← Chapters

စွမ်းအင်မှ ချီအဖြစ်သို့ ပြောင်းလဲခြင်း

Vol. 5 Ch. 72

စွမ်းအင်မှ ချီအဖြစ်သို့ ပြောင်းလဲခြင်း

Vol. 5 Ch. 72

သမုဒ္ဒရာကို ၎င်း၏အစွမ်းဖြင့် ငြိမ်သက်စေသည်။ကျောက်စိမ်းပင်လယ်ကို ကြောက်ရွံ့ခြင်းဖြင့် တည်ငြိမ်စေခဲ့သည်။

သမုဒ္ဒရာကို ၎င်း၏အစွမ်းဖြင့် ငြိမ်သက်စေသည် - လှိုင်းများသည် ၎င်းတို့၏ငွေရောင်ဆင်ခြေလျှောများကို ဆေးကြောပြီး ငါးများသည် ၎င်းတို့၏ဂူများထဲသို့ ကူးခတ်သွားကြသည်။

ကျောက်စိမ်းပင်လယ်ကို ကြောက်ရွံ့ခြင်းဖြင့် တည်ငြိမ်စေသည် - နှင်းဖြူရောင် လှိုင်းများကြားတွင် ပင်လယ်မြွေနဂါးသည် အနက်ရှိုင်းအရပ်မှ ပေါ်ထွက်လာခဲ့၏။

၎င်းသည် မီးနှင့်သစ်သား တွေ့ဆုံရာ ကမ္ဘာ၏ထောင့်တွင် မြင့်မားစွာရှိနေပြီး ၎င်း၏ထိပ်မှာ အရှေ့ပင်လယ်ကို အုပ်မိုး၍ ဖြတ်သန်းနေသည်။

အနီရောင်ကျောက်ကမ်းပါးများနှင့် ထူးဆန်းသောကျောက်တုံးများ၊

ထိုးထွက်နေသော ကျောက်ဆောင်များနှင့် ချွန်ထက်သော ကျောက်ဆောင်ထိပ်များ

အနီရောင်ကျောက်ကမ်းပါးများပေါ်တွင် ဖီးနစ်ငှက်များ စုံတွဲသီဆိုနေကြသည်။ ထိုးထွက်နေသော ကျောက်ဆောင်များရှေ့တွင် ယူနီကွန်းများ တစ်ကောင်ချင်း လဲလျောင်းနေကြသည်။

တောင်ထွတ်များပေါ်တွင် ရစ်ငှက်များ၏ ငိုသံများကို ကြားရပြီး

ဂူများအတွင်း၌ နဂါးများ ဝင်ထွက်သွားလာနေကြသည်။

(အနောက်အရပ်သို့ခရီးမှ ကောက်နုတ်ချက်)

note-သူကဝတ္ထုထဲက စာသားဆိုတော့ မရှင်းတာလေးတွေ သည်းခံပေးပါဗျ

...

လှိုင်းများသည် ပင်လယ်ထဲရှိ တစ်ခုတည်းသော ကျွန်း၏ကမ်းစပ်ကို ရိုက်ခတ်နေခဲ့သည်။ ဤနေရာရှိ

အင်မော်တယ်မြက်ပင်များသည် စိမ်းလန်းစိုပြေနေပြီး အချိန်ကာလ

မသက်ရောက်နိုင်သော မြေပြင်တစ်ခု၏ ရှုခင်းကို ဖော်ဆောင်နေကာ ကမ္ဘာပေါ်ရှိ အင်မော်တယ်လောကတစ်ခုနှင့် တူနေသည်။

တစ်ခုသောတောင်ထွတ်ပေါ်တွင် ရပ်နေသော ဖုန့်လင်းသည် သူ့ရှေ့တွင် ရှိနေသည့် အလှပဆုံးမြင်ကွင်းကို မျက်စိထဲသို့ မရောက်ခဲ့ချေ။

သူ ရယ်ရမလား ငိုရမလားပင် မသိတော့ပေ။ ခေါင်းငုံ့ပြီး သူ့ခြေထောက်အောက်ရှိ ကျောက်အခွံကို ကြည့်ရှုစဉ် သူ့လက်ပေါ်ရှိ ရွှေရောင် မျောက်အမွှေးများကို ထပ်ကာထပ်ကာ ပွတ်သပ်နေမိသည်။

