← Chapters

မသေဆုံးနိုင်သော ဒဏ္ဍာရီအယူအဆ

Vol. 5 Ch. 74

မသေဆုံးနိုင်သော ဒဏ္ဍာရီအယူအဆ

Vol. 5 Ch. 74

စွမ်းအင်မှ ချီသို့ပြောင်းလဲခြင်းမှသည် ကြယ်တာရာအသက်ရှူနည်းစနစ်အထိ၊ ဖုန့်လင်း သူ့ခန္ဓာကိုယ်သည် တဖြည်းဖြည်းချင်း သူ့ထိန်းချုပ်မှုမှ လွတ်ထွက်နေသည်ကို သတိပြုမိလာလေပြီ။

ဤသည်မှာ အတိအကျပင် တိုက်ဆိုင်မှု မဖြစ်နိုင်ပေ။ သူ၏အတွင်းတွင် တစ္ဆေတစ်ကောင် ပုန်းခိုနေသကဲ့သို့ တစ်စုံတစ်ရာသည် သူ့ခန္ဓာကိုယ်ကို မကြာခဏ ထိန်းချုပ်ရန် ပေါ်လာခဲ့သည်။

သူ ခေါင်းနောက်လာပြီး သူ၏စိတ်နေစိတ်ထားသည်လည်း မျောက်တစ်ကောင်၏ သဘာဝနှင့် နီးစပ်လာခဲ့သည်။

ဤအတိုင်းသာဆက်သွားပါက၊

ဖုန့်လင်းအနေဖြင့် နောက်ဆုံးတွင် သူသည် မူလကတည်းက လူသားမဟုတ်ဘဲ မျောက်တစ်ကောင်ဖြစ်သည်ဟု ထင်မှတ်သွားလိမ့်မည်ဟု ခံစားမိလိုက်သည်။

တစ်ခုခု မှားနေပြီ!

ဖုန့်လင်း အလွန်အမင်းတုန်လှုပ်သွားပြီး နိုးထလာခဲ့သည်။ ဘာလို့ တစ်စုံတစ်ခုက မှားယွင်းနေသလို ဖြစ်နေတာလဲ?

သူအနေဖြင့် ကျောက်တုံးမျောက်ဗီဇကိုသာ နိုးထစေခဲ့ခြင်းဖြစ်ပြီး၊ သူ့အတွက် အစစ်အမှန် မျောက်တစ်ကောင်ဖြစ်သွားရန်မှာ မဖြစ်နိုင်ပေ!

မဟုတ်ရင် ဘယ်သူမဆို သူ နိုးထခဲ့တဲ့ ဗီဇအလိုက် မည်သည့်ပုံစံကိုမဆို ပြောင်းလဲသွားနိုင်မှာလား။

ဤကမ္ဘာတွင် ဒဏ္ဍာရီနှင့်ပုံပြင်များစွာရှိပြီး၊ မွန်းစတားအသွင်များစွာ ရှိသည်...နတ်ဆိုး၊ တစ္ဆေ၊

မွန်းစတား...မီဒူဆာ၊ နဂါးကြီးများ၊ အနောက်တိုင်း၏ ဟိုက်ဒရာများ...

နေအဖွဲ့အစည်းသည် အလွန်ကျယ်ပြန့်ပြီး သက်ရှိများစွာရှိသည်။ အကယ်၍သာ ဤသို့ဖြစ်မည်ဆိုပါက၊ မရေမတွက်နိုင်သော မွန်းစတားများ ရှိနေမည်မဟုတ်ပါလော။

ဤသည်မှာ သိပ္ပံနည်းကျမှုမရှိဘဲ၊ ဗီဇပညာနှင့်လည်း မကိုက်ညီချေ!

ဒါက ရိုးရှင်းစွာဘဲ ယုတ္တိမတန်ပေ!

...

