ကောင်းကင်နှင့်လူ တစ်သားတည်း
Vol. 6 Ch. 80
ဖန့်လင်း၏ အသိစိတ်ထဲတွင်၊ သူသည် ပတ်ဝန်းကျင်နှင့် ပေါင်းစပ်သွားခဲ့ပြီး၊ ကောင်းကင်နှင့်မြေကြီး ပြောင်းပြန်လှန်သွားလျှင်ပင် လုံးဝဂရုမစိုက်တော့ပေ။ ဤစကြာဝဠာအတွင်း၌ အချိန်ကို သူ လုံးဝမေ့လျော့သွားခဲ့သည်။
အရေးမကြီးသော အရာများကြားမှ၊ သူသည် ကျယ်ပြန့်လှသော ကမ္ဘာကြီးနှင့် ကောင်းကင်ယံတွင်တောက်ပနေသည့် မရေမတွက်နိုင်သော ကြယ်များကို မြင်တွေ့ခဲ့ရသည်။
သူ၏ဝိညာဉ်သည် အချုပ်အနှောင်မှ လုံးဝလွတ်မြောက်နေပြီး၊ သေမျိုးခန္ဓာကိုယ်၏ ရစ်ပတ်မှုကို ချိုးဖောက်ကာ ကြယ်ရောင်ခြည်များဖြင့် ရေချိုးနေသကဲ့သို့၊ ကြယ်များလင်းလက်နေသော အာကာသအလယ်တွင် ရပ်နေခဲ့သည်။
ဤသည်မှာ ဖုန့်လင်း၏ လက်ရှိခံစားနေရသည့် အရာပင်။ သူ၏ဝိညာဉ်တွင် ဘာမျှ ချည်နှောင်မထားတော့ဘဲ၊ စကြာဝဠာအနှံ့ ပူပင်ကြောင့်ကြမဲ့စွာ လွင့်မျောနေခဲ့သည်။
အတိုင်းမသိသော ကြယ်များလင်းလက်နေသည့် ကောင်းကင်မှ မရေမတွက်နိုင်သော အလင်းတန်းများ ဆင်းသက်လာခဲ့သည်။ ကြယ်များသည် မရပ်မနားဘဲ မှိတ်တုတ် မှိတ်တုတ် လင်းလက်နေကြသည်။
ဖုန့်လင်း၏ ခန္ဓာကိုယ်မှာ တွင်းနက်တစ်ခုနှင့်တူနေပြီး၊ ကြယ်တာရာစွမ်းအင်များသည် မြစ်ချောင်းအသွယ်သွယ်မှ သမုဒ္ဒရာထဲသို့ စီးဝင်သကဲ့သို့ သူ၏ခန္ဓာကိုယ်ထဲသို့ ပြင်းထန်စွာ စီးဝင်လာခဲ့သည်။
ဘေးပတ်လည်ရှိ ကြယ်ရောင်ခြည်အားလုံး စုပ်ယူခံခဲ့ရပြီး၊ ထိုနေရာမှာ မှောင်မိုက်သွားခဲ့သည်။ အကန့်အသတ်မဲ့ ကြယ်တာရာကောင်းကင်ပေါ်တွင် ရေးဆွဲထားသည့် လှပသောပန်းချီကားချပ်အား ကြယ်တာရာ
မွန်းစတားအချို့ ကိုက်ဖြတ်ထားသကဲ့သို့ ဖြစ်နေပြီး ပန်းချီကားမှာ ပြည့်စုံခြင်းမရှိတော့ဘဲ၊ ဗလာအပေါက် တစ်ခုရှိနေသည်ကို ယခု မြင်တွေ့နိုင်သည်။
သို့သော် ညဥ့်နက်ချိန်ဖြစ်သည့်အတွက် ဤကဲ့သို့သော ထူးဆန်းသည့်ဖြစ်ရပ်ကို တစ်စုံတစ်ယောက်အနေနှင့် သတိပြုမိရန် ခဲယဉ်းလှသည်။
ပထမဆုံးအကြိမ် ဤအရာကို ကြုံတွေ့နေရသူဖြစ်သည့် ဖုန့်လင်းမှာလည်း ဤအချက်ကို သတိမထားမိခဲ့ပေ။
