← Chapters

နေနဲ့လရဲ့အနှစ်သာရ

Vol. 5 Ch. 73

နေနဲ့လရဲ့အနှစ်သာရ

Vol. 5 Ch. 73

ရှေးဟောင်းကမ္ဘာမြေခေတ်သည် များပြားလှသော ယဉ်ကျေးမှုများနှင့် လူမျိုးစုများဖြင့် ဖွဲ့စည်းခဲ့ပြီး ဒဏ္ဍာရီပုံပြင်များစွာကို မွေးဖွားလာစေခဲ့သည်။ ဥပမာအားဖြင့် တရုတ်ယဉ်ကျေးမှု၊ ဘေဘီလုံယဉ်ကျေးမှု၊ အီဂျစ်ယဉ်ကျေးမှု...

သို့သော် တရုတ်ယဉ်ကျေးမှုတွင်မူ ဒဏ္ဍာရီထဲမှ နတ်ဘုရားဖြစ်တည်မှု များသည် အထူးခြားဆုံးဖြစ်သည်။

တရုတ်ဒဏ္ဍာရီထဲရှိ "နတ်ဘုရားများ" (神)၊ "အင်မော်တယ်များ" (仙)၊ "ဗုဒ္ဓများ" (佛) စသည့် အက္ခရာများတွင် "လူ" (人) ဆိုသည့် စကားလုံး ပါဝင်နေသည်ကို သတိပြုမိပါသလော။ ဤသို့သော နတ်ဘုရားများသည် စိတ်ကူးယဉ်ဖန်တီးမှုများမဟုတ်ဘဲ လူသားများမှ တဖြည်းဖြည်း ပြောင်းလဲလာခြင်းဖြစ်သည်။

နတ်ဘုရားများ၊ သူတော်စင်များ၊

အင်မော်တယ်များ၊ ဗုဒ္ဓများ... လူတိုင်း သူတို့လို ဖြစ်လာနိုင်ပါ့မလား?

ဤကဲ့သို့ လူသားများအနေဖြင့် ကောင်းကင်များကိုပင် သိမ်းပိုက်နိုင်သည်ဟု ယုံကြည်ကာ အဆက်မပြတ် ကြိုးစားအားထုတ်သော စိတ်ဓာတ်ကြောင့်ပင် တရုတ်ယဉ်ကျေးမှုသည် ကြယ်တာရာခေတ်အထိ ရှည်ကြာစွာ တည်တံ့နိုင်ခဲ့ခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်၏။

ထို့အပြင် တရုတ်ဒဏ္ဍာရီများအရ သာမန်လူသားများအနေဖြင့် နတ်ဘုရားအဆင့်သို့ ရောက်ရှိလိုပါက နည်းလမ်းတစ်ခုသာရှိသည် - ထိုနည်းလမ်းမှာ "ကျင့်ကြံခြင်း" ပင်ဖြစ်သည်။

ရှေးခေတ်ကမ္ဘာတွင် လေထုထဲ၌ "ဝိညာဥ်အမှုန်များ" သည် လေကဲ့သို့ ထူထပ်စွာ ပျံ့နှံ့နေသည်ဟု အဆိုရှိကာ အနည်းငယ်သော အရည်အချင်းရှိသူများပင် ထိုစွမ်းအင်များကို ခံစားနိုင်ကြသည်။

ရှေးခေတ်ကျင့်ကြံများက ဤဝိညာဥ်အမှုန်များကို "ကောင်းကင်နှင့်မြေကြီးတို့၏ဝိညာဥ်ချီ" ဟု ခေါ်ဆိုကာ အထူးအသက်ရှုနည်းစနစ်များဖြင့် ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူကာ ခန္ဓာကိုယ်ကို မွမ်းမံပြီး လူသားအဖြစ်မှ ကျော်လွန်နိုင်ခဲ့ကြသည်။