ဖုန့်လင်း ယခင်က လျစ်လျူရှုခဲ့သော အချက်ကို ပြန်လည်တွေးတောမိလိုက်သည်။ သူ မျောက်တစ်ကောင်ဖြစ်သွားပြီးနောက်၊ သူ၏တွေးခေါ်မှုစနစ်သည် မျောက်နှင့်ပိုတူလာပြီး အချို့သောမှတ်ဉာဏ်များ ပျောက်ဆုံးသွားခြင်း ဖြစ်နိုင်သည်။

နေနှင့်လ၏အနှစ်သာရကို စုပ်ယူပြီးနောက် ဖုန့်လင်း၏ဉာဏ်ရည်တိုးတက်လာကာ ပျောက်ဆုံးနေသော မှတ်ဉာဏ်များကိုပါ ပြန်လည်ရရှိလာခဲ့သည်။

ဖုန့်လင်း အလျင်စလို စဉ်းစားခြင်းမပြုတော့ဘဲ စိတ်ကိုတည်ငြိမ်စွာထားကာ နက်နက်နဲနဲ ဆင်ခြင်သုံးသပ်ခဲ့၏။ သူ၏အတွေးများသည် တဖြည်းဖြည်း ပိုမိုရှင်းလင်းလာပြီး အရေးကြီးသော အချက်ကို မြင်လာခဲ့သည်။

ဤအရာသည် ဒဏ္ဍာရီလာဗီဇ၏ မူလသဘာဝနှင့် ဆက်စပ်နေခြင်းပင် ဖြစ်ပေလိမ့်မည်။

ဒဏ္ဍာရီလာဗီဇဆိုသည်မှာ အဘယ်နည်း။

ရှေးခေတ်ယဉ်ကျေးမှုများတွင် နတ်ဘုရားများ၊ နတ်ဆိုးများ၊ အင်မော်တယ်များ၊ ဗုဒ္ဓများဟု ခေါ်ဆိုကြသူများသည် အလွန်ပြင်းထန်သော အသက်အားများ ပိုင်ဆိုင်ကြသည်။ ၎င်းတို့၏ မွေးရာပါအသက်စွမ်းအင်နှင့် အသက်အားများသည် အဏုမြူအဆင့်အထိ ပြောင်းလဲသွားပြီး ၎င်းတို့၏ ထူးခြားသောပင်ကိုယ်လက္ခဏာများကို ဗီဇထဲတွင် ထည့်သွင်းထားနိုင်ခဲ့သည်။

ဒဏ္ဍာရီလာဗီဇထဲတွင် ပါဝင်နေသည်မှာ ထိုထူးခြားသောပင်ကိုယ်လက္ခဏာများသာဖြစ်ပြီး အပြင်ပန်းသဏ္ဍာန်ကဲ့သို့သော သာမန်အရာများ မဟုတ်ပေ။

ဥပမာအားဖြင့် အရပ်ရှည်ပြီး ဆံပင်အနက်ရောင်ရှိသည့် မိဘများမှ မွေးဖွားလာသော ကလေးသည် အရပ်ပုမည်မဟုတ်သလို ဆံပင်မှာလည်း နက်နေမည်ဖြစ်သော်လည်း မိဘနှင့် ပုံပန်းသွင်ပြင် လုံးဝတူညီမည်ဟု အာမခံ၍

မရနိုင်ပေ။ ဤအချက်သည်လည်း ဆင်တူသော ယုတ္တိရှိသည်။

နိုးထလာသော ဒဏ္ဍာရီလာဗီဇများက ပေးစွမ်းသည်မှာ ဒဏ္ဍာရီထဲက ထိုနတ်ဘုရား၏ ထူးခြားသောလက္ခဏာများသာဖြစ်ပြီး လူသားတစ်ဦးသည် ဒဏ္ဍာရီလာဗီဇကို ၁၀၀% နိုးထသည့်တိုင် မွန်းစတားတစ်ကောင် မဖြစ်လာနိုင်ပေ။

အလားတူပင် ဖုန့်လင်းသည်လည်း ကျောက်တုံးမျောက်ဗီဇကို နိုးထပြီးသည်နှင့် မျောက်တစ်ကောင်

ဖြစ်မသွားနိုင်ပေ။

သူအနေနှင့် ရှေးဦးဗီဇတစ်ခုကိုသာ နိုးထစေခဲ့ခြင်းဖြစ်ပြီး ဝိညာဉ်ပြန်လည်ဝင်စားခြင်းကဲ့သို့သော အံ့ဖွယ်ဖြစ်ရပ်များ ဘယ်လိုလုပ် ဖြစ်လာမှာလဲ?

