ပြီးပြည့်စုံသည့်အဆင့် ဆေးဝါး
Vol. 5 Ch. 67
ဗီဇများသည် ဒေတာအဖြစ်သို့ပြောင်းလဲသွားကာ အသေးစိတ်ပြောင်းလဲမှုများကို ချန်လှပ်ခြင်းမရှိဘဲ ပြသပေးနိုင်သည်။
ဗီဇအဏုစိတ်ထိန်းချုပ်မှု ဆိုသည်မှာ
ဖုန့်လင်းအနေဖြင့် ဆေးဖော်မြူလာ၏အားနည်းချက်များကို အဏုစိတ်အဆင့်တွင် သရုပ်ခွဲနိုင်ပြီး ဖော်မြူလာကို တိုးတက်အောင်ပြုလုပ်ရန် အဏုစိတ်ပြောင်းလဲမှုများ ပြုလုပ်နိုင်ခြင်းဖြစ်သည်။
ဤအဆင့်ရှိ ဗီဇထိန်းချုပ်မှုနှင့် တိုးတက်အောင်ပြုလုပ်နိုင်မှုသည်
ဖုန့်လင်းအတွက်သာ ဖြစ်နိုင်သည်။
အဘယ့်ကြောင့်ဆိုသော် သူသာလျှင် ဤသို့သော အဏုစိတ်အားနည်းချက်များကို ဖော်ထုတ်နိုင်သောကြောင့်ဖြစ်သည်။
အမှန်တော့ ဗီဇညီမျှခြင်းအတွက် ဗီဇအရည်အချင်းရှိသူတွေက အရမ်းရှားပါတယ်။
ထို့အပြင် အိုက် ၏မမျှတသော တာဝန်ပေးမှုကို ရင်ဆိုင်ရသည့်တိုင် ဖုန့်လင်းမှာ စိန်ခေါ်မှုကို စိတ်လှုပ်ရှားစွာဖြင့် ရင်ဆိုင်ခဲ့သည်။
အကယ်၍ အိုက် သာ ဤမျှခက်ခဲသော တာဝန်ကိုမပေးခဲ့ပါက ဖုန့်လင်းအနေဖြင့် ဗီဇပညာရှင်များအတွက် နည်းစနစ်အသစ်တစ်ခုကို တီထွင်နိုင်ရန် သူ့ရဲ့ပုန်းကွယ်နေတဲ့စွမ်းရည်ကို ဖော်ထုတ်ဖို့ ဖိအားများမရှိပဲ ဖြစ်နေခဲ့ပေလိမ့်မည်။
ဖုန့်လင်းသာ ဗီဇအဏုစိတ်ထိန်းချုပ်မှုနည်းပညာကို ပြည့်စုံအောင်ပြုလုပ်နိုင်ပါက စစ်မှန်သည့် ဗီဇပညာရှင်တစ်ဦးဖြစ်လာမည်မှာ မလွဲဧကန်ပင်။
ဤအချိန်တွင် ဖုန့်လင်း အလွန်ယုံကြည်မှုရှိနေခဲ့သည်။
...
ဗီဇအလားအလာ -9%!
ဆေးဝါး၏အာနိသင်ကြာချိန် 2 စက္ကန့်တိုး!
...
ဤဖော်မြူလာအသစ်သည် မူလဖော်မြူလာထက် ပိုမိုထိရောက်မှုရှိသည်မှာ မလွဲဧကန်ဖြစ်သည်။
ဤအချိန်တွင် ဖုန့်လင်း သူ၏တာဝန်ကို အောင်မြင်စွာပြီးမြောက်ခဲ့ပြီဖြစ်သည်။ အဖွဲ့ခေါင်းဆောင် အိုက် ၏စိန်ခေါ်မှုကို ဖြေရှင်းရန် လုံလောက်ပြီဖြစ်သည်။
10% သာတိုးတက်အောင် ပြုလုပ်နိုင်ခဲ့သည်ဆိုလျှင်ပင် ယင်းကိုတိုးတက်မှုတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။
အကယ်၍ ဤဖော်မြူလာကို တင်ပြပါက အိုက် ပင် သူ့ကိုပြန်လည်ချေပရန် ခက်ခဲလိမ့်မည်။
ဗီဇသုတေသီတစ်ဦးအား ဗီဇဆေးဝါးဖော်မြူလာကို ပြုပြင်ရန်တာဝန်ပေးခြင်းသည်ပင် အလွန်ခက်ခဲသော အလုပ်ဖြစ်ရာ ယခု ဖုန့်လင်းကတော့ ထိုတာဝန်ကို အောင်မြင်စွာပြီးမြောက်ခဲ့ပြီဖြစ်၍ အိုက် ကသာ ပိုမိုမြင့်မားသော တောင်းဆိုမှုများ ပြုလုပ်ခဲ့ပါက သူ၏လုပ်ပိုင်ခွင့်ကို ကျော်လွန်သွားမည်ဖြစ်ပြီး သူ့ကိုယ်သူ အခက်အခဲဖြစ်စေမည်ဖြစ်သည်။