ကောင်းကင်နှင့်လူသား တစ်သားတည်းဖြစ်သော ဤအံ့ဖွယ်အခြေအနေတွင် သူ နှစ်မြုပ်နေခဲ့ပြီး သူကိုယ်တိုင် ကောင်းကင်၊စကြာဝဠာတို့နှင့် တစ်ခုတည်းဖြစ်သွားသည်ဟု ခံစားလိုက်ရသည်။ သူ၏ဝိညာဉ်သည် အကန့်အသတ်မဲ့ ကျယ်ပြန့်လာခဲ့၏။ ကောင်းကင်ရှိ ကြယ်တိုင်းသည် အလွန်ဝေးသော်လည်း ခမ်းနားထည်ဝါသည့် ဘဝတစ်ခုနှင့်တူပြီး၊ သူ၏နှလုံးခုန်သံသည် ကြယ်များလှုပ်ခါနေသကဲ့သို့ တူညီသော ကြိမ်နှုန်းသို့ ရောက်ရှိသွားခဲ့သည်။
ကြယ်များ၏ အလင်းရောင်သည် သူ့အသိစိတ်ကို တိုးချဲ့လာကာ၊ အဆက်မပြတ် ပြန့်နှံ့လာပြီး စကြာဝဠာရှိ အရာရာတိုင်းကို လွှမ်းခြုံသွားခဲ့သည်။
ဗီဇအလားအလာ +၈%၊ +၈%၊ +၈%.....
ကြယ်တာရာစွမ်းအင်များ သူ၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာပြီး နွေဦးစမ်းရေကဲ့သို့ သူ့ကိုအာဟာရဖြည့်ပေးကာ အလွန်အမင်းလန်းဆန်းမှုကို ခံစားစေခဲ့သည်။
ကြယ်တာရာအသက်ရှုနည်းစနစ်သည်လည်း ကျင့်ကြံနည်းတစ်မျိုးပင်ဖြစ်သည်။ ဗီဇအလားအလာဆိုသည်မှာ တစ်ယောက်အနေဖြင့် ကျင့်ကြံနိုင်သလောက် အမြဲတိုးလာမည်ဖြစ်သော်လည်း မည်မျှတိုးပွားမည်ဆိုသည်ကသာ မေးခွန်းဖြစ်သည်။
အာကာသထဲမှ ကြယ်တာရာစွမ်းအင်သည် အလင်းနှစ်များစွာ ဖြတ်သန်းလာသည့် ကြယ်တာရာများ၏ အလင်းမှ လာခဲ့ခြင်းဖြစ်ပြီး ၎င်းသည် အဆက်မပြတ် ပျော့ပြောင်းလာပြီး အရည်ပျော်လာကာ ခွဲခြမ်းခံရပြီး အလွန်သန့်စင်သည့် အနေအထားသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး နေ ကဲ့သို့သော ကြယ်တစ်လုံးမှလာသော မူလအလင်းတန်းများလောက် ပြင်းထန်ခြင်းမရှိတော့ပေ။
ကြယ်များထံမှအလင်းသည် သက်ရှိဖြစ်တည်မှုမျိုးစုံကို အာဟာရဖြည့်ပေးနိုင်ပြီး ၎င်းသည် သက်ရှိအားလုံး၏ စွမ်းအင်အရင်းအမြစ်ပင် ဖြစ်သည်။
ကြယ်တာရာစွမ်းအင်များ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာပြီး တစ်ယောက်၏မရီးဒီးယန်းများတွင် အဆက်မပြတ် လှည့်ပတ်နေသသည့်အခါတွင် မသန့်စင်မှုများမရှိတော့ဘဲ ခန္ဓာကိုယ်တွင်သိုလှောင်ထားနိုင်သော ဗီဇအလားအလာအဖြစ် လျင်လျင်မြန်မြန် ပြောင်းသွားခဲ့သည်။
ကောင်းကင်နှင့်လူ တစ်သားတည်းဖြစ်နေသော ဤဆန်းကြယ်သည့် အခြေအနေတွင် နှစ်မြုပ်နေစဉ်၊