ထို့အပြင် သူအနေဖြင့် အချိန်နှင့်အာကာသကို ကျော်လွန်သွားသကဲ့သို့ဖြစ်နေပြီး ဤသည်မှာ ယုတ္တိမတန်သော အချက်ပင်ဖြစ်သည်။

စွမ်းအင်တည်မြဲမှုဥပဒေသအရ စကြဝဠာအလွှာများကို ဖြတ်ကျော်၍

ဝညာဉ်ပြန်ဝင်စားခြင်းအတွက် အလွန်များပြားလှသော စွမ်းအင်များ လိုအပ်သည်။

သူသည် ရှေးဦးဗီဇတစ်ခုကို နိုးထခဲ့ခြင်းသာဖြစ်ပြီး ဤမျှကြီးမားသော စွမ်းအင်ကို ထုတ်လုပ်နိုင်စွမ်း ရှိနေခဲ့သလော။

ဖုန့်လင်း ဤအချက်ကြောင့် စိတ်ရှုပ်နေခဲ့သည်။

ဖြစ်နိုင်တာက...?

ဖုန့်လင်း ဒဏ္ဍာရီလာဗီဇနှင့်သက်ဆိုင်သော လျှို့ဝှက်မှတ်တမ်းတစ်ခုကို ရုတ်တရက် သတိရလာခဲ့သည်။

ဒဏ္ဍာရီများအရ နတ်ဘုရားများ၊ အင်မော်တယ်များ၊ ဗုဒ္ဓနှင့် သူတော်စင်များကို အဆင့်ခွဲခြားထားသည်။ ၎င်းတို့၏ အသန်မာဆုံးအခြေအနေတွင် ဤဇာတ်ကောင်များကို "ပရာဂွန်များ" ဟု ခေါ်ဆိုကြပြီး တစ်စုံတစ်ရာသော အား သို့မဟုတ် စွမ်းအင်တစ်ခု၏ ရုပ်လုံးဖော်မှုအဖြစ် တည်ရှိနေကြသည်။ ပရာဂွန်တိုင်းသည် ဤစကြဝဠာတွင် ပြိုင်ဘက်ကင်းပြီး အစားထိုး၍

မရနိုင်ပေ။

ခန္ဓာကိုယ်၊ ဝိညာဉ်၊ မှတ်ဉာဏ်... အရာအားလုံးသည် ပေါင်းစပ်ပြီး မသေဆုံးနိုင်သော လက္ခဏာများ ရှိလာပေမည်။

၎င်းတို့သည် အမှုန်အမွှားအဖြစ် ပျက်စီးသွားသည့်တိုင် အနည်းငယ်သော အသက်စွမ်းအင်အရိပ်အယောင်ကျန်ရှိပါက သင့်တော်သော အခြေအနေများတွင် ပြန်လည်ရှင်သန်နိုင်စွမ်း ရှိကြသည်။

ဤအချက်မှာ နားလည်ဖို့ ခက်ခဲပုံရပေမယ့် အမှန်တော့ အလွန်ရိုးရှင်းပါတယ်။

ဥပမာအားဖြင့် နဂါးများအကြောင်း ပြောကြည့်မယ်ဆိုပါစို့။ နဂါးများသည် ကမ္ဘာမြေကြီးမှ မွေးဖွားလာသော နတ်သတ္တဝါများဖြစ်သည်။ နတ်နဂါး၏လမ်းကြောင်းသည် နဂါးတစ်ကောင်၏ အထူးခြားဆုံးလက္ခဏာများကို ရရှိစေနိုင်သော်လည်း နဂါးမျိုးနွယ်၌ပင် အဆင့်အမျိုးမျိုး ကွဲပြားသည်။ နတ်နဂါးသည် နဂါးအားလုံး၏ မူလအစဖြစ်ပြီး ဤစကြဝဠာထဲတွင် ပြိုင်ဘက်ကင်းကာ မည်သူမှ အစားထိုး၍မရနိုင်ပေ။

သူ့တွင် သားတော်ကိုးပါးရှိရာ၊ နဂါးမင်း၏ ထူးခြားသော လက္ခဏာများသည် နဂါးမျိုးနွယ်အားလုံးသို့ ဆင်းသက်လာနိုင်သည်။ အကယ်၍ မျိုးရိုးဗီဇဆိုင်ရာ နည်းလမ်းများဖြင့် မူလသွေးမျိုးဆက်ကို ပြန်လည်ရှာဖွေနိုင်မယ်ဆိုရင် ဖြစ်နိုင်တာက...

