← Chapters

ကြယ်တာရာစွမ်းအင်

Vol. 6 Ch. 79

ကြယ်တာရာစွမ်းအင်

Vol. 6 Ch. 79

ကျောက်တုံးမျောက်ဗီဇ၏ အဆင့်မှာ ပြောင်းလဲမှုအဆင့်တွင်ရှိသည့် ရှေးဦးဗီဇတစ်ခုပင်။

သို့သော် ၎င်း၏အမျိုးအစားအရ ကောင်းကင်ဘုံနှင့်ညီမျှသော မဟာတန်ခိုးရှင် စွန်းဝူခုန်း၏ အမွေအနှစ်တစ်စိတ်တစ်ပိုင်းပါရှိသော အလွန်ရှားပါးသည့် အမွေခံဗီဇတစ်ခုဖြစ်သည်။

အမည်မဲ့ကျောက်တုံးမျောက်မှ ပန်းမာလာတောင်ပေါ်ရှိ မျောက်အုပ်ကို အုပ်စိုးသည့် ချောမော့ခန့်ညားသော မျောက်ဘုရင်အဖြစ်သို့ ရောက်ရှိခဲ့သည်။ ထို့နောက် အရှေ့ပင်လယ်ထဲသို့ ထိုးဆင်းကာ ကြီးမားသောအရှုပ်တော်ပုံကြီးတစ်ခု ကို ဖန်တီးခဲ့သည်။ နောက်ဆုံးတွင် ဖန်ချွန်တောင်သို့ ရောက်ရှိပြီး ဆရာသခင် သုဘူတိထံမှ စွန်းဝူခုန်းဟူသောအမည်ကို ရရှိခဲ့သည်။ သူ၏စွန့်စားခန်းများတွင် မရေမတွက်နိုင်သော စွမ်းရည်များကို သင်ယူနိုင်ခဲ့သည်။

ရှေးဟောင်းတရုတ်နတ်ဘုရားများသည် စွမ်းအားကြီးမားစွာ မွေးဖွားလာခခြင်းမဟုတ်ပေ။ သူတို့အားလုံးအနေနှင့် ကြီးထွားလာသည်နှင့်အမျှ ခွန်အားများကို တဖြည်းဖြည်းစုဆောင်းခဲ့ကြရပြီး သူတို့၏လျှောက်ခဲ့သည့် ခြေလှမ်းတိုင်းကို ဒဏ္ဍာရီများမှတစ်ဆင့် ခြေရာခံနိုင်သည်။

အချိန်ကာလများအလိုက်ကွဲပြားသော စွမ်းရည်များပင် မတူညီသည့်ပုံစံသို့ ပြောင်းလဲနိုင်ပြီး ဒဏ္ဍာရီလာဗီဇများတွင် အထူးလက္ခဏာရပ်များအဖြစ် မှတ်သားပြုနိုင်သည်။ ကြယ်တာရာ

ကျင့်ကြံသူများသည်လည်း ဒဏ္ဍာရီလာဗီဇများကို အဆင့်ဆင့်မြှင့်တင်ခြင်းဖြင့် ၎င်းတို့၏စွမ်းအားများကို တိုးမြင့်စေနိုင်သည်။

ဒဏ္ဍာရီလာလမ်းကြောင်းတစ်ခုကို လျှောက်လှမ်းရာတွင် ဒဏ္ဍာရီလာဗီဇများ၏ ဆင့်ကဲပြောင်းလဲမှုအပြင်၊ ဒဏ္ဍာရီလာမှတ်ဉာဏ်အမွေအနှစ်များသည်လည်း အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေသည်။

ဒဏ္ဍာရီလာဗီဇများကို နိုးထစေရန် နည်းလမ်းနှစ်ခုရှိသည်။ တစ်နည်းမှာဗီဇကျင့်ကြံခြင်းနည်းပညာများမှတစ်ဆင့် ဗီဇများကို မွေးမြူကာ နိုးထစေခြင်းဖြစ်ပြီး အခြားတစ်နည်းမှာ ဗီဇဆေးရည်များ သို့မဟုတ် အခြားပြင်ပအရာများဖြင့် သက်ဆိုင်ရာ အိပ်ပျော်နေသောဗီဇကို လှုံ့ဆော်ပေးခြင်းဖြစ်သည်။