သူ၏ ပုံသဏ္ဍာန်အပြည့်အစုံကို မမြင်နိုင်သော်လည်း ဖုန့်လင်း ထင်မြင်ချက်တစ်ခုကို ရနိုင်ခဲ့သည်။ တရုတ် မိုးကြိုးနတ်ဘုရား၏ ပါးစပ်ကဲ့သို့သော ပါးစပ်၊ မြင့်မားသော ပါးရိုးနှင့် ကွေးညွှတ်နေသော ခြေလက်များ... (တရုတ်မိုးကြိုးနတ်ဘုရားက ငှက်ပုံစံပါ မျက်နှာကတော့ မျောက်နဲ့တူပါတယ်။)

မမှားနိုင်ပါဘူး ငါ အခု မျောက်တစ်ကောင်ဖြစ်သွားပြီပေါ့!

ဖွီ...

ငါက မျောက်မဟုတ်ဘူး၊ မျောက်တစ်ကောင် ပုံစံပဲဖြစ်နေတာ!

"မှားတယ်!"

ငါက မျောက်မဟုတ်ဘူး မျောက်နဲ့တူတဲ့ ပုံသဏ္ဍာန် ဖြစ်နေရုံသာ!

.....

အရာအားလုံး အလွန်ရှုပ်ထွေးနေခဲ့သည်။

ဖုန့်လင်း ခေါင်းကို လှုပ်လိုက်သည်။ သူသည် မျောက်တစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး သူ၏စိတ်သည် တိုတောင်းသွားသည်ဟု ခံစားနေရသည်။

သူ၏စိတ်ခံစားမှုများကို ငြိမ်သက်စေရန် နက်ရှိုင်းစွာ အသက်ရှူလိုက်သည်။ မြေပြင်ပေါ်ရှိ ကျောက်အခွံကို ကြည့်ရင်း၊ နောက်ဆုံးတွင် သူ အမှန်တရားကို လက်ခံလိုက်သည်။ သူ မသိလိုက်ဘဲနှင့် မျောက်တစ်ကောင်ဖြစ်သွားပြီး ကျောက်တုံးမှ မွေးဖွားလာသော မျောက်တစ်ကောင် ဖြစ်နေပါတယ်။

သူ ဆက်လက်စဉ်းစားနေစဉ်၊ သူ့အတွေးများ ရှုပ်ထွေးလာခဲ့သည်။

တစ်ခုခု မှားနေပြီ!

ဒဏ္ဍာရီတွေအရ၊ ကျောက်တုံးမျောက် မွေးဖွားစဉ်က၊ စွန်းဝူခုန်းမှာ ရွှေရောင်အလင်းတွေ ထွန်းလင်းနေပြီး အရပ်လေးမျက်နှာမှ သက်ရှိအားလုံးက ဦးညွှတ်ခဲ့ကြတာ မဟုတ်လား?

ငါ ဒဏ္ဍာရီလာ ကျောက်တုံးမျောက်ဖြစ်လာတဲ့အချိန်ကျမှ ဘာလို့ဒီလောက် အထင်ကြီးစရာပုံ မဖြစ်ရတာလဲ? ငိုချင်လောက်အောင်ကို နိမ့်ကျလိုက်တာ!

အာ၊ တစ်ခုခုတော့ မှားနေပြီ၊ ငါ ဘာလို့ ဒါကို ညည်းညူနေရတာလဲ?

ငါ စဉ်းစားသင့်တာက ငါ ဘာလို့ ရုတ်တရက် မျောက်တစ်ကောင် ဖြစ်သွားလဲဆိုတာကိုပဲ။

...

ဖုန့်လင်း၏အတွေးများမှာ အဓိကအကြောင်းအရာသို့ ပြန်ရောက်တိုင်း၊ သူ့ခေါင်းထဲတွင် အခြားအတွေးများကြားဖြတ်ပေါ်လာပြီး ဦးတည်ရာမဲ့ ပျံ့လွင့်သွားသည်။

နောက်ဆုံးမှာတော့ သူ ခေါင်းအလွန်ရှုပ်ပြီး စိတ်ရှုပ်လာခဲ့သည်။

ဂူး... ဂူး... ဂူး...

မိုးချုန်းသံကဲ့သို့သော အသံတစ်ခုက သူ့ကို အတွေးမှ နိုးထစေခဲ့သည်။ သူတစ်ခုခုကို နားလည်သွားခြင်းမဟုတ်ပေ၊ ထို့ထက်...