သူသာ ဉာဏ်ရှိပါက ဤကဲ့သို့သော အပြုအမူမျိုးကို ဘယ်သောအခါမှ လုပ်မည်မဟုတ်ပေ။
သို့သော် ဖုန့်လင်းမှာ ဤနေရာတွင်ရပ်တန့်ရန် ရည်ရွယ်ချက်မရှိခဲ့ပေ။
ယခုအခါတွင် သူသည် ဗီဇအဏုစိတ်ထိန်းချုပ်မှုနည်းပညာကို တွေ့ရှိပြီးဖြစ်ရာ ဤနည်းပညာ၏ ကန့်သတ်ချက် ဘယ်အထိရှိမည်ကို နားလည်လိုစိတ် ပြင်းပြလာခဲ့သည်။
ဗီဇဆေးဝါးတွေမှာ အဆင့်အမျိုးမျိုးရှိကြောင်း နားလည်ဖို့လိုအပ်ပါတယ်။ တူညီသည့်အဆင့်တွင်ရှိသည့် ဆေးဝါးများတွင်ပင် အရည်အသွေးကွာခြားမှုများရှိပြီး စဦးအဆင့်၊ အလယ်အလတ်အဆင့်၊ အဆင့်မြင့်အဆင့်၊ပြစ်ချက်ကင်းသည့်အဆင့်နှင့် ပြီးပြည့်စုံသည့်အဆင့် ဟူ၍ စသည်ဖြင့် ခွဲခြားနိုင်သည်။
အရည်အသွေးတစ်ဆင့်ချင်းစီ တိုးတက်လာသည်နှင့်အမျှ ဆေးဝါး၏အာနိသင်များမှာ ပိုမိုကောင်းမွန်လာပြီး တန်ဖိုးမှာလည်း သိသိသာသာ တက်လာမည်ဖြစ်သည်။
သို့သော် ဆေးဝါးအားလုံးတွင် သုံးပုံတစ်ပုံ ဆေးဆိပ်သင့်မှုရှိတတ်သည်။
ဗီဇဆေးဝါးများသည် အံ့သြဖွယ်ကောင်းသော်လည်း ၎င်းတို့၏ဖော်မြူလာတွင် ပါဝင်သည့် ဆေးဖက်ဝင်ပစ္စည်းများမှာ တစ်ခါတစ်ရံ ထူးဆန်းသွားပြီး ကြီးမားသော ဘေးထွက်ဆိုးကျိုးများ အတူတွဲ၍ ပါလာနိုင်ပြီး လူ့ခန္ဓာကိုယ်အတွင်း ပြင်းထန်သော အကျိုးသက်ရောက်မှုများဖြစ်စေနိုင်သည်။
သို့သော် ဆေးဝါး၏အရည်အသွေးမြင့်မားလာသည်နှင့်အမျှ ဘေးထွက်ဆိုးကျိုးများလည်း လျော့နည်းသွားမည်ဖြစ်သည်။
ဆေးဝါးတစ်ခုသည် ပြစ်ချက်ကင်းသည့်အဆင့်သို့ ရောက်ရှိလာလျှင် ယင်းဆေးဝါးတွင် မသန့်စင်မှုများ သို့မဟုတ် အဆိပ်အတောက်များ လုံးဝမပါဝင်တော့ဘဲ ဆေးဝါး၏ဂုဏ်သတ္တိများ အပြည့်အဝရောစပ်သွားပြီး ဘေးထွက်ဆိုးကျိုးလုံးဝမရှိတော့ပေ။
အကယ်၍သာ အရည်အသွေးကို တစ်ဆင့်ထပ်မံမြှင့်တင်နိုင်ပါက ပြီးပြည့်စုံသည့်အဆင့် ဆေးဝါးဖြစ်လာပေလိမ့်မည်။ ဘေးထွက်ဆိုးကျိုးမရှိရုံသာမက ဆေးဝါး၏အာနိသင်သည်လည်း ထိပ်ဆုံးသို့ ရောက်သွားမည်ဖြစ်ကာ နောက်ထပ်တိုးတက်စရာမလိုတော့ပေ။
အဒရီနလင်ဆေးရည် ဖော်မြူလာကို အလယ်အလတ်အဆင့် အဖြစ်သတ်မှတ်ပါက ဖုန့်လင်း၏လက်ရှိဖော်မြူလာသည်လည်း အလယ်အလတ်အဆင့်သာဖြစ်ပြီး အနည်းငယ်သာတိုးတက်မှုရှိသေးသည်။
သူအနေနှင့် ဤဖော်မြူလာကို အဆင့်မြင့်အဆင့် ဒါမှမဟုတ် ပြစ်ချက်ကင်းအဆင့် ဒါမှမဟုတ် ပြီးပြည့်စုံသည့်အဆင့် အထိ တိုးမြှင့်နိုင်မည်လားဆိုသည်ကို စမ်းသပ်လိုနေခဲ့သည်။
သူရဲ့ရည်မှန်းချက်နှင့် အိပ်မက်က ဘယ်လောက်တောင် ကြီးမားနေတာလဲ။