ရှေးဟောင်းတရုတ်လူမျိုးများက ကျင့်ကြံမှုကို အဆင့်လေးဆင့်ဖြင့် ခွဲခြားထားပြီး ကျင့်ကြံခြင်းတွင် အနိမ့်ဆုံးမှ အမြင့်ဆုံးအထိ သတ်မှတ်ထားသည်မှာ

စွမ်းအင်ကို ချီအဖြစ်ပြောင်းလဲခြင်း၊

ချီကို နတ်စွမ်းအားအဖြစ်ပြောင်းလဲခြင်း၊ နတ်စွမ်းအားကို ဗလာနတ္ထိအဖြစ်ပြောင်းလဲခြင်း၊ဗလာနတ္ထိအဖြစ်ပြောင်းလဲပြီး တာအိုနှင့်ပေါင်းစည်းခြင်းတို့ဖြစ်သည်။

အဆင့်တစ်ခုစီ၏ နည်းလမ်းနှင့် အကျိုးသက်ရောက်မှုများသည် လုံးဝကွဲပြားသည်။

"စွမ်းအင်ကို ချီအဖြစ်ပြောင်းလဲခြင်း" သည် ကျင့်ကြံခြင်း၏ ပထမဆုံးအဆင့်ဖြစ်ပြီး ခန္ဓာကိုယ်အတွင်းရှိ သွေးအနှစ်သာရနှင့်အာဟာရများကို ကျင့်ကြံခဲ့ပြီး ၎င်းတို့ကို သန်မာစေကာ အဆင့်ဆင့် ပြောင်းလဲတိုးတက်စေခဲ့သည်။

ဤဖြစ်ရပ်တွင် ဖုန့်လင်းမှာ ကျောက်တုံးမျောက်တစ်ကောင် ဖြစ်လာပြီးဆရာတစ်ဦး၏ လမ်းညွှန်မှုကို မလိုအပ်ဘဲ ပထမအဆင့်၏ နည်းလမ်းကို သဘာဝအတိုင်း ကျွမ်းကျင်စွာ အသုံးချနိုင်ခဲ့သည်။

ဤကျွန်းသည် အင်မော်တယ်တိုင်းပြည်ကဲ့သို့ပင် ဖြစ်နေခဲ့၏။ ဤနေရာရှိ အပင်တိုင်းသည် ဝိညာဥ်ဆိုင်ရာ အရာဝတ္ထုများဖြစ်ပြီး လေထုထဲတွင် ဝိညာဥ်ချီများ ပျံ့နှံ့နေကာ အံ့ဩဖွယ်ကောင်းလောက်အောင် စွမ်းအားကြီးမားလှသည်။

အစောပိုင်းက ဖုန့်လင်းမှာ ဝိညာဥ်စွမ်းအားရှိသော မက်မွန်သီးများကို အလွန်အကျွံစားမိပြီး ခန္ဓာကိုယ်အတွင်း ဝိညာဥ်အမှုန်များ ပိုလျှံလာခဲ့သည်။ အကယ်၍ သူသာ "စွမ်းအင်ကို ချီလဲအဖြစ်ပြောင်းခြင်း" နည်းလမ်းကို နားမည်ခဲ့ပါက ခန္ဓာကိုယ် ပေါက်ကွဲသွားနိုင်သည့် အခြေအနေပင် ဖြစ်လာခဲ့ပေမည်။

ထိုနည်းလမ်းသည် သူ၏ အတွင်းစိတ်အနက်ရှိုင်းဆုံးတွင် ပုန်းလျှိုးနေသော မှတ်ဉာဏ်တစ်ခုကဲ့သို့ ဖြစ်နေခဲ့လေ၏။ မည်သူမျှ သင်ကြားပေးခြင်း မရှိဘဲနှင့် သင့်တော်သော အခြေအနေရောက်မှသာ သဘာဝအလျောက် ပေါ်ထွက်လာခြင်း ဖြစ်ပုံရသည်။

