ဝိညာဉ်ဗီဇ
Vol. 6 Ch. 78
ကျောက်တုံးမျောက်ဗီဇ × ၁၀ + ဝိညာဉ်ဗီဇ × ၁၀ = ဝိညာဥ်ကျောက်တုံးမျောက်ဗီဇ
ရင်းနှီးပုံရသော ညီမျှခြင်းတစ်ခုပင်။
ကျောက်တုံးမျောက်ဗီဇနှင့် ဝိညာဉ်ဗီဇတို့သည် လုံလောက်သည့် အဆင့်မြင့်အဆင့်အထိ အားဖြည့်ပြီးမှသာ ဝိညာဥ်ကျောက်တုံးမျောက်ဗီဇအဖြစ် ပြောင်းလဲနိုင်မည်ဖြစ်သည်။
လူ့အဖွဲ့အစည်းများ၏ ယဥ်ကျေးမှု နှင့် ဒဏ္ဍာရီတိုင်းတွင် ကိန်းဂဏန်းများ၏ အဓိပ္ပါယ်သည် ကွဲပြားသည်။ တရုတ်ရှေးဟောင်းဒဏ္ဍာရီများတွင် '၇'သည် တွက်ချက်မှု၏ အဆုံးစွန်ကန့်သတ်မှတ်ဖြစ်ပြီး '၉'သည် ကိန်းဂဏန်းများ၏ အဆုံးစွန်ကန့်သတ်မှတ်ဖြစ်သည်။
သို့သော် '၁၀'သည် နောက်ဆုံး ပြီးပြည့်စုံခြင်းကို ကိုယ်စားပြုသည့်ကိန်းဂဏန်းပင်။
ဝိညာဥ်ကျောက်တုံးမျောက်ဗီဇ၏ ဆင့်ကဲပြောင်းလဲမှုဖော်မြူလာသည် ၎င်းကိုဖွဲ့စည်းထားသော အစိတ်အပိုင်းနှစ်ခုလုံးကို အမှတ် ၁၀ အထိ အားဖြည့်ရန် တောင်းဆိုထားသည်။ ဤကိန်းဂဏန်းသည် ကောင်းကင်နှင့်မြေကြီး မှ မွေးဖွားလာသည့် နိယာမတစ်ခုနှင့်ဆိုင်ပုံရကာ အမှိုက်ကိုပင် မှော်ဆန်သည့် တစ်စုံတစ်ခုအဖြစ်သို့ ပြောင်းလဲနိုင်သည့်ပုံပင်။
ဤအယူအဆသည် မျက်ကန်းမှန်းဆချက်သက်သက်သာမဟုတ်ဘဲ ယင်း၏နောက်ကွယ်တွင် သက်သေအထောက်အထားများရှိသည်။
ဥပမာအားထြင့် - မျောက်ဗီဇနှင့် ကျောက်ဖြစ်ဗီဇတို့သည် အဆင့်နိမ့်အခြေခံ ဗီဇများဖြစ်သော်လည်း ၎င်းတို့ပေါင်းစပ်ရာမှဖြစ်လာသော ကျောက်တုံးမျောက်ဗီဇသည်ကား အမှန်ပင် ဗီဇပြောင်းလဲမှုအဆင့်၌ ရှိသည်။
ရှေးဦးဗီဇအနေနှင့် စုစုပေါင်း အဆင့်သုံးဆင့် မြင့်တက်လာကာ ဗီဇပြောင်းလဲမှုအဆင့်သို့ ရောက်ရှိခဲ့ပြီး ဤအချက်သည် သူ၏မျောက်ဗီဇနှင့် ကျောက်ဖြစ်ဗီဇတို့သည် လူသားများ၏အားဖြည့်မှုအကန့်အသတ်ကို ကျော်လွန်ပြီး ၁၀ မှတ် အထိ ရောက်ရှိလာခြင်းနှင့် ဆက်စပ်နေနိုင်သည်။
သို့သော် ဤသည်မှာ မှန်းဆချက်သာဖြစ်ပြီး ယုံကြည်စိတ်ချရမှုမရှိသေးပေ။ သို့တိုင် ဖုန့်လင်း၏ မျှော်လင့်ချက်ကို ဖြည့်ဆည်းရန်အတွက် လုံလောက်သည့် အကြောင်းပြချက်ရှိနေပြီဖြစ်သည်။