ဤသည်မှာ နတ်ဘုရားဖြစ်တည်မှုများထဲတွင်ပင် အထွတ်အထိပ်တွင်ရှိသည့် အရာများဖြစ်သည်။ ၎င်းတို့၏ ထူးခြားသောလက္ခဏာများသည် ဗီဇမှတစ်ဆင့် လက်ဆင့်ကမ်းနိုင်ပြီး ၎င်းနှင့်ဆက်စပ်သော မျိုးရိုးအမွေ မှတ်ဉာဏ်များ ရှိနိုင်ခြေ အလွန်မြင့်မားသည်။

ဤသည်မှာ ဒဏ္ဍာရီဆိုင်ရာ သီအိုရီ၏ အထူးယူဆချက်တစ်ခုဖြစ်ပြီး ယနေ့အထိတိုင် အပြည့်အဝ သက်သေမပြနိုင်သေးပေ။

ဤအရာကို "မသေဆုံးနိုင်သော ဒဏ္ဍာရီအယူအဆ" ဟုခေါ်သည်။ အဘယ်ကြောင့်ဆိုသော် ဗီဇအတွင်းတွင် ပါဝင်နေသော မျိုးရိုးအမွေ မှတ်ဉာဏ်များသည် ဤယူဆချက်ကို တစ်စိတ်တစ်ပိုင်း သက်သေပြနိုင်သောကြောင့် ဖြစ်သည်။

မရေမတွက်နိုင်သော ကြယ်တာရာကျင့်ကြံသူတို့၏ အတွေ့အကြုံများအရ၊ ဤကဲ့သို့သော စွမ်းအားမျိုးကို နိုးထစေရန် သူတို့သည် ဗီဇဖွံ့ဖြိုးမှုမှတစ်ဆင့် မသေဆုံးနိုင်သော မျိုးရိုးအမွေ မှတ်ဉာဏ်များ၏ တစ်စိတ်တစ်ပိုင်းကို ရရှိနိုင်သည်။ တစ်နည်းအားဖြင့် ရှေးခေတ်နတ်ဘုရားများ၏ အမွေအနှစ်များကို ဤနည်းဖြင့် ရရှိနိုင်သည်။

ထို့ကြောင့် ဤကဲ့သို့သော ဗီဇများကို "မျိုးရိုးအမွေဗီဇ"ဟု ခေါ်ဆိုကြသည်။

မျိုးရိုးအမွေဗီဇများသည် အဆင့်ခွဲခြားမထားသော ဗီဇတစ်မျိုးဖြစ်သည်။ ၎င်း၏ အကြီးမားဆုံးသော လက္ခဏာမှာ ၎င်းတို့သည် ထူးခြားပြီး တစ်ခုတည်းသာရှိသော အရာများဖြစ်ခြင်းပင်ဖြစ်သည်။

ဗီဇအများစုမှာ ယေဘုယျဗီဇများဖြစ်ကြပြီး ၎င်းတို့၏ ဂုဏ်သတ္တိများနှင့် စွမ်းရည်များမှာ ဆင်တူနေသော်လည်း မတူညီသော ဗီဇကျင့်ကြံမှုလမ်းကြောင်းများ ပေါ်ထွက်လာနိုင်ခြေ ရှိသည်။

ဥပမာအားဖြင့် "ဘီလူးဗီဇ" ကို မီးဘီလူး၊ ရေခဲဘီလူး၊ တိုက်တန်.... အစရှိသည်ဖြင့် အမျိုးမျိုး ဆင့်ကဲ့ပြောင်းလဲနိုင်သည်။

သို့သော် မျိုးရိုးအမွေ ဗီဇများမှာမူ ကွဲပြားသည်။ ၎င်းတို့တွင် ဒဏ္ဍာရီဆိုင်ရာ အမွေအနှစ်များ ပါဝင်နေပြီး မည်သူမဆို မျိုးရိုးအမွေဗီဇတစ်ခုကို နိုးထလာစေပါက ၎င်းတို့အတွက် ကျင့်ကြံရန် လမ်းကြောင်းမှာ တစ်ခုတည်းသာ ရှိတော့မည်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် နတ်ဘုရားဖြစ်တည်မှုများထဲက ပရာဂွန်များတွင် ၎င်းတို့၏ ကိုယ်ပိုင်လမ်းကြောင်းများ ရှိကြပြီး၊ ထိုသူတို့နည်းတူ လမ်းကြောင်းပေါ် ခြေချမိသူသည် သွားရမည့်လမ်းကို အံကြိတ်ကာ ဆက်လျှောက်ရမည် ဖြစ်သောကြောင့်ပင်။