"စွမ်းအင်ကို ချီအဖြစ်ပြောင်းလဲခြင်း" ကို တစ်ကြိမ်အသုံးပြုရုံဖြင့် ဖုန့်လင်းအနေနှင့် သူ့ခန္ဓာကိုယ်၏ ကမ္ဘာတုန်လောက်သည့်အထိ ပြောင်းလဲမှုကို ခံစားခဲ့ရသည်။

တစ်ခဏအတွင်းမှာပင် သူသည် မွေးကင်းစမျောက်ကလေးဘဝမှ အရွယ်ရောက်မျောက်တစ်ကောင်အဖြစ် ဆယ်နှစ်ခန့် ကြီးထွားသွားသကဲ့သို့ ဖြစ်နေကာ အရိုးနှင့်ကြွက်သားများမှာ မာကျောလာခဲ့ပြီး ယခင်က ပိန်လှီနေသော ပုံပန်းသဏ္ဍာန်နှင့် လုံးဝကွဲပြားသွားသည်။

သူ့နှလုံးသားထဲမှ မှန်းဆနေမိသည်မှာ - ဤ "စွမ်းအင်ကို ချီအဖြစ်ပြောင်းလဲခြင်း" နည်းလမ်းသည် စွမ်းအင်များကို အမြန်ဆုံး ချေဖျက်နိုင်သော နည်းပညာတစ်ခုပေလော? မူလခန္ဓာကိုယ်သို့ ပြန်ရောက်ပါက ဤနည်းလမ်းကို အသုံးပြု၍ ဗီဇဆေးဝါးများမှ စွမ်းအင်ကို ပိုမိုမြန်ဆန်စွာ စုပ်ယူကာ ဗီဇစွမ်းရည်အဖြစ် ပြောင်းလဲနိုင်မည်လော?

ဖုန့်လင်း၏ နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုကို ခံစားခဲ့ရသော်လည်း နောက်ခဏအတွင်းမှာပင် သူ၏မျက်နှာမှာ မှိန်ဖျော့လာခဲ့တော့၏။

အခုအချိန်တွင် ဤမျှရှည်ရှည်ဝေးဝေး စဉ်းစားနေခြင်းက အချည်းနှီးပင်။ လက်ရှိအရေးအကြီးဆုံးကတော့ သူ့ရဲ့ အခြေအနေကို နားလည်ပြီး ဤနေရာမှ ထွက်နိုင်မည့်လမ်းကို ရှာဖွေရန်ဖြစ်သည်။

အခြားအရာများမှာ အရေးမကြီးပေ။

ဤနေရာတွင် နေထိုင်ခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ မည်မျှပင် ကြီးမားပါစေ၊ မထွက်နိုင်ပါက အလဟဿဖြစ်မည်သာတည်း။ ဤနေရာတွင် သူ၏ စွမ်းရည်များကို ပြသရန် နေရာမရှိပေ။

ဆာလောင်မှုနှင့် ရေငတ်မှုကို ဖြေသိမ့်ပြီးနောက် ဖုန့်လင်း ကျွန်းပတ်လည်တွင် လှည့်လည်ကာ မူလခန္ဓာကိုယ်သို့ ပြန်ရောက်ရန် နည်းလမ်းကိုရှာဖွေတော့သည်။

ဤကျွန်း၏ အနားသတ်သည် အလွန်ကျယ်ပြန့်လှပြီး သူကမ်းခြေတစ်လျှောက် ဆက်လက်လျှောက်သွားသော်လည်း အဆုံးသတ်ဟူ၍ မရှိသလို ဖြစ်နေသည်။

ဖုန့်လင်းသည် သက်ပြင်းချကာ ရပ်တန့်လိုက်ပြီး မိုးကုပ်စက်ဝိုင်းအထိ ကြည့်လိုက်သည်။ အကန့်အသတ်မဲ့ ကျယ်ပြန့်နေသော သမုဒ္ဒရာကို မြင်တွေ့လိုက်ပြီး လူသားများမရှိသော ကျွန်းတစ်ကျွန်းပေါ်တွင် သူတစ်ယောက်တည်း ရှိနေကြောင်း နားလည်လိုက်သည်။

ငါ ကျောက်တုံးမျောက်တစ်ကောင် ဖြစ်သွားပြီလား?

