ငယ်သူကိုရိုက်၍ ပိုကြီးသူတစ်ယောက်ထွက်လာခြင်း
Vol. 6 Ch. 82
သာမန်လက်ဝါးချက်များဟုထင်ရသော ဤလှုပ်ရှားမှုများတွင် အမှန်တွင် သန်းနှင့်ချီသောအပြောင်းအလဲများဖြင့် လက်ဝါး၊ လက်ညှိုး၊ တူဖြင့်ထုသကဲ့သို့...စသည့် လက်နက်ပုံစံများသို့ ပြောင်းလဲနိုင်ပြီး အလွန်နက်နဲသိမ်မွေ့နေခဲ့သည်။
ဖုန့်လင်း မည်သို့လှုပ်ရှားရမသည်ကို မသိဖြစ်နေခဲ့ကာ ဤရန်သူအသစ်၏ လက်ဝါးများထဲတွင် ဖမ်းခံရလိမ့်မည်ဟု ခံစားခဲ့ရပြီး ရှောင်တိမ်းဖို့လမ်း မရှိတော့ပေ။
ဘန်း!
နှေးကွေးဟန်ရှိသော်လည်း အလွန်မြန်ဆန်စွာ ရိုက်ချလာသော လက်ဝါးချက်များသည် ဖုန့်လင်း၏လက်သီးနှင့် တိုက်မိပြီး အနည်းငယ် နောက်ဆုတ်သွားခဲ့သည်။ ပြင်းထန်သော လက်သီးအားအကုန်လုံး အရိပ်အယောင်ပင် မကျန်ဘဲ ပျောက်ကွယ်သွားကာ နွေဦးလေသည် မိုးအဖြစ်ပြောင်းလဲသွားကဲ့သို့ပင်။
ထိုမြွေပုံစံနှင့်လူမှာ အသက်ရှူရန်အခွင့်အရေးရလိုက်ပြီး ဤအခွင့်အရေးကို အလျင်အမြန်အသုံးချကာ ဖုန့်လင်းထံမှ ထပ်မံလူးလွန့်၍ လွတ်မြောက်သွားပြီး အဝေးသို့ ထွက်ပြေးလိုက်ပြီး ဖုန့်လင်း၏ အနီးတွင် ထပ်မနေရဲတော့ပေါ
အစောပိုင်းမှ ဖုန့်လင်း၏ နောက်ဆုံးတိုက်ခိုက်မှုသည် သမုဒ္ဒရာမှလှိုင်းလုံးကြီးများကဲ့သို့ ဖြစ်ပြီး သေခြင်း၏ ဖိအားကို ခံစားခဲ့ရသည်။ သူ့နှလုံးမှာ ယခုအချိန်ထိ အလွန်အမင်းခုန်နေဆဲပင်။
ဖုန့်လင်းမှာ မြွေပုံစံနှင့်လူကို လိုက်ဖမ်းရန် မရွေးချယ်တော့ပေ။ သူ၏မျက်လုံးများကို ရုတ်တရက်ပေါ်လာသော ဤရန်သူအသစ်အပေါ်တွင် အာရုံစိုက်လိုက်သည်။ ဤလူသည် ရှေးဟောင်းဝတ်စုံဖြစ်သော ကျယ်ပြန့်သည့်ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားပြီး ခေါင်းမှခြေအထိ ဖုံးအုပ်ထားကာ မားစ်ဂြိုဟ်သားများ၏ ဝတ်စားဆင်ယင်မှုပုံစံပင်။ သူ၏ခန္ဓာကိုယ်မှာ ပိန်လှီသော်လည်း တောင်တစ်လုံးကဲ့သို့ မလှုပ်ရှားနိုင်သည့် စွမ်းအားတစ်ခုကို ထုတ်လွှတ်နေခဲ့သည်။
ဤပြိုင်ဘက်ထံမှနေ၍ ဖုန့်လင်း အန္တရာယ်၏အရိပ်အယောင်ကို ခံစားခဲ့ရသည်။
"လူငယ်လေး လူတစ်ဦးကို ခွင့်လွှတ်နိုင်ရင် ခွင့်လွှတ်သင့်သည်။ အဆုံဘာလို့းအထိသွားပြီး သတ်ဖြတ်ချင်နေတာလဲ?" ဝတ်ရုံရှည်ဝတ်လူမှာ အသက်ကြီးသူတစ်ဦးက လူငယ်တစ်ဦးကို ဆုံးမသကဲ့သို့ အိုမင်းနေသောလေသံဖြင့် ပြောလိုက်သည်။
ဖုန့်လင်း မျက်မှောင်ကြုတ်လိုက်မိပြီး စိတ်ထဲတွင် အလွန်မသက်မသာဖြစ်နေခဲ့သည်။
ငယ်တဲ့သူကိုရိုက်လိုက်တော့ ကြီးတဲ့သူထွက်လာတာလား?