ဖုန့်လင်း ဝိညာဉ်ဗီဇကို လှုံ့ဆော်နိုင်သည့် မည်သည့်ဗီဇဆေးရည်ကိုမျှ မသိပေ။ ထို့အပြင် ၎င်းတို့သည် အလွန်ရှားပါးမည်မှာ သေချာသောကြောင့် ဤအကြောင်းကို စဉ်းစားရန် မလိုအပ်ပေ။ ထို့ကြောင့် သူအနေနှင့် ဗီဇများကို နိုးထစေသည့် နည်းလမ်းကိုသာ ရွေးချယ်နိုင်သည်။

ဝိညာဉ်ဗီဇသည် ဗီဇဖော်မြူလာတွင်

ဝိညာဥ်ကျောက်တုံးမျောက်ဗီဇဖန်တီးရန် လိုအပ်သော ဗီဇများထဲမှ တစ်ခုဖြစ်ပြီး ဖုန့်လင်းတွင် ၎င်းကိုနိုးထစေရန် လိုအပ်သော ဗီဇကျင့်ကြံနည်းပညာ သို့မဟုတ် ဗီဇဆေးရည်များ မရှိသော်လည်း၊ စွန်းဝူခုန်း၏မှတ်ဉာဏ်များကို ရှာဖွေခြင်းဖြင့် အထောက်အကူဖြစ်စေမည့် အချက်အလက်များကို ရရှိနိုင်မည်ဟု သူယုံကြည်သည်။

ဤအကြောင်းကို တွေးမိသောအခါ

ဖုန့်လင်းအနေနှင့် ဤဖြစ်နိုင်ခြေသည် အလွန်မြင့်မားသည်ဟု ကောက်ချက်ချလိုက်မိသည်။

ဝိညာဥ်ကျောက်တုံးမျောက်ဖြစ်လာပြီးနောက် စွန်းဝူခုန်းမှာ အလွန်ဉာဏ်ကောင်းလာခဲ့သည်။ ၎င်းသည် သူ့အား အားကောင်းသော ဝိညာဉ်စွမ်းအင်ကို ပေးခဲ့ပြီး သူ၏ဉာဏ်ရည်သည် အခြားမျောက်မျိုးစိတ်များနှင့် လူသားအများစုထက် သာလွန်နေခဲ့သည်။ ဤသည်မှာ ဝိညာဉ်ဗီဇ၏ ထူးခြားသောလက္ခဏာရပ်များ သူ၏ဗီဇထဲသို့ စွဲထင်နေခြင်း၏ အကြောင်းရင်းဖြစ်နိုင်သည်။

သူ၏မှတ်ဉာဏ်များထဲတွင် ဝိညာဉ်

ကျင့်ကြံခြင်းနည်းစနစ်များ များစွာရှိနိုင်ခြေမှာ အလွန်မြင့်မားသည်။

ဗီဇဆင့်ကဲပြောင်းလဲမှုဖော်မြူလာသည် သင်္ချာဖော်မြူလာတစ်ခုနှင့်တူကာ ၎င်းတွင် အဓိကသတ်မှတ်ချက်နှင့် အရန်သတ်မှတ်ချက်များ ပါဝင်သည်။

အဓိကသတ်မှတ်ချက်သည် ဗီဇ၏ အဓိကဆင့်ကဲပြောင်းလဲမှုလမ်းကြောင်းကို ဆုံးဖြတ်ပေးပြီး ဥပမာအားဖြင့်၊ တွားသွားမြွေဗီဇ ရှိသော လူသားတစ်ဦးတွင် ဗီဇဆင့်ကဲပြောင်းလဲမှုလမ်းကြောင်း တစ်ခုသာရှိသည် - တွားသွားမြွေဗီဇ > အဆိပ်မြွေဗီဇ > စပါးအုံးဗီဇ > မြွေပျံဗီဇ > နတ်နဂါးဗီဇ.....