ခက်ခဲလိမ့်မည်မှန်းသိသော်လည်း
ဖုန့်လင်း ကြိုးစားကြည့်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။
မအောင်မြင်ခဲ့လျှင်ပင် သူ အကောင်းဆုံးကြိုးစားခဲ့သည့်အတွက် နောင်တမရှိနိုင်ပေ။
သူ ဆေးဖော်မြူလာကို ထပ်မံလေ့လာခဲ့ရာ အဓိကအချက် (၂) ချက်ကို တွေ့ရှိခဲ့သည်။ ပထမအချက်မှာ နဂါးသွေးပန်း၏ဝတ်ရည်မှ လှုံ့ဆော်မှုအာနိသင်ဖြစ်ပြီး နောက်တစ်ချက်မှာ ဝိညာဥ်မှုန့် အတွင်းရှိ ဝိညာဥ်မြူမှုန်မျာဖြစ်သည်။
နဂါးသွေးပန်းနှင့် အရန်ဆေးဖက်ဝင်ပစ္စည်းများ ပေါင်းစပ်မှုဖြင့် ဖုန့်လင်းမှာ ဆေးဝါး၏အာနိသင်ကို ၁၀% ခန့် တိုးတက်အောင်ပြုလုပ်နိုင်ခဲ့သည်။
ဒါပေမယ် ဝိညာဥ်မှုန့်ကို စမ်းသပ်ကြည့်ရင် ဘာဖြစ်လာနိုင်မလဲ။
နဂါးသွေးပန်းသည် ဗီဇများကိုလှုံ့ဆော်နိုင်သော်လည်း ဗီဇစွမ်းရည်များကို အပြည့်အဝအသုံးချနိုင်ရန် ဆေးရည်မှာ ဝိညာဥ်မှုန့်ပေါ်တွင် မှီခိုနေရသည်။
ဤအတွေးဝင်လာသည့်အခါ ဖန့်လင်းမှာ ဝိညာဥ်မှုန့်ပမာဏကို ၁၂ ဂရမ်မှ ၁၅ ဂရမ်အထိ တိုးမြှင့်ရန် ဆုံးဖြတ်လိုက်သည်။
အကြိမ်ကြိမ်စမ်းသပ်မှုများပြုလုပ်ကာ ဆေးဝါးအမျိုးမျိုးဖော်စပ်ပြီးနောက်
ဖုန့်လင်းတွင် အသိပညာနှင့် အတွေ့အကြုံများစွာ ရရှိခဲ့သည်။ ဆေးဝါးဖော်စပ်ရာတွင် သူ၏လှုပ်ရှားမှုများသည် စီးဆင်းနေသောရေကဲ့သို့ ချောမွေ့ပြီး အေးချမ်းသည့်စည်းချက်ဖြင့် ပြည့်နေခဲ့ကာ သူ၏မျက်နှာတွင် ကျေနပ်မှုအပြုံးများ ပြည့်နေခဲ့သည်။
နောက်ဆုံးတော့ သူ ဝိညာဥ်မှုန့်ထည့်သွင်းရမည့် နောက်ဆုံးအဆင့်သို့ ရောက်လာခဲ့သည်။
ဝိညာဉ်မှုန့် ၏အမည်တွင် 'သဲ' ဟူသည့်စကားလုံးပါဝင်သော်လည်း ၎င်းသည် အမှန်တကယ်သဲမဟုတ်ပေ။ အမှန်စင်စစ် ယင်းသည် သဘာဝအတိုင်းဖြစ်ပေါ်နေသော တွင်းထွက်သတ္တုတစ်မျိုးပင်ဖြစ်သည်။
ကြယ်တာရာလောကကြီး၏ ဧရာမအရွယ်အစားတွင်ပင် ဝိညာဥ်မှုန့်သည် အပုံတစ်သန်းလျှင် တစ်ပုံသာတွေ့ရှိရပြီး အလွန်ခက်ခဲသော အခြေအနေများတွင်သာ ဖြစ်ပေါ်နိုင်သည်။
ဝိညာဥ်မှုန့်သည် သဲနှင့်တူသော အမှုန်များဖြစ်ပြီး ဖုန့်လင်း၏လက်ချောင်းများကြားမှ တဖြည်းဖြည်းကျဆင်းလာသည်။ ၎င်းတို့သည် ကြည်လင်တောက်ပနေခဲ့သည်။
မကြာမီ သူ အဒရီနလင်ဆေးရည် အသစ်တစ်ပုလင်းကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့သည်။
ဖုန့်လင်း ဆေးကိုတစ်ကျိုက်တည်း မြိုချလိုက်သည်။
ရင်းနှီးပြီးသားဖြစ်သည့် ပူလောင်စေသော ခံစားချက်သည် သူ၏ခန္ဓာကိုယ်အတွင်းသို့ ပြင်းထန်စွာစီးဝင်လာပြီး အာရုံကြောများကို အတွင်းမှလောင်မြုက်နေသကဲ့သို့ လှုံ့ဆော်နေခဲ့သည်။
