← Chapters

သေသူကိုပင် ပြန်ရှင်စေနိုင်သော ဆေး

Vol. 5 Ch. 69

သေသူကိုပင် ပြန်ရှင်စေနိုင်သော ဆေး

Vol. 5 Ch. 69

နဂါးသွေးပန်း ၃၅ မီလီလီတာ၊ ရေကျောက်စိမ်းမှုန့် ၁၇ ဂရမ်၊ လိုဆိုတိုပျော်ရည် ၉၆ မီလီလီတာ၊ ဓာတ်ကူခရင်မ် ၁၂ ဂရမ်၊ ဝိညာဥ်မှုန့် ၁၅ ဂရမ်၊ အရည်ရေခဲ ၃၀ မီလီလီတာ...

ပြုပြင်မွမ်းမံမှုများပြီးနောက် အသစ်ဖော်စပ်ထားသော ဆေးဖော်မြူလာတစ်ခု သူ့မျက်စိရှေ့တွင် ပေါ်လာခဲ့သည်။

အိုက် အံ့အားသင့်သွားပြီး စကားမပြောနိုင်တော့ပေ။

ဒီလူငယ်က ပြီးပြည့်စုံပြီးသား ဆေးဖော်မြူလာကို ထပ်မြှင့်နိုင်မယ်ဆိုတာ သူမယုံခဲ့ပါဘူး။ ဒါဟာ ဗီဇပညာရှင်တွေသာ လုပ်နိုင်တဲ့ အရာတစ်ခုပါ။ သူကိုယ်တောင် ဒါကို မလုပ်နိုင်ပါဘူး။

ဖုန့်လင်းအနေနဲ့ နှစ် ၁ သန်းလောက်ကြာပြီးရင်တောင် အဆင်ပြေလောက်တဲ့ ဆေးဖော်မြူလာတစ်ခုကို ပေးနိုင်မယ်လို့ သူ ဘယ်တော့မှ မတွေးခဲ့ဖူးပေ။

မူရင်းဖော်မြူလာကို အတော်များများ ပြုပြင်မွမ်းမံထားပြီး အသစ်ထပ်မံထည့်သွင်းထားသော ပစ္စည်းတစ်မျိုးလည်း ရှိနေသည် - အရည်ရေခဲ ၃၀ မီလီလီတာ။

ဒီမွမ်းမံထားသော ဖော်မြူလာမှာ ဆေးဘက်ဆိုင်ရာအရ ယုတ္တိကျပြီး တစ်ခုနှင့်တစ်ခု ပြည့်စုံစွာ ဖြည့်ဆည်းပေးနိုင်သော ဂုဏ်သတ္တိများ ပါဝင်နေသည်။

အိုက် ဆေးဖော်စပ်ပစ္စည်းများနှင့် ၎င်းတို့၏ ဂုဏ်သတ္တိများကို ကြည့်ကာ ဆေးရဲ့ အဆုံးသတ်အာနိသင်ကို ခန့်မှန်းကြည့်သော်လည်း ဘယ်လို အားနည်းချက်မျိုးကိုမှ မတွေ့နိုင်ခဲ့ပေ။

သူ ဘာမှမပြောနိုင်တော့ဘဲ ငေးငိုင်သွားခဲ့ရသည်။

ဒီလူငယ်က တကယ်ပဲ မွမ်းမံထားတဲ့ ဖော်မြူလာတစ်ခုကို ပေးနိုင်ခဲ့တာလား?

"ကြက်ကိုခိုးဖို့ကြိုးစားရင်း ဆန်ကိုဆုံးရှုံးသွားတယ်" ဆိုတဲ့ စကားပုံက ဒီကိစ္စနဲ့ ကိုက်မယ့်ပုံပဲ? [မှတ်ချက် - အကျိုးမဲ့ ဆုံးရှုံးရတဲ့ အခြေအနေကို ရည်ညွှန်းသည်]

ဒါက!

