← Chapters

ဗီဇမှတ်အမြင့်ဆုံး

Vol. 5 Ch. 70

ဗီဇမှတ်အမြင့်ဆုံး

Vol. 5 Ch. 70

ပုံမှန်အားဖြင့် စည်ကားသော R&D ဌာနသည် အလွန်တိတ်ဆိတ်နေပြီး အပ်တစ်ချောင်းချလျှင်ပင် အသံကြားနိုင်လောက်အောင် ငြိမ်သက်နေခဲ့သည်။

လူတိုင်း၏ အာရုံစိုက်မှုသည် ဖန်ပြွန် အတွင်းရှိ အကျဉ်းသားပေါ်တွင် စုနေခဲ့သည်။

သူတို့မြင်လိုက်ရတာကတော့ သေလုမျောပါးဖြစ်နေပြီး စွန့်ပစ်ခံထားရတဲ့လူတစ်ဦး ရုတ်တရက် အသက်ပြန်ရှင်လာခြင်းဖြစ်သည်။ သူ၏နှလုံးခုန်သံများသည် ပြန်လည်အားပြည့်လာသကဲ့သို့ ကျယ်လာခဲ့သည်။

သူ အသက်ဆက်ရှင်သွားပြီ!

အကျဉ်းသား၏ အာရုံကြောများသည် လုံးဝပျက်စီးနေပြီဖြစ်ကာ သုတေသီအားလုံးက သူ့ကို သေဆုံးသွားပြီဟု သတ်မှတ်ထားကြသည်။ မည်သည့်ဆေးဝါးမျှ အသုံးမဝင်တော့ပဲ သူ၏ နောက်ဆုံးထွက်သက်ကို စောင့်မျှော်နေကြရုံသာရှိသည်။

မျှော်လင့်မထားသည်မှာ ဤလူသစ်က မသေဆေးကဲ့သို့ ဆေးပုလင်းတစ်လုံးကို ယူလာပြီး ဤလူကို ဟေးဒီးစ် (သေမင်း)၏ဖမ်းဆုပ်မှုမှ ပြန်ဆွဲယူခဲ့သည်။

လူတိုင်း အံ့အားသင့်သွားကြပြီး အကျဉ်းသား၏ တုံ့ပြန်မှုကို ဂရုတစိုက် လေ့လာရန် စုရုံးလာခဲ့ကြသည်။ အချို့လူများမှာ ချစ်ပ်များကို အသုံးပြု၍ ဤတန်ဖိုးရှိသော အချက်အလက်များကို မှတ်တမ်းတင်မှုကို စတင်ခဲ့ကြသည်။

R&D ဌာန၏ အဖွဲ့ဝင်တိုင်းသည် စိတ်အားထက်သန်နေခဲ့ကြသည်။ သူတို့အားလုံးမှာ အဖွဲ့မှူး အိုက်၏ မကျေနပ်မှုများ တိုးပွားလာနေသည်ကိုပင် လျစ်လျူရှုကာ ထိုအရာကို စိတ်အားထက်သန်စွာ ကြည့်ရှုနေခဲ့ကြ၏။

ဖန်ပြွန်အတွင်းရှိ အဝတ်ဗလာနှင့် လူ၏ ခြေလက်များသည် မရပ်မနား တုန်နေပြီး မျက်လုံးများကျယ်လာသည်။ သေနေသကဲ့သို့ မျက်နှာအမူအရာမှ အပြည့်အဝတက်ကြွလာပြီး မုန်းတီးမှု၊ ခြိမ်းခြောက်မှုနှင့် ဝမ်းနည်းမှုတို့ဖြင့် ပတ်ဝန်းကျင်ရှိသူများကို စိုက်ကြည့်နေသည်။ သူ၏မျက်နှာအမူအရာမှာ ငရဲမှ ပြန်လည်ရှင်သန်လာပြီး ကမ္ဘာပေါ်သို့ ပြန်လည်ရောက်ရှိလာသည့် မကောင်းဆိုးဝါးဝိညာဥ်ကဲ့သို့ဖြစ်နေသည်။ သူ လိုချင်သည်မှာ ပတ်ဝန်းကျင်ရှိလူတိုင်းကို ကိုက်ဖြတ်ပြီး ၎င်းတို့၏အသားကို စားရန်၊ ၎င်းတို့၏သွေးကို သောက်ရန်ဖြစ်သည်။