သူ အေးစက်စွာရယ်မောလိုက်သည်။ "အစောက မြွေပုံစံနဲ့လူ ကျုပ်ကိုသတ်ဖြတ်ဖို့ ကြိုးစားနေတုန်းက ဘာလို့မထွက်လာတာလဲ? အခုမှ ဖြောင့်မတ်တဲ့လူကြီး ဖြစ်ချင်နေတာလား?"
"သူက မတော်တဆ မင်းအနားရောက်သွားပြီး မင်းကိုကြောက်သွားတာပါ။ ထိတ်လန့်မှုကြောင့် ပြင်းပြင်းထန်ထန် တုံ့ပြန်တာက သဘာဝကျပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မင်းက ကြယ်တာရာကျင့်ကြံသူတစ်ဦးလေ။ လူငယ်လေး ဘာလို့ သူ့လို အလုပ်သင်ကျင့်ကြံသူတစ်ယောက် အဆင့်ထိ ကိုယ့်ကိုကိုယ် နှိမ့်ချနေတာလဲ?" ဝတ်ရုံရှည်ဝတ်လူ ရယ်မောလိုက်ပြီး အရင်ကိစ္စများကို လုံးဝဂရုမစိုက်ခဲ့ပေ။ သူအနေဖြင့် အစောပိုင်းက ဖြစ်ရပ်များကို အရေးမကြီးသောအရာအဖြစ် သဘောထားနေသည်မှာ အထင်အရှားပင်။
"ခင်ဗျားကိုယ်တိုင်ရော ခင်ဗျားစကားကို ယုံလား?" ဖုန့်လင်း သရော်လိုက်ရင်း ခေါင်းခါလိုက်သည်။ ဤအိုဟောင်းနေသောဒဿနများကို နားမထောင်လိုတော့ပေ။ ဤဟိတ်ဟန်များသောစကားများကို ကြားရသည်နှင့် အန်ချင်စိတ်ပေါ်လာခဲ့သည်။
ခင်ဗျားတို့အားလုံး အတူတူပဲဆိုရင် ဒီလောက်စကားများများ ပြောနေစရာ လိုသေးလို့လား?
ဖုန့်လင်း၏ ရန်သူအပေါ်တုံ့ပြန်မှုမှာ...
ခင်ဗျားက တိုက်ချင်တယ်ဆိုရင် တိုက်ကြတာပေါ့!
ဗာဂျရာနဂါးလက်သည်း!