သူ အစကတည်းက ဒီလူသစ်ကို အခက်တွေ့အောင် လုပ်ပြီး မာန်စွယ်ချိုးဖို့ ရည်ရွယ်ခဲ့တာ။

ဒါပေမယ့် အဆုံးမှာတော့ လူသစ်လေးအတွက် သူ့အစွမ်းကို ကြွားလုံးထုတ်ဖို့ အခွင့်အရေးတစ်ခု ဖန်တီးပေးလိုက်သလို ဖြစ်သွားခဲ့ပါတယ်။

---

ဤဖော်မြူလာကို ကြည့်ရင်း အိုက်၏ မျက်နှာတွင် မယုံကြည်နိုင်သည့် အမူအရာ ဖြစ်နေပြီး ဖုန့်လင်း၏ မျက်နှာမှာမူ ရေကဲ့သို့ အေးဆေးတည်ငြိမ်နေခဲ့သည်။

ဤဖော်မြူလာသည် အဆင့်မြင့်ဆေးရည် အဆင့်သို့ ရောက်ရှိနေပြီး မူရင်းဖော်မြူလာထက်ပင် ဆေးဘက်ဆိုင်ရာ အာနိသင် ပိုကောင်းနေလေ၏။ ဤသည်မှာ ဖုန့်လင်း သူကိုယ်တိုင် စမ်းသပ်ထားခြင်းဖြစ်သောကြောင့် မည်သူမျှ ဤဖော်မြူလာ၏ ပြစ်ချက်ကို ရှာဖွေနိုင်လိမ့်မည် မဟုတ်ဟု သူအပြည့်အဝ ယုံကြည်ထားသည်။

အဖွဲ့မှူး အိုက်၏ မျက်နှာတွင် စိုးရိမ်မှုများ ပေါ်လာခဲ့သည်။ အဆုံးမှာတော့ အိုက်က သူ့ရဲ့ အထောက်အထား မိုက်ခရိုချစ်ပ်ကို ထုတ်ယူကာ ချစ်ပ်အတွင်းရှိ AI ကို အသုံးပြု၍ ဆေး၏ ထိရောက်မှုကို တွက်ချက်စေခဲ့သည်။

သို့သော် ရလဒ်များက သူ့ကို မကျေနပ်စေခဲ့ပေ။

AI ၏ တွက်ချက်မှုအရ -

- ဆေး၏စွမ်းရည် တိုးတက်ကောင်းမွန်လာပြီး အဆင့်မြင့်ဆေးရည် အဆင့်သို့ ရောက်ရှိနိုင်ခြေ ၅၂%

- ဆေး၏စွမ်းရည် မပြောင်းလဲဘဲ ရှိနေနိုင်ခြေ ၂၁%

- ဆေး၏အဆင့် ကျဆင်းသွားနိုင်ခြေ ၈%

- မမျှော်လင့်ထားသော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ် နိုင်ခြေ ၁၉%

ဤရလဒ်ကို သီအိုရီအရ ကြည့်ပါက

ဖုန့်လင်း၏ ဖော်မြူလာ မွမ်းမံမှုသည် အောင်မြင်သည်ဟု ဆိုနိုင်ပြီး ယခုအခါ လက်တွေ့စမ်းသပ်မှုသာ ကျန်ရှိတော့သည်။

အဖွဲ့မှူး အိုက်၏ လူသစ်ကလေးအား အခက်အခဲဖြစ်စေရန် ရည်ရွယ်ခဲ့သည်ကို မြင်သော R&D ဌာနတစ်ခုလုံးမှ အဖွဲ့ဝင်များမှာ အခြေအနေကို လာရောက်ကြည့်ရှုကြသော်လည်း သူတို့အနေနှင့် သူ၏ ခြိမ်းခြောက်မှုများသည် အကျိုးမရှိဘဲ ဖြစ်သွားသည်ကိုသာ မြင်တွေ့လိုက်ကြရသည်။

အားလုံးမှာ အဖွဲ့မှူး အိုက်၏ စကားမပြောနိုင်တော့သည့် အခြေအနေကို မြင်ပြီး အံ့အားသင့်သွားကြလေ၏။

"ဘာတွေဖြစ်နေတာလဲဟ? အဖွဲ့မှူးက ဖော်မြူလာကို တုံ့ပြန်မှုမရှိဘူးလား!"