အရန်သတ်မှတ်ချက်များသည် မည်မျှပင်များပြားစေကာမူ၊ ၎င်းတို့သည် အဓိကသတ်မှတ်ချက်အား လွှမ်းမိုးခြင်း၊ မြှင့်တင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် အထောက်အပံ့ပေးခြင်းများသာ လုပ်ဆောင်နိုင်သည်။ ၎င်းတို့အနေနဲ့ တွားသွားမြွေဗီဇကနေပြီး မိကျောင်းဗီဇ ဒါမှမဟုတ် လိပ်ဗီဇ ဆိုတဲ့ ဗီဇဆင့်ကဲပြောင်းလဲမှုလမ်းကြောင်းကိုတော့ ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး။

သေချာတာကတော့ ဝိညာဥ်ကျောက်တုံးမျောက်ဗီဇအတွက် ကျောက်တုံးမျောက်ဗီဇက အဓိကသတ်မှတ်ချက်ဖြစ်ပြီး ဝိညာဉ်ဗီဇကတော့ ဆင့်ကဲပြောင်းလဲမှုဖော်မြူလာမှာရှိတဲ့ အရန်သတ်မှတ်ချက်ပါပဲ။

သာမန်ကျောက်တုံးမျောက်တစ်ကောင်ဖြစ်တဲ့ စွန်းဝူခုန်းက ဝိညာဉ်စွမ်းအင်တွေ ဘယ်ကနေ ဘယ်လိုရပြီး ဝိညာဥ်ကျောက်တုံးမျောက်အဖြစ်ကို ဆင့်ကဲပြောင်းလဲနိုင်ခဲ့တာလဲ?

ဒီနေရာမှာ ထူးခြားပြီး မတူကွဲပြားတဲ့ နည်းလမ်းတစ်ခု ရှိရမယ်။

ဖြစ်နိုင်တာကတော့ ဝိညာဉ်ဗီဇရဲ့ အားဖြည့်နည်းကို ကျောက်တုံးမျောက်ဗီဇရဲ့ မျိုးရိုးအမွေမှတ်ဉာဏ်များအတွင်းမှာ တွေ့နိုင်လောက်မှာပဲ။

ဖုန့်လင်း ကျောက်တုံးမျောက်အဖြစ်သို့ ပြောင်းလဲခဲ့စဉ်က၊ 'စွမ်းအင်ကို ချီအဖြစ်သို့ပြောင်းခြင်း' ပညာရပ်နှင့် ကြယ်တာရာအသက်ရှုနည်းစနစ်ဟုခေါ်သော ကျင့်ကြံခြင်းပညာရပ်နှစ်မျိုးကို ရရှိခဲ့သည်။

လျို့ဝှက်ချက်သည် ဤကျင့်ကြံနည်းနှစ်မျိုးအတွင်းတွင် ရှိနိုင်မည်ဟု

ဖုန့်လင်း ခံစားနေရသည်။

'စွမ်းအင်ကို ချီအဖြစ်သို့ပြောင်းလဲခြင်း' ကျင့်ကြံနည်းသည် ခန္ဓာကိုယ်အတွင်းရှိ အာဟာရများကို အမြန်ဆုံးချေဖျက်ပြီး ခန္ဓာကိုယ်ကို အားဖြည့်ပေးနိုင်သည်။ ထို့ကြောင့်၊ ကြယ်တာရာအသက်ရှုနည်းစနစ်သာ ကျန်တော့သည်။

ဖုန့်လင်း၏ နှလုံးသားမှာ လှုပ်ရှားသွားခဲ့သည်။ သူ ကျောက်တုံးမျောက်အဖြစ်ရှိစဉ်က မှတ်ဉာဏ်များကို ပြန်လည်တွေးလိုက်မိသည်။

နေနှင့်လ၏အနှစ်သာရများကို သူ စုပ်ယူခဲ့စဉ်က၊ သူအနေနှင့် ကောင်းကင်နှင့်လူသား တစ်သားတည်းဖြစ်သော ဆန်းကြယ်သည့်အခြေအနေတစ်ခုသို့ ရောက်ရှိခဲ့ဟန်ရှိသည်။ သူ၏ဝိညာဉ်သည် လရောင်ခြည်ဖြင့် သန့်စင်ခံခဲ့ရပြီး၊ အင်မော်တယ်တစ်ပါးကဲ့သို့ ပေါ့ပါးလွတ်လပ်မှုကို ခံစားခဲ့ရသည်။ ဒါက သူ့ဝိညာဉ်ကို မွေးမြူတဲ့နည်းလမ်းတစ်ခု ဖြစ်နိုင်မလား?

