← Chapters

ကျောက်တုံးမျောက်၏အသွင်ပြောင်းခြင်း

Vol. 5 Ch. 71

ကျောက်တုံးမျောက်၏အသွင်ပြောင်းခြင်း

Vol. 5 Ch. 71

ဘန်း! ဘန်း! ဘန်း!

ဖုန့်လင်း မတ်တပ်ရပ်လိုက်စဉ် သူ၏ခန္ဓာကိုယ်အတွင်းတွင် အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့သည်။ သူ့ခန္ဓာကိုယ်အတွင်းပိုင်းမှ

ဗျောက်အိုးပေါက်သံများကဲ့သို့ အသံများ မြည်လာကာ အရိုးများပိုသန်မာလာပြီး အရေပြားမှာလည်း နှိုင်းယှဉ်၍မရအောင် ချောမွေ့လာသည်။ သူ့ပုံစံမှာ ကျောက်စိမ်းဖြင့် ထွင်းထုထားသကဲ့သို့ နူးညံ့ပြီး ဖြူစင်သော အလင်းတန်းများ ထွက်လျက်ရှိသည်။ အမျိုးသမီးများပင် သူ့အသားအရေကို မနာလိုအားကျဖြစ်နေပေလိမ့်မည်။

သို့သော် အနီးကပ်ကြည့်ပါက သူ၏အရေပြားသည် မာကျောနေပြီး စကျင်ကျောက်ကဲ့သို့ အလွှာလိုက်မျဥ်းကြောင်းများ ပါရှိသည်ကို တွေ့ရမည်ဖြစ်သည်။

ဖုန့်လင်း၏ အရိုးဖွဲ့စည်းပုံတွင် အကြီးမားဆုံးသော အပြောင်းအလဲဖြစ်ပေါ်ခဲ့သည်။ သူ၏အရပ်သည် ၁.၉၈ မီတာအထိ မြင့်တက်လာကာ ဒူးအထက်၌ လက်နှစ်ဖက်ရှိသော ဧရာမမျောက်ဝံကြီးတစ်ကောင်ကဲ့သို့ပင်။ သူ၏ပိန်လှီသော ခန္ဓာကိုယ်ပေါ်တွင် ပေါက်ကွဲမှုအားနှင့် ကျွမ်းကျင်မှုတို့ဖြင့် ပြည့်နှက်နေသော ကြွက်သားများဖြင့် ဖုံးအုပ်ထားပြီး ပြီးပြည့်စုံသော ခန္ဓာကိုယ်ပုံစံနှင့် နီးစပ်နေသည်။

ဒုံး! ဒုံး! ဒုံး!

အတွင်းမှ အားတစ်ခုသည် ဒီရေလှိုင်းကဲ့သို့ တက်လာပြီး ထွက်ပေါက်မရှိဖြစ်နေခဲ့သည်။ ဖုန့်လင်းမှာ ဤတွန်းအားကို မထိန်းနိုင်တော့ဘဲ သူ၏သိုင်းပညာဖြင့် ခန္ဓာကိုယ်အတွင်းမှ ပိတ်မိနေသော စွမ်းအင်များကို ထုတ်လွှတ်ရန် စတင်လုပ်ဆောင်လိုက်သည်။

သိုင်းပညာသည် အစီအစဥ်မကျဟန်ရှိသော်လည်း ထွက်ပေါ်လာသော အားလှိုင်းများမှာ အချင်းချင်း ရိုက်ခတ်နေကာ ဘေးပတ်လည်မှ သတ္တုနံရံများကို ပဲ့တင်ထပ်ကာ တဒိန်းဒိန်းမြည်စေခဲ့သည်။

အနည်းငယ်လွှတ်ထုတ်ပြီးနောက်

ဖုန့်လင်း သူ၏အခြေအနေကို စစ်ဆေးလိုက်သည်။

===========

အမည် - ဖုန့်လင်း

အသက်စွမ်းအင် - ၅.၇

မျောက်ဗီဇ - ၁၀

ကျောက်ဖြစ်(ကျောက်မှမွေးဖွားခြင်း) ဗီဇ - ၁၀

ဗီဇအလားအလာ - ၈၂၁%

===========

အသက်စွမ်းအင် ၅.၇!