သူ၏လက်ချောင်းများသည် နဂါးလက်သည်းပုံစံဖြစ်ပေါ်လာပြီး လေထဲသို့ ပြင်းထန်စွာ ကုတ်ဆွဲလိုက်သည်နှင့်အတူ နဂါးဟိန်းသံများ မြည်ဟီးလာခဲ့သည်။
ဖုန့်လင်း၏ပုံရိပ်မှာ တံလျှပ်တစ်ခုကဲ့သို့ အလွန်မြန်ဆန်စွာ ရွေ့လျားနေပြီး မြေပြင်ပေါ်တွင် အရိပ်တစ်ခုတောင် မကျန်ရစ်ခဲ့ဘဲ သူ့ပြိုင်ဘက်၏ အဓိကနေရာ ဖြစ်သော လည်ချောင်းကို ဖမ်းဆုပ်ရန် ဦးတည်လိုက်သည်။
ဤတိုက်ကွက်ဖြင့်သာ ပစ်မှတ်ကို ထိမှန်ပါက သံဖြင့်ပြုလုပ်ထားသည့် လူဖြစ်စေကာမူ လေပြွန်များ ကြေမွသွားမည်မှာ သေချာနေ၏။
ဝတ်ရုံရှည်ဝတ်လူ၏ မျက်နှာတွင် အံ့အားသင့်မှုများ ပြည့်နှက်နေသည်။ သူ စကားအနည်းငယ် ပြောလိုက်ရုံဖြင့် ဖုန့်လင်းအနေနှင့် ဤကဲ့သို့ ပြတ်ပြတ်သားသားနှင့်ရက်စက်စွာ တုံ့ပြန်လာမည်ကို မမျှော်လင့်ခဲ့ပေ။
ဖုန့်လင်း အေးစက်စွာ ရယ်လိုက်သည်။ မူလကတည်းက သူတို့သည် ရန်သူများဖြစ်နေပြီး စကားများများပြောနေစရာ အကြောင်းမရှိပေ။ ခင်ဗျား စကားများများပြောရတာ သိပ်ကြိုက်ရင် ကျုပ် ခင်ဗျားပြောနေတုံး ခင်ဗျားကို သတ်လိုက်မယ်။
ဝတ်ရုံရှည်ဝတ်လူ၏ တုံ့ပြန်မှုမှညလည်း အလွန်မြန်ဆန်လှသည်။ ဤရုတ်တရက်ဆန်သည့် လက်သည်းတိုက်ခိုက်မှုကို ရင်ဆိုင်ရာတွင် သူ၏လှုပ်ရှားမှုကို ပြောင်းလဲလိုက်သည်။ သူ့လက်ဝါးကို လက်ချောင်းတစ်ချောင်းအဖြစ် ပြောင်းလဲကာ
ဖုန့်လင်း လက်သည်း၏ဗဟိုချက်ကို ပစ်မှတ်ထားလိုက်သည်။
ဘန်း... လက်ချောင်းထိုးချက်သည် လေကို ဖောက်ထွင်းသွားပြီး နတ်ဓားတစ်လက်ကဲ့သို့ ချွန်ထက်သောစွမ်းအားသည် ဖုန့်လင်း တိုက်ခိုက်မှု၏ လက်သည်းအားနှင့် တိုက်မိသွားသည်။ တုန်ခါမှုလှိုင်းများသည် ဘေးပတ်ပတ်လည်သို့ ပျံ့နှံ့သွားခဲ့သည်။
ဖုန့်လင်း၏လက်ဖဝါးတွင် ပြင်းထန်သောနာကျင်မှုကို ခံစားလိုက်ရပြီး သဘာဝအလျောက် လက်ကို ပြန်ရုပ်သိမ်းလိုက်မိသည်။ အရေပြားကိုမချိုးဖောက်နိုင်ခဲ့သော်လည်း သူ၏ အာရုံကြောများတွင် စူးရှသောနာကျင်မှုကို ခံစားခဲ့ရလေ၏။
သို့သော် ဝတ်ရုံရှည်ဝတ်လူမှာလည်း မည့်သည့် အကျိုးကျေးဇူးမျှ မရရှိခဲ့ပေ။ ဖုန့်လင်း၏လက်သည်း ဤမျှမာကျောမည်ဟု သူ မမျှော်လင့်ခဲ့ပေ။ သူ၏လက်ချောင်းသည် သံပြားတစ်ခုနှင့် တိုက်မိသကဲ့သို့ ခံစားခဲ့ရပြီး အရိုးများ ကျိုးတော့မည့်အရိပ်အယောင်များ ရှိနေခဲ့သည်။
"နောက်တစ်ကြိမ်!" ဖုန့်လင်း အော်လိုက်ကာ ထပ်မံပြေးဝင်လာရင်း သူ၏တိုက်ခိုက်မှုကို ပြောင်းလဲလိုက်သည်။
မြင့်မြတ်သော ဗာဂျရာလက်ဝါး!