ဤသည်မှာ ကြိုးစားကြည့်ရန် ထိုက်တန်သည်။

ဤအကြောင်းကို တွေးမိသောအခါ၊

ဖုန့်လင်း အချိန်ထပ်မဖြုန်းလိုတော့ပဲ သူ့နေရာမှထွက်ကာ ဧရာမဆေးဝါးကုမ္ပဏီ အပြင်ဘက်ပိုင်းများဆီသို့ ဦးတည်ခဲ့သည်။

နေ့ခင်းပိုင်းအချိန်မတိုင်မီ ဖုန့်လင်း၏ အလုပ်များ ပြီးသွားခဲ့သည့်အတွက် သူစောစောပြန်ကာ ကျင့်ကြံပြီးနောက် ကောင်းစွာအိပ်ခဲ့သည်။ သို့သော် ယခု သိပ်နောက်မကျသေးပေ။

လက်ရှိအချိန်သည် ညဥ့်နက်ချိန်ဖြစ်သော်လည်း၊ ကြယ်တာရာခေတ်၏ မြို့အားလုံးတွင် မည်မျှပင် အချိန်နောက်ကျနေပါစေ လင်းထိန်နေဆဲပင်ဖြစ်သည်။

ရှီထိုက်မြို့ အထက်ရှိ နေအတု တွင် လအတုကဲ့သို့လည်း လုပ်ဆောင်နိုင်သေည ယန္တရားများပါရှိသည်။ ညဘက်တွင်၊ ၎င်းသည် ငွေရောင်အလင်းများကို ထုတ်လွှတ်လိမ့်မည်ဖြစ်၏။ လမ်းများသည် ညအချိန်ဖြစ်သော်လည်း အလွန်စည်ကားလျက်ရှိပြီး၊ နေ့ခင်းဘက်နှင့် မည်သည့်ကွဲပြားမှုမျှ မရှိချေ။

သို့သော်၊ ဤသည်မှာ လရောင်ခြည်အတုဖြစ်ပြီး သဘာဝအတိုင်းမဟုတ်သောကြောင့်၊ ဖုန့်လင်းအနေနှင့် ၎င်းကို ကြယ်တာရာအသက်ရှုနည်းစနစ်ဖြင့် စုပ်ယူနိုင်ခြင်းမရှိပေ။

ဖုန့်လင်း၏ကိုယ်တွင် ဧရာမဆေးဝါးကုမ္ပဏီ၏ ယူနီဖောင်းကို ဝတ်ဆင်ထားဆဲဖြစ်သည်။ ခြေလှမ်းများကို မရပ်ဘဲ၊ မျက်နှာပြင်သို့ ဆက်သွယ်ပေးမည့် ဓာတ်လှေကားဆီသို့ သူ ဆက်လက်ဦးတည်သွားခဲ့သည်။

ဓာတ်လှေကားသည် အလွန်မြန်ဆန်ပြီး၊ ခဏအတွင်းမှာပင် မျက်နှာပြင်ဆီသို့ ရောက်ရှိလာခဲ့သည်။

ဆွစ်

သူ ထွက်လာသည်နှင့် ချက်ချင်းပင် ပြင်းထန်သောလေအေးများ တိုက်ခတ်လာခဲ့သည်။ လေပြင်းသည် လူတစ်ဦးကို လေထဲသို့ ပစ်နိုင်လောက်အောင်ပင် ပြင်းထန်သည်။ အနိမ့်ဆုံး လေတိုက်နှုန်းသည် အဆင့် ၁၃ အထိ ရောက်နေခဲ့သည်။ ဤလေအားသည် ပြင်းထန်ကြမ်းတမ်းသော တိုင်ဖွန်းများထက်ပင် ကျော်လွန်နေတော့၏။