ဗီဇအမှတ်များ တိုးလာသည်နှင့်အမျှ သူ၏အသက်စွမ်းအင်သည် ထပ်မံ၍ ၀.၈ တိုးလာကာ ခန္ဓာကိုယ်အား မကုန်ခမ်းနိုင်လောက်သည့် အင်အားနှင့်စွမ်းအားများဖြင့် ပြည့်ဝစေခဲ့သည်။

ဖုန့်လင်းအနေနှင့် သူ၏လက်ရှိအခြေအနေမှာ အရင်ကမခံစားဖူးသော အကောင်းဆုံးအဆင့်တွင် ရှိနေသည်ဟု ခံစားနေရသည်။ မျောက်ဗီဇ နှင့် ကျောက်ဖြစ်ဗီဇ နှစ်ခုစလုံး အမြင့်ဆုံးအဆင့်သို့ ရောက်ရှိပြီး ဗီဇဆင့်ကဲပြောင်းလဲမှုအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပြီးဖြစ်သည်။

သူ မျှော်လင့်နေခဲ့သော်လည်း ဖုန့်လင်း အလျင်စလိုမလုပ်ဘဲ ရေချိုးပြီး အနားယူကာ အေးအေးဆေးဆေး အိပ်ပျော်သွားခဲ့သည်။ သူ၏အသက်ရှူသံမှာ နှေးပြီးတည်ငြိမ်က သူ့စိတ်

အခြေအနေမှာလည်း သက်တောင့်သက်သာဖြစ်နေခဲ့သည်။

အိပ်မက်ပင် မမက်ဘဲ နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့သဖြင့် နိုးလာသည့်အခါတွင် သူ အပြည့်အဝ လန်းဆန်းနေပြီဖြစ်သည်။ ယမန်နေ့က စိတ်ပိုင်းဆိုင်ရာ ပင်ပန်းမှုများ အားလုံး ပျောက်ကွယ်သွားခဲ့သည်။

ခန္ဓာနှင့်စိတ် နှစ်ခုစလုံး အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိသောအခါ

ဖုန့်လင်း တရားဝင် ချိုးဖျက်ရန် စတင်ခဲ့သည်။

ဗီဇဆင့်ကဲပြောင်းလဲမှုသည် အဆင့်တွင် အရေးကြီးသော ခုန်ကျော်မှုတစ်ခုဖြစ်သည်။ ထို့ကြောင့် မည်သည့်အမှားမျှ မဖြစ်ရန် လိုအပ်ပြီး သို့မဟုတ်ပါက တစ်သက်လုံး နောင်တရသွားလိမ့်မည်ဖြစ်သည်။

ဖုန့်လင်း သူ၏အထောက်အထား မိုက်ခရိုချစ်ပ်ကိုပင် ပိတ်ထားပြီး အခန်းတံခါးကို သော့ခတ်ကာ အပြင်ဘက်ကမ္ဘာနှင့် အပြည့်အဝ သီးသန့်ခွဲထားခဲ့သည်။

သူ ချိုးဖျက်မှုတစ်ခုတည်းကိုသာ အာရုံစိုက်ထားပြီး အခြားမည်သည့်မတော်တဆမှုမျှ မဖြစ်စေရန် ကာကွယ်လိုခဲ့သည်။

ဤနေရာသို့ ရောက်မှတော့ ဤအခွင့်အလမ်းကို လက်လွတ်မခံလိုတော့ပေ။

အရာအားလုံး အဆင်သင့်ဖြစ်သောအခါ ဖုန့်လင်း သူ၏ချိုးဖျက်မှုကို စတင်ခဲ့သည်။

...

မျောက်ဗီဇ x10 + ကျောက်ဖြစ်ဗီဇ x10 = ကျောက်တုံးမျောက်ဗီဇ

...

သူအနေနဲ့ သူ၏အတွင်းကမ္ဘာထဲသို့ ဖြည်းဖြည်းချင်း နှစ်မြုပ်သွားခဲ့သည်။ ဗီဇမြေပုံသည် သူ၏ရှေ့တွင် ရှင်းလင်းစွာ ပေါ်နေခဲ့သည်။

ကြီးမားသော ရွှေရောင်ကြယ်နှစ်ပွင့်သည် ရှေးဟောင်းကြယ်တာရာများကဲ့သို့ ထွန်းလင်းတောက်ပလျက် အာကာသထဲတွင် ထာဝရ တည်နေသကဲ့သို့ ဖြစ်နေသည်။