ယခုတွင် ဤပုံသေနည်းအသစ်မှာ ကျောက်တုံးမျောက်ဗီဇနှင့် ဝိညာဉ်ဗီဇတို့ကို အမှတ် ၁၀ အထိ အားဖြည့်ရန် လိုအပ်ကြောင်း ဖော်ပြထားပြီး ဤအခြေအနေမှာ အလွန်အမင်း ဆင်တူနေခဲ့၏။
ဖုန့်လင်းအနေဖြင့်မူ သူ၏အနာဂတ်မှ
ဝိညာဥ်ကျောက်တုံးမျောက်ဗီဇသည် မည်သည့်စွမ်းရည်များကို ဖွင့်ထုတ်ပေးလိမ့်မည်ကို စိတ်လှုပ်ရှားစွာ မျှော်လင့်နေမိလေ၏။
လက်ရှိအချိန်တွင် ဝိညာဥ်ကျောက်တုံးမျောက်ဗီဇသည် နိုးထလာခြင်းမရှိသေးဘဲ ၎င်းသည် တောက်ပနေသောကြယ်များကဲ့သို့ နိုးထပြီးသား ဗီဇများနှင့် နှိုင်းယှဉ်လျှင် မှောင်မိုက်နေသေးသော ကြယ်တစ်လုံးသာဖြစ်သည်။
ဖုန့်လင်း စိတ်မရှည်နိုင်တော့ဘဲ စတင်လေ့လာလိုက်ပြီး မကြာမီပင် မှုန်ဝါးနေသော အချက်အလက်အပိုင်းအစတစ်ခုသည် သူ၏စိတ်ထဲတွင် ဝင်းကနဲ ဖြတ်သွားခဲ့သည်။
ဝိညာဥ်ကျောက်တုံးမျောက်ဗီဇ -
ဝိညာဥ်ကျောက်တုံးမျောက်သည် အသွင်ပြောင်းနိုင်စွမ်းရှိပြီး ကြယ်တာရာများ၏တည်နေရာကို ပြောင်းလဲနိုင်ကာ နက္ခတ်ဗေဒင်နှင့် ပထဝီဝင်တို့တွင် ကျွမ်းကျင်သည်။ ၎င်းသည် ဖရိုဖရဲကမ္ဘာ့မျောက်လေးမျိုးအနက်မှ တစ်မျိုးပင်။
ဤရိုးရှင်းသော အချက်အလက်သည် ဖုန့်လင်းအား အတွေးများစေခဲ့သည်။
အသွင်ပြောင်းနိုင်ခြင်း၊ နက္ခတ်ဗေဒင်နှင့် ပထဝီဝင်တွင် ကျွမ်းကျင်ခြင်း၊ ကြယ်တာရာများ၏တည်နေရာကို ပြောင်းလဲနိုင်ခြင်း?... ဝိညာဥ်ကျောက်တုံးမျောက်ဗီဇက ဒီစွမ်းရည်တွေကို ဘယ်လောက်ပမာဏအထိ လုပ်နိုင်
လိမ့်မလဲ?။
စွမ်းရည်တစ်ခုချင်းစီသည် နားလည်ရလွယ်ကူသော်လည်း သူ့အနေနှင့် ၎င်းတို့ကို မည်မျှအတိုင်းအတာအထိ ဖြစ်မြောက်အောင် လုပ်ဆောင်နိုင်မည်ဟူသည် အကြံမရှိပေ။
အသွင်ပြောင်းနိုင်တယ်ဆိုတာက သူရဲ့အပြင်ပန်းပုံသဏ္ဌာန်ကိုပဲ ပြောင်းလဲနိုင်မှာလား? ဒါမှမဟုတ် ဒဏ္ဍာရီလာ
စွန်းဝူခုန်းလိုပဲ အမျိုးမျိုးသော ပုံစံတွေအဖြစ် ပြောင်းလဲနိုင်မှာလား?
