လား?
သူ ဂရုတစိုက်စောင့်ကြည့်ပြီး ရုတ်တရက် လူ့ခန္ဓာကိုယ်၏ဗီဇမြေပုံပေါ်ရှိ မှိန်ဖျော့သောငွေရောင်ကြယ်တစ်ပွင့်သည် အနည်းငယ်ပိုမိုတောက်ပလာသည်ကို သတိပြုမိခဲ့သည်။ သူ ၎င်းကို စိတ်ဖြင့် စစ်ဆေးကြည့်ရာ အဒရီနလင်ဗီဇ ကိုရှာတွေ့ခဲ့ပြီး အချက်အလက်များ စတင်ထွက်ပေါ်လာခဲ့သည်။
=======
ဗီဇ: အဒရီနလင်
အဆင့်: ပြီးပြည့်စုံသည့် အခြေခံဗီဇ
အားဖြည့်မှုရာခိုင်နှုန်း: ၀ (၈%)
စွမ်းရည်:ကျည်ဆန်အချိန်(အဒရီနလင်အများအပြားထုတ်လွှတ်ကာတွေးခေါ်မှုကိုမြန်ဆန်စေပြီးရုပ်ရှင်တွေထဲကလို ကျည်ဆန်များကို နှေးစေပြီး ရှောင်ရှားနိုင်သည့် တုံ့ပြန်မှုမြန်နှုန်းရရှိစေသည်)
=======
ဖုန့်လင်း၏မျက်နှာမှာ ပြုံးယောင်သန်းလာခဲ့သည်။
သူ ယခု ဖော်မြူလာကိုမည်ကဲ့သို့ တိုးတက်အောင် ပြုလုပ်ရမည်ကို စိတ်ကူးရခဲ့ပြီဖြစ်သည်!