သို့သော် ဤအကြိမ်တွင်မူ ယခင်သောက်ခဲ့သည့်အချိန်များနှင့် ကွဲပြားခြားနားသော ခံစားချက်ကို ရရှိခဲ့သည်။ အကယ်၍ ယခင်က သူ၏ဝိညာဉ်သည် ခန္ဓာကိုယ်မှ တဖြည်းဖြည်းထွက်နေသကဲ့သို့ ခံစားရသည်ဆိုပါက ဤအကြိမ်တွင်မူ သူ၏ဝိညာဉ်သည် ခန္ဓာကိုယ်မှ ကြမ်းတမ်းစွာ လွှင့်ပစ်ခံရသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏စဉ်းစားတွေးခေါ်မှုများသည် အမြင့်ဆုံးအမြန်နှုန်းသို့ ရောက်ရှိသွားပြီး သူ့ရှေ့ရှိ အရာအားလုံးမှာ အာကာသဟင်းလင်းပြင်တွင် ဆွဲဆန့်ခံရပြီး လှည့်ပတ်နေသကဲ့သို့ ခံစားနေရသည်။ တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်မှာ အလွန်အမင်းတုန်ရီနေပြီး ဘာနဲ့မှမယှဥ်နိုင်သည့် နာကျင်မှုကို ခံစားလိုက်ရသည်။
ဆေးဝါး၏ ပူလောင်သည့်အာနိသင်သည် မီးတောင်ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော ချော်ရည်ကဲ့သို့ဖြစ်ပြီး သုံးစွဲသူကို ချက်ချင်းပင် ခံစားရစေနိုင်သည်။
နောက်ဆုံး ဖုန့်လင်း ပြန်လည်နလန်ထူလာသောအခါ သူ၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်အားလုံးကုန်ခမ်းသွားသကဲ့သို့ ခံစားလိုက်ရသည်။
...
ဗီဇအလားအလာ -10%!
အာနိသင်ကြာချိန် - 7 စက္ကန့်!
...
ဆေးဝါး၏ဂုဏ်သတ္တိများမှာ တိုးတက်လာသော်လည်း အာနိသင်မှာ အလွန်အမင်းပြင်းထန်လွန်းလှသည်။ ဝိညာဥ်အမှုန်များ တိုးလိုက်ခြင်းကြောင့် ဆေးဝါး၏အာနိသင်များ ချက်ချင်းပေါက်ကွဲထွက်လာသော်လည်း အပြန်အလှန်အားဖြင့် ဆေးဝါးအား သောက်သုံးရန် ခက်ခဲစေခဲ့သည်။
ဆေးဝါး၏အာနိသင်မှာ အမြင့်ဆုံးအဆင့်သို့ရောက်သွားသော်လည်း အာနိသင်ကြာချိန်ကမူ 12 စက္ကန့်မှ 7 စက္ကန့်သို့ စက္ကန့် 5 အထိ လျော့နည်းသွားခဲ့သည်။
ကံကောင်းသည်မှာ ဆေးပမာဏသည် အလွန်မများလှခြင်းဖြစ်ပြီး သာမန်လူများအတွက် ဤမျှပြင်းထန်သောဆေးဝါးကို သောက်သုံးနိုင်မည်မဟုတ်ပေ။
အသက်စွမ်းအား 3.7 အထိရှိသော
ဖုန့်လင်းပင် အလွန်အမင်းခံစားခဲ့ရသည်။
သူ ဆက်လက်စမ်းသပ်ခဲ့ပြီး နောက်ဆုံးတွင် တိကျသည့် သဲလွန်စအချို့ကို ရှာဖွေတွေ့ရှိခဲ့သည်။
ဝိညာဥ်အမှုန်များ တိုးလိုက်ခြင်းဖြင့် ဆေးဝါး၏အာနိသင်များ ပိုမိုတက်ကြွလာခဲ့ပြီး ယခုကား ၎င်း၏ကြာချိန်ကိုသာ တိုးမြှင့်ရန်လိုအပ်သည်။ ဤနည်းဖြင့် ဆေးဝါး၏အရည်အသွေးကို နောက်တစ်ဆင့်သို့ မြှင့်တင်နိုင်လိမ့်မည်ဖြစ်သည်။