နက္ခတ်ဗေဒင်၊ ပထဝီဝင်နဲ့ ကြယ်တာရာတွေရဲ့ တည်နေရာကို ပြောင်းလဲနိုင်စွမ်းမှာ ထူးချွန်တယ်ဆိုရင် သူ့ရဲ့အကန်အသတ်က ဘယ့်အဆင့်အထိ ရှိနိုင်လိမ့်မလဲ?
ဒဏ္ဍာရီများအတွင်းတွင် စွန်းဝူခုန်းသည် အနန္တတန်ခိုးရှင် ဖြစ်ဟန်ရကာ အရာရာကို လုပ်ဆောင်နိုင်သည့်ပုံပင်။ ဒီစွမ်းရည်တွေက သူ့ရဲ့ဗီဇကပေးတာလား ဒါမှမဟုတ် ကျင့်ကြံပြီးမှ ရလာတာလား?
ဤမေးခွန်းများအားလုံးသည် အဖြေမရှိသေးသော မေးခွန်းများဖြစ်နေဆဲပင်။
လက်ရှိအချိန်သည် ဖုန့်လင်းအတွက်လည်း အမှန်တရားကို ခွဲခြားသိနိုင်ရန် ခက်ခဲနေဆဲဖြစ်သည်။ သူ၏အားဖြည့်မှုအဆင့်သည် အဆင့်တစ်ခုသို့ ရောက်ရှိမှသာ ဤအရာများကို နားလည်နိုင်မည်ဖြစ်သည်။
ဥပမာအားဖြင့်၊ ကြယ်တာရာကျင့်ကြံသူများ မဖြစ်သေးသူများအနေနှင့် ကြယ်တာရာကျင့်ကြံသူများ၏
စွမ်းအားအစစ်အမှန်ကို ဘယ်သောအခါမှ နားလည်နိုင်မည်မဟုတ်ပေ။
လက်ရှိအချိန်တွင် ဤမျှဝေးဝေးလံလံ စဉ်းစားနေခြင်းသည် အသုံးမဝင်ပေ။
ဤသည်မှာ သူ၏အနာဂတ်လမ်းကြောင်းနှင့် သက်ဆိုင်ပြီး အရာရာသည် ဝေဝါးနေဆဲဖြစ်သော်လည်း ယခုအချိန်၌ သူ့တွင် မျှော်လင့်ချက်တို့ဖြင့် ပြည့်နေခဲ့သည်။
ဗီဇဖော်မြူလာကို အဖြေထုတ်ပြီး ဗီဇအလားအလာများကို အပြီးသတ်ရန် အချိန်တန်ပြီဖြစ်သည်။
ဖုန့်လင်း ကျောက်တုံးမျောက်ဗီဇထဲသို့ ဗီဇအမှတ်တစ်ခု ထည့်သွင်းခဲ့လိုက်၏။ သို့သော် မည်သည့်အပြောင်းအလဲမျှ မဖြစ်ပေါ်ခဲ့ဘဲ ကျောက်တုံးမျောက်ဗီဇ၏ အားဖြည့်မှုပမာဏသည် ၁၀၀% တိုးလာမှုကို ပြသနေဆဲဖြစ်သည်။
ဘာဖြစ်နေတာလဲ?
ဗီဇအလားအလာ ၁၀၀% က နိုးထပြီးသား ဗီဇကို တစ်မှတ်ထဲနဲ့အားဖြည့်ဖို့ လုံလောက်တယ် မဟုတ်လား? ဘာလို့ အခုကျမှ အသုံးမဝင်ဖြစ်နေတာလဲ?