ဤကဲ့သို့ ပြင်းထန်သော မျက်နှာအမူအရာပြသနေခဲ့သော်လည်း သိမ်မွေ့ဟန်ရှိသော သုတေသီများမှာ ဘာတုံ့ပြန်မှုမျှ မလုပ်ကြပေ။ သူတို့အနေဖြင့် ဤကဲ့သို့သော မျက်နှာအမူအရာများကို ကျင့်သားရနေပြီဖြစ်သည်။ သူတို့စမ်းသပ်မှုများမှ စမ်းသပ်ခံများကို "လူ"ဟု မည်သည့်အခါမျှ မသတ်မှတ်ခဲ့ကြပေ။

ဓာတ်ခွဲခန်းကြွက်၏ မုန်းတီးမှုကို ဘယ်သူကများ ဂရုစိုက်မှာလဲ?

သူတို့စိတ်ဝင်စားသည်မှာ ဓာတ်ခွဲခန်းကြွက်၏ တုံ့ပြန်မှုဖြစ်သည်!

မူလက အာရုံကြောစနစ်ပျက်စီးနေသော သက်ရှိလူသေကောင်တစ်ခုသည် ဆေးတစ်မျိုးသောက်ပြီးနောက် အသက်ပြန်ရှင်လာခဲ့သည်။

ဒီအရာက ဘယ်လိုလုပ် အံ့အားသင့်စရာမဖြစ်နိုင်ရမှာလဲ?

သူတို့တွင် အလွန်အားကောင်းသော စိတ်ဝင်စားမှုရှိလာခဲ့ပြီး ဖြစ်နိုင်ပါက ထိုအကျဉ်းသားကို နေရာတင် ခွဲစိတ်ကာ နောက်ထပ်အချက်အလက်များ ရယူလိုကြသည်။

ဖန်ပြွန်အတွင်းတွင် တပ်ဆင်ထားသော တိုင်းတာရေးကိရိယာများသည် မရပ်မနားနှင့် အလင်းများ

တလက်လက် ဖြစ်နေပြီး အမျိုးမျိုးသော အချက်အလက်များနှင့် အတိုင်းအတာများကို ပြသနေသည်။

"အမြန်ကြည့်လိုက်စမ်းဟေ့ သူ့နှလုံးခုန်နှုန်း တက်လာနေပြီ။ သူ့ရဲ့ အသက်စွမ်းအင် ပြန်ကောင်းလာနေပြီဟ!"

"သူ့ဦးနှောက်လှိုင်း လှုပ်ရှားမှုတွေလည်း တိုးလာနေတယ်။ အဒါက ၁၀၀ အထက်ကို ကျော်လာပြီဟ!"

"ဒီမွမ်းမံထားတဲ့ အဒရီနလင်ဆေးရည် အောင်မြင်သွားပြီ။ ဒီလူသစ်က

တကယ့်ကို အံ့သြဖို့ကောင်းတာပဲ!"

...

သုတေသီအားလုံးမှာ စမ်းသပ်မှုအတွင်း အကျဉ်းသားတွင် ဖြစ်ပျက်ခဲ့သည့် အပြောင်းအလဲများကို ဆွေးနွေးဖို့ရာ စုဝေးနေခဲ့ကြပြီး အများစုကတော့ ဖုန့်လင်းရဲ့ မွမ်းမံထားတဲ့ ဖော်မြူလာကို ချီးကျူးနေကြပါတယ်။ အိုက်ရဲ့ မျက်နှာပြောင်းသွားသည်ကို မည်သူမှ သတိမထားမိခဲ့ကြပေ။

"အာ့...အာ့...အာ့..."