ဒီဟာ သူ့မှာ ဖြစ်ပျက်နေတဲ့ အရာနဲ့ ကိုက်ညီနေတာလား?။

ဖုန့်လင်း၏ နှလုံးသား တဒိန်းဒိန်း ခုန်လာခဲ့သည်။ ဒါက ဖြစ်နိုင်ခြေ ရှိပါတယ်။

ဒဏ္ဍာရီလာဇာတ်ကောင်များထဲတွင်

စွန်းဝူခုန်းသည် ကောင်းကင်ဘုံခုံရုံးကို ဗြောင်းဆန်အောင် ဖျက်စီးခဲ့ကာ "ကောင်းကင်ဘုံနှင့်ညီမျှသော မဟာသူတော်စင်" အဖြစ် ခံယူခဲ့သည်။ သူသည် နတ်ဘုရားများထဲတွင်ပင်

ပရာဂွန်တစ်ဦး ဖြစ်နိုင်ခြေများသည်။

ဤကမ္ဘာတွင် မျောက်မျိုးစိတ်ပေါင်းများစွာ ရှိသော်လည်း "ကောင်းကင်ဘုံနှင့်ညီမျှသော မဟာသူတော်စင်" မှာမူ တစ်ဦးတည်းသာ ရှိသည်။

ကျောက်တုံးမျောက်ဗီဇသည် ဤစွမ်းရည်ကို ပိုင်ဆိုင်ထားသည့် မျိုးရိုးအမွေ ဗီဇတစ်ခု ဖြစ်နိုင်ခြေများသည်။

ထို့အပြင် စွန်းဝူခုန်း၏ စွမ်းအားသည် စိတ်ကူး၍မရနိုင်အောင် ကြီးမားလှသည်။ ဖုန့်လင်း ဤရှေးဦးဗီဇကို နိုးထစေသည့်အချိန်မှစ၍ သူ၏မျိုးရိုးအမွေ မှတ်ဉာဏ်များ စတင်ပေါ်ပေါက်လာခြင်း ဖြစ်နိုင်သည်။

ဆိုလိုသည်မှာ ကျောက်တုံးမျောက်ဗီဇကို နိုးထစေသူများအတွက် ရွေးချယ်စရာ ကျင့်ကြံမှုလမ်းကြောင်းမှာ တစ်ခုသာ ရှိသည်။ ထိုလမ်းကြောင်းမှာ စွန်းဝူခုန်း၏ လမ်းကြောင်းမှလွဲ၍ အခြားမဟုတ်ပေ။

သူ အခု ကြုံတွေ့နေရတဲ့ အရာတွေက

စွန်းဝူခုန်းက သူ့ဗီဇထဲမှာ ချန်ထားခဲ့တဲ့ မျိုးရိုးအမွေ မှတ်ဉာဏ်တွေ ဖြစ်နိုင်

မလား?

ဖုန့်လင်း ရုတ်တရက် ဉာဏ်အလင်းရသွားသည့် ခံစားချက်ကို ခံစားလိုက်ရသည်။ သူမျှော်လင့်မထားသည်မှာ

စွန်းဝူခုန်း၏ စွမ်းအားသည် ဤမျှကြီးမားနေသည်ကိုပင်။ မှတ်ဉာဏ်များကိုယ်၌ကပင် သူ့ကို အစစ်အမှန်နီးပါးဖြစ်သော စိတ်ကူးယဉ်နယ်ပယ်ထဲသို့ ဆွဲခေါ်နိုင်စွမ်းရှိသည်။ ဒါက ဘယ်လောက်တောင် ထိတ်လန့်စရာ ကောင်းလိုက်သလဲ။

ထို့ကြောင့်ပင် သူ ဤအတွင်းတွင် ပိတ်မိနေခဲ့ပြီး လွတ်မြောက်အောင် မတတ်နိုင်ခြင်း ဖြစ်သည်။

သူ ယခု ကြုံတွေ့နေရသော အရာများသည် စွန်းဝူခုန်း ယခင်က ကြုံတွေ့ခဲ့ရသည့် မှတ်ဉာဏ်များ ဖြစ်နိုင်သည်။