ဒီနေရာက တကယ်ပဲ ပန်းမာလာတောင်လား?

...

ဤသို့သော သံသယများစွာဖြင့်

ဖုန့်လင်း ဆက်တွေးနေမိခဲ့သည်။ နေ့နှင့်ညများ ကုန်လွန်သွားပြီး မျက်စိတစ်မှိတ်အတွင်း ဆယ်ရက်ကျော်ကုန်သွားခဲ့သည်။

ကံကောင်းထောက်မစွာပင် ဤတစ်ခုတည်းသောကျွန်းတွင် အင်မော်တယ်သစ်သီးပင်များ နေရာတိုင်းတွင် ပေါက်ရောက်နေခဲ့သည်။ ထို့အပြင်

ဖုန့်လင်းတွင် ရွှေရောင်အမွေးများဖြင့် ဖုံးလွှမ်းနေသော ခန္ဓာကိုယ်ရှိသည့်အတွက် အဝတ်အစားမပါဘဲ နေ့စဉ်ခုန်ပေါက်ပြေးလွှားနေရင်း အစားအစာနှင့် အဝတ်အစားအတွက် စိုးရိမ်စရာမလိုပေ။

ဝိညာဥ်ချီများ ပြည့်နှက်နေသော

အင်မော်တယ်သစ်သီးများကို စားသုံးရင်း ဖုန့်လင်းအနေနှင့် သူ၏ စွမ်းအင်ကို ချီအဖြစ်သို့ပြောင်းလဲခြင်းကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ သူ့ခန္ဓာကိုယ်သည် အလျင်အမြန် သန်မာလာပြီး မကြာမီတွင် အရပ် ၁.၉ မီတာရှိသော ကြံ့ခိုင်သန်မာသည့် မျောက်တစ်ကောင် ဖြစ်လာခဲ့သည်။ မျောက်များထဲတွင် သူ့ကို ဧရာမအရွယ် အဖြစ်သတ်မှတ်နိုင်သည်။

ဒါပေမယ့် မျောက်တွေရဲ့ဘုရင်ဖြစ်သွားတယ်ဆိုရင်တောင် ဘာထူးလို့လဲ?

သူအနေနှင့် မျောက်တစ်ကောင်သာ ဖြစ်နေဦးမည်မဟုတ်လော?

ဤသည်မှာ ဝမ်းနည်းကြေကွဲဖွယ်ကောင်းသော အဖြစ်အပျက်တစ်ခုပင်...

သူ သံသယရှိသည့် ပန်းမာလာတောင်ဟု ထင်ရသည့် ဤကျွန်းသည် သမုဒ္ဒရာဖြင့် ကမ္ဘာကြီးမှ သီးခြားခွဲထားကာ ပြည့်စုံသည့် ဇီဝကွင်းဆက်တစ်ခုကို ဖွဲ့စည်းထားသည်။

ဤရက်အနည်းငယ်အတွင်း

ဖုန့်လင်းသည် ခွေးအများ၊ ဝံပုလွေများ၊ ကျားများနှင့် ကျားသစ်များကဲ့သို့သော သားရဲတိရစ္ဆာန်မျိုးစုံကို မြင်တွေ့ခဲ့ရသည်။ သို့သော် သူသည် အားနည်းသူမဟုတ်ဘဲ ဤသားရဲများသည် သူ့အား အစွယ်များဖြဲကာ ခြေသည်းလက်သည်းများဖြင့် ခြိမ်းခြောက်ခဲ့သော်လည်း ကျောက်တုံးမျောက်တစ်ကောင်အနေဖြင့် သဘာဝအတိုင်း ဤတိုက်ခိုက်မှုများမှာ