သို့သော် မူရင်းဖော်မြူလာမှုအား တိုးတက်အောင်လုပ်ရန်မှာ အလွန်ခက်ခဲသည်။ တစ်ခဏန့်စဥ်းစားပြီးနောက် ဖုန့်လင်းအနေနှင့် အရဲစွန့်သည့်ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့ပြီး အခြားပါဝင်ပစ္စည်းတစ်မျိုးဖြစ်သော အရည်ရေခဲကို ထည့်သွင်းရန် ဆုံးဖြတ်လိုက်သည်။
အရည်ရေခဲ သည် အရည်ပုံစံရှိသော ရေခဲတစ်မျိုးဖြစ်ပြီး ဝိညာဥ်အမှုန်များ၏ တက်ကြွမှုကို သဘာဝအတိုင်းဟန့်တားနိုင်သော ဂုဏ်သတ္တိရှိသည်။
ဖုန့်လင်းသည် ဤအတွေးပေါ်လာသည်နှင့် ဆေးဝါးဖော်စပ်မှုကို စတင်ခဲ့ပြီး တစ်ကြိမ်တည်းဖြင့် အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့သည်။
သူ၏လက်ထဲတွင် ပန်းရောင်သမ်းနေသော ဆေးဝါးတစ်ပုလင်းကို ကိုင်ထားခဲ့သည်။ အရည်ရေခဲထည့်သွင်းမှုကြောင့် အရည်အတွင်း၌ ရေခဲသလင်းကျောက်အချို့ မျောပါနေသည်ကို မြင်နိုင်ပြီး အေးမြသောအလင်းများ ထွက်ပေါ်နေသည်။ ထိုသလင်းကျောက်များမှာ အရည်နှင့်အတူ ရွေ့လျားနေပြီး မြင်ရသည်မှာ အလွန်စိတ်ဝင်စားဖွယ်ကောင်းလှသည်။
ဖုန့်လင်း ဆေးဝါးကိုသောက်လိုက်ပြီးနောက် ချက်ချင်းပင် ကွာခြားမှုကို ခံစားလိုက်ရသည်။
ယခင်က မီးလောင်သကဲ့သို့ပူပြင်းသော ဆေးဝါးသည် ယခုအခါ သက်တောင့်သက်သာရှိသော အနွေးဓာတ်အဖြစ် ပြောင်းလဲသွားသည်။ စွမ်းအင်မှာ လောင်ကျွမ်းနေဆဲဖြစ်သော်လည်း အစိုဓာတ်နှင့် လန်းဆန်းစေသော ခံစားချက်ကိုပါ တစ်ချိန်တည်းတွင် ပေးစွမ်းနေသည်။
သူ၏ဝိညာဉ်သည် တိတ်တဆိတ် ပျံဝဲနေပြီး ကောင်းကင်ကိုးခုထိတိုင် ဖြတ်ကျော်နေသကဲ့သို့ ခံစားခဲ့ရသည်။ ဤခံစားချက်သည် မေ့ဆေးသုံးထားခြင်းနှင့် ဆင်တူသော်လည်း ဘေးထွက်ဆိုးကျိုးမရှိဘဲ သဘာဝအတိုင်း ခန္ဓာကိုယ်တွင် ကျန်နေခဲ့သည်။
ဖုန့်လင်း နာကျင်မှုကို မခံစားရတော့ဘဲ ရေပူစမ်းထဲ၌ စိမ်နေသကဲ့သို့ သက်တောင့်သက်သာနှင့် ပျော်ရွှင်ဖွယ်ကောင်းသော ခံစားချက်များဖြင့် ပြည့်နှက်နေခဲ့သည်။
ပတ်ဝန်းကျင်ရှိ အပြောင်းအလဲများကို အလွန်ရှင်းလင်းစွာ မြင်နိုင်ပြီး ဖုန့်လင်း ရှေ့တွင် ရုပ်ရှင်ကားကို တမင် အနှေးပြထားသကဲ့သို့ ခံစားရသည်။
အောင်မြင်ပြီ!
ဖုန့်လင်း ဤအတွေးများကို စိတ်ထဲတွင် ဖြတ်သန်းစေခဲ့သည်။ သူ ဤအံ့သြဖွယ်ခံစားချက်ထဲတွင် နှစ်မြုပ်နေမိပြီး ထွက်လာရန် ခက်ခဲနေခဲ့သည်။
သို့သော် ပျော်ရွှင်စရာအချိန်များသည် အလျင်အမြန်ပင် ကုန်သွားခဲ့သည်။
အသိပြန်ရလာသောအခါ ဖုန့်လင်း၏ မျက်နှာတွင် ထိုအခြေအနေထဲတွင် ဆက်လက်နေလိုစိတ် ပေါ်နေဆဲဖြစ်သည်။
...