ဖုန့်လင်း သူ၏ဝမ်းဗိုက်ကို ဆုပ်ကိုင်ရင်း မျက်ခုံးများကို ကြုံ့လိုက်မိသည်။ သူ ဗိုက်ဆာနေပါပြီ!

မသိလိုက်ဘဲနှင့် သူ ဤတောင်ထွတ် ပေါ်တွင် တစ်ညလုံး နေခဲ့ပြီးဖြစ်သည်။ အခုကတော့ နံနက်မိုးလင်းလာပြီဖြစ်၍ သဘာဝအတိုင်း သူ ဆာလောင်လာခြင်းဖြစ်သည်...

ဖုန့်လင်း သူ၏မျက်လုံးများဖြင့် အဝေးသို့ လှမ်းကြည့်လိုက်သည်။ သူ့တွင် ပြောစရာမရှိစကားမရှိတော့ပေ။ သူ တကယ့်မျောက်တစ်ကောင်နှင့် ပိုပိုပြီး တူလာသည်ဟု ခံစားလိုက်ရသည်။

ဤဆာလောင်မှုခံစားချက်သည် အလွန်ပြင်းထန်ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို အားအင်ကုန်ခမ်းစေ၏။

အဆုံးမှာတော့ ဖုန့်လင်း၏ နှလုံးသားထဲတွင် မျှော်လင့်ချက်မဲ့နေပြီး သူ၏ဒေါသ၊ ဝမ်းနည်းမှုနှင့် မကျေနပ်မှုများကို ဘေးဖယ်ထားလိုက်ကာ အစားအစာရှာဖွေရန် စတင်လိုက်သည်။

ကံကောင်းစွာဖြင့် ဤသမုဒ္ဒရာထဲမှ တစ်ခုတည်းသောကျွန်းသည် ကမ္ဘာမြေပေါ်မှ နိဗ္ဗာန်တစ်ခုဖြစ်နေခဲ့သည်။ နေရာတိုင်းတွင် ပန်းများ၊ စိမ်းလန်းသောသစ်ပင်များနှင့် မရေမတွက်နိုင်သော အင်မော်တယ်သစ်သီးများပင် ရှိနေသည်။

တောင်ထိပ်မှ ဆင်းလာစဉ် ဖုန့်လင်းအနေနှင့် ထူထပ်သော မက်မွန်တောတစ်ခုကို ချက်ချင်းမြင်လိုက်ရသည်။ အနီရောင်တောက်နေသော မက်မွန်သီးများသည် ဖိတ်ဖိတ်တောက်နေခဲ့၏။

ဖုန့်လင်းသည် ထပ်မံထိန်းချုပ်နိုင်စွမ်းမရှိတော့ပေ။ သူ နှုတ်ခမ်းကို လျှာနှင့်သပ်ပြီး သစ်ပင်ပေါ်သို့ တွယ်တက်သွားသည်။

ဘာလို့ သူ 'တွယ်တက်' သွားမိတာလဲ?

အကြောင်းပြချက်မရှိဘဲ၊ ဖုန့်လင်း မျောက်ဖြစ်သွားပြီးနောက် သူ၏ဗီဇသဘာဝများလည်း မျောက်နှင့်ပိုတူလာသည်ဟု ခံစားလိုက်ရသည်။

သူ ကျွမ်းကျင်စွာ တက်သွားပြီး အားစိုက်ရသည်ဟု မခံစားရပေ။ တကယ့်မျောက်တစ်ကောင်ကဲ့သို့ပင် ဖြစ်နေသည်။

ဖုန့်လင်း၏အစာအိမ်သည် ဆက်မြည်နေခဲ့ပြီး သူ၏မျက်လုံးများနီရဲလာသည်။ သူ မျောက်ဖြစ်သွားခြင်း၏ ဝမ်းနည်းမှုကို အစာစားချင်စိတ်အဖြစ် ပြောင်းလဲလိုက်ကာ ဤသစ်သီးများကို လည်မျိုထဲထိ သိပ်ထည့်၍ သူ၏ဆာလောင်မှုကို ဖြေဖျောက်လိုနေခဲ့သည်။

ပထမဆုံးအသီးကို ကိုက်လိုက်သည်နှင့် မက်မွန်သီးအရည်များသည် လေထဲသို့ စင်ထွက်သွားပြီး သူ၏ရင်ဘတ်ပေါ်ရှိ အမွေးများကို စိုစွတ်စေခဲ့သည်။