ဖုန့်လင်း စိတ်ဖြင့် ထိန်းချုပ်ကာ ဗီဇစွမ်းအင်နှစ်မျိုးကို ပေါင်းစည်းလိုက်သည်။

သူ မြင်ရသည့် အရာအားလုံးမှာ မှိတ်တုတ်မှိတ်တုတ်လင်းနေသည့် ကြယ်အလင်းနှစ်ခုသာ။ ၎င်းတို့သည် စမ်းချောင်းမှ ရေစီးသကဲ့သို့ ကြယ်တာရာမှ ထွက်လာကာ တဖြည်းဖြည်း တစ်နေရာတည်းတွင် စုစည်းလာကြသည်။

လုံးဝကွဲပြားသော အားများသည် ပြီးပြည့်စုံစွာ ရောစပ်ထားသော အရောအနှောတစ်ခုကဲ့သို့ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားသည်။

မြစ်နှင့်ချောင်းများ ပေါင်းဆုံသကဲ့သို့၊ ကြယ်မြစ်နှစ်စင်းသည် ပိုမိုကျယ်ပြန့်သော မြစ်တစ်စင်းဖြစ်လာကာ ၎င်း၏ကျယ်ပြန့်မှုသည် ကြယ်တာရာသမုဒ္ဒရာ၏ အနက်ရှိုင်းဆုံးနေရာထိ ရှည်လျားနေသည်။

ကြယ်မြစ်သည် ရပ်တန့်မနေဘဲ ဆက်လက်စီးဆင်းနေပြီး ကြယ်တာရာသမုဒ္ဒရာအတွင်းရှိ လျှို့ဝှက်ဆန်းကြယ်သော နေရာတစ်ခုဆီသို့ ဦးတည်နေပြီး မည်သည့်အရာမျှ ၎င်း၏လမ်းကြောင်းကို မပိတ်ဆို့နိုင်ပေ။

ကြယ်တာရာသမုဒ္ဒရာရှိ ကြယ်တစ်ပွင့်စီသည် ညကောင်းကင်ရှိ ကြယ်များကဲ့သို့ဖြစ်ပြီး ဖြတ်သန်းစီးဆင်းသော ကြယ်မြစ်ကြောင့် ပြန်လည်တောက်ပလာသည်။ ၎င်းတို့သည် မှုန်ဝါးနေပြီး ရှေ့ပတ်ဝန်းကျင်ရှိ ကြယ်များကို ပိုမိုထွန်းလင်းစေသည်။

ကြယ်မြစ်သည် မရပ်မနား စီးဆင်းနေပြီး နောက်ဆုံးခရီးပန်းတိုင်နေရာဖြစ်သော အဝေးတွင် ပုန်းကွယ်နေသည့် မှိန်ဖျော့ဖျော့ကြယ်တစ်ပွင့်ဆီသို့ ရောက်ရှိလာခဲ့သည်။

ဤမြင်ကွင်းသည် ငှက်ပေါင်းရာချီသည် တောအုပ်ဆီသို့ ပြန်လာသကဲ့သို့ဖြစ်ပြီး မှိန်ဖျော့သောကြယ်ထဲသို့ စီးဝင်ခဲ့ပြီး ပစိဖိတ်သမုဒ္ဒရာထဲသို့ စီးဝင်သော သမုဒ္ဒရာရေစီးကြောင်းနှင့်တူကာ မှိန်ဖျော့သောကြယ်အား ကြီးမားသောစွမ်းအင်ကို ပေးစွမ်းခဲ့သည်။

ဒုံး ဒုံး ဒုံး!

ဤအသံသည် အားကောင်းသော နှလုံးခုန်သံနှင့်တူပေသည်။

မှိန်ဖျော့နေသောငွေရောင်ကြယ်သည် ပုန်းကွယ်နေသောအခြေအနေမှ တောက်ပစွာ လင်းလက်လာပြီး တဖြည်းဖြည်းချင်း ၎င်း၏အစစ်အမှန်တောက်ပမှုကို ပြသလာခဲ့သည်။ ၎င်းသည် နေကဲ့သို့သော ထာဝရအလင်းရင်းမြစ်တစ်ခုဖြစ်လာကာ ကြယ်တာရာကောင်းကင်တစ်ခုလုံးကို အလင်းပေးနေခဲ့သည်။

ထူးခြားသည့် သတင်းစကားတစ်ခု ပေါ်လာသည်။

ကျောက်တုံးမျောက်ဗီဇ - ကျောက်တုံးမျောက်တွင် မိဘမရှိဘဲ ကောင်းကင်နှင့်မြေကြီးမှ ကြီးပြင်းလာခြင်းဖြစ်သည်။ ၎င်းတွင် ကျောက်သားခန္ဓာကိုယ်နှင့် သံမဏိကဲ့သို့ မာကျောသော အရိုးများရှိပြီး တစ်မူထူးခြားသော ခွန်အားကိုလည်း ပိုင်ဆိုင်ထားသည်...