ဖုန့်လင်း သူ့ဝိညာဉ်ကို လွတ်လပ်စွာ ပျံသန်းခွင့်ပြုခဲ့ပြီး၊ မည်သည့်ကန့်သတ်ချက်မျှမရှိဘဲ ကျယ်ပြန့်စွာ ဖြန့်ကျက်ခွင့်ပြုခဲ့သည်။
သူ၏ခန္ဓာကိုယ်အတွင်းရှိ ဗီဇမြေပုံထဲက အနက်ရောင် ကြယ်သုံးလုံးသည် ရုတ်တရက် မှိတ်တုတ်မှိတ်တုတ် လင်းလက်လာခဲ့သည်။
သူ့စိတ်စွမ်းအားဖြင့် စမ်းသပ်ကြည့်ရှုလိုက်သောအခါ၊ ဝိညာဉ်ဗီဇကို ဖွဲ့စည်းထားသော ဗီဇသုံးမျိုးဖြစ်ကြောင်း သိရှိခဲ့သည်။
သူ့ဝိညာဉ်၏လွတ်လပ်နေသည့် ဤခံစားချက်သည် အလွန်ရှင်းလင်းပြီး ယင်းဗီဇများကို လှုံ့ဆော်နိုင်စွမ်းရှိနေခဲ့၏။ ပုန်းကွယ်နေသော ဗီဇများသည် သူ၏ဗီဇအလားအလာကို သဘာဝအတိုင်း စုပ်ယူပြီး တဖြည်းဖြည်း နိုးထလာခဲ့သော်လည်း၊ တစ်ခုချင်းစီ၏ အကျိုးသက်ရောက်မှုမှာ ကွဲပြားခဲ့သည်။
အလယ်ရှိ ဝိဉာဉ်ဗီဇသည် အနှေးဆုံးဖြစ်ပြီး၊ တစ်ကြိမ်လျှင် ၁% နှုန်းသာ တိုးလာကာ၊ အတော်ကြာပြီးနောက်မှ နိုးထခြင်းလုပ်ငန်းစဥ်၏ ၅% သာ ပြီးခဲ့သည်။
စိတ်တန်ခိုးဗီဇအတွက်မူ တစ်ကြိမ်လျှင် ၃% နှုန်းဖြင့် တိုးလာပြီး၊ ၁၅% အထိ ရောက်ရှိခဲ့သည်။
နောက်ဆုံးအနေဖြင့်၊ စိတ်ဗီဇသည် ဝိညာဉ်ဗီဇ၏ အခြေခံနှင့် အရေးအကြီးဆုံး ဂုဏ်သတ္တိဖြစ်သည်။ ၎င်း၏နှုန်းသည် အမြန်ဆုံးဖြစ်ပြီး တစ်ကြိမ်လျှင် ၈% နှုန်းဖြင့် တိုးလာကာ၊ မကြာမီ ပင်၄၀% အထိ ရောက်ရှိခဲ့သည်။
ထိုအရာကို မြင်လိုက်သောအခါ၊
ဖုန့်လင်း ဝမ်းမြောက်မှုကို ခံစားခဲ့ရပြီး တစ်ညတည်း ကျင့်ကြံရုံဖြင့်၊ အခြားဗီဇနှစ်မျိုးမှာ နိုးထနိုင်ဖွယ်မရှိသော်လည်း၊ စိတ်ဗီဇကိုမူ နိုးထနိုင်ရန် အလားအလာရှိနေသေးသည်။
သူ အာရုံစိုက်ကာ ခန္ဓာကိုယ်အတွင်းသို့ ကြယ်တာရာစွမ်းအင်များ ပိုမိုစုပ်ယူရန် အကောင်းဆုံး ကြိုးစားခဲ့ပြီး၊ မိုးသောက်ချိန်မရောက်မီ စိတ်ဗီဇကို နိုးထခြင်းကို အဆုံးသတ်နေလိုခဲ့သည်။
ဖုန့်လင်းအနေဖြင့် ဗီဇအသစ်တစ်ခုအတွက် အခက်ခဲဆုံးအဆင့်မှာ ခြေတစ်လှမ်းထဲနှင့် နိုးထရန်ဖြစ်သည်။
ဗီဇကို နိုးထပြီးမှသာ၊သူ၏ အခမဲ့ဗီဇအမှတ်များကို အသုံးပြုကာ ၎င်းကို ချက်ချင်းအားဖြည့်နိုင်မည်ဖြစ်ပြီး၊ အလွန်မြင့်မားသော အဆင့်သို့ မြှင့်တင်နိုင်မည်ဖြစ်သည်။
သူ၏ဗီဇအလားအလာ ဆက်လက်တိုးလာခဲ့သည်။ +၈%, +၈%, +၈% ......