ဗီဇအလားအလာ -16%!
အာနိသင်ကြာချိန် 13 စက္ကန့်!
...
ဗီဇအလားအလာ သိသိသာသာလျော့ကျသွားခြင်းသည် ဆေးဝါး၏အာနိသင်နှင့် ကြာချိန်ကို များစွာတိုးတက်စေခဲ့သည်။
အရေးအကြီးဆုံးမှာ ဤဆေးဝါးတွင် ဘေးထွက်ဆိုးကျိုးလုံးဝမရှိခြင်း ဖြစ်သည်။ ဤသည်မှာ ပြစ်ချက်ကင်းအဆင့် ဆေးဝါး၏ ထူးခြားသောလက္ခဏာပင်ဖြစ်သည်။
သူ ဆေးဝါး၏အရည်အသွေးကို တစ်ခါတည်းနှင့် အဆင့်နှစ်ဆင့် တိုးမြှင့်နိုင်ခဲ့ပြီး အဒရီနလင်ဆေးရည် ကို ပြစ်ချက်ကင်းအဆင့် အထိ မြှင့်တင်နိုင်ခဲ့သည်။ ဤအရာသည် ဖုန့်လင်းအတွက် မျှော်လင့်မထားသော အံ့အားသင့်စရာ ကိစ္စဖြစ်ခဲ့သည်။
သို့သော် ဖုန့်လင်း ပို၍ဂရုစိုက်သည်မှာ အာနိသင်ကြာချိန်ကိုသာဖြစ်ပြီး - ၎င်းသည် အလွန်တိုတောင်းလွန်းလှသည်။ အကယ်၍သာ ကြာချိန်ပိုရှည်ပါက ပြီးပြည့်စုံးသည့်အဆင့်ထိ ရောက်ရှိနိုင်မည်ဖြစ်သည်။
ဖုန့်လင်းအနေဖြင့် အမြင့်ဆုံးအဆင့်သို့ ရောက်ရန် ကြိုးစားချင်ခဲ့သည်။
ဤသည်မှာ သူ့လောဘကြောင့်မဟုတ်ဘဲ သူ၏ ဗီဇအဏုစိတ်ထိန်းချုပ်မှု နည်းပညာကို ပြည့်စုံစေရန်အတွက်သာဖြစ်သည်။ သူ့အနေနှင့် ဤကဲ့သို့သော အောင်မြင်မှုကို ရယူနိုင်စွမ်းရှိသည်ဟု ယုံကြည်သည်။ အကယ်၍ မကြိုးစားမိပါက သူ့နှလုံးသားထဲတွင် နောင်တရနေလိမ့်မည်ဖြစ်သည်။
ဟမ် အာနိသင်ကြာချိန်လား...?
ဖုန့်လင်း အတွေးနက်နေခဲ့သည်။ ဓာတ်ကူခရင်မ် ပမာဏကို လျှော့ချပါက ဆေးဝါး၏တုံ့ပြန်မှုနှုန်းကို လျှော့ကျသွားစေပြီး ဆေးဝါး၏အာနိသင် သက်ရောက်မှုကို နှေးသွားစေနိုင်သည်။ တစ်ချိန်တည်းမှာပင် နဂါးသွေးပန်းနှင့် ဝိညာဥ်မှုန့်ပမာဏကို သူ တိုးရမည်ဖြစ်သည်။
တဒင်္ဂအတွင်း ဖုန့်လင်းသည် ဖော်မြူလာအသစ်တစ်ခုကို ရေးဆွဲလိုက်သည်။
နဂါးသွေးပန်းဝတ်ရည် ၃၅ မီလီလီတာ၊ရေကျောက်စိမ်းမှုန့် ၁၇ ဂရမ် ၊ လိုဆိုတို ပျော်ရည် ၉၆ မီလီလီတာ ၊ ဓာတ်ကူ
ခရင်မ် ၁၂ ဂရမ် ၊ ဝိညာဥ်မှုန့် ၁၅ ဂရမ်၊ အရည်ရေခဲ ၃၀ မီလီလီတာ ......
ဖုန့်လင်း ထပ်မံကြိုးစားခဲ့သည်။ သို့သော် ဤအကြိမ်တွင် မမျှော်လင့်ဘဲ ကျရှုံးခဲ့သည်။ သို့သော် လုံးဝကျရှုံးသည်ဟု မဆိုနိုင်ပေ။
သူ ဝိညာဉ်အတွင်းမှ ပူလောင်သောနာကျင်မှုကို ထပ်မံ ခံစားလိုက်ရပြီး ဗီဇအတွင်းရှိ အဏုစိတ်ပြောင်းလဲမှုများမှတစ်ဆင့် ဆေးဝါးအသစ်၏ဂုဏ်သတ္တိများကို ခွဲခြားသိနိုင်ခဲ့သည်။
...