မှတ်တမ်းအချို့အရ၊ မျိုးရိုးဗီဇဆိုင်ရာ မှတ်ဉာဏ်များကို မူလအစအထိ ခြေရာခံနိုင်ပါက တစ်စုံတစ်ရာသော စွမ်းရည် (သို့) အမွေအနှစ်တစ်ခုကို ရရှိနိုင်သည်ဟု ဆိုသည်။

ဤကဲ့သို့သော ကျင့်ကြံခြင်းနည်းစနစ်ကို "မှတ်ဉာဏ်အတတ်" ဟု ခေါ်ဆိုကြသည်။

မျိုးရိုးအမွေ ဗီဇတစ်ခုစီ၏ အတွင်းတွင် ပုန်းခိုနေသော ရှေးဦးစိတ်ဆန္ဒသည် မူလနတ်ဘုရား၏ မှတ်ဉာဏ်အစိတ်အပိုင်းကို ပိုင်ဆိုင်ထားပြီး ဤသည်မှာ မျိုးရိုးအမွေဗီဇများ အလွန်တရာ စွမ်းအားကြီးမားရခြင်း၏ အကြောင်းရင်းဖြစ်သည်။

ကျောက်တုံးမျောက်၏ ပင်ကိုယ်ဗီဇကို နိုးထစေခြင်းဖြင့်၊ ဖုန့်လင်းမှာ စွမ်းအင်မှ ချီသို့ပြောင်းလဲနည်းနှင့် ကြယ်တာရာအသက်ရှူနည်းစနစ်ကို သင်ယူနိုင်ခဲ့သည်။ ဤသည်မှာလည်း အမွေအနှစ်တစ်မျိုးပင် မဟုတ်ပါလော။

သို့သော် ကျောက်တုံးမျောက်ဗီဇ၏ ဗီဇအဆင့်သည် ယခုအချိန်တွင် အလွန်နိမ့်နေသေးသောကြောင့်၊ နိုးထလာသော မှတ်ဉာဏ်များတွင် အကန့်အသတ်ရှိနေခဲ့၏။ သူ အခုအချိန်တွင် အကြောင်းအရာ အများအပြားကို မြင်နိုင်ခြင်း မရှိသေးပေ။

သို့သော် ဖုန့်လင်းသည် ဘိုးဘေးကျောက်တုံးမျောက်၏ မှတ်ဉာဏ်များကို ဆက်လက်စူးစမ်းခဲ့ပါက ပိုမိုများပြားသော အကျိုးကျေးဇူးများ ရရှိနိုင်လိမ့်မည်ဟု ယုံကြည်ခဲ့သည်။

သို့သော် အလျင်စလို လုပ်စရာမလိုပေ။ သူ၏ဗီဇထဲတွင် ပုန်းခိုနေသော ဤမှတ်ဉာဏ်များသည် ဘယ်ကိုမှ ထွက်မပြေးနိုင်ချေ။

မှတ်ဉာဏ်များ ဤမျှများပြားလှပါက၊ သူအနေဖြင့် တိုတောင်းသော အချိန်အတွင်း ၎င်းတို့အားလုံးကို ချေဖျက်နိုင်မည် မဟုတ်ပေ။

သူ ယခု လုပ်ဆောင်ရမည့်အရာမှာ သူ၏ကျင့်ကြံမှုကို တည်ငြိမ်အောင် ပြုလုပ်ရန်ဖြစ်သည်။

ကျောက်တုံးမျောက်ဗီဇသည် ယခုလေးတင် စုစည်းသွားခြင်းဖြစ်ပြီး၊ သူ ပထမဦးဆုံး ၎င်းနှင့် ရင်းနှီးကျွမ်းဝင်အောင် လုပ်ရပေမည်။ သူ့အတွက် ဤမှတ်ဉာဏ်များကြောင့် ဖြစ်ပေါ်လာသော စိတ်ကူးယဉ်နယ်ပယ်ထဲသို့ ထပ်မံဝင်ရောက်နိုင်သည့် အခွင့်အလမ်းများ အများအပြား ရှိဦးမည် ဖြစ်သည်။

သို့သော် ဒီနေရာကနေ သူ ဘယ်လိုထွက်ရမှာလဲ?