သူ အချက်အလက်အားလုံးကို ကြည့်ရှုရန် အချိန်မလုံလောက်ခဲ့ပေ။

ရုတ်တရက်၊ ဗီဇကြယ်တာရာသည် မြင့်တက်လာပြီး အရာအားလုံးကို ဝါးမျိုရန် စတင်ခဲ့သည်။ ၎င်း၏အလယ်ဗဟိုသည် ဧရာမ black hole တစ်ခုကဲ့သို့ဖြစ်လာကာ ဖုန့်လင်း၏ဝိညာဉ်ကို စုပ်ယူလိုက်သည်။

တုံ့ပြန်ရန် အချိန်မမီဘဲ၊ သူ၏စိတ်သည် black hole ထဲသို့ ကျဆင်းသွားသည်။ သူသည် အအကန့်အသတ်မရှိသော လိုဏ်ခေါင်း တစ်ခုထဲသို့ လျင်မြန်စွာ ကျဆင်းနေသည်ဟု ခံစားလိုက်ရသည်။ ဘယ်အချိန်မှာ သူ အဆုံးကို ရောက်လိမ့်မလဲ။

တဖြည်းဖြည်းနှင့် သူ၏အသိစိတ်ကိုဆုံးရှုံးသွားခဲ့ပြီး သူ ဘယ်သူလဲ၊ ဘယ်နေရာမှာလဲ ၊ ဘယ်ရောကလာခဲ့သလဲ စသည်တို့ကို မေ့လျော့သွားခဲ့သည်...

အရာအားလုံးကို မေ့သွားခဲ့သည်!

"ဒီနေရာက ဘယ်နေရာလဲ?" အချိန်မည်မျှကြာအောင် ကုန်ဆုံးသွားသည်ကို သူ မသိခဲ့ပေ။ အဆုံးမရှိသော ငြိမ်သက်တိတ်ဆိတ်မှု၏ အမှောင်ထုထဲတွင်၊ မိုးကြိုးနတ်ဘုရား ကမ္ဘာပေါ်သို့ရောက်ရှိပြီး ကမ္ဘာလောကကို ဖရိုဖရဲသွားဖြစ်စေသကဲ့သို့ အေးစက်သောအသံတစ်ခု ရုတ်တရက် မြည်ဟီးလာသည်။

ဖုန့်လင်း ရုတ်တရက် နိုးထလာပြီးတွင် သူသည် အနည်းငယ်မှောင်သော နေရာကျဉ်းကျဉ်းလေးတစ်ခုတွင် ကွေးနေရကြောင်း သတိပြုမိလိုက်သည်။ သူသည် ကလော့စ်စထရိုဖိုဘီးယား(claustrophobia-ပိတ်လှောင်မှုကိုကြောက်သည့် စိတ်ရောဂါ)ကို ခံစားနေရသူကဲ့သို့ အလွန်အမင်း မသက်မသာဖြစ်နေသည်။

သူ လက်ဖြင့်ရောက်နိုင်သမျှ ဘေးပတ်လည်ကို ထိကြည့်လိုက်သည်။ သူ့အား ပိတ်ဆို့ထားသော နံရံများသည် သံမဏိဖြင့် ပြုလုပ်ထားသည့် အခွံအလွှာတစ်ခုကဲ့သို့ မာကျောနေသည်။

ဖုန့်လင်း နံရံကို အဆက်မပြတ် ရိုက်နှက်ခဲ့သော်လည်း မကြာမီတွင် သူ၏အားများ အလွန်အားနည်းလာပြီး လှုပ်ရှားမရတော့ပေ။ နံရံကို အထပ်ထပ်ထုရိုက်ခဲ့သော်လည်း

အချိုင့်ငယ်လေးတစ်ခုပင် မဖြစ်ပေါ်စေနိုင်ခဲ့ဘဲ လက်လျှော့လိုက်ရသည်။

အပြင်ဘက်ကို မြင်နိုင်ခြင်းမရှိသော်လည်း သူအနေနှင့် ပတ်ဝန်းကျင်ကို ခံစားသိရှိနိုင်သည်။ ဤသည်မှာ ခန္ဓာကိုယ်မှ ခွဲထွက်ကာ အပြင်ဘက်ကို အာရုံခံနိုင်သည့် ဆန်းကြယ်သည့်ခံစားမှုတစ်ရပ်ဖြစ်သည်။