နောက်တဒင်္ဂတွင် ဖုန့်လင်း၏မျက်လုံးများ ကျယ်လာသည်။ ဤသည်မှာ သူစားဖူးသမျှထဲမှ အကောင်းဆုံးမက်မွန်သီးပင်။ ချိုမြိန်လတ်ဆတ်ပြီး အရသာရှိသော အနံ့လေးပါရှိသည့်အပြင် သူ၏စိတ်နှင့် စိတ်အခြေအနေကို လန်းဆန်းစေသည်။ သူ ပို၍ပို၍စားချင်လာပြီး ရပ်တန့်ရန် မဖြစ်နိုင်တော့ပေ...

ဤတောထဲတွင် သူ့ထံမှ အစားအစာကို လုယက်မည့်သူမရှိသဖြင့် ဖုန့်လင်း သဘာဝအတိုင်း ယဉ်ကျေးမနေတော့ပေ။

သူ လက်တစ်ဖက်တွင် သစ်သီးတစ်လုံးကို ကိုင်ထားပြီး နောက်တစ်ဖက်တွင် သစ်သီးများစွာကို ပွေ့ထာကာ ရူးသွပ်စွာ စားသောက်နေခဲ့သည်။

ဟမ်... တစ်ခုခု မှားနေပြီ!

ဖုန့်လင်း ခဏတာ လန့်သွားသော်လည်း မကြာမီပင် သူ၏အတွေးနှင့် စဉ်းစားဆင်ခြင်မှုများကို မြောင်းထဲသို့ ပစ်လိုက်သည်။ ဘာလို့ အများကြီး စဉ်းစားနေရမှာလဲ? သူ၏စားသောက်ပွဲကို ဆက်လက်ကျင်းပခဲ့ပြီး မက်မွန်သီးများကို သူ၏ပါးစပ်ထဲသို့ ထည့်သွင်းနေလိုက်သည်။ နောက်ဆုံးမှာ သူ မက်မွန်သီးများကို ရွေးချယ်စားခဲ့ပြီး ချိုသောအပိုင်းများကိုသာ စားပြီး အခြားအပိုင်းများကို မြေပေါ်သို့ ပစ်ချလိုက်သည်။

ဤမျှများပြားသော (မက်မွန်သီးများ) ဖြင့် ဖုန့်လင်းမှာ ရုတ်တရက်ပင် အလွန်အကျွံဖြုန်းတီးသူဖြစ်လာလေတော့၏...

သိပ်မကြာခင်မှာပဲ မက်မွန်သီးအစေ့များ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသည်ကို တွေ့မြင်နိုင်သည်။ ဖုန့်လင်းသည် ပတ်ဝန်းကျင်ကိုကာကွယ်ရန်နှင့် သန့်ရှင်းမှုတို့ကို လုံးဝဂရုမစိုက်ပေ။

ခေါင်းငုံ့ကာ သူ၏ 'အပြောင်မြောက်ဆုံး လက်ရာ' ကို ကြည့်ရှုပြီးနောက်

ဖုန့်လင်း တခစ်ခစ်ရယ်လိုက်သည်။

ငါက မျောက်တစ်ကောင်ပဲ၊ ဘယ်သူ့ကို ကြောက်နေရမှာလဲ?

သူ၏ရွှေရောင်အမွေးများသည် မက်မွန်သီးအရည်များဖြင့် စိုရွှဲနေကာ သူ၏အစွယ်များကို ဖြဲလိုက်ပြီး ကျီစယ်လိုဟန်ဖြင့် ပြုံးလိုက်သည်။ သူ့ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် မျောက်တစ်ကောင်ဖြစ်သည်ဆိုသည့်အကြောင်းကို သံသယမရှိနိုင်တော့ပေ။

သူ၏ဖောင်းကားနေသောဗိုက်ကို ပွတ်သပ်ပြီး သစ်ကိုင်းပေါ်တွင် ထိုင်ကာ ပျင်းကြောဆန့်လိုက်သည်။ တောင်ကိုဖြတ်လာသော လေညင်းလေးက တိုးဝှေ့လာပြီး သူ့အား အေးမြသောခံစားမှုကို ပေးခဲ့ကာ ကျေနပ်သည့်အမူအရာတစ်ခု သူ၏မျက်နှာပေါ်တွင် ပေါ်လာခဲ့သည်။