ဖုန့်လင်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့သည်။ ဗီဇအလားအလာကို ကိန်းဂဏန်းများအဖြစ်သိနိုင်ပြီး ဗီဇကို အလွယ်တကူ အားဖြည့်နိုင်ခြင်းသည် သူ၏အကြီးမားဆုံးသော အားထားရာဖြစ်သည်။ ဗီဇအလားအလာသာ လုံလောက်ပါက မည်သည့်အခက်အခဲကိုမဆို သူ
မကြောက်ရွံ့ပေ။
သို့သော် ဤစနစ် အလုပ်မလုပ်တော့ပါက၊ သူ၏အနာဂတ်လမ်းကြောင်းသည် ယခုကဲ့သို့ လွယ်ကူချောမွေ့မည် မဟုတ်တော့ဘဲ အခက်အခဲများသည် အဆမတန် များပြားလာမည်ဖြစ်သည်။
သူ၏စိတ်သဘောထားမှာ ယခုအချိန်တွင် ပိုမိုရင့်ကျက်လာသော်လည်း၊ သူ အနည်းငယ် ထိတ်လန့်သွားခဲ့သည်။
သူ ကျောက်တုံးမျောက်ဗီဇသို့ ဗီဇအမှတ်တစ်ခု ထည့်သွင်းခဲ့သော်လည်း၊ ဗီဇ၏ အားဖြည့်မှုပမာဏတွင် မည်သည့်အပြောင်းအလဲမျှ မရှိခဲ့ပေ။
ဖုန့်လင်း အဘယ်ကြောင့်ဆိုသည်ကို နားမလည်နိုင်ခဲ့ပေ။ သူ မယုံနိုင်ဖြစ်ကာ ဒုတိယအမှတ်ကို ထပ်မံထည့်သွင်းခဲ့သော်လည်း၊ မည်သည့်အပြောင်းအလဲမျှ မရှိခဲ့ပေ။
သူ တတိယအမှတ်အား ကျောက်တုံးမျောက်ဗီဇသို့ ထပ်မံထည့်သွင်းခဲ့ပြီး ဗီဇအလားအလာ ၃၀၀% ထည့်သွင်းပြီးကြောင်း ပြသနေသော်လည်း၊ အားဖြည့်မှုပမာဏသည် မပြောင်းလဲဘဲ ရှိနေဆဲဖြစ်သည်။
ယခုအချိန်ထိ ပြဿနာမရှိသေးဟု ခံစားနေရပါက၊ သူ့ဦးနှောက်တွင် ပြဿနာရှိနေပြီဟု ဆိုလိုခြင်းပင်။
သူ စိတ်ကိုတည်ငြိမ်စွာထားလိုက်ကာ ဗီဇအမှတ်များကို ဆက်လက်၍ အလဟဿမဖြုန်းတီးရန် ဆုံးဖြတ်ခဲ့သည်။
တူညီသောအမှားကို ထပ်မလုပ်သင့်တော့ပေ။ သူ ကျောက်တုံးမျောက်ဗီဇထဲသို့ ၁၀၀% တန်ဖိုးရှိသော ဗီဇအမှတ်သုံးမှတ်ထည့်သွင်းခဲ့သော်လည်း ဘာအကျိုးမှ မရှိခဲ့ပေ။ ဤအခြေအနေနောက်ကွယ်တွင် အကြောင်းရင်းတစ်ခုခုရှိရလိမ့်မည်။
အကြောင်းရင်းကိုမရှာဖွေနိုင်ဘဲ ဗီဇအမှတ်များကို ဆက်လက်ထည့်သွင်းနေပါက သူ၏ဗီဇအမှတ်များကို အလဟဿဖြုန်းတီးရာရောက်ပေလိမ့်မည်။
အားဖြည့်မှုပမာဏသည် ၃၀၀% ကိုပြသနေသော်လည်း အချို့အကြောင်းများကြောင့် ကျောက်တုံးမျောက်ဗီဇ၏ အဆင့်တိုးလာခြင်း မရှိခဲ့ပေ။
ဖုန့်လင်း အလွန်အမင်း ပဟေဠိဖြစ်သွားခဲ့ရသည်။ သူ၏ ဗီဇညီမျှခြင်းစွမ်းရည်ကို အာရုံစိုက်ကာ အချိန်အတန်ကြာ အချက်အလက်များကိုလေ့လာပြီးနောက် နောက်ဆုံးတွင် အကြောင်းရင်းကို နားလည်သွားခဲ့သည်။