"လူသစ်ကလေးက တကယ်ပဲ ဖော်မြူလာအသစ်တစ်ခု ဖန်တီးနိုင်ခဲ့တာလား?"

"ဒါ ဖြစ်နိုင်လို့လားဟ?"

...

လူအားလုံး တစ်ယောက်နဲ့တစ်ယောက် ဆွေးနွေးနေခဲ့ကြပြီး အများစုမှာ

ဖုန့်လင်း ဖော်မြူလာကို အောင်မြင်စွာ မွမ်းမံနိုင်ခဲ့တယ်ဆိုတာကို မယုံကြည်ကြပေ။ သို့သော် အိုက်၏ ပြင်းထန်သော မျက်နှာအမူအရာကို မြင်တွေ့ရသည်နှင့် သူတို့၏ စကားသံများ တဖြည်းဖြည်း ငြိမ်သက်သွားကာ တိတ်ဆိတ်သွားခဲ့သည်။ သူတို့ ကိုယ်တိုင် ပြောနေသည့် အရာကို ယုံကြည်မှု မရှိတော့ပေ။

ဖုန့်လင်းမှာမူ စိတ်မရှုပ်ထွေးခဲ့ဘဲ အေးအေးဆေးဆေး စောင့်ကြည့်နေခဲ့သည်။

အချိန်အတော်ကြာပြီးနောက် အိုက် နောက်ဆုံးတွင် ခေါင်းကို မော့လိုက်ကာ ဖုန့်လင်းကို စိုက်ကြည့်လိုက်ပြီး သူ၏ မျက်နှာအမူအရာမှာ ဓားတစ်ချောင်းက ဖုန့်လင်း၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းနေသကဲ့သို့ ဖြစ်နေကာ ဖုန့်လင်း၏ လျှို့ဝှက်ချက်အားလုံးကို ဖော်ထုတ်လိုဟန် ရှိနေသည်။

ဖုန့်လင်းကလည်း အိုက်ကို မည်သည့်တုံ့ပြန်မှုမျှ မလုပ်ဘဲ ပြန်ကြည့်လိုက်ကာ အကြည့်ချင်းဆုံနေခဲ့ကြတော့၏။

အိုက်၏ မျက်လုံးများမှာ အနည်းငယ် နိမ့်သွားပြီး မကျေမနပ်ဖြစ်နေသည့် အမူအရာကို ပြသလိုက်ပြီးနောက် ပြင်းထန်စွာ ပြောလိုက်သည်၊ "သိပ်မပျော်လိုက်နဲ့ဦး! ဖော်မြူလာကို စမ်းသပ်မှု မပြုလုပ်ရသေးဘူးကွ။ လက်တွေ့စမ်းသပ်မှု အောင်မြင်မှသာ အဖြေကို သိနိုင်လိမ့်မယ်!"

ဤစကားလုံးများသည် ဖော်မြူလာ၏ အကျိုးသက်ရောက်မှုကို မေးခွန်းထုတ်လိုက်သကဲ့သို့ ဖြစ်ပြီး R&D ဌာနတစ်ခုလုံးတွင် ဆူဆူညံညံ ဖြစ်သွားစေခဲ့သည်။

"ဘာ?"

ဆေးဖော်မြူလာကို စမ်းသပ်မီပဲ အကျိုးသက်ရောက်မှုရှိမရှိ သိနိုင်တာလား? အဖွဲ့မှူး အိုက်တောင် အသစ်ပြုပြင်ထားတဲ့ ဖော်မြူလာရဲ့ အားနည်းချက်တွေကို ရှာမတွေ့ဘူးလား?