"ငါ၊ ဆရညစွန်း (စွန်းဝူခုန်းကို ရည်ညွှန်းသည်)၊ မဟုတ်ဘူး! ငါ၊ ဆရာဖုန့်၊ ဘယ်တုန်းကမှ ဒီလောက်စိတ်ကျေနပ်မှုရတာကို အစာစားရုံလေးနဲ့ မခံစားဖူးခဲ့ဘူး။"

သူ၏စိတ်ခံစားမှုများ ပြောင်းလဲသွားသည်နှင့်တပြိုင်နက်၊ ဟန်ချက်ပျက်ကာ သစ်ကိုင်းထက်မှ ပြုတ်ကျသွားသည်။

ဤသစ်ပင်သည် မီတာ ၃၀ ကျော်မြင့်သည်။ ဖုန့်လင်း မြေပြင်ပေါ်သို့ တိုက်ရိုက်ကျသွားပြီး မျောက်ပုံသဏ္ဍာန် ချိုင့်ခွက်ကြီးတစ်ခုကို ဖန်တီးလိုက်သည်။

သို့သော် နောက်တစ်မိနစ်တွင်၊ သူ ကျွမ်းထိုးကာ ချိုင့်ခွက်ထဲမှ ခုန်တက်လာခဲ့သည်။ သူ့တွင် ထိခိုက်ဒဏ်ရာ လုံးဝမရှိခဲ့ပေ။

ကျောက်တုံးမျောက်တစ်ကောင်သည် ကောင်းကင်မှမွေးဖွားလာပြီး မြေကြီးမှပြုစုပျိုးထောင်ခဲ့ခြင်းဖြစ်သည်။ သူ့တွင် ကျောက်သားကဲ့သို့အရေပြားနှင့် သံမဏိကဲ့သို့ အရိုးများရှိကာ ဓားလှံများဖြင့် မထိခိုက်နိုင်ပေ။ သူ၏ကာကွယ်မှုစွမ်းရည်သည် ပေါ့သေးသေးမဟုတ်ပေ။

ဒီလောက် ထိခိုက်မှုလေးက သူ့ကို ဘာဖြစ်စေနိုင်မှာလဲ။

မျောက်အများကြားမှ ခေါင်းဆောင်

အယ်လ်ဖာတစ်ကောင်အနေနှင့် သူ ကြံ့ကြံခံကာ အလျော့မပေးခဲ့ပေ။

ဖုန့်လင်း လျင်မြန်စွာ ပြန်ထလာပြီး သူ့ခန္ဓာကိုယ်ကို ပုတ်ချလိုက်သည်။ ဖုန်မှုန့်များ လေထဲသို့ ပြန့်လွင့်သွားပြီး သူ အလွယ်တကူပင် သစ်ပင်ပေါ်သို့ ပြန်တက်သွားလိုက်သည်။

ရုတ်တရက် သူ၏မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ သူစားထားသော သစ်သီးများမှ လာသည့် ကြွယ်ဝပြီး အားကောင်းသော စွမ်းအင်တစ်ခုကို သူခံစားမိလိုက်ရသည်။ ဤစွမ်းအင်သည် သူ၏ခန္ဓာကိုယ်အတွင်း အလျင်အမြန် လည်ပတ်နေပြီး အေးမြသော ခံစားမှုကို ဖြစ်စေခဲ့လေ၏။

ဤစွမ်းအင်လှိုင်းသည် ပေါက်ကွဲသည့်သဘာဝမဟုတ်ဘဲ နူးညံ့သိမ်မွေ့သော်လည်း ပမာဏမှာ အလွန်များပြားလွန်းပြီး လှည့်ပတ်မှုသည် အလွန်ပြင်းထန်နေသည်။ ရေသည် အသက်၏အရင်းအမြစ်ဖြစ်သော်လည်း အလွန်အကျွံဆိုပါက ဘေးအန္တရာယ်ဖြစ်လာနိုင်သည်။

ဤစွမ်းအင်လှိုင်းသည် သူ၏ခန္ဓာကိုယ်အတွင်း ရေကြီးရေလျှံမှုတစ်ခုကဲ့သို့ဖြစ်လာပြီး တစ်ကိုယ်လုံးကို အပြည့်ဖြည့်ရန် ခြိမ်းခြောက်နေခဲ့ကာ ပေါက်ကွဲလုနီးပါး ဖြစ်စေခဲ့သည်။