သူ၏လက်ဝါးမှာ တစ်ဖက်သွားဓားကဲ့သို့ဖြစ်လာပြီး ခုတ်ပိုင်းသည့်အနေအထားသို့ ပြောင်းကာ သန်မာသောလေအားကို စုစည်းလိုက်ပြီး ပြင်းထန်စွာ ခုတ်ချလိုက်သည်။
ဝတ်ရုံရှည်ဝတ်လူ၏အမူအရာမှာ လေးလံသွားခဲ့၏။ ဤတိုက်ခိုက်မှု၏ အင်အား မည်မျှပြင်းထန်ကြောင်းကို သူသိနေသည်။ သူ့ကိုယ်ဟန်ကို ထပ်မံပြောင်းလဲကာ သူ၏လက်များကို လက်သီးများအဖြစ် ဆုပ်လိုက်သည်။ ထို့နောက်တွင် သူ့ပုံစံမှာ နတ်ဘုရားတစ်ပါးမှ ပြင်းထန်သောခွန်အားဖြင့် တူနှစ်လက်ကို ဝှေ့ယမ်းနေသကဲ့သို့ပင်။
သူ့လက်သီးများမှာ ဖန့်လင်း၏ လက်ဝါးနှင့် တိုက်မိသွားပြီး သူတို့ နှစ်ဦးလုံး၏ခန္ဓာကိုယ်များ တုန်ခါသွားကာ အင်အားချင်းတူညီနေဟန်ပင်။
သို့သော် ဖုန့်လင်း နောက်ဆုတ်မည့်အစား ရှေ့သို့တိုးကာ သူ၏အင်အားကို အသုံးပြုပြီး ပြိုင်ဘက်နှင့် ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်လိုက်သည်။
အစွန်းရောက်ရှစ်ပါးလက်သီး - တောင်ကို နီးကပ်စွာ တွယ်တက်ခြင်း!
ဝတ်ရုံရှည်ဝတ်လူမှာ သံမဏိတံတိုင်းနှင့် တိုက်မိသကဲ့သို့ ခံစားလိုပ်ရသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး လွင့်စင်သွားပြီး ပခုံးရိုးများ ကျိုးပဲ့သွားသကဲ့သို့ ခံစားနေရသည်။
ခွန်အားတွင်ဖြစ်စေ သို့မဟုတ့ ခန္ဓာကိုယ်မာကျောမှုတွင်ဖြစ်စေ သူ့အနေနှင့် ဖုန့်လင်းထက် သာလွန်သည့်နေရာ မရှိပေ။
သူ၏အားသာချက်ကို အသုံးချရန်
ဖုန့်လင်း ပိုမိုကြမ်းတမ်းစွာ တိုက်ခိုက်လိုက်သည်။ လက်သီးများဖြင့် ထိုးနှက်ပြီး ခြေထောက်များဖြင့် ကန်ကျောက်လိုက်သည်။ သမုဒ္ဒရာလှိုင်းလုံးများကဲ့သို့ အင်အားဖြင့် တိုက်ခိုက်နေသည့် ရက်စက်ကြမ်းကြုတ်သောကျားတစ်ကောင်ကဲ့သို့ပင်။
ဝတ်ရုံရှည်ဝတ်လူမှာ သူ့ပတ်ဝန်းကျင်တွင် လက်သီးအရိပ်များ ပြည့်နှက်နေသည်ကို ခံစားခဲ့ရပြီး အလွန်ဒုက္ခရောက်နေကာ အားလုံးကို ကိုင်တွယ်ဖြေရှင်းရန် ကြိုးစားနေရသည်။
"ဘာ? အဖွဲ့ခေါင်းဆောင်က ဒီလူနဲ့မယှဉ်နိုင်ဘူးလား? သူ လုံးဝဖိနှိပ်ခံနေရပြီ!" မြွေပုံစံလူမှာ ဖုန့်လင်းထံမှ လွတ်မြောက်ပြီးနောက် ဖြေးဖြေးချင်း ပြန်တွားသွားလာခဲ့သည်။ လက်ရှိအခြေအနေကို မြင်သောအခါ သူ၏မျက်နှာတွင် မယုံကြည်နိုင်မှုဖြင့် ပြည့်နှက်နေခဲ့သည်။
ထိုဝတ်ရုံရှည်ဝတ်လူသည် အနည်းငယ်သောလူများကသာ ယှဉ်နိုင်သည့် အလွန်အားကောင်းသော ပုဂ္ဂိုလ်တစ်ဦးပင်။ သို့သော် ဝတ်ရုံရှည်ဝတ်လူ လုံးဝဖိနှိပ်ခံနေရမည်ဟု သူ မျှော်လင့်
မထားခဲ့ပေ။ ထို့အပြင် သူ၏ပြိုင်ဘက်သည် ဤမျှငယ်ရွယ်သောလူတစ်ဦးဖြစ်နေသည်မှာ သူ့အတွက် လက်ခံရန် ခက်ခဲနေခဲ့၏။
မြင့်မြတ်သော နတ်ဆိုးနှိမ်နင်းဗာဂျရာ တင်းပုတ်!