ဖန်ပြွန်အတွင်းမှ လူကတော့ လည်ပင်းညှစ်ခံရတဲ့ ဘဲတစ်ကောင်လို နောက်ဆုံးရုန်းကန်မှုများ လုပ်နေလေ၏။ တစ်ချိန်တည်းမှာပဲ သုတေသီအားလုံးက ဝိုင်းကြည့်နေကြသည်။ အကျဉ်းသားရဲ့ ခန္ဓာကိုယ်ဟာ ထိန်းချုပ်လို့မရအောင် တုန်နေပြီး ရုတ်တရက် လှုပ်ရှားမှုရပ်သွားခဲ့၏။ သူ အသက်ရှုမရပ်ခင်အထိ နောက်ဆုံးရုန်းကန်မှုတွေ လုပ်ခဲ့တာပါ။

လူတိုင်း သက်ပြင်းချလိုက်ကြပြီး မည်သူမှ အံ့အားသင့်နေပုံမရခဲ့ပေ။

ဒီလူရဲ့ အာရုံကြောစနစ်က သေပြီးသားဖြစ်နေတာပါ။ သူက တစ်ချိန်လုံး သေလုမျောပါးအခြေအနေမှာပဲ ရှိနေခဲ့ပြီး သူ့ခန္ဓာကိုယ်က ပြန်ပြင်လို့မရတော့ပါဘူး။

လူ့ခန္ဓာကိုယ်ဆိုတာ အလွန်ရှုပ်ထွေးတဲ့စနစ်တစ်ခုပါ။ ဒီစမ်းသပ်ခံလူရဲ့ ခန္ဓာကိုယ်ဟာ မရေမတွက်နိုင်တဲ့ စမ်းသပ်မှုတွေကို ခံခဲ့ရပြီးတဲ့အတွက် အဆင့်မြင့် အဒရီနလင်ဆေးရည်က တောင် သူ့ကို ဘဝနေဝင်ချိန်ရဲ့ နောက်ဆုံးအလင်းရောင်လေးပဲ ပေးနိုင်ခဲ့တာပါ။

သူ့ခန္ဓာကိုယ်က ပြန်ပြင်လို့မရတော့အောင် ပျက်စီးနေပြီး ဒီခဏတာစိတ်လှုပ်ရှားမှုကိုတောင် မခံနိုင်တော့ဘဲ နောက်ဆုံးထွက်သက်ကို ရှုထုတ်လိုက်ရတာပါ။

ဗီဇဆေးဝါးတွေရဲ့ စွမ်းအားက အံ့ဩစရာကောင်းလွန်းပါတယ်။ အဆင့်သတ်မှတ်ချက်မရှိတဲ့ ဆေးတစ်မျိုးကိုတောင် သာမန်လူတွေ အလွယ်တကူ သောက်လို့မရပေ။

အားလုံးခြုံကြည့်ရင် ဖုန့်လင်းရဲ့ အဒရီနလင်ဆေးရည် ရဲ့ အကျိုးသက်ရောက်မှုက တကယ်ပဲ ဌာနတစ်ခုလုံးရဲ့ မျှော်လင့်ချက်ထက် ကျော်လွန်နေခဲ့ပါတယ်။ ဒါက ဖော်မြူလာမွမ်းမံမှုဟာ တကယ်အောင်မြင်ကြောင်း သက်သေပြချက်ပါပဲ။

လူတိုင်း အဖွဲ့မှူး အိုက်ဆီ လှည့်ကြည့်ခဲ့ပေမယ့် သူ့ရဲ့စိတ်ရှုပ်နေတဲ့ မျက်နှာအမူအရာကိုပဲ တွေ့လိုက်ကြရ၏။

ဒီစမ်းသပ်မှုဟာ အိုက်က ဖုန့်လင်းကို သူ့နေရာသူသိစေဖို့ အကြောင်းပြချက်တစ်ခုပဲဆိုတာ သူတို့သိကြပါတယ်။ ဒါပေမယ့် သူတို့မျှော်လင့်မထားတာက လူသစ်လေးက တကယ်ပဲ အောင်မြင်သွားတာပါ။

အဖွဲ့မှူး ဘယ်လိုတုံ့ပြန်မလဲဆိုတာ

သူတို့စိတ်ဝင်စားနေကြပါတယ်။

သုတေသနဌာနတွင် အဖွဲ့မှူး၏ ရေရှည်ဖိအားနှင့် စီမံခန့်ခွဲမှုအောက်တွင် သုတေသီများသည် သူ့ကို ငြီးငွေ့နေကြပြီဖြစ်သည်။ ယခု သူ၏ အရှက်ရမှုကို မြင်ရသောအခါ စိတ်ထဲတွင် ရယ်မောနေကြသော်လည်း မျက်နှာပေါ်တွင် မပြရဲကြပေ။