အားလုံး အံ့အားသင့်သွားကြသည်။

R&D ဌာနသည် ဧရာမဆေးဝါးကုမ္ပဏီ အတွင်းရှိ အဓိက နည်းပညာဌာနဖြစ်သည်။

အိုက်မှာ တရားဝင် ဗီဇပညာရှင်တစ်ဦးဖြစ်ပြီး ဗီဇဆေးဝါးနယ်ပယ်တွင် အလွန်ကျွမ်းကျင်သူဖြစ်သည်။ အိုက်တောင် ဒီဖော်မြူလာရဲ့ ချို.ယွင်းချက်တွေကို ရှာမတွေ့နိုင်လျှင် ဆိုလိုသည်မှာ ဖော်မြူလာ၏ အောင်မြင်နိုင်ခြေသည် အလွန်မြင့်မားပေလိမ့်မည်။

ဒါ ဖြစ်နိုင်ရဲ့လား?

အခန်းထဲရှိ လူတိုင်းမှာ ဖုန့်လင်းကို ပြန်လည်သုံးသပ်နေခဲ့ကြသည်။ သူတို့အားလုံး ဒီအင်မော်တယ်က ဘယ်ကနေ ပေါ်လာတာလဲဟု တွေးရင်း စိတ်ရှုပ်ထွေးနေခဲ့ကြသည်။

"ငါနဲ့လိုက်ခဲ့!" အဖွဲ့မှူး အိုက် မကျေနပ်သည့်လေသံဖြင့် ပြောကာ ဖုန့်လင်းကို R&D ဌာန၏ ထောင့်တစ်နေရာရှိ ဖန်လုံခန်းရှေ့သို့ ခေါ်သွားခဲ့သည်။

အဝတ်ဗလာနှင့် လူတစ်ဦး အရည်အတွင်းတွင် မျောနေခဲ့သည်။ သူ၏ ခြေလက်များမှာ လှုပ်ရှားမှုမရှိဘဲ သေဆုံးပြီးသူတစ်ဦးကဲ့သို့ တွဲကျနေခဲ့သည်။ သူ့ပုံစံက တွဲလောင်းချိတ်ထားသည့် ပုပ်သိုးနေသည့်အသားပိုင်းကဲ့သို့ဖြစ်နေပြီး ဖြူဖပ်ဖြူရော်ဖြစ်နေသော မျက်လုံးများနှင့် အသက်မရှိသလို မျက်နှာရှိနေခဲ့သည်။ သူအနေနှင့် အသိစိတ်အားလုံးကို ဆုံးရှုံးခဲ့ပြီးဖြစ်သည်။

"မင်းရဲ့ ပြုပြင်ထားတဲ့ ဖော်မြူလာနဲ့

အဒရီနလင်ဆေးရည် ကို ထုတ်ပြီး

ဒီစမ်းသပ်ခံ ကြွက်ကို တိုက်လိုက်!"

အိုက်မှာ 'ပြုပြင်ထားတဲ့' ဆိုသည့် စကားလုံးကို ဒေါသဖြင့် ဖိပြောလိုက်သည်။ သူ စကားပြောနေစဉ် အံကြိတ်ထားပြီး ဒေါသတအားထွက်နေသည်မှာ သိသာထင်ရှားလှသည်။

"ဒါ မဖြစ်နိုင်ဘူး! ဒီလူက နောက်ဆုံးထွက်သက်လေးပဲကျန်ပြီး သေတော့မယ့်အခြေအနေလေ! အသက်ရှင်နေသေးပေမယ့် အသိစိတ်အားလုံး ဆုံးရှုံးနေပြီ။"

"အဆက်မပြတ် စမ်းသပ်ခံနေရတဲ့အတွက် သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာက ပျက်စီးသွားလောက်ပြီ။ ပုံမှန် အဒရီနလင်ဆေးရည် တောင်မှ အကျိုးသက်ရောက်မှု မရှိတော့ဘူး။"

"ထင်တဲ့အတိုင်းပဲ အဖွဲ့မှူး အိုက်က ဒီကိစ္စကို ဒီအတိုင်းပဲ လက်လျှော့မသွားဘူးပဲ!"