ဖုန့်လင်း၏လက်သီးများမှာ ဧရာမတင်းပုတ်ကြီးများကဲ့သို့ ပြင်းထန်စွာကျဆင်းလာပြီး တောင်များကိုပင် ခွဲခြမ်းနေလိုသကဲ့သို့ပင်။ ဤတိုက်ကွက်၏ အင်အားသည် အလွန်ကြီးမားလှပြီး မည်သည့်အရာကမျှ တားဆီးနိုင်မည်မဟုတ်ပေ။ သူ၏အော်ရာတွင် အားမာန်ပါနေပြီး ပြိုင်ဘက်အပေါ် ဖိအားများ သက်ရောက်စေခဲ့သည်။
သူ့ပြိုင်ဘက်၏ လက်ဟန်များ ထပ်မံပြောင်းလဲသွားကာ ကောင်းကင်နှင့် မြေကြီးကို ထောက်ပံ့ထားသည့် ပန်ကူး ၏ကိုယ်ဟန်ကဲ့သို့ ကောင်းကင်ပေါ်သို့ မြှောက်ထားခဲ့သည်။
ဘွမ်း!
ပြင်းထန်သော အားနှစ်ခု တိုက်မိသွားသည်။
ဝတ်ရုံရှည်ဝတ်လူ၏မျက်နှာသည် ရုတ်တရက် ပြောင်းလဲသွားကာ တောင်ကြီးတစ်လုံးကဲ့သို့ လေးလံသောဖိအားသည် သူ့အပေါ် ကျရောက်လာပြီး သူ့ကို အပိုင်းအစများအဖြစ် ကြေမွစေလိုနေခဲ့သည်။
ကချာ!
သူ တောင့်ခံနိုင်ရန် ကြိုးစားနေခဲ့သော်လည်း သူ့အောက်ရှိ မြေပြင်ကမူ ခံနိုင်ရည်မရှိတော့ပေ။
ပြင်းထန်သောသက်ရောက်မှုကြောင့် ဝတ်ရုံရှည်ဝတ်လူ၏ခြေထောက်များမှာ မြေကြီးထဲသို့ နက်ရှိုင်းစွာ နစ်ဝင်သွားခဲ့သည်။
"မကောင်းတော့ဘူး!" ဝတ်ရုံရှည်ဝတ်လူမှာ ဖုန့်လင်း၏ခွန်အား ဤမျှ ကြီးမားမည်ကို မမျှော်လင့်ခဲ့ပေ။ သူ ချက်ချင်းဖိနှိပ်ခံလိုက်ရပြီး အခွင့်မသာသည့် အခြေအနေသို့ ရောက်ရှိသွားသည်။
သူ၏ခြေထောက်များမှာ ညပ်နေသောကြောင့် ထွက်ပြေးရန် နည်းလမ်းမရှိတော့ဘဲ အခြေအနေမှာ အလွန်ကျပ်တည်းလာခဲ့သည်။
သူ ခြေထောက်များကို လွတ်အောင်ကြိုးစားနေခဲ့သော်လည်း ဖုန့်လင်းကမတော့ သူ့ပြိုင်ဘက်ကို ဘယ်လိုလုပ် အသက်ရှူချိန်ပေးလိမ့်မလဲ?
ဘန်း! ဘန်း! ဘန်း!