သူအနေဖြင့် သမုဒ္ဒရာအနီးရှိ တောင်စွန်းထိပ်တစ်ခုပေါ်တွင် တည်ရှိနေသည်ဟု ထင်လိုက်ရသည်။ လှိုင်းများ တစ်လှိုင်းပြီးတစ်လှိုင်း ကမ်းစပ်ကို အဆက်မပြတ် ရိုက်ခတ်နေခဲ့သည်။

လေထုထဲတွင် ဆန်းကြယ်သော စွမ်းအင်များဖြင့် ပြည့်နှက်နေပြီး သူ အသက်ရှူသွင်းသည့်အခါတိုင်း ထိုစွမ်းအင်များသည် အခွံကိုဖြတ်၍ သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာခဲ့သည်။

ချက်ချင်းပင် ဖုန့်လင်း အလွန်နွေးထွေးသော ခံစားမှုကို ရလိုက်ပြီး သူ၏မိခင်ရင်ခွင်တွင် ကြီးပြင်းနေရသကဲ့သို့ ခံစားနေခဲ့ရ၏။

နှစ်ပေါင်း တစ်ထောင်ကျော် အချိန်ကုန်လွန်လာသည့်အခါ၊ ကမ္ဘာလောကတွင် အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့ပေသည်။

ဖုန့်လင်း ကမ္ဘာ့ကြီးဆီမှ စွမ်းအင်များကို စုပ်ယူခဲ့ပြီး သူ၏ခန္ဓာကိုယ်သည် အဆက်မပြတ် ကြီးထွားလာခဲ့သည်။

သူဝိညာဉ်၏အနက်ရှိုင်းဆုံးအပိုင်းမှ ရှင်းပြရန်ခက်ခဲသော ရှေးဟောင်းမှဉာဏ်တစ်ခု နိုးထလာခဲ့သည်။

တောင်ထိပ်ပေါ်တွင် မှော်ကျောက်တုံးတစ်တုံး ရှိခဲ့ဖူးသည်။ အမြင့်ပေ ၃၆ ပေ ၅ လက်မ၊ အဝန်းအတိုင်းအတာ ၂၄ ပေရှိပြီး ကောင်းကင်ဘုံ၏ ၃၆၅ ဒီဂရီနှင့် လိုက်ဖက်စေရန် ၃၆ ပေ ၅ လက်မမြင့်ကာ နေပြက္ခဒိန်၏ ၂၄ ပိုင်းနှင့် ကိုက်ညီစေရန် ၂၄ ပေအဝန်းရှိသည်။ ထိုအပေါ်တွင် နန်းတော် ၉ ခု နှင့်

ထောင့် ၈ ခု အတွက် အပေါက်ငယ်ကိုးခုနှင့် တွင်းပေါက် ရှစ်ခုပါရှိသည်။ လေနှင့်မိုးဒဏ်မှ ကာကွယ်ရန် သစ်ပင်များမရှိသော်လည်း မှော်မှိုနှင့် သစ်ခွများက ယင်းကို ဖုံးအုပ်ထားသည်။ ဖန်ဆင်းခြင်းစတင်သည့်အချိန်မှစ၍ ယင်းသည် ကောင်းကင်၏အမှန်တရား၊ မြေကြီး၏အလှတရား၊ နေမင်း၏အနှစ်သာရနှင့် လမင်း၏ခန့်ညားထည်ဝါမှုတို့ကို ရရှိခဲ့ပြီး ၎င်းတို့၏သက်ရောက်မှုကြောင့် အံ့ဖွယ်ဝိညာဥ်စွမ်းအင်များ ရရှိခဲ့သည်။ ထိုအရာသည် မှော်ဆန်သော သန္ဓေသားတစ်ခုအဖြစ် ဖွံ့ဖြိုးလာပြီး တစ်နေ့တွင် ပေါက်ကွဲထွက်လာကာ ဘောလုံးအရွယ် ကျောက်တုံးဥတစ်လုံးကို ဖန်တီးခဲ့သည်။ ထိုကျောက်တုံးဥပေါ်သို့ လေတိုက်ခတ်သွားသည့်အခါ ဥသည် အာရုံငါးပါးနှင့် ခြေလက်အင်္ဂါလေးခုဖြင့် ပြည့်စုံသော ကျောက်တုံးမျောက်တစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်...