...

လူအုပ်ထဲတွင် တချို့မှာ တစ်ယောက်ကိုတစ်ယောက် စိုးရိမ်စွာ မျက်လုံးပြူးကြည့်နေကြပြီး ဖုန့်လင်း၏ ကံဆိုးမှုကို ကြိုတင်မြင်နေကြသလိုပင်။

ဒီဆေးက အကျိုးသက်ရောက်မှုကောင်းတယ်ဆိုရင်တောင်၊ သေတော့မယ့် သေဒဏ်ကျအကျဉ်းသားတစ်ဦးကို ကယ်တင်နိုင်မှာလား?

လူအုပ်ထဲတွင် တီးတိုးစကားသံများ ကြားနေရသည်။

အဖွဲ့မှူး အိုက်မှာ မကောင်းသော ရည်ရွယ်ချက်ဖြင့် ပြုံးနေခဲ့ပြီး လူအုပ်ကို လှည့်ကြည့်လိုက်သည်။ လူအားလုံး ရုတ်တရက် ကြောက်ရွံ့သွားကာ အသံတိတ်သွားကြသည်။

ဖုန့်လင်းအနေနှင့် အိုက်၏ ရည်ရွယ်ချက်ကို သိသော်လည်း ဂရုမစိုက်ခဲ့ပေ။

အဒရီနလင် ဆိုသည်မှာ နှလုံးသွေးလွှတ်အားကို မြင့်တက်စေပြီး အရိုး၊ ကြွက်သား၊ အသည်းနှင့် နှလုံးရှိ သွေးကြောများကို ကျယ်စေသည့် ဟော်မုန်းနှင့် အာရုံကြောဆက်သွယ်ရေးပစ္စည်းတစ်မျိုးဖြစ်သည်။ ၎င်းသည် သေးငယ်သော သွေးကြောကွန်ရက်များစွာကို ကျဉ်းမြောင်းစေပြီး သေမင်းနှင့် နီးစပ်နေသော လူနှင့် တိရစ္ဆာန်များအတွက် အရေးကြီးသည့် ကုထုံးတစ်ခုဖြစ်သည်။

အာရုံကြောကွန်ရက်ပျက်စီးနေသော သေတော့မည့်လူနာကို ကုသရန် အသင့်တော်ဆုံးနည်းလမ်းမှာ အဒရီနလင် ဖြင့်ကုသခြင်းပင် ဖြစ်သည်။

ဒီအသစ်ပြုပြင်ထားတဲ့ ဖော်မြူလာရဲ့ ထိရောက်မှုကို မသိသေးတဲ့သူတွေအနေနဲ့ သံသယဝင်နေကြတာဟာ ပုံမှန်ပါပဲ။

သို့သော် ဖုန့်လင်းကတော့ သူကိုယ်တိုင် ဒီဖော်မြူလာကို စမ်းသပ်ပြီးဖြစ်တဲ့အတွက် ဆေးရဲ့အကျိုးသက်ရောက်မှုကို သူ သံသယမရှိပါဘူး။

တစ်ခုတည်းသော ပြဿနာက - ဒီစမ်းသပ်ခံကြွက်က သာမန်လူတစ်ဦးဖြစ်နေခြင်းပါပဲ။

ဒီဖော်မြူလာဟာ အဆင့်မြင့်ဆေးရည်အတွက် ဖြစ်တဲ့အတွက် ဆေးစွမ်းအားက အလွန်ပြင်းထန်ပါတယ်။ လူနာကို ပြန်လည်ရှင်သန်စေနိုင်တယ်ဆိုရင်တောင် နောက်ဆက်တွဲအကျိုးသက်ရောက်မှုတွေ ကြီးမားနိုင်ပါတယ်။