ထို့အပြင်၊ ဗီဇအလားအလာ တဟုန်ထိုးတိုးပွားနေခဲ့သော်လည်း၊ ဤဗီဇအသစ်များ နိုးထလာပါက သူ၏ဗီဇအလားအလာ လျော့နည်းသွားမည်ဆိုသည့် အချက်ကို သူ မေ့မထားခဲ့ချေ။ သို့သော် မည်သို့ပင်ဖြစ်စေ သူ၏ဗီဇအလားအလာသည် စုစုပေါင်း ၅၂၈% အထိ ရောက်ရှိခဲ့သည်။
တစ်ချိန်တည်းတွင် စိတ်ဗီဇနိုးထမှု၏ လုပ်ငန်းစဉ်သည် တဖြည်းဖြည်းပြည့်လာပြီး၊ နောက်ဆုံးတွင် ၁၀၀% အထိ ရောက်ရှိခဲ့သည်။
သူ့စိတ်ဗီဇ၏ အားဖြည့်မှုပမာဏသည် ၀ မှ ၁ သို့ ပြောင်းလဲသွားခဲ့ပြီး၊ နောက်ဆုံးတွင် နိုးထလာခဲ့တော့သည်။
===
ဗီဇ - စိတ်ဗီဇ
အဆင့် - အဆင့်မြင့် အခြေခံဗီဇ
အားဖြည့်မှုပမာဏ - ၁
စွမ်းရည် - စိတ်ခွန်အားကို နှစ်ဆတိုးစေခြင်း၊ အခြားသူများ၏ စိတ်ကို အိပ်မွေ့ချနိုင်ခြင်း
===
ချက်ချင်းပင်၊ ဖုန့်လင်း ကွဲပြားမှုကို ခံစားမိလိုက်သည်။ သူ ဖြောင့်ဖြောင့်တန်းတန်းရပ်လိုက်ပြီး၊ မျက်လုံးများထဲတွင် မတိုင်းဆနိုင်လောက်သည့် နက်ရှိုင်းမှုနှင့် တည်ငြိမ်မှုဖြင့် ပြည့်နှက်သွားခဲ့သည်။ ၎င်းထဲတွင် ရစ်ပတ်နေသော အကွင်းတစ်ခုပါနေသည်ဟု ထင်ရပြီး၊ အခြားသူများသာ ကြည့်မိလျှင် ၎င်းတို့၏ဝိညာဉ်များကို စုပ်ယူနိုင်မည်ဟု ခံစားရမည်ဖြစ်သည်။
ဝူးရှ်
ဖုန့်လင်း၏နဖူးအလယ်မှ သဏ္ဌာန်မဲ့သော တုန်ခါမှုလှိုင်းများ ထွက်ပေါ်လာကာ၊ တဖြည်းဖြည်းချင်း ပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားခဲ့သည်။
သူ၏စိတ်စွမ်းအင်သည် သူ့ထံမှ စီးထွက်လာခဲ့ပြီး၊ ကမ္ဘာလောကနှင့် ပေါင်းစပ်သွားခဲ့သည်။ သူ့ဘေးပတ်လည်ရှိ အရာရာကို အပြည့်အဝ အာရုံခံနိုင်ခဲ့သည်။
ဤခံစားချက်မျိုးသည် အလွန်ဆန်းကြယ်ပြီး လူသားတစ်ဦး၏ အမြင်အာရုံထက် များစွာသာလွန်နေသည်။