ဖုန့်လင်း၏ ခန္ဓာကိုယ် တုန်လှုပ်သွားခဲ့သော်လည်း၊ ချက်ချင်းပင် မတ်တပ်ရပ်နိုင်အောင် သူ ထိန်းချုပ်နိုင်ခဲ့သည်။

မားစ်ဂြိုဟ်ပေါ်ရှိ ညဘက်လေထုသည် အလွန်အေးပြီး၊ အနှုတ် ၃၀ ဒီဂရီကျော်အထိ ရှိသည်။ အေးစက်သောလေပြင်းများ မကြာခဏဖြစ်ပေါ်နေပြီး ဖုန်မှုန့်များကို နေရာအနှံ့ ပျံ့လွင့်စေခဲ့သည်။ တစ်ယောက်အနေနှင့် ကံမကောင်းအကြောင်းမလှလျှင် ရေခဲရုပ်တုများအဖြစ်ပင် ပြောင်းလဲသွားနိုင်သည်။

သို့သော်၊ ဖုန့်လင်း၏ လက်ရှိအသက်စွမ်းအင်သည် ယခင်ကထက် များစွာသာလွန်နေပြီဖြစ်၍ လေထုသည် သူ့အား သိသိသာသာ မထိခိုက်စေနိုင်တော့ပေ။

ကံကောင်းသည်မှာ၊ ယနေ့သည် မားစ်ဂြိုဟ်ပေါ်တွင် ရာသီဥတုကောင်းသည့်နေ့တစ်နေ့ဖြစ်သည်။ လေပြင်းတိုက်ခတ်နေသော်လည်း၊ တိမ်စိုင်များမမထူထပ်ခဲ့ဘဲ တစ်ယောက်အနေဖြင့် ကောင်းကင်ရှိ တလက်လက် တောက်ပနေသောကြယ်များကို ရှင်းလင်းစွာမြင်နိုင်သည်။

သို့သော်၊ ဝမ်းနည်းစရာကောင်းသည်မှာ မားစ်ဂြိုဟ်ပေါ်တွင် လ မရှိခြင်းဖြစ်သည်။ သူအနေဖြင့် ညဘက်တွင် လ၏နူးညံ့သောအနှစ်သာရများကို စုပ်ယူနိုင်တော့မည်မဟုတ်ပေ။

သို့သော်၊ ကြယ်တာရာစွမ်းအင်သည်လည်း ထိုနည်းတူပင်။ မည်သို့ပင်ဆိုစေကာမူ၊ ကောင်းကင်ရှိကြယ်တာရာများမှ စွမ်းအင်သည် တူညီသည့်အရင်းအမြစ်မှလာကြသော်လည်း၊ လ၏အနှစ်သာရနှင့်နှိုင်းယှဉ်လျှင် သိပ်မများချေ။

ထို့အပြင်၊ ဤနေရာရှိ နေမှထွက်သော အနှစ်သာရသည် အလွန်ပူလောင်လှပြီး အလျင်စလို စုပ်ယူမိပါက၊ ခန္ဓာကိုယ်ထဲရှိ အတွင်းမီးများ ပရမ်းပတာ လိမ့်တက်လာမည်ဖြစ်သည်။ထိုအရာသည် မခံမရပ်နိုင်အောင်ဖြစ်လာနိုင်ကာ သူ့ကိုယ်သူ သေဆုံးသည်အထိ လောင်ကျွမ်းစေနိုင်သည်။

ထို့ကြောင့် ဖုန့်လင်းအနေနှင့် ဒုတိယအကောင်းဆုံးရွေးချယ်မှုဖြစ်သော ကောင်းကင်ရှိကြယ်များမှ စွမ်းအင်ကို စုပ်ယူရန် ဆုံးဖြတ်လိုက်သည်။