အကျိုးသက်ရောက်မှုရှိမယ်ဆိုရင်တော့ ဖော်မြူလာရဲ့ အရည်အသွေးကို သက်သေပြရာရောက်မှာပါ။ အဲ့ဒီအချိန်ကျ အဖွဲ့မှူး အိုက် ဘာပြောမလဲ?

ဒါပေမယ့် ဒီစမ်းသပ်ခံလူနာဟာ

ဖုန့်လင်းအပေါ် ဘာမှ အမှားမလုပ်ခဲ့ပါဘူး။ ဖုန့်လင်းအတွက် စမ်းသပ်မှုမှာ ဒီလူနာကို အသုံးပြုရမယ်ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ အဟန့်အတားတစ်ခု ရှိနေပါတယ်။

သို့ပေမယ် သူ့စိတ်ကို ပြောင်းလိုက်ပါတယ်။

ဒီလူနာက ဘာပဲဖြစ်ဖြစ် သေတော့မယ့်သူပါ။ ဖုန့်လင်း လုပ်ထားတဲ့ဆေးကို သောက်ပြီးတော့ ပြန်လည်ရှင်သန်နိုင်တဲ့ အခွင့်အလမ်းရှိပါတယ်။ အသက်တစ်ချောင်းကို ကယ်တင်နိုင်ခြင်းက ဘုံ ၇ ဆင့်စေတီတစ်ဆူ ဆောက်ခြင်းထက်ပိုမြတ်တဲ့ ကုသိုလ်တစ်ခုပါပဲ။

အကျိုးသက်ရောက်မှုမရှိခဲ့ရင်တော့ ဒီလူနာဟာ ဒီလိုအခြေအနေမျိုးနဲ့ ဆက်ရှင်သန်ရမယ့် ဝေဒနာကနေ လွတ်မြောက်သွားမှာပါ။

စိတ်ပိုင်းဆိုင်ရာ အဟန့်အတားမရှိတော့တဲ့အတွက် ဖုန့်လင်း မတွန့်ဆုတ်တော့ပါဘူး။ သူ ကျွမ်းကျင်စွာနဲ့ ဆေးကို မြန်မြန်ဆန်ဆန် ပြုလုပ်လိုက်ပါတယ်။

ဒီဆေးကို အကြိမ်ကြိမ်လုပ်ခဲ့တဲ့အတွက် ဖုန့်လင်း လုပ်ငန်းစဉ်တွေကို အလွန်ကိုကျွမ်းကျင်နေပါပြီ။ သူ့လှုပ်ရှားမှုတွေက ရေစီးဆင်းနေသလို ချောမွေ့ပြီး တစ်စက်မျှ နှေးကွေးခြင်း မရှိပါဘူး။

သူ ဘာလုပ်နေတယ်ဆိုတာ သိတဲ့သူတွေအတွက်တော့ သူ့ရဲ့စွမ်းရည်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်။

အိုက်ရဲ့ မျက်လုံးထဲမှာတောင် ကြောက်ရွံ့မှုကို ထိန်းချုပ်ရန် ကြိုးစားနေတဲ့ အမူအရာကို တွေ့ရပါတယ်။

ဖုန့်လင်းအနေနဲ့ အဒရီနလင်ဆေးရည် ထုတ်လုပ်နည်းကို ယခင်က မသင်ဖူးကြောင်း အိုက် သတိထားမိခဲ့သည်။ သို့သော် ဖုန့်လင်း၏ ဖော်မြူလာနှင့် ထုတ်လုပ်မှုလုပ်ငန်းစဉ်များအပေါ် ကျွမ်းကျင်ပုံကို မြင်ရသည့်အခါ သူ၏ပါရမီမှာ အံ့သြဖွယ်ကောင်းလှသည်ဟု ထင်လိုက်မိသည်။