သူ တွေဝေမေ့လျော့နေစဉ်အတွင်း အချိန်မည်မျှကြာအောင် ကုန်ဆုံးသွားသည်ကို မသိခဲ့ဘဲ၊ သူအနေဖြင့် ကမ္ဘာဦးအစ၏ဖရိုဖရဲဖြစ်မှုအတွင်း အပြစ်ကင်းစွာ ချိတ်ဆွဲခံထားရသကဲ့သို့ ခံစားလိုက်ရသည်။

ဖုန့်လင်း၏ ခန္ဓာကိုယ်သည် အမှတ်တမဲ့ ကြီးမားလာခဲ့သော်လည်း၊ သူသည် ကျဉ်းမြောင်းသောနေရာလေးထဲတွင် ကွေးညွှတ်နေရဆဲဖြစ်သည်။ သံချပ်ကာကဲ့သို့ ခိုင်မာသော ထိုနေရာငယ်လေးမှာ သူ့ကို လှုပ်ရှားမရအောင် ပိတ်ဆို့ထားသည့် လှောင်အိမ်ကဲ့သိုပင်။

သူ၏နှလုံးသားအတွင်းမှ ရက်စက်လိုသည့်စီးကြောင်းတစ်ခု ပေါ်ထွက်လာပြီး သူ့ရှေ့တွင် ပေါ်လာသမျှ အရာအားလုံးကို ဖျက်ဆီးပစ်လိုနေခဲ့၏။

မည်မျှကြာမှန်း မသိနိုင်သော အချိန်တစ်ခုကုန်လွန်ပြီးနောက်၊ ဖုန့်လင်း၏ မျက်နှာပေါ်တွင် အတိတ်နိမိတ်

မကောင်းသော အမူအရာတစ်ခု ပေါ်လာသည်။ သူ ဤအခြေအနေကို နောက်ထပ် သည်းမခံနိုင်တော့ပေ။

"ငါ့အတွက် ပွင့်လိုက်စမ်း!!!"

သူ၏ လက်ကို လက်သီးများအဖြစ် ဆုတ်လိုက်ပြီး အားအပြည့်ဖြင့် ရှေ့ရှိ အခွံကို အပြင်းအထန် ထုရိုက်လိုက်သည်။

ခရက်...

သူ ကြားလိုက်ရသော အခွံကွဲသံသည် သူ့ဘဝ၏ ကြားဖူးသမျှတွင် အလှပဆုံး အချိုသာဆုံးအသံဖြစ်သည်။ သူ့ရှေ့တွင် ကြီးမားသော အက်ကြောင်းတစ်ခု ပေါ်ထွက်လာပြီး အလင်းနှင့် လတ်ဆတ်သောလေကို အတွင်းသို့ ဝင်ရောက်လာစေခဲ့သည်။

သူ အသက်ကို နက်ရှိုင်းစွာ ရှူသွင်းလိုက်သည်။ ဤသည်မှာ လွတ်လပ်မှု၏ အနံ့ပါတကား!

ဖုန့်လင်း ပျော်ရွှင်နေသည်မှာ သူရူးတစ်ယောက်ကဲ့သို့ပင်။ ပန်းဂူ (Pangu) ကောင်းကင်နှင့် မြေကြီးကို ခွဲခြားလိုက်သကဲ့သို့ သူသည် အမှောင်ထုမှ လွတ်မြောက်ပြီး နေ့သစ်တစ်နေ့သို့ ဝင်ရောက်ချင်နေခဲ့၏။

အခွံမှ နောက်ဆုံးအပိုင်းအစ ကွဲပြီး ကျောက်မှုန့်များအဖြစ် ပြိုကွဲသွားသည်အထိ သူ ဆက်ရိုက်နှက်ခဲ့သည်။ ကျန်ရှိသည်မှာ နေရာတစ်ခုတွင် ရပ်နေသော သေးငယ်သည့် ပုံရိပ်တစ်ခုသာဖြစ်သည်။

ဖုန့်လင်း သူ့ကိုယ်သူ ကြည့်လိုက်သည်။ လေတိုက်သည်နှင့်အမျှ ရွှေရောင်အမွှေးများ တဖျပ်ဖျပ်လှုပ်ခါနေသည့် မျောက်တစ်ကောင်နှင့် တူနေခဲ့သည်။

"ငါ... ငါဖြစ်သွားတာက...?"

"မျောက်တစ်ကောင်!!!"

"ကျောက်တုံးကနေ မွေးဖွားလာတဲ့ ကျောက်တုံးမျောက်တစ်ကောင်!!!"

All Chapters