ဗီဇအလားအလာ ၁၀၀% သည် အခမဲ့ဗီဇအမှတ်တစ်မှတ်အဖြစ် ပြောင်းလဲနိုင်သော်လည်း ယင်းသည် အခြေခံဗီဇများကို အားဖြည့်ရာတွင်သာ အသုံးဝင်သည်။ရှေးဦးဗီဇများကို တစ်မှတ်ထဲနှင့် အားဖြည့်လိုပါက ဗီဇအလားအလာ ၁၀၀၀% လိုအပ်သည်။ ဤကုန်ကျမှုပမာဏသည် အခြေခံဗီဇများအား အားဖြည့်ခြင်းထက် ဆယ်ဆများပြားသည်။
ရှေးဦးဗီဇမှအစပြု၍ ဗီဇအဆင့်တိုးလာမှုတိုင်းသည် ကြီးမားသည့်တိုးတက်မှုတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။ ထို့ကြောင့် ရှေးဦးဗီဇများအားဖြည့်ရန် လိုအပ်သော ဗီဇအလားအလာပမာဏသည် ဆယ်ဆပိုများသည်။
ယခုအချိန်တွင် ဖုန့်လင်း၌ ဗီဇအလားအလာ ၂၀၁% သာကျန်ရှိတော့သည်။
သို့သော်လည်း သူ စဉ်းစားကြည့်လိုက်သောအခါ အရာရာသည် ယုတ္တိရှိလာခဲ့သည်။ ရှေးဦးဗီဇများ၏ အလားအလာသည် အခြေခံဗီဇများထက် များစွာသာလွန်ပြီး ၎င်းတို့၏စွမ်းရည်များသည်လည်း သဘာဝအားဖြင့် ပိုမိုအားကောင်းပေလိမ့်မည်ဖြစ်သည်။
ရှေးဦးဗီဇတစ်ခုကို အမှတ်တစ်မှတ်စီ တိုးမြင့်သည့်အခါတိုင်း ၎င်းမှ အသုံးပြုသူအား ပေးသော အသွင်ပြောင်းမှုသည်လည်း ထိုအတိုင်းပင် ပိုမိုတိုးမြင့်လာမည်ဖြစ်သည်။
သူသာ ဗီဇအလားအလာ ၁၀၀% ဖြင့် ရှေးဦးဗီဇကို အားဖြည့်နိုင်ခဲ့ပါက၊ ဤအရာသည် အခြေခံအားဖြင့် စကြာဝဠာ၏ နိယာမများနှင့် မကိုက်ညီသော အရာတစ်ခုဖြစ်လာလိမ့်မည်ဖြစ်သည်။
သို့သော် နားလည်ခြင်းနှင့် လက်တွေ့လုပ်နိုင်ခြင်းသည် ကွဲပြားသည်။
ဖုန့်လင်း ယခုအချိန်တွင် အလွန်ပင် စိတ်ညစ်နေမိသည်။
အစတွင် သူ၏ ဗီဇအလားအလာပမာဏမှာ အသုံးပြုရန် လုံလောက်နေသေးသည်ဟု ထင်ခဲ့ပြီး၊ ယခုအခါတွင် ၎င်းကို လက်လွတ်စပယ် ဖြုန်းတီးမိသလို ဖြစ်နေသည်။ ကျောက်တုံးမျောက်ဗီဇကို အားဖြည့်ရန်အတွက်ပင် လုံလောက်သော ပမာဏမရှိတော့ပေ။
ဗီဇအလားအလာ ၁၀၀၀% သို့ ရောက်ရှိရန် အလှမ်းဝေးနေဆဲဖြစ်ပြီး ယခုအချိန်တွင် ကျောက်တုံးမျောက်ဗီဇကို အားဖြည့်ရန် စဉ်းစားခြင်းကို ခဏရပ်နားထားနိုင်သည်။
အခုချိန်မှာ ဝိညာဉ်ဗီဇကို ဘယ်လိုဖွဲ့စည်းရမလဲဆိုတာ ရှင်းရှင်းလင်းလင်း သိထားတာက ပိုကောင်းတယ် မဟုတ်လား?