အဘယ်ကြောင့်ဆိုသော် လူသားတစ်ဦး၏ အမြင်အာရုံသည် သုံးဖက်မြင်မျက်နှာပြင်သာဖြစ်ပြီး၊ ၎င်းအနေဖြင့် အရာဝတ္ထုတစ်ခု၏ ဒေါင်လိုက် မျက်နှာပြင်သုံးဖက်ကိုသာ အများဆုံးမြင်နိုင်သည်။
သို့သော် စိတ်စွမ်းအင်မှာမူ မတူညီပေ။ ၎င်းသည် အမြင်အာရုံ၏ ကန့်သတ်ချက်များကို လျစ်လျူရှုထားနိုင်ပြီး သဏ္ဌာန်မဲ့သည့် တိမ်တိုက်နှင့်မြူများကဲ့သို့၊ အာကာသအတွင်း အပြည့်အဝစိမ့်ဝင်နိုင်ကာ အရာဝတ္ထုတစ်ခုကို မည်သည့်ရှုထောင့်မှမဆို လေ့လာနိုင်သည်။ မည်သည့်မြင်ကွင်းကိုမှ လွတ်မသွားစေဘဲ၊ အသေးစိတ်အချက်အလက်တိုင်းကို မြင်နိုင်သည်။ ၎င်းမှာ နတ်ဘုရားတစ်ပါး၏ ရှုထောင့်နှင့်ဆင်တူသော စွမ်းရည်တစ်မျိုးပင်။
သို့သော် ထိုကဲ့သို့သော အထူးအာရုံခံစွမ်းရည်မျိုးသည် သိပ်မကြာခဲ့ပေ။
မကြာမီပင် ဖုန့်လင်း စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုကို ခံစားလာရပြီး ဆက်လက်ထိန်းချုပ်ရန် အားမရှိတော့သည့်အတွက် သူ၏မျက်လုံးများကိုမှိတ်လိုက်ကာ စိတ်စွမ်းအင်များကို ပြန်လည်ရုပ်သိမ်းလိုက်သည်။
နောက်ဆုံးတွင် သူ၏စိတ်ဗီဇသည် ၁ မှတ်သာရှိသေးပြီး ၎င်း၏စွမ်းရည်များတွင် အကန့်အသတ်ရှိသည်။ ဖုန့်လင်း ချက်ချင်းပင် ၎င်းကို စတင်အားဖြည့်လိုက်သည်။ စိတ်ဗီဇ၏ အားဖြည့်မှုပမာဏ တိုးလာသည်နှင့်အမျှ၊ စိတ်စွမ်းအင်သည် ပိုမိုအားကောင်းလာပြီး ကျယ်ပြန့်လာမည်ဖြစ်ကာ ဤနေရာတွင် အကျိုးကျေးဇူးများစွာ ရှိသည်။
သူ၏ဆန္ဒတစ်ချက်ဖြင့် ဗီဇအလားအလာ ၁၀၀% ချက်ချင်းလျော့ကျသွားခဲ့သည်။
နီဗျူလာစွမ်းအင်အစုတစ်ခုသည် သန့်စင်သည့် စွမ်းအင်အဖြစ်သို့ပြောင်းလဲသွားပြီး စိတ်ဗီဇထဲသို့ ဝင်ရောက်ကာ၊ ၎င်း၏အားဖြည့်မှုပမာဏကို ၁ မှ ၂ သို့ တိုးမြင့်စေခဲ့သည်။ သူ၏အသက်စွမ်းအင်မှာ နောက်ထပ်၍ 0.8 တိုးလာပြီး 10.9 သို့ ရောက်ရှိခဲ့သည်။