သူ စားထားတဲ့ မက်မွန်သီးတွေမှာ စွမ်းအင်တွေ ဒီလောက်အများကြီး ပါဝင်နေတာလား? ဖုန့်လင်း နားမလည်နိုင်ခဲ့ချေ။

ဤခံစားမှုမှာ သူ့အတွက် အလွန်ရင်းနှီးနေခဲ့ပြီး ဗီဇဆေးဝါးသောက်စဉ်က ခံစားရသော ဝိညာဥ်အမှုန်များ၏ခံစားမှုနှင့် တူနေခဲ့လေ၏။

သူ ဘာလုပ်သင့်သလဲ?

ဖုန့်လင်း စိုးရိမ်သွားခဲ့သည်။ အချိန်မီ အဖြေမရှာနိုင်ပါက စွမ်းအင်များလွန်းခြင်းကြောင့် သူ့ခန္ဓာကိုယ်မှာ အမှန်တကယ် ပေါက်ကွဲသွားနိုင်သည်။

ဤအရေးကြီးသောအချိန်တစ်ခဏတွင် ရှေးဟောင်းမှတ်ဉာဏ်တစ်ခု သူ၏စိတ်ထဲတွင် ရုတ်တရက်ပေါ်လာခဲ့လေ၏။ ဤမှတ်ဉာဏ်သည် ကြာမြင့်စွာ မေ့လျော့ခံထားရသော်လည်း သင့်လျော်သောအခြေအနေနှင့် ကြုံတွေ့ပါက အလိုအလျောက် နိုးထလာမည်ဖြစ်သည်။

ဤသည်မှာ ရှင်သန်နိုင်ရန်အတွက် အလိုအလျောက် ထွက်ပေါ်လာသည့် မွေးရာပါပင်ကိုယ်ဗီဇပင်။

ဖုန့်လင်း သူ့စိတ်အခြေအနေကို ထိန်းချုပ်ပြီး ခြေချိတ်ကာ ထိုင်လိုက်ပြီးနောက် လက်နှစ်ဖက်ကို ထပ်လိုက်ပြီး ဒူးပေါ်တွင် တင်ထားခဲ့သည်။ အကြောင်းပြချက်မရှိဘဲ၊ သူ၏ခန္ဓာကိုယ်အတွင်း လှိုင်းထနေသော စွမ်းအင်သည် ဆန်းကြယ်သော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာပြီး သူ၏ချက်အောက် သုံးလက်မအကွာရှိ ဒန်တျန်တွင် အရာအားလုံးကို မျိုချနိုင်သော black hole ကဲ့သို့ ဝင်ရိုးတစ်ခု ရုတ်တရက်ဖြစ်ပေါ်လာခဲ့သည်။

စွမ်းအင်များသည် ဝင်ရိုးထဲသို့ စုပ်ယူခံလိုက်ရပြီး သန့်စင်သော ချီ အဖြစ်သို့ ပြောင်းလဲကာ သူ၏ခန္ဓာကိုယ်မှ စုပ်ယူနိုင်စေရန်အတွက် ထောက်ပံခဲ့သည်။

ဖုန့်လင်း သူ့ခန္ဓာကိုယ်အတွင်း တစ်ခုခုပြောင်းလဲသွားသည်ကို ချက်ချင်းခံစားမိလိုက်ရသည်။ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းသည် ဤသန့်စင်သော ချီ ကို စုပ်ယူပြီး နတ်ဘုရားတစ်ပါး၏ အသွင်ပြောင်းလဲမှုကဲ့သို့ စတင်ပြောင်းလဲလာခဲ့သည်။

သူ့ခန္ဓာကိုယ်မှာ လေအိတ်တစ်ခုလို ဖောင်းကြွလာခဲ့ပြီး အဆက်မပြတ် ကြီးထွားနေခဲ့သည်။ အရိုးများသည် တစ်ခုနှင့်တစ်ခု ပွတ်တိုက်ကာ အရိုးကြိတ်သံများ ထွက်ပေါ်နေပြီး ကြွက်သားများလည်း ဆန့်ထွက်လာခဲ့သည်။ သူ၏ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသော ရွှေရောင် အမွေးများသည်လည်း တဖြည်းဖြည်း ပိုမိုတောက်ပလာကာ မျက်စိစူးလောက်သည့် အလှတရားကို ဖန်တီးနေခဲ့သည်။