ဖုန့်လင်း ဖြည်းဖြည်းချင်း စဉ်းစားခဲ့ပြီး၊ သူ၏မျက်လုံးထဲမှ အလင်းရောင်သည် ဖြည်းဖြည်းချင်း ပိုမိုရှင်းလင်းလာတော့၏။

ဤအရာအားလုံးသည် စိတ်ကူးယဉ်နယ်ပယ်တစ်ခုသာ ဖြစ်သောကြောင့်၊ ဤသည်မှာ စိတ်ကို လွှမ်းမိုးနိုင်သော မှားယွင်းသည့် မြင်ကွင်းတစ်ခု ဖြစ်လိမ့်မည်။ ဤသည်မှာ ပုံရိပ်ယောင် နည်းစနစ် (သို့) အိပ်မက်ကမ္ဘာတစ်ခုနှင့်ခပ်ဆင်ဆင်ပင်။

သူ ယခု လုပ်ဆောင်ရမည့်အရာမှာ သူ့ကိုယ်သူ နိုးထစေရန်ဖြစ်ပြီး၊ ဤနေရာတွင် သူ့ကိုယ်သူ ဆက်လက်ပျောက်ဆုံးနေခြင်းမှ ရပ်တန့်ရမည်။

ဤအချက်ကို တွေးမိလိုက်သောအခါ၊ ဖုန့်လင်း သူ့စိတ်ကို အာရုံစိုက်လိုက်သည်။ သူ ကြမ်းပြင်ပေါ်တွင် ခြေချင်းချိတ်ထိုင်ကာ ကျင့်ကြံသည့် အနေအထားသို့ ဝင်ရောက်သွားခဲ့ပြီး အရာအားလုံးကို တဖြည်းဖြည်းနှင့် မေ့လျော့သွားတော့၏။

သူ၏စိတ်သည် ရေကန်တစ်ခုကဲ့သို့ ငြိမ်သက်သွားပြီး ဂယက်ထမှုများ မရှိတော့ပေ။

နိုးလာစမ်း... နိုးလာစမ်း... နိုးလာစမ်း...

အားနည်းသော အသံတစ်ခုသည် သူ၏နှလုံးသားထဲမှ ထွက်လာကာ၊ သူ့နားထဲတွင် ပဲ့တင်နေခဲ့သည်။ သူ၏ရေကန်ကဲ့သို့ နှလုံးသားတွင် သေးငယ်သော လှိုင်းဂယက်များ စတင်ဖြစ်ပေါ်လာသည်။

ပုံရိပ်ယောင်အားလုံးကို ဖြတ်ကျော်လိုက်သောအခါ၊ ဖုန့်လင်း၏ စူးရှသော အသိစိတ်သည် သူ့ပတ်ဝန်းကျင်ရှိ အရာများ ကျိုးပဲ့သွားသည့်မှန်တစ်ချပ်ကဲ့သို့ သတိပြုမိခဲ့သည်။ သူရှိနေသော ဤစိတ်ကူးယဉ်နယ်ပယ်သည် မြူများဖြင့် ဖုံးလွှမ်းလာပြီး၊ အမြင်အာရုံတွင် ဝေးဝါးလာကာ၊ အမှန်တရားကို ဖုံးကွယ်ထားနိုင်စွမ်း မရှိတော့ပေ။

ဖုန့်လင်း၏ အသိစိတ်သည် ပိုမိုရှင်းလင်းလာပြီး သူ ရွှံ့နွံထဲမှ ထွက်ပေါ်လာသကဲ့သို့ ခံစားလိုက်ရသည်။

သူ၏မျက်လုံးများ ပွင့်လာသောအခါ၊ စိတ်ကူးယဉ်နယ်ပယ်သည် လုံးဝကျိုး ပျက်သွားပြီး၊ သူသည် သူ့အခန်းထဲတွင်သာ ရပ်နေသည်ကို တွေ့လိုက်ရသည်။

သူ၏ခန္ဓာကိုယ်ပေါ်တွင် စေးကပ်နေသော အရာများ ဖုံးအုပ်နေသည်ကိုသာ ခံစားမိခဲ့သည်။ ဗီဇဆင့်ကဲပြောင်းလဲမှုတစ်ခုသည် ခန္ဓာကိုယ်မှ အညစ်အကြေးများကို ဖယ်ရှားပေးလေ့ရှိသည်။

သို့သော် ဖုန့်လင်း ဤစေးကပ်နေသော အရာများကို မဆေးကြောမီ... သူ၏အသက်စွမ်းအင်အဆင့်သည် ရုတ်တရက် ပေါက်ကွဲသည့်အလား တိုးတက်လာခဲ့သည်!

All Chapters