ဖုန့်လင်းသည် မရပ်တန့်ခဲ့ဘဲ ဆက်လက်၍ အမှတ်များ ပေါင်းထည့်ခဲ့သည်။
လက်ရှိ သူ့တွင် ၅၂၈% တန်ဖိုးရှိသော ဗီဇအလားအလာရှိပြီး၊ စုစုပေါင်း ၃ မှတ်အထိ စိတ်ဗီဇကို အားဖြည့်နိုင်ကာ ၂၂၈% ကို အနာဂတ်အတွက် သိမ်းဆည်းထားနိုင်သည်။
ဖုန့်လင်း ဆက်လက်အားဖြည့်ခဲ့ပြီးနောက်တွင် စိတ်ဗီဇသည် မှိတ်တုတ်မှိတ်တုတ် လင်းလက်လာခဲ့သည်။ မည်သည့်အတားအဆီးမျှမရှိဘဲ ၎င်း၏အားဖြည့်မှုပမာဏသည် ၂ မှတ်တိုးလာခဲ့၏။ ဤဗီဇ၏ အကန့်အသတ်သို့ ရောက်ရန် သူ အလှမ်းဝေးနေဆဲဖြစ်သည်။
ဤသည်မှာ အဆင့်မြင့် အခြေခံဗီဇတစ်ခု၏ လက္ခဏာရပ်များကို ပြသနေခြင်းဖြစ်သည်။ ပုံမှန်အားဖြင့်၊ အဆင့်နိမ့်ဗီဇများကို နှစ်ကြိမ်သာ အားဖြည့်နိုင်ပြီး၊ သုံးကြိမ်အားဖြည့်နိုင်သူများမှာ ပါရမီရှင်များထဲမှ ပါရမီရှင် ဖြစ်သည်။
စိတ်ဗီဇအတွက်မူ၊ သီအိုရီအရ ၆ ကြိမ်အထိ အားဖြည့်နိုင်သည်။
ဖုန့်လင်း မတွန့်ဆုတ်ဘဲ ဆက်လက်အားဖြည့်ခဲ့ပြီး၊ စိတ်ဗီဇ၏ အားဖြည့်မှုပမာဏသည် 4 သို့ ရောက်ရှိခဲ့ကာ သူ၏အသက်စွမ်းအင်သည်လည်း 13.7 သို့ ရောက်ရှိခဲ့သည်။
ကြယ်တာရာကျင့်ကြံသူတစ်ဦးဖြစ်လာပြီးနောက်၊ အသက်စွမ်းအင် တိုးတက်မှုသည် ယခင်ကနှင့်ယှဥ်လျှင် ပိုမိုများပြားလာခဲ့သည်။
ကြယ်တာရာကျင့်ကြံသူတစ်ဦးဖြစ်လာပါက၊ ယခင်ကနှင့် လုံးဝကွဲပြားသွားမည်ဖြစ်သည်။
ဤသည်မှာ အခြေခံဗီဇတစ်ခု၏ အားဖြည့်မှုဖြစ်စဉ်သာဖြစ်ပြီး အကယ်၍ သူသာ ပြောင်းလဲနိုင်သည့်အဆင့်မှ ရှေးဦးဗီဇဖြစ်သည့် ကျောက်တုံးမျောက်ဗီဇကိုသာ အားဖြည့်ခဲ့မည်ဆိုရင် သူ့ရဲ့အသက်စွမ်းအင်က ဘယ်အထိ တိုးလာလိမ့်မလဲ?