ပြောရမည်ဆိုလျှင်၊ ကျောက်တုံးမျောက်ဗီဇမှ ဝိညာဥ်ကျောက်တုံးမျောက်ဗီဇသို့ ဆင့်ကဲပြောင်းလဲရန် လိုအပ်သော အခြားဗီဇမှာ ဝိညာဉ်ဗီဇဖြစ်နေခြင်းမှာ ထူးဆန်းလှသည်။
အကြောင်းအချို့ကြောင့် စွန်းဝူခုန်း၏ မွေးရာပါဉာဏ်ရည်သည် အခြားသူများထက် သာလွန်နေသည်ကို သူ တွေးလိုက်မိသည်။ အစပိုင်းတွင်
စွန်းဝူခုန်းအကြောင်း ဖော်ပြရာတွင် အခြားဖော်ပြချက်တစ်ခုလည်း ရှိခဲ့သည်...
"နှလုံးသားသည် မျောက်ကဲ့သို့ ခုန်ပေါက်မြူးတူးနေပြီး စိတ်သည် ဒုန်းစိုင်းပြေးနေသော မြင်းကဲ့သို့ပင်"။ အစပိုင်းတွင် သူ အလွန် ဂနာမငြိမ်ဖြစ်နေခဲ့ပြီး "နှလုံးသားမျောက်" ဟူသော အမည်ဖြင့် ခေါ်တွင်ခဲ့သည်။ သူ၏စိတ်နှင့် နှလုံးသားကို မည်ကဲ့သို့ တည်ငြိမ်စွာထားရမည်ဖြစ်ကြောင်း သင်ယူပြီးမှသာ ပိုမိုအားကောင်းလာခဲ့သည်။
ထိုသို့ဆိုလျှင် အရာရာသည် အဓိပ္ပါယ်ရှိလာ၏။
ဖုန့်လင်း ဝိညာဉ်ဗီဇ၏ ဂုဏ်သတ္တိများကို ပိုမိုနက်နက်နဲနဲ သုတေသနပြုရန် စတင်လိုက်သည်။
===
ဗီဇ - ဝိညာဉ်ဗီဇ
အဆင့် - အဆင့်မြင့် ရှေးဦးဗီဇ
အားဖြည့်မှုပမာဏ - ၀
စွမ်းရည် - တစ်ယောက်၏ ဝိညာဉ်ကိုခန္ဓာကိုယ်မှခွဲထုတ်နိုင်ခြင်း၊ ပတ်ဝန်းကျင်အပေါ် အာရုံခံနိုင်စွမ်း တိုးမြင့်လာခြင်း၊ ပုံသဏ္ဌာန်မဲ့သော ဝိညာဉ်စွမ်းအင်ကို ထိန်းချုပ်နိုင်ခြင်း
===
ဤသည်မှာ အမှန်တကယ်ပင် အဆင့်မြင့် ရှေးဦးဗီဇတစ်ခုဖြစ်သည်။