မသက်ရောက်နိုင်ခဲ့ပေ။

ဖုန့်လင်းမှာ သိုင်းပညာများကို ကျွမ်းကျင်စွာ တတ်မြောက်ထားသူပီပီ သူ၏ကျွမ်းကျင်မှုများကို ပြသကာ ဤသားရဲများကို ညှာတာခြင်းမရှိဘဲ နှိမ်နင်းလိုက်သည်။ သားရဲများသည် ခဏအတွင်းမှာပင် အကုန်လုံး ထွက်ပြေးသွားကြပြီး ဖုန့်လင်းဆိုသည့် "ခြေနှစ်ချောင်းသားရဲ"ကို ထပ်မံဒုက္ခပေးရန် မဝံ့ရဲကြတော့၏။

တောင်ပေါ်မှာ ကျားတွေရှိတယ်ဆိုရင်တောင် ဘာဖြစ်လဲ? မျောက်တွေကသာ ဘုရင်ဖြစ်နေဆဲပဲ။

ဤသတ္တဝါများသာမက ဖုန့်လင်းမှာ သမင်များ၊ ဒေါင်းများ၊ အစိမ်းရောင်ကျွဲနွားများအပါအဝင် ထူးဆန်းပြီး အဖိုးတန်သော သတ္တဝါမျိုးစုံကိုလည်း မြင်တွေ့ခဲ့ရသည်။ သို့သော် သူ၏ "မျိုးစိတ်"နှင့်တူသော သတ္တဝါများက ပို၍ပင် များပြားလှသည်။

မက်မွန်သီးဥယျာဉ်အတွင်း၌ မျောက်အုပ်ကြီးတစ်ခုသည် အော်ဟစ်လျက် ခုန်ပေါက်ပြေးလွှားနေကြသည်။

ဖုန့်လင်းဆိုသည့် မျောက်များထဲက ဧရာမအရွယ်ဖြင့်မျောက်ကို မြင်တွေ့လိုက်သောအခါ အားလုံးမှာ စူးစမ်းလိုစိတ်ဖြင့် သူ့အား ငေးကြည့်နေကြသည်။ ကြွက်သားများရှိသော မျောက်နှင့် မျောက်ဝံအချို့မှာ သူတို့၏ရင်ဘတ်များကို ထုရိုက်ကြပြီး ကြမ်းတမ်းစွာ ဟိန်းဟောက်ကာ သူ့အား မောင်းထုတ်ရန် ကြိုးစားနေခဲ့ကြသည်။

"ငါ မင်းတို့ရဲ့ မျောက်မတွေကို စိတ်

မဝင်စားဘူး!" ဤအယ်လ်ဖာမျောက်ခေါင်းဆောင်များ၏ သတိပေးသောအကြည့်များနှင့် ၎င်းတို့၏ မျောက်မများကို နောက်သို့ဆွဲခေါ်နေသည်ကို မြင်သောအခါ ဖုန့်လင်း အကူအညီမဲ့စွာ ရယ်မောလိုက်သည်။

သူအနေဖြင့် သူနှင့် "တူညီသောမျိုးစိတ်"ဟု ဆိုရမည့် ဤသတ္တဝါများနှင့် ဘာမှပက်သက်လိုစိတ်မရှိချေ။ သူ လျင်မြန်စွာ လှည့်ထွက်သွားလိုက်သည်။

နောက်မှရှိသော အယ်လ်ဖာခေါင်းဆောင်မျောက်ထီးများသည် မိတ်လိုက်ခွင့်အတွက် သန်မာသည့် စိန်ခေါ်သူကို မောင်းထုတ်နိုင်သကဲ့သို့ ကျယ်လောင်စွာ အော်ဟစ်ရယ်မောနေခဲ့ကြသည်။

ဒီနေရာမှာရှိတဲ့ ဘယ်သူက အယ်လ်ဖာမျောက်ခေါင်းဆောင်တွေရဲ့ မိတ်လိုက်ခွင့်ကို လုရဲမှာလဲ?။

...