ပတ်ဝန်းကျင်မှ လှောင်ပြောင်နေသော မျက်လုံးများကို ခံစားမိသော အိုက်၏ မျက်နှာသည် ပို၍ပင် အတိတ်နမိတ်

မကောင်း ဖြစ်လာခဲ့သည်။

အတော်ကြာ တိတ်ဆိတ်နေပြီးနောက် နောက်ဆုံးတွင် သူ ဆန္ဒမရှိသော်လည်း ပြောလိုက်သည်၊ "ဖုန့်လင်းက အဒရီနလင်ဆေးရည် ကို အောင်မြင်စွာ မွမ်းမံနိုင်ခဲ့ပါပြီ။ ဒီလိုအံ့သြဖွယ်ကောင်းတဲ့ စွမ်းဆောင်မှုအတွက် သူ့ကို ဒီလရဲ့ ဘောနပ်စ် ကြယ်ဒင်္ဂါး ၁၀၀,၀၀၀ ချီးမြှင့်မှာဖြစ်ပါတယ်!"

သူက တကယ်ကိုပဲ ဖုန့်လင်းကို တစ်ခါတည်းနဲ့ ကြယ်ဒင်္ဂါး ၁၀၀,၀၀၀ ပေးလိုက်တာပါ။ ဒါက ဖုန့်လင်းရဲ့ လစာ ၂ လစာနဲ့ ညီမျှပါတယ်!

အိုက် သွားကြိတ်ပြီး ပြောနေတာကို

ကြည့်ရင် သူ ဆန္ဒမရှိကြောင်း သိသာနေပေမယ့် သူ စိတ်ရှိသလိုလုပ်လို့မရပါဘူး။

အဒရီနလင်ဆေးရည် သည် R&D ဌာန၏ အရေးကြီးသော သုတေသနခေါင်းစဉ်တစ်ခုဖြစ်သည်။ ၎င်းသည် လူ့ခန္ဓာကိုယ်အတွင်းရှိ အာရုံကြောစနစ်ကို လှုံ့ဆော်ပေးနိုင်ပြီး စိတ်စွမ်းအားကို မြှင့်တင်ကာ အသက်ဆင့်ကဲပြောင်းလဲမှုကို ဖြစ်စေနိုင်သည်။

ဖုန့်လင်း၏ ဤဆေးဖော်မြူလာအား တိုးတက်ရန်မွမ်းမံမှုသည် R&D ဌာနအတွင်း စွမ်းဆောင်ရည်အရ ထိပ်တန်းတွင် ပါဝင်နေခဲ့သည်။

စွမ်းရည်ရှိတဲ့သူတွေက ပိုရမှာပဲ။

ဌာနအတွက် အရေးပါသော အကူအညီတစ်ခုကို ပြသပြီးနောက် သင့်တော်သော ဆုလာဘ်ကို ရရှိရမည်ဖြစ်သည်။

ဤသည်မှာ ကုမ္ပဏီ၏ စည်းမျဉ်းဖြစ်သည်။ အဖွဲ့မှူးအနေဖြင့် ဤစည်းမျဉ်းကို ချိုးဖောက်ပါက နောင်တွင် အဖွဲ့ကို ဦးဆောင်ရန် အခက်တွေ့နိုင်သည်။

ကိုယ်မကျေနပ်သည့်သူကို ဘာမှမလုပ်နိုင်သည့် ဒီခံစားချက်က အိုက်ကို

မသက်မသာဖြစ်စေသည်။

သူ တစ်စက္ကန့်မျှပင် နေလိုစိတ်မရှိတော့ပေ။ အိုက်မှာ ဖုန့်လင်းအား ချီးကျူးစကား နှစ်ကြောင်းသာ ပြောပြီး လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။ သူ တတ်နိုင်သမျှ ဝေးဝေးတွင် နေချင်ခဲ့တာပါ။