သူ့လက်ဝါးချက်များသည် မိုးကြိုးသွားများကဲ့သို့ဖြစ်နေပြီး တိုက်ခိုက်မှုတိုင်းသည် လေထဲတွင် ပေါက်ကွဲသံများ ဖြစ်ပေါ်စေခဲ့၏။
သူ့လက်သီးချက်များထဲတွင် ခွန်အား အကုန်လုံးကို စုစည်းကာ တူကြီးများကဲ့သို့ ကျဆင်းလာခဲ့သည်။
သို့သော် ဝတ်ရုံရှည်ဝတ်လူအသုံးပြုသော တိုက်ကွက်များသည် အလွန်နက်နဲပြီး အဆင့်မြင့်ကာ သူ၏နည်းစနစ်များမှာ ဖုန့်လင်းထက် သာလွန်နေခဲ့သည်။
လက်ရှိအချိန်တွင် သူ၏လက်များသည် ကြီးမားသော ဒိုင်းကဲ့သို့ဖြစ်နေပြီး ခန္ဓာကိုယ်၏အရေးကြီးသောအစိတ်အပိုင်းအားလုံးကို ကာကွယ်ထားသည်။ ဤသည်မှာ သာမန်သိုင်းပညာမဟုတ်ကြောင်း ထင်ရှားသည်။
ဖုန့်လင်း၏တိုက်ကွက်တိုင်းကို ကာကွယ်နေခဲ့ပြီး သူ ဘယ်လိုလုပ်လုပ် ဤလိပ်ခွံကဲ့သို့သော ဒိုင်းကို ဖြတ်ကျော်နိုင်မည်မဟုတ်ပေ။
သို့သော် ဖုန့်လင်းမှာ သက်သက်လွတ်သမး မဟုတ်ပေ။ ဒီလူက သူ့တိုက်ခိုက်မှုတွေကို ဒီလောက်တောင် ကာကွယ်ချင်နေခဲ့ရင် ကာကွယ်ခွင့်ပေးလိုက်မည်ဖြစ်ပြီး သူ၏ခွန်အားအကုန်လုံးကို စုစည်းကာ ပြိုင်ဘက်ကို လေ့ကျင့်ရန်အသုံးပြုသည့် အိတ်တစ်လုံးကဲ့သို့ သဘောထားလိုက်သည်။ ဖုန့်လင်း၏ တိုက်ခိုက်မှုများကို ခံနိုင်ရန် ဤမျှ လွယ်ကူလိမ့်မည်မဟုတ်ပေ။
ခွန်အားက အရာအားလုံးကို အောင်နိုင်တယ်။
သူ့ပြိုင်ဘက်၏နည်းစနစ်များမှာ နက်နဲသော်လည်း သူ့ခန္ဓာကိုယ်ကမူ တူရိုက်ချက်များဖြင့် မြေကြီးထဲသို့ တဖြည်းဖြည်း နစ်မြုပ်လာသော သံမှိုတစ်ချောင်းနှင့် တူနေပြီး ဖုန့်လင်း၏ တိုက်ခိုက်မှုများကြောင့် မြေကြီးထဲသို့ ပိုမိုနက်ရှိုင်းစွာ နစ်ဝင်သွားသည်။
ဘွမ်း!
နောက်ထပ်လက်သီးတစ်ချက် ထိုးချလိုက်သည်။
ဝတ်ရုံရှည်ဝတ်လူမှာ လုံးဝပင် မြေကြီးထဲသို့ မြှုပ်ပြီးသားဖြစ်သွားပြီး သူ၏
မည့်သည့်အစိတ်အပိုင်းကိုမျှ မမြင်ရတော့ပေ။
"နောက်တစ်ယောက်က မင်းပဲ!"
ဤလူကို အနိုင်ယူပြီးနောက် ဖုန့်လင်း မြွေပုံစံလူဘက်သို့ လှမ်းကြည့်လိုက်ပြီး သူ၏မျက်လုံးများမှာ သတ်ဖြတ်လိုစိတ်ဖြင့် ဝင်းဝင်းတောက်နေခဲ့သည်။
မြွေပုံစံလူမှာ ဘေးမှစောင့်ကြည့်နေရာမှ ရုတ်တရက် အလွန်ထိတ်လန့်သွားပြီး အလျင်အမြန် ဆုတ်ခွာသွားခဲ့သည်။
ဖုန့်လင်း လှောင်ရယ်လိုက်ကာ အလျင်အမြန် နောက်မှလိုက်ရန် ပြင်လိုက်သည်။
ဘွမ်း!