အချက်အလက်များအရ ဝိညာဉ်ဗီဇသည် အသုံးပြုသူအား မိမိ၏ဝိညာဉ်စွမ်းအင်ကို ထိန်းချုပ်နိုင်စေသော ဗီဇတစ်ခုဖြစ်ကြောင်း သူ တွေ့ရှိခဲ့သည်။ ဒီစွမ်းရည်က ဘယ်လောက်ထိအားကောင်းမလဲ? သူ့ဝိညာဉ်သည် ခန္ဓာကိုယ်မှပင် ခွဲထွက်နိုင်ပြီး အဝေးမှပစ္စည်းများကို စိတ်တန်ခိုးဖြင့်ရွေ့ရှားနိုင်သကဲ့သို့၊ အသိစိတ်ကိုထုတ်လွှတ်၍လည်း ပတ်ဝန်းကျင်ကို အာရုံခံနိုင်မည်ဖြစ်ပြီး ဤသည်မှာ ဆဋ္ဌမအာရုံကဲ့သို့သော အရာတစ်ခုပင်။
ဖုန့်လင်း ရုတ်တရက် စိတ်လှုပ်ရှားမိသွား၏။
ဝိညာဉ်ဗီဇသည် စိတ်စွမ်းအင်နှင့်ဆင်တူသော သဏ္ဌာန်မဲ့ဝိညာဉ်စွမ်းအင်ကို သူ့အား ထိန်းချုပ်နိုင်စွမ်းရှိစေသည်။ ယင်းသည် အဝေးမှ မတိုက်ခိုက်နိုင်
သည့် သူ၏အားနည်းချက်ကို ဖြည့်ဆည်းပေးနိုင်သည့်အပြင် ဤစွမ်းရည်ကို အသုံးပြုရန် လှည့်ကွက်များစွာကို တွေးနိုင်သည်။ သူသာ ရန်သူတစ်ဦးကို သတ်လိုလျှင် ပုံသဏ္ဌာန်မဲ့လုပ်နိုင်ပြီး ၎င်းတို့အနေဖြင့် ကာကွယ်ရန် မဖြစ်နိုင်ပေ။
ဒါပေမယ့် ဒီဗီဇကို သူ ဘယ်လိုနိုးထရမလဲ?
ဗီဇတစ်ခုချင်းစီတွင် လွတ်လပ်သော ဆင့်ကဲပြောင်းလဲမှုစနစ်ရှိပြီး၊ အခြေခံဗီဇများမှစ၍ အဆင့်ဆင့်ဖွဲ့စည်းရမည်။
ဖုန့်လင်း ဗီဇညီမျှခြင်းကို အသုံးပြုကာ ဝိညာဉ်ဗီဇဖွဲ့စည်းနည်းကို ရှာဖွေရန် ဗီဇအလားအလာများကို အသုံးပြုခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ဤသည်မှာ ရှေးဦးဗီဇတစ်ခု၏ ဆင့်ကဲပြောင်းလဲမှုဖော်မြူလာကို ရှာဖွေခြင်းသာဖြစ်သောကြောင့်၊ သူ၏ဗီဇအလားအလာကို အလွန်အကျွံ မကုန်ဆုံးစေနိုင်ပေ။
ဗီဇအလားအလာ -၅%၊ -၅%၊ -၅%...