ဖုန့်လင်း ရှေ့သို့ဆက်သွားခဲ့ပြီး အရှိန်မြှင့်ကာ မျက်စိတစ်မှိတ်အတွင်း မျောက်များ၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။

ဤကျွန်းသည် အလွန်ကျယ်ပြန့်လွန်းသည့်အတွက် ဤရက်များအတွင်း သူ့အနေနှင့် ကျွန်း၏ ၁၀% ကိုပင် မရှာဖွေနိုင်သေးပေ။

မသိလိုက်ဘဲနှင့် ကောင်းကင်သည် မှောင်မိုက်လာပြီး ကြယ်များသည် တောက်ပစွာ လင်းလက်လာသည်။

ဖုန့်လင်း ကျောက်တုံးတစ်တုံးပေါ်တွင် ထိုင်နေကာ လက်တစ်ဖက်က မေးစေ့ကိုထောက်ပြီး ကျယ်ပြန့်ပြီး ကြယ်တာရာများစုံလင်သော ကောင်းကင်ကို သက်ပြင်းတစ်ချက်

မချခင်အထိ တိတ်ဆိတ်စွာ ငေးကြည့်နေခဲ့သည်။

ဝေးလံသော သစ်တောနယ်ပယ်မှ မျောက်များ၏ အော်ဟစ်သံနှင့် ဝံပုလွေများ၏ အူသံများကို ကြားနေရသည်။

ဤမျှကြာသည်အထိ သူ အဖြေကို မရှာတွေ့နိုင်သေးပေ။

ဗီဇဆင့်ကဲပြောင်းလဲမှု... သူ ချိုးဖောက်ပြီးတဲ့နောက်မှာ ကြယ်တာရာကျင့်ကြံသူတစ်ဦး ဖြစ်လာမယ်လို့ ဆိုလိုတာ မဟုတ်လား။

သူ ဘာလို့ မျောက်ဖြစ်သွားရတာလဲ?

ဒီကိစ္စက လုံးဝအဓိပ္ပါယ်မရှိဘူး!

...

ယနေ့ညသည် ရှားပါးသော လပြည့်ညတစ်ညဖြစ်သည်။ လသည် ကြီးမားသောပန်းကန်ပြားကဲ့သို့ ငွေရောင်အလင်းတန်းများတောက်ပစွာဖြာထွက်ကာ လင်းထိန်နေခဲ့သည်။

ဖုန့်လင်းမှာ ကောင်းကင်ရှိလကို အာရုံစိုက်ကြည့်ရင်း တွေးတောနေမိသည်။ သူ သတိမထားလိုက်ဘဲ လသည် သူ၏မျက်လုံးထဲတွင် ကြီးမားလာပြီး သူ၏စိတ်နှင့်ဝိညာဉ်ကို ဆွဲယူနေခဲ့သည်။

လ၏အလင်းရောင် သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသောအခါ အေးမြပြီး လန်းဆန်းစေသော ခံစားမှုကို ရရှိစေခဲ့လေ၏။

သူ အသက်ရှူလိုက်သည့်အခါတိုင်း လ၏အနှစ်သာရများသည် စုစည်းလာပြီး ငွေရောင်ကြိုးမျှင်များအဖြစ် သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ အညစ်အကြေးများကို ဆေးကြောပေးခဲ့ကာ သူ၏ ချွေးပေါက်များကို ဖွင့်ပေးပြီး အပြင်နှင့်အတွင်းကို တစ်ခုတည်းအဖြစ် ဆက်သွယ်ပေးခဲ့သည်။

"ဝူး...!!!"