သူ့ခန္ဓာကိုယ်တစ်ခုလုံး အလွန်အေးမြပြီး လန်းဆန်းနေသကဲ့သို့ ခံစားလိုက်ရ၏။ သူ့ခန္ဓာကိုယ်ရှိ ချွေးပေါက်အားလုံး ပွင့်သွားပြီး သူ၏မရီးဒီးယန်းများနှင့် စွမ်းအင်လမ်းကြောင်းများ အားလုံး ချိတ်ဆက်သွားခဲ့လေသည်။

သူ စားထားသော သစ်သီးများအားလုံးသည် အာဟာရဓာတ်များအဖြစ် ပြောင်းလဲသွားပြီး သူ၏ခန္ဓာကိုယ်ကို ပြန်လည်ဖြည့်တင်းပေးကာ နွေရာသီတွင် ခြောက်သွေ့နေသော သဲကန္တာရကို စိမ်းလန်းစေသော စမ်းရေကဲ့သို့ သူ၏စွမ်းအင်လမ်းကြောင်းများတစ်လျှောက် ချောမွေ့စွာ စီးဆင်းနေခဲ့သည်။

သူ့ခန္ဓာကိုယ်ရှိ ဆဲလ်အားလုံးသည် ဆာလောင်နေသော တစ္ဆေများကဲ့သို့ဖြစ်နေပြီး စက္ကန့်တိုင်းတွင် စွမ်းအင်ပမာဏများစွာကို စုပ်ယူကာ သူ၏ခန္ဓာကိုယ်ကို အဆက်မပြတ် အားဖြည့်နေခဲ့သည်။

မကြာမီပင် ဖုန့်လင်း ဖြည်းဖြည်းချင်း နိုးထလာခဲ့သည်။ နာကျင်မှုများ လုံးဝပျောက်ကွယ်သွားပြီး အလွန်အကျွံစားမိသောကြောင့် ဖောင်းနေသော ဗိုက်သည်လည်း ပြန်ပြားသွားခဲ့သည်။

သူ ထလိုက်သည်နှင့် အရိုးများမှ ပွတ်ကြိတ်သံများ ထွက်ပေါ်လာခဲ့သည်။ သူ၏မျက်စိရှေ့ရှိ မြင်ကွင်းမှာ ပြောင်းလဲသွားခဲ့လေ၏။ သူမြင်နေရသော အရာအားလုံးသည် ရုတ်တရက် သုံးလက်မခန့် ပိုသေးသွားသကဲ့သို့ ခံစားလိုက်ရသည်။

ဤခံစားမှုကို သူ အရင်က တစ်ခါကြုံဖူးသည်။ ထိုအချိန်မှာ သူ၏ခန္ဓာကိုယ် ကြီးထွားလာပြီး အရပ် ပိုမိုမြင့်မားလာချိန်တွင်ဖြစ်သည်။

ဖုန့်လင်း ကမန်းကတမ်းဖြင့် ပင်လယ်ကမ်းစပ်သို့ ပြေးသွားခဲ့သည်။ ကြည်လင်သောရေထဲတွင် အမွေးထူထူနှင့် မျောက်တစ်ကောင်၏ ပုံရိပ်မှာ ရောင်ပြန်ဟပ်နေခဲ့သည်။

သို့သော် စောနကနှင့် ကွဲပြားနေခဲ့သည်။ အကယ်၍ အရင်က သူသည် ပိန်လှီသော အားနည်းသည့် မျောက်ငယ်လေးဖြစ်ခဲ့လျှင်၊ ယခုတွင် သူသည် ကြီးမားထူထဲသည့် ကြွက်သားများရှိသော မျောက်ဝံကြီးတစ်ကောင်နှင့် ပိုတူနေခဲ့သည်။

ကမ္ဘာတုန်လောက်သည့် ပြောင်းလဲမှုတစ်ခုပင်။ ဖုန့်လင်း အရင်က သူကြုံတွေ့ခဲ့ရသော ထူးဆန်းသည့် အခြေအနေကို ပြန်တွေးမိသောအခါ၊ သူ၏နှလုံးသားသည် အကူအညီမဲ့စွာ လှုပ်ရှားသွားခဲ့တော့၏။

ဒါက...?

စွမ်းအင်ကနေ ဒဏ္ဍာရီထဲက ချီ အဖြစ်ကို ပြောင်းလဲခြင်းလား?!

All Chapters