ဖုန့်လင်းတွင် အတွေ့အကြုံမရှိသေးသည့်အတွက် တိကျသည့် ဆုံးဖြတ်ချက် ချမှတ်နိုင်ခြင်း မရှိသေးပေ။
သူ၏နှုတ်ခမ်းများမှာ အပြုံးတစ်ခုဖြင့် တွန့်ကွေးသွားခဲ့ပြီး၊ အရေးမကြီးသည့်အရာများအတွက် အလွန်အမင်းစိတ်လှုပ်ရှားနေသည့်အတွက် သူ့ကိုယ်သူ သတိပေးလိုက်သည်။ အနာဂတ်တွင် သူ၏အသက်စွမ်းအင်တိုးတက်မှုကို လျင်မြန်စွာ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ရန် လိုအပ်မည့်ပုံရသည်။
ဖုန့်လင်း နောက်တစ်ကြိမ်ထပ်မံ၍ သူ၏စိတ်စွမ်းအင်ကို ထုတ်လွှတ်လိုက်ပြီး၊ ချက်ချင်းပင် ကွဲပြားသည့် တစ်စုံတစ်ရာကို ခံစားမိလိုက်သည်။
စိတ်ဗီဇကို ၄ မှတ်အထိ အားဖြည့်ပြီးနောက်၊ ဖုန့်လင်း၏ ကမ္ဘာ့ပေါ်သို့ အမြင်သည် လုံးဝကွဲပြားသွားခဲ့သည်။ ပထမဦးစွာ၊ သူ၏အာရုံခံနိုင်သည့် နယ်ပယ်သည် ကျယ်ပြန့်လာခဲ့သည်။ ယခင်က သူ၏စိတ်စွမ်းအင်ဖြင့် မီတာ ၁၀ အတွင်းသာလွှမ်းခြုံနိုင်ခဲ့သော်လည်း၊ ယခုအခါတွင် မီတာ ၄၀ အထိ ရောက်ရှိလာခဲ့သည်။
ထို့အပြင်၊ အာရုံခံနိုင်စွမ်းသည် အဆပေါင်းများစွာ တိုးတက်လာခဲ့ပြီး၊ စင်တီမီတာအနည်းငယ်သာရှိသော အရာများပင် သူ၏စိတ်အာရုံမှ လွတ်မသွားနိုင်တော့ပေ။
ကြီးမားသော တောင်တန်းများ၊ လှိမ့်ကျနေသည့် ကျောက်တုံးများ၊ လေတိုက်ခတ်မှုကြောင့် ပျံ့နှံ့နေသော ဖုန်မှုန့်များ၊ လေထဲရှိ သဲမှုန်များ - အရာအားလုံးသည် သူ၏အာရုံမှ လွတ်မြောက်နိုင်ခြင်းမရှိတော့ပေ။
ယခင်က သာမန်အမြင်အာရုံနှင့် နှိုင်းယှဉ်ပါက၊ ယခုအချိန်ကတော့ မှန်ဘီလူးနှင့် တယ်လီစကုပ်ကို မျက်လုံးရှေ့တွင် တပ်ဆင်ထားသကဲ့သို့ဖြစ်ပြီး၊ မိုင် ၁၀၀၀ အကွာအဝေးကိုပင် မြင်နိုင်သလို၊ အသေးစိတ်အချက်အလက်တိုင်းကိုလည်း ကြည့်ရှုနိုင်၏။
ဖုန့်လင်းသည် နတ်ဘုရား၏ ရှုထောင့် ကို အသုံးပြုရသည့် ခံစားမှုတွင် နှစ်မြုပ်နေခဲ့သည်။ သို့သော် ရုတ်တရက်၊ တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု သူခံစားလာခဲ့ရသည်။ သူ၏စိတ်စွမ်းအင်ဖြင့် စစ်ဆေးကြည့်ရှုလိုက်သောအခါ၊ အဝေးမှ တောင်တစ်လုံးပေါ်တွင် ကြယ်ရောင်များ မထိုးဖောက်နိုင်သည့် အမှောင်ထုတစ်ခုကို တွေ့ရှိခဲ့သည်။
ချောက်ကမ်းပါးနံရံပေါ်တွင်၊ အမည်းရောင်အရိပ်တစ်ခုသည် မြွေတစ်ကောင်ကဲ့သို့ တိတ်တဆိတ်ဖြင့် သူ့ဘက်သို့ ဦးတည်ရင်း တွားသွား၍ လာနေခဲ့ပြီး အသံလည်းမထွက်သလို၊ အော်ရာများလည်း မထုတ်လွှတ်ခဲ့ပေ။ ဤအရာသည် အလွန်ထူးဆန်းလှသည်။