သူ၏နှလုံးသားထဲမှ ပေါက်ဖွားလာသော လှုံ့ဆော်မှုတစ်ခုကို ထိန်းချုပ်နိုင်ခြင်းမရှိတော့ဘဲ ဖုန့်လင်း၏ ကျောမှာ ခုံးထလာပြီး ဦးခေါင်းကိုမော့ကာ လကိုကြည့်၍ ဟစ်ကြွေးလိုက်သည်။

ထိုသိသာထင်ရှားသည့် အမြင့်သံမှာ ကြာရှည်စွာ တည်ရှိနေခဲ့ပြီး နေရာလပ်များကိုဖြတ်ကာ ကျွန်းတစ်ခွင်လုံးသို့ ပဲ့တင်ထပ်နေသည်။

ပတ်ဝန်းကျင်မှ လရောင်များသည် ပိုမိုမြန်ဆန်စွာ စုစည်းလာပြီး ဖုန့်လင်း၏ ခန္ဓာကိုယ်ထဲသို့ အေးမြသောစွမ်းအင်အဖြစ် ဝင်ရောက်လာကာ လှည့်ပတ်နေခဲ့သည်။ ထိုစွမ်းအင်သည် ထူးခြားသော မရီးဒီးယန်းများနှင့် စွမ်းအင်လမ်းကြောင်းများကို ဆက်သွယ်ပေးလိုက်သည်။

သူ၏စိတ်သည် ပိုမိုရှင်းလင်းပြီး လန်းဆန်းလာကာ ဉာဏ်ရည်တိုးတက်လာသည်ဟု ခံစားလိုက်ရသည်။

သူ၏ဝိညာဉ်ထွက်ပေါ်လာပြီး ခန္ဓာကိုယ်၏အကန့်အသတ်များမှ လွတ်မြောက်ကာ လ၏အလင်းရောင်အောက်တွင် သန့်စင်ပြီး ဖန်သားကဲ့သို့ ကြည်လင်နေခဲ့သည်။ ဤအချိန်တွင် နောက်ထပ်ဗီဇမှတ်ဉာဏ်တစ်ခု သူ့စိတ်ထဲတွင် ပေါ်လာခဲ့သည်။

နေနဲ့လရဲ့အနှစ်သာရ!

ရှေးဒဏ္ဍာရီများအရ တိရစ္ဆာန်များသည် နေနှင့်လ၏အနှစ်သာရကို စုပ်ယူကာ ခန္ဓာကိုယ်ကို မွမ်းမံနိုင်ပြီး ဉာဏ်ပညာကိုတိုးတက်စေနိုင်သည်ဟု ဆိုသည်။ အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့သည် ပုံသဏ္ဍာန်ပြောင်းလဲနိုင်စွမ်းရှိလာပြီး အလုံအလောက် ရှည်ကြာအောင် ကျင့်ကြံပြီးပါက နတ်ဆိုးသားရဲများပင် ဖြစ်လာနိုင်သည်။

သိပ္ပံပညာက ဤဖြစ်စဉ်ကို ရှင်းပြထားပြီးဖြစ်သည်။ သူ ယခုစုပ်ယူနေသော အလင်းသည် တကယ်တမ်းတွင် နေမှရောင်ပြန်ဟပ်သော အလင်းသာဖြစ်သည်။

နေဆိုသည့်အရာမှာ မူလကတည်းက ကြယ်တာရာအလင်းများကို ထုတ်လွှတ်သော ကြယ်တစ်စင်းပင်ဖြစ်ပြီး ယင်းစွမ်းအင်သည် စကြဝဠာရှိ စွမ်းအင်ပုံစံတစ်မျိုးဖြစ်သည်။