ဗီဇအလားအလာ 12% လျော့ကျ!
အာနိသင်ကြာချိန် 15 စက္ကန့်!
...
အာနိသင်ကြာချိန် တိုးတက်လာသော်လည်း ဆေးဝါး၏အာနိသင်များ လျော့နည်းသွားပြီး ဘေးထွက်ဆိုးကျိုးများ ပြန်လည်ပေါ်ပေါက်လာခဲ့သည်။
ဤတိုးတက်မှုသည် အောင်မြင်မှုမဟုတ်သော်လည်း လုံးဝကျရှုံးသည်လည်းမဟုတ်ပေ။ အရည်အသွေးလျော့နည်းသွားသော်လည်း ၎င်းသည် အဆင့်မြင့်အဆင့် ဆေးဝါးတစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။
အာနိသင်ကြာချိန် တိုးလာခြင်းမှာ
ဖုန့်လင်း၏ အတွေးမှန်ကန်ကြောင်း သက်သေပြခဲ့သည်။
သူ စမ်းသပ်မှုကို ဆက်လုပ်နေသ၍ ကျရှုံးမည်ကို မကြောက်ရွံ့ချေ။ သူ နောက်ဆုံးတွင် အောင်မြင်မည်ဟု ယုံကြည်ခဲ့သည်။
ဖုန့်လင်း သူ၏စမ်းသပ်မှုများကို ဆက်လက်လုပ်ဆောင်ခဲ့သည်။
...
နဂါးသွေးပန်း ၃၂ မီလီလီတာ ၊ရေကျောက်စိမ်းမှုန့် ၁၇ ဂရမ် ၊ လိုဆိုတို ပျော်ရည် ၉၄ မီလီလီတာ ၊ ဓာတ်ကူ
ခရင်မ် ၁၂ ဂရမ် ၊ ဝိညာဥ်မှုန့် ၁၆ ဂရမ်၊ အရည်ရေခဲ ၃၅ မီလီလီတာ.....
ဗီဇအလားအလာ -8%
ဆေးဝါး၏အာနိသင် ကြီးမားစွာ လျော့ကျသွားခဲ့သည်။
ကြာချိန် ၁၁ စက္ကန့် (၄ စက္ကန့်လျော့)
ဘေးထွက်ဆိုးကျိုးများလွန်းသည်။
အဆင့်နိမ့်အဆင့် ဆေးဝါး၊ လုံးဝကျရှုံး!
နဂါးသွေးပန်း ၃၆ မီလီလီတာ ၊ရေကျောက်စိမ်းမှုန့် ၂၀ ဂရမ် ၊ လိုဆိုတို ပျော်ရည် ၁၀၀ မီလီလီတာ ၊ ဓာတ်ကူ
ခရင်မ် ၁၆ ဂရမ် ၊ ဝိညာဥ်မှုန့် ၂၀ ဂရမ်၊ အရည်ရေခဲ ၃၅ မီလီလီတာ.....
ဗီဇအလားအလာ -10%
ဆေးဝါးအာနိသင်အနည်းငယ်လျော့သွားသည်။
ကြာချိန် ၁၂ စက္ကန့် (၃ စက္ကန့်လျော့)
ဘေးထွက်ဆိုးကျိုးများ ထင်ရှားသည်။
အလယ်အလတ်အဆင့် ဆေးဝါး၊ ကျရှုံး!
နဂါးသွေးပန်း ၃၅ မီလီလီတာ ၊ရေကျောက်စိမ်းမှုန့် ၂၈ ဂရမ် ၊ လိုဆိုတိုပျော်ရည် ၉၈ မီလီလီတာ ၊ ဓာတ်ကူ
ခရင်မ် ၂၁ ဂရမ် ၊ ဝိညာဥ်မှုန့် ၂၆ ဂရမ်၊ အရည်ရေခဲ ၃၂ မီလီလီတာ.....
ဗီဇအလားအလာ -12%
ဆေးဝါးအာနိသင်မပြောင်းလဲ
ကြာချိန် ၁၆ စက္ကန့် (၁ စက္ကန့်တိုး)
ဘေးထွက်ဆိုးကျိုး အနည်းငယ်သာရှိသည်။
အဆင့်မြင့်အဆင့် ဆေးဝါး၊ မကျရှုံးသော်လည်း မအောင်မြင်!
...