သူ့နောက်မှ ကျိတ်ရီသံများ တဖြည်းဖြည်း ထွက်လာခဲ့သည်။

R&D ဌာနအတွင်းရှိ လုပ်ဖော်ကိုင်ဖက်များသည် ဖုန့်လင်းအား မတူညီသော မျက်နှာအမူအရာများဖြင့် ကြည့်နေကြသည်။ အချို့က စူးစမ်းလိုစိတ်၊ အချို့က ချီးကျူးဂုဏ်ပြုမှု၊ အချို့က ကြောက်ရွံ့မှု... သို့သော် အားလုံးက သူ့အား မတူညီသော ရှုထောင့်များမှ ကြည့်နေကြသည်။

အဆုံးတွင်၊ အလွန်မာနကြီးပြီး လုပ်နိုင်စွမ်းရှိသော အဖွဲ့မှူး အိုက်ကို ဤမျှ အားငယ်စေနိုင်သူကို တွေ့ရခဲသည်။

ဖုန့်လင်းသည် ဤလူများကို လျစ်လျူရှုလိုက်ပြီး လှည့်ထွက်သွားခဲ့သည်။

သူ့အား ပေးအပ်ထားသော တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ပြီးဖြစ်ကာ၊ ထိုလူများမှာ ဆွံ့အစွာ ကျန်နေခဲ့ကြသည်။

သူ၏ ခြေလှမ်းများသည် R&D ဌာနမှ ထွက်ခွာပြီးနောက် မရပ်တန့်ခဲ့ပေ။ သူ၏ နေထိုင်ရာအပိုင်းသို့ ဦးတည်လျက်၊ လေးလံသော မျက်နှာအမူအရာဖြင့် ရှေ့သို့ ကြည့်နေခဲ့သည်။

သူ့အနေဖြင့် တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ပြီးသော်လည်း၊ သူ၏မျက်နှာတွင် ပျော်ရွှင်မှု တစ်စက်မျှ မတွေ့ခဲ့ရပေ။ လူတစ်ဦး၏ နောက်ဆုံးထွက်သက်ရှိုက်သံများဖြင့် ရုန်းကန်နေရပုံကို သူ၏ မှတ်ဉာဏ်တွင် လတ်တလော မြင်ယောင်နေဆဲဖြစ်သည်။

သူအနေဖြင့် အကျဉ်းသားကို သတ်ရန် ရည်ရွယ်ခဲ့ခြင်းမရှိသော်လည်း၊ ထိုအကျဉ်းသား၏ သေဆုံးမှုသည် သွယ်ဝိုက်သောနည်းဖြင့်ဆိုရလျှင်

ဖုန့်လင်းကြောင့် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ဖုန့်လင်းမှာ အားနည်းသူတစ်ဦးမဟုတ်ပေ။ သူသာ ပစ်မှတ်တစ်ခုကို သတ်လိုပါက၊ သူ နောက်ဆုတ်မည်မဟုတ်ပေ။ သို့သော် ထိုသို့လုပ်ဆောင်ရန်၊ ထိုပစ်မှတ်သည် သူ၏ ရန်သူဖြစ်ရမည်။

စမ်းသပ်ခံလူနာသည် ဖုန့်လင်းနှင့် ဘာမျှပဋိပက္ခမရှိခဲ့ပေ။ သူ၏ဆေးကိုသောက်ပြီး အကျဉ်းသားသေဆုံးသွားသည်ကို မြင်ရခြင်းက သူ၏နှလုံးသားအတွင်း ပြင်းထန်သော မသက်မသာခံစားရမှုကို ဖြစ်စေခဲ့သည်။ သာမှန်လူတိုင်း ထိုသို့ခံစားရမည်သာပင်။

ဖုန့်လင်းမှာ တိုးလာသော အရေးတကြီးလိုအပ်ချက်ကို ခံစားလိုက်ရသည်။

"ယုန်သေလျှင် မြေခွေးငိုပါတယ်"

(မှတ်ချက် - ဤသည်မှာ "ကံဆိုးမိုးမှောင်ကျနေသော လူတန်းစားတူများအပေါ် စာနာထောက်ထားမှုရှိခြင်း" ဟု အဓိပ္ပာယ်ရသော စကားပုံတစ်ခုဖြစ်သည်)

နေအဖွဲ့အစည်းသည် ရှုပ်ထွေးသော ကြယ်နယ်မြေတစ်ခုဖြစ်ပြီး အန္တရာယ်များနှင့် ပြည့်နှက်နေသည်။ ဖိနှိပ်မှုမျနှင့် မှောင်မိုက်သော လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည်။

စွမ်းအား!