စုစုပေါင်း ၈၅% ကုန်ဆုံးပြီးနောက် ဖော်မြူလာသည် နောက်ဆုံးတွင် ပေါ်ထွက်လာခဲ့တော့၏။
သူ၏ခန္ဓာကိုယ်အတွင်းရှိ ဗီဇမြေပုံတွင် ဝိညာဉ်ဗီဇသည် လင်းလာခဲ့သည်။ ယင်းမှ မျဥ်းကြောင်း သုံးကြောင်း ဖြာထွက်လာပြီး မှောင်မိုက်နေသည့် ကြယ်သုံးလုံးနှင့် ဆက်သွယ်ကာ ဤဗီဇ၏ ဆင့်ကဲပြောင်းလဲမှုစနစ်ကို သူ့အား ပြသခဲ့သည်။
ဝိညာဉ်ဗီဇ = စိတ်ဗီဇ × ၉ + စိတ်စွမ်းအားဗီဇ × ၆ + ဝိဉာဉ်ဆိုင်ရာဗီဇ × ၈
ဝိညာဉ်ဗီဇသည် အခြေခံဗီဇသုံးမျိုးဖြင့် ဖွဲ့စည်းရမည့် အရာဖြစ်ပြီး၊ အခြေခံဗီဇတစ်ခုစီတွင် အထူးစွမ်းရည်များ ပါဝင်နေသည်။
===
ဗီဇ - စိတ်ဗီဇ
အဆင့် - အဆင့်မြင့် အခြေခံဗီဇ
အားဖြည့်မှုပမာဏ - ၀
စွမ်းရည် - စိတ်ခွန်အားကို နှစ်ဆတိုးစေခြင်း၊ အခြားသူများ၏ စိတ်ကို အိပ်မွေ့ချနိုင်ခြင်း
===
ဗီဇ - စိတ်တန်ခိုးဗီဇ
အဆင့် - အဆင့်မြင့် အခြေခံဗီဇ
အားဖြည့်မှုပမာဏ - ၀
စွမ်းရည် - သဏ္ဌာန်မဲ့စိတ်စွမ်းအား၊ နေရာလပ်များကိုဖြတ်၍ အရာဝတ္ထုများကို ရွေ့လျားစေနိုင်ခြင်း
===
ဗီဇ - ဝိညာဉ်ဗီဇ
အဆင့် - အဆင့်မြင့် အခြေခံဗီဇ
အားဖြည့်မှုပမာဏ - ၀
စွမ်းရည် - နှလုံးသားအား အားဖြည့်နိုင်ခြင်း၊ မသိသေးသော အရာများကို အာရုံခံနိုင်ခြင်း၊ ကံကောင်းခြင်းကို ရှာဖွေပြီး ဘေးအန္တရာယ်ကို ရှောင်ရှားနိုင်ခြင်း
===
ဤဗီဇသုံးမျိုးသည် စိတ်နှင့် ဝိညာဉ်ဆိုင်ရာ စွမ်းရည်များနှင့် ဆက်စပ်နေသော အခြေခံဗီဇများဖြစ်ပြီး၊ တစ်ခုစီတွင် ထူးခြားသော စွမ်းရည်များ ပါဝင်နေသည်။
မတူညီသော ဗီဇများတွင် မတူညီသော နိုးထသည့် အခြေအနေများ ရှိပြီး၊ ဤဖြစ်စဉ်သည် အလွန်ရှုပ်ထွေးသည်။ ဤသည်မှာ ပြည့်စုံသော ဗီဇကျင့်ကြံနည်းပညာကို ရရှိရန် အလွန်ခက်ခဲရခြင်း၏ အကြောင်းရင်းလည်း ဖြစ်သည်။
ဖုန့်လင်းတွင် ဤဗီဇများ မရှိသေးသော်လည်း၊ ဗီဇကျင့်ကြံနည်းကို မဖြစ်မနေ ဝယ်ယူရန် မလိုအပ်ပေ။ အဖြေသည် ထိုဗီဇများထဲတွင်ပင် ရှိနိုင်သည်။
ဖုန့်လင်း၏ မျက်နှာတွင် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဝိညာဉ်ဗီဇကို နိုးထစေရန် နည်းလမ်းကို သူ ရှာတွေ့ခဲ့ပြီဟု ခံစားမိလိုက်သည်။
(မှတ်ချက် - 心灵系基 ဝိညာဉ်ဗီဇ, ပထမစကားလုံးနှစ်လုံးသည် နှလုံးသား၊စိတ်နှင့်ဝိညာဥ်ဟူသည့် အဓိပ္ပါယ်ရသည်။)