ဖုန့်လင်း ယခင်ကကဲ့သို့ ကံမကောင်းခဲ့သော်လည်း ဆေးဝါးဖော်မြူလာကို ဆက်လက်မြှင့်တင်နေခဲ့ပြီး ကျရှုံးနေဆဲဖြစ်သည်။ ပြီးပြည့်စုံသည့်အဆင့် ဆေးဝါးဆိုသည်မှာ မရှိသလောက်ပင် ရှားပါးလှပုံပေါ်သည်။
သို့သော် ဖုန့်လင်း စိတ်ဓာတ်မကျခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် သူသည် မှန်ကန်သောလမ်းကြောင်းပေါ်တွင် ရှိနေသည်ဟု ခံစားရသောကြောင့်ဖြစ်သည်။ ကြိုးစားမှုတစ်ခုစီသည် အောင်မြင်မှုဆီသို့ တစ်လှမ်းနီးလာစေသည်။ သူ့တွင် လိုအပ်နေသည်မှာ ကံကောင်းခြင်းနှင့် ဉာဏ်ကွန့်မြူးမှုသာ ဖြစ်သည်။
ထပ်ခါထပ်ခါ စမ်းသပ်မှုများနှင့် ကျရှုံးပြီးနောက် ဖုန့်လင်းမှာ တဖြည်းဖြည်း အံ့သြဖွယ်အခြေအနေတစ်ခုသို့ ဝင်ရောက်သွားခဲ့သည်။ ဆေးဝါးအတွင်းရှိ ပြောင်းလဲမှုများကို အစိတ်အပိုင်းတစ်ခုချင်းစီအလိုက် နားလည်သဘောပေါက်လာသကဲ့သို့ ခံစားလိုက်ရသည်။ အရာအားလုံးသည် သူ၏ထိန်းချုပ်မှုအောက်တွင် ရှိနေပြီး လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုအတွင်းမှ လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။
အသိပြန်ဝင်လာသောအခါ သူ့လက်ထဲတွင် ဆေးဝါးအသစ်တစ်ပုလင်းရှိနေသည်ကို တွေ့ရှိခဲ့သည်။ ဆေးဝါး၏အရောင်သည် အနီရောင်နှင့် အပြာရောင်နှစ်မျိုးလုံးပါဝင်နေပြီး ထိုအရောင်နှစ်မျိုးသည် ကွဲပြားနေသော်လည်း ယင်-ယန် သင်္ကေတကဲ့သို့ ရောယှက်ရစ်ပတ်နေကာ အနုပညာလက်ရာတစ်ခုကဲ့သို့ ပြီးပြည့်စုံသည့်အော်ရာကို ထုတ်လွှတ်နေခဲ့သည်။
တစ်စက်မှမပိုခဲ့ဘဲ၊ တစ်စက်မှမလိုခဲ့ချေ။
ဖုန့်လင်းအနေဖြင့် ဤဆေးဝါးသည် သာမန်မဟုတ်ကြောင်း ခံစားလိုက်မိသည်။ သူ ပြီးပြည့်စုံသည့်အဆင့်မှ ဆေးဝါးကို အမှန်တကယ် ဖော်စပ်နိုင်ခဲ့ခြင်း ဖြစ်နိုင်သည်။
သို့သော် အမြင်တွင် လှသော်လည်း အာနိသင်ကိုမူ သောက်သုံးပြီးမှသာ အတည်ပြုနိုင်မည် ဖြစ်သည်။
ဖုန့်လင်းသည် ခေါင်းမော့ကာ ဆေးရည်ကို သောက်လိုက်သည်။ ချက်ချင်းပင် အံ့သြဖွယ်ရာ ပြောင်းလဲမှုတစ်ခု သူ့ရှေ့တွင် ပေါ်လာခဲ့သည်။
ကမ္ဘာကြီးမှာ နှေးကွေးသွားပြီး အချိန်သည် အလွန်ရှည်လျားလာသကဲ့သို့ ခံစားရသည်။ပတ်ဝန်းကျင်ရှိလူများ၏ လှုပ်ရှားမှုများသည် ဖန်သားပြင်ပေါ်တွင် အနှေးခလုတ်ကို နှိပ်ထားသကဲ့သို့ ဖြစ်နေသည်။ ၎င်းတို့၏ခြေလှမ်းများသည် နှေးကွေးပြီး ပုံမှန်မဟုတ်ဘဲ အထူးသဖြင့် ရယ်စရာကောင်းနေခဲ့သည်။ ၎င်းတို့၏အရှိန်မှာ ပုံမှန်ထက် ဆယ်ဆနှေးကွေးနေသည်။
အကယ်၍ တစ်စုံတစ်ယောက်သာ သူ့ကို ကျည်ဆန်များဖြင့် ပစ်ခဲ့ပါက သူ့အနေဖြင့် ကျည်ဆန်များ၏လားရာကို မြင်နိုင်ပြီး အလွယ်တကူ ရှောင်နိုင်မည်ဟု ခံစားနေရသည်။
ဤသည်မှာ...
ကျည်ဆန်ရှောင်ချိန်!