သူ့ကိုယ်သူ ကယ်တင်ရန် သူ့တွင် သေချာသည့် အဆင့်တစ်ခုမှ စွမ်းအားရှိရပေမည်။ အခြားသူများအပေါ် မှီခိုနေလို့မရပေ။

သို့မဟုတ်ပါက သူသည် အခြားသူများ၏ သနားညှာတာမှုကို တောင်းခံရလိမ့်မည်ဖြစ်သည်။

အကယ်၍ သူသာ အမှန်တကယ်အားကောင်းမှုမရှိပါက တစ်နေ့တွင် သူလည်းပဲ အစမ်းသပ်ခံကြွက်တစ်ကောင်ဖြစ်လာလိမ့်မည်။ ထိုအချိန်တွင် သူ့ကိုအသုံးချခံရမည်ဖြစ်ပြီး အသက်ရှင်ခြင်းသည် သေခြင်းထက် ပိုမိုဆိုးရွားလာမည်ဖြစ်သည်။

ဤသည်မှာ ဖုန့်လင်း မည်သို့ပင်ဖြစ်စေ ရှောင်လွှဲလိုသော အရာတစ်ခုဖြစ်သည်။

နေထိုင်ရာနေရာသို့ ပြန်ရောက်သောအခါ ဖုန့်လင်းသည် ကြိုးကြိုးစားစား ကျင့်ကြံခြင်းကို စတင်ခဲ့သည်။

ဤတစ်ကြိမ်တွင် သူသည် ကုန်ဆုံးသွားသော အသက်စွမ်းအင်များကို အပြည့်အဝဖြည့်တင်းပြီးဖြစ်သည်။သေချာတာပေါ့ သူရဲ့ဗီဇတွေကို အမြင့်ဆုံးအဆင့်အထိ တိုးမြှင့်ဖို့ စီစဉ်ထားပါတယ်။

သူ အသက်ဆေးရည်ကို ထပ်မံ

မသောက်ခဲ့တော့ပေ။ ဘာကြောင့်လဲဆို သူ အဒရီနလင်ဆေးရည် ကို လုံလောက်အောင် သောက်သုံးပြီးဖြစ်လို့ပါပဲ။

အဒရီနလင်ဆေးရည်ကို အဒရီနလင် ဗီဇကို လှုံ့ဆော်ရန်အတွက် အသုံးပြုသော်လည်း ဗီဇဆေးဝါးတစ်ခုအနေဖြင့် အာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်သည်။

ဖုန့်လင်း သူ၏ကျင့်ကြံမှုများကို ဆက်လက်လုပ်ဆောင်ခဲ့ပြီး ခန္ဓာကိုယ်အတွင်းရှိ အာဟာရဓာတ်များကို အလျင်အမြန်ချေဖျက်နိုင်ခဲ့သည်။

ဖြည်းဖြည်းချင်း ရှူထုတ်တယ်... ဖြည်းဖြည်းချင်း ရှူသွင်းတယ်...

ဖုန့်လင်း မျက်လုံးများကိုမှိတ်ကာ အသက်ရှူမှုကို တည်ငြိမ်စေခဲ့သည်။ သူ၏ထွက်သက်ဝင်သက်များသည် အလွန်တည်ငြိမ်ပြီး ရှည်လျားကာ လေထဲသို့ တစ်မျိုးတစ်ဖုံသော စည်းချက်မျိုးကို ထုတ်လွှတ်နေခဲ့သည်။ အပူစီးကြောင်းတစ်ခုသည် သူ၏ခန္ဓာကိုယ်အတွင်းမှ စီးဆင်းကာ အစိတ်အပိုင်းတိုင်းကို အာဟာရဖြည့်တင်းပေးနေသည်။

ဗီဇအလားအလာ +၂၀%၊ +၁၉%၊ +၁၈%... ...