စကြဝဠာတွင် နျူကလီးယားစွမ်းအင်၊ ဇီရိုပွိုင့်စွမ်းအင်(အရာအားလုံး ဘာဖြစ်သွားသွား လုံးဝပျက်စီးတယ်ဆိာတာမရှိဘဲ အနည်းဆုံးကျန်နေတဲ့စွမ်းအင်)၊ ဇီဝစွမ်းအင်စသည့် စွမ်းအင်အမျိုးမျိုးရှိပြီး ၎င်းတို့ကို အဆင့်အလိုက် ခွဲခြားနိုင်သည်။

နေနှင့်လ၏အနှစ်သာရသည် အခြေခံအားဖြင့် ကြယ်တာရာစွမ်းအင်ဖြစ်ပြီး အဆင့်မြင့်စွမ်းအင်တစ်မျိုးဖြစ်သည်။

နေနှင့်လ၏ အနှစ်သာရကို စုပ်ယူခြင်းဆိုသည်မှာ ကြယ်များ၏ ကြယ်တာရာစွမ်းအင်ကို စုပ်ယူနိုင်သော အသက်ရှုနည်းစနစ်တစ်ခုသာဖြစ်ပြီး၊ ခန္ဓာကိုယ်ကို မွမ်းမံကာ ဝိညာဉ်ကို သန့်စင်စေသည့် နည်းလမ်းတစ်ခုဖြစ်သည်။ ဤနည်းလမ်းသည် အသိစိတ်ကို ဖွံ့ဖြိုးတိုးတက်စေရန်လည်း အထောက်အကူပြုသည်။

သို့သော် ဤအသက်ရှုနည်းစနစ်သည် အလွန်အမင်းရှားပါးပြီး လူအနည်းငယ်မျှသာ ၎င်း၏တည်ရှိမှုကို သိရှိခဲ့ကြသည်။

ဤအချိန်တွင် ဖုန့်လင်းအနေနှင့် ကြယ်တာရာအသက်ရှူနည်းစနစ်နှင့် မရီးဒီးယန်းများလှည့်ပတ်ရမည့်ပုံစံ ပုံကြမ်းအကြောင်း အချက်အလက်များ သူ၏စိတ်ထဲတွင် ပေါ်လာသည်ကို သတိပြုမိခဲ့သည်။

သို့သော်လည်း နေနှင့်လ၏အနှစ်သာရကို စုပ်ယူနည်းရရှိသည်နှင့် စိတ်လှုပ်ရှားပျော်ရွှင်ရမည့်အစား

ဖုန့်လင်း၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုများ ခံစားလာရသည်။

သူ၏ကျောက်တုံးမျောက်ဗီဇကို နိုးထစေပြီးကတည်းက၊ သူ့အတွက် ထိန်းချုပ်မရနိုင်သော အခြေအနေများစွာ ဖြစ်ပေါ်လာခဲ့သည်။ ထို့အပြင် သူ၏ခန္ဓာကိုယ်အတွင်းရှိ ရှေးဦးစိတ်ဆန္ဒတစ်ခုမှာလည်း သူ့ကို မကြာခဏ လွှမ်းမိုးကာ၊ မူလဗီဇအတိုင်း ပြုမူစေခဲ့သည်။

ဖုန့်လင်းသည် ယခုအခါ မျောက်တစ်ကောင်နှင့် ပိုပိုဆင်တူလာသည်ကို သတိပြုမိခဲ့လေ၏။ သူ၏ ဆင်ခြင်နိုင်စွမ်းသည် မူလဗီဇ၏ လွှမ်းမိုးမှုကို ခံနေရပြီး၊ သူ၏ဖြစ်တည်မှုကို တဖြည်းဖြည်း လက်ခံလာစေခဲ့၏။

သူ တကယ်ပဲ မျောက်တစ်ကောင်ဖြစ်သွားရမယ့် ကံကြမ္မာဆီကို ဦးတည်နေပြီလား?!

All Chapters