သူ အရှိန်မြှင့်ကာ လေကို မျက်နှာချင်းဆိုင်ပြီး တဟုန်ထိုးပြေးလိုက်သည်။ များစွာသော နောက်ချန်ပုံရိပ်များ ပေါ်ထွက်လာခဲ့ပြီး၊ သူ၏လှုပ်ရှားမှုတိုင်းတွင် လေကိုစုစည်းကာ ထက်မြသော ဓားတစ်လက်ကဲ့သို့ သူ့အား ဟန့်တားနေသော ဆန့်ကျင်ဘက်မှလာသည့် လေ၏တွန်းကန်မှုကို လှီးဖြတ်နိုင်ခဲ့သည်။

မြေပြင်ပေါ်သို့ ခြေဖျားထောက်၍ အားပြုလိုက်သည်နှင့်၊ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ၁၀ မီမီတာကျေအကွာအဝေးသို့ ရောက်ရှိသွားခဲ့သည်။ လက်နှစ်ဖက်ကို ဖြန့်ကားလိုက်သောအခါ၊ သူပုံစံမှာ ကောင်းကင်၏လွတ်လပ်မှုတွင် သာယာနေသော ပျံသန်းနေသည့် ငှက်တစ်ကောင်နှင့် တူနေခဲ့သည်။

ဖုန့်လင်း သူ၏အမြန်ဆုံးအရှိန်သို့ ရောက်ရန် သူ့ကိုယ်သူ တွန်းလိုက်ပြီး

မကြာမီတွင် ရှီထိုက်မြို့ရှိ လေရဟတ်များဖြင့်ပြည့်နေသော သစ်တောကိုကျော်ဖြတ်ကာ အဝေးမှ အုပ်မိုးထားသည့် အရိပ်ကြီးဆီသို့ ဦးတည်သွားခဲ့သည်။

ထိုအရိပ်မှာ အလွန်ကြီးမားပြီး ခံညားထည်ဝါလှသော တောင်တစ်လုံးပင်။

မားစ်ဂြိုဟ်ပေါ်တွင် သမုဒ္ဒရာမရှိသောကြောင့် "ပင်လယ်ရေမျက်နှာပြင်အထက်" ဆိုသည့် အသုံးအနှုန်းမျိုး မရှိပေ။ သို့သော် ဤတောင်သည် အမြင့်အားဖြင့် မီတာ ၆၀၀၀ ကျော်ရှိပြီး၊ မတ်စောက်ကာ ကျောက်တုံးများဖြင့်ပြည့်နှက်နေ၏။ သာမန်လူသားများအတွက် တက်ရောက်ရန် အလွန်ခက်ခဲပြီး၊ ပျံသန်းနိုင်သောငှက်များပင် ထိုအမြင့်သို့ ပျံနိုင်မည် မဟုတ်ပေ။

ဤတောင်သည် ဘေးပတ်လည်ရှိ အရာတိုင်း၏ အထက်တွင် တည်ရှိနေသည့် ထူးခြားသည့်တောင်တစ်လုံးဖြစ်သည်။ တစ်ယောက်အနေနှင့် တောင်ထိပ်ပေါ်တွင် ရပ်လိုက်လျှင် အဟန့်အတား လုံးဝမရှိဘဲ အားအကောင်းဆုံး ကြယ်တာရာစွမ်းအင်ကို စုပ်ယူနိုင်မည်ဖြစ်သည်။

ဖုန့်လင်း အမြန်ဆုံးအရှိန်ဖြင့် ရွေ့လျားလိုက်သည်နှင့် နောက်ချန်ပုံရိပ်များစွာမှာ အတန်းလိုက်အဖြစ် ပြောင်းသွားခဲ့သည်။ သာမန်လူသားတစ်ဦးသာ သူ့ကိုမြင်ခဲ့ပါက သရဲများကိုမြင်နေရသည်ဟုထင်မိကာ ကြောက်လန့်ပြီး အော်ဟစ်မိမည်မှာ သေချာပေါက်ပင်။

တောင်ပေါ်ရှိ ကျောက်တုံးများကို ခုန်ပေါက်ကျော်ဖြတ်ကာ မျောက်တစ်ကောင်၏ လျင်မြန်ဖျတ်လတ်မှုဖြင့်