ဖုန့်လင်း၏ ဗီဇအလားအလာသည် အလျင်အမြန်တိုးလာကာ ၁၀၀၀% အမှတ်ကို ကျော်လွန်ပြီး ၁၀၂၁% အထိ ရောက်ရှိသွားသည်။

သူ၏ ၃.၇ ရှိသော အသက်စွမ်းအင်မှာ တဖြည်းဖြည်း တိုးလာပြီး ၃.၈၊ ၃.၈၅၊ ၃.၉၊ ၃.၉၅... ...

ဖောက်!

ဖုန့်လင်း၏ ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ခါသွားပြီး နောက်အဆင့်တစ်ခုသို့သွားသည့် တံခါးကို ကျော်လွန်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်၏ အတွင်းအပြင်အားလုံးကို ခံစားနိုင်သကဲ့သို့ ဖြစ်နေသည်!

၄.၁ အသက်စွမ်းအင်!

သူ၏ အသက်စွမ်းအင်သည် ၄ဆင့်မြောက် အသက်စွမ်းအင်အတားအဆီးကို ၀.၁ ဖြင့် ကျော်သွားခဲ့သည်။

အသက်စွမ်းအင်အမှတ်တစ်ခုစီသည် အတားအဆီးတစ်ခုစီဖြစ်သည်။

ဖုန့်လင်း သူ့ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာသော ခွန်အားကို ရှင်းရှင်းလင်းလင်း ခံစားခဲ့ရသည်။ အိပ်ပျော်နေသော မီးတောင်တစ်ခုက ဘယ်အချိန်မဆို ပေါက်ကွဲနိုင်သကဲ့သ်ို့ပင်။

သို့သော် ဤသည်မှာ အရေးအကြီးဆုံးအပိုင်း မဟုတ်သေးပေ။

သူ့ကိုယ်သူ အလျင်မြန်ဆုံး အားကောင်းလာစေဖို့အတွက် သူ့ရဲ့အသက်စွမ်းအင်အများစုကို ဗီဇများအဆင့်မြှင့်တင်ရန် အသုံးပြုခဲ့ပါတယ်။ သို့သော်လည်း နောက်ဆုံးတော့ သူ့ရဲ့ ကုန်ခန်းသွားတဲ့ အသက်စွမ်းအင်ကို အခု ပြန်လည်ဖြည့်တင်းနိုင်ခဲ့ပါပြီ။

ကြီးမားသော အကြွေးတစ်ခုကို ပြန်ဆပ်ပြီးသည့် ခံစားမှုနှင့် တူပြီး ရုတ်တရက် သူ၏ပုခုံးပေါ်မှ ဧရာမတောင်တစ်ခု ပြုတ်ကျသွားသကဲ့သို့ ဖြစ်သည်။

ဖုန့်လင်းသည် အသက်ပြင်းပြင်းရှူလိုက်သည်။ ယခုအခါ သူ့တွင် စိုးရိမ်စရာမရှိတော့ပေ။ နောက်ဆုံးတော့ သူ့အနေနဲ့ သူ့ရဲ့ဗီဇအားဖြည့်မှုကို ဆက်လက်လုပ်ဆောင်နိုင်ပါပြီ။

သူ့တွင် အသုံးမပြုရသေးသော ဗီဇအမှတ်များ အများအပြားရှိနေခဲ့ပြီး မည်သည့်အချိန်မဆို သူ၏ဗီဇများကို တိုးမြှင့်နိုင်သော်လည်း အသက်စွမ်းအင်နည်းပါးမှုကြောင့် သူ ထိန်းချုပ်ထားခဲ့သည်။ ဤမျှကာလကြာ သည်းခံပြီးနောက် နောက်ဆုံးတွင် သူ အပြည့်အဝ ပြန်လည်ကောင်းမွန်လာခဲ့သည်။ သူ ဘယ်လောက်ကြာကြာ ထပ်စောင့်လိုစိတ်ရှိလိမ့်မလဲ?။