ရုတ်တရက် ပေါက်ကွဲသံတစ်ခု မြည်ဟီးလာလေ၏။
ဖုန့်လင်း လှည့်ကြည့်လိုက်ရာ မြေကြီးအောက်မှ မီးတောက်တစ်ခု ထိုးတက်လာသည်ကို တွေ့လိုက်ရသည်။
ခဏအကြာတွင် မီးလျှံစွမ်းအင်များထွက်နေသော လူပုံသဏ္ဍာန်တစ်ခု ပေါ်လာခဲ့ပြီး ပတ်ဝန်းကျင်အပူချိန်ကို ရုတ်တရက် မြင့်တက်စေခဲ့သည်။
ဤမျှပြင်းထန်သောမီးကို အလုပ်သင်ကျင့်ကြံသူ တစ်ဦးက ထုတ်လွှတ်နိုင်မည် မဟုတ်ပေ။ သူ့ရန်သူသည် ကြယ်တာရာ ကျင့်ကြံသူတစ်ဦးဖြစ်ကြောင်းကို သံသယရှိစရာ မလိုပေ!
"ဒီမှာပဲ အဆုံးသတ်လိုက်ရအောင်။"
ဝတ်ရုံရှည်ဝတ်လူ၏မျက်နှာတွင် မာနထောင်လွှားသော အမူအရာရှိနေသည်။မီးတောက်များကို ထုတ်လွှတ်ပြီးနောက် သူ၏ယုံကြည်မှုသည် အလွန်တိုးလာသကဲ့သို့ ဖြစ်နေပြီး အရာအားလုံးမှာ သူ့ထိန်ချုပ်မှုအောက်တွင် ရှိနေသကဲ့သို့ပင်။
"မင်းပေါ်လာတာ ကောင်းတယ်!"
ဖုန့်လင်း အံ့အားသင့်မနေဘဲ ဝမ်းမြောက်စွာဖြင့် တိုးဝင်လာသည်။
ထိုလူ၏မျက်နှာတွင် မောက်မာသော အပြုံးတစ်ခု ရှိနေသည်။
သူသည် ကြယ်တာရာကျင့်ကြံသူတစ်ဦးဖြစ်ပြီး အဆင့်မြင့် ရှေးဦးဗီဇဖြစ်သည့်—မီးပင်လယ်ဗီဇ—ကို နိုးထစေခဲ့သည်။ သာမန်လူများမှာ သူ့ပြိုင်ဘက် မဖြစ်နိုင်ပေ။
ဒီကောင်လေးက ဒီလောက်ငယ်ငယ်လေးနဲ့ ကြယ်တာရာကျင့်ကြံသူဖြစ်နေပြီလား? သူ့ရဲ့ပါရမီက သာမန်မဟုတ်ဘူးဆိုတာ ရှင်းနေပြီ။ ဒါပေမယ့် သူ ဘယ်လောက် အားကောင်းနိုင်မှာလဲ?
ဝတ်ရုံရှည်ဝတ်လူ၏လက်ချောင်းများမှာ လှုပ်ရှားသွားပြီး အမျိုးမျိုးသောပုံစံများသို့ ပြောင်းလဲသွားကာ ခန့်မှန်းရခက်သော်လည်း လှပသည့်ပုံစံများ ဖြစ်နေခဲ့သည်။ ပစ်လွှတ်လိုက်သော မီးတောက်များမှာ တောက်ပသည့် ကြယ်များ၊ မီးလျှံကွင်းများနှင့် မီးဘောလုံးများကဲ့သို့ ဖြစ်နေခဲ့သည်...
မီးလျှံများ၏ပုံစံမှာ ပုံသေမရှိပေ။
သူတို့အားလုံး စုစည်းသွားပြီး မီးပင်လယ်တစ်ခုဖြစ်လာကာ ဖုန့်လင်းကို ချက်ချင်းဝါးမျိုလိုက်သည်။
ဝတ်ရုံရှည်ဝတ်လူ၏မျက်နှာတွင် ကျေနပ်သည့်အပြုံးတစ်ခု ပေါ်လာသည်။သို့သော် သူ့အပြုံးမှာ နောက်တစ်ခဏတွင် အေးခဲသွားခဲ့သည်...