အမြင့်သို့ သူ ထပ်ကာ ထပ်ကာတက်နေခဲ့သည်။

ရက်စက်ကြမ်းတမ်းသောလေများတိုက်လာသည့်အချိန်တွင်လည်း

ဖုန့်လင်း အေးသည်ဟုမခံစားရဘဲ လန်းဆန်းသွားသည်ကို သတိထားမိခဲ့သည်။

သူ့အနေဖြင့် ဤမျှလွတ်လပ်မှုနှင့်အချုပ်အနှောင်ကင်းမှုကို ယခင်က မည်သည့်အခါတွင်မှ မခံစားဖူးခဲ့ဘဲ သူ၏ခွန်အားနှင့်စွမ်းရည်များကို အပြည့်အဝပြသနေမိသည်။ အလွန်သက်သောင့်သက်သာရှိမှုကို ခံစားလိုက်ရပြီး သူ မထိန်းနိုင်ဘဲ ကျေနပ်အားရမှုအပြည့်ဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်မိသည်။

သူ၏ရယ်သံသည် လျှိုမြောင်များ ကြားမှ ပဲ့တင်ထပ်ကာ လေနှင့်အတူ ပိုမိုဝေးသော အရပ်များဆီသို့ ပျံ့နှံ့သွားခဲ့သည်။

မီတာ ၆၀၀၀ ကျော်မြင့်သော တောင်ထိပ်သို့ ရောက်ရန်အတွက်

ဖုန့်လင်း အချိန် ၁၀ မိနစ်အောက်သာ အသုံးပြုခဲ့သည်။

တောင်ထိပ်ပေါ်တွင် ရပ်နေစဉ်၊ လေပြင်းများသည် ပိုမိုပြင်းထန်စွာတိုက်ခတ်လာကာ ကျောက်စရစ်ခဲများကို လွင့်စင်စေပြီး နံရံများနှင့်တိုက်မိသည့်အခါ အပေါက်များ ချန်ခဲ့သည်။ဤအရာသည် အန္တရာယ် အလွန်များသည်။

သို့သော် ဖုန့်လင်းရပ်နေသောနေရာမှာ တောင်ထိပ်၏ အလယ်တည့်တည့်ဖြစ်ပြီး၊ အောက်ဘက်တွင် ပေ ၁၀၀၀၀ မြင့်သော ချောက်ကမ်းပါးရှိပြီး အကယ်၍ သူသာ လေတိုက်၍အောက်သို့ကျခဲ့လျှင် အရိုးများမှာ အပိုင်းအစများအဖြစ် ကြေမွသွားမည်မှာ အသေအချာပင်။

သို့ပေမယ့် ဖုန့်လင်းကတော့ အလွန်တည်ငြိမ်စွာ ရပ်နိုင်ခဲ့ပြီး၊ သူ့ခြေထောက်များမှာ ရှေးဟောင်း သစ်ပင်ကြီး၏ အမြစ်များကဲ့သို့ မြေကြီးထဲသို့နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေကာ နည်းနည်းမှ မလှုပ်ဘဲ ရပ်နေခဲ့သည်။

သူ လှည့်ပတ်ကြည့်လိုက်သည်နှင့် အခြားသော တောင်များနှင့် အဆုံးမရှိသော ကန္တာရလွင်ပြင်များကို မြင်တွေ့ခဲ့ရလေ၏။ အကြောင်းအချို့ကြောင့် မားစ်ဂြိုလ်တစ်ခုလုံးကို ခြေဖဝါးအောက်နင်းထားရသကဲ့သို့ သူ ခံစားနေရပြီး ဂြိုလ်တစ်ခုလုံးကို သိမ်းပိုက်နိုင်သကဲ့သို့ ပျော်ရွှင်ကျေနပ်သည့် ခံစားချက်များ သူ့ကို ပေးနေခဲ့သည်။

ဖုန့်လင်း လေထဲတွင် သူ၏ဝတ်ရုံအစွန်းများ တဖျပ်ဖျပ် လူးလွန့်နေစဥ် ခြေချိတ်ထိုင်လိုက်သည်။

သူ့မှတ်ဉာဏ်များအရ တတ်မြောက်ထားသော ကြယ်တာရာအသက်ရှုနည်းစနစ်ဖြင့် အသက်ရှုမှုကို စတင်ထိန်းညှိလိုက်သည်။

ရှူသွင်း၊ ရှူထုတ်...