အပိုစကားများ မပြောတော့ဘဲ သူချက်ချင်းစတင်ခဲ့သည်။

အတွေးတစ်ခုတည်းဖြင့် ဖုန့်လင်း၏ ဗီဇအလားအလာသည် ရုတ်တရက် ၁၀၀%သို့ ကျဆင်းသွားခဲ့သည်။

ဒန်တျန် ဗီဇမြေပုံရှိ ဗီဇအမှတ်ကိုကိုယ်စားပြုသော နီဗျူလာတစ်ခုသည် ချက်ချင်းပေါက်ကွဲသွားပြီး စွမ်းအင်တန်းတစ်ခုအဖြစ်ပြောင်းလဲကာ ကျောက်ဖြစ်ဗီဇ ထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီး အားဖြည့်မှုအဆင့်သည် တိတ်ဆိတ်စွာပင် ၈ မှ ၉ သို့ တိုးသွားခဲ့သည်။

ဖုန့်လင်းအတွက် အံ့အားသင့်စရာအကောင်းဆုံးမှာ သူ၏အသက်စွမ်းအင်သည် ၄.၁ မှ ၄.၉ အထိ မြင့်တက်လာခြင်းဖြစ်သည်။ ယခင်က ၀.၁ အဆင့်ဖြင့်သာ တိုးတက်ခဲ့ရာမှ ယခုအခါ ၀.၈ အထိ တိုးတက်လာခြင်းဖြစ်ကာ ယခင်ထက် ၈ ဆမျှ ပိုမိုများပြားလာခြင်းဖြစ်သည်။

သူစားသုံးခဲ့သော အာဟာရများသည် အချည်းနှီးမဟုတ်ကြောင်း ထင်ရှားနေပြီး ပြန်လည်ရရှိသော အကျိုးကျေးဇူးမှာ အလွန်ကြီးမားလှသည်။

ဖုန့်လင်း စိတ်ထဲတွင် ဝမ်းမြောက်ဝမ်းသာဖြစ်နေခဲ့သည်။ သူ ရွေးချယ်ထားသော လမ်းကြောင်းသည် အစဉ်

အမြဲတည်ငြိမ်ပြီး လုံခြုံမှုရှိသော လမ်းကြောင်းဖြစ်ကာ သူ၏အနာဂတ်မှာလည်း ပိုမိုတောက်ပလာမည်ဖြစ်သည်။

အလွန်ခက်ခဲစွာနှင့် သူ၏အသက်စွမ်းအင်ကို ပြန်လည်ဖြည့်တင်းပြီးနောက်တွင် အနည်းငယ်မျှသာ အားဖြည့်နိုင်ခြင်းမှာ မလုံလောက်သေးပေ။

ထိုအရသာကို ခံစားဖူးသူတစ်ယောက်အနေနဲ့ ဖုန့်လင်းမှာ ဗီဇအားဖြည့်မှုသည် အလွန်စွဲလမ်းဖွယ်ကောင်းကြောင်း ကောင်းစွာသိရှိထားသည်။

ချက်ချင်း အလွန်အမင်း တိုးတက်လာသည့် ခံစားမှုမှာ အလွန်စွဲမက်ဖွယ်ကောင်းလွန်းလှသည်။

ဖုန့်လင်းသည် မတွန့်ဆုတ်ဘဲ အမှတ်များထပ်မံဖြည့်ခဲ့သည်။

ကျောက်ဖြစ်ဗီဇ သည် မည်သည့်အတားအဆီးမျှမရှိဘဲ လျှပ်တစ်ပြက်အတွင်း ၁၀ အမှတ်အထိ တိုးမြှင့်ခံရကာ သီအိုရီအရ ဗီဇကန့်သတ်ချက်ကို ချိုးဖောက်နိုင်ခဲ့သည်။

အရာရာသည် ရေစီးသကဲ့သို့ ချောမွေ့စွာ ဖြစ်ပျက်နေသည်ဟု ထင်ရသည်။

မျောက်ဗီဇ သည် အမြင့်ဆုံးအမှတ်သို့ ရောက်ရှိပြီဖြစ်သည်။

ကျောက်ဖြစ်ဗီဇ သည်လည်း အမြင့်ဆုံးအမှတ်သို့ ရောက်ရှိပြီဖြစ်သည်။

ကျန်ရှိသည်မှာ ၎င်းတို့ကို ကျောက်တုံးမျောက်ဗီဇ အဖြစ်သို့ ဆင့်ကဲပြောင်းလဲရန်သာ ဖြစ်သည်။

All Chapters