မီးလျှံများထဲမှ လူသားရုပ်ပုံတစ်ခု ဖြေးဖြေးချင်း ထွက်လာခဲ့သည်။
အဝတ်အစားများ လောင်ကျွမ်းသွားခြင်းမှလွဲ၍ သူ့တွင် ထိခိုက်ဒဏ်ရာ မရှိခဲ့ပေ။
မြင့်မြတ်သောဗာဂျရာဖမ်းဆီးခြင်းလက်များ!
ဖုန့်လင်း၏မျက်လုံးများထဲတွင် အမျက်ဒေါသများဖြင့် တောက်လောင်နေခဲ့သည်။ သူ့လက်သည်းများဖြင့် ပြင်းထန်စွာ ကုပ်လိုက်ပြီး အလွန်ရက်စက်သော တိုက်ခိုက်မှုများကို စတင်လိုက်သည်။ပြိုင်ဘက်၏ လှုပ်ရှားမှုများမှာ အံ့ဖွယ်ကောင်းသော်လည်း လုံးဝဖိနှိပ်ခံနေရသည်။
ကြောက်မက်ဖွယ်ကောင်းသော လက်သည်းအားသည် ဝတ်ရုံရှည်ဝတ်လူကို နောက်သို့ ဆုတ်စေခဲ့သည်။
ဖုန့်လင်းလည်း သူ၏ရန်သူမှာ ကြယ်တာရာ ကျင့်ကြံသူတစ်ဦးဖြစ်ကြောင်း သိရှိသွားပြီး သူ၏တိုက်ခိုက်မှုများမှာ ပိုမိုရက်စက်လာခဲ့သည်။
ဤသည်မှာ သူ၏ပထမဆုံးအကြိမ် ကြယ်တာရာကျင့်ကြံသူနှင့် တိုက်ခိုက်ခြင်းဖြစ်သည်။ ထိုသို့သော တိုက်ပွဲအတွေ့အကြုံမှာ အလွန်ရှားပါးသည်။
သူ၏ ကျောက်တုံးမျောက်ဗီဇမှာ ပြိုင်ဘက်၏စွမ်းရည်များကို ချေဖျက်နိုင်သောကြောင့် အနိုင်ရရန် အလားအလာ အပြည့်အဝရှိသည်။
ထို့ကြောင့် သူ တိုက်ခိုက်ရင်းဖြင့် အဖိုးတန်သော တိုက်ပွဲအတွေ့အကြုံများ ရနိုင်ရန် စိတ်ရှည်စွာဖြင့် တိုက်ခိုက်လိုက်သည်။
ဖုန့်လင်း၏တိုက်ကွက်များမှာ ပိုမိုချောမွေ့လာပြီး လွင့်မျောနေသော မိုးတိမ်များနှင့် စီးဆင်းနေသောရေကဲ့သို့ အဆက်မပြတ်ပြောင်းလဲကာ ပြိုင်ဘက်ကို လုံးဝလွှမ်းမိုးခဲ့သည်။
ထိုဝတ်ရုံရှည်ဝတ်လူမှာ ရူးတော့မလို ခံစားနေရသည်။ သူ အကူအညီမဲ့စွာ အော်လိုက်သည် "ငါတို့က ရန်သူတော်ကြီးတွေ မဟုတ်ဘူးလေ! မင်း တိုက်ခိုက်မှုကို ရပ်ပေးဖို့ ဘာလုပ်ပေးရမလဲ?"
ကြယ်တာရာ ကျင့်ကြံသူနှင့် တိုက်ခိုက်ရသည့် ဤကဲ့သို့အဖိုးတန်သောအခွင့်အရေးကို ဖုန့်လင်း အလွယ်တကူ စွန့်လွှတ်မည် မဟုတ်ပေ။ သူ၏ တစ်ခုတည်းသောအဖြေမှာ ကျယ်လောင်သောရယ်သံတစ်ခုပင်။
"ငါ စိတ်ကျေနပ်တဲ့အထိ တိုက်ခိုက်ပြီးမှ တခြားဟာတွေကို ဆွေးနွေးကြရအောင်!"