သူ၏အသက်ရှုမှုတိုင်းသည် ဖြည်းညင်းပြီး အားပါကာ၊ အသက်ရှုလိုက်သည့် တစ်ကြိမ်စီတိုင်းသည် မယှဥ်သာအောင် ရှည်လျားနေခဲ့သည်။

ဖုန့်လင်း၏ စိတ်အခြေအနေမှာ အလွန်တည်ငြိမ်နေပြီး၊ ခန္ဓာကိုယ်တစ်ခုလုံးရှိ ချွေးပေါက်များ ပွင့်သွားခဲ့ကာ ယခုအခါတွင် သူ၏ခန္ဓာကိုယ်သည် တွင်းနက်ကြီးတစ်ခုကဲ့သို့ လေထဲရှိစွမ်းအင်များကို သဲကြီးမဲကြီး စုပ်ယူနေခဲ့သည်။

ကောင်းကင်ရှိကြယ်များ မှိန်သွားခဲ့ပြီး အမှောင်ထုသာ ကျန်ရစ်ခဲ့လေ၏။

သူ့ဘေးပတ်လည် မီတာ ၁၀၀၀ အတွင်းမှ ငွေရောင်အလင်းမျှင်များ စုစည်းလာခဲ့ပြီး မျက်စိဖြင့်မြင်နိုင်သော သဘာဝဖြစ်စဥ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ဤသည်မှာ အလွန်တရာ ခမ်းနားလှပသော မြင်ကွင်းတစ်ခုပင်။

ကြယ်တာရာစွမ်းအင်များသည် သူ၏ချွေးပေါက်များမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာကာ၊ ခန္ဓာကိုယ်တစ်ခုလုံးသို့ လှည့်ပတ်စီးဆင်းပြီး အာဟာရဖြည့်ပေးခဲ့သည်။

အေးမြသော လေပြေလေးကဲ့သို့ ခံစားရပြီး၊ သူ၏နှလုံးသား၊ စိတ်နှင့် ဝိညာဉ်ကို ငြိမ်သက်စေခဲ့သည်။ ဖုန့်လင်း အလွန်လန်းဆန်းလာပြီး သူ၏ဝိညာဉ်သည် တဖြည်းဖြည်း ကြည်လင်ထင်းရှားလာကာ၊ လေထဲသို့ ပျံတက်နေသကဲ့သို့ ခံစားမှုမျိုးကိုပင် ရရှိခဲ့သည်။

အတွေးတစ်ချက်နှင့် သူ၏ဝိညာဉ်သည် ကန့်သတ်ထားသော သေမျိုးခန္ဓာကိုယ်ထဲမှ လွတ်မြောက်ကာ ပတ်ဝန်းကျင်နှင့် တစ်သားတည်း ဖြစ်သွားခဲ့သည်။

ဤအချိန်တွင် ဖုန့်လင်းအနေဖြင့် ကြယ်များပြည့်နှက်နေသော ကောင်းကင်၏ အလယ်တွင် ရပ်နေရသကဲ့သို့ ခံစားရပြီး၊ မရေမတွက်နိုင်သော ကြယ်တာရာများမှာ သူ့အနီးတစ်ဝိုက်တွင် တောက်ပလျက်ရှိကာ ကောင်းကင်နှင့်မြေကြီး၏ ကျယ်ပြန့်မှုကိုလည်း အာရုံခံမိလိုက်သည်။

ဤသည်မှာ ကောင်းကင်နှင့်လူသားတို့ တစ်သားတည်းဖြစ်နေသော အံ့ဖွယ်အခြေအနေပင် ဖြစ်ရပေလိမ့်မည်။

All Chapters