မန်နေဂျာ ဖရန့်က ဒီလူသစ်အကြောင်း ချီးကျူးထားသည်မှာ အနည်းငယ်ပင် လျော့နည်းနေသေးသည်ဟု သူခံစားလိုက်ရသည်။

ကုမ္ပဏီထဲ ရောက်ခါစအချိန်မှာပဲ R&D ဌာနသို့ တိုက်ရိုက်ခန့်ထားခံရသည်မှာ အံ့ဩစရာမဟုတ်တော့ပေ။ သူ ဒီလူငယ်ကို ပေါ့ပေါ့တန်တန် မဆက်ဆံသင့်တော့ချေ။

R&D ဌာနဝင်များသည် မိမိတို့မျက်စိရှေ့မှ အဖြစ်အပျက်ကို အံ့အားသင့်နေကြသော်လည်း အဖွဲ့မှူး အိုက် ရှေ့တွင် စကားမပြောဝံ့ကြပေ။

မကြာမီ ဆေးပုလင်းတစ်လုံး အောင်မြင်စွာ ထုတ်လုပ်ပြီးစီးသွားသည်။ ၎င်း၏အရောင်မှာအလင်းဖောက်နိုင်သည့် အနီရောင်ဖျော့ရောင်ဖြစ်သည်။

ပြည့်စုံစွာ ပေါင်းစပ်ထားသည့် အရောအနှော၏ အရောင်အဆင်းနှင့်ပင် ဤဆေးရည်သည် အောင်မြင်နိုင်ခြေမြင့်မားကြောင်း လူတိုင်း ပြောနိုင်သည်။

အခုချိန်ကတော့ ဆေးရဲ့အာနိသင်ကို လက်တွေ့စမ်းသပ်ဖို့ အချိန်ပါပဲ။

"ယူလိုက်" ဖုန့်လင်း ဆေးပုလင်းကို လက်ဆင့်ကမ်းလိုက်သည်။ အိုက်က ယဉ်ကျေးမနေခဲ့ဘဲ တိုက်ရိုက်ယူကာ ဖန်ပြွန်အတွင်းရှိ "ကြွက်ဖြူလေး"၏ ခန္ဓာကိုယ်ထဲသို့ ထိုးသွင်းလိုက်သည်။

အားလုံးမြင်လိုက်တာကတော့ အသက်မရှိသလို သေတော့မည့်သူ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် တုန်သွားခြင်းဖြစ်သည်။ သူ၏ကြွက်သားအားလုံးမှာ အလွန်အမင်း တုန်ခါလာခဲ့သည်။ အလွယ်တကူဆွေးမြေ့နိုင်သော အသားစကဲ့သို့ ခန္ဓာကိုယ်သည် မုန့်အကြော်တစ်ခုကဲ့သို့ တွန့်လိမ်သွားပြီး မိုးကြိုးပစ်ခံရသကဲ့သို့ တုန်နေခဲ့သည်။ ပိတ်ထားသောမျက်လုံးများကို ရုတ်တရက် ပွင့်သွားပြီး သူ၏အသိစိတ်များ တဖြည်းဖြည်း ပြန်လည်ရလာကာ သူ့မျက်နှာတွင် နာကျင်မှုတို့ဖြင့် ပြည့်နေခဲ့သည်။

ဆေးကို အသုံးပြုပြီးတာနဲ့ အကျိုးသက်ရောက်မှုက ချက်ချင်းပါပဲ။

လူတိုင်း အံ့အားသင့်သွားကြသည်။

ဤမွမ်းမံထားသည့် အဒရီနလင်ဆေးရည်မှာ သေခါနီးလူကိုပင် ပြန်လည်ရှင်သန်စေနိုင